(၆၉)နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကမန်တိုင်ရင်းသား လူငယ်မောင်မယ်များမှ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ ကျင်းပခဲ့ပုံနှင့် ဆုပေးပွဲများ ကျင်းပခဲ့သည့် ပုံရိပ်များဖြစ်ပါသည်။
Author: editor
-
“မတူကွဲပြားမှုရဲ့ အားဖြင့်သာ ဒီမိုကရေစီဖော်ဆောင်နိုင်မယ်” (Quote)
မတူကွဲပြားတဲ့တိုင်းရင်းသားတွေ ရင်ကြားစေ့ရာကတစ်ဆင့် ၁၉၄၈ မှာ တိုင်းပြည်လွတ်လပ်ရေးကို ပြန်ရခဲ့တယ်ဆိုတာ ကျမတို့ မမေ့ကြသေးဘူး ထင်ပါတယ် …… ကျမကတော့ လုံးဝ မမေ့ပါဘူး ။
မတူကွဲပြားတဲ့ ဘာသာရေးအုပ်စုတွေ ၊ မတူညီတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပါဝင်ပြီးမှ လွတ်လပ်ရေး ရလာတာပါ ။ အမျိုးသားစည်းလုံး ညီညွတ်ရေးကနေ တဆင့်လွတ်လပ်ရေးကို ရလာတာပါ ။ အခုလည်း အမျိုးသားစည်းလုံး ညီညွတ်ရေးကနေ တဆင့်ဘဲ တိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်
၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် သြစတြေးလျခရီးစဉ်မှ ကောက်နှုတ်ချက် -
လူမျိုး၊ဘာသာ ခွဲခြားဆက်ဆံမှု အပါအဝင် လဝကဝန်ထမ်းများ ပြုပြင်ရမည့် အချက် ၃၀ ညွှန်ကြား
လ၀က ၀န်ထမ်းများအနေဖြင့် ပြည်သူများထံမှ ငွေကြေး တောင်းခံခြင်း ကိစ္စအပါအ၀င် စည်းကမ်းလိုက်နာမှု အားနည်းသည့် အချက်များ ပြုပြင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက အချက် ၃၀ ပါသည့် ညွန်ကြားချက်အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
၁။ တိုက်နယ်မှူးများမှ ကာယကံရှင်အား မြို့နယ်မှူးများနှင့်တွေ့ခွင့်မပေးခြင်း။
၂။ မြို့နယ်မှူးများမှလည်း အတွေ့မခံခြင်း။
၃။ ကာယကံရှင်အား အမှုအကြောင်းအရာနှင့် လိုအပ်ချက်များကို ရှင်းလင်းပြသမှုမရှိခြင်း။
၎။ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံမှု မရှိခြင်း၊
၅။ လာရောက် လျှောက်ထားသူများအပေါ် လူမျိုး၊ ကိုးကွယ်သည့် ဘာသာပေါ်မူတည်၍ ခွဲခြားဆက်ဆံနေခြင်း။
၆။ ကာယကံရှင်များထံမှ တန်ဖိုး လက်ဆောင်ရယူလိုစိတ်ရှိနေခြင်း။
၇။ ကာယကံရှင်မှ စတင်လျှောက်ထားသည့်နေ့အား အမှုတွဲစတင်စာရင်းသွင်းသည့်နေ့ သတ်မှတ် ရမည်ဖြစ်သော်လည်း မသတ်မှတ်ဘဲထားရှိခြင်း။
၈။ အချို့တိုက်နယ်မှူးများမှ အမှုတွဲများအား ရုံးတွင်စာရင်းမသွင်း မှတ်ပုံမတင်ဘဲ ၎င်း၏နေအိမ်ထားခြင်း နေအိမ်တွင် အမှုတွဲတည်ဆောက်နေခြင်း။
