News @ M-Media

Author: editor

  • ရေဘေးသင့်ပြည်သူများကို ကူညီဖို့ မန္တလေးမှ ဗလီများတွင် နှိုးဆော်

    ရေဘေးသင့်ပြည်သူများကို ကူညီဖို့ မန္တလေးမှ ဗလီများတွင် နှိုးဆော်

    သြဂုတ် ၂ ၊ ၂၀၁၆
    M-Media
    Kyout Masjid
့မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အချို့မြို့နယ်များတွင် လတ်တလော ရင်ဆိုင်နေရသည့် ရေကြီး/ရေလျှံမှုများကြောင့် ဒုက္ခရောက်နေသူများကို ကူညီဖို့ မန္တလေးမြို့ရှိ ဗလီဝတ်ကျောင်းတော်များ တွင် ကြော်ငြာ သင်ပုန်းများဖြင့် နှိုးဆော်ထားတာကို တွေ့ရပါတယ်။

    Image via-Shwe Sin FB

  • ရေဘေးသင့်ပြည်သူများအတွက် အစ္စလာမ်ဘာသာလူမှုရေး အဖွဲ့ကြီး (မန္တလေးမြို့) မှ ရိက္ခာများ လှူဒါန်း

    ရေဘေးသင့်ပြည်သူများအတွက် အစ္စလာမ်ဘာသာလူမှုရေး အဖွဲ့ကြီး (မန္တလေးမြို့) မှ ရိက္ခာများ လှူဒါန်း

    သြဂုတ်၂ ၊ ၂၀၁၆
    M-Media
    13901448_1046996968720216_8429723228327744342_n
    ကြည့်မြင်တိုင်ကျေးရွာ ရေဘေးသင့်ပြည်သူများတွက် မန္တလေးမြို့ အစ္စလာမ်ဘာသာလူမှုရေး အဖွဲ့ကြီး မှအိမ်ခြေ ၁၈၀အတွက်ရိက္ခာပို့ဆောင်ခဲ့ကြောင်း သိရသည်။

    အိမ်ထောင်စုပေါင်း ၁၈၀ အတွက် တစ်အိမ်ထောင်လျင် ဆန် ၈ ပြည်အိတ် ၁အိတ်၊ ဆီ ၂ ကီလိုဘူး ၁ဘူး၊ ခေါက်ဆွဲခြောက်ထုပ် ၂၀ထုပ် နှုံးဖြင့် ပို့ဆောင် လှုဒါန်းခဲ့ကြောင်း အဖွဲ့ရဲ့ FB စာမျက်နှာဖော်ပြချက်အရ သိရှိသည်။

