News @ M-Media

Author: editor

  • ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေး အလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပ

    ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေး အလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပ

    15781085_946721128795437_1011520894848458026_n

    ဒီဇင်ဘာ ၂၇

    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေးအလှူကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၅၄ ရှိ သမီးဖြစ်သူ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ပြုလုပ်ခဲ့သည်။

    နှစ်ပတ်လည်ဆွမ်းကျွေးအလှူတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကမိခင်ကြီး ဒေါ်ခင်ကြည်အား ရည်စူး၍ သံဃာတော် ၁၅ ပါးအားပင့်ဖိတ်ကာဆွမ်းနှင့်သင်္ကန်းများ ဆပ်ကပ်လှူဒါန်းပြီးအနုမောဒနာ တရားနာယူသည်။

    မွန်းလွဲပိုင်းတွင်ဘာသာပေါင်းစုံမှဘာသာရေးခေါင်းဆောင်များကနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီးဒေါ်ခင်ကြည် အတွက် ဘာသာအလိုက် အောက်မေ့ဖွယ်ရာဆုတောင်း မေတ္တာများပို့သကြသည်။

    15698300_946721872128696_8591126571761024650_n

    ဘာသာပေါင်းစုံဆုတောင်းခြင်းအခမ်းအနားတွင် ဟိန္ဒူဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာ၊ ဘဟာအီဘာသာတို့မှဘာသာရေးခေါင်းဆောင်များက မေတ္တာစကားပြောကြားခြင်းနှင့် ဆုတောင်း မေတ္တာပို့သခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

    သတင်း/ဓါတ်ပုံ- Myanmar State Counsellor Office

    15747604_946722048795345_1952385338303397026_n

  • NVC ကတ် အကြောင်းနှင့် နိုင်ငံအနှံ့ ထုတ်ပေးထားမှုအခြေအနေ

    NVC ကတ် အကြောင်းနှင့် နိုင်ငံအနှံ့ ထုတ်ပေးထားမှုအခြေအနေ

    ဒီဇင်ဘာ ၂၇၊၂၀၁၆
    M-Media
    သတင်း-သီဟ

    8

    NVC လို့ လူသိများတဲ့ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား နိုင်ငံအနှံ့ထုတ်ပေးထားမှုအခြေအနေနှင့် ယင်းကဒ်အကြောင်းကို နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေး ကော်မတီမှ ယမန်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

    နိုင်ငံတ၀န်းမှာ မြန်မာနိုင်ငံသားအဖြစ် စိစစ်ခံရမယ့်သူတွေကိုထုတ်ပေးထားတဲ့ NVCသက်သေခံ ကတ်ပြားပေါင်း အရေအတွက် ၃ သောင်းကျော်ရှိနေပြီး တ၀က်ကျော်လောက်ဟာ ရှမ်းပြည်နယ်မှာ ထုတ်ပေးထားတာလို့ အစိုးရထုတ်ပြန်ချက်အရသိရပါတယ်။

    စာဖတ်သူများ သိရှိနိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။

    ref: နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေး ကော်မတီ

    9

    1 2 3 4 5 6 7

  • မြိတ်မြို့မှ ဗလီဖျက်ခံရကြောင်း မဟုတ်မမှန် လှုံ့ဆော်နေ

    မြိတ်မြို့မှ ဗလီဖျက်ခံရကြောင်း မဟုတ်မမှန် လှုံ့ဆော်နေ

    ဒီဇင်ဘာ ၂၇  ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    .myeik-masjid3

    မြိတ်မြို့မှ ကန်ခေါင်းဗလီကြီးအား ဖြို့ချ ဖျက်ဆီးလိုက်ကြောင်း Kat Tar အမည်ရှိ FB အကောင့်မှ ရေးသားလှုံ့ဆော်လျက်ရှိသည်။

    အသုံးပြုထားသော ဓါတ်ပုံမှာလည်း ပြည်ပနိုင်ငံတခုမှ ဓါတ်ပုံတခု ပြီး မွတ်စလင်မ် မုန်းတီးဆန့်ကျင်ရေး စကားလုံးများ အသုံးပြုပြီး ရေးသား လှုံ့ဆော်ထားခြင်းဖြစ်သည်။

