News @ M-Media

Author: M-Media

  • ကျောက်ဖြူမှ မွတ်စလင်မ်ဒုက္ခသည်အချို့ စစ်တွေ ဒုက္ခသည် စခန်းသို့ရောက်

    ကျောက်ဖြူမှ မွတ်စလင်မ်ဒုက္ခသည်အချို့ စစ်တွေ ဒုက္ခသည် စခန်းသို့ရောက်

    အောက်တိုဘာ၊ ၂၅၊ ၂၀၁၂
    M-Media
    သတင်း-ဇာဏီ

    ၂၅.၁၀.၁၂ (ည – ၈း၂၃ နာရီ)

    ကျောက်ဖြူကနေ မနေ့က စက်လှေနဲ့ထွက်ပြေးခဲ့ကြရတဲ့ မွတ်စလင်မ်ဒုက္ခသည်တချို့ ဒီနေ့မနက်ပိုင်းမှာ စစ်တွေကို ရောက်ရှိခဲ့ကြောင်းသတင်းရရှိပါတယ်။

    စစ်တွေရောက် ကျောက်ဖြူမှ မွတ်စလင်မ်ဒုက္ခသည်တစ်ဦးနှင့် အဆက်အသွယ်ရစဉ် သူတို့အခြေအနေကို မေးမြန်းဖြစ်ခဲ့ပါသည်။

    “မနေ့က ညနေ ၅-နာရီမှာ ကျောက်ဖြူက ထွက်ခဲ့ပါတယ်။ မနေ့ညကတော့ ပင်လယ်ထဲမှာပဲ အိပ်ခဲ့ကြပါတယ်။ ဒီနေ့မနက် ၆-နာရီမှာ စစ်တွေကိုရောက်တယ်။ အခုလည်းနောက်ထပ် စက်လှေ ၁၅-စီး စစ်တွေကိုရောက်တယ်။ ပင်လယ်က ရွာဝမှာပဲရှိသေးတယ်။ ပေးမ၀င်သေးဘူး အဲဒီစက်လှေတွေကို။ ဟုတ်တယ် အခု ကျွန်တော်တို့က သဲချောင်းမှာ။ ဒုက္ခသည်စခန်းမဟုတ်ဘူးဗျ။ ရွာထဲမှာပါ။ မဟုတ်ဘူး။ ယာယီတဲစခန်းတွေမရှိဘူး။ ရွာထဲက အိမ်တွေမှာပဲ။ အိမ်တအိမ်စီကနေ လူ ၄-၅ ယောက်စီခေါ်ထားကြတယ်။ ဟုတ်ကဲ့ ဒီရွာမှာတော့ အခုအချိန်ထိ ရခိုင်တွေဘက်က ပြဿနာရှာမယ့်ပုံစံ မရှိသေးဘူး။ ဒါပေမယိ့ ကျွန်တော်တို့ စိတ်မအေးပါဘူး။ သောကတွေခံစားနေရပါတယ်။ ဟုတ်ကဲ့ ဟုတ်ကဲ့ ဟဲလို ဟလို” ပြောနေရင်း ဖုန်းလိုင်းပြတ်တောက်သွားတာကြောငိ့ အဆက်အသွယ်ပြန်ရတာနဲ့ ထပ်မံဖော်ပြပေးပါမည်။

     

    ဓါတ်ပုံများကြည့်လိုလျှင်

  • ရခိုင်များ အကြမ်းဘက်မှု့ကြောင့် ပင်လယ်ပြင်သို့ ထွက်ပြေးရသော ကျောက်ဖြူမှ မွတ်စလင်တစ်ဦး နှင့် RFA အင်တာဗျုး

    ရခိုင်များ အကြမ်းဘက်မှု့ကြောင့် ပင်လယ်ပြင်သို့ ထွက်ပြေးရသော ကျောက်ဖြူမှ မွတ်စလင်တစ်ဦး နှင့် RFA အင်တာဗျုး

