News @ M-Media

Author: M-Media

  • အောက်တိုဘာ ၂၅ ရက်တွင် မလေးရှားမြန်မာသံရုံး၌ ဆန္ဒပြရန်ရှိ

    အောက်တိုဘာ ၂၅ ရက်တွင် မလေးရှားမြန်မာသံရုံး၌ ဆန္ဒပြရန်ရှိ

    အောက်တိုဘာ ၂၅၊ ၂၀၁၂
    M-Media
    မောင်ပုည
    ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့  မြန်မာသံရုံးရှေ့ ၌ ရခိုင်အရေးကိစ္စ ဆန္ဒပြရန်ရှိကြောင်းသိရသည်။ လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့များတွင် ရခိုင်လူမျိုးများမှ ရခိုင်မွတ်စလင်မ်ရွာနှင့် ပလီများမီးရှို့ နေမှုကို ဆန့် ကျင်ဆန္ဒပြမည်ဖြစ်သည်။

    မြန်မာပြည်တွင် နှိပ်စက်ညင်းပမ်းခံနေရသော မွတ်စလင်မ်များ၏ ဂုဏ်သိက္ခာနှင့် လူမျိုး တုန်းသတ်ဖြတ်မှုများကို မီဒီယာနှင့် နိုင်ငံတာဝန်ရှိသူများ သိရှိစေရန်ရည်စူးပြီး ထိုဆန္ဒ ထုတ်ဖော်ပွဲကို မလေးရှား NGO များက အဓိကဦးဆောင်မည်ဖြစ်သည်။

    Tabung Haji ပလီ (Jalan Tun Razak, BMW Show Room ရှေ့) တွင် ဇဟိုရ်စုပေါင်း ၀တ်ပြုပြီး မြန်မာသံရုံးသို့ ချီတက်ကြမည်ဖြစ်ကြောင်းသိရသည်။

  • ရခိုင်တို့ အကြမ်းဖက်မှုအား မင်းပြားမှ မွတ်စလင်မ် တစ်ဦးနှင့် အင်တာဗျူး

    ရခိုင်တို့ အကြမ်းဖက်မှုအား မင်းပြားမှ မွတ်စလင်မ် တစ်ဦးနှင့် အင်တာဗျူး

    အောက်တိုဘာ၊ ၂၅ ၊ ၂၀၁၂
    M-Media
    Min pyar-1 by M-Media

     

    ဖြေ – ကျွန်တော့်နာမယ် ဟာဂျီ ဥိးစောမောင်ပါ
    မေး – မင်းပြား အခြေအနေ ဘယ်လိုကြားပါလဲ
    ဖြေ – မင်းပြားမှာ မွတ်စလင် အယောက် ၂၀ သေတယ် မြောက်ဥိးမှာ မွတ်စလင် အယောက် ၂၀၀ သေတယ်လို. ဖုံးရပါတယ်
    မြောက်ဥိးက ရွာတွေ အကုန်မီးရှို. ခံရတယ်
    မေး – ရမ်းဗြဲက အခြေအနေကော
    ဖြေ- စစ် တွေက ကြားတာတော့ ရမ်းဗြဲမှာ လူပေါင်း ၅၀၀ ကျော်လောက် သေတယ် လို. ကြားပါတယ်
    မေး- ရခိုင်တွေပါလား
    ဖြေ ရခိုင်တွေပါလား မပါလား မသိဘူး ကျွန်တော်တို.က မွတ်စလင် သတင်းပဲ ယူတော့ မွတ်စလင် သေတာပဲ သိပါတယ်
    မေး – မြောက်ဦး အခြေအနေ ပြောပြပေးပါလား
    ဖြေ- မြောက်ဦးက အခု ထိ မရှင်းသေးပါ – ဆိုးနေတုံးပဲ ဆက်ဖြစ်နေတုံးပဲ
    မေး – ဗမာ စစ်သားတွေ အခြေအနေ ဘယ်လိုရှိပါလဲ – သူတို.ဘာတွေ လုပ်နေကြလဲ
    ဖြေ – စစ်တွေက ဘုတ်တွေ နဲ. ပါလာကြတယ် (ပါသွားကြတယ်) – (ဖြေသံ မသဲကွဲပါ – မရှင်းလင်းပါ)
    မေး – မြောက်ဦးမှာ လူဘယ်နှစ်ယောက်လောက်သေလဲ
    ဖြေ- ၂၀၀ လောက် သေတယ်ပြောတယ် – တစ်နာရိလောက် ရှိပီ သူတို.သတင်းပို.တာ
    မေး – အစိုးရ က လုံခြုံရေး ချမပေးဘူးလား
    ဖြေ- လုံခြုံရေးကတော့ တရွာ တရွာကို အယောက် ၃၀ လောက် ချပေးထားတယ်
    မေး – ဒီနေ.ဖြစ်တာလား မသိ – Date လေး ပြောပြပေးပါလား

     