    မြိတ်မြို့ အခြေအနေကို ဆက်သွယ်စုံစမ်းရာမှာတော့ မည့်သည့် ပြသနာမှ ဖြစ်ပွားခြင်း မရှိဘဲ အေးချမ်းလျှက်ရှိကြောင်း အတည်ပြုပေးပါသည်။

    လှုံ့ဆော်နေသူ၏ အကောင့် => https://www.facebook.com/kat.tar.7355

  • NVC လက်ခံသင့် /လက်မခံသင့် ? မြန်မာမွတ်စလင်မ် လူအဖွဲ့အစည်းမှ တုံပြန်မှုများ (၁)

    NVC လက်ခံသင့် /လက်မခံသင့် ? မြန်မာမွတ်စလင်မ် လူအဖွဲ့အစည်းမှ တုံပြန်မှုများ (၁)

    ဒီဇင်ဘာ ၂၆ ၊၂၀၁၆
    M-Media
    ဆက်သွယ်မေးမြန်းသူ- မိုးစက်/သီဟ

    နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား Identity Card for National Verification (NV Card) ထုတ်ပေးခြင်းကိစ္စနှင့် ပတ်သက်ပြီး  အများဆုံးရိုက်ခတ်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေ အကြား အမြင်တွေကို သိရအောင် မြန်မာမွတ်စလင်မ် အဖွဲ့အစည်းများမှ တာဝန်ရှိခေါင်းဆောင်များ၊ ဥပဒေပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    အလ်ဟာဂ်ျ ဦးအေးလွင် (အစ္စလာမ့် ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး)
    ——————————————

    dscn5664-1
    NVC ဆိုတာ နိုင်ငံသားစီစစ်ရေးအတွင်းမှာ အထောက်အထားလုံးဝမရှိတဲ့သူတွေအတွက် ပေးထားတာ။။ အဲ့ဒါသည် နိုင်ငံသား မိဘနှစ်ပါးက မွေးဖွားသူများနှင့် ဘယ်လိုမှ မပတ်သတ်တဲ့ အထောက်အထား  စာရွက်တစ်ခု ဖြစ်တယ်။ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်များ အထဲမှာ မနတ လို့ခေါ်တဲ့ အမျိုးသား မှတ်ပုံတင်ကတ်ပြား ကိုင်ထားတဲ့ လူများလည်း အဲ့ဒီ NVC ကိုလုံးဝ ထုတ်ယူစရာ မလိုဘူး။ တိုက်ရိုက်နိုင်ငံသားကို လျှောက်လို့ရတယ်။ ဒါ ဥပဒေအရ ဒီအတိုင်းပဲ ရှိတယ်။ NVC ဆိုသည်မှာ အထောက်အထားမရှိသော နိုင်ငံသားဖြစ်ခြင်းကို စစ်ဆေးဖို့ ခံယူဖို့ လိုအပ်တဲ့သူတွေကို ပေးရတဲ့ အရာဖြစ်တယ်။ အဲ့ဒီတော့ နိုင်ငံသားမိဘနှစ်ပါးကနေပြီးတော့ မွေးဖွားလာတဲ့ သားသမီးများအတွက်က လုံးဝ လုံးဝ NVC ဆိုတာ ကိုင်စရာမလိုဘူးဆိုတာ ကျွန်တော် ဥပဒေအရ သိထားပါတယ်။

    အလ်ဟဂ်ျ ဦးတင်မောင်သန်း (အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချူပ် ၊ အတွင်းရေးမှူးချူပ်)
    tin-mg-than
    NVC ကတ်ကို လုံးဝ (လုံးဝ) လက်မခံပါ။ လောလောဆယ် လက်မခံတာ မဟုတ်ပါဘူး။ လုံးဝ ယတိပြတ်ကို လက်မခံတာပါ။ ဒီလက်မခံတဲ့ အကြောင်းကို အထက်အဆင့်ဆင့် ကို ဆက်လက်တင်ပြသွားမယ်။

