ဇူလိုင် ၁၄ ၊ ၂၀၁၆
ရေးသားသူ- ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)
.
NLD ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်း အစိုးရအနေနဲ့ ရက်ပေါင်း (၁၀၀)အတွင်း ဆောင်ရွက်ချက်တွေထဲမှာ တရားဥပဒေစိုးမိုးရေးကို ဦးစာပေးဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ NLDရဲ့ဦးစားပေးအစီအစဉ်ထဲမှာ အမြဲတန်းပါဝင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်စဉ်ကပင် “တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး”ကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့တာကြောင့်၊ ယခု နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရားဥပဒေစိုးမိုးရေးကို လိုလားမှာဖြစ်ပါတယ်။သူမကိုယ်တိုင်လည်း လူစုလူဝေးနဲ့ တိုက်ခိုက်တာ ခံခဲ့ရဘူးတော့ ကိုယ်ချင်းစာနာစိတ်ရှိမှာကိုတော့ ယုံမှားသံသယဖြစ်ဖွယ်ရာ မရှိပါဘူး။
.
တရားဥပဒေစိုးမိုးရေးကို ပျက်ပြားအောင် ပြုလုပ်ခြင်းဟာ ယနေ့နိုင်ငံတော်ရဲ့နိုင်ငံရေးဦးတည်ချက်များကို ထိခိုက်စေရုံသာမက အသွင်ကူးပြောင်းရေးကာလကိုလည်း ဖျက်လိုဖျက်စီးပြုရာ ရောက်ပါတယ်။ အဲဒီလိုအခြေအနေမှာ ဘာသာရေးလူနည်းစုများဟာ တည်ကြက်ကဲ့သို့ မြေဇာပင်များ ဖြစ်နေပါတယ်။
.
အစိုးသစ်မှာ နိုင်ငံရေးအာဏာ အပြည့်အဝ မရှိသေးတာကိုလည်း သတိချပ်ဖို့ လိုပါတယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍများကလည်း အစိုးရသစ်ကို အပြည့်အဝ အထောက်အကူပြုဖို့လည်း အရေးကြီးပါတယ်။
.
အစိုးရသစ်ရဲ့မူဝါဒများကို စိတ်ရောကိုယ်ပါ အကောင်အထည်ဖေါ်ဖို့ တာဝန်ရှိပါတယ်။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်များနဲ့ ပတ်သက်တဲ့ အချို့ကိစ္စများကိုဆန်းစစ်ကြည့်မယ်ဆိုရင်အုပ်ချုပ်ရေးပိုင်းက အစပြုထားတဲ့ကိစ္စများကို လူစုလူဝေးက အဆုံးသတ်ထားတာ တွေ့ရှိရပါတယ်။
.
ကချင်ပြည်နယ်၊ ဖါးကန့်မြို့နယ်၊ လယ်ပြင်ကျေးရွာ၊မန္တလေးတိုင်းဒေသ၊ ရမည်းသင်းမြို့နယ်၊မိတ္ထီလာမြို့နယ်၊နဲ့ ကရင်ပြည်နယ်၊မြဝတီတို့မှာ ဝတ်ပြုဆောင်၊ စာသင်ကျောင်း၊သုသာန်များကို ဖျက်သိမ်းဖို့ အောက်ခြေ အုပ်ချုပ်ရေးပိုင်းကညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ်။NLD အစိုးရသစ်ရဲ့ ရက်ပေါင်း (၁၀၀) အတွင်းဖြစ်ပျက်နေတာ ဖြစ်ပြီး၊ တိုက်တိုက်ဆိုင်ဆိုင် အစ္စလာမ်ဘာ သာဝင်များရဲ့ရာမ်ဇန် ဥပုဒ်လအတွင်း မှာဆောင်ရွ က်နေတာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂို လ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုသားပြန်လည်သင့်မြတ်ရေး နဲ့ ၂၁ရာစု ပင်လုံညီလာခံ ကြိုးပမ်း ချက်များနဲ့လည်း တိုက်ဆိုင်နေတာကို သတိပြုမိပါတယ်။
.
သူရဲသမိန်ရွာဗလီကိစ္စကို ဆန်းစစ်ကြည့်မယ်ဆိုရင် ပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦး စကားများတာကစပြီး၊ ဗလီကို လူစုလူဝေးနဲ့ ဖျက်ဆီးတာနဲ့ အဆုံးသတ်တာ တွေ့ရှိရပါတယ်။ ဘာမှမဆိုင်ပါဘူး။ ဖျက်ဆီးပြီးတော့လည်း ဗလီမှာ ပြန်ပြီး ဝတ်ပြုခွင့် လည်း မပြုတော့ပါဘူး။ ပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦး စကားများတာကြောင့်ဆိုရင် ဖျက်ဆီးခံရတဲ့ဗလီကို ပြန်ဖွင့်ပြီး ဝတ်ပြုခွင့်ပြုသင့်ပါတယ်။ တိုင်တန်းခြင်း မရှိလို့ အရေးယူခြင်းလည်း မရှိပါဘူးလို့ ဆိုပါတယ်။ ဒီလိုပြောဆိုမှုတွေဟာ ဥပဒေနဲ့ ညီညွှတ်မှု ရှိရဲ့လား? ဆိုတာကို သုံးသပ်ဖို့ လိုလာပါတယ်။
.
