News @ M-Media

Author: editor

  • အမှတ်မှီပေမယ့် မှတ်ပုံတင်မရှိလို့ ဆေးတက္ကသိုလ် တက်ခွင့်မရတဲ့ ကျောင်းသူလေး မှ နိုင်ငံတော်ခေါင်းဆောင်များထံ မေတ္တာရပ်ခံစာပို့

    အမှတ်မှီပေမယ့် မှတ်ပုံတင်မရှိလို့ ဆေးတက္ကသိုလ် တက်ခွင့်မရတဲ့ ကျောင်းသူလေး မှ နိုင်ငံတော်ခေါင်းဆောင်များထံ မေတ္တာရပ်ခံစာပို့

    ဇူလိုင် ၂၉၊ ၂၀၁၆
    M-Media
    မိုးစက်
    001
    ရန်ကုန်။    ။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအား (၅) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ဆေးကျောင်း တက်ရန် လျှောက်ထားရာတွင် မှတ်ပုံတင်မရှိသည့် အတွက်ဆိုပြီး ဆေးတက္ကသိုလ်ကို တက်ရောက်ခွင့် မရသေးသည့် မနှင်းနှင်းဝေအား ပညာသင်ကြားခွင့် ရရှိနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ မေတ္တာရပ်ခံစာ တစ်စောင် ပေးပို့ထား ခဲ့ပါတယ်။

    တက္ကသိုလ်ဝင်တန်းကို အမှတ်ပေါင်း (၅၂၇) မှတ်ဖြင့် အောင်မြင်ထားခဲ့သည့် မနှင်းနှင်းဝေမှာ ဆေးတက္ကသိုလ်မေဂျာလျှောက်ထား ခဲ့သော်လည်း  အခြေခံပညာဦးစီးဌာနမှ English Major ကိုသာ ပြန်လည်ချထားခြင်း ပေးခဲ့ပါတယ်။

    “အန်တီတို့လည်း လှိုင်မြို့နယ်က ဦးစီးဆီမှာ မှတ်ပုံတင်လုပ်ဖို့ အကြိမ်ကြိမ်သွား လုပ်ပါတယ်။ နောက်ဆုံး ထောက်ခံစာလေးတောင်း တာတောင်မှ လျှောက်ထားဆဲဆိုတဲ့ ထောက်ခံစာ မပေးဘူး။ သမီးက မွေးစာရင်း အသစ်ထဲမှာလည်း မပါသေးတော့ အဲ့ဒါအရင် တိုးခိုင်းတယ်။ ပြီးတော့မွေးစာရင်းတိုးပြီး ခွင့်ပြုမိန့်ကျပြီးမှ ဖခင်ပြုနိုင်ငံသား စာအုပ်မှာ နာမည်ဖြည့်ရမယ်။ ပြီးမှ ပြုလက်မှတ် စာရင်းပါမှ နိုင်ငံသားပြုခွင့်လျှောက်ထားရမယ်ဆိုတဲ့ ထောက်ခံစာပဲပေးတယ်။ လ.ဝ.က ကပေးလိုက်တဲ့ ထောက်ခံစာကို အခြေခံပညာဦးစီးဌာနက အကျူံးမဝင်ဘူးပြောတယ်” လို့ မနှင်းနှင်းဝေ ရဲ့ မိခင်က ရှင်းလင်းပြောပြခဲ့ပါတယ်။

    ၎င်းတို့မိသားစုအနေနှင့်လည်း မှတ်ပုံတင်လျှောက်ထားဆဲဆိုသည့် ထောက်ခံစာရအောင် လှိုင်မြို့နယ် လ.ဝ.က တွင် အကြိမ်ကြိမ်အဖန်ဖန် ကြိုးစားခဲ့သောလည်း ယနေ့တိုင် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိကြောင်း သိရပါတယ်။

    မနှင်းနှင်းဝေအား ဆေးတက္ကသိုလ်တက်ရောက် ပညာသင်ကြားနိုင်ရန်အတွက် တားဆီးပိတ်ပင်ခံနေရတဲ့ ကိစ္စရပ်များကို ကူညီဖြေရှင်းပေးရန်အတွက် မေတ္တာရပ်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံထံနှင့်အတူ နိုင်ငံတော်သမ္မတ၊ ပညာရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်ထောာင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ထံသို့ ပေးပို့ထားတယ့် သိရှိရပါတယ်။

    005

    004

    003

    002

     

  • လူမျိုးဘာသာမရွေး တက်ရောက်နိုင်တဲ့ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ

    လူမျိုးဘာသာမရွေး တက်ရောက်နိုင်တဲ့ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ

    ဇူလိုင် ၂၉ ၊ ၂၀၁၆
    M-Media
    . 13871967_2056527124572372_485709814_n
    ကျိုလီယာမွတ်စလင်မ် သာသနာသနာရန်ပုံငွေအဖွဲ့မှ ဖွင့်လှစ်လျုက်ရှိတဲ့ Computer / English speaking/ စက်ချုပ်နှင့် မော်တာချုပ် သင်တန်း များဖွင်လှစ်ခဲ့သည်မှာ ယခု ဆိုလျှင် ၁၅ ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
    .
    ၃ လ တစ်ကြိမ် အဆိုပါ သင်တန်းသစ်များကို ဖွင့်လှစ်လျက်ရှိပါသည်။
    .
    သင်တန်းတက်ရောက်မည့်လူများသည် သင်တန်းမစမှီ ၁လ ခန့်အလိုတွင် စာရင်းပေးသွင်း နိုင်ကြောင်း သိရှိရသည်။
    .
    အဆိုပါ သင်တန်းများကို လူမျိုး၊ ဘာသာမရွေး တက်ရောက်နိုင်တယ်လို့ သိရပါသည်။
    .
    ဒါအပြင် မျက်စိခွဲစိတ်ရန် ချို့တဲ့သူ လူမျိုးဘာသာမရွေးကိုလည်း တစ်ပတ်လျှင် လူနာ (၅၀) ခန့် မျက်စိခွဲစိတ်မှုတွေကို အခမဲ့ ကုသပေးနေကြောင်းသိရှိရပါသည်။
    .
    ပညာဒါန သင်တန်းတွေကိုတော့ အမှတ် (၁)၊ သုခလမ်း၊ ခ ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့မှာ သင်ကြားပေးသွားမှာဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
    .
    ဖုန်း – ၅၇၇၄၇၃၊ ၈၅၅၁၁၉၁၊ ၀၉-၇၃၁၃၇၅၃၊ ၀၉-၇၉၇၅၄၂၅၉၀၊ ၀၉-၇၉၇၅၄၂၅၉၁

    13884292_2056526371239114_953565589_n

    13672066_2056526481239103_1909355427_n 13866872_2056526791239072_1706634888_n 13874912_2056526684572416_816114897_n 13883864_1264464436919834_66581170_n

  • ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၂)

    ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၂)

    ဇူလိုင်၂၅ ၊ ၂၀၁၆
    M-Media
    မိုးစက် ဆက်သွယ်မေးမြန်းသည်။
    .religion_MM-page-016
    ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်လက်များ ထုတ်ပြန်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြိး ဦးသိန်းဆွေမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားပါတယ်။
    .
    ဗုဒ္ဓဘာသာ-၈၇.၉ %
    ခရစ်ယာန်ဘာသာ- ၆.၂ %
    အစ္စလာမ်- ၄.၃ %
    ဟိန္ဒူ- ၀.၅ %
    နတ်ကိုးကွယ်သူ- ၀.၈%
    အခြား- ၀.၂ %
    ဘာသာမဲ့- ၀.၁ %
    (စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များ ထည့်သွင်းတွက်ချက်ထားသည့် စာရင်းဖြစ်သည်။)
    .
    အဆိုပါ စာရင်း ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး အစ္စလာမ်ဘာသာ အဖွဲ့အစည်းတချို့ မှ ခေါင်းဆောင်များကို M-Media မှ ဆက်သွယ်ပြီး ၄င်းတို့ရဲ့ အမြင်များကို မေးမြန်းခဲ့ပါတယ်။ ဇူလိုင်လ (၂၄) ရက်နေ့ က အပိုင်း(၁) အဖြစ် ဖော်ပြခဲ့ပြီး ယခု ကျန်ရှိနေတဲ့ အပိုင်းကို ထပ်မံ၍ ဖော်ပြလိုက်ပါတယ်။
    .
    အလ်ဟဂ်ျ ဦးအေးလွင် (အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး)
    (ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကို ထူထောင်သူတွေထဲမှာ ပါဝင်သူတဦး)
    ————————————————————————-