    အောက်တိုဘာ၊ ၂၄ ၊ ၂၀၁၂

    M-Media

    မေး။ ။ ဦးမောင်နီ၊ အခုဘယ်ကိုရောက်နေလည်း အကိုတို့..
    ဖြေ။ ။ ကျနောတို့အခု ကျောက်ဖြူအဝမှာ ရောက်နေတယ်၊ ပင်လယ်ပြင်မှာ စက်လှေနဲ့ေ၇ာက်နေတယ်။

    မေး။ ။ အကိုတို့က ဘယ်မှာ ဘယ်ရပ်ကွက်မှာနေတာလဲ၊ ကျောက်ဖြူ ဘယ်ရပ်ကွက်မှာ နေတာလဲ။
    ဖြေ။ ။ ကျောက်ဖြူ အရှေ့ပိုင်း ပိုက်ဆိပ်လည်းခေါ်တယ်၊ ကုလားပိုက်ဆိပ်လည်း ခေါ်တယ်။

    မေး။ ။ အကိုတို့က ဘာကြောင့် အဲ့ဒီပင်လယ်ဝကို ရောက်နေတာလည်းခင်ဗျ၊ ပြောပြပါ။
    ဖြေ။ ။ ကျနော်တို့ အိမ်တွေလည်း မရှိဘူး၊ အိမ်တွေလည်း အကုန်ကုန်ပြီ။ ကျနော်တို့ကို အကုန်တုတ်နဲ့ ဓားနဲ့ ဝိုင်းစီးလာကြတယ်၊ အဲ့ဒါကြောင့် ကျနော်တို့ စက်လှေနဲ့ ပြေးနေကြတာ။

    မေး။ ။ အကိုတို့ အခုပြေးနေကြတာ ဘယ်နှစ်ယောက်လောက် ရှိလည်းခင်ဗျ၊ မိသားစုတွေလား၊ ဘာတွေလည်း တစ်ယောက်ချင်းစီ ပြေးတာလား။
    ဖြေ။ ။ ကျနော်တို့ကို အခုပင်လယ်ပြင်မှာ၊ ကျနော်တို့ကို ဓါးနဲ့ခုတ်ဖို့လိုက်လို့၊ ကျနော်တို့ အိမ်တွေ ဒီနေ့မနက် မီးရှို့လို့ အကုန်ကုန်ပြီ၊ အခု ပင်လယ်ပြင်မှာ ပြေးနေကြတာ။

    မေး။ ။ အခုပင်လယ်ဝကို ရောက်နေတယ်ဆိုတာက လူဦးရေ ဘယ်လောက်လောက် ရောက်နေတာလည်း၊ အကိုတို့ ဟို မိသားစုတွေလား ဘာလည်း ပြောပြပါ။
    ဖြေ။ ။ မိသားစုဆိုရင် အကုန်လုံး ဆွေမျိုးမိသားစုတွေ ပါတယ်၊ မမျိုးတဲ့သူတွေပါတယ်၊ စုစုပေါင်း လူဦးရေ ၇၀၀၀ လောက်တော့ ရှိမှာ..

    မေး။ ။ ဘယ်လောက်လောက်ရှိတယ်.
    ဖြေ။ ။ လူဦးရေ ခုနှစ်ထောင်လောက်တော့ ရှိတယ်။

    မေး။ ။ ဘယ်မှာလည်း လူဦးရေ ခုနှစ်ထောင်ဆိုက။
    ဖြေ။ ။ ကျောက်ဖြူ ပင်လယ်ပြင်မှာ စက်လှေနဲ့ မျှောနေတယ်။ ရှိတယ် ရှိတယ် ရှိတယ်.. စုစုပေါင်း ခုနှစ်ထောင်လောက် ရှိတယ်။

    မေး။ ။ ဆိုတော့ ပင်လယ်ဝမှာ ဘယ်လိုမျိုးနေကြလည်း၊ လှေပေါ်မှာ နေကြတာလားခင်ဗျ။
    ဖြေ။ ။ လှေပေါ်မှာ နေကြတာဆရာရေ့၊ လှေပေါ်မှာ နေကြတာ။