ဖားကန့်မြို့နယ်၊လယ်ပြင်ကျေးရွာဝတ်ပြုဆောင်ရဲ့ နောက်ဆုံးသတင်းကတော့၊ အစ္စလာမ်ဝတ်ပြုဆောင် ကိုဖျက်ဆီးခဲ့တယ်လို့ သံသယရှိသူ (၆) ဦးကိုဖမ်းဆီးပြီး၊ ပုဒ်မ-၁၄၅၊ ၄၃၆၊ ၁၁၄ အရအမှုဖွင့်ထားတယ်လို့ သိရှိရပါတယ်။ ခုလိုဘာသာရေးနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံများကို လူစုလူဝေးနဲ့ ဖျက်ဆီးမှုများကို ပုဒ်ထီး၊ ပုဒ်မတွေတန်းစီပြီး၊ တည်ဆဲတရားဥပဒေများနဲ့အညီ ထိထိရောက်ရောက်အရေး ယူရမှာ ဖြစ်ပါတယ်။
.
လူစုလူဝေးနဲ့ သောင်းကျန်းတဲ့ ပြစ်မှုများကျူးလွန်လို့ အရေးယူနိုင်တဲ့ ပုဒ်မတွေကတော့ ပြစ်မှုဆိုင်ရာဥပဒေ အခန်း-၈၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ပျက်စေသော ပြစ်မှုများအောက်မှာဖော်ပြထားပါတယ်။
.
ပုဒ်မ-၁၄၃(ဥပဒေနှင့် ဆန့်ကျင်သောအစုအဝေးတွင် ပါဝင်သူဖြစ်ခြင်း) ထောင်ဒဏ် ၆လထိ/ငွေဒဏ်/ ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၁၄၄ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် သေစေလောက်သော လက်နက်ကိုင်စွဲကာပါဝင်ခြင်း) ထောင်ဒဏ်၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၁၄၅ (လူစုခွဲရန်အမိန့်ပေးပြီးကြောင်းသိပါလျက်၊ ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး၌ ပါဝင်ခြင်း၊သို့တည်းမဟုတ် ဆက်လက်ပါဝင်နေခြင်း ) ထောင်ဒဏ် နှစ်နှစ်ထိ/ ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၁၄၇ (ရုန်းရင်းဆန်ခတ်မှု) ထောင်ဒဏ်၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၁၄၈ (သေစေလောက်သောလက်နက်ကိုင်လျက် ရုန်းရင်းဆန်ခတ်မှုပြုခြင်း) ထောင်ဒဏ်၃နှစ်ထိ /ငွေဒဏ်/ ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၁၅၀ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်စေရန် လူကိုငှားရမ်းခြင်း၊ စေခိုင်းခြင်း) အစုအဝေးတွင် ကိုယ်တိုင်ပါဝင်ဘိ သကဲ့သို့၊ ပြစ်မှုကိုကိုယ်တိုင် ကျူးလွန်ဘိသကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရမည်။
.
ပုဒ်မ-၁၅၃-က (ပြည်ထောင်စုမြန်မာနိုင်ငံတွ င် နေထိုင် သူအမျိုးအစားတစ်ခုနှင့်တစ်ခုရန်ငြိုးထားစေရန်၊ မုန်းတီးစေရန် အားပေးအားမြှောက်ပြုခြင်း) ထောင်ဒဏ်၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
အခန်း-၁၅၊ ဘာသာသာသနာဆိုင်ရာ ပြစ်မှုများကတော့၊
————————————————-
ပုဒ်မ-၂၉၅ (ကိုးကွယ်ဝတ်ပြုသောနေရာကိုဖျက်ဆီးခြင်း၊ ယုတ်ညံ့စေခြင်း) ထောင်ဒဏ် ၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၂၉၅-က (နိုင်ငံတော်တွင်နေထိုင်ေ သာလူတစားကိုးကွ ယ်ယုံကြည်သောဘာသာ၊ ယုံကြည်မှုကိုစကား/စာဖြင့်/ ထင်ရှားသောပုံသဏ္ဍန်ဖြင့်စော်ကားမှု) ) ထောင်ဒဏ် ၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ၂၉၆(ဘာသာရေးအခမ်းအနားအစုအဝေးကိုနှောက်ယှက်ခြင်း) ထောင်ဒဏ် ၁နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၂၉၇ (ကိုးကွယ်ဝတ်ပြုသောနေရာ/ သင်္ချိုင်း/ မသာအခမ်းအနားများကို ကျူးကျော်စော်ကားခြင်း) ) ထောင်ဒဏ် တစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၂၉၈ (ဘာသာရေးစိတ်ကိုနာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုခြင်းကိုယ် အမူအရာပြုခြင်း၊ အရာဝတ္တုတစ်ခုခုကိုထားခြင်း ) ထောင်ဒဏ်တစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
အခန်း-၁၇၊အများပြည်သူကိုဖြစ်စေ၊လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အကျိုးဖျက်စီးမှုတွေကတော့…
.
..ပုဒ်မ-၄၂ရ (အကျိုးဖျက်ဆီးမှု )ထောင်ဒဏ်နှစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၄၃၆(ကိုးကွယ်ဝတ်ပြုသည့်နေရာ/နေအိမ်/ပစ္စည်းသိုလှောင်ရာနေရာကို မီး (သို့)ပေါက်ကွဲစေသော အရာဖြင့် အကျိုးဖက်ဆီးမှု) တစ်သက်တစ်ကျွန်း/ထောင်ဒဏ်ဆယ်နှစ်ထိ + ငွေဒဏ်
.
ပုဒ်မ-၄၄၀ (သေစေမှု/နာကျင်စေမှု အတွက်ပြင်ဆင်ပြီး အကျိုးဖျက်ဆီးမှု) ထောင်ဒဏ်ငါးနှစ်ထိ + ငွေဒဏ်
.
အခန်း-၁၇၊ရာဇဝတ်မကင်းသော ကျော်နင်းမှုများမှာ……
.