    NVကတ်ထုတ်ပေး ရန်လည်း မလို။ NV ကတ် လက္ခံရန်လည်း အကြောင်း မရှိ။
    (၁) နိုင်၊
    (၂) နိုင်-ဧည့်၊
    (၃) နိုင်-ပြု သာထုတ်ပေးရမယ်။

    ခလီဖွာ ဦးသိန်းဝင်းအောင် (K.A.F.T.G ဃရာနာ ဂိုဏ်းချုပ် ဆရာတော်)
    —————————————

    u-thein-win-aung
    NVC ကတ်ဆိုတာ နိုင်ငံသား ဟုတ်တယ် မဟုတ်ဘူး သံသယဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာနေလာတာ နှစ်ပေါင်း များစွာဆိုတော့  သံသယဖြစ်စရာ မလိုပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ အဲ့ဒီဟာကို ယူစရာလိုကို မလိုပါဘူး။ ကျွန်တော်တို့ကို ဘယ်အချိန်ထိ ဆက်သံသယဖြစ်နေဦးမှာလဲ။  ကျွန်တော်တို့ နိုင်ငံသားဟုတ်တယ်ဆိုတာက ဘာမှသံသယဖြစ်စရာမလိုဘူး။ ဒီဟာက ခွဲခြားမှုတစ်ခုပဲလို့ ကျွန်တော်တို့ သတ်မှတ်တယ်။ မိုးပွင့်ဆိုပြီးတော့  သူတို့လာလုပ်ကြတယ်။ ကျောင်းတွေမှာ မွတ်စလင်ကလေးဆိုရင် တခြားမှာလုပ်ပါဆိုပြီး ကလေးတွေကစပြီး ခွဲခြားနေတယ်။ မြန်မာတစ်ပြည်လုံးကို အဖြူကတ်ပေးတယ်ဆိုရင် ကျွန်တော်တို့လည်း အဖြူကတ်ယူမယ်။ ဘာသာရေးကိုအခြေခံပြီးမှ လုပ်တယ်ဆိုတာ ဥပဒေမှာလည်း မပါဘူး။ ဥပဒေမှာလည်း မရှိဘူး။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှလည်း မရှိဘူး။ ဘာသာကိုအကြောင်းပြုပြီး ကတ်ကိုခွဲခြားပေးတယ်ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ ရှိတယ်။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx.

    ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)
    ————————————–

    u-khin-mg-cho
    လုံးဝ(လုံးဝ)လက်မခံပါ။

    (၁)White card ကိုင်ဆောင်သူများကိုသာ NVC နဲ့ လဲပေးဖို့  ယခင်သမ္မတဟောင်း ဦးသိန်းစိန်က ညွှန်ကြားခဲ့ပါတယ်။

    (၂)NLDရဲ့policyက ပထမအဆင့်အနေနဲ့ ၁၉၈၂နိုင်ငံသား ဥပဒေနဲ့ စိစစ်ဆောင်ရွက်ရန်ဖြစ်ပါတယ်။

    (၃)နိုင်ငံသားမိဘ နှစ်ပါးက မွေးဖွားသူသည် နိုင်ငံသားဖြစ်ခွင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

    (၄)အမျိုးသားမှတ်ပုံတင်ကတ်ပြား(သုံးခေါက်ချိုး) ကိုင်ဆောင်သူများကို NVC Cardနဲ့ လဲလှယ် ပေးရန် မလိုကြောင်း လဝကဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့ပါတယ်။

    (၅) White card ကို ရုပ်သိမ်းသကဲ့သို့ NVC ကို ရုပ်သိမ်းနိုင်ပါတယ်။ သက်တမ်းစေ့ရင် နောက်ထပ် ယာယီသက်သေခံလက်မှတ် အရောင် တစ်မျိုးနဲ့ ထပ်လဲနိုင်ပါတယ်။ အကြိမ်ကြိမ် ထုတ်နိုင်တဲ့ ဥပဒေကို ကိုးကားထားပါတယ်။

    (၆) မြန်မာနိုင်ငံတွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင် အများအပြားသည် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူများ ဖြစ်ကြပါတယ်။ NVC ကတ် ကိုင်ရန်မလိုအပ်ပါ။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

     