    DSCN5664-1
    အခု ထုတ်ပြန်လိုက်တဲ့ လူဦးရေစာရင်းက တိကျမှန်ကန်မှု မရှိပါဘူး။ အစ္စလာမ် ဘာသာဝင် လူဦးရေ ဒီထက်များတယ်ဆိုတာ အသိအသာကြီးပါ။ ဒါတွေဟာ ဘာကြောင့်လည်း ဆိုရင်တော့ Technical Error လို့ ခေါ်တဲ့ နည်းပညာဆိုင်ရာ ချွတ်ချော်မှုတွေပဲလို့တော့ ထင်ပါတယ်။ တချို့ဟာတွေလည်း ရှိမှာပါ။ သူများတွေကိုတော့ မစွပ်စွဲချင်တော့ပါဘူး။
    .
    အရှိတရားတွေကို အရှိတရားအတိုင်းပဲ ထားစေချင်တယ်။ မဟုတ်ရင် တိုင်းပြည်က ချွတ်ခြုံ ကျနေဦးမှာပဲ။ နိုင်ငံတော်သစ် တည်ထောင်တော့မယ်ဆိုရင် စီမံခန့်ခွဲမှုအပိုင်းတွေလိုတယ်။ တိကျမှုမရှိတဲ့ ကိန်းဂဏန်းတွေနဲ့ ရှေ့ဆက်ပြီး သွားမယ်ဆိုရင်တော့ တိုးတက်ထူးခြားမှုတွေဆိုတာလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

    ..xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    အလ်ဟဂ်ျ  ဦးမြင့်ထွန်း (ဥက္ကဌ၊ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့)
    (သမ္မတဦးသိန်းစိန် လက်ထက်ဖွဲစည်းခဲ့သည့် ရခိုင် ပဋိပက္ခအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်)
    ——————————————————

    U Myint Tun
    ထွက်လာတဲ့ ရာခိုင်နှုန်းက အပြည့်မှန်တယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ အားနည်းချက်တွေ ရှိနေတယ်လို့ပဲ ထင်ပါတယ်။ နှစ်ဦးနှစ်ဖက် အားနည်းချက်တွေပေါ့။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဘက်ကည်း သန်းခေါင်းစာရင်း လာကောက်တဲ့အချိန်မှာ နိုင်ငံရပ်ခြားမှာသွားပြီး အလုပ်လုပ်နေတဲ့သူတွေကို ထည့်မပြောတာမျိုးတို့၊ မှတ်ပုံတင်လုပ်ရတာ မလွယ်လို့ လွယ်အောင် အဆင်ပြေတဲ့ ဘာသာနာမည်ပဲ ရေးပြီး လုပ်ထားတာမျိုးတွေ အဲ့ဒါမျိုးတွေတော့ ရှိပါတယ်။ စာရင်းကောက်တဲ့ လူတွေဘက်ကလည်း ရေးမှတ်တာတွေမှားတာ၊ နားလည်မှုတွေ လွဲတာတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် သဟဇာတဖြစ်မှုတွေက အားနည်းနေတာပါ။
    .
    ကျွန်တော်ထင်တာကတော့ လူဦးရေက ခုထုတ်ပြန်တာထက် တော်တော်ပိုမယ် ထင်ပါတယ်။ ၅ နဲ့ ၆ ကြားလောက် ရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကောက်တဲ့စာရင်းကလည်း လ.ဝ.က က ကိုင်ထားတော့ တိတိကျကျ မသိရဘူး။
    .
    ခုလိုမျိုး သန်းခေါင်းစာရင်းကောက်တာတွေကိုသာ (၁၀) နှစ် တစ်ကြိမ်လောက် အစိုးရဘက်က လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ဒါမှပဲ စာရင်းကောက်တဲ့လူတွေလည်း အသားကျပြီးတော့ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်မယ်။
    .
    ကျွန်တော်တို့ ဘာသာရေးအဖွဲ့အစည်းတွေကလည်း မြေပြင်စာရင်းကောက်ဖို့ကို လုပ်ထားသင့်တယ်ပေါ့။ တခြားအဖွဲ့တွေနဲ့ ဝိုင်းဝန်းတိုင်ပင်ပြီး ဆောင်ရွက်ထားသင့်တယ်လို့ ထင်ပါတယ်။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၁) ဖတ်ရန်
    http://www.m-mediagroup.com/news/58261

  • တူရကီ အာဏာသိမ်းမှု Horizon ရှုံချ၊ အာဏာသိမ်းအဖွဲ့များနှင့် ပတ်သက်မှု မရှိကြောင်းပြော

    တူရကီ အာဏာသိမ်းမှု Horizon ရှုံချ၊ အာဏာသိမ်းအဖွဲ့များနှင့် ပတ်သက်မှု မရှိကြောင်းပြော