ပုဒ်မ-၄၄၇ (ရာဇဝတ်မကင်းသော ကျော်နင်းမှု) ထောင်ဒဏ် သုံးလထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၄၄၈ (လူနေအိမ်/ကိုးကွယ်ဝတ်ပြုသောနေရာ/ပစ္စည်းသိုလှောင် ရာနေရာသို့ ဝင်ရောက်ခြင်း) ထောင်ဒဏ် တစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
အခန်း-၂၂၊ ရာဇဝတ်မကင်းသော ချောက်လှန့်မှု၊ စော်ကားမှုများနဲ့ စိတ်ငြိုငြင်စေမှုများကတော့…..
.
ပုဒ်မ-၅၀၄ (ငြိမ်ဝပ်ရေးကို ပျက်ပြားစေရန် အကြံဖြင့် တမင်စော်ကားခြင်း) ထောင်ဒဏ် နှစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၅၀၅(ခ) (နိုင်ငံတော် ငြိမ်ဝပ်ရေးကို ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူ၏အကျိုးကို ပျက်စီးစေမှု) ထောင်ဒဏ်နှစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ပုဒ်မ-၅၀၅(ဂ) (လူအမျိုအစား/လူမျိုးစုအချင်းချင်း၊ တစ်ဖက်နှင့်တစ်ဖက် ကျူးလွန်ချင်လာအောင် လှုံ့ဆော်ခြင်း) ထောင်ဒ ဏ်နှစ်နှ စ်ထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
.
ခွင့်ပြုချက်မရဘဲ မြို့နယ်အသီးသီးကိုဖြတ်ကျော်ပြီး၊ ဆန္ဒပြတဲ့အမှုများမှာ တစ်မြို့နယ်ချင်း ငြိမ်း-စု-စီ နဲ့ အမှုဖွင့်ပါတယ်။ အဲ့ဒီအမှုများမှာ သီးခြားပြစ်ဒဏ်ကျခံစေပါတယ်။ ခုလဲ ပြစ်မှူအင်္ဂါရပ်များနဲ့ အကျုံးဝင်တဲ့ပုဒ်မများနဲ့စွဲဆိုပြီး သီးခြားကျခံစေခြင်းဖြင့် ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်များ ချမှတ်နိုင်ပါတယ်။
.
နောက်တစ်ချက် ရှင်းရပါအုံးမယ်။ တိုင်ကြားသူမရှိလို့ အရေးမယူဘူးဆိုတဲ့ကိစ္စ။ ရဲအရေးပိုင်တဲ့ အမှုများမှာ ပြစ်မှုကျူးလွန်သူကို ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ပါတယ်။ ဥပမာ၊ လူသတ်မှုကျူးလွန်တယ်ဆိုရင် တိုင်ကြားသူ ရှိရှိမရှိရှိ ရဲကအမှုဖွင့်ပြီး နိုင်ငံတော်က တရားလိုအဖြစ် အမှုမှာ ဦးဆောင်ပါဝင်ရမှာဖြစ်ပါတယ်။ တာဝန်ရှိသူတွေကိုယ်တိုင်က ဥပဒေကို အလေးမထားဘဲ ပြောနေတာတွေက တရားဥပဒေစိုးမိုးရေးကို ချိနဲ့အားပျော့စေပါတယ်။
.
ပြည်သူ့ဝန်ထမ်းရဲများရှေ့မှာ ပြစ်မှုကျူးလွန်ခဲ့ရင်လည်း အဲဒီရဲများမှာ တာဝန်ရှိပါတယ်။
.
အခန်း-၅၊အားပေးကူညီမှုတွင်
.
ပုဒ်မ-၂၂၁ (ဖမ်းဆီးရန်တာဝန်ရှိသော ပြည်သူ့ဝန်ထမ်းသည် မဖမ်းဆီးဘဲ တမင်ပျက်ကွက်ခြင်း) သေဒဏ်ထိုက်သော ပြစ်မှုဖြစ်လျှင် ထောင်ဒဏ်ခုနစ်နှစ်ထိ+ငွေဒဏ်/ငွေဒဏ်မပါထောင်ဒဏ်ဆယ်နှစ်အော က်လျှော့သောပြ စ်မှုဖြစ်လျှင် ထောင်ဒဏ်နှစ်နှစ်ထိ/ငွေဒဏ်/ငွေဒဏ်မပါ
.
ပုဒ်မ-၁၁၄ကတော့ အားပေးကူညီမှု ဖြစ်ပါတယ်။
.
ချုပ်ပြီးပြောရရင်၊
.
လူစုလူဝေးနဲ့ သောင်းကျန်းရင် နိုင်ငံတော် ငြိမ်ဝပ်ရေးကို ပျက်စေသော ပုဒ်မများနဲ့ အရေးယူပါ။
.
ဘာသာသာသနာကို စော်ကားရင် ဘာသာ သာသနာဆိုင်ရာပုဒ်မများနဲ့ အရေးယူပါ။
.
ကိုးကွယ်ဝတ်ပြုသည့်နေရာ/နေအိမ်/ပစ္စည်းသိုလှောင်ရာနေရာများကို ဖျက်ဆီးရင် ဘာသာ အကျိုးဖျက်ဆီးမှု ပုဒ်မများနဲ့ အရေးယူပါ။
.
အများပြည်သူရဲ့အကျိုးကို ထိခိုက်ပျက်ဆီးစေရင် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်ပျက်ပြားစေတဲ့ပုဒ်မများနဲ့ အရေးယူပါ။
.
ပြစ်မှုတစ်မျိုးစီ ကျူးလွန်ရင် ပုဒ်မတစ်မျိုးစီတပ်ပြီး၊ အရေးယူပါ။ရဲအရေးပိုင်တဲ့ အမှုများကို ရဲက ဖမ်းဆီး အရေးယူပါ။
.