၉။ အချို့တိုက်နယ်မှူးများသည် မပြည့်စုံသောအမှုတွဲအား လက်ခံမထားဘဲ လာရောက်လျှောက်ထားသည့် ကာယကံရှင်ထံပြန်ပေးထားခြင်း။
၁၀။ အမှုတွဲအတွက် လိုအပ်သည် အထောက်အထားများကို မိမိရုံးဌာနအချင်းချင်း တောင်းယူမည်ဖြစ်သော်လည်း ကာယကံရှင်အား စေလွှတ်ယူခိုင်းခြင်းဖြင့် အမှုတွဲများ ကြန့်ကြာနေခြင်း။
၁၁။ တောင်းခံချက်အရ လိုအပ်သည့်အထောက်အထား ထုတ်ပေးရမည့်မြို့နယ်ရုံးသည် ရုံးအချင်းချင်း ရုံးစာဖြင့်ပေးပို့ရမည် ဖြစ်သော်လည်း ကာယကံရှင်ဖြင့် လက်ဝယ်ပေးပို့ခိုင်းရသဖြင့် ကာယကံရှင်မှ ၎င်းစာရွက်စာတမ်းများအား မိတ္ထူကူးယူထားခြင်း မိမိဌာန၏ စာရွက်စာတမ်း၊ လုံခြုံရေး ကျိုးပေါက်နေခြင်း။
၁၂။ လာရောက်လျှောက်ထားသည့် ကာယကံရှင်များနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ နေရပ်လိပ်စာများ အတိအကျယူမထားခြင်း။
၁၃။ အမှုတွဲများနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများတွင် မိမိဝန်ထမ်းများ လက်မှတ်ရေးထိုးရာတွင် ရက်စွဲတပ်မထားခြင်း။
၁၄။ အချို့ဝန်ထမ်းများသည် ငွေမရပါက အမှုတွဲများအား သိမ်းထားခြင်း၊ မကြာ ကြာအောင်ပြု လုပ်ခြင်း။
၁၅။ အချို့ ခရိုင်/မြို့နယ်ရုံးများတွင် အမှုကိစ္စ လာသည့်ကာယကံရှင်များအား ရုံးအတွက်ရန်ပုံငွေ ထည့်သွားရန် မသင့်မလျော် ပြောကြားခြင်း၊ ကာယကံရှင်မှ ရန်ပုံငွေ ၁၀၀၀ိ/ ကျပ်ထည့်ပါက နည်းသည် ထပ်ထည့်ပါဦးဟု ပြောဆိုသည့်ဝန်ထမ်းများ ရှိကြောင်း ကြားသိနေရခြင်း။
၁၆။ မြို့နယ်ဦးစီးမှူးများမှ ၎င်းနှင့် အဆင်ပြေသည့် ဝန်ထမ်းများကို ကောင်းသည့်တိုက်နယ်များ/ ရပ်ကွက်များ ပေးထားခြင်း။
၁၇။ ငွေရလွယ်သည့် အမှုတွဲများကို မြို့နယ်ဦးစီးမှူးများမှ ၎င်းနှင့်အဆင်ပြေသည့် ဝန်ထမ်းများကို သာ တာဝန်ပေးဆောင်ရွက်ခိုင်းထားခြင်း၊ ဝင်လာသည့်အမှုတွဲများမှာ ရုံးလုပ်ငန်းစနစ်အရ မှတ်ပုံတင်ခြင်းမပြုလုပ်ဘဲ ၎င်းဝန်ထမ်းများမှ ကိုယ်တိုင်ဆောင်ရွက်၍ ကိုယ်တိုင် မြို့နယ်မှူးများထံ တိုက်ရိုက်တင်ပြနေခြင်းဖြင့် ရုံးလုပ်ငန်းသမားစဉ်များ ပျက်ပြားနေခြင်း။
၁၈။ အချို့ရုံးများတွင် တင်ပြလာသည့်အမှုတွဲများတွင် ပိုက်ဆံထည့်ထားသောစာအိတ်ကြား ညှပ် ပါရှိမှ ၎င်းအမှုတွဲအား လက်ခံဆောင်ရွက်ခြင်း။