  • SIM Card များ မှတ်ပုံတင်သုံးစွဲရန် ကိစ္စနှင့် စပ်လျဉ်း၍ အသိပေး

    SIM Card များ မှတ်ပုံတင်သုံးစွဲရန် ကိစ္စနှင့် စပ်လျဉ်း၍ အသိပေး

    Three SIM cards
    Photo-Zarni Min Naing/MBT

    နေပြည်တော် သြဂုတ် ၁
    .
    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာနသည် အများပြည်သူလုံခြုံရေးကို ထိရောက်စွာအကာအကွယ်ပေးနိုင်ရန်၊ အများပြည်သူ များအနေဖြင့် မိုဘိုင်းဖုန်းအသုံးပြု၍ mobile banking၊ mobile money၊ online shopping စသည့်ကိစ္စရပ် များ ပြုလုပ်ရာတွင် အသိအမှတ်ပြု ပစ္စည်း(Identi- fication Device) တစ်ခုအနေဖြင့် ဆက်စပ်အသုံးပြုနိုင် ရန်၊SIM Card ပျက်စီး၊ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည်ရရှိ သုံးစွဲနိုင် ရန်တို့အတွက် မိုဘိုင်း ဖုန်း သုံးစွဲသူများ၏ SIM Card များကို စနစ်တကျ မှတ်ပုံ တင်၍သုံးစွဲခြင်း (SIM Card Registration)စနစ် အား စီစဉ်ဆောင်ရွက်လျက် ပါရှိသည်။
    .
    SIM Card များ Registration ပြုလုပ်ခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ဆက်သွယ်ရေးဝန်ဆောင်မှုပေးလျက်ရှိသည့် အော်ပရေတာများသို့လည်းSIM Card များ မှတ်ပုံတင်ခြင်း(SIM Card Registration)ကိစ္စအား မဖြစ်မနေ ပြု လုပ်ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆောင်ရွက်စေခဲ့ပြီး ဖြစ်ပါသည်။
    .
    SIM Card များ Registration ပြုလုပ်ရန်အတွက် လိုအပ်မည့်အချက် အလက်များ မှာ
    ၁။ အမည်၊
    ၂။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(သို့မဟုတ်)အခြား အကျုံးဝင်သည့် ကတ်ပြားအမှတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ Passport No (နိုင်ငံခြားသားများအတွက်သာ)၊
    ၃။ အမှတ်စဉ် (၂) ပါ ကတ်ပြားများ မိတ္တူ၊
    ၄။ အဘအမည်၊
    ၅။ မွေး သက္ကရာဇ် (ရက်/လ/ခုနှစ်)၊
    ၆။ လူမျိုး/နိုင်ငံသား၊
    ၇။ ကျား/မ၊
    ၈။ နေရပ်လိပ်စာတို့ ဖြစ်သည်။
    .
    ယခင်မှတ်ပုံတင်ပြီးSIM Card များအနေဖြင့် လက်ရှိသုံးစွဲသူအမည် မှန်ကန်ခြင်း မရှိလျှင်သော် လည်းကောင်း၊ မိမိအမည်ဖြင့် မှတ်ပုံတင်ထားရှိ သော်လည်း မိမိကိုယ်တိုင်သုံးစွဲခြင်း မရှိတော့လျှင်သော် လည်းကောင်း သက်ဆိုင် ရာ အော်ပရေတာများနှင့် ဆက်သွယ်၍ သုံးစွဲသူအမည်နှင့်အချက်အလက်များ မှန်ကန်စွာ မှတ်ပုံတင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါသည်။
    .
    သို့ဖြစ်၍ မိုဘိုင်းဖုန်းသုံးစွဲသူများသည် မိမိတို့အသုံးပြုလျက်ရှိသည့် SIM Card များအား သက်ဆိုင်ရာအော်ပရေတာများနှင့် ဆက်သွယ်၍ မှတ်ပုံတင်ခြင်း ပြုလုပ် ကြပါရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသည့်SIM Card များ အား ၂ဝ၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစ၍ ဝန်ဆောင်မှုပေးခြင်း ယာယီရပ်စဲ သွားမည်ဖြစ်ပြီး စနစ်တကျမှတ်ပုံတင်ပြီးမှသာ ပြန်လည် သုံးစွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။

    source: MOI

  • ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး လုပ်ငန်း ညှိနှိုင်း

    ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး လုပ်ငန်း ညှိနှိုင်း

    13681030_316690885338211_1892487387225913898_n

    ၁၊၈၊၂၀၁၆
    စံတော်ချိန် သတင်းစာမှ

    image via-Khin Maung Win

  • သွေးနှောတောင်ခေါ်မလာနဲ့ဆိုသူ ခွန်ဂျာသို့

    သွေးနှောတောင်ခေါ်မလာနဲ့ဆိုသူ ခွန်ဂျာသို့

    ဇူလိုင် ၃၁ ၊ ၂၀၁၆
    ညီညီလင်းဇော် ရေးသည်။

    ရှမ်းပြည်နယ်ပင်လုံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ တိုင်းရင်းသားလူငယ်များညီလာခံကနေ အစ္စလာမ်ဘာသာ ၀င်နှစ်ယောက် လှည့်ပြန်လာရတယ်။ တိုင်းရင်းသားညီလာခံမှာ ဗမာတောင် တိုင်းရင်းသားလို့ခံယူ မယူဆိုတာ မသေချာတဲ့ ကာလ၊ မြန်မာမွတ်စလင် (သို့) ဗမာမွတ်စလင်ဆိုတာ တိုင်းရင်းသားအုပ်စု လို့ အသိအမှတ်ပြန်ပြုမပြု ဘယ်နေမှန်းမသိတဲ့ကာလ၊ ဒီကြားထဲ မဘသရန်က တမျိုးမလို့ ကို်ယ်စားလှယ်နှစ်ယောက် လှည့်ပြန်လာခဲ့ရတယ်ဆိုတာ မဆန်းပါဘူး။ ကျနော်သာ ဒီညီလာခံကို ဦးဆောင်ခေါင်းခံပြီး လုပ်ရမယ်ဆိုရင် ဗမာကိုယ်စားလှယ်အဖွဲ့ထဲ မွတ်စလင်နှစ်ယောက် ပါလာတာကို ခေါင်းခဲမိမှာအမှန်ပဲ။ အနည်းဆုံးတော့ ဗမာကိုယ်စားလှယ်အဖွဲ့ကို ဗမာတွေကပဲ အရင် ပြန်မေးခွန်းထုတ်ကြ၊ ပြီးရင် တိုင်းရင်းသားတွေဖက်လှည့်လာမှာမလို့ပါပဲ။