မိမိတို့ကိုယ်တိုင် နစ်နာသူများကလည်း တိုင်တန်း တရားစွဲဆိုနိုင်ပါတယ်။ ပြည်သူ့ဝန်ထမ်းရဲများလည်း တည်ဆဲဥပဒေများကို လေးစားလိုက်နာဖို့လိုပါတယ်။ ရာဇဝတ်မှုဆိုတာ ကာလစည်းကမ်းသတ်လည်းမရှိ၊ ရာဇဝတ်မှုတွေ ရဲ့လက်တံက တော်တော်ရှည်ပါတယ်။ လူစုလူဝေးနဲ့ တရားစီရင်ရေးကို ဖိအားပေးတာကိုလည်း တားဆီးဖို့ လိုအပ်ပါတယ်။
.
နိုင်ငံတော်မှလည်း ဘာသာရေးပဋိပက္ခဆိုင်ရာ ဖြေရှင်းမည့် ကော်မရှင်အဖွဲ့ကို မကြာမီ ဖွဲ့စည်းမည်ဟု သိရှိရပါတယ်။၂၀၀၈ခြေ/ဥ ပုဒ်မ-၃၆၄ ကိုလည်းဥပဒေ ပြဌာန်းဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းများက ကြိုးပမ်းနေကြပါပြီ။ထိခိုက်နစ်နာသူများ အနေနဲ့လည်း စတင်တရားစွဲဆိုနေကြပါပြီ။ တရားဥပဒေစိုးမိုးရေးအတွက် အားကောင်းမောင်းသန်ဖြစ်စေတဲ့ အလားအလာတွေ ဖြစ်ပါတယ်။
.
၂၀၀၈ ခြေ/ဥ ပုဒ်မ-၂၁(ဂ)နဲ့ ပုဒ်မ-၃၈၇တို့ အရ ‘ပြည်သူတို့ ၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ပါတယ်။’တရားဥပဒေစိုးမိုးရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြ သကဲ့သို့ ရှေ့နေရှေ့ရပ် အသင်းအဖွဲ့များ၊ကွန်ယက်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ ကလည်း မိမိတို့အနေနှင့် တာဝန်ရှိကြသည့်အလျှောက် ဦးဆောင်ပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါတယ်။
.
အကောင်းဆုံးကတော့ တရားဥပဒေစိုးမိုးရေးကို တက်ညီလက်ညီ ဖေါ်ဆောင်ကြပြီး၊ အားလုံး ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဖြစ်ပါတယ်။ “ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ”မဟုတ်ပါလား။
.
ခင်မောင်ချို
၁၄-၇-၂၀၁၆
Author: editor
-
“ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ”
-
ဦးဝီရသူကို တာမွေရဲစခန်းတွင် အမှုဖွင့်
ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် မဘသအဖွဲ့ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာသည့် ဦးဝီရသူ။ ဓာတ်ပုံ-အန်းဝမ် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးဝီရသူကို သာသနာအကြည်ညိုပျက်စေမှုဖြင့် နေပြည်တော်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခု၏ဥက္ကဋ္ဌတစ်ဦးက တာမွေရဲစခန်းတွင် ဇူလိုင် ၁၁ က အမှုဖွင့်တိုင်ကြားလိုက်သည်။
.
၂၀၁၅ ခုနှစ် ဇန်နဝါရီက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခုတွင် ဦးဝီရသူက “ကုလသမဂ္ဂထိုင်ခုံပေါ်ကို ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့” ဟု ဟောပြောခဲ့ပြီး ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီလီကို ရုန့်ရင်းကြမ်းတမ်းသည့် ဆဲဆိုချက်များဖြင့် ရည်ညွှန်းပြောဆိုသည့်အတွက် တရားစွဲဆိုခံရခြင်းဖြစ်သည်။
.
နေပြည်တော်အခြေစိုက် ပြည်တွင်းသက်တော်စောင့် လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးဝင်းအောင်က အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ပြီး တာမွေရဲစခန်းက အမှုဖွင့်လက်ခံထားပြီးဖြစ်သည်။
.
“ရဲစခန်းက သူတို့အနေနဲ့ တိုက်ရိုက် ကိုင်တွယ်လို့မရဘူး။ သံဃာ့မဟာနာယကကို တင်ရဦးမယ်လို့ ပြောတယ်။ အဲ့ဒီကနေ တုန့်ပြန်မှုရမှ ဆက်လက်ဆောင်ရွက်နိုင်မယ် လို့ပြောတယ်” ဟု ဦးဝင်းအောင်က Frontier ကို ပြောသည်။
.
ဦးဝီရသူ၏ ဟောပြောချက်မှာ တနှစ်ကျော် ရှိသွားခဲ့ပြီးဖြစ်သော်လည်း “အရင်ကတည်းက စွဲမယ်လို့ လုပ်ထားတာ။ ခုမှ အချိန်ကျလို့စွဲတာပါ” ဟု ဦးဝင်းအောင်က ဆိုသည်။
.
သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်ဆန်းဝင်းကို ဆက်သွယ်မေးမြန်းရာတွင် ဦးစီးဌာနသို့ အဆိုပါကိစ္စနှင့်ပတ်သက်၍ “မသိရှိကြောင်း” ဖြေကြားခဲ့သည်။
.
ထို့ပြင် သံဃမဟာနာယကအဖွဲ့မှ ညွှန်ကြားရေးမှူးဦးထွန်းညွန့်က “ကျနော်တို့ဆီကိုလည်း ခုထိဘာမှ အသိပေးတာမျိုး မရှိသေးပါဘူး” ဟု Frontier ကို ဖြေကြားခဲ့သည်။
.
လွန်ခဲ့သည့်ရက်ပိုင်းကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ “မဘသ မလိုအပ်တော့ပါဘူး” ဟူသည့်စကားရပ်နှင့်ပတ်သက်၍ မဘသဖက်မှ ပြန်လည်ဝေဖန်ခဲ့သေးသည်။
.
