News @ M-Media
Author: M-Media
  • အောင်ဆန်းစုကြည်၊ မြန်မာပြည်က ရိုဟင်ဂျာများနဲ့ ယုံကြည်ချက်ရဲ့ စိန်ခေါ်မှု (ဘာသာပြန်)
    အောင်ဆန်းစုကြည်၊ မြန်မာပြည်က ရိုဟင်ဂျာများနဲ့ ယုံကြည်ချက်ရဲ့ စိန်ခေါ်မှု (ဘာသာပြန်)
    By and Harrison Akins
    ၂၃-၁၀-၂၀၁၂
    source: http://www.washingtonpost.com/blogs/guest-voices/post/aung-san-suu-kyi-the-rohingya-of-burma-and-the-challenge-of-faith/2012/10/24/31901eda-1e11-11e2-9cd5-b55c38388962_blog.html
    “She came she saw, she conquered.” အမေရိကန်ကွန်ကရက်ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည်လက်ခံရယူခဲ့စဉ်မှာတော့ သူမက လိုက်လျောဖော်ရွေနေတဲ့ ကန်ထိပ်သီးနိုင်ငံရေးခေါင်းဆောင်တွေနဲ့အတူ ရင်ပေါင်တန်းခဲ့တာ ဂုဏ်ယူဖွယ်ပါ။ သူမက ကမ္ဘာ့အာရုံစူးစိုက်မှုကို ဖမ်းစားထားတာတင်မဟုတ်ဘဲ ကမ္ဘာ့အချစ်တော်လည်း ဖြစ်ခဲ့သူပါ။ ဂျွန်မက်ကိန်းကဆိုရင် သူရဲ့ကိုယ်ပိုင်သူရဲကောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ပါလို့တောင် ပြောဆိုခဲ့ပါတယ်။
    အမေရိကန်တက္ကသိုလ်ကို ဂုဏ်ပြုဒေါက်တာဘွဲ့ယူဖို့ လာရောက်တော့လည်း သူမရဲ့ပုံရိပ်က ကျွန်တော်တို့အတွက် စွမ်းအားပြင်းခဲ့သေးတာပေါ့။ သူမကတော့ လွတ်လပ်ခြင်းအတွက်  ဟစ်တိုင်၊ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်။ ဒါတွေတင်မက ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားများအတွက်ရော၊ လူနည်းစု တိုင်းရင်းသားများအတွက်ပါ ဆန္ဒဖော်ထုတ်နိုင်ဖို့ စမ်းပေါက်တစ်ခုဖြစ်ပါတယ်။ လူနည်းစု တိုင်းရင်းသားမျိုးနွယ်တွေကတော့ မြန်မာပြည်ရဲ့ ဖိနှိပ်တဲ့အစိုးရလက်ထက်မှာ အချိန်ကြာမြင့်စွာ ဖြတ်သန်းကျင်လည်ခဲ့ရတာပါ။
    သူမကတော့ နိုင်ငံရေးခေါင်းဆောင်အဖြစ်သာမက ဗုဒ္ဓဘာသာဝင်များရဲ့ ကရုဏာတရားအတွက်လည်း ဟစ်တိုင်ဖြစ်နေပါသေးတယ်။ ဒါ့ပြင် အဖိနှိပ်ခံတွေရဲ့ မဟာမိတ်ဆိုလည်း ဟုတ်ပါတယ်။ ဗုဒ္ဓကတော့ သူ့သာသနာရဲ့ သဘောသဘာဝမှာ ကိုယ်ချင်းစာတရားသည် ဗဟိုချက်မဖြစ်တယ်၊ တပါးသူရဲ့ ဂုဏ်သိက္ခာကို လေးစားရမယ်ဆိုတဲ့အချက်တွေကို ထိထိမိမိ ဟောပြောခဲ့ပါတယ်။
    ဒါပေမယ့် ဒေါ်စုကြည်ကတော့ မြန်မာပြည်က လူ့အခွင့်အရေးဆိုင်ရာ အရေးအကြီးဆုံး ပြဿနာရပ်ကြီးအပေါ်မှာ လုံးဝနုတ်ဆိတ်နေတာကတော့ စိတ်ဝင်စားဖွယ်ဖြစ်နေဆဲပါ။ အဲဒီလူ့အခွင့်အရေးပြဿနာရပ်ကြီးကတော့ ရိုဟင်ဂျာများရဲ့ ဒုက္ခဗျာပါဒတွေပါပဲ။
    လက်ရှိ ဒီမိုအသွင်ပြောင်း ဦးသိန်းစိန်အစိုးရကလည်း ဒီရိုဟင်ဂျာတွေရဲ့ ပြဿနာရပ်ကို ပုံသဏ္ဌာန်မပြောင်း ပေးရုံမက ၂၀၁၂ ဇူလိုင်လမှာ ရိုဟင်ဂျာတွေကို အသိအမှတ်မပြု၊ သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေကို လည်း အသိအမှတ်မပြု၊ သူတို့ကို ကုလမဟာမင်းကြီးရုံးဆီ လွှဲပြောင်း ပေးအပ်လိုကြောင်း ဖော်ပြထားတဲ့ ကြေငြာချက်တောင် ထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာမှာတော့ ဗုဒ္ဓဘာသာရဟန်းတွေဟာ ဗုဒ္ဓရဲ့ သွန်သင်ချက်ကို ဆန့်ကျင်ပြီး အန္တီရိုဟင်ဂျာ ဆန္ဒပြပွဲတွေတောင် ကျင်းပပြီး ဦးသိန်းစိန်ရဲ့ အဆိုကို ထောက်ခံခဲ့ကြပါတယ်။ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီကိုလည်း ပြည်တွင်း ရုံးစိုက်ပြီး အထောက်အပံ့ပေးရေးကိစ္စမှာ မြန်မာအစိုးရက ပိတ်ဆို့ဟန့်တားခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ မငြိမ်သက်သေးလို့ဘဲဖြစ်ပါတယ်။
    မြန်မာလူထုရဲ့ ရာနှုန်း ၃၀ လောက်ကတော့ ဗမာမဟုတ်တဲ့ လူမျိုးခြားတွေပါ။ သူတို့ကတော့ စစ်တပ်အုပ်ချုပ်ရေးအောက်မှာ အဖိနှိပ်ခံပြစ်မှတ်တွေပါ။ ရိုဟင်ဂျာတွေကတော့ သီးခြားခွဲထွက်နေတဲ့ အခြိမ်းခြောက်ခံတွေပါ။
    ၁၉၆၂ မှာ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းပါတယ်။ အောင်ဆန်းရဲ့ အတွင်းအမြင်တွေကို ဖယ်ရှားပြီး မျိုးချစ်စိတ်ဓာတ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံကာ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဆိုတဲ့အယူဆီကို ပြောင်းလဲခဲ့ပါတော့တယ်။ ရိုဟင်ဂျာတွေကတော့ ဗမာလည်းမဟုတ်ဘူး၊ မွတ်စလင်ဆိုပြီးတော့လည်း ကင်ပွန်းအတပ်မခံရဘူး၊ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ မှားယွင်းချွတ်ချော်စွာ နာမည်အတပ်ခံရပါတယ်။