    ခုလို ရှုပ်ထွေးနေတဲ့ကာလမှာ မွတ်စလင်ကိုယ်စားလှယ်တွေ မပါရင် အနည်းဆုံး အသံကြောင့်ဖားသေမဖြစ်ရဘူး လို့ယူဆလို့ မပါလည်း ရှိစေတော့လို့မှတ်မိပါတယ်။ ဒါပေမဲ့ ဒီညီလာခံကို ဦးဆောင်းထိန်းကျောင်းပေးတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့တက်ကြွလှုပ်ရှားသူ ခွန်ဂျာနဲ့ တက်ကြွလှုပ်ရှားသူဆိုသူတွေ ဖေ့စ်ဘွတ်မှာ ရေးထားတာတွေတွေ့ပြီး အတော် စိတ်ပျက်မိတယ်။ ကြောင်ကြာကြာ ရေမငုတ်နိုင်ဘူး ဆိုပြီး ပြောပြောနေကြတဲ့ သူတို့ကိုယ်တိုင်က ရေငုတ်နေတဲ့ ကြောင်တွေမှန်းသိလိုက်ရတယ်။ တခြားလူတွေဆိုရင် ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောမနေတော့ပါဘူး။ ဒါပေမဲ့ ခွန်ဂျာဆိုတာ တက်ကြွလှုပ်ရှားသူလောကမှာ အရာရောက်တဲ့ Public figure ဖြစ်နေတာရယ်၊ သူရေးသားပုံတွေက မွတ်စလင်လို့ ခံယူတဲ့ လူတွေကို ပုရွက်ဆိတ်ကလေး နှံကောင်ကလေး လောက်သာ သဘောထားပြီး ရေးထားပြောဆိုခဲ့တာမလို့ ခွန်ဂျာပြောဆိုချက်ကို  မွတ်စလင်တွေရဲ့ လူ့ဂုဏ်သိက္ခာနဲ့ နိုင်ငံရေးသမိုင်းမာနကို ကာကွယ်သောအားဖြင့် တုန့်ပြန်တာဖြစ်တယ်။

    ဒီဆောင်းပါးရေးရခြင်းက ခွန်ဂျာကို ပုဂ္ဂိုလ်ရေး ပြောဆိုဖို့ မရည်ရွယ်ဘူးဆိုတာ ထပ်ပြောပါရစေ။

    ပထမဆုံးမေးချင်တာက

    ခွန်ဂျာက ဗမာစစ်စစ် သာလာပါ၊ သွေးနှောတောင် ခေါ်မလာနဲ့ လို့ဆိုတယ်။ သွေးနှောတောင်ခေါ်မလာနဲ့လို့ ဆုံးဖြတ်ပေးရအောင် ခွန်ဂျာက သူ့ကိုယ်သူ ဘာမှတ်လို့လဲ။ နိုင်ငံရေး ဘ၀င်မြင့်ပြီး အောင်ခြေလွတ်တာလား။ “ခေါ်မလာနဲ့” လို့ဆိုရအောင် မွတ်စလင်တွေက ပုရွက်ဆိတ်ကလေး နှံကောင်လေးအဆင့်လောက် နိုင်ငံရေး သမိုင်းရှိပြီး သူများခေါ်မှ သွားရလာရပါရမဲ့လူတွေလို့ထင်လို့လား။ ခွန်ဂျာပြောနေကြ စကားလုံးပဲ ပြန်သုံးရရင် မွတ်စလင်တွေက (နားနဲ့မနာ ဖ၀ါးနဲ့နာပါ) ဘောမ၊ ပတ်မ တွေလို့ ထင်လို့လား။ ခွန်ဂျာသာ NGO လောက၊ Humanitarian လောက ကနေ နိုင်ငံရေး ထဲရောက်လာတာပါ။ တိုင်းရင်းသားဖြစ်လို့၊ အမျိုးသမီးဖြစ်လို့၊ အာရဲလျှာရဲပြောရဲလို့ လူရှေ့သူရှေ့ရောက်နေတာပါ။ မြန်မာပြည်က မွတ်စလင်တွေက နယ်ချဲ့  ဆန့်ကျင်ရေး မတိုင်ခင်ကတည်းက နိုင်ငံ အတွက် မသူထူးခြားဦးဆောင်ခဲ့သလို၊ စွန့်လွတ်ခဲ့သူတွေရှိတယ်။ တော်လှန်ရေးနဲ့ နိုင်ငံရေးကို ထူးခြားတဲ့ ပြောင်းလဲမှုတွေဖြစ်စေ ခဲ့တယ်။ Significant political contributions တွေ လုပ်ခဲ့တယ်။