    မေး။ ။ ဆိုတော့ အဲ့ဒီ အခု ခုနှစ်ထောင်လောက်ဆိုတဲ့ လူတွေက ဘယ်ရပ်ကွက်ကလည်း၊ ဘယ်နေရာကလည်း ကျနော့်ကို ပြောပြပါ။
    ဖြေ။ ။ အဲ့ဒီ အရှေ့ပိုင်း ကုလားပိုက်ဆိပ်ကပဲ။

    မေး။ ။ ဦးမောင်နီတို့ နေခဲ့တဲ့ရပ်ကွက်ရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုတွေ့ခဲ့ရသလဲခင်ဗျ ပြောပြပါ။
    ဖြေ။ ။ အိမ်ခြေ တစ်အိမ်လည်း မရှိတော့ဘူး၊ ကျနော်တို့ ရပ်ကွက်မှာ အိမ်မရှိဘူး၊ လူနေစရာလည်း မရှိဘူးဆိုပြီးတော့ ကျနော်တို့ စက်လှေပေါ် တက်ပြီးတော့ မောင်းချလာကြတာ ဆရာ။

    မေး။ ။ ဆိုတော့ အဲ့ဒီမှာ စစ်တပ်တို့ ရဲတို့ဘာတို့က ကာကွယ်တားဆီးတာတွေ ဘာတွေ မလုပ်ပေးဘူးလားခင်ဗျ အဲ့လိုမီးရှို့တာကို။
    ဖြေ။ ။ အေး ကာကွယ်တယ် ကာကွယ်တယ်၊ မနိုင်ဘူး လူဦးရေက များတာကိုး အဲဒါ မနိုင်ဘူး ဆရာရေ အဲ့ဒါကြောင့် ကျနော်တို့ ပြေးလာရတာ။

    မေး။ ။ ဆိုတော့ စစ်တပ်က အင်အားဘယ်လောက်လောက်ရှိလည်း၊ ဘာတွေတွေ့လည်း၊ သူတို့ ဘာတွေဘယ်လို ကာကွယ်ပေးလည်း တွေ့လည်း။
    ဖြေ။ ။ စစ်သားလေးတွေက ၂၀ – ၃၀ လောက်တွေ့တယ်။

    မေး။ ။ ဦးမောင်နီတို့ အခုပြောတဲ့အဖြစ်အပျက်တွေက မနေ့ညက ဖြစ်တာလား၊ ဒီကနေ့ မနက်ဖြစ်တာလား။
    ဖြေ။ ။ မနေ့ညက ဖြစ်တာနည်းတယ်၊ ဒီနေ့မနက် ၈ နာရီက ဖြစ်တာများတယ်။

    မေး။ ။ မနက်က ၈ နာရီက ထပ်ဖြစ်သေးတယ် အဲ့လိုလား။
    ဖြေ။ ။ ဒီနေ့မနက် ၈ နာရီက များတယ်။

    မေး။ ။ မနေ့ညက အကိုမြင်ခဲ့တာဟာကို စဖြစ်ဖြစ်ချင်း နောက်ဆုံးအခြေအနေထိ ကျနော်တို့ကို ပြောပြပါ။
    ဖြေ။ ။ အင်း ကျနော်တို့ ဘယ်လိုဖြစ်သွားလည်း ဆိုရင် မနေ့ညနေပြီးတော့ ၈ နာရီလောက်ကနေပြီးတော့ ကျနော်တို့ မွတ်စလင်ရပ်ကွက်ကို မီးရှို့တယ်။

    မေး။ ။ ဆိုတော့ ဘယ်နှစ်ယောက်လည်း ခင်ဗျ၊ ဘာတွေ တွေ့လည်း။
    ဖြေ။ ။ ဘာတွေတွေ့လည်းဆိုရင် အဲ့ဒီမှာ စစ်တပ်တွေလည်း ရှိတယ် ဘင်းကာအဖွဲ့ (သိပ်မရှင်းပါ) လည်း ရှိတယ်။