သို့သော် ဇူလိုင် ၁၂ ရက်က ၎င်းတို့၏ထုတ်ပြန်ချက်အရ “ဒီမိုကရေစီမှာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်” ဟု ကြေညာချက်ထုတ် တုန့်ပြန်ခဲ့ကာ ယခင်က တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြမည်ဟူသည့် မဘသ၏ ပြောဆိုချက်မှာ မှေးမှိန်သွားခဲ့သည်။
.
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကမူ အမျိုးဘာသာ၊ သာသနာ၊ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် သံဃအဖွဲ့အစည်း၊ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ မည်သည့်ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကမျှ မဘသအဖွဲ့ကို အသိအမှတ်ပြုခြင်း၊ သန္ဓေတည်ပေါက်ပွားစေခဲ့ခြင်းမရှိဟု ထုတ်ပြန်ထားသည်။
.
ရေးသားသူ – မြတ်ကျော်သူ
Frontier Myanmar မှာ ကူးယူဖော်ပြပါသည်။
http://frontiermyanmar.net/mm/news/2221 -
မွတ်စလင်မ် လူနည်းစုတွေရဲ့ ကိုယ်စား ရှေ့နေကြီး ဦးကိုနီ ပေးခဲ့တဲ့ ကတိ ၂ ခုက ဘာတွေလဲ ?
ဇူလိုင် ၁၁၊ ၂၀၁၆
နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများတွင် လူနည်းစု အစ္စလာမ်ဘာသာဝင်များ ပါဝင်ဖို့ ရှိမှာ မဟုတ်ကြောင်း ၊ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ရှေးမြန်မာ မွတ်စလင်မ်များ နည်းတူ ကျရာ အခန်းကဏ္ဍကနေ ပါမယ့်အကြောင်းကို လူနည်းစု အစ္စလာမ်ဘာသာဝင်များ ကိုယ်စား ရှေနေကြိး ဦးကိုနီမှ ကတိပြုပြောကြားခဲ့ပါတယ်။လူနည်းစုဘာသာဝင်တွေလုံ ခြုံဖို့အတွက် အစိုးရနဲ့ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေက ကူညီစောင့်ရှောက်ပေးဖို့ မြန်မာနိုင်ငံမွတ်စလင်စီးပွားရေး လုပ်ငန်းရှင်များအသင်း ဥပဒေအကြံပေး ရှေ့နေဦးကိုနီက မေတ္တာရပ်ခံခဲ့ပါတယ်။
.
ဇူလိုင်လ ၉ ရက်နေ့ည ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ မြန်မာနိုင်ငံမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များ အသင်းက ဦးဆောင် ကျင်းပတဲ့ အီးဒ်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ညစာစားပွဲ အခမ်းနားမှာ ရှေ့နေကြီး ဦးကိုနီက ပြောခဲ့တာဖြစ်ပါတယ်။
မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များအသင်း(ယာယီ)မှ ဦးစီးကျင်းပသည့် သတ္တအကြိမ်မြောက် အီးဒ်နေ့ အထိမ်းအမှတ် ညစာ မိတ်ဆုံ စားပွဲကို ရန်ကုန်မြို့ စီဒိုးနား ဟိုတယ်တွင် ဇူလိုင်လ (၉) ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ဆီဒိုးနားဟော်တယ်မှာ ကျင်းပခဲ့ ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ၊ သာသနာရေး နှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ သံတမန်များ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။
ရုပ်သံ-မိုးစက်(M-Media)
-
မဘသသည် တရားဝင် အဖွဲ့အစည်း ဟုတ်မဟုတ် မဟန က ရက်ပိုင်းအတွင်း ကြေညာချက် ထုတ်ပြန်မည်ဟုဆို
မဘသသည် တရားဝင် အဖွဲ့အစည်း ဟုတ်မဟုတ် နိုင်ငံတော် သံဃာ့မဟာနာယက(မဟန) က ရက်ပိုင်းအတွင်း ကြေညာချက် ထုတ်ပြန်မည်။ မဟန ဦးဆောင်ဆရာတော်တစ်ပါးက သံဃာ အဖွဲ့အစည်း အခြေခံ စည်းမျဉ်းအရ မဘသ ဖွဲ့စည်းခွင့် မရှိဟု မြွက်ကြား
==============================
မြန်မာပို့စ် မှ ကူုးယူဖော်ပြပါသည်။
.
အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) နှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယက(မ.ဟ.န) က တရားဝင် အဖွဲ့အစည်း ဟုတ်/မဟုတ် ရက်ပိုင်းအတွင်း ကြေညာချက် ထုတ်ပြန်သွားရန် ရှိကြောင်း ၄၇ ပါး စုံညီ အစည်းအဝေးတွင် ပါဝင်တေသာ ဦးဆောင် ဆရာတော်တစ်ပါးထံ မြန်မာပိုစ်သတင်းဂျာနယ်က ဇူလိုင် ၁၀ ရက်နေ့ ည ၇ နာရိအချိန် တွေ့ဆုံမေးမြန်း လျောက်ထားစဉ် မိန့်ကြားလိုက်သည်။
.
မဟန ဆရာတော်များ ၄၇ပါး စုံညီအစည်းအဝေး ဆုံးဖြတ်ချက် တွင်တစ်ခု အပါအဝင်ဖြစ်သည့် မ.ဘ.သ နှင့် ပတ်သက်သော ယနေ့ ဆွေးနွေးချက်အပေါ်မူတည်၍ မြန်မာပိုစ်နှင့် တွေ့ဆုံစဉ် ဆရာတော်ကြီးက ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်းလည်းဖြစ်သည်။
.