    လူငယ်ကိစ္စလို့ပြောမယ်ဆိုရင် ပထမဆုံးကျောင်းသား သပိတ်ကို ဦးဆောင်ခဲ့တာ မွတ်စလင်။

    အလုပ်သမား ကိစ္စပြောမယ်ဆိုရင် ပထမဆုံး အလုပ်သမား သမဂ္ဂကို ထူထောင်ခဲ့တာ မွတ်စလင်။

    ကျောင်းသားကိစ္စပြောမယ်ဆိုရင် ရေပေါ်ဆီတွေလောက် အင်္ဂလိပ်ကျောင်း တက်ခွင့်ရချိန် ဖုန်လူးလူတန်းစားအတွက် ပညာသင်ခွင့်ရအောင် ကျောင်းထောင်ခဲ့တာ မွတ်စလင်။
    တိုင်းရင်းသား ကိစ္စပြောမယ်ဆိုရင် တိုင်းရင်းသားတွေ အားကိုးတကြီးပြောပြောနေတဲ့ ပင်လုံစာချုပ်ဆိုတာ မွတ်စလင် ဦးဖေခင်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအကြား မညှိနိုင်းပေးနိုင်ခဲ့ရင် ဖြစ်မလာဘူးဆိုတာရယ်၊ အခု တိုင်းရင်းသား ညီလာခံကလည်း ပင်လုံမှာ ဖြစ်စရာအကြောင်းမရှိဘူးဆိုတာ ခွန်ဂျာကိုယ်တိုင် နားလည်နိုင်ပါစေ။

    မြန်မာသမိုင်းနဲ့ မြန်မာနိုင်ငံရေးမှာ သမိုင်းအစဉ်အလာကြီးတဲ့ မွတ်စလင်နဲ့ နိုင်ငံရေး သစ္စာဖောက်တဲ့ နာမည်မရှိခဲ့တဲ့ မွတ်စလင်တွေကို ခေါ်တောင်မလာနဲ့ ဆိုတဲ့ မလောက်လေးမလောက်စား စကား နောက်တစ်ကြိမ် ထပ်မထွက်မိပါစေနဲ့လို့ သတိပေးပါရစေ။

    နောက်တခုက ဗမာ စစ်စစ် ကိစ္စ။ ဗမာဆိုတာ ဘာမှန်း၊ ကချင်ဆိုတာ ဘာမှန်း တိတိကျကျ အဓိပ္ဗါယ်ဖွင့်လို့မရမှန်းသိသိနဲ့ ဗမာစစ်စစ်သာ လာပါဆိုတာ ဘာသဘောလဲ။ ကချင်စစ်စစ်ဖြစ်မှ၊ နှစ်ခြင်းဖြစ်မှ လို့ လုပ်လို့ ခွန်ဂျာတို့ ကချင်ထဲမှာ ကွဲပြဲကြတယ်မလား။

    ဒီကိစ္စနဲ့စပ်ဆက်ရင် ခွန်ဂျာက တိုင်းရင်းသားဆိုတာ သွေးနဲ့ဆိုင်တယ် လို့လဲရေးသေးတယ်။ ကချင်တွေက တရုတ်၊ ရှမ်း၊ ဗမာနဲ့ သွေးမစပ်ဘူးလို့ ဆိုလိုတာလား။ ကိုယ်ပြောတဲ့ စကား ကိုယ်တာဝန်ယူတယ်ဆိုရင် ပင်လုံလာတဲ့ ကချင်တိုင်းရင်းသား ကိုယ်စားလှယ်တွေကို သွေးနဲ့  DNA စစ်ကြည့်ပါ။ ခွန်ဂျာပြောပြောနေတဲ့ responsibility, accountability ဆိုကို ကိုယ်တိုင် လက်တွေ့ကျင့်သုံးတဲ့အနေနဲ့ စစ်ပြကြည့်လိုက်စမ်းပါ။