    မေး။ ။ အကိုကိုယ်တိုင် တွေ့ခဲ့ရတာလား၊ ဒါမှမဟုတ် သူများပြောတာ ကြားတာလား။
    ဖြေ။ ။ ကျနော်ကိုယ်တိုင် ရှိတယ်၊ မီးသတ်သမားတွေ ရှိတယ်၊ စစ်တပ်တွေနဲ့ ပေါင်းပြီးတော့ မီးတွေဘာတွေကို ရေတွေဘာတွေလောင်းတော့ ကျနော်ပါတယ်။

    မေး။ ။ ဆိုတော့ အိမ်ဘယ်နှစ်လုံးပါသွားလည်းခင်ဗျ။
    ဖြေ။ ။ အိမ်ကနေပြီးတော့ အဲ့ဒီအချိန်မှာ ၅၀ လောက် ၅၀ ပတ်ဝန်းကျင်လောက် ပါသွားတယ်။ ကျနော်ကိုယ်တိုင် တွေ့တယ်။ ကျနော်ပြောတာ အမှန်ပဲ၊ ကျနော်တို့ စစ်တပ်တွေနဲ့ ပေါင်းပြီးတော့ ရေတွေဘာတွေ လောင်းတာ ကျနော်ကိုယ်တိုင်ပါတယ်။

    မေး။ ။ စစ်တပ်နဲ့ အကိုတို့နဲ့က ပေါင်းပြီးတော့ မီးသတ်တာလား၊ အဲ့လိုလား။
    ဖြေ။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျနော် မီးတွေဘာတွေ သတ်ပြီးတော့ မီးသတ်ကားတွေ မီးတွေဘာတွေ လာသတ်တယ်။ သတ်လို့နေပြီးတော့ မနိုင်ဘူး။

    မေး။ ။ မနိုင်တော့
    ဖြေ။ ။ မနိုင်နေပြီးတော့ နောက်ငယ်ငယ်လာပြီးတော့ ရခိုင်တွေက နောက်ထပ်လာပြီးတော့ ကျနော်တို့ ဗလီကိုလာပြီး မီးရှို့တယ်။

    မေး။ ။ ဘယ်နားက ဗလီလည်း ခင်ဗျ။
    ဖြေ။ ။ အဲ.. ဗလီဟောင်း

    မေး။ ။ ဘယ်နားမှာလည်း၊ ကျောက်ဖြူမြို့ထဲမှာလား။
    ဖြေ။ ။ ကျောက်ဖြူက ကုလားပိုက်ဆိပ် ရုံးတဲနားမှာ

    မေး။ ။ ဆိုတော့ ဗလီက အခုရှိသေးလား၊ ဘာဖြစ်သွားလည်း။
    ဖြေ။ ။ အဲ့ဒီအချိန်မှာ မနေ့ကအချိန်မှာ ဗလီက အကုန်လုံးမလောင်သွားဘူး။ ဒီနေ့မနက် ၈ နာရီ ထပ်ဖြစ်တဲ့အချိန်မှာ အဲ့ဒီ ဗလီနှစ်လုံးပါ အကုန်လောင်သွားတယ်။ နှစ်လုံး နှစ်လုံး ဒီနေ့မနက်လောင်တာ၊ အဲ့လို စရှို့တဲ့အချိန်မှာ ကျနော်တို့ မွတ်စလင်တွေနဲ့ ရခိုင်တွေနဲ့
    အပြန်အလှန်ဖြစ်တဲ့အချိန်မှာ ရခိုင်က နည်းနည်းပြန်ဆုပ်တဲ့အချိန်မှာ စစ်တပ်က ပစ်ပြီးတော့ ကျနော်တို့ မွတ်စလင်ကလေး ၃ ယောက်ဆုံးသွားတယ်။ အဲ သေနတ်ပစ်တဲ့ ဒါဏ်ရာနဲ့ပဲ

    မေး။ ။ ဆိုတော့ အဲ့ဒီကလေးတွေက ဘယ်ကလည်းခင်ဗျ၊ ဘယ်ရပ်ကွက်ကလည်း၊ ဘယ်သူ့သားသမီးတွေလည်း ပြောပြပါ။
    ဖြေ။ ။ ကျနော်တို့ ကုလားပိုက်ဆိပ်ရပ်ကွက်ကပဲ။