    ဇူလိုင် ၂၅ ၊ ၂၀၁၆
    M-Media
    သတင်း- သီဟ
    MessageHorizon-400x300
    ၂၀၁၆ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့တွင် တူရကီနိုင်ငံ၌ စစ်အာဏာသိမ်းမှုတရပ်ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်နှင့် ဆက်နွယ်ပြီး ဇူလိုင်လ (၂၂) ရက်နေ့ ထုတ် The Voice သတင်းစာတွင် အဆိုပါအာဏာသိမ်း အဖွဲ့အစည်းများ၏ လက်တံကွန်ရက်များ မြန်မာနိုင်ငံတွင်လည်းရှိကြောင်း၊ ၄င်းတိုအနက် Horizon International Schools ပါဝင်ကြောင်း  ဖော်ပြခဲ့ပါတယ်။ ဇူလိုင်(၂၃) ရက်နေ့တွင် ရန်ကုန်မြို့ရှိ တူရကီသံရုံး၌ သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးက မြန်မာနိုင်ငံရှိ အချို့သော စီးပွားေ၇းလုပ်ငန်းများမှာ တူရကီ စစ်အာဏာသိမ်းရန် ကြံစည်သည့် အဖွဲ့များနှင့် ပတ်သက် ဆက်နွယ်မှု ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ မြန်မာပြည်သူများ၊ Horizon International Schools တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား များနှင့် မိဘများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့ပါတယ်။
    .
    ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် Horizon International Schools မှ တူရကီနိုင်ငံတွင်းဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းရန် ကြိုးစားမှု ဖြစ်ရပ်အား ၄င်းတို့၏ ရပ်တည်ချက်သဘောထားကိုအောက်ပါအတိုင်း ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
    သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
    .
    ကျွန်တော်တို့ Horizon International Schools ကျောင်းများ၏ အုပ်ချုပ်သူအဖွဲ့အနေနှင့် ဇူလိုင်လ(၁၅)ရက်နေ့၌ တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းရန်ကြိုးပမ်းမှုများကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချပါသည်။ ကျွန်တော်တို့နှင့်လက်တွဲလုပ်ကိုင်နေကြသော တူရကီနိုင်ငံသားများသည် ဒီမိုကရေစီဝါဒကိုအမြဲလိုလားသော ထောက်ခံအားပေးသောသူများသာ ဖြစ်ကြပါသည်။ ကျွန်တော်တို့အနေနှင့် ယခုလက်ရှိဖြစ်ပျက်နေသော အခြေအနေအရပ်ရပ်အား သက်ဆိုင်ရာများမှ စေ့စပ်သေချာစွာစုံစမ်းစစ်ဆေးပြီး အမှန်တရားအားဖော်ထုတ်နိုင်လိမ့် မည်ဟုယုံကြည်ပါသည်။
    .
    ကျွန်တော်တို့အနေနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် လူအများထိခိုက်နစ်နာစေခြင်းနှင့် ဖြစ်ပေါ်နေသည့် ဘာသာရေး အကြမ်းဖက်မှုများအတွက် ၄င်းတို့၏သက်ဆိုင်ရာမူရင်းဇာစ်မြစ်အဖွဲ့အစည်းများအား ပွင့်ပွင့်လင်းလင်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်းနှင့် ၄င်းအဖွဲ့အစည်းများနှင့် ကျွန်တော်တို့၏ကျောင်းသည် မည်သို့မျှ (လုံးဝ) မသက်ဆိုင်ပါကြောင်း၊ ချိတ်ဆက်ထားခြင်းမရှိပါကြောင်း အသိပေးကြေငြာပါသည်။
    .