    Min pyar2 by M-Media

    မေး – ဖြစ်တာက ဘယ်နေ.က စဖြစ်တာလဲ
    ဖြေ- ၂၃ ရက်နေ.မှာ စဖြစ်တာပါ
    မေး – မင်းပြားမှာ တိုက်တာက ရိုဟင်ဂျာ မွတ်စလင်တွေက တိုက်တာလား ရခိုင်တွေက တိုက်တာလား
    ဖြေ- ကျွန်တော်တို.ရိုဟင်ဂျာ ဘက်က လုံးဝ မလုပ်ပါဘူး သူတို.ကလူအင်အား နဲ့ လာပီး ဖျက်ဆီး တာပါ
    (ရွာနာမယ် တွေနဲ့ ဖျက်ဆီးတာတွေ ပြောပြသော်လည်း – လုံးဝ နားမလည်ပါ – သူတို. အသံထွက်ကို မဖမ်းမိပါ)
    မေး- အခု ပြသနာမှာ မီးသတ်ကားရယ် လုံခြုံရေး ရယ် တာဝန် ယူပေးတာ ရှိပါလား
    ဖြေ -လူအုပ်နဲ့ အကူအညီ အကာအကွယ် ပေးမယ့်ပုံ နဲ့ လာတယ် – ဟိုဘက်ဒီဘက် ဖြန်ဖြေ ဘို. လုပ်တယ် အနားရောက်လာတော့ ရိုက်တယ် သေနပ်ဖောက်တယ် မီးရှို.တယ် (ရွာနာမယ်များ မရှင်းပါ)
    မေး – အခု ကျောက်တော် အခြေအနေ ဘယ်လိုရှိလဲ
    ဖြေ- ကျောက်တော်အခြေအနေက တော်တော် စိုးရိမ်နေရတယ်
    မေး -ကျောက်တော်မှာ လူတွေ ဘယ်နားမှ စုနေလဲ
    ဖြေ – ဗုဒ္ဒ ဘာသာ တွေ ဘုရားမှာ စုနေတယ် – ဘုန်းကြီးတွေ လူတွေ စုနေတယ်
    မေး – လုံခြုံရေး ရှိလား လုံခြုရေး ချထားလား
    ဖြေ- မွတ်စလင် ရွာမှာ စစ်တပ် လုံခြုံရေး ၁၁ ယောက် ရှိပါတယ် (သိပ်မသဲကွဲပါ)
    မေး- ကျေးဇူုးတင်ပါတယ် – ကျန်းကျန်းမာမာ ရှိပါစေ လို. ဆုတောင်းပေးပါတယ်

  • အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၏ ကုရ်ဘာနီဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း MMSY ကြေငြာချက်

    အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၏ ကုရ်ဘာနီဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း MMSY ကြေငြာချက်

    မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ (MMSY) မှ အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီး၏ Eid Al-Adha ကုရ်ဘာနီဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

    ကြေငြာချက်အပြည့်အစုံမှာ –

    မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ (MMSY) မှ အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီး၏ Eid Al-Adha ကုရ်ဘာနီဆိုင်ရာဆုံးဖြတ်ချက်ကိုထောက်ခံကြောင်း ကြေငြာချက်

     အောက်တိုဘာ ၂၄၊ ၂၀၁၂ ခုနှစ်

     (၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူ များ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် နေ့ စွဲဖြင့် လက်မှတ်ထိုးထုတ်ပြန်ထားသော ကုရ်ဘာနီမလုပ်ရန် ဆုံး ဖြတ်ချက်ကို မိမိတို့ မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ (MMSY) မှ အပြည့်အ၀ ထောက်ခံသည်။

    (၂) မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ (MMSY) အနေဖြင့် အစ္စလာမ့်အဖွဲ့ကြီး၏ ကြေငြာချက်အမှတ် စဉ် (၁) ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ဘာသာ ပေါင်းစုံလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိရေးကို နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီး၏ ဦးဆောင်မှု ဖြင့် အစဉ်တစိုက် တောင်းဆိုသွားမည်။

    (၃) နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ ကြီး၏ ကြေငြာချက် အမှတ်စဉ် (၃) ပါ

    -ရခိုင်ပြည်နယ်ဒေသအချို့ ၌ ယနေ့အထိ အစ္စလာမ်ဘာသာဝင်များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင်ဘာသာရေး အဆောက်အအုံများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများပြုကျင့်ခံနေရဆဲဖြစ် ခြင်း (ယခုထိ လုံခြုံမှုမရှိသေးခြင်း)၊

    – အချို့တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကုရ်ဘာနီနှင့် စပ်လျဉ်း၍ ယခင်မရှိခဲ့သော စည်းကမ်းချက်များဖြင့် ချုပ်ချယ် ကန့်သတ်မှုများ ပြုလုပ်နေခြင်း၊

    – ကရင်ပြည်နယ် ဘားအံ့မြို့ ၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ၊ မန္တလေးမြို့ နှင့် အချို့ဒေသများတွင် အစိုးရမဟုတ်သော

    အသင်းအဖွဲ့အချို့က အစ္စလာမ်ဘာသာနှင့် ဘာသာဝင်များအပေါ် ဥပဒေ ပါ အခွင့်အရေး၊ လူအခွင့်အရေးချိုးဖောက်သော ဆန့်ကျင်ရေးသား ခြိမ်းခြောက်မှု့များ၊ လှုံ့ ဆော်ပြောဆို ဖြန့်ဝေနေခြင်းများ၊

    -တနိုင်ငံလုံးတွင် လုံခြုံရေးပေးနိုင်မည်ဟု မယူဆသောကြောင့် ယခုနှစ်ကုရ်ဘာနီ ပြုလုပ်ခြင်း ရပ်ဆိုင်းထားခြင်းကို ထပ်တူထပ်မျှ ထောက်ခံသည်။

    (၄) မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံးအနေဖြင့် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ပါရန်နှင့် အဖွဲ့ ကြီးမှပြန်လည်ခွင့်ပြုမှသာ ကုရ်ဘာနီပြုရန် တိုက်တွန်းသည်။