    မေး။ ။ အကို တွေ့ခဲ့တာလား ကြားတာလား။
    ဖြေ။ ။ ကျနော်ကိုယ်တိုင် အဲ့ဒီဘေးမှာ ရှိတယ်၊ ကျနော့်သားလည်း ရှိတယ်။

    မေး။ ။ ဘာကြောင့် စစ်တပ်က ပစ်တာလည်း ခင်ဗျ၊ အဲ့ဒီအဖြစ်အပျက်ကို ပြောပြပါ။
    ဖြေ။ ။ အဲ့ဒီ ဗလီကို ရှို့တဲ့အချိန်မှာ မွတ်စလင်တွေက မခံနိုင်တော့ ဓားနဲ့လာတယ်၊ တုတ်နဲ့ဓားနဲ့ လာတယ် အပြန်အလှန်လုပ်နေတဲ့အချိန်မှာ ရခိုင်တွေက ဆုပ်ခွာရအောင် စစ်တပ်တွေက ပစ်ရောဆိုတော့ ကျည်ဆံမိသွားတာ။ သူတို့က ဟိုဟာပေါ့ လူအုပ်စုက ကြီးပြီးတော့ ပြဿနာတွေဖြစ်ပြီဆိုတော့ ရမ်းပြီးသမ်းပြီး ပစ်တာ ကျနော်တို့ဘက်က သုံးယောက်ကဆုံးသွားတယ်၊ ၁၀ ယောက်က ဒါဏ်ရာရသွားတယ်။ ကျည်ဆံဒါဏ်ရာပဲ အကုန်လုံး

     

    မူရင်း အင်တာဗျူး http://www.rfa.org/burmese/news/kyaukphyu-riots-10242012111351.html/kyaukphyu-rohingya/

  • ကျုပ်တိုင်းပြည် အတွက် ငိုရတယ် (ကဗျာ)

    ကျုပ်တိုင်းပြည် အတွက် ငိုရတယ် (ကဗျာ)

    အောက်တိုဘာ၊ ၂၅၊ ၂၀၁၂
    M-Media
    ရေးသူ- ဇော်မင်းထွေး

    မြေပေါ် နဲ့ မြေအောက်၊ သယံဇာတ ကွယ်ပျောက်ယုံမက
    သဘာဝပါ ငါးပါးမှောက်တော့မယ်၊ ရောင်းလိုက်ပုံများ
    မှောင်လိုက်တဲ့အနာဂတ် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်
    သန်းခေါင်ထက်ညဥ့်နက် နေခဲ့ပြီ၊ အဆင်ခြင်မဲ့ အပြုအမှု
    ရမ်းကားတဲ့ အလွဲသုံးစားမှုကြောင့်၊ ဂေဟနဲ့ သဘာဝ
    အရည်ပျက်ကာ စတေးခဲ့ရပေါ့

    ဦးဏှောက်ကို ပုံစံရိုက်သွင်းဖို့
    တည်ဆောက်ခရဲ့တဲ့ ပညာရေးစံနစ်
    စူးစမ်းတဲ့ဥာဏ်ရည် ကို ရိုက်ချိုး
    အတွေးခေါ် တွေကို အဆိပ်ခတ်ခဲ့ပြီးမှ
    ကျောင်းပြီးခဲ့ ငါတို့ဘ၀တွေ၊ ဦးဏှောက်တွေ ပုံယွင်းနေခဲ့ကြ
    ဒါတင်မက၊ မျိုးဆက်တစ်ခုရဲ့ အနာဂတ်ကိုပါ ပုံဖျက်ခံခဲ့ရပြီ
    နေရာတကာကြည့်စမ်း…လူငယ်တွေ၊ လူငယ်တွေ ၊ရည်မှန်းချက်မဲ့ လူငယ်တွေ
    ဟော..ကြည့် ..တရားရေးမဏ္ဍိုင်တဲ့