    ကျွန်တော်တို့သည် လူမျိုးဘာသာမရွေးအား ကောင်းမွန်အဆင့်မီသောပညာရေးဝန်ဆောင်မှုသီးသန့်ပေးစွမ်းနေသည့် ဝန်ဆောင်မှုကုမ္ပဏီ အဖွဲ့အစည်းတစ်ခုအမှန်စင်စစ်ဖြစ်ပြီး မတူကွဲပြားသောနိုင်ငံပေါင်းစုံမှ သင်ကြားရေးဝန်ထမ်း ဆရာ/ ဆရာမများနှင့်ဖွဲ့စည်းထားသောပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းတစ်ခုသာဖြစ်ပါသည်။ ဤကျောင်း၏ အုပ်ချုပ်သူအဖွဲ့အနေနှင့် ကျွန်တော်တို့သည် မည်သည့်အဖွဲ့အစည်းများ၊ ကွန်ယက်များ၊ အစည်းအရုံးများ နှင့်မျှ ဆက်စပ်ခြင်း၊ ချိတ်ဆက်ခြင်းများ စိုးစဉ်းမျှမရှိပါ။ ကျွန်တော်တို့၏အဓိကလုပ်ဆောင်ရမည့်ကိစ္စရပ်သည် ပညာရေးဝန်ဆောင်မှုပေးရန်သာဖြစ်ပြီး တစ်စုံတစ်ယောက်ကစွပ်စွဲပြောဆိုနေသကဲ့သို့ ကျွန်တော်တို့သည်ပါတီနိုင်ငံ ရေးနှင့် အုပ်ချုပ်ရေးတွင် တစ်စုံတစ်ရာပါဝင်ပတ်သက်သည်ဆိုခြင်းမှာ အဓိပ္ပါယ်မရှိသည့်ပြောဆိုချက်ဖြစ်ပါသည်။
    .
    ကျွန်တော်တို့မြန်မာနိုင်ငံအတွင်း ကျွန်တော်တို့နှင့်ပတ်သက်၍ ဆူပူအုံကြွမှုဖြစ်စေမည့်မည်သည့်ကိစ္စရပ်ကိုမဆို အလုံးစုံငြင်းပယ်ကန့်ကွက်ပြီး ကျွန်တော်တို့၏ရည်ရွယ်ရာပန်းတိုင်ဖြစ်သော မိမိတို့၏လူမှုပတ်ဝန်းကျင်အတွက် အကောင်းဆုံး ပညာရေးဝန်ဆောင်မှုများကိုသာပေးရန်ရည်ရွယ်ပါသည်။
    .
    ကျွန်တော်တို့၏ကျောင်းကို ကမ္ဘာ့အဆင့်မီအကောင်းမွန်ဆုံးသော ပညာရေးအားပေးစွမ်းရန် ရည်ရွယ်ချက်ဖြင့် (၂၀ဝ၀) ပြည့်နှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံတွင် ကျောင်းခွဲများဖွင့်လှစ်ပြီး မြန်မာတစ်ဝှမ်းလုံးရှိကျောင်းသား လူငယ်များအား Cambridge International Curriculum နှင့် (IB) Diploma Programme အစရှိသည့် ကမ္ဘာ့လက်ရှိအကောင်းဆုံးထင်ရှားကျော်ကြားသော သင်ရိုးညွှန်တမ်းများဖြင့် သင်ကြားပေးနေခြင်းဖြစ်ပါသည်။ ထိုပညာရေးသည် ကျောင်းသား/သူများအတွက် ၄င်းတို့ ၏ပညာသင်ကြားနေရာ ကျောင်းဝန်းကျင်တွင်သာမကဘဲ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သည့် အတွေ့အကြုံ၊ အလေ့အကျင့်ကောင်းများရရှိစေရန် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါသည်။ ကျွန်တော်တို့၏ မြန်မာနိုင်ငံရှိ ကျောင်းသား/သူများအား ၄င်းတို့၏ နိုင်ငံတကာနှင့်တန်းတူထူးခြားထက်မြက်သော လုပ်ဆောင်နိုင်စွမ်းရည် ကိုပြသနိုင်ရန် နိုင်ငံတကာတွင်ပြုလုပ်ကျင်းပသည့်အသိပညာ၊ အရည်အချင်းစစ်ပြိုင်ပွဲများစွာတွင်လည်း သွားရောက် ယှဉ်ပြိုင်စေခဲ့ပါသည်။ ကျွန်တော်တို့သည် ဤကဲ့သို့ပြိုင်ပွဲများအားစေလွှတ်ယှဉ်ပြိုင်မှုကို (၂၀ဝ၅) ခုနှစ် ကတည်းကပင် ယခုချိန်ထိပြုလုပ်ပေးခဲ့ပြီး ယခုချိန်တွင် အမေရိကန်၊ ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ အာဂျင်တီးနား၊ သြစတျေးလျ၊ ဂျော်ဂျီယာ၊ တူရကီ၊ အဇာဘိုင်ဂျန်၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ စင်ကာပူ၊ ထိုင်း၊ ရိုမေးနီးယား၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှား နှင့် အစရှိသည့်နိုင်ငံပေါင်းများစွာကို သွားရောက်ယှဉ်ပြိုင်စေခဲ့ပြီး ဆုတံဆိပ်ပေါင်း (၂၀ဝ) ကျော်ကို ကျောင်းသား/သူများမှ ရယူနိုင်ခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်တို့၏ကျောင်းသား/သူ များသည် နိုင်ငံတကာစင်မြင့်တွင် မြန်မာဟူသည့်ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့ပြီး ချီးကျူးသြဘာပေးခံခဲ့ရပါသည်။
