News @ M-Media

Author: editor

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး လှုပ်ရှားသူ မွတ်စလင်မ် နှစ်ဦး၏ အယူခံ ပယ်ချခံရ

    ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး လှုပ်ရှားသူ မွတ်စလင်မ် နှစ်ဦး၏ အယူခံ ပယ်ချခံရ

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    zaw

    တရားမ၀င်အသင်းအဖွဲ့များနဲ့ဆက်သွယ်မှု ပုဒ်မတွေနဲ ထောင်ချခံထားရတဲ့ ဘာဘာပေါင်းစုံ ချစ်ကြည်ရေး တက်ကြွလှုပ်ရှားသူနှစ်ဦးရဲ့ မန္တလေးတိုင်းတရားရုံးမှာ အယူခံတင်သွင်းမှု ပယ်ချခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောလိုက်ပါတယ်။

    မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ်တို့ဖြစ်ကြပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက လ၀ကပုဒ်မ၊ ဧပြီလမှာ တရားမ၀င်အသင်းအဖွဲ့များနဲ့ဆက်သွယ်မှု ပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ်လေးနှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

    “တိုင်းတရားရုံးကိုတင်ထားတဲ့အယူခံ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပယ်ချခံလိုက်ရတယ်လို့ ကျွန်မတို့ရှေ့နေက ပြောပါတယ်။ နေပြည်တော်က တရားရုံးချုပ်ကို နောက်ထပ်အယူခံ ထပ်တင်သွားဖို့ ကျွန်မတို့ စီစဉ်နေပါတယ်” လို့ မပွင့်ဖြူလတ်ရဲ့ မိခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်က ကချင်ပြည်နယ် စစ်ပွဲဖြစ်ပွားရာဒေသက ဒုက္ခသည်စခန်းကို သွားရောက် လှူဒါန်းတဲ့ဓာတ်ပုံတွေ၊ ၂၀၁၄ ခုနှစ်က နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်တဲ့ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပြီးနောက်ပိုင်းမှာ မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ်တို့ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

    အဲဒီခရီးစဉ်တွေဟာ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံအဖွဲ့တွေနဲ့အတူ သက်ဆိုင်ရာတာဝန်ရှိသူတွေထံမှာ အဆင့်ဆင့်ခွင့်တောင်းပြီး သွားခဲ့ကြတာဖြစ်ပေမယ့် ၎င်းတို့ ၂ ဦးနဲ့ အခြား ၁ ဦး စုစုပေါင်း ၃ ဦးသာ ဖမ်းဆီးခံခဲ့ရတာပါ။

    ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပြီး အမျိုးသားရေးအစွန်းရောက်အုပ်စုက ဆိုရှယ်မီဒီယာမှာ ၎င်းတို့ကို ဘာသာရေးအရ စော်ကားတိုက်ခိုက်မှု ပြုလုပ်ပြီးနောက်ပိုင်း ဦးသိန်းစိန်အစိုးရက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    တရားလိုအဖြစ်ဆောင်ရွက်တဲ့ မြို့နယ်လ၀ကဦးစီးမှူးက တရားစွဲဆိုတဲ့အကြောင်းအရာတွေကို မိမိအနေဖြင့် သိရှိခြင်းမရှိဘဲ အထက်အမိန့်အရသာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

    ၎င်းတို့နှစ်ဦစလုံးဟာ ယခုအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် အလုပ်လုပ်ပေးခဲ့ကြသူတွေဖြစ်ပြီး ကိုဇော်ဇော်လတ်ဟာ ပါတီရဲ့ လူငယ်ဌာန ပြန်ကြားရေးတာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့သူပါ။

    Ref: Irrawaddy

  • သာကေတတွင် အစွန်ရောက်များ၏ လှုံ့ဆော်မှုကြောင့် တမန်တော်နေ့ နှင့် ငြိမ်းချမ်းရေး တရားပွဲ ပျက်ခဲ့ရ

    သာကေတတွင် အစွန်ရောက်များ၏ လှုံ့ဆော်မှုကြောင့် တမန်တော်နေ့ နှင့် ငြိမ်းချမ်းရေး တရားပွဲ ပျက်ခဲ့ရ

    ဇန်နဝါရီ ၇၊ ၂၀၁၇
    M-Media
    ဖြူလေး

    heain-wai-yan
    အကြမ်းဖက်မှုများ ပြုလုပ်ရန် ဆိုရှယ်မီဒီယာမှ လှုံ့ဆော်မှုများ

     