    .
    အလ်ဟဂ်ျဦးမြင့်ထွန်း (မြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး) အဖွဲ့ချုပ် ဥက္ကဌ)
    —————————————-

    u-myint-tun
    NVC ကတ်နဲ့ပတ်သတ်ပြီး ပြောရရင် လက်ရှိ ၈၂ ခုနှစ် ဥပဒေအပေါ်မှာ ကျင့်သုံးစေချင်တယ်။ ဘာကြောင့်လည်း ဆိုရင် အရင်က white card ဆိုပြီး တစ်ခါထွက်ခဲ့ဖူးတယ်။ အဲ့ဒီအပေါ်မှာ တခြားပုဂ္ဂိုလ်တွေကနေပြီးတော့white card ကိုင်တဲ့လူတွေကို နိုင်ငံခြားသား၊ ခိုးဝင်တဲ့လူတွေဆိုပြီးတော့ စွပ်စွဲပုတ်ခတ်ခြင်းကို ခံရတယ်။ အဲ့ဒီရဲ့ အကျိုးဆက် တိုင်းပြည်မှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တော်တော် များများ တိုက်ခိုက်တာတို့ တခြားပြသာနာတွေ မျိုးစုံ ဖြေရှင်းခဲ့ရတာရှိတယ်။ အဲ့ဒီတော့ နိုင်ငံသားရှိတဲ့ ပြု ဧည့် နိုင်ငံသားဆိုတဲ့ ကတ်သုံးကတ်မှာ သူထိုက်တန်တဲ့ဟာ ကိုပဲ စစ်ဆေးပြီး ပေးသင့်တာ ဖြစ်စေချင်တယ်။ NVC ကတ်ဟာ နောက်ထပ် ဆိုးကျိုးတွေပဲ ဖြစ်လာမှာလို့ မြင်တယ်။ ထုတ်ပေးနေတာတွေကို မလုပ်သင့်ပါဘူး။
    .
    ဦးရန်နိုင် (တရားလွှတ်တော်ရှေ့နေ)
    ————————————–

    u-yan-naing
    NVC ကတ်ဆိုတာကို လုံးဝလက်မခံသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဘယ်ဥပဒေမှာမှ မပါပါဘူး ၈၂ နိုင်ငံသားဥပဒေမှာတောင် မပါတဲ့အတွက် ဒါဟာမလိုအပ်ပဲနဲ့ လုပ်နေတဲ့ ကိစ္စပါ။ ဒီကတ်တွေ ထုတ်ပေးနေတာကတော့ မှားနေတယ်လို့ ယူဆပါတယ်။ လုပ်နည်းကိုင်နည်းမှာနေတယ်။  ဥပဒေနဲ့ လုံးဝမညီဘူးလို့ပဲ ပြောချင်ပါတယ်။
    .
    ကိုစည်သူမောင် (ကျောင်းသားခေါင်းဆောင်)
    ——————————————-