    တိုင်းရင်းသားက သွေးကိစ္စ၊ နိုင်ငံသားကတော့ ဥပဒေ ကိစ္စလို့လဲဆိုပြန်တယ်။ မြန်မာနိုင်ငံသား ဥပဒေမှာ နိုင်ငံသားဖြစ်ဖို့ဆိုရင် တိုင်းရင်းသားဖြစ်ဖို့လိုနေတဲ့ condition ကြီးကို ခွန်ဂျာ နားမလည်တာလား။ မျက်နှာလွဲ ခဲပစ်လုပ်တာလား။

    တခါ တိုင်းရင်းသား စာရင်းမှာ ၁၃၅ မျိုးပဲ တရားဝင် သတ်မှတ်ထားလို့ ပင်လုံ ညီလာခံဟာလည်း ၁၃၅ စာရင်းအတိုင်းပဲ လိုက်နာတယ်၊ အဲ့ဒီလိုမဟုတ်ရင် ၁၃၅ ကို အရင်ပြင်၊ မပြင်သေးသရွေ့ ဒီအတိုင်းပဲလုပ်မယ်ဆိုပြီး ပြောပြန်တယ်။ ဒါဆိုရင် သန်းကောင်စာရင်း ကောက်တုန်းက တိုင်းရင်းသား ၁၃၅ မျိုးကို ခွန်ဂျာကိုယ်တိုင်ပဲ ဝေဖန်ခဲ့တာ မဟုတ်ဘူးလား။

    ဒီသဘောတရားအတိုင်းပါပဲ။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဆန်းသုံးကြည့်။ မကြိုက်မှပြင်၊ မပြင်နိုင်သေးသ၍ ၂၀၀၈ အရပဲ သွားဖို့ အစိုးရဘက်က ပြောတော့ ထဘီလန်ဆဲမတတ် ဝေဖန်နေတဲ့ ခွန်ဂျာအနေနဲ့ အခုတော့ ၁၃၅ စာရင်းကို မပြောင်းနိုင်သေးသရွေ့ ဒီအတိုင်းပဲ သွားမယ်ဆိုတာ သမာသမတ်မကျတာ၊ consistent မဖြစ်တာပဲ။ ကိုယ့်လူမျိုးကို ခွဲခြားဖိနှိပ်တဲ့ ဖွဲ့ စည်းပုံကို ဝေဖန်တာနဲ့ သူများလူမျိုးကို ခွဲခြားဖိနှိပ်တဲ့ ၁၃၅ မျိုးလက်ခံတာရဲ့ကြားက စည်းကဘာပါလဲ။

    ဗမာကိုယ်စားလှယ်ထဲက အစ္စလာမ်ဘာသာဝင်တွေ လှည့်ပြန်လို့ ညီလာခံဦးဆောင်သူတွေဝေဖန်ခံရတော့ ဘာသာရေးနဲ့ တိုင်းရင်းသားရေး မရောဖို့လည်း ပြောပြန်တယ်။ တကယ်တော့ ရောတာက ဝေဖန်သူတွေမဟုတ်ပါဘူး။ ကချင်လူမျိုး အစ္စလာမ်ရှိရင် လက်ခံတယ်၊ ကမန်မွတ်စလင် ကိုယ်စားလှယ်ကိုလည်းပေးတတ်တယ်။ ဗမာကိုယ်စားလှယ်ထဲက အစ္စလာမ်ကိုပဲ လေ့လာသူ အနေနဲ့ပေးတတ်တယ်လို့ဆိုတယ်။ တကယ်က အဲ့ဒီ အစ္စလာမ် ဘာသာဝင်တွေက ဗမာလို့ သူတို့ကိုယ်သူတို့ခံယူပြီး ဗမာကို ကိုယ်စားပြုဖို့လာတယ်ဆိုရင် အဲ့ဒီကိစ္စ ဗမာတွေ တာဝန်ယူရမှာပေါ့။ ဗမာအနေနဲ့လာရင်ရှင်းပါတယ်။ ဗမာမွတ်စလင်ကို ကိုယ်စားပြုတဲ့အနေနဲ့လာရင် တမျိုး၊ မွတ်စလင် (အစ္စလာမ်ဘာသာ) ကို ကိုယ်စားပြုလာတယ်ဆိုရင် တမျိုး။ ခုက မှတ်ပုံတင်မှာ ရေးထားတာကို ကြည့်ပြီး ဆုံးဖြတ်ချက်တွေချ၊ သွေးနှောမပါရ၊ ဗမာ စစ်စစ်ပဲလာပါ ဆိုတာအပြင် နောင်တချိန် မွတ်စလင်တွေက အခုညီလာခံမှာ ကိုယ်စားလှယ်နဲ့တက်တဲ့အတွက် နောင်တချိန် မှာ claim လုပ်မှာကို စိုးရိမ်သရောင် ရေးသားဟန်က မွတ်စလင်တွေကို ပြောချင်ရာပြော၊ သူတို့ပြုသမျှနုရမဲ့ ပုံစံဖြစ်နေတယ်။ ဒီညီလာခံထဲ နောက်ဖေးပေါက်က ၀င်ပြီး နောင်တချိန်မှာ သမိုင်း claim လုပ်မှာစိုးရိမ်တယ်ထင်ရဲ့။ စိတ်ချပါ၊ နိုင်ငံရေးသစ္စာဖောက်တဲ့ သမိုင်း မရှိခဲ့တဲ့ မွတ်စလင်တွေက ဂုဏ်သိက္ခာနဲ့ မညီပဲ ဘာမှ မတောင်းပါဘူး။ အရင်ကတည်းမတောင်းဘူး၊ နောင်လည်း မတောင်းပါဘူး။