“မနက်ဖြန် (ဇူလိုင် ၁၇ ) မှာ ၄၇ ပါး စုံညီ ဆုံးဖြတ်ချက်အရ ကြေညာချက် ထုတ်ပြန် မှာပါ။ တရားဝင် အဖွဲ့အစည်း ဟုတ် မဟုတ် ကို ကြေညာပေးမှာပါ ” ဟု ဆရာတော်ကြီးက မြွက်ကြားသည်။
.
ဆက်လက်ပြီး ဆရာတော်ကြီးက မ.ဘ.သ အဖွဲ့သည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအရ ဖွဲ့စည်းခွင့်မရှိကြောင်း၊ သံဃာ့အဖွဲ့စည်းမျဉ်းအရ ရပ်ကွက် သံဃာ့နာယက၊ မြို့နယ် သံဃာ့နာယက ၊ တိုင်းသံဃာ့နာယက ၊ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့သာဖွဲ့ခွင့်ရှိကြောင်း မြန်မာပိုစ့်သို့ မိန့်ကြားခဲ့သည်။
.
လက်ရှိအခြေအနေတွင် မဘသ အဖွဲ့အစည်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အများအကြား ပြောဆိုမှု အများဆုံး အကြောင်းအရာ တခု ဖြစ်လျက်ရှိပြီး ပြည်ပရောက် မြန်မာနိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသားအများစုမှာ မဘသ အဖွဲ့အစည်း ရှိသင့် မရှိသင့် အပေါ် အငြင်းပွားမှု ဖြစ်ပေါ်ရခြင်း မှာ ပြီးခဲ့သည့် ဇူလိုင် ၃ ၇က်က စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် မဘသ အဖွဲ့ မလိုအပ်ဟုဆိုခဲ့ရာမှ စတင်ခဲ့ခြင်းလည်းဖြစ်သည်။ဦးဖြိုးမင်းသိန်းက “၂၀၁၃ မှာ မဘသ အဖွဲ့ပေါ်ပေါက်လာတယ်။ ဒီအခြေအနေမှာ အမှန်တကယ်တော့ မလိုအပ်တော့ပါဘူး။ နိုင်ငံတော်က တရားဝင် ဖွဲ့စည်းထားတဲ့ သံဃာ့မဟာနာယတွေ့ ဖွဲ့စည်းထားပြီး အဆင့်ဆင့်သော သံဃာ့အဖွဲ့အစည်းတွေ ရှိပါတယ်” ဟု ပြောကြားခဲ့ရာမှ စတင်ခဲ့ခြင်းလည်း ဖြစ်သည်။
.
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ငြင်းခုန်ဆွေးနွေးမှု အများအပြား နိုင်ငံသားတို့ အကြား ဖြစ်ပေါ်နေချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးနှင့် အဖွဲ့ထံ ဇူလိုင် ၇ ရက်က သွားရောက်လျောက်ထားခဲ့ရာတွင် လည်း ဆရာတော်ကြီးက “ဆရာတော်ကြီးများက ဗုဒ္ဒသာသနာတော် သန့်ရှင် တည်တံ့ပြန့်ပွာေးရးအတွက် ဆရာ၊ ဒကာ ညီညွတ်စွာ ဆောင်ရွက်ရန် လမ်းညွှန်သြဝါဒ မိန့်ကြားခဲ့ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် ဖော်ပြခဲ့သည်။
.
နိုင်ငံတော်သံဃာ့မဟာနာယက (မဟန) ၄၇ ပါး စုံညီ အစည်းအဝေးတွင် ပါဝင်သော ဆရာတော်ကြီးအား မြန်မာပို့စ်က မ.ဘ.သ အဖွဲ့အစည်းအား သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန် ရှိ မရှိ လျောက်ထားမေးမြန်းရာ “ အခုချိန်က အရေးယူတဲ့ကဏ္ဍ ပါဦးမှာ မဟုတ်ဘူး၊ နောက်ဆက်လက်ပြီး လှုပ်ရှားရင်တော့ အရေးယူမှာပေါ့ “ ဟု မြွက်ကြားသည်။
.
၁၉၉၀ ပြည်နှစ် အောက်တိုဘာ ၃၁ ၇က်က ထုတ်ပြန်ခဲ့သော သံဃာအဖွဲ့အစည်း ဆိုင်ရာ ဥပဒေ အခန်း(၂) တွင်” ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ အခြေခံစည်းမျဉ်းအရ သတ်မှတ်ထားသော ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုသ ရှိရမည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း ရှိ ထေရဝါဒ သံဃာ့ဂိုဏ်း အသီးသိမှ သံဃာဟူသမျှ ပြည်ထောင်စု မြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်းတွင် အဖွဲ့ဝင်များဖြစ်သည်။
.
သံဃာ့အဖွဲ့အစည်းအတွင်း၌ အခြေခံစည်းမျဉ်းအရ အတည်ပြုထားသော အောက်ပါ သံဃာ့ဂိုဏ်း ကိုးဂိုဏ်းတို့သည် မိမိတို့ ဂိုဏ်း စည်းကမ်းအတိုင်း လိုက်တာ ကျင့်သုံးခွင့် ရှိသည်။ (သုဓမ္မာဂိုဏ်:၊ ရွှေကျင်ဂိုဏ်း ဓမ္မနုဓမ္မမဟာဒွရန် ကာယဂိုဏ်း၊ ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၊ အနောက်ချောင်းဒွါရဂိုဏ်း၊ ဝေဠုဝန်နိကာယဂိုဏ်း၊ စတုဘုမ္မိကသတိပဌာန်ငှက်တွင်းဂိုဏ်း၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်း၊)
.
ဒေသအလျောက် တည်ရှိသော သံဃာ ပယါရဏာဂိုဏ်းများသည် ပုဒ်မ(၅) ပါ သံဃာဂိုဏ်းများတွင် အကျုံးဝင်သည်” ဟူ၍ ဖော်ပြထားသည်။
.