    ၁၉၇၈ မှာ ဆောင်ရွက်ခဲ့တဲ့ စစ်တပ်ရဲ့ နဂါးမင်းခေါ်တဲ့ လူမျိုးခြားရှင်းလင်းသုတ်သင်မှုစစ်ဆင်ရေးကတော့ တိုင်းပြည်တွင်းက နိုင်ငံသားဖြစ်ရင်ဖြစ်၊ မဟုတ်ရင်တော့ ခိုးဝင်လာသူဆိုတဲ့ ပုဒ်မတပ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ရိုဟင်ဂျာတွေကတော့ မုဒိန်းကျင့်ခံရတယ်၊ အကြောင်းပြချက်မရှိဖမ်းဆီးခံရတယ်၊ ဗလီတွေဖျက်ခံရတယ်၊ ရွာတွေအဖျက်ခံရတယ်၊ မြေယာတွေ အလုခံရတယ်။
    ၁၉၉၁ မှာတော့ ဒုတိယမ္ပိစစ်ဆင်ရေးလုပ်ပြန်ပါတယ်။ နာမည်က ပြည်သာယာစစ်ဆင်ရေး။ ရည်ရွယ်ချက်ကတော့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း တထေရာတည်းပါ။ ရလဒ်က ရိုဟင်ဂျာပေါင်း ၂ သိန်းလောက်ဟာ ဘင်္ဂါလားဒေ့ရှ်ကို ဒုက္ခသည်တွေအဖြစ် ထွက်ပြေးခဲ့ရပါတယ်။ ယနေ့ကျန်ရစ်တဲ့ ရိုဟင်ဂျာ ၃ သိန်းလောက်ကလည်း စားစရာမရှိ၊ ဆေးအထောက်အပံ့နတ္ထိ။ မွတ်စလင်အဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေကိုလည်း ငြင်းဆန်ပယ်ချပစ်ကြပါတယ်။
    ၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေဆိုတာကတော့ ရိုဟင်ဂျာတွေကို ထိရောက်စွာ နှိမ်နှင်းတဲ့ ဥပဒေပါ။ နိုင်ငံသားဖြစ်ခွင့်မရမှာတော့ ရိုဟင်ဂျာတွေဘ၀ကျောင်းဖို့ဆိုတာ ခက်ခဲသွားပါပြီ။ သူတို့တွေဟာ ရွာအပြင်ထွက်ပြီး ခရီးသွားခွင့်ပိတ်ပင်ခံရတယ်၊ သူတို့ရဲ့ ၀တ်ပြုရာကျောင်းဆောင်တွေ ပြုပြင်ခွင့်မရဘူး၊ ပညာသင်ခွင့် လက်ထပ်ထိမ်းမြားခွင့်ပိတ်ပင်ခံရတယ်။ သူတို့တွေက အဲဒီလိုပိတ်ပင်ခံထားရတာကို ချိုးဖောက်မယ်ဆိုရင် (သူတို့အခွင့်အရေးကို သူတို့အပြစ်မဲ့စွာရယူမယ်ဆိုရင်)  ထောင်ချခံရမယ်၊ ထောင်ထဲမှရိုက်နှက်ခံရမယ်၊ အမျိုးသမီးဆိုရင် ဆက်တိုက်မုဒိန်းကျင့်ခံရမယ်။
    အဖေမပေါ်တဲ့ ကိုယ်ဝန်ဆောင်ကတော့ မောင်းထုတ်ခံရမယ်၊ ဒါမှမဟုတ် အန္တရာယ်အများလှတဲ့ ကိုယ်ဝန်ဖျက်ချမှုပုံစံမျိုးနဲ့ ကလေးဖျက်ချခံရမယ်၊ ဒီတော့ အများစုက သေဆုံးကြရပါတယ်။
    ရိုဟင်ဂျာတွေကတော့ ခေတ်သစ်ကျေးကျွန်တွေပါပဲ။ သူတို့ကို အဓမ္မစေခိုင်းမှုတွေလည်း ရှိနေပါတယ်။ အမျိုးသမီးတွေကို ဗမာလုံခြုံရေး တပ်သားတွေက ပြည့်တန်ဆာအဖြစ်မတရားသိမ်းသွင်းကြပါသေးတယ်။
    မြန်မာအစိုးရရဲ့ တံခါးဖွင့်ဒီမိုကရေစီကတော့ အများကြီးလုပ်ဖို့ ကျန်ပါသေးတယ်။ နယ်လ်ဆင်မင်ဒဲလားလို့ ဆင်တူတဲ့ ဒေါ်စုကြည်ကတော့ ရိုဟင်ဂျာအရေးကိစ္စမှာ ပါဝင်ပြီး ချစ်ခင်ကြည်နူးဖွယ်လူ့အဖွဲ့အစည်းကို တည်ထောင်ပေးသင့်ပါတယ်။ ဒီအထဲမှာ ရိုဟင်ဂျာတွေသာမက တိုင်းရင်းသားလူနည်းစုအားလုံးကိုလည်း ပါဝင်စေရပါမယ်။ သူမက သူမရဲ့ ဗုဒ္ဓဘာသာယုံကြည်ချက်အတိုင်း ကိုယ်ချင်းစာတရားကိုပြသမယ်ဆိုရင် တော့ အားလုံးက သူမနောက်လိုက်ကြမှာပါ။
    ရိုဟင်ဂျာတွေကို စနစ်ကျစွာ အန္တရာယ်ပြုနေခြင်းကို ရပ်တန့်မှာသာလျှင် မြန်မာပြည်ကို နိုင်ငံတကာကရော သူ့ရဲ့ပြည်သူတွေကပါ တရားဝင်ဒီမိုနိုင်ငံအဖြစ် မြင်ကြမှာဖြစ်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအတွက်ပထမခြေလှမ်းကတော့ ရိုဟင်ဂျာများတည်ရှိနေခြင်းကို အသိအမှတ်ပြုပေးရပါလိမ့်မယ်။
  • Radio Free Asia’s Interview With A Muslim Fleeing To The Sea
    Radio Free Asia’s Interview With A Muslim Fleeing To The Sea
    The following is the transcript of Radio Free Asia’s interview with a Muslim man who was fleeing in the sea to escape riots in Kyaut Phyu township, Arakan state. The original interview in Burmese language was aired on October 24, 2012.
    RFA: Mr. Maung Ni, where are you now?
    Ans: We are at Kyaut Phyu, in the sea by motorboats.
    RFA: Which quarter in Kyaut Phyu do you live?
    Ans: We live in the east of Kyaut Phyu. It’s called Pait Saet or Kalar Pait Saet.
    RFA: Why are you there in the sea, elaborate to me ?
    Ans: We don’t have our homes anymore as all were destroyed. We have been chased [by Rakhines] or raided by rods and swords. So, we are fleeing to the sea by boats.
    RFA: How many of you are there now?  Families or individual?
    Ans: We are at sea now as we fled because they were chasing us with swords. They had also destroyed all of our houses.
    RFA: How many of you are there? Are they your families?
    Ans: Yes, families and relatives. There are also other people and about 7,000 in total.
    RFA: How many?
    Ans: About 7,000.
    RFA: Where are those 7,000?
    Ans: They are floating in the sea at Kyaut Phyu. Yes, of course, total of about 7,000.
    RFA: How are they staying in the sea? Are they in boats?
    Ans: They are in boats, sir.
    RFA: Where are those 7,000 from? Tell me.
    Ans: They are also from eastern Kalar Pait Saet .
    RFA: Tell me the latest situation of your quarter as you saw.
    Ans: There is no single house left in our quarter. As being nowhere to live, we came here by boats.
    RFA: Didn’t the army or police protect you from rioters? Didn’t they prevent rioters from burning houses?
    Ans: Yes, they did. But they are unable to protect us well because there are too many rioters. That’s why we fleet from the area.
    RFA: How many military personnel are there? How do they protect you?
    Ans: I saw 20-30 soldiers.
    RFA: Did this event start from last night or this morning?
    Ans: There were fewer attacks last night, but more attacks took place this morning since 8 AM.
    RFA: More attacks took place at 8 AM today, is that correct?
    Ans: Yes, more today started from 8 AM.
    RFA: Tell me what you saw last night – from the beginning to the latest situation.
    Ans: What happened was, since 8 PM last night, they started burning down Muslim houses in our quarter.
    RFA: How many of them? What did you see?
    Ans: There were army units and there are [unclear answer].
    RFA: Did you see by yourself or you heard it from someone else?
    Ans: I was there. Fire department was there. Together with the military, I was extinguishing fire.
    RFA: How many houses were burnt down?
    Ans: About 50 at that time. As I saw it by myself, it’s correct. Together with the army, I was extinguishing fire.
    RFA: You and the army together extinguishing fire, is that correct?
    Ans: Yes, yes. Fire department also came, but the fire couldn’t be extinguished completely.
    RFA: So?
    Ans: Rakhines came again and set on fire our mosque.
    RFA: Where was it?
    Ans: The old mosque.
    RFA: Where was it? Was it in Kyaut Phyu?
    Ans: Near Kalar Pait Saet office in Kyaut Phyu.
    RFA: Is the mosque still there? What happened?
    Ans: The mosque was not burnt down completely last night. But today at 8 am, the mosque (two mosques) were burnt down completely. When Rakhines started burning, Muslims tried to resist and retaliate. When Rakhines retreated a little bit, the army opened fire and three Muslim youth were shot dead.
    RFA: Where are they from? Tell me whose children they are.
    Ans: They are from our quarter.
    RFA: Did you see it by yourself or heard it from elsewhere?
    Ans: I was right beside there. My son was also there.
    RFA: Why did the army open fire? Tell me about the incident.
    Ans: When Rakhines came to set the mosque on fire, Muslims tried to counterattack with rods and swords. The army opened fire randomly and three Muslims got killed. Another 10 person got wounded.
  • ရခိုင်ပြည်နယ် အရေး NDPD ပါတီ ကြေငြာချက်ထုတ်
    အောက်တိုဘာ၊ ၂၅၊ ၂၀၁၂
    ရခိုင်ပြည်နယ်အတွင်း မီးရှို့မှု၊ လူသတ်မှု့၊ အနိုင်ကျင့်မှုများဖြစ်ပွားခြင်းနှင့် ပတ်သတ်၍ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) မှ သဘောထားထုတ်ပြန်ခြင်း
  • မိုင် ၃၆၀၀ လမ်းလျှောက်ပြီး မက္ကာဟ်သို့ ဟဂ်ျလုပ်ရန် လာသည့် ဘော့စနီးယားသား
    မိုင် ၃၆၀၀ လမ်းလျှောက်ပြီး မက္ကာဟ်သို့ ဟဂ်ျလုပ်ရန် လာသည့် ဘော့စနီးယားသား
    အောက်တိုဘာ၊ ၂၂၊ ၂၀၁၂
    M-Media
    မက္ကာ- နိုင်ငံပေါင်းခြောက်ခု၊ မိုင်ပေါင်း ၃၆၀၀ကျော်ကိုခြေလျင်ဖြတ်ကျော်ခဲ့ပြီးသည့်နောက် လေးဆယ့်ခုနစ်နှစ် အရွယ် ဘော့စ်နီးယားအမျိုးသားသည် သူ့ ဘ၀၏ အိပ်မက်ဖြစ်ခဲ့သော စင်ကြယ်လှသော  ဟာ့ဂ်ျခရီးစဉ်ကို သွားရောက်ရေးမှာ ပြည့်ဝသွားကာ ယခုအပတ်တွင် မြင့်မြတ်လှသော မက္ကာဟ်ရွှေမြို့တော်သို့ ခြေချနိုင်ခဲ့ပါပြီ။
    “ကျွန်တော ဟာ့ဂ်ျပြုချင်ပေမဲ့ ကျွန်တော့မှာ ပိုက်ဆံမရှိခဲ့ပါဘူး” ဟု Senad Hadzic ပြောကြားခဲ့ကို အောက်တိုဘာလ ၂၂ ရက်နေ့ တနင်္လာနေ့တွင် Emirates 24/7 တွင် ဖော်ပြထားပါသည်။
    “ကျွန်တော် ယူရိုငွေ ၂၀၀လောက်နဲ့ ဆော်ဒီအာရေးဗီးယားကို လမ်းလျှောက်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ”
    ဟာ့ဂ်ျပြုကျင့်ရန် စိတ်အားထက်သန်လျက် Hadzic သည် သူ၏ ရှည်လျားလှစွာသော ခရီးရှည်ကို သူ၏ ဇာတိဖြစ်သော မြောက်ပိုင်း ဘော့စ်နီးယား ဗန်နိုဗီချီမှ ၂၀၁၁ ဒီဇင်ဘာလ ကတည်းက စတင်ခဲ့ ခြင်း ဖြစ်ပါသည်။ သူ၏ ဘော့စ်နီးယားကျေးရွာကလေးမှ မက္ကာရွှေမြို့တော် အထိ ခရီးစဉ်တလျှောက်လုံး မိုင်ပေါင်း ၃၆၀၀ နီးပါး (၅၉၀၀ ကီလိုမီတာ) ခြေလျင်လျှောက်လာခဲ့ခြင်းဖြစ်ပါသည်။
    Hadzic သည် တစ်နေ့ကို ၁၂ မိုင်မှ မိုင် ၂၀ အတွင်း လမ်းလျှောက်လျက် မက္ကာမြိုတော်သို့ မရောက်မီ တူရကီ၊ ဂျော်ဒန်၊ ဆီးရီးယား အပါအ၀င် နိုင်ငံပေါင်း ခြောက်နိုင်ငံ မျှကို ဖြတ်သန်းလာခဲ့ရပါသည်။ သူ၏ အိတ်ထဲတွင်မူ ရာသီဥတုဒဏ်မှ ကာကွယ်ရန် ပလတ်စတစ်အိတ်ဖြင့် ပတ်ထားသော ကျမ်းမြတ်ကုရ်အာန် ကို သယ်ဆောင်လာခဲ့ပါသည်။
    သမ္မာကျမ်းစာ ၊မြေပုံများ နှင့် သူဖြတ်သန်းသွားရန် စီစဉ်ထားသည့် နိုင်ငံခြောက်နိုင်ငံ၏ အလံများကိုလည်း သယ်ဆောင်လာခဲ့ပါသည်။
    ပိုက်ဆံ မရှိသဖြင့် ဤမျှဝေးလံသော ခရီးကို လမ်းလျှောက်၍လာခဲ့ရကြောင်း You Tube ဗီဒီယိုဖိုင်တွင် သူပြောခဲ့သည့် အတိုင်းပင် သတင်းစာများတွင် လည်း ထိုသို့ ဖော်ပြခဲ့သည်။
    “ကျွန်တော်ဗလီဝတ်ကျောင်းတော်များ၊ စာသင်ကျောင်းများ နှင့် စိတ်ကောင်းရှိတဲ့ လူတချို့ ပေးတဲ့ အိမ်တွေအပါအ၀င် တခြားနေရာတွေမှာ ညအိပ်ခဲ့ရတယ်”ဟုသူပြောခဲ့သည်များကို You Tube ဗီဒီယိုဖိုင်တွင် ဖော်ပြခဲ့ပါသည်။
    “တချို့တွေက နယ်မြေရိုင်းတွေ ကြမ်းတမ်းတဲ့ ခရီးတွေကိုဖြစ်တစ်ယောက်တည်း ဖြတ်လာတာ ခင်ဗျား မကြောက်ဘူးလားလို့ မေးကြတော့ ကျွန်တော် အလ္လာဟ်က ကျွန်တော်နဲ့ အတူရှိနေလို့ ကြောက်စရာ မလိုပါဘူးလို့ပြန်ပြောခဲ့ပါတယ်”
    ကမ္ဘာ့ အကြီးအမားဆုံးသော စုစည်းမှုဖြစ်သည့် ဟာ့ဂ်ျခရီးစဉ်ကို လာကြတဲ့သူ အများစုသည် ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ ရောက်နေကြပြီ ဖြစ်ပါသည်။ ကမ္ဘာ အနှံ့အပြားမှ မုစ်လင်မ်များသည် အစ္စလာမ့် မဏ္ဍိုင်ကြီးငါးရပ်တွင် တစ်ရပ် အပါအ၀င်ဖြစ်သော ဟာ့ဂ်ျကျင့်စဉ် ပြုရန် မက္ကာမြို့တော်သို့ နှစ်စဉ် လာရောက်ကြပါသည်။
    ဟာ့ဂ်ျကျင့်စဉ်တွင် တမန်တော်အီဗရာဟင်မ်(အ) နှင့် သူ၏ အွမ္မသ်သားချင်းများ လုပ်ဆောင်ခဲ့သည်များ ပုံဖော်လုပ်ဆောင်ခြင်း နှင့် မဖြစ်မနေကျင့်ကြံရမည့် အစ္စလာမ့် ယုံကြည်ချက် သဘောတရားများကို ပုံဖော်ခြင်း တို့နှင့် သက်ဆိုင်သည့် များစွာသော ကျင့်စဉ် အဆင့်ဆင့်တို့ ပါဝင်ပေသည်။
    ငွေကြေးတတ်နိုင်ကာ ကိုယ်ခန္ဓာချို့ယွင်းခြင်းမရှိသော အရွယ်ရောက်ပြီးသော မုစ်လင်မ်တိုင်းသည် မိမိတို့၏ ဘ၀တွင် အနည်းဆုံး ဟာ့ဂ်ျ တစ်ကြိမ်မျှပြုလုပ်ကြရန် တာဝန်ရှိပေသည်။
    ဟာ့ဂ်ျကျင့်စဉ်သည် အစ္စလာမ့် ပြက္ခဒိန်၏ ဇုလ်ဟဂ်ျလ၏ ရှစ်ရက်မြောက်နေ့ ယခုနှစ်တွင် အောက်တိုဘာ ၂၄ ရက်နေ့တွင် စတင်မည် ဖြစ်ပါသည်။
    Source: http://www.onislam.net
  • “အပြစ်မဲ့ ပြည်သူတွေ သေနေတာ ဝမ်းနည်းဖို့ ကောင်းတယ်”
    “အပြစ်မဲ့ ပြည်သူတွေ သေနေတာ ဝမ်းနည်းဖို့ ကောင်းတယ်”
    ဧရာဝတီ| October 25, 2012 |
    လက်ရှိ ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး အစရှိသည့် ဒေသများတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများ ဆက်လက် ကြီးထွားနေသည်။ ထိုအချိန်တွင် အစ္စလမ်ဘာသာရေး ခေါင်းဆောင်များက လာမည့် စနေနေ့ အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကိုရ်ဘာနီ အိဒ်ပွဲတော် မကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။
    ထို့ကြောင့် အိဒ်ပွဲတော် မကျင်းပဖြစ်သည့် ကိစ္စနှင့် OIC အပေါ် မြန်မာမွတ်စလင်များ မည်သို့ မျှော်လင့်ထားသည်၊ မည်သို့ သဘောထားသည်ကို သိရှိနိုင်ရန် မြန်မာနိုင်ငံ အစ္စလမ် သာသနာ ရေးရာ ကောင်စီတွင် ကာလကြာရှည်စွာ အဖွဲ့ဝင်ဖြစ်ခဲ့သူ၊ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာမှ စတင်ကာ တွဲဘက် အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ယူ၍ မြန်မာနိုင်ငံအတွင်းရှိ အစ္စလမ်ဘာသာဝင်များ၏ ရေးရာ ကိစ္စရပ်များကို ဆောင်ရွက် နေသည့် ဦးဝဏ္ဏရွှေနှင့် ဧရာဝတီသတင်းထောက် ဇွဲထက်က တွေ့ဆုံ မေးမြန်းထားပါသည်။
    အစ္စလာမ် သာသနာရေးရာ ကောင်စီ တွဲဘက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေ
    မေး။ ။ ဒီနှစ် ကိုရ်ဘာနီ အိဒ်ပွဲ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စက ရခိုင်ပြည်နယ်က လက်ရှိ ပဋိပက္ခ အရေးကိစ္စတွေကြောင့်လား။
    ဖြေ။ ။ မင်းပြားတို့၊ ကျောက်ဖြူတို့မှာ ဖြစ်နေတဲ့ ကိစ္စက အိဒ် မလုပ်ရလို့ ဖြစ်တာ မဟုတ်ဘူး။ ကျောက်ဖြူတို့ မင်းပြားတို့ အပါအ၀င် အခုဖြစ်နေတဲ့ ပဋိပက္ခတွေကတော့ အိဒ် မလုပ်ဖြစ်တဲ့ အထဲမှာ အချက်တချက် အနေနဲ့ ပါဝင်နေတယ်။
    မေး။ ။ အိဒ် မလုပ်နိုင်တဲ့အတွက် ဘာသာရေးနဲ့ ပတ်သက်လို့ ထိခိုက်မှု မရှိနိုင်ဘူးလား။
    ဖြေ။ ။ အိဒ် မလုပ်နိုင်တဲ့ အပေါ်မှတော့ လူမျိုးတိုင်း ဘာသာတိုင်းပါပဲ၊ ကိုယ့်ဘာသာရေး နှစ်စဉ် တနှစ်တခါ လုပ်ရတဲ့ အခမ်းအနား မကျင်းပဖြစ်ဘူးဆိုရင် အတိုင်းမသိ ၀မ်းနည်းရတာ ပေါ့နော်။ ဒါပေမယ့် အပြစ်မဲ့တဲ့ ပြည်သူတွေ ဒုက္ခရောက်မှုနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဘာသာရေးအရ ပြုမူချက် တခုကို မလုပ်လိုက်ရလို့ ၀မ်းနည်းတာထက် အပြစ်မဲ့ ပြည်သူတွေ သေနေတာက ပိုဝမ်းနည်းဖို့ ကောင်းပါတယ်။
    လူသားတွေဟာ ကိုးကွယ်ယုံကြည်မှု အရေးကြီးသလို၊ အသက်ရှင်ဖို့ လုံခြုံမှုရှိရေးက အရေးအကြီးဆုံးလို့ ထင်တယ်။ ဘာမှ အပြစ်မရှိဘဲနဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ် လူမမယ်တွေ ဒုက္ခရောက်နေတဲ့ ဒီအနေအထား အခြေအနေဆိုးကြီးက မအိပ်နိုင် မစားနိုင် ဖြစ်နေတယ်။ ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး။
    မေး။ ။ အိဒ် လုပ်ဖြစ်၊ မလုပ်ဖြစ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစ္စလမ် ဘာသာဝင်အချင်းချင်း သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့တဲ့အပေါ် ဘာပြောချင်ပါသလဲ။
    ဖြေ။ ။ ကျနော်တို့ကို အစိုးရကနေပြီးတော့ အိဒ် မလုပ်နဲ့လို့ မပြောဘူး၊ မတားဘူး၊ အစိုးရက ကျနော်တို့ကို မတားသလို ကျနော်တို့ ကလည်း မွတ်စလင် လူထုကို အိဒ် မလုပ်ရဘူးလို့ အမိန့်ပေး တားဆီးတာ မဟုတ်ဘူး။ အစ္စလမ် ဘာသာရေးအဖွဲ့ အစည်းတွေက တဘက်မှာ အစ္စလမ် တရားဓမ္မ သက်သက်ကို ကိုယ်းကွယ်ယုံကြည်သူတွေ ရှိသလို တဘက်မှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေကို သုံးသပ် ပြီးတော့ နိုင်ငံတော်အတွက်ရော၊ ကျနော်တို့ ဘာသာဝင်တွေ အတွက်ပါ ကြည့်တဲ့သူတွေ ရှိပါတယ်။
    ဒီနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် အတွင်း ဘာသာတခုနဲ့ တခု နားလည်မှုက တော်တော်ကို အထိခိုက် မခံနိုင်ဆုံး အခြေအနေမှာ ရောက်နေတယ်။ ရခိုင်ပဋိပက္ခကို အကြောင်းပြုပြီးတော့ ဘာသာတခုနဲ့ တခုအကြား နားလည်မှုတွေ ပျက်နေတယ်။ အဲဒီလို အခြေအနေမျိုးမှာ ငါတို့ဘာသာ တရားအရ ဘာသာရေး အခမ်းအနားပဲ၊ ငါတို့လုပ်မှာပဲ ဆိုပြီးတော့ ထည့်သွင်း မသုံးသပ်ဘဲနဲ့ လုပ်လိုက်ရင် နောင်မှာ ပြင်နိုင်ခဲတဲ့ အခြေအနေမျိုးတွေ ကြုံလာမှာကို စိုးရိမ်တယ်။ ဒီတနှစ်ကို ကျနော်တို့က အနစ်နာခံလိုက်တယ်၊ စွန့်လွှတ်လိုက်တယ်။ နောက်ဆုတ်လိုက်ခြင်း အားဖြင့် တသက်လုံး ကျနော်တို့ တသက်လုံး ဒီနိုင်ငံမှာ အေးအေးချမ်ချမ်းနဲ့ ဒီပွဲတော်ကိုကျင်းပ သွားနိုင်မယ်လို့ ယူဆပြီး ဆောင်ရွက်တာ ဖြစ်တယ်။
    မေး။ ။ မြန်မာနိုင်ငံ အစ္စလမ် သာသနာရေးရာကောင်စီ အနေနဲ့ OIC ရုံး မြန်မာပြည်မှာ ဖွင့်သင့်တယ်လို့ ယူဆပါသလား။
    ဖြေ။ ။ OIC တင်မဟုတ်ဘူး မြန်မာနိုင်ငံက ဒုက္ခရောက်နေတဲ့ ပြည်သူ လူမျိုးမရွေး၊ ဘာသာမရွေး အကူအညီပေးမယ် ဆိုရင် ဘယ်အဖွဲ့အစည်းကို မဆို ကြိုဆိုတယ်။ ကျနော်တို့ နိုင်ငံမှာ ရှိနေတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ကြည်မှုကိုတော့ အနှောက်အယှက် မဖြစ်စေရဘူးပေါ့။ အကူအညီတွေ လိုနေတာအမှန်ပဲ။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အစ္စလမ် သာသနာရေးရာ ကောင်စီအဖွဲ့တွေအနေနဲ့ တက်နိုင်သလောက် ရှာဖွေတယ်၊ လိုအပ်ချက်နဲ့ ရှာဖွေနိုင်တဲ့ အတိုင်းအတာနဲ့က မကာမိဘူး။ အကူအညီအများကြီး လိုနေတယ်။ သို့သော် ရှိနေတဲ့ အခြေအနေ ပျက်ယွင်းသွားမယ် ဘာသာတခုနဲ့ တခု၊ လူမျိုး တခုနဲ့တခု ကြားမှာ နားလည်မှု ပျက်ပြားသွားမယ် ဆိုရင်တော့ ဒီဟာကိုတော့ အထိခိုက် မခံလိုပါဘူး။
    မေး။ ။ အစ္စလမ်နိုင်ငံ ၅၇ နိုင်ငံ ပူးပေါင်းဖွဲ့စည်းထားတဲ့ OIC အဖွဲ့နဲ့ မြန်မာနိုင်ငံက မြန်မာမွတ်စလင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ အဆက်အသွယ် ရှိပါသလား။
    ဖြေ။ ။ OICဆိုတာ အစ္စလမ်အများစု နေထိုင်တဲ့ နိုင်ငံ အစိုးရတွေ ဖွဲ့ထားတာ၊ အစိုးရ အချင်းချင်း ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒီနိုင်ငံမှာ အစ္စလမ်က အများစု မဟုတ်တဲ့အတွက် OIC အဖွဲ့ဝင်အဖြစ် မပါဘူး။ မပါတဲ့အတွက် OIC နဲ့မြန်မာမွတ်စလင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ တခါမှ အထိအတွေ့ အဆက်အဆံ မရှိခဲ့ဘူး။ OIC နဲ့ ထိတွေ့ ဆက်ဆံတာက နိုင်ငံတော်အစိုးရပဲ ဖြစ်တယ်။ သူတို့ ဘာတွေ သဘောတူကြလဲ ဆိုတာ အသေးစိတ်မသိဘူး။
    မေး။ ။ OIC ရုံး မြန်မာပြည်မှာ လာဖွင့်မယ်ဆိုရင် မြန်မာမွတ်စလင်တွေ အနေနဲ့ ကောင်းကျိုး ဆိုးကျိုး ဘာတွေ ရှိနိုင်မယ်လို့ ယူဆပါသလဲ။
    ဖြေ။ ။ ကမ္ဘာမှာရှိတဲ့ မွတ်စလင်နိုင်ငံ ၅၇ နိုင်ငံ ဆိုတာ အကြမ်းဖက်မှုကို ဆောင်ရွက်နေတဲ့ နိုင်ငံတွေမဟုတ်ဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေပဲ။ တချို့နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ရှိတယ်၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တာ ရှိတယ်။ တခါမှ အကျိုးယုတ်ခဲ့တာတော့ မတွေ့ဘူး။ OIC နဲ့ ဆက်သွယ် ဆောင်ရွက်ချင်းအားဖြင့် မြန်မာနိုင်ငံအတွက် တစုံတရာ အကျိုးနစ်နာမယ်လို့ အခုချိန်အထိ မမြင်ပါဘူး။
    မေး။ ။ မွတ်စလင် မဟုတ်တဲ့ တခြားဘာသာဝင်တွေက ကန့်ကွက်တဲ့ OIC အဖွဲ့က မြန်မာနိုင်ငံရဲ့ အမျိုးသားရေးကို တကယ်ပဲ ထိခိုက်နိုင်တယ်လို့ ထင်ပါ သလား။
    ဖြေ။ ။ OIC နဲ့ စပြီးတော့ မြန်မာနိုင်ငံနဲ့ ဘာတွေဆောင်ရွက်တယ်၊ ဘယ်လိုေ ဆာင်ရွက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း အစကတည်းက သိထားရင် ပြည်သူအများစုက ဒီလိုမြင်မှာ မဟုတ်ဘူး။ OIC နဲ့ ဘယ်လို ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မယ်၊ ဘာတွေလုပ်မယ်၊ ဘာတွေကူညီမယ်ဆိုတာ ထင်သာမြင်သာ ရှိခဲ့ရင် ဒီလိုမဖြစ်ဘူး။
    နိုင်ငံတော်က ဒီလိုကိစ္စတွေမှာ ဆောင်ရွက်တယ်ဆိုရင် နဂိုကတည်းက ထင်သာမြင်သာရှိအောင် လုပ်ရမယ်။ အစ္စလမ်နဲ့ ပတ်သက်တယ်ဆိုရင် အစ္စလမ် ဘာသာရေး အဖွဲ့အစည်းတွေလည်း သိနေရမယ်။ နိုင်ငံသားတိုင်းနဲ့ ပတ်သက်တဲ့ကိစ္စ၊ နိုင်ငံတော် အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင်လည်း နိုင်ငံသားတိုင်းဟာ အသေးစိတ် သိရှိနေမယ်ဆိုရင် မလိုလားအပ်တဲ့စကားချဲ့ကားမှုတွေ လျော့နည်းသွားမယ်လို့ ယူဆပါတယ်။
    OIC မရှိခင်ကလည်း မြန်မာနိုင်ငံမှာ အစ္စလမ် သာသနာ ရှိခဲ့တာပဲ။ ဒီဟာက မြန်မာ မွတ်စလင်တွေ အကျိုးအတွက် မဟုတ်ဘူး။ ရခိုင်ဒေသမှာနေတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အကျိုးပဲ။
    မေး။ ။ OIC အနေနဲ့ မြန်မာနိုင်ငံမှာ လာပြီးကူညီမယ်ဆိုရင် ဘယ်လို ကူညီလိမ့်မယ်လို့ ထင်လဲ။
    ဖြေ။ ။ OIC ဆိုတာ ကမ္ဘာ့နိုင်ငံတွေနဲ့ ဖွဲ့တာ၊ အကြီးကြီး။ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အစ္စလမ် အဖွဲ့တွေတောင်မှ ကူညီတဲ့အခါမှာ အစ္စလမ် ဘာသာဝင်တွေကိုလည်း ကူညီတယ်၊ တခြားဘာသာဝင် ဒုက္ခရောက်နေတဲ့ သူတွေကိုလည်း အလျဉ်းသင့်သလို ကူညီတယ်။ ဒုက္ခရောက်နေတယ် ဆိုရင် ဘာသာ မခွဲတော့ဘူး၊ အားလုံးလူသားပဲ မြင်တယ်။ OIC ဘယ်လို အစိုးရနဲ့ သဘောတူ ထားလဲဆိုတာ အသေးစိတ်မသိဘူး။ တဘက်နဲ့ တဘက် နားလည်မှုလွဲပြီး ဒုက္ခရောက်နေတဲ့ အခြေအနေမျိုးတွေမှာ ပိုလိုတယ်။ ကူညီတဲ့အခါမှာ ဒုက္ခရောက်နေတဲ့ ပြည်သူ အားလုံးကို ကူညီလိုက်မယ်ဆိုရင် ဒီဒုက္ခကလည်း လွန်မြောက်သွားမယ်။ ဒီပြည်သူတွေ ကြားမှာလည်း ချစ်ကြည်မှုက ပြန်လည် ဖြစ်လာမယ်လို့ ယူဆတယ်။
    မေး။ ။ OIC ကန့်ကွက်မှုကြောင့် သမ္မတ ဦးသိန်းစိန် နိုဘဲလ်ဆုနဲ့ လွဲခဲ့တယ်လို့ ထင်ပါသလား။
    ဖြေ။ ။ အဲဒီလိုတော့ မမြင်ဘူး။ နိုဘဲလ်ဆု ဆိုတာလည်း တော်တော် ခဲရခဲဆစ် ရခဲတဲ့ဟာလေ။ ဆောင်ရွက်ချက်တွေ ကောင်းတိုင်းလည်း မဟုတ်သေးဘူး။ သူ့နဖူးစာ ပါမှရတာလေ။ ကျနော်တို့ နိုင်ငံက သမ္မတ အနေနဲ့ ဘာပဲပြောပြော နိုဘဲလ်ဆု လျာထား စာရင်းမှာ ပါတယ်ဆိုတာကို သဘောကျပါတယ်၊ ၀မ်းသာပါတယ်။
    မေး။ ။ ရိုဟင်ဂျာ အရေးကိစ္စက အမျိုးသား အရေးလို့ ယူဆလား၊ ဘာသာရေးလို့ ယူဆပါသလား။
    ဖြေ။ ။ အခု ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ကိစ္စက အဓိက တရားဥပဒေ စိုးမိုးရေးပဲ။ ရခိုင်ဒေသမှာ ဖြစ်တဲ့ ဒီပဋိပက္ခ ပြဿနာ မပေါ်ပေါက်ခင် ကတည်းက အဲဒီဒေသမှာ ရှိတဲ့ တည်ဆဲ ဥပဒေတွေနဲ့အညီ မဆောင်ရွက်ခဲ့ဘူး။ နှစ်ပေါင်းများစွာ ကြာလာတော့ အခုဖြစ်တာ။ ဘာသာရေး အရတော့ ဘာမှမပြောလိုဘူး၊ ဒါနိုင်ငံရေးအရ ဖြေရှင်းရမယ့် အရာ။မေတ္တာရပ်ခံ လိုတာက အဲဒီဒေသမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံသားတွေ ဖြစ်နေရင်၊ နိုင်ငံသား အခွင့်အရေး မရဘူးဆိုရင် ဒါ နစ်နာတယ်။ပုဂ္ဂလိက တဦးချင်း နစ်နာသလို နိုင်ငံတော်အတွက်လည်း နစ်နာတယ်။ နိုင်ငံသားမဟုတ်တဲ့ သူကို နိုင်ငံသားပေးရင် နိုင်ငံတော်အတွက် နစ်နာသလို နိုင်ငံသား ဖြစ်ထိုက်ပါလျက်နဲ့ နိုင်ငံသား မရဘူးဆိုရင်လည်း နစ်နာတယ်။ ဒါတွေအားလုံးကို ငြိမ်းချမ်းတဲ့ နည်းနဲ့ အေးအေးဆေးဆေး ဖြေရှင်းသွားမယ်၊ ဥပဒေနဲ့ ဆောင်ရွက်သွားမယ် ဆိုရင် ငြိမ်းချမ်းသွားမယ်။
    ရခိုင်ဒေသမှာရှိတဲ့ နှစ်ဘက်သော ပြည်သူများ အလွန် ဒုက္ခရောက်ပါတယ်။ အထောက်အကူ ဖြစ်စေတဲ့ လုပ်ငန်းများကိုပဲ အားလုံး ဒီအချိန်မှာ အာရုံထားပြီးတော့ လက်တွဲ ဆောင်ရွက်ကြပါလို့ တတ်နိုင်သမျှ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ဒီအခက်အခဲ အကျပ်အတည်းမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အရင်ဆုံး သူတို့ဘ၀လေး ပုံမှန်ဖြစ်အောင် ဆောင်ရွက်ပြီးတော့မှ ကျန်တဲ့ ပြဿနာတွေကို အေးချမ်းစွာ ဆက်လက်ပြီး ဥပဒေနဲ့အညီ ဖြေရှင်းကြပါလို့ မေတ္တာရပ်ခံ လိုပါတယ်။ OIC နဲ့ ကမ္ဘာ့ နိုင်ငံကြီးများ ဘယ်လိုသဘောထားလဲ၊ ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ ဘယ်လို သဘောထားလဲ၊ ဒီဟာတွေအပေါ်မှာ လေ့လာပြီး ပြောတဲ့သဘောပါ။
    မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးရာ ကောင်စီ၏ တွဲဘက် အတွင်းရေးမှူးချုပ် (ဓာတ်ပုံ – ဇွဲထက် / ဧရာဝတီ)