News @ M-Media

ဆိုရှယ်မီဒီယာ သတင်းမှားတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် Facebook ပါဝင်မည်

ဧပြီ ၄၊ ၂၀၁၇
M-Media

– ဆိုရှယ်မီဒီယာတွင် သတင်းမှားများကို တိုက်ဖျက်ရန်နှင့် ဂျာနယ်လစ်ဇင်ကို အများပြည်သူများ နာလည်မှု တိုးတက်ရန်အတွက် ကန်ဒေါ်လာ ၁၄ သန်းတန်ဖိုးရှိမည့် ရန်ပုံငွေထောက်ပံ့မှုတွင် Facebook မှာ အခြားသော နည်းပညာဆိုင်ရာ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွာမည်ဟု သိရသည်။

“Facebook ရဲ့ ဂျာနယ်လစ်ဇင်စီမံကိန်း အစိတ်အပိုင်းအဖြစ် အွန်လိုင်းမှာတွေ့နေရတဲ့ သတင်းအချက်အလက်နဲ့ပတ်သက်ပြီး ခွဲခြားသိမြင်ဖို့ လိုအပ်တဲ့ နည်းလမ်းတွေကို ပြည်သူတွေကို ကျွန်တော်တို့ ပေးချင်ပါတယ်” ဟု Facebook ၏ သတင်းဆိုင်ရာ မိတ်ဖက်အကြီးအကဲ ကမ်းဘဲလ် ဘရောင်းက ပြောကြားခဲ့သည်။

News Integrity Initiative ဟုခေါင်းစဉ်ပေးထားသည့် အဆိုပါလှုပ်ရှားမှု တိုက်ဖျက်ရေးကို Facebook၊ Mozilla နှင့် အခြားသော နည်းပညာကုမ္ပဏီအကြီးအကဲများ၊ ဖောင်ဒေးရှင်း စုစုပေါင်း ၂၅ ခုက ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး နယူးယောက်မြို့ရှိ City တက္ကသိုလ်တွင် အခြေစိုက်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်းနှင့် ရွေးကောက်ပွဲပြုလုပ်နေစဉ်တွင် သတင်းမှားများနှင့် အချက်အလက်အမှားများမှာ အများအပြား ထွက်ပေါ်ခဲ့သည်။

Facebook မှာ အမေရိကန်၏ ရွေးကောက်ပွဲရလဒ်များအတွက် ကူညီပေးခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်လာပြီးနောက် ဒီဇင်ဘာတွင် Facebook က မိမိတို့အနေဖြင့် သတင်းမှားများကို တိုက်ဖျက်သွားမည်ဟု ပြောကြားခဲ့သည်။

Ref : RT