ယခု မဟန ထံမှ ရရှိသည့် မဘသနှင့် ပတ်သက်သည့် သတင်းမရရှိမီ ဖြစ်ပေါ်နေသော အငြင်းပွားမှုများနှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အတွင်းရေးမှုး ပွင့်လင်းဆရာတော် ဦးပညိန္ဒထံ လျောက်ထားမေးမြန်းရာ သူတို့ရဲ့ အယူအဆကတော့ ဖျက်သိမ်းတဲ့ အထိ၊ ပျက်သုဉ်းတဲ့အထိ ရည်ရွယ်ကြံစည်ထားတာ လည်း ရှိချင်ရှိမယ်။ ဒါကတော့ သူတို့ကိုယ်တိုင်ပဲ သိမယ်။ ဒါပေမယ့် မ.ဘသ အဖွဲ့ကြီးကတော့ လွယ်လွယ်နဲ့ ပျက်ဆီးသွားမှာ မဟုတ်ဘူး။ ဖျက်ဆီးလို့လဲ ရမှာ မဟုတ်ဘူး။ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ အင်မတန်ကြိးမားတဲ့ ပရဟိတ အဖွဲ့ကြီးပါ။
.
မဘသ သာသနာပြု အဖွဲ့ကြီးကို လွယ်လွယ်နဲ့တော့ ဖျက်ဆီးလို့မရဘူး။ ခလုတ်တိုက်ချင် တိုက်လို့ ရချင်ရမယ်။ အပြုတ်တိုက်လို့တော့ ရမှာ မဟုတ်ဘူးလို့ ဒီနေရာက ပြောချင်တယ်။ မလိုတဲ့ ပုဂိုလ်တွေ ဖျက်လို့ ဖျက်ဆီးလုပ်ချင်တဲ့ ပုဂိုလ်တွေ မဘသ အပေါ်အမြင်မကြည်တဲ့ ပုဂိုလ်တွေကို ပြောချင်ပါတယ်။
.
ခလုတ်တိုက်လို့ တော့ ရချင်ရမယ်။ အပြုတ်တိုက်လို့ တော့ ရမှာ မဟုတ်ဘူးလို့ ဒီကနေ မက်ဆေခ်ျပေးလိုက်ချင်တယ် “ ဟုတ် မိန့်ဆိုသည်။
.
ဟိန်းထက်
မြန်မာပို့စ် မှ ကူုးယူဖော်ပြပါသည်။ -
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ တူရကီသံအမတ်ကြီးတို့ နှင့် လျှပ်တပြက် အင်တာဗျူး
ဇူလိုင် ၁၀ ၊ ၂၀၁၆
M-Media
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် တူရကီသံအမတ်ကြီးတို့ကို ဇူလိုင်လ ၉ ရက်နေ့က အခမ်းအနားတခုမှာ အမ်မီဒီယာမှ ခဏတာ အင်တာဗျူးခွင့်ရရှိရှိခဲ့ပါတယ်။အမေရိကန်သံအမတ်ကြီး စကော့မာစီရယ် မှ နိုင်ငံသားများအကြား သာတူညီမျှ အခွင့်အရေးရရှိရန် အကူအညီပေးရာတွင် မိမိတို့ကိုယ်တိုင် ရုန်းကန်နေရဆဲဖြစ် ပြောကြားခဲ့ပြီး ။ တူရကီသံအမတ်ကြီးကတော့ ကမ္ဘာပေါ်၌ တူရကီသည် နိုင်ငံ့ဝင်ငွေ အလိုက် လူသားချင်းစာနာရေးအထောက်အပံ့ အများဆုံးပေးနေသည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.
အမေရိကန် သံအမတ် စကော့မာစီရယ်
—————————————-
M-Media: မတူကွဲပြားတဲ့ လူနည်းစုတွေ၊ ဘာသာ မတူသူ လူနည်းစု အုပ်စုတွေ အကြား သာတူညီမျှ အခွင့်အရေးရစေနိုင်ဖို့နဲ့ စပ်လျဉ်းပြီး (မေးခွန်းတစ်ခု မေးလိုပါတယ်။) အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံ အပေါ် လက်ရှိကျင့်သုံးနေတဲ့ wait-and-see approach ခေါ် စိတ်ရှည်လက်ရှည် စောင့်ကြည့် လေ့လာရေး နည်းလမ်းက ဘယ်လိုများ အကျိုးသက်ရောက်မှု ရှိပါသလဲ။
.
အမေရိကန် သံအမတ် စကော့မာစီရယ်: ကျနော်တို့ အမေရိကန်အစိုးရက မြန်မာနိုင်ငံသား အားလုံးကို အောင်မြင်စေလိုတယ်၊ နိုင်ငံသား အားလုံး အခွင့်အရေးကိုယ်စီရကြဖို့ ဆန္ဒထားပါတယ်။ အခု လက်ရှိမြန်မာအစိုးရနဲ့ တခြားအဖွဲ့တွေကလည်း သာတူညီမျှရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပြီးတော့ လူတိုင်းကိုယ်စီ အခွင့်အရေး ညီတူညီမျှရရှဖို့ ကြိုးစားနေကြတယ်၊ ကျွန်တော်တို့ အမေရိကန် အစိုးရကလည်း အဲဒီကြိုးစားမှုကို ကူညီနေပါတယ်။ ဒီလို သာတူညီမျှရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့က အချိန်ယူရမယ်ဆိုတာ ထင်ရှားပါတယ်။ ကျွန်တော်တို့ အမေရိကန်နိုင်ငံ ကိုယ်တိုင်ကလည်း (သာတူညီမျှရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့ ကူညီရာမှာ) ရုန်းကန်နေရပါသေးတယ်။ ကျွန်တော် တို့ကတော့ မြန်မာပြည်က လူတိုင်းကို ကူညီထောက်ပံ့နိုင်ဖို့ မျှော်လင့်ပါတယ်။
.
M-Media : ခင်ဗျားက အင်ဒိုနီးရှား ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်အဖြစ်လည်း တာဝန်ထမ်းခဲ့ဖူးတယ်နော်။ အင်ဒိုနဲ့ မြန်မာနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ လူနည်းစုတွေကို ဖိနှိပ်ညှင်းပမ်းမှုတွေက တူညီတာတွေရှိနေတယ်ဆိုပြီး တချို့က ထင်နေကြပါတယ်။ အကယ်၍ ခင်ဗျားကလည်း အဲဒီနိုင်ငံ နှစ်နိုင်ငံအကြားမှာ လူနည်းစုတွေကို ဖိနှိပ်တဲ့နေရာမှာ တူညီတာတွေရှိနေတယ်လို့ ထင်ပါသလား။ ထင်တယ်ဆိုရင် ကျွန်တော်တို့ကို နည်းနည်းပြောပြနိုင်ပါသလား။
.
အမေရိကန် သံအမတ် စကော့မာစီရယ်: အင်ဒိုရော မြန်မာကပါ အမေရိကန်နိုင်ငံလိုပဲ အသွင်ကွဲပြားတဲ့ လူမျိုးများစွာရှိနေသလို၊ ဒီမိုကရေစီစတင်ကျင့်သုံးတာကလည်း မကြာသေးဘူး။ လူအားလုံးနဲ့ လက်တွဲညီညီလုပ်ကိုင်နိုင်တဲ့ လူကောင်းတွေရှိသလို ပြဿနာ အနည်းအကျဉ်းကလည်း အမြဲတစေရှိနေတတ်စမြဲပါပဲ။ ပြဿနာဆိုရာမှာ လည်း မြန်မာနဲ့ အင်ဒိုက ခြားနားမှုတွေ ရှိပါတယ်၊ ပြဿနာရဲ့ အသေးစိတ်အချက်အလက်တွေမှာလည်း ကွဲပြားနေပါတယ်။ ဒါပေမယ့် ပြဿနာရှိနေတတ်တာက မထူးဆန်းပါဘူး၊ ဒီပြဿနာကို အချိန်ယူကျော်ဖြတ်ကြရမှာပါပဲ။တူရကီသံအမတ်ကြီး H.E Murat Yavuz Ates
————————————————–
M-Media : တူရကီအစိုးရရဲ့ မြန်မာနိုင်ငံအပေါ် အထောက်အပံ့တွေဟာ မြန်မာလူထုအကြား သိပ်ပြီး မထင်ပေါ်လှဘူး။ ခင်ဗျားတို့ရဲ့ အထောက်အပံ့ နဲ့ပတ်သတ်တဲ့ သတင်းတွေဟာ သတင်းမှားတွေ၊ ဒါမှမဟုတ် အိုအိုင်စီရဲ့ အစ္စလာမ်မိုင်ဇေးရှင်း စီမံကိန်းကလာတဲ့ အကူအညီတွေဆိုတဲ့ပုံစံမျိုး ပုံဖျက်ပြီးမှ ပြည်သူလူထုအကြားကို ရောက်ရှိလာတတ်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ မြန်မာအစိုးရနဲ့ ရှင်းလင်းတဲ့ အဆက်အဆံထားရမယ်၊ ပိုမိုထိရောက်တဲ့နည်းကိုသုံးပြီး ပူပေါင်းဆောင်ရွက်စရာလည်းလိုတယ်၊ အဲဒါတွေလုပ်ဖို့ တူရကီအစိုးရက ဘယ်လိုများ စီစဉ်ထားပါသလဲ။တူရကီသံအမတ် Mr H.E Murat Yavuz Ates: ကျွန်တော်တို့ တူရကီအစိုးရက မြန်မာအစိုးရနဲ့အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို ပြည်နယ် အစိုးရအဖွဲ့တွေနဲ့သော် လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့သော် လည်းကောင်း ပူးပေါင်းပြီးတော့ လူမျိုးဘာသာ ဒါမဟုတ် အခြားသော အကြောင်းပြချက်တစ်စုံတစ်ရာအားဖြင့် ခွဲခြားတာမျိုး မရှိဘဲ ဆက်လက်ထောက်ပံ့နေပါတယ်။ ခင်ဗျားသိတဲ့အတိုင်းပဲ၊ တူရကီနိုင်ငံက ကမ္ဘာပေါ်မှာ လူသားချင်းစာနာထောက်ထားပြီး အကူအညီ အထောက်အပံ့ပေးတဲ့နေရာ မှာ ထိပ်တန်းနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံ့ဝင်ငွေနဲ့ ယှဉ်ပြီး လူသားချင်းစာနာထောက်ထားရေး အတွက် သုံးစွဲကြတဲ့ နိုင်ငံတွေထဲမှာတော့ တူရကီက နံပါတ် ၁ နေရာက ရပ်တည်နေပါတယ်။ ကျွန်တော်တို့က ကမ္ဘာနေရာအနှံ့အပြားမှာ လူသားချင်းစာနာထောက်ပံ့ပေးလုပ်ငန်းတွေကို တက်ကြွစွာ ဆောင်ရွက်နေပါတယ်။ လက်တင်အမေရိက၊ အာဖရိက နဲ့ အရှေ့တောင်အာရှတွေမှာလည်း တက်ကြွစွာဆောင်ရွက်နေပါတယ်။ မြန်မာပြည်သူလူထု တူရကီနဲ့ပတ်သတ်ပြီး ပိုပြီးသိလာအောင် ကျွန်တော်တို့ အခုထက်ပိုပြီး ကြိုးစားလုပ်ဆောင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။