    ရန်ကုန်။    ။  ဇန်နဝါရီလ (၆) ရက်နေ့မှာ သာကေတမြို့နယ်မှာ ကျင်းပပြုလုပ်မည့် တမန်တော်နေ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းအထိမ်းအမှတ် ဟောပြောပွဲ ကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများထံမှ ကျင်းပရန် ခွင့်ပြုမိန့်
    ရထားသော်လည်း အမျိုးသားရေး အစွန်းရောက်သူများ၏ ဆိုရှယ်မီဒီယာမှ တဆင့် အကြမ်းဖက်ရန် လှုံ့ဆော်ခြင်း၊ ပြင်ပတွင် လူစုလူဝေးဖြင့် တားဆီးမှုများကြောင့်  ဟောပြောပွဲကျင်းပခြင်းကို ရပ်ဆိုင်းခဲ့ရပါတယ်။

    “နေ့လည် တစ်နာရီလောက်ကတည်းက အနော်မာထိပ်မှာ အမျိုးသားရေးအစွန်းရောက်တွေက လူအင်အား တစ်ထောင်လောက်ရှိတယ် တူညီဝတ်စုံတွေဝတ်ပြီး စုရုံးနေကြတယ်။ ခန်းမကလည်း ကျွန်တော်တို့ကို တံခါးဖွင့်မပေးတော့ဘူး။ အဲ့ဒီ ထောင်ကျော်တဲ့ အစွန်းရောက်တွေကို ဦးစီးနေတဲ့လူကတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဒေါ်ပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီကနေ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်က ဦးဆောင်နေတာကို တွေ့ရတယ်” လို့ အခမ်းအနားကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

    အဆိုပါ အမျိုးသာရေးအစွန်းရောက်များက တုင်းဒေသကြီး အစိုးရက တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်သည့် အဆိုပါ ပွဲပျက်အောင် ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးဖြင့် အစ္စလာမ်ဘာသာကို တိုက်ခိုက်စော်ကားသည့် စကားလုံးများ၊
    စော်ကားသည့် စကားလုံးများဖြင့် အခမ်းအနား ကျင်းပမည့် ခန်းမအနီးတွင် ဟောပြောစည်းရုံးခဲ့ကြပါတယ်။

    15871903_1111726875616442_2154957701782860722_n
    ဟောပြောမည့် ဘာသာပေါင်းစုံမှ ဆရာတော်များ နှင့် အခမ်းအနားအစီအစဉ်

    “ကျွန်တော်တို့ ဘာသာကို မင်းမဲ့စရိုက်ဆန်စွာ ဟောပြောနေတာကိုကြတော့ တာဝန်ရှိ ရဲတွေက လက်ပိုက်ကြည့်နေတယ် အုပ်ချုပ်ရေးမှူးရုံးကလည်း အခမ်းအနား မကျင်းပရတာနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ကို ဘာမှ ပြောခြင်းဆိုခြင်း
    မရှိဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အပ်နှင်းထားတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာပါပဲ။ ဘာသာတစ်ခုကို ပရမ်းပတာနဲ့ စော်ကားတာကိုပါ လက်ပိုက်ကြည့်နေရတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ရင်ဆိုင်နေရတယ်”
    လို့ အခမ်းအနားကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက M-Media ကို ပြောဆိုခဲ့ပါတယ်။

    အခမ်းအနားမပြုလုပ်ခင် ယခင်ရက်များကတည်းကို အမျိုးသားရေး အစွန်းရောက်ဝါဒီများက လူမှုကွန်ယက်စာမျက်နှာများပေါ်မှာ လူမျိုးရေး ဘာသာရေးအသွင်ဆောင်သည့် အရေးအသားများဖြင့် အစ္စလာမ်ဘာသာကို တိုက်ခိုက်သည့် စကားများလုံးများစွာကို ရေးသားပြီး  လှုံဆော်ဖြန့်ဝေမှုတွေ ပြုလုပ်ခဲ့တာကိုတွေ့ရှိရပါတယ်။

    မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပလေ့ရှိခဲ့ပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ၊ ဝန်ကြီးချူပ်များ ကိုယ်တိုင် တက်ရောက်ခြင်း၊ သဝဏ်လွှာများပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

    15822641_1111726908949772_3707972486687185739_n
    တိုင်းဒေသကြီးအစိုးရ၏ တရားဝင်ခွင့်ပြုမိန့်
    15823678_1111726925616437_1420645691034001168_n
    တိုင်းဒေသကြီးအစိုးရ၏ တရားဝင်ခွင့်ပြုမိန့်
    collage
    လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက် နိုင်ငံတော်သမ္မတ၊ ဝန်ကြိးချူပ်များ ၏ တမန်တော်နေ့ သဝဏ်လွှာနှင့် အခမ်းအနားတက်ရောက်မှု မှတ်တမ်းအချို့

     

  • ကာချုပ်နဲ့ ကန်သံအမတ်ကြီးတို့ တွေ့ဆုံ

    ကာချုပ်နဲ့ ကန်သံအမတ်ကြီးတို့ တွေ့ဆုံ

    ဇန်နဝါရီ ၆ ၊ ၂၀၁၆

    98221399-5e57-42a0-91e0-88c8f17de68d_cx0_cy12_cw0_w987_r1_s_r1
    မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Scot Marciel နဲ့ ကာချုပ်တို့ တွေ့ဆုံ (Senior General Min Aung Hlaing)

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြာသပတေးနေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Scot Marciel နဲ့ တွေ့ဆုံခဲ့ပါတယ်။

    အခုလို တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ ရှမ်းပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ လူမှုကွန်ယက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

    ဒီတွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသလို အမေရိကန် သံအမတ်ကြီးနဲ့ အတူ အမေရိကန် စစ်သံမှူး Col. James McAden နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။

    ရခိုင်ပြည်နယ်ထဲမှာ မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းမှုကြောင့် လူနည်းစု မူဆလင် ထောင်နဲ့ချီ အိုးအိမ်စွန့်ခွါ ထွက်ပြေးရတယ်လို့ မြန်မာ့ဒီမိုကရေစီရေး လမ်းကြောင်းမှာ အဓိက ထောက်ခံအားပေတဲ့ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ လထဲမှာပဲ ပြောကြားခဲ့တာပါ။ စစ်တပ်က အင်အားနဲ့ ကိုင်တွယ်တာဟာ မြန်မာနိုင်ငံတွင်း ဂျီဟတ် အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့လည်း အရှေ့အာရှဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန် Daniel Russel က ဝေဖန်ထောက်ပြ ခဲ့ပါတယ်။ ဒါ့အပြင် အရေအတွက် အတိအကျမသိရပေမယ့် သေဆုံးမှုတွေ ရှိနေတာမို့ စိုးရိမ်စိတ်ပူကြောင်း ပြောဆိုခဲ့ပါတယ်။

    ရှမ်းပြည်မြောက်ပိုင်းမှာရော ကချင်ပြည်နယ်မှာပါ တပ်မတော်ဘက်က ပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နေပြီး ဒီတိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ တိုးလာနေတာနဲ့ ပတ်သက်ပြီးလည်း ပြည်တွင်း ပြည်ပ လူ့အခွင့်ရေး အဖွဲ့တွေက ဝေဖန်ပြစ်တင်နေကြတာ ဖြစ်ပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။

  • လူမျိုးဘာသာမခွဲ မေတ္တာထားဖို့ အရေးကြီးကြောင်း ယောဆရာတော်မိန့်ကြား

    လူမျိုးဘာသာမခွဲ မေတ္တာထားဖို့ အရေးကြီးကြောင်း ယောဆရာတော်မိန့်ကြား

    yan

    ရန်ကုန်၊ ဇန်န၀ါရီ ၄ ။          ။ လူမျိုးဘာသာမခွဲ လူတိုင်းအပေါ်မေတ္တာထားဖို့ အရေးကြီးကြောင်း ယောဆရာတော် အရှင် သိရိန္ဒာဘိဝံသက  ယမန်နေ့က ပြည်သူ့ရင်ပြင်မှာပြုလုပ်တဲ့ နှစ်သစ်ကူးဓမ္မသဘင် ဒုတိယညမှာ တိုက်တွန်းဟောကြားခဲ့သည်။

    “ မေတ္တာကို လက်မခံသော လူမျိုး၊ဘာသာ မရှိကြောင်း၊ လူမျိုးဘာသာအားလုံးပေါင်းဆုံရာ အလှတရားဟာ မေတ္တာတရားဖြစ်ကြောင်း၊ အများပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်   နေထိုင်ရာတွင်လည်း မေတ္တာတရားလိုအပ်ကြောင်း ဆရာတော်က မိန့်သည်။

    ညစဉ် ၇နာရီတွင် စတင်ကျင်းပသွားမည့် အဆိုပါ ဓမ္မသဘင်၏ တတိယနေ့တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ၊ စတုတ္ထနေ့တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနှင့် နောက်ဆုံးနေ့တွင် ရဝေနွယ်အင်းမ ဆရာတော် အရှင်ရာဇိန္ဒ တို့က တရားတော်များ အသီးသီးဟောကြားသွားမှာ ဖြစ်ပြီး ပထမနေ့တွင် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရက တရားဟောကြားခဲ့ပြီးဖြစ်သည်။

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးဓမ္မသဘင်ကို ရွှေတိဂုံစေတီတော်၏ အနောက်ဘက်မုခ် ပြည်သူ့ရင်ပြင်၌ ဇန်န၀ါရီလ ၂ရက်နေ့ မှ ၆ရက်နေ့ထိ ငါးညတိုင်တိုင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

    မဇ္ဈိမ မှ ကူးယူဖော်ပြပါသည်။

  • ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြု (စုစည်းဖော်ပြမှု)

    ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြု (စုစည်းဖော်ပြမှု)

    ဇန်နဝါရီ ၃ ၊ ၂၀၁၇
    M-Media
    10264906_999423006766836_7111291586862094047_n.

    ပထမဆုံးသော လွတ်လပ်ရေးနေ့ မိန့်ကြားချက်(ဝန်ကြီးချုပ် သခင်နု)
    ===========================
    ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ နိုင်ငံရေး တသင်း တဖွဲ့ တည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး-သမဂ္ဂ အစရှိတဲ့ နိုင်ငံရေး အဖွဲ့အသီးသီးဟာ၊ ကိုယ့်ဆိုင်ရာ နယ်နိမိတ် အတွင်းမှနေပြီး၊ နယ်ချဲ့စနစ်ကြီးကို၊ ဝိုင်းအုံ တိုက်ခိုက်ကြတဲ့အတွက် ရရှိလာတဲ့ လွတ်လပ်ရေးကြီးဖြစ် တာကြောင့် ယခုလွတ်လပ်ရေးဟာ- ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊ အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမား အစည်းအရုံး-သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့ လွတ်လပ်ရေးပင်ဖြစ်တယ်။
    .
    အပြည်အစုံဖတ်ရန် => http://www.m-mediagroup.com/news/22435
    .
    “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”
    ============================
    ကျွန်တော်က မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခွင့်မရခဲ့ပေမယ့် သမိုင်းမှာရစ်သီရစ်သီတော့ပါခဲ့တာချည်းပဲ။ လွတ်လပ်ရေးရတဲ့အချိန်မှာတော့ အနီးကပ်ပါခွင့်ရခဲ့တယ်။ ဘယ်လောက်နီးနီး ကပ်ကပ်ပါခဲ့လို့လဲ။ ကိုက်ငါးဆယ်လောက် နီးကပ်တဲ့နေရာကပါခဲ့တယ်။
    .
    အပြည်အစုံဖတ်ရန် => http://www.m-mediagroup.com/news/22457

    လွတ်လပ်ရေး (၁၉၅၇ ခုနှစ် ၉ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ကမ္ဘာအလင်းရဲ့ အာဘော် )
    =============================
    ကျွန်ုပ်တို့သည် လွတ်လပ်သော ပြည်ထောင်စုသားများဖြစ်ကြသည့် လွတ်လပ်သူများပီပီ ကျွန်ုပ်တို့သည် မည်သည့်ကိစ္စကိုမဆို စည်းမရှိ ကမ်းမရှိ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ရှိသည်ဟု လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို တွေးဆ ကောက်ယူကြမည်ဆိုပါက ဤယူဆချက်မှာ လုံးဝမှားပေလိမ့်မည်။ ဤကဲ့သို့ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ပြုမူချက်မျိုးကို အစ္စလာမ်ကလည်း လုံးဝခွင့်မပြုချေ။ လွတ်လပ်ရေးဟူသည် အလွန်ကျယ်ပြန့်၍ လွတ်လပ်သော တိုင်းသူပြည်သားတို့တွင် ရှိအပ်သော အရည်အချင်းများကား ထူးကဲမြင့်မြတ်ရပေမည်။ လွတ်လပ်ရေးတွင် အခွင့်အရေးများရှိသကဲ့သို့ တာဝန်ဝတ္တရားများလည်း ရှိနေသည်ကို ကျွန်ုပ်တို့ သတိပြုရပေမည်။
    .
    အပြည်အစုံဖတ်ရန် => http://www.m-mediagroup.com/news/9603
    .
    လွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာ မွတ်စလင်မ်တို့၏ လွတ်လပ်ရေးနေ့ အပေါ်အမြင်
    ===========================
    သို့သော် … သို့သော် “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ အခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ”
    .
    ယင်းသည့် အပိုဒ်များကိုလည်း ကျွန်ုပ်ဗမာမွတ်စလင်သည် လှိုက်လှိုက်လှဲလှဲ သီဆိုခဲ့ပြီ သီဆိုနေပေလိမ့်ဦးမည်။ သို့ သီဆိုခဲ့သလိုပင် ယင်းသည့် အခွင့်အရေးများကိုလည်း လှိုက်လှိုက်လှဲလှဲ ခံစားရပေမည်။
    .
    အပြည်အစုံဖတ်ရန် => http://www.m-mediagroup.com/news/9617

    (M-Media ၌ ယခင် ဖော်ပြပြီးဖြစ်သော ဆောင်းပါးဟောင်းများ စုစည်းမှုဖြစ်ပါသည်။