    ဒီကြားထဲ နိုင်ငံရေး မနူးမနပ် တွေက မွတ်စလင်တွေရဲ့တိုင်းပြည်အပေါ် သစ္စာရှိမှုကို မေးခွန်းထုတ်ချင်ကြတယ်။

    နိုင်ငံရေး သိက္ခာနဲ့ ပတ်သက်ရင် မွတ်စလင် ခေါင်းဆောင်အချင်းချင်း အပြန်အလှန် လုပ်ကြံတဲ့ သမိုင်းမရှိဘူး၊ ကိုယ့်လူမျိုးအချင်းချင်း အာဏာသိမ်းပြီး ဖြုတ်ထုတ်သတ်လည်း လုပ်မထားဘူး၊ ပါတီထောင် အာဏာရှင်နဲ့ပေါင်းပြီး ကျောက်စိမ်းလည်းမတူးထားသလို သစ်ခုတ်လည်း မရောင်းထားဘူး။ အာဏာသိမ်းပြီး လူသတ်၊ မုဒိန်းကျင့်၊ ထောင်ချလည်း မလုပ်ထားတဲ့အတွက် နိုင်ငံရေး Confidence အပြည့်ရှိတယ်။ မာနအပြည့်ရှိတယ်။ တိုင်းပြည်အတွက်ဘာမှလုပ်ပေးထားခြင်းမရှိပဲ ကိုယ်က ဘာလူမျိုးဖြစ်လို့ ဘာ ဘာသာဖြစ်လို့ ဘာအခွင့်အရေးရှိကိုရှိရမယ်ဆိုတဲ့ အချောင် နိုင်ငံရေး အခွင့်အရေးတောင်းနေတာ မွတ်စလင်တွေ မဟုတ်ဘူး ဆိုတာ မမေ့ပါနဲ့ ။

    ကိုယ့်အစဉ်အလာနဲ့ ကိုယ်ရပ်တည်ခဲ့ပြီး နိုင်ငံရေးမှဲ့မစွန်းပဲ ဖိနှိပ်ခဲ့သမျှ မြိုချခွင့် လွတ်ပေးနေတဲ့ မွတ်စလင်တွေကို ပုရွက်ဆိတ်လေး နှံကောင်လေးကို ဆက်ဆံသလိုမျိုးဆက်မလုပ်မိပါစေနဲ့။ ဗမာတွေက တိုင်းရင်းသားတွေကို ထားရာနေ စေရာသွားပုံစံ ဆက်ဆံတာကို တိုင်းရင်းသားတွေ ခါးသည်းသလို တိုင်းရင်းသားဆိုသူတွေက မွတ်စလင်တွေကို ထားရာစေ စေရာသွား ခေါင်းပုတ် တင်ပုတ်ဆက်ဆံတာကို မွတ်စလင်တွေ မကြိုက်ဘူးဆိုတာ ကိုယ်ချင်းစာတတ်ပါစေ။