News @ M-Media

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေး အလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပ

15781085_946721128795437_1011520894848458026_n

ဒီဇင်ဘာ ၂၇

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေးအလှူကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၅၄ ရှိ သမီးဖြစ်သူ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ပြုလုပ်ခဲ့သည်။

နှစ်ပတ်လည်ဆွမ်းကျွေးအလှူတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကမိခင်ကြီး ဒေါ်ခင်ကြည်အား ရည်စူး၍ သံဃာတော် ၁၅ ပါးအားပင့်ဖိတ်ကာဆွမ်းနှင့်သင်္ကန်းများ ဆပ်ကပ်လှူဒါန်းပြီးအနုမောဒနာ တရားနာယူသည်။

မွန်းလွဲပိုင်းတွင်ဘာသာပေါင်းစုံမှဘာသာရေးခေါင်းဆောင်များကနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီးဒေါ်ခင်ကြည် အတွက် ဘာသာအလိုက် အောက်မေ့ဖွယ်ရာဆုတောင်း မေတ္တာများပို့သကြသည်။

15698300_946721872128696_8591126571761024650_n

ဘာသာပေါင်းစုံဆုတောင်းခြင်းအခမ်းအနားတွင် ဟိန္ဒူဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာ၊ ဘဟာအီဘာသာတို့မှဘာသာရေးခေါင်းဆောင်များက မေတ္တာစကားပြောကြားခြင်းနှင့် ဆုတောင်း မေတ္တာပို့သခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

သတင်း/ဓါတ်ပုံ- Myanmar State Counsellor Office

15747604_946722048795345_1952385338303397026_n