    sithu-maung
    NVC ကတ်ဆိုတာကို လုံးဝ လက်မခံပါနဲ။ ဘာကြောင့်လည်းဆိုတော့ ဒီကတ်ရဲ့ သက်တမ်းက သတ်မှတ်ထားတာ မရှိပါဘူး။ ဒါဟာ အစ္စလာမ်ဘာသာဝင်တွေကို ခွဲခြားဖို့ အတွက် ထုတ်ပေးတဲ့ကတ်လို့ပဲ ကျွန်တော် သံသယရှိတယ်။ဒါကြောင့် လုံးဝ လက်မခံပါနဲ့။
    NVC ဆိုတဲ့ကတ်ကို အစ္စလာမ်ဘာသာဝင်တွေကိုပဲ အဓိကထားပြီးတော့ ထုတ်ပေးနေတယ်ပေါ့နော်။ သူက အချိန်ကာလ သတ်မှတ်ချက်လည်း မရှိဘူး။ ဒီကတ်တွေက ဘယ်အထိ အကျိုးဝင်လည်းဆိုတာ မပါတဲ့အတွက်ကြောင့် ဒါတွေက ပြည်သူတွေကြားမှာက နိုင်ငံသားမဖြစ်တဲ့ ကိစ္စအပေါ်မှာ အခု ဒီ ဘင်္ဂါလီ ရိုဟင်ဂျာ အငြင်းပွားနေတာကစလို့ပေါ့၊ အစ္စလာမ် ဘာသာဝင်ဆိုရင် နိုင်ငံသားလျှောက်ထားမှု ခက်ခဲနေတဲ့အချိန်မှာ ဒါတွေက ပြည်သူတွေအချင်းချင်းကြားမှာ မတူတဲ့ ဘာသာဝင်တွေကြားမှာ ခွဲခြားပြီးတော့ထုတ်ပေးတယ်ဆိုတဲ့ အမြင်မျိုးတွေဖြစ်လာနိုင်ပါတယ်။ နိုင်ငံသား အမျိုးအစားဆိုတာ ပထမတန်းစား၊ ဒုတိယ တန်းစား ဒီလိုမျိုးတွေ ခွဲမနေသင့်ဘူး။ ပြည်သူတွေ တန်းတူညီမျှအကုန်လုံး ဖြစ်ရမယ်။ လူမျိုးနဲ့ပတ်သတ်ပြီးတော့ တခြားကြိုက်တဲ့သတ်မှတ်ချက်ကို စီစစ်ပါ ရတယ်။ ဒါပေမယ့် နိုင်ငံသားဆိုတဲ့ နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးတဲ့အပေါ်မှာတော့ ခွဲခြားပြီး ထုတ်ပေးတာ မဖြစ်စေချင်ပါဘူး။

    ဆက်စပ်အကြောင်းအရာများ ဖတ်ဖို့

    • NVC ထုတ်ပေးခြင်း ကိစ္စ လ.ဝ.က နှင့် ဆွေးနွေးခဲ့မှု အစ္စလာမ်အဖွဲ့ကြီးမှ သတင်းထုတ်ပြန်
      http://www.m-mediagroup.com/news/63643
    • NVC ကိစ္စ မြန်မာမွတ်စလင်မ် အရပ်ဖက် အဖွဲ့အစည်းအချို့ သဘောထားထုတ်ပြန်
      http://www.m-mediagroup.com/news/63725
    • NO NVC ! (သူ့အမြင်)
      http://www.m-mediagroup.com/news/63359
    • NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ်
      http://www.m-mediagroup.com/news/59912
  • တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယ အင်ပါယာ နောက်ဆုံးဘုရင်၏ ဂူဗိမာန်သို့ သွားရောက်

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယ အင်ပါယာ နောက်ဆုံးဘုရင်၏ ဂူဗိမာန်သို့ သွားရောက်

    ဒီဇင်ဘာ ၂၆ ။ ၂၀၁၆
    M-Media
    သတင်း-သီဟ

    15697215_1429233307111153_2733223362265200075_n
    ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ အိန္ဒိယအင်ပါယာ နောက်ဆုံးဘုရင်ဖြစ်သည့် ဗဟာဒူး ဇဖရ်ရှား (Bahadur Shah Zafar ) ၏ ဂူဗိမာန်သို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

    ထင်ရှားသည့် အူရဒူကဗျာဆရာ တစ်ယောက်လည်းဖြစ်သည့် ဇဖရ်ရှားဘုရင်သည် မြန်မာပြည်တွင် ၁၈၆၂ ခုနှစ်၊ နိုဝင်ဘာ ၇ ၌ကွယ်လွန်သည်။ ၄င်းကွယ်လွန်သည့်အချိန်တွင် အသက် ၈၇ နှစ်ရှိပြီဖြစ် ၍ ဗြိတိသျှတို့  က ၁၈၅၇ ခုနှစ် တော်လှန်မှုအပြီး နယ်နှင် ဒဏ်ပေး သဖြင့် မြန်မာပြည်သို့ ရောက်ရှိ လာခဲ့ရခြင်းဖြစ်သည်။

    11
    ဗဟာဒူး ဇဖရ်ရှား (Bahadur Shah Zafar ) ၏ ဂူဗိမာန် တည်ရှိရာ ဓါတ်ပုံ- အင်တာနက်

     

    15726859_1429233310444486_2250215428646759679_n
    ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး