News @ M-Media
Author: M-Media
  • ချာလီဟဘ်ဒိုနဲ့ စကားစမြည်
    ချာလီဟဘ်ဒိုနဲ့ စကားစမြည်
    ဇန်နဝါရီ ၂၀၁၅
    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    610x346xataque_terrorista_charlie_hebdo.jpg.pagespeed.ic.7JJeTZgJI3
    တမန်တော်မိုဟာမက်က လွန်ခဲ့သော နှစ်ပေါင်း တထောင့်ငါးရာလောက်ကတည်းက မရှိတော့တာပါ။ ယေရှု ခရစ်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကတည်းက မရှိတော့ပါ။ အလားတူပဲ ဗုဒ္ဓလည်း နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်လောက်ကတည်းက ပရိနိဗ္ဗာန်စံဝင်သွားပါပြီ။ ဒါပေမယ့် ယနေ့ ခေတ်လူတွေဟာ တခြားသူတွေ အထွဋ်အမြတ်ထား ယုံကြည်တဲ့ လွန်လေပြီးသော ဘုရားတွေ တမာန်တော်တွေကို ပုတ်ခတ် စော်ကားပြီး အရသာခံနေတာဟာ တကယ်တော့ ရူးကြောင်ကြောင်ဖြစ်ရပ်မျိုးပဲဖြစ်တယ်လို့ ထင်ပါတယ်။
    အထူးသဖြင့် ယနေ့ ခေတ် ဆိုရှယ်မီဒီယာတွေမှာ အဲလိုမျိုး ရေးတဲ့စာတွေ ဖိုတိုရှော့ တွေနဲ့ ဖြတ်ညှပ်ကပ်လုပ် ထားတဲ့ ဘုရား၊ တမာန်တော်အစရှိတဲ့ ဘာသာရေး အထွဋ်အမြတ်တွေကို နေ့ စဉ်နှင့်အမျှ စော်ကားနေတာဟာ ဘယ်ဘာသာရေးဆိုင်ရာ ကျင့်ဝတ်နဲ့ မှ မညီညွတ်ပါဘူး။ ဒီလို အမုန်းတရားပို့ စ်တွေ တင်တဲ့လူတွေရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာကို သတိပြုဖို့ လိုပါတယ်။ လူသားတယောက်အနေနှင့် ပုဂ္ဂိုလ်ရေးအရ လူအချို့ ကိုမုန်းခြင်းမှာ သဘာဝကျပေမယ့်လို့ လူ့ အဖွဲ့ အစည်း တခုက မတူကွဲပြားသော တခြားလူ့ အဖွဲ့ အစည်းတခုကို မုန်းတီးစေခြင်းက လက်ခံလိုလားအပ်စရာ မဟုတ်ပါ။
    လူတိုင်းဟာ လွတ်လွပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသလို လွတ်လပ်စွာ မကိုးကွယ်ပိုင်ခွင့်လည်း ရှိပါတယ်။ ကိုးကွယ်သူဟာ ဘာသာမဲ့သူကို ဒိဌိလို့ ပြောတာလည်း တကယ်တော့ သဘာဝမကျသလို ဘာသာမဲ့များဟာလည်း သူတို့ မယုံကြည်တဲ့ တခြား ကိုးကွယ်ရာ ဘာသာရေး အထွဋ်အမြတ် ခေါင်းဆောင်တွေကို ပုတ်ခတ်စော်ကားတာဟာလည်း လက်မခံသင့်တဲ့ အယူအဆပါ။
    ချာလီဟဘ်ဒိုမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်တွေဟာ အဲဒီမှာ အခြေခံပါတယ်။ တမန်တော်ကို သရော်ထားတဲ့ ကာတွန်းတွေ မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်လုပ်တဲ့အကျိုးဆက်ကြောင့် ဖြစ်ခဲ့တာပါ။ အမှန်တော့ ဒီလိုသတင်းစာမျိုး မရှိသင့်ဘူးလို့ ထင်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင် လူမျိုးရေး ခေါင်းဆောင်တွေနဲ့ မတူတဲ့ ဘာသာရေးခေါင်းဆောင်မျိုးကို သရော်ခြင်းဟာ ကျနော်တို့  လူ့ အဖွဲ့ အစည်းအတွက် အချင်းချင်းမုန်းတီးမှုနဲ့  အဆိုးကျော့ သံသရာက ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။
    ဥရောပခေါင်းဆောင်တွေ လက်ချင်းချိတ်ဆက်ပြီး လူထုနဲ့ အတူ အကြမ်းဖက်ဝါဒကို ဆန့် ကျင်ကြောင်း တွေ့ လိုက်ရတဲ့အခါ စာသင်ကျောင်းက ကလေးတွေကို သေနတ်နဲ့  ၀င်ပစ်တဲ့ အမေရိကန် လူဖြူ  ခရစ်ယာန် တွေအတွက်တော့ ခေါင်းဆောင်ကြီးများ လက်ချင်းချိတ်ဆက်ပြီး ကန့် ကွက်ဖို့ ပျက်ကွက်ခဲ့တာလည်း သတိထားမိပါတယ်။
    အကြမ်းဖက်မှုဆိုတာကို ဘာသာတခုခု သို့ မဟုတ် လူမျိုးတမျိုးမျိုးကို ပုံချ ဖော်ပြတတ်တဲ့ ကျင့်ဝတ်မညီတဲ့ မီဒီယာတွေရဲ့ ဘက်လိုက်မှုနဲ့  မမြင်ရတဲ့လက်တွေကိုလည်း သတိပြုသင့်ပါတယ်။ ဒါပေမယ့် ဥရောပခေါင်း ဆောင်တွေ မေ့လျော့နေတာက အမုန်းတရားများကို ဖြန့် ဖြူးပေးတဲ့ ဘာသာများ အားလုံးကို စော်ကားနေတဲ့ ချာလီဟဘ်ဒို လိုသတင်းစာမျိုးကို freedom of expression ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆက်လက်ခွင့်ပြုနေခြင်းပါပဲ။
    အခုလည်း Charlie Hebdo သတင်းစာတိုက် ပြန်ဖွင့်ပြီး အရင်လိုမျိုး ကာတွန်းတွေ သရော်စာတွေကို ဆက်လက်ထုတ်ဝေပါတယ်။ ကျနော့်အနေနဲ့တော့ နောက်တကြိမ် အခုလိုမျိုး တိုက်ခိုက်ခံရရင်တော့ သိပ်ပြီး အံသြမှာ မဟုတ်တော့ပါဘူး။
    ဒီနေရာမှာ တခု သတိပြုစေချင်တာက အကြမ်းဖက်မှုဆိုတာဟာ ဘာသာရေးတခုတည်းကို အခြေခံတာ မဟုတ်ပါဘူး။ လူမျိုးရေး၊ စီးပွားရေးနဲ့ လူမှုရေး စတဲ့အကြောင်းအရာတွေကိုလည်း အခြေခံနိုင်ပါတယ်။ ချေချင်ညာ ခွဲထွက်ရေးသမားတွေ ၀င်စီးတဲ့ မော်စကိုက ဇာတ်ရုံ၊ တမီးကျား သူပုန်တွေဗုံးခွဲတဲ့ ကိုလံဘို၊ တရုတ်နိုင်ငံ ဇင်းကျန်းပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု စတဲ့ များစွာသော အကြမ်းဖက်မှုတွေဟာ တခုနဲ့ တခု မတူညီတဲ့နောက်ခံတွေ ဖြစ်ပါတယ်။
    တချို့ ကိစ္စတွေမှာတော့ အကြမ်းဖက်မှုဆိုတဲ့ စကားလုံးဟာ အာဏာရှိသူတွေက သူတွေက တဖက်သက် တံဆိပ်ကပ်ခြင်းပါ။ တိဗက်ပြည် လာဆာမှာ ဖြစ်ခဲ့တဲ့ တိဗက်လွတ်မြောက်ရေး ခုခံမှုတွေအတွက် တိဗက်ခေါင်းဆောင်တွေဟာ အကြမ်းဖက်သူများအဖြစ် တရုတ်အစိုးရက ဖော်ပြခဲ့မှုလိုမျိုးကို ဥပမာပြနိုင်ပါတယ်။
    ကျနော်တို့  လူ့ အဖွဲ့ အစည်းရဲ့  နေရာတိုင်းမှာ(Marginalized people) ခွဲခြားဆက်ဆံခံရတဲ့ လူနည်းစုတွေရဲ့ ခံစားချက်မျိုး၊ နာကျဉ်းချက်မျိုးတွေဟာ အချိန်မရွေး ဒေါသအဖြစ်ကို ရောက်လွယ်နိုင်ပါတယ်။ လူမျိုးကြီးတမျိုး၊ အုပ်စုကြီးတစုက အခြားအုပ်စုငယ်တစုကို ခွဲခြားဆက်ဆံခြင်းမျိုးနဲ့  နိုင်လို့ ရလို့ နိုင်ထားခဲ့ရင် အဲဒီလူအဖွဲ့ အစည်းဟာ အကြမ်းဖက်မှုတွေနဲ့  ဆက်နွယ်ပြီး မတည်မငြိမ်ဖြစ်နေမှာပါပဲ။ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားလူနည်းစုတွေဖက်က ဗမာလူမျိုးကို အမုန်းတရားကြီးမှုနဲ့  သံသယကြီးမှုတွေဟာ ခွဲခြားဆက်ဆံမှုနဲ့  တန်းတူမညီမျှမှုဆိုတဲ့ အကြောင်းတရားက အခြေခံလာတာ ဖြစ်ပါတယ်။
    ငြိမ်းချမ်းရေးတို့ သဟာဇာတဖြစ်ရေးတို့ ဘယ်လောက်ပဲ အော်နေအော်နေ၊ ညီညွတ်မျှတတဲ့ လူ့ ဘောင်တရပ်ကို တည်ဆောက်ဖို့ ဆိုရင် အနည်းဆုံးတော့ လူတွေမှာ တဦးနဲ့ တဦး ခွဲခြားဆက်ဆံတတ်တဲ့ မကောင်းတဲ့စိတ်တွေ လျော့ချပစ်ပြီး တန်းတူညီမျှတဲ့ သမာသမတ်ကျတဲ့ စိတ်ထားမျိုးထားနိုင်မှသာလျှင် ဖြစ်နိုင်မှာပါ။
    လူတိုင်းအတွက် ပညာတွေ ချက်ချင်းလက်ငင်း တတ်လာနိုင်မှာ မဟုတ်သလို တနေ့ တာ ၀င်ငွေလည်း ချက်ချင်း တိုးပေးလာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တရားမျှတမှုနဲ့ ဉာဏ်ပညာ အခြေပြုတဲ့ သင့်လျော်တဲ့ ဥပဒေမျိုးရှိဖို့  အရေးကြီးပါတယ်။
    အဲဒီဥပဒေတွေ ရှိလာပြန်ရင်လည်း လူတိုင်း အခြေခံစိတ်ထားတွေ ကောင်းမွန်ရေးက လိုအပ်လာပြန်ပါတယ်။ “သူ့ နေရာမှာ ငါသာဆို”ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ကျနော်တို့ အားလုံး စိတ်ထားကြပါစို့ ။
    (အောင်ထွန်းသည် ထိုင်း-မြန်မာ နယ်စပ်ရှိ လူထုပညာရေးဝန်ထမ်း တဦးဖြစ်သည်)
    http://burma.irrawaddy.org/opinion/viewpoint/2015/01/20/70091.html
  • Charlie မဂ္ဂဇင်း တိုက်ခိုက်မှု အနောက်ကမ္ဘာမှ ထောက်လမ်းရေး လက်ချက်ဟု ပြင်သစ် Front National (FN) ပါတီ တည်ထောင်သူပြော
    ဇန်နဝါရီ ၂၀ ၊ ၂၀၁၅
    M-Media
    v2-jean-marie-le-pen
    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုဟာ ထောက်လှမ်းရေး အေဂျင်စီ တစ်ခုရဲ့ ဆောင်ရွက်ချက်ဖြစ်ပြီး၊ ပြင်သစ်အာဏာပိုင်တွေက မသိကျိုးကျွန်ပြုနေတာလို့ ပြင်သစ် လက်ယာစွန်းရောက်ပါတီ Front National (FN) ကို တည်ထောင်သူ ဂျင်းမာရီ လီပန် က ပြောလိုက်ပါတယ်။
    အနောက်ဆန့်ကျင်ရေး ရုရှား သတင်းစာ တစ်စောင်နဲ့ အင်တာဗျူးမှာ အသက် ၈၆ နှစ်အရွယ် လီပန်တစ်ယောက် ဒီလိုပြောလိုက်တာပါ။ အစ္စလာမ်နဲ့ အနောက်နိုင်ငံအကြားမှာ စစ်ပွဲတစ်ခုဖြစ်လာဖို့ ဒီတိုက်ခိုက်မှုကို အမေရိကန် ဒါမှမဟုတ် အစ္စရေး အေးဂျင့်တွေက လျှို့ဝှက်စစ်ဆင်ရေး အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့  အင်တာနက်မှာပြန့်နှံ့နေတဲ့ သီအိုရီကိုလည်း ယုံကြည်လက်ခံတယ်လို့ လီပန်က ဆိုပါတယ်။
    သူ့ရဲ့ ဒီမှတ်ချက်က ပြင်သစ်နိုင်ငံရေး သမားတွေကြား ဂယက်ရိုက်သွားစေခဲ့ပါတယ်။ လီပန်နဲ့ FN ခေါင်းဆောင်နေရာကို ဆက်ထားတဲ့ လီပန်ရဲ့ သမီးဖြစ်သူတို့နဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေက ဒေါသထွက်ခဲ့ကြပါတယ်။ လီပန်ရဲ့ သမီးဖြစ်သူကတော့ ဖင်ခင်ရဲ့ ဒီမှတ်ချက်တွေဟာ ပါတီနဲ့ ဘာမှမဆိုင်ဘူးဆိုတာမျိုး ဖြစ်အောင်တော့ ကြိုစားနေပါတယ်။
    လွန်ခဲ့ ၃ နှစ်လောက်က ပါတီခေါင်းဆောင်ကနေ ဆင်းပေးခဲ့တဲ့ လီပန်ဟာ ရာသက်ပန် ဥက္ကဌအဖြစ် ရှိနေဦးမှာပါ။ ပြင်သစ်က အကြမ်းဖက်ပြဿနာအတွက် အမေရိကန်ကို အပြစ်တင် ရေးသားခဲ့တဲ့ ရုရှားသတင်းစာ Komsomolskaïa Pravda နဲ့ အင်တာဗျူးမှာမှာ လီပန်က
    `Charled Hebdo တိုက်ခိုက်မှုဟာ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ရဲ့ လုပ်ရပ်မျိုးနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ သက်သေအထောက်အထားတော့ မရှိပါဘူး။ ဒီကိစ္စကို ပြင်သစ်အာဏာပိုင်တွေက စီစဉ်တယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် ဒီပြစ်မှု ကျူးလွန်ဖို့ အတွက်တော့ သူတို့ ခွင့်ပေးခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ဒါဟာ မှန်းဆမှု သက်သက်ပဲပေါ့ဗျာ´ လို့ ဖြေခဲ့ပါတယ်။
    သူ့ရဲ့မှတ်ချက် မှန်ကန်ကြောင်းသက်သေပြဖို့ မစ္စတာလီပန်က မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်သွားတဲ့ သေနတ်သမားတွေဖြစ်တဲ့ ကောက်ရှီ ညီအကိုရဲ့ မှတ်ပုံတင် ကားထဲမှာ ကျန်ခဲ့တာကို လီပန်က ထောက်ပြခဲ့ပါတယ်။ ပြီးတော့ လျှို့ဝှက် စစ်ဆင်ရေး ပညာရှင်တွေ နှစ်သက်တဲ့ ဒီ `ထူးဆန်းအံ့ဖွယ်အချက်´ ကို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ နယူးယောက်က World Trade Centre အဆောက်အဦးနှစ်ခု ကို လေယာဉ် ၂ စင်း ၀င်တိုက်သွားပြီးတဲ့နောက် လေယာဉ်ပြန်ပေးဆွဲသမားတွေရဲ့ နိုင်ငံကူးလက်မှတ်တစ်ခုကို နယူးယောက်ကတစ်နေရာမှာ တွေ့ခဲ့တယ်ဆိုတဲ့ အချက်နဲ့ နှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။
    မစ္စတာလီပန်တစ်ယောက် အဲဒီအင်တာဗျူးမှာ ပွဲဆူစေတဲ့ နောက်ထပ် မှတ်ချက် ၂ ခုကိုလည်း ပေးခဲ့ပါသေးတယ်။ ဒါကတော့ ပါရီမှာ အမုန်းတရားတွေကို ဆန့်ကျင်တဲ့ ချီတက်ပွဲမှာ ပါဝင်ခဲ့တဲ့ လူ တစ်သန်းခွဲလောက်ဟာ `ချာလီ´(မဂ္ဂဇင်းတိုက်ကို ကိုယ်စားပြုသူ)တွေ မဟုတ်ကြဘဲ `ချာလီချက်ပလင်´ (ဟာသသရုပ်ဆောင်) တွေသာဖြစ်ကြတယ် လို့ ပြောခဲ့ပါတယ်။ နောက်ပြီး ပြင်သစ်က မွတ်စလင်အရေအတွက်ဟာ ၁ သန်းခွဲလောက်ကနေ သန်း ၂၀ လောက်ရှိပြီး တရားဝင်တွက်ချက်ထားတဲ့ အစ္စလာမ် ဘာသာဝင်ဦးရေ ၅ သန်း ဆိုတာထက် ၃၊ ၄ ဆလောက် ပိုများတယ်လို့လည်း ပြောခဲ့ပါတယ်။
    ဇန်န၀ါရီ ၁၇ ရက်နေ့ ပြင်သစ်သတင်းစာ Le Monde နဲ့ အင်တာဗျူးမှာတော့ သေနတ်သမား ညီအကို ကားပေါ်မှာကျန်ခဲ့တဲ့ မှတ်ပုံတင်ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ သံသယရှိမှုကို လီပန်က ထပ်ပြောခဲ့ပေမယ့် ရုရှားသတင်းစာကို ပြောခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ လျှို့ဝှက်ထောက်လှမ်းရေးက လုပ်တာပါဆိုတာကိုတော့ ထည့်မပြောခဲ့ပါဘူး။
    မစ္စတာလီပန်ရဲ့ ဒီမှတ်ချက်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့ သမီးနဲ့ သူ့ရဲ့ပါတီတို့က တိုက်ရိုက် တုန့်ပြန်တာမျိုး လုပ်ခဲ့ပါတယ်။ ပဲရစ်က Charlie Hebdo မဂ္ဂဇင်းနဲ့ ဂျူးရပ်ကွက်က စူပါမားကတ်တစ်ခု တိုက်ခိုက်ခံရတာကို လူဝင်မှုကြီးကြပ်ရေးနဲ့ ဥရောပ နယ်နမိတ်ကို ဖွင့်လှစ်ထားခြင်းကြောင့် ဖြစ်လာတဲ့ ရန်သူတွေကို ပြစ်သစ်က ရင်ဆိုင်ရတဲ့ နောက်ဆုံး သက်သေပြချက်လို့ ပြောခဲ့ပါတယ်။
    လီပန်က ထောက်ခံပြောကြားတဲ့ လျှို့ဝှက် ပူးပေါင်းကြံစည်မှုဆိုတဲ့ သီအိုရီမျိုးဟာ မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ ဒီသီအိုရီကို ပြင်သစ်က မွတ်စလင် လူငယ်အချို့ကလည်း ပြီးခဲ့ရက်တွေ့အထိ အင်တာနက် စာမျက်နှာတွေမှာ ရေးသားပြောဆိုကြတုန်းပါပဲ။ ကောက်ရှီ ညီအကိုကို ဖော်ထုတ်မှုနဲ့ ပတ်သက်ပြီး ကွာဟချက်တွေကိုလည်း ထောက်ပြ ခဲ့ကြပြီး သူတို့ညီအကို ၂ ဦးဟာ ပြင်သစ်အာဏာပိုင်၊ ၀ါရှင်တန်နဲ့ အစ္စရေးတို့ရဲ့ လက်ကိုင်တုတ်တွေလို့ အခိုင်အမာ ပြောကြားတာတွေလည်း ရှိနေပါတယ်။
    လျှို့ဝှက်ကြံစည်မှု သီအိုရီပိုင်း ဆိုင်ရာ ပြင်သစ် ကျွမ်းကျင်သူဖြစ်ပြီး ယခုလက်ရှိ ဒမတ်စကတ်မှာအခြေစိုက်တဲ့ သီယာရီ မီယက်ဆန်ကတော့ Charlie Hebdo တိုက်ခိုက်မှုကို စစ်လိုလားတဲ့ အမေရိကန်က ရီပတ်ဘလစ်ကန် ပါတီနဲ့ နိုင်ငံရေးမှာ အင်အားသုံးဖို့ စိတ်အား ထက်သန်ကြသူတွေရဲ့ အမိန့်ပေး လုပ်ဆောင်မှုသာဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန် လျှို့ဝှက်စစ်ဆင်ရေးဘက်က မက်လက်ချီကတော့ တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ကောက်ရှိ ညီအစ်ကို ၂ ဦးဟာ ပြင်သစ် ထောက်လှမ်းရေး အတွက် လုပ်ပေး သူတွေလို့ ပြောကြားခဲ့ပါတယ်။
    Sourse: Independent
  • ဆီးရီးယား ဒုက္ခသည်များ အတွက် တူရကီမှ အလင်းတန်း တစ်ခု (သို့) ပညာရေး အခွင့်အလမ်း
    ဆီးရီးယား ဒုက္ခသည်များ အတွက် တူရကီမှ အလင်းတန်း တစ်ခု (သို့) ပညာရေး အခွင့်အလမ်း
    ဇန်နဝါရီ ၂၀ ၊ ၂၀၁၅
    M-Media
    Turkey-University for Syrians
    – တူရကီရှိ ဆီးရီးယား ဒုက္ခသည်စခန်းတွင် အသက် ၁၉ နှစ်အရွယ်ရှိ အိုစာမီ အီဆာတစ်ယောက် အင်ဂျင်နီယာပညာ သင်ကြားခွင့်ရရေး အိပ်မက်မက်နေသည်။ သို့သော်လည်း တူရကီ တက္ကသိုလ်များတွင် ၀င်ခွင့်ရရန်အတွက် လိုအပ်သော ဘာသာစကားအရည်အချင်း စစ်ဆေးမှုကို ကျော်ဖြတ်ရန် အီဆာမှာ တူရကီစကား ကောင်းကောင်းမပြောတတ်။
    ထိုအခက်အခဲက အီဆာတစ်ယောက်ထဲတွင် ကြုံရသည့် အခက်အခဲမဟုတ်။ ပြည်တွင်းစစ်ကြောင့် တူရကီနိုင်ငံတွင် ခိုလှုံနေရသည့် ၁.၆ သန်းသော ဆီးရီးယားပြည်သူ အများစုမှာလည်း တူရကီစကား မပြောတတ်ကြ။ ထိုဘာသာစကားသင်ယူနိုင်သည့် သင်တန်းမျိုးလည်း မရှိဟု ဒုက္ခများနှင့် ပြောင်းရွှေ့အခြေချသူများအတွက် အကျိုးဆောင်ပေးနေသော အန်ကာရာအခြေစိုက် သုတေသနစင်တာမှ အကြီးအကဲ မက်တင် ကိုရာဘာတီရ်က ဆိုသည်။
    `ကျောင်းသားတွေဟာ သူတို့ဆန္ဒရှိတဲ့ ဘာသာစကားနဲ့ သင်ယူနိုင်ခွင့် ရှိရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ တူရကီဘာသာစကားကို သင်ယူနေရပါတယ်။ ကျွန်တော်ကြိုးစားနေပါတယ်´ ဟု တူရကီနိုင်ငံတောင်ဘက် ဂါဇီယန်တပ်မြို့အနီးရှိ နီဇစ်ဒုက္ခသည်စခန်းမှ အီဆာက ၎င်းတို့၏ အခက်အခဲကို ဖွင့်ဟခဲ့သည်။
    တူရကီရှိ ပညာရေး စွန့်ဦးတီးထွင်သူတစ်ဦးကတော့ ထိုပြဿနာအား ဖြေရှင်းရန် ရည်မှန်းချက်ကြီးမားသည့် အကြံအစည်များကို ကြံစည်နေသည်။ သူက ဆီးရီးယားဒုက္ခသည်များအတွက်  တူရကီတက္ကသိုလ်တစ်ခု တည်ထောင်ပေးနိုင်ရေး ရန်ပုံငွေရှာရန် မျှော်လင့်နေသည်။ ထိုတက္ကသိုလ်တွင် အာရဘီ၊ အင်္ဂလိပ်နှင့် တူရကီဘာသာရပ်များ သင်ကြားနိုင်မည့် အတန်းများ ပါဝင်မည်ဖြစ်သည်။
    `ဒီလူငယ်တွေကို ပညာတတ်တွေဖြစ်အောင် ကျွန်တော်တို့က လုပ်ပေးရမယ်လို့ ယုံကြည်ပါတယ်´ ဟု ဒုက္ခသည်များ ပညာရေးအတွက် စွန့်ဦးတီထွင်သူ အန်ဗာရ် ယူစဲလ်က နယူးယောက်တွင် ပညာရေးနှင့် ပတ်သက်သည့် ဆုတစ်ခု လာယူရင်း ပြုလုပ်ခဲ့သော AP သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    `ဒီလူငယ်တွေကို ကျွန်တော်တို့ ပညာသင်မပေးနိုင်ဘူးဆိုရင် တူရကီနဲ့ သူတို့ရဲ့ မွေးရပ်နိုင်ငံ နှစ်ခုစလုံး၊ နောက်ပြီး ဒေသ တစ်ခုလုံးအတွက် သူတို့ဟာ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်´
    ဂါဇီယန်တပ်မြို့အပါအ၀င် ဆီးရီးယားနှင့် ကပ်နေသည့် တူရကီ နယ်စပ်မြို့များတွင် တက္ကသိုလ်ငယ် များစွာ တည်ထောင်ရန် ယူစဲလ်က စိတ်ကူးထားသည်။ ပထမဆုံး တက္ကသိုလ်တစ်ခုက ဟာတေမြို့တွင် ရှိမည်ဖြစ်ပြီး အစိုးရ၏ ခွင့်ပြုချက် ရရှိပါက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၅၀၀ ကို သင်ကြားပေးရန် ၎င်းက မျှော်လင့်ထား၏။ ထိုတက္ကသိုလ်တွင် ၀န်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ပေးရန် ဆီးရီးယားဒုက္ခသည် ၄၀၀ အား ယူစဲလ်က ကမ်းလှမ်းထားသည်။
    ဆီးရီးယား ကျောင်းသားကျောင်းသူများ၏ ကျူရှင်ဖိုး အတွက်ကိုတော့ တူရကီအစိုးရ၊ ဖောင်ဒေးရှင်းများနှင့် တက္ကသိုလ်အား ထောက်ပံ့ပေးလိုကြသည့် ပုဂ္ဂိုလ်များထံမှ မေတ္တာရပ်ခံသွားမည်ဟု ယူစဲလ်က ပြောခဲ့သည်။ ပထမနှစ်အတွက် ကန်ဒေါ်လာ ၅၁ သန်းကုန်ကြမည်ဟု ၎င်းက ခန့်မှန်းထားပြီး တက္ကသိုလ်တွင် ကျောင်းသား ၅၅၀၀ ခန့် ဖြစ်လာဖွယ်ရှိသည့် ပဉ္စမမြောက်နှစ်အတွက် ကုန်ကျငွေမှာ ကန်ဒေါ်လာ သန်း ၂၉၀ ရှိမည်ဟု ယူစဲလ်က ကြိုတင် တွက်ချက်ထား၏။ သူကိုယ်တိုင်က ပထမနှစ်အတွက် ကန်ဒေါ်လာ ၉.၅ သန်း စိုက်ထုတ်သွားမည်ဖြစ်သည်။
    `ကျောင်းသား ၂၀၀၀၀ လောက်အထိ ဖြစ်သွားနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်´ ဟု ယူစဲလ်က ဆိုသည်။ ထိုအစီအစဉ်မှာ ကြီးမားသည့်အစီအစဉ်တစ်ခု ဖြစ်သော်လည်း ယူစဲလ်ကမူ ထိုလုပ်ငန်းတွင် အောင်မြင်သော မှတ်တမ်းတစ်ခု ရှိနေပြီးဖြစ်၏။ ယူစဲလ်မှာ နယ်နယ်ရရမဟုတ်။ အစ္စတန်ဘူလ်ရှိ ဘာချက်စီယာ တက္ကသိုလ်နှင့် နိုင်ငံတစ်ဝှမ်း တက္ကသိုလ်ပေါင်း ၅၅ ခု တည်ထောင်ကာ ကျောင်းသားပေါင်း ၃၀၀၀၀ ကျော်ကို ပညာသင်ကြားပေးနေသည့် Bahcesehir Educational Group အဖွဲ့ကို ဦးဆောင်နေသူတစ်ဦး ဖြစ်၏။ တူရကီနိုင်ငံတွင်သာမက တိုရွန်တို၊ ၀ါရှင်တန်၊ ဆီလီကွန်တောင်ကြား၊ ဘာလင်၊ ကိုးလုံး၊ ဟောင်ကောင်နှင့် ရောမမြို့များ တွင်ပင် ၎င်းတို့၏ တက္ကသိုလ်ခွဲများ ရှိနေ၏။ မကြာသေးမီကပင် ၀ါရှင်တန်၌ BAU ဟုခေါ်သည့် နိုင်ငံတကာ တက္ကသိုလ်တစ်ခုကို တည်ထောင်ခဲ့သည်။
    `လူတစ်ယောက်ရဲ့ဘ၀ကို ပညာရေးက တစ်ဆင့်သာ ကျွန်တော်တို့ ပြောင်းလဲနိုင်မှာပါ။ ပြီးတော့ အဲဒီ ပညာပြည့်ဝတဲ့ သူတွေဟာ ကမ္ဘာကြီးကို ပြေင်းလဲနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်´ ဟု ယူစဲလ်က ပြောကြားခဲ့သည်။
    ဆီးရီးယားပြည်တွင်းစစ်က ကလေးငယ်များ၏ မျိုးဆက်တစ်ခုကို ပညာသင်ခွင့် ဆုံးရှုံးစေခဲ့သည်။တက္ကသိုလ် တက်ရောက်ခွင့်ရရန် လူငယ်များ၏မျော်လင့်ချက်များ ပျက်ဆီးခြင်းမှာ ဆီးရီးယားပြည်သူများ၏ လူမှုဘ၀တွင် ထိခိုက်မှုအရှိဆုံး ကိစ္စရပ် ဖြစ်သည်။ ဆီးရီးယားလူငယ်အများစုက စာသင်နှစ်များစွာကို လွဲချော်ခဲ့ရပြီး ၎င်းတို့မိသားစု စာဝတ်နေရေး ပြေလည်ရန်အတွက် ကူညီပေးရမည့် ဖိအားများလည်း ရှိနေသည်။ ဒုက္ခသည်အဖြစ် ခိုလှုံနေရသော တိုင်းပြည်များတွင်လည်း ၎င်းတို့၏ပညာရေးအတွက် အထောက်အပံ့ပေးမည့်သူများ ရှာမရ။ အဘယ့်ကြောင့်ဆိုသော် ကူညီပေးသူများကလည်း လူငယ်များ၏ ပညာရေးကို နောက်ထားကာ မွေးကင်းစ ကလေးငယ်များနှင့် ရင်ခွင်ပိုက် ကလေးငယ်များအတွက်သာ အာရုံစိုက် လုပ်ဆောင်နေရသည်။
    ဆီးရီးယားဒုက္ခသည်များ တူရကီရှိ တက္ကသိုလ်များတွင် တက်ရောက်သင်ကြားခွင့်ရရေးဝင်ခွင့်ဖြေဆိုမှုများနှင့် အထက်တန်းပြီးဆုံးကြောင်း သက်သေပြမှုများကို အလွန်အမင်း မခက်ခဲစေရန် တူရကီအစိုးရက တတ်နိုင်သမျှ ဆောင်ရွက်ပေးထားသည်။ သို့သော်လည်း ဘာသာစကား အခက်အခဲက ဆီးရီးယားကျောင်းသားများ အတွက် အဓိကပြဿနာဖြစ်နေသည်။
    `တူရကီတက္ကသိုလ်တွေက ဆီးရီးယားကျောင်းသား အနည်းငယ်ကိုပဲ လက်ခံလေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ တူရကီစကား မတတ်ခြင်းကြောင့်ဖြစ်ပြီးလူတော်တော်များများကလည်း တက္ကသိုလ်တက်ဖို့ ငွေမသွင်းနိုင်ကြပါဘူး´ ဟု လွန်ခဲ့သည့် ၂ နှစ်ခန့်က ဆီးရီးယားမှ ထွက်ခွာလာပြီး နီဇစ်ပ် ဒုက္ခသည်စခန်းတွင် သမိုင်းဘာသာရပ် သင်ကြားပေးနေသော ကျောင်းဆရာ ဘာဆာရ် အလ်-ဆူဗက်ဒ်က ပြောကြားခဲ့သည်။ ထိုစခန်းတွင် ဘာသာစကားအတန်းကို တစ်ပတ်လျှင် ၅ နာရီ သင်ကြားပို့ချပေးသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ သို့သော်လည်း အာရဘီတက္ကသိုလ်များရှိပါက ဆီးရီးယားကျောင်းသားများအနေဖြင့် ပိုမိုကောင်းမွန်သည့် ပညာရေးနှင့် ပိုမိုကောင်းမွန်သောဘ၀တို့ကို ရရှိနိုင်သည်ဟု ၎င်းက ဖွင့်ဟခဲ့လေသည်။
    ဆီးရီးယားပြည်သူများမှာ အခြားအိမ်နီးချင်းနိုင်ငံများဖြစ်သော ဂျော်ဒန်၊ လက်ဘနွန်နှင့် အီရတ်နိုင်ငံများတွင် သွားရောက် ခိုလှုံနေကြရသည်။ သို့သော်လည်း တူရကီကဲ့သို့မဟုတ်ဘဲ ထိုနိုင်ငံများတွင် အသုံးပြုသော စကားမှာ အာရဘီစကားဖြစ်နေ၏။
    `ဘာသာစကားအခက်အခဲက အဓိကပြဿနာပါပဲ။ တစ်နေ့ ဒီလူတွေ ဆီးရီးယားကို ပြန်သွားတဲ့အခါမှာ မျိုးဆက်ပျောက် သွားတာမျိုး ဖြစ်လို့မရပါဘူး။ တိုင်းပြည်ကိုပြန်လည်တည်ဆောက်နိုင်တဲ့ မျိုးဆက်တစ်ခုတော့ ရှိဖို့ လိုအပ်ပါလိမ့်မယ်´
    အန်ကာရာမှ သုတေသနပညာရှင် ကိုရာဘာတီရ်က ပြောခြင်းဖြစ်သည်။
    အသက် ၁၉ နှစ်အရွယ် အီဆာတစ်ယောက် ထိုမျိုးဆက်ထဲမှတစ်ဦး ဖြစ်ချင်နေ၏။
    `ကျွန်တော် အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ပါတယ်။ ဆီးရီးယားမှာ စစ်ပွဲပြီးဆုံးသွားရင်အင်ဂျင်နီယာတွေ လိုအပ်လာမှာလေ´
    အနာတစ်ခုကို မျှော်တွေးထားသည့် ဆီးရီးယားလူငယ်တစ်ယောက်၏ အိပ်မက်ပင် ဖြစ်လေသည်။
    Ref : alarabiya
    .လေးမောင် မြန်မာပြန်ဆိုသည်။
  • အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၇)နှစ်မြောက်မွေးနေ့
    အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၇)နှစ်မြောက်မွေးနေ့
    ဇန်နဝါရီ ၂၀ ၊ ၂၀၁၅
    M-Media
    117
    ယနေ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့သည့် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၇)နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။
    ဆရာကြီးဦးရာဇတ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ဆရာကြီးဦးရာဇတ် အကြောင်း ပိုစ်များကို M-Media စာဖတ်ပရိတ်သတ် အတွက် ပြန်လည် မိတ်ဆက် ပေးလိုက်ပါတယ်။
    အမည်မခံလိုသူ စာရေးဆရာကြီး သို့မဟုတ် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/4223
    ကျွန်မဖေဖေ=>http://www.m-mediagroup.com/news/4299
    ဗမာတွေ ဘယ်မှာ စည်းကမ်း မဲ့လို့လဲ=>http://www.m-mediagroup.com/news/4316
    မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်=>http://www.m-mediagroup.com/news/16191
    သူ့စကားများက ညွှန်းဆိုနေသည့် ဆရာကြီး ဦးရာဇတ်အကြောင်း=>http://www.m-mediagroup.com/news/4239
    အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း =>http://www.m-mediagroup.com/news/1388
    မြန်မာ့ အာဇာနည်ခေါင်းဆောင် ဆရာကြီးဦးရာဇတ် အတ္ထုပ္ပတ္တိ (EBook) =>http://www.m-mediagroup.com/news/28037
    မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/1365
    သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း =>http://www.m-mediagroup.com/news/1334
    ဆရာကြီး ဦး(အဗ္ဗဒူလ်) ရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ =>http://www.m-mediagroup.com/news/1330
    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အခြားပိုစ်များ ဖတ်ရန် => http://www.m-mediagroup.com/news/tag/urazak-2/
    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အကြောင်း ဓါတ်ပုံများ ကြည့်ရန် =>https://www.facebook.com/media/set/?set=a.484313664944442.97896.468226919886450&type=3
    ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနား ဓါတ်ပုံများ =>https://www.facebook.com/media/set/?set=a.488522597856882.98579.468226919886450&type=3
  • ကလေးစကား
    ကလေးစကား
    ဇန်နဝါရီ ၁၉ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင် ရေးသည်။
    child_voice_speech
    လူ့ပတ်ဝန်းကျင်မှာ ဆက်သွယ်ဖို့အတွက် စကားဆိုတာကို မပြောမဖြစ် ပြောကြရပါတယ်။ အထူးသဖြင့် ကိုယ့်ရင်ထဲက ခံစားချက်တွေ၊ ဖြစ်ချင်တဲ့ဆန္ဒတွေကို သူများတကာသိအောင်ပြောပြမှ ဖြစ်တာကိုး။ တချို့တွေက စကားပြောကျွမ်းကျင်တယ်၊ စကားပြောကောင်းတယ်လို့ အသိအမှတ်ပြုခံရတယ်။ ဘာကြောင့်များလဲ။ တစ်ဖက်သား စိတ်ချမ်းသာအောင် လိုရင်းကို ထိထိမိမိပြောတတ်သူကြောင့် ပဲပေါ့။ ကိုယ့်စကား နားထောင်မယ့်သူကို ဝေဖန် ထောက်ပြတာမျိုးပဲဖြစ်ဖြစ် မရိုင်းအောင်၊ နားဝင်ခံသာအောင်ပြောနိုင်တဲ့ အရည်အသွေးမျိုးကို စကားပြောကောင်းသူတွေ ပိုင်ဆိုင်လေ့ရှိကြတယ်။ စကားပရိယာယ်လည်း ကြွယ်သလို ဥပမာ ဥပမေယျလေးတွေနဲ့ ရှင်းလင်းပြနိုင်စွမ်းလည်းရှိတယ်။ စကားများခြင်းနဲ့ စကားပြောကောင်းခြင်းတို့ရဲ့ ခြားနားချက်ကို ကောင်းကောင်းကြီး နားလည် သဘောပေါက်ထားတာဖြစ်လို့ အကြောင်းအရာတစ်ခုခုကို ပြောမယ်ကြံရင် လိုရင်းတိုရှင်းပဲပြောတယ်။ ဝေ့ဝိုက်ပြီး စကားကြောရှည်နေရင် နားထောင်ရတဲ့သူ စိတ်မရှည်ဖြစ်တတ်တာကို ကောင်းကောင်းကြီး သဘောပေါက်ထားတယ်။
    တချို့ကျပြန်တော့ ရင်ထဲမှာ ဘာမှမထားတတ်ဘူး။ ပြောစရာရှိရင် ဘွင်းဘွင်းပဲ ပြောချလိုက်ရမှ ရင်ထဲပေါ့သွားတယ်လို့ ဆိုတယ်။ မှန်တယ်၊ အဲဒီလို ပွင့်လင်းတဲ့ ဘွင်းဘွင်းသမားတွေအတွက် ရင်ထဲပေါ့သွားပေမယ့် အပြောခံရသူတွေ အတွက်တော့ ပိဿာလေးဘေးပစ်မို့ ရင်ထဲအောင့်သွားမှာတော့အမှန်ပဲ။ ပြီးတော့ အပြောခံရလေခြင်းရယ်လို့ တနုံ့နုံ့ ခံစားသွားရပြီသာမှတ်။ ဒီတော့ အသိဥာဏ်ကြွယ်တဲ့ သူတွေအတွက် စကားပြောတဲ့အခါ ရှေ့နောက်ဆင်ခြင်ပြီး ထိန်းပြောတတ်တာ အကျင့်တစ်ခုလိုပါပဲ။ ကောက်ပင်ရိတ်လှီး အစချီတဲ့စကားကြီးဆယ်မျိုးကို မကျွမ်းမကျင်ဘူးပဲထား ပြောသင့်တဲ့စကားကို အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ပြောဆိုတတ်ဖို့တော့လိုမယ်။ ရင်ထဲကခံစားချက်မှန်သမျှကို စကားလုံးအဖြစ် ဖွင့်မထုတ်ဘဲ ပြောသင့်သမျှသာပြော၊ မျိုချသင့်သလောက်မျိုချနှင့် စကားလှအောင် ပြောတတ်တာကို လူကြီးစကားလို့ သတ်မှတ်မယ်ဆိုရင်ပေါ့။ ဘာစကားလုံးရွေးချယ်မှုမှ မရှိဘဲ ရင်ထဲရှိသမျှ အမှန်အတိုင်း ဖွင့်ပြောပစ်တတ်တာကို ကလေးစကားလို့ပဲဆိုပါရစေ။
    ကလေးသဘာဝ လွတ်လွတ်လပ်လပ်ကြီး ဆော့ကစားလို့ နေချင်တယ်။ အချိန်တန်အိပ်မယ်၊ စားမယ် ဘာဆိုဘာမှ အပူအပင်မရှိဘူး။ ဒါပေမယ့် ကျောင်းထားရမယ့်အချိန် ရောက်လာတဲ့အခါ (များသောအားဖြင့် စိတ်မပါကြဘူး) ကျောင်းတက်ကြရသည်ပဲပေါ့။ စိတ်လွတ်ကိုယ်လွတ် မဟုတ်တော့ဘဲ စည်းကမ်းဘောင်တစ်ခုထဲမှာ နေကြရတဲ့အခါ သူတို့လေးတွေရင်ထဲက ခံစားချက်တွေကို အရှိအတိုင်း ထုတ်ဖော်ခွင့်ရမယ်ဆိုရင် …
    နိုင်ငံတကာကလေးတွေ တက်ရောက်သင်ကြားနေတဲ့ ကျောင်းတစ်ကျောင်းမှာ အတန်းစုံက ကလေးတွေကို ကျောင်းနှင့်ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ရေးခွင့်ပေးတဲ့အခါ သိခွင့်ရတဲ့ ကလေးစကားတစ်ချို့ကို ဖော်ပြလိုက်ပါသည်။ သူတို့လက်ရေးလေးတွေနှင့်ရေးပြီး နံရံကသင်ပုန်းပေါ်မှာ ကပ်ထားတာတွေကတော့….
    “ကျောင်းဆိုတာဆူညံပြီး ရှုပ်ယှက်ခတ်နေတဲ့နေရာကြီးပဲ၊ နေချင်တိုင်းနေလို့မရ၊ သွားချင်တိုင်းသွားလို့မရဘူး။ တစ်ချိန်လုံးလိုလို တန်းစီပြီးသွားလာနေရတယ်။ ကျောင်းအုပ်ဆရာကြီးပြောတဲ့ စည်းကမ်းတွေ၊ ဆုံးမစကားတွေချည်း မနက်တိုင်းကြားနေရတယ်။ စာကြည့်တိုက်ဆိုလို့သွားပါတယ်။ သားရေဟောင်းအနံ့နဲ့ စာအုပ်တွေချည်းပဲ၊ အဲဒါကျွန်တော်တက်နေရတဲ့ကျောင်းပေါ့။”
    နောက်တစ်ယောက်ကတော့……..
    “တစ်ချိန်လုံးငြိမ်ငြိမ်လေးနေရတာ ကျွန်တော်စိတ်ညစ်မနေတတ်ဘူး။ ကျွန်တော်လေ စက်ဘီးစီးပြီးသွားနေရတဲ့အခါ လွတ်လပ်လိုက်တာဗျာ။ လေတွေကတိုက်လို့ ပန်းကလေးတွေကို ကြည့်လိုက် ဌက်ကလေးတွေကိုကြည့်လိုက်နဲ့ တအားပျော်ဖို့ကောင်းတာ။ ကျောင်းမှာကျတော့ ထိုင်ဆိုထိုင် ထဆိုထ၊ ကိုယ့်စိတ်နဲ့ကိုယ် ဘာမှလုပ်ခွင့်မရှိဘူး။ တစ်ခုတော့ရှိတာပေါ့။ ကျွန်တော်စိတ်ဝင်စားတဲ့ ပထဝီဝင်ဘာသာရပ်ကို သင်ရရင်ပေါ့။ တောတောင်တွေနဲ့ ကမ္ဘာ့နိုင်ငံအကြောင်းတွေလေ။”
    ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံကနေရောက်လာတဲ့ ကျောင်းသားတစ်ဦးရဲ့ အဆိုကတော့ “ကျွန်တော့်ဇာတိက တီမောနိုင်ငံပါ။ စစ်ဖြစ်ဖြစ်ချင်းကျွန်တော်တို့မိသားစုက ဒီသြစတေးလျနိုင်ငံကို ပြောင်းလာခဲ့ကြတာပါ။ အစတုန်းကဆို ကျွန်တော်ဒီမှာဘယ်လိုမှ မပျော်ဘူး မနေတတ်ဘူး။ တီမောကိုပဲပြန်ချင်နေတယ်။ ဒါပေမယ့် ဒီမှာနေမှဖြစ်မယ်သားလို့ အမေကပြောတယ်။ ကျွန်တော်ကမေးတယ်။ အမေ … ဒါဆိုရင်ကောင်းပြီ၊ ကျွန်တော်ကျောင်းကို မနက်ဖြန်တက်လို့ရမလား” ဆိုတော့ အမေက – ရတယ်သား၊ အမေလိုက်ပို့ပေးမယ်တဲ့။မိုးလင်းတာနဲ့ အမေက ကျွန်တော့်ပစ္စည်းတွေ အဆင်သင့်စီစဉ်ပေးတယ်။ မနက်စာ စားပြီးပြီးချင်းမှာပဲ ကျောပိုးအိတ်လွယ်ပြီး ကျောင်းကိုသွားရတယ်။ ကျောင်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးက ကျွန်တော့်ကိုခေါ်ပြီး တစ်ကျောင်းလုံးကို လှည့်ပတ်ပတ်တယ်။ ကျွန်တော်တက်ရမယ့်အတန်းမှာ  ဆရာကကျွန်တော့ကို အတန်းဖော်တွေအားလုံးနဲ့ မိတ်ဆက်ပေးတယ်။ သူတို့အားလုံးက ကျွန်တော့်အပေါ် ကြင်ကြင်နာနာ ဆက်ဆံကြတယ်။ စစ်ဖြစ်တဲ့နိုင်ငံက လာတာဆိုပြီး ဂရုလည်းစိုက်ကြတယ်။ အခုဆိုရင် ကျွန်တော်ကျောင်းတက်
    ရတာပျော်နေပြီ။ သြစတေးလျကိုလည်းချစ်သွားပြီ။”
    ကျောင်းသူလေးတစ်ယောက်ရေးထားပုံက – “ကျွန်မက ကျောင်းစာအားလုံး ဝါသနာပါတယ်။ ဂဏန်းသင်္ချာကလွဲလို့ပေါ့။ ဘယ်မကောင်းဆိုးဝါးကများ ဒီဂဏန်းသင်္ချာဆိုတာကြီးကို တီထွင်ထားပါလိမ့်။ ဦးနှောက်ပူအောင်စဉ်းစားရတဲ့ ဒီဘာသာရပ်ကြီးကို ကျွန်မအမုန်းဆုံးပဲ”
    အကြားအားရုံချို့တဲ့နေတဲ့ ကျောင်းသားတစ်ယောက်ကရေးထားတယ်။
    “ဒီကမ္ဘာကြီးမှာ နားကြားသူတွေရော မကြားနိုင်သူတွေပါ ရှိနေကြတာကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော့်နာမည် ရောဘတ်လင်းမ်ပါ။ ကျွန်တော် နားမကြားရသူတစ်ဦး ဖြစ်ပေမယ့် ကြားနိုင်တဲ့ သူငယ်ချင်းတွေနဲ့အတူ ကစားလေ့ရှိပါတယ်။ သူတို့ကကျွန်တော့်ကို ခင်ကြတယ်။ ကျွန်တော်ရောပေါ့။ နားကြပ် (နားကြားကိရိယာ) တပ်ထားရတာကို ကျွန်တော်မကြိုက်ဘူး။ နားကြပ်နဲ့ သီချင်းနားထောင်ရတာကိုပဲ ကြိုက်တယ်။ ကျွန်တော်တို့ အတန်းပိုင်ဆရာက သိပ်သဘောကောင်းတယ်။ ကျွန်တော်သဘောကျတယ်။ ဆရာက တစ်ခါတစ်လေမှ ဒေါသတကြီး ဖြစ်တတ်တာပါ။ ကျောင်းဆိုတာ အိမ်နဲ့မတူတဲ့ ပျော်စရာနေရာလေးတစ်ခုပါဗျာ”
    နွမ်းပါးလို့ ခက်ခက်ခဲခဲကျောင်းတက်နေရတဲ့ ကျောင်းသားလေး တစ်ယောက်ကတော့
    “ကျွန်တော့်ကမ္ဘာမှာ သူငယ်ချင်းတွေရော ရန်သူတွေပါရှိတယ်။ ကျွန်တော် ဆင်းရဲတာကို ချမ်းသာတဲ့ ကျောင်းသားတချို့က နှိမ်တယ်၊ ဝိုင်းစကြတယ်။ ကျွန်တော်လေ သူတို့ကို ပြန်ပြီးနှိမ်လို့ရတဲ့သူ ဖြစ်ချင်လိုက်တာဗျာ။ ဒါမှ သူတို့ဘယ်လိုခံစားရမလဲဆိုတာသိချင်လို့။ ဒါပေမယ့် ကျွန်တော့်ကိုခင်တဲ့ သူငယ်ချင်းတွေကတော့ အားပေးပါတယ်ဗျာ။ သူတို့ကြောင့်ပဲ ကျောင်းပျော်နေရတာပါ”
    အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်က ရေးထားတယ် “ကျွန်မက လူမှုရေးသိပ္ပံဘာသာကို အရမ်းကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘာသာရပ်ကိုသင်တဲ့ ဆရာဘရိုင်ယင်က သဘောကောင်းတယ်၊ စိတ်ရှည်တယ်၊ ကျောင်းသားတွေ နားလည်အောင်ရှင်းပြတတ်တယ်။ မျက်နှာကပြုံးပြုံးရွှင်ရွှင်ရှိတော့ အားလုံးက ချစ်ကြတာပေါ့။ ကျန်တဲ့ဘာသာရပ် ဆရာတွေ ဆရာမတွေက အပြစ်ရှာပြီး ကြိမ်းမောင်းနေကြတာပဲ။ သူတို့အားလုံး ဆရာဘရိုယင်လိုဖြစ်ရင်သိပ်ကောင်းမှာပဲနော်။ အခုတော့လေ ဟိုဟာမလုပ်နဲ့။ ဒါလုပ်ပါလားတွေချည်းကြားနေရတယ်။ သူငယ်ချင်းတွေက ပြောတယ် တစ်ကျောင်းလုံးမှာ ဆရာဘရိုင်ယင်တွေချည်းရှိရင် ကျောင်းတက်ရတာ သိပ်ကိုပျော်မှာပဲတဲ့”…..
    ကလေးအတွေးနှင့် ကလေးစကားတွေပါပဲ။ စာဖတ်သူရောပြန်တွေးမိမလား မသိဘူး။ ကျောင်းတက်ရခါစ ငယ်ဘဝကိုပေါ့။
    နှင်းဆီခင်