    ဘယ်သူ့ အတွက် အနိုင် ဆိုတာ ငါတို့ အသိပေပဲ
    ငါတို့တွေ ခိုကိုးရာမဲ့ကြတော့၊ မျက်ရည်သာ ခမ်းခြောက်သွားကြတယ်
    ဖိနှိပ်ခံလမ်းက လွတ်မြောက်ဖို့၊ အတွေးတွေတောင်
    မရဲရင့်ကြတော့ပြီ ၊ ဒါလားကွဲ့ ဒီမိုကရေစီ

    ချောက်ထဲရောက်၊ ကျန်းမာရေးစံနစ်ကြောင့်
    ရှင်သန်ရေး မျှော်လင့်ချက်၊ ငွေမရှိရင်ကျိုးပျက်ကြရပေါ့
    ချိနှဲ့တဲ့၊ စံနစ်အောက်မှာ၊ အသက်တွေက မြက်ခြောက်တွေအလား
    မပွင့်လန်းခင်၊ ကြွေနွမ်းကြရပြီ

    ငါကြားဖူးခဲ့ဇာတ်လမ်းတွေ
    တစ်ချို့များ၊ သေသာသေခဲ့ရ
    ကုသမှု၊ မခံယူဘူးကြ ပြီ ဆိုလေရဲ့

    ခုဆိုရင်လေ
    ဖိနှိပ်မှုတရားအောက် အတွေးအခေါ်တွေလဲ သဂြို င်္လ် ခံခဲ့ရဖူးပြီ
    မှိုင်းတိုက်တဲ့ ၀ါဒအောက်၊ ဦးဏှောက်ထဲ ကျပ်ခိုးပြည့် ပျက်သုဉ်းလုခဲ့ပြီ
    ခက်ခဲတဲ့ ရှင်သန်ရပ်တည်ရေးအောက်၊ ဘ၀ပေါင်းများစွာ မြေမြုပ်ခံခဲ့ရပြီးပြီ
    ရက်စက်တဲ့ ချုပ်ချယ်မှုများအောက်၊ ပါးစပ်ပေါက်ဟဖို့ကို ငါတို့မေ့တတ်ခဲ့ကြဘူးပြီ
    မှိုတက်ဆဲ စရိုက် ဆိုးတွေအောက်၊ ကိုယ်ကျင့်တရားတွေလဲ ပျောက်ရှခဲ့ကြဘူးပြီ

    ဒါပေမယ့်လဲ
    ကတိလာ၊ ဒီမိုကရေစီတရားမှာ၊ ငါတို့ပျော်ကြဖို့ အံခဲကြဘူးတယ်
    အပြောင်းအလဲ ဆိုတဲ့မျှော်လင့်ချက်ထဲ၊ စီးမြောလို့ ပျော်ဝင်ယစ်မှုးခဲ့
    တန်းတူအခွင့်အရေး ရွှေအိပ်မက်ထဲ၊ အနာဂတ်ကိုနှစ်သိမ့်ဖူးခဲ့တယ်

    သို့သော်လဲပေါ့
    ပစ္စုပ္ပန်၊ ငါလည်ပြန် ကြည့်မိတော့
    အား..သွေးတွေ…သွေး…….တွေ
    အမုန်းဓါးချက်တွေအောက်၊ ဘ၀တွေတုန်းနေခဲ့ကြပြီ

    အမျိုးသားရေး ၊ အခြောက်အလှန့်မှာ
    ကျီးလန့်စာ ငါတို့ စားနေခဲ့ရပြီ
    ခြေမြစ်မဲ့၊ မုသာဝါဒီ သတင်းမုန်တိုင်းတွေအဝှေ့မှာ
    တို့ အနာဂတ်တွေ၊ လုဝှက် ခံခဲ့ကြရပြီး

    အကွက်ဆင် အဓိကရုဏ်း တချို့ကြောင့်
    ငါတို့ချင်း ၊ယုံကြည်ချက်တွေ ပျက်သုဉ်းလု ရင်ဆိုင်နေရပြီ

    အခုဆို
    လက်ညိုးတွေက ပြောနေကြတယ်
    ငါက၊ အရင်က ဖြစ်ခဲ့တဲ့ငါ မဟုတ်ဘူးတဲ့။
    ငါမွေးတဲ့မြေမှာ၊ ငါနေထိုင်ခွင့်မရှိဘူးတဲ့။
    ငါအသက်ပေးချစ်တဲ့ တိုင်းပြည်ဟာ ငါ့နေရာမဟုတ်ဘူးတဲ့
    ရင်နာတယ်ကွာ………