    .
    ဝင်ငွေနည်းပါးသော မိသားစုများ၏ကလေးငယ်လေးများလည်း ဤကျောင်းသို့တက်ရောက်သင်ယူနိုင်ခြင်းအလို့ငှာ ကျွန်တော်တို့သည် နွေရာသီအင်္ဂ္လိပ်စာနှင့် စနေ၊တနဂင်္နွေအင်္ဂ္လိပ်စာသင်တန်း ကျောင်းများကိုလည်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ယခုအချိန်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ထိုသင်တန်းများသည် ထင်ရှားကျော် ကြားသော သင်ရိုးညွှန်တမ်းများကိုအသုံးပြု၍ သင်ကြားပေးခြင်းဖြစ်ပါသည်။ ဒါ့အပြင် ကျွန်တော်တို့သည် အသိပညာ ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာအရည်အချင်းအပြည့်ရှိသည့်ကျောင်းသား/သူများကို ရွေးချယ်ပြီး ပညာသင်ဆုအခွင့်အလမ်း များပေးအပ်ချီးမြှင့်သည့်အစီအစဉ်များကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ ကျွန်တော်တို့၏ IB CAS ကျောင်းသား/သူများ သည် မိဘမဲ့ကလေးများ၊ ဘုန်းတော်ကြီးသင်ပညားရေးကျောင်းများ နှင့် အခြားလိုအပ်နေသည့်ပြည်တွင်းကျောင်း များတွင် ပညာဒါနအဖြစ် ဘာသာစကားနှင့် ပညာရပ်များအားအခမဲ့သင်ကြားပေးနေပါသည်။
    .
    လူငယ်များအတွက် ပညာရေးပိုင်းဆိုင်ရာတွင်သာမက အခြားသောလူမှုရေးပိုင်းဆိုင်ရာ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံး တမ်းများကိုပါ သဘောပေါက်နားလည်သိရှိစေရန်နှင့် အတွေ့အကြုံများ၊ လေ့လာမှုများရရှိစေရန်အလို့ငှာလည်း ကျွန်တော်တို့သည် ပညာရေးနှင့်တွဲဖက်လုပ်ဆောင်လျှက်ရှိပါသည်။ ကျွန်တော်တို့သည် သချာင်္ဘ࿿ာသာရပ်တွင် ပိုမိုကျွမ်းကျင်စေရန် အဓိကအရေးကြီးသော သချာင်္ဘ࿿ာသာရပ်ပိုင်းဆိုင်ရာ ဖြန့်ကျက်စဉ်းစားတွေးခေါ်နည်းများနှင့်၊ အားကစားပြိုင်ပွဲများ နှင့်ရိုးရာယဉ်ကျေးမှုပြပွဲ၊ ပြိုင်ပွဲများကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျှက်ရှိပါသည်။ တစ်နိုင်ငံလုံးဆိုင်ရာ သချာင်္ဉ࿿ာဏ်စမ်းပြိုင်ပွဲကြီး ၊ အင်္ဂ္လိပ်စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဘက်စကတ်ဘောအားကစား ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် နိုင်ငံတကာရိုးရာယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံများပြပွဲများမှာ အထူးထင်ရှားသောပွဲ များဖြစ်ပါသည်။ ရိုးရာယဉ်ကျေးမှုနှင့်အစားအသောက်ပြပွဲကြီးအား မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် ပြုလုပ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးတမ်းများကို နိုင်ငံတကာ ဧည့်သည်များနှင့်တကွ နိုင်ငံတွင်းရှိပြည်သူလူထုကို ပြသခွင့်ရရှိခဲ့ပါသည်။ ထိုပွဲကြီးတွင် မြန်မာပြည်သူလူထုမှ ပျော်ရွှင်စွာ ဝင်ရောက်ကြည့်ရှုဆင်နွှဲခဲ့ကြပါသည်။
    .
    ကျွန်တော်တို့သည် အားကစားနှင့်ပတ်သက်၍လည်း လှုပ်ရှားမှုများစွာပြုလုပ်ခဲ့ပါသည်။ ကျွန်တော်တို့သည် မြန်မာ နပန်းအဖွဲ့ချူပ်ဖြစ်ပေါ်လာစေရန် ဦးဆောင်ဦးရွက်အဖြစ် မြန်မာပြည်တွင်ပထမဦးဆုံးမိတ်ဆက်ပြုလုပ်ပေးခဲ့ပါသည်။ နပန်းအဖွဲ့ချုပ်သည် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သော (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှဆီးဂိမ်းနှင့် မြန်မာနိုင်ငံတွင်ကျင်းပသော 2015 Asian Junior Wrestling ပြိုင်ပွဲများတွင် အောင်မြင်စွာပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ခဲ့ပါသည်။ ဒါ့အပြင် ကျွန်တော်တို့သည် Myanmar National League1 တွင်လည်းပါဝင်ယှဉ်ပြိုင်ကစားနေသော Horizon ဘောလုံးအသင်းအားလည်း တာဝန်ယူဆောင်ရွက်နေသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။
    .
    မြန်မာနိုင်ငံ၏ လူမှုရေးဝန်ကြီးဌာနဝန်ကြီးနှင့်လည်း ပူးပေါင်းဆောင်ရွက်ပြီး ရန်ကုန်တိုင်းနှင့်မန္တလေးတိုင်းတို့တွင် အမှန်တကယ်လိုအပ်နေသည့်နေရာများအား ကူညီလှုဒါန်းသည့်အစီအစဉ်များလည်းပြုလုပ်ခဲ့ပါသည်။ ကျွန်တော်တို့ သည် သက်ကြီးရွယ်အိုများအတွက် ဆေးရုံဆောက်လုပ်လှုဒါန်းခြင်း၊ ၄င်းတို့အားနေ့စဉ်ကျန်းမာရေးပြုစုစောင့်ရှောက် မှုများအား ပြုလုပ်ပေးလျှက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ရေကြီးနစ်မြုပ်မှု၊ ရောဂါဘယထူပြောခြင်း အစရှိသည် တို့ကြောင့် အမှန်တကယ်အကူအညီလိုအပ်နေသည့် ၊နေရာများအားသွားရောက်၍ အစားအစာနှင့် လိုအပ်သည်များ ကို ကူညီလှုဒါန်းလျှက်ရှိပါသည်။
    .
    ကျွန်တော်တို့သည် မည့်သည့်နိုင်ငံခြားသားဝန်ထမ်းဖြစ်စေ၊ ပြည်တွင်းနေဝန်ထမ်းဖြစ်စေ ခွဲခြားမှုကင်းစွာဖြင့် ၄င်းတို့၏အလုပ်အပေါ်တွင် ကြိုးစားအားထုတ်လုပ်ကိုင်မှုများအပေါ် တစ်ပြေးညီသဘောထားရှိပြီး အလေးထား ဆက်ဆံလျှက်ရှိပါသည်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံတွင်နေထိုင်ပြီး မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများအောက်မှ မသွေဖယ်ဘဲနှင့် ၄င်းအစီအစဉ်များကို ကျင်းပပြုလုပ် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ ပေးဆောင်ရမည့်အခွန်များ အားမပျက်မကွက်ပေးဆောင်ပြီး မြန်မာပြည်သူလူထု ရာကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ကိုလည်းပေးစွမ်းလျှက်ရှိပါသည်။
    .
    ကျွန်တော်တို့သည် တစ်စုံတစ်ဦးမှ လက်ရှိတည်ငြိမ်မှုပျက်ပြားအောင်ပြုလုပ်ပြီး ကျွန်တော်တို့အားအခြေအမြစ် မရှိစွပ်စွဲပြောဆိုမှုများအပေါ် အခြေအနေအရပ်ရပ်အပေါ် အမှန်ပေါ်ပေါက်ရန်သာ ဆန္ဒရှိပြီး ကျွန်တော်တို့၏ လုပ်ဆောင်ရမည့်တာဝန်တစ်ရပ်ဖြစ်သော မြန်မာကျောင်းသား/သူများအား ကမ္ဘာ့အဆင့်မီကောင်းမွန်သောပညာရေး တစ်ရပ် ပေးစွမ်းနိုင်ရန်သာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ရိုသေလေးစားစွာဖြင့်အသိပေးပန်ကြား အပ်ပါသည်။

    ကြေညာချက် အပြည့်အစုံကို  Horizon International Schools ၏ ဝဘ်ဆိုဒ်မှ ရရှိရပါသည်။
    http://hism.co/

  • နိုင်ငံခြားမှဆရာများ သင်မယ့် ပထမဆုံး အနုပညာ သင်တန်းကျောင်း လိုင်လာခန်း  ဖွင့်မည်။

    နိုင်ငံခြားမှဆရာများ သင်မယ့် ပထမဆုံး အနုပညာ သင်တန်းကျောင်း လိုင်လာခန်း ဖွင့်မည်။

    ဇူလိုင် ၂၅ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်
    Laila Khan
    မြန်မာပြည်မှာ နိုင်ငံခြားမှ ဆရာ/ဆရာမ များ သင်ကြားမယ့် ပထမဆုံး အနုပညာ သင်တန်းကျောင်း တစ်ခုကို  လာမည့် သြဂုတ်လမှစ၍ ဖွင့်လှစ်ဖို့ ရှိပါတယ်။ ဒီသင်တန်းကို ဖွင့်လှစ်ဖို့ စီစဉ်သူကတော့ ဘောလီဝုဒ်ရုပ်ရှင် သရုပ်ဆောင် လိုင်လားခန်းဖြစ်ပါတယ်။

    Rhythm & Style International Academy  ဟု အမည်ပေးထားသော အနုပညာသင်တန်းကျောင်းကို ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ လိုင်လားခန်းက ” လွန်ခဲ့တဲ့ ၁၀နှစ်က လိုင်လားက မြန်မာနိုင်ငံ ကနေပြီးတော့ မလေးရှား၊ မလေးရှား ကနေပြီးတော့ ဘောလီဝုဒ်ရောက်ဖို့ကို တော်တော်လေးကို ကြိုးစားဖို့ ပြီးတော့ ဘယ်လိုမှ အခွင့်အရေးမရှိ ဘယ်လိုမှ အဆက်သွယ်မရှိ သူငယ်ချင်း တစ်ယောက်တောင် အိန္ဒိယ နိုင်ငံမှာ မရှိဘဲနဲ့ မျက်စိစုံမှိတ်ပြီးတော့ အရဲစွန့်ပြီးတော့ သွားပြီး ကြိုးစားခဲ့ရတယ်။ ကိုယ့်ဒုက္ခကိုယ်ပဲသိတယ်။ အဲ့လိုမျိုး ဒုက္ခခံပြီးတော့ ရလာတဲ့ အခွင့်အရေးမျိုးကို ကိုယ့်နိုင်ငံမှာရှိတဲ့ လူငယ်လေးတွေကိုလည်း အရည်အချင်း ရှိတယ်ဆိုရင် ဟိုဘက်ကို ရောက်ချင်တယ်ဆို အမက ပံ့ပိုးပေးချင်တယ်။ အဲ့စိတ်ဓါတ်လေးရှိတဲ့အတွက် Rhythm & Style International Academy  လိုမျိုး ဥစ္စာဖန်တီးခဲ့တာပါ” ဟု M-Media သို့ ပြောပါတယ်။

    Rhythm & Style International Academy School တွင် Bollywood film industry မှ ဆရာ/ဆရာမများ ကိုယ်တိုင်သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းတွင် ကနဦးအနေဖြင့် Bollywood dance သင်တန်း၊ Style Management သင်တန်း၊ make up သင်တန်း နှင့် Acting သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဟု သတင်းရရှိပါတယ်။

    လိုင်လားခန်းသည် ၂၀၁၁ခုနှစ်တွင် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးသည့် “တိုက်ဆိုင်မှုရှိလျှင်” ရုပ်ရှင် ဇာတ်ကားတွင် မြန်မာ အနုပညာရှင်များနှင့်အတူ ပါဝင် သရုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာလူငယ်များ အနုပညာ အရည်အချင်း တိုးတက်မြင့်မားဖို့ ကဏ္ဍတစ်ရပ်အဖြစ် အနုပညာ သင်တန်းကျောင်းကို ဖွင့်လှစ်တာလို့ သိရပါတယ်။

    သင်တန်းလိပ်စာမှာ 203၊ MGW Tower ဗိုလ်အောင်ကျော်လမ်း ရန်ကုန်မြို့ဖြစ်ပြီး ယခုလ ဇူလိုင်၂၉ရက်နေ့နှင့် ဇူလိုင်လ ၃၀ရက်နေ့များမှာ သင်တန်း လာရောက်အပ်နှံသူများကို သင်တန်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် သင်တန်းကြေး ၁၀ရာခိုင်နှုန်း လျှော့ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။

    ဓါတ်ပုံ- လိုင်လာခန်း FB