၁၉။ အမှုတွဲ မှတ်ပုံတင်စာရင်းစာအုပ် မထားရှိခြင်း။
၂၀။ နေ့အလိုက်လက်ခံရရှိသည့်အမှုတွဲများအား နံပါတ်အစီအစဉ်အလိုက် စိစစ်ဆောင်ရွက်မည့်အစား အလှည့်ကျစနစ်ကို မကျင့်သုံးဘဲ မိမိအတွက် အကျိုးအမြတ်ရှိမည့် အမှုတွဲများကို ရွေးထုတ်ပြီး ဆောင်ရွက်ပေးခြင်း။
၂၁။ မြို့နယ်ရုံးမှ စိစစ်ပြီးသော အမှုတွဲများကို ခရိုင်/တိုင်းဒေသကြီး/ပြည်နယ်ရုံးများသို့ ပေးပို့ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးနှင့် ခရိုင်ရုံးတို့မှ “ပို့ပါ” ဆိုသည့်အချိန်မှ မြို့နယ်ရုံးမှပို့ရသဖြင့် မြို့နယ်ရုံးတွင် အမှုများ စုပုံနေခြင်း။
၂၂။ တိုင်းဒေသကြီး/ ပြည်နယ်ရုံးမှ စစ်ဆေးပြီး မပြည့်စုံသော အမှုတွဲများကို ခရိုင်ရုံးသို့ ပြန်ပို့ရာတွင်လည်းကောင်း၊ ခရိုင်မှစစ်ဆေးပြီး မပြည့်စုံသောအမှုတွဲများကို မြို့နယ်ရုံးသို့ ပြန်ပို့ရာတွင်လည်းကောင်း၊ အမှုတစ်ခုချင်းအလိုက် လိုအပ်ချက်ကို တရားဝင်ရုံးစာဖြင့် ချပြညွှန်ကြားခြင်း မရှိဘဲ အမှုအားလုံးအတွက် ယေဘုယျ လိုအပ်ချက်ကို ဖုန်းဖြင့် ပြောပြီး ပြန်ပို့နေသဖြင့် မြို့နယ်ရုံးများမှ မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိဖြစ်နေခြင်း။
၂၃။ အချို့သောဝန်ထမ်းများသည် ပုံစံ(၁၀) အဝင်မရှိဘဲ မိမိမြို့နယ်တွင် ပုံစံ(၁၀) အဝင်ပြပြီး အိမ်ထောင်စုစာရင်း ထုတ်ပေးနေခြင်း။
၂၄။ ကိုင်ဆောင့်သင့်သည့် ကတ်အမျိုးမျိုး ပျောက်ဆုံး/ ပျက်စီးခြင်းအတွက် မိတ္ထူလာလျှောက်ရာ တွင် ငွေကြေးလက်ဆောင်ပေးသော သူအား နေ့တွင်းချင်းထုတ်ပေးခြင်း၊ မပေးနိုင်သောသူ အား ဆိုင်းငံ့ထားခြင်း။
၂၅။ မြို့နယ်မှူးများသည် မိမိလက်အောက်ရှိ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုကို စနစ် တကျ မကြီးကြပ်နိုင်သဖြင့် ဝန်ထမ်းများမှ ထင်သလိုမြင်သလို ဆောင်ရွက်နေခြင်း။
၂၆။ ဝန်ထမ်းများ နေ့စဉ်ရုံးတက်ချိန်နောက်ကျပြီး ရုံးဆင်းချိန်စောနေသည်ကို မြို့နယ်မှူးများက သိလျှက်နှင့် ခွင့်ပြုနေခြင်း။
၂၇။ အချို့သော မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် နားလည်မှုဖြင့် ခွင့်ရက်ရှည် ပေးထားခြင်း၊ အကြီးဆုံးတာဝန်ရှိသူအရာရှိမှ ၎င်းကိစ္စမသိရှိခြင်း။
၂၈။ အချို့သော ရုံးများတွင် ရုံးအတွက် ရန်ပုံငွေထည့်ပေးသော ဝန်ထမ်းများကို ရုံးဖွင့်ရက်ဖြစ်စေ ကာမူ နားလည်မှုဖြင့် ခွင့်ပေးထားခြင်း။
၂၉။ အချို့သောရုံးများတွင် တစ်ရုံးထဲတွင် ခင်ပွန်းနှင့်ဇနီး အတူတူတာဝန်ထမ်းဆောင်နေပြီး မြို့ နယ်မှူးဖြစ်သူ (ခင်ပွန်း)မှ ဇနီးဖြစ်သူ (လက်အောက်ဝန်ထမ်း)အား နားလည်မှုဖြင့် ရုံးနောက် ကျမှုကို ခွင့်လွှတ်မှုပေးထားခြင်း။ ရုံးတွင်ပြုလုပ်သည့် အစည်းအဝေးများတွင် ၎င်း၏ဇနီးအား မခေါ်ဘဲ ပြင်ပ လုပ်ငန်းတွင် တာဝန်ပေးထားခြင်း၊ တခါတရံ တစ်နေကုန်ရုံးမတက်ဘဲ နေ သည်ကို မြို့နယ်မှူးမှ လက်ခံနေခြင်း။
၃၀။ မြို့နယ်မှူးများသည် ဝန်ထမ်းများ၏ သာရေး၊ နာရေး၊ လူမှုရေးကိစ္စနှင့် သက်သာချောင်ချိရေး အတွက် စည်းကမ်းဘောင် အတွင်းမှ ဆောင်ရွက်ပေးခြင်းမရှိဘဲ ကြုံသလိုဆောင်ရွက်ပေးနေ ခြင်း တစ်ရုံးထဲရှိ ဝန်ထမ်းအချင်းချင်းအပေါ်တွင် မျှမျှတတ ဆောင်ရွက်ပေးမှုမရှိခြင်း။
-
ဘာသာရေးပွဲများအပေါ် နှောင့်ယှက်မှုများ ဥပဒေအရ ဖြေရှင်းသွားမည်ဟု ရန်ကုန်တိုင်းအစိုးရ ပြော
photo- copy from FB ဇန်နဝါရီ ၉ ၊ ၂၀၁၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရအဖွဲ့က ဥပဒေနှင့်အညီ ခွင့်ပြုခဲ့သည့် ဘာသာရေးဆိုင်ရာ ပွဲများအား နှောင့်ယှက် ဟန့်တားမှုများ အပေါ် ဥပဒေအရ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
ရန်ကုန်မြို့ရှိ YMCA ခန်းမတွင် ဇန်နဝါရီ ၈ ရက်နေ့က အစ္စလာမ် ဘာသာဝင်များ၏ တမန်တော် မိုဟာမက် မွေးနေ့ တမန်တော်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်ထားခြင်းကို အမျိုးသားရေး ညွန့်ပေါင်း အဖွဲ့ (ရန်ကုန်)က ကန့်ကွက်မှု ပြုလုပ်ခဲ့ရာ ပွဲကို မိနစ် ၃၀ ခန့်သာ အကျဉ်းရုံးကျင်းပမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တမန်တော်ပွဲသည် ခရစ်သက္ကရာဇ် AD ၅၇၁ ခုနှစ် ဧပြီ ၂၂ ရက်နေ့တွင် ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့တွင် ဖွားမြင် ခဲ့သည့် တမန်တော် မိုဟာမက် မွေးနေ့ကို အစွဲပြု၍ ကျင်းပသည့် အခမ်းအနားဖြစ်သည်ဟု ဆိုသည်။
ဝန်ကြီး ဦးနိုင်ငံလင်းက “ဥပဒေနဲ့အညီ ခွင့်ပြုပေးခဲ့တာပါ၊ ဒါကို နှောင့်ယှက်တဲ့ကိစ္စတွေ ရှိလာတာတော့ ကျနော်တို့ အနေနဲ့ အကောင်းဆုံး ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ တဖက်ကကြည့်ရင် သူတို့ရဲ့အခွင့်အရေးဖြစ်သလို ငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံ လုပ်တဲ့ဟာတွေကို အနှောင့်အယှက် မပေးသင့်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ နှင့် မျိုးချစ်လူငယ် စသည့် အမျိုးသားရေးအဖွဲ့ ၂၀ ခန့်ပါဝင်သော အမျိုးသားရေး ညွန်ပေါင်း အဖွဲ့ အနေဖြင့် ဇန်နဝါရီ ၆ ရက်နေ့ကလည်း သာကေတမြို့နယ်တွင် ပြုလုပ်မည့် တမန်တော်နေ့ပွဲကို ကန့်ကွက်ခဲ့သည့် အတွက် ပွဲစီစဉ်ထားမှုအား ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
ဟာဂျီ ဦးအေးလွင်က “ပစ်မှတ်က ကျနော်တို့မဟုတ်ဘူးလို့ဘဲ ခံယူတယ်၊ အဲ့ဒီတော့ အေးအေးချမ်းချမ်း ပြီးသွား အောင်ပဲ ဆုံးဖြတ်လိုက်ကြတယ်၊ ဘာသာ၊ သာသနာကို အသုံးချတဲ့ ပုံစံမျိုးမဖြစ်အောင်၊ ကြားမညပ်အောင်ဘဲ လုပ်ခဲ့ပါတယ်”ဟု ပြောဆိုသည်။
တမန်တော် အခမ်းအနားကို လွတ်လပ်ရေးရပြီးခေတ်တွင် ယခု ရန်ကုန်မြို့ အောင်ဆန်းကွင်းအနီးရှိ ဗလီကျောင်းများ မှ ထွက်၍ ရပ်ကွက်အတွင်း မေတ္တာပို့မှုများ ပြုလုပ်ခဲ့ပြီး သမ္မတ ပေးပို့သည့် သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက် ဟောပြောခြင်းများ ရှိခဲ့ကြောင်းလည်း ဟာဂျီဦးအေးလွင်က ပြောသည်။
တမန်တော်ပွဲများ လှည့်လည် ကျင်းပလာခြင်းများကို ကန့်ကွက်ရာတွင် အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့ အနေဖြင့် အရှေ့ပိုင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကန့်ကွက်ကြောင်း တရားဝင်စာ ပေးပို့ထားပြီး ယင်းသို့ကန့်ကွက်ရာတွင် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းမရှိခဲ့ဘဲ ဥပဒေဘောင်ထဲကသာ ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ က ပြောဆိုသည်။
အမျိုးသားရေးညွန့်ပေါင်း အဖွဲ့မှ အရှင် သုစိတ္တက “တမန်တော်နေ့ဆိုပြီး နိုင်ငံရေး အမြတ်ထုတ်နေတာ၊ ဓမ္မသဘင် ဆိုပြီး ဟောပြောနေတာတွေကို ကန့်ကွက်တာပါ၊ အစဉ်အလာမရှိခဲ့တဲ့ ပွဲတွေကို ရှိခဲ့သယောင်ယောင် လုပ်လာတာက သွေးတိုး စမ်းလာတာလို့မြင်တယ်”ဟု ဧရာဝတီသို့ မိန့်ကြားသည်။
ယခုကဲ့သို့ ကန့်ကွက်လှုပ်ရှားမှုများတွင် မျိုးချစ် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များစွာ ပါဝင်သော်လည်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) နှင့် ပတ်သက်ခြင်း မရှိကြောင်းလည်း အရှင် သုစိတ္တက မိန့်ကြားသည်။
ဧရာဝတီမှ ကူးယူဖော်ပြပါသည်။