    အဲဒီလက်ညိုးတွေက ငါ့ရင်ကိုဖေါက်လို့ နှလုံးသားကိုဒဏ်ရာပေးကြတယ်
    အဲဒီလက်ညိုးတွေမှာ ငါချစ်တဲ့ လူတစ်ချို့ရဲ့ အရိပ်တွေပေကျံနေတယ်

    ခင်ဗျားတို့သိလား
    အသုံးချခံရတိုင်း၊ အကွက်ကျကျ ၀င်ကစားပေးကြတဲ့
    ငါတို့ပြည်သူတစ်ချို့အတွက်၊ ငါငိုနေရတယ်

    နောက်ပြန်လှည့်မှာကို မြင်သာနေရတဲ့
    လမ်းကြောင်းတစ်ချို့က၊ လှည့်ပြန်ပြေးနိုင်ဖို့၊ ငါငိုနေရတယ်

    ပွင့်လန်းစ၊ ဒီမိုကရေစီပန်း
    အဆိပ်ရည်အလောင်းခံနေရတာကို၊ လက်ပိုက်ကာသာ
    ကြည့်နေနိုင်တဲ့၊ ငါ့မျက်လုံးတွေအတွက်၊ ငါငိုနေရတယ်

    ဘယ်တော့ချိုးဖျက်ခံရမယ်မှန်း
    မသိနိုင်တဲ့၊ ငါတို့အနာဂတ်တွေအတွက်
    ရင်ဘတ်ပွင့်လုမတတ် ၊နာကျည်းစွာ ငါငိုနေရတယ်
    အဆိုးဆုံးက…ဗျာ

    မှုန်ဝါးပြီး ပျောက်ကွယ်လုမတတ်ဖြစ်နေတဲ့
    ငါချစ်တဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်….
    နိုင်ငံကြီးတွေရဲ့၊ စားသုံးခံဖြစ်လာရမယ့်လက်ကျန် သယံဇာတတွေအတွက်
    နုံနဲဆဲငါတို့ ပြည်သူတွေရဲ့၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အသိတွေအတွက်

    ငါ..ငို…နေ…ရ…တယ်။

  • Violence in Arakan Spread to Kyaut Taw Today

    Violence in Arakan Spread to Kyaut Taw Today

    October 25, 2012
    M-Media
    Reporting by Htun Taut

    Rakhines have started burning down Muslims’ houses in Kyaut Taw township today.

    At 6:30 AM, Rakhines have started burning down houses at Lat Saung Kaut village. Those fleeing the area were shot dead by the Rakhine Army, which is pretending to be the Burmese Army.

    A local contact told M-Media that 7 Muslims have been shot dead.

  • Security in Pak Taw Township Now Uncertain

    Security in Pak Taw Township Now Uncertain

    October 24, 2012
    M-Media
    Reportings by Htun Taut

    At 11: 30 & 11: 48 PM

    Security situation is uncertain in Pak Taw. The township authorities told Pak Taw Ward 3 and 4 residents that they could not provide security to the residents. Thus, the residents are trying to leave their villages.

    According to information received by M-Media at 11:48 last night (October 24, 2012), Muslim residents in Pak Taw township are worried as the border security forces also told that they could not take responsibility for the security of Char Ae Taung, Zaw Gyi, Nget Chaung, Lambadi and Don villages.

    Some villagers thus went out at night to rent ferries to leave their villages. At Zay Cho village, they were shot from a Rakhine boat. Out of seven villagers, five  escaped but two persons were arrested by Rakhines. The arrested villagers are

    (1) Marlar Ahmed (age 34) (father: Mosta Ahmed)

    (2) Hla Maung (age 31) (father: Kawbi Rahmed)

    “Rakhines have arrested them. Since they are in Rakhines’ hands, they won’t come alive. Their bodies won’t even come back”, told a resident from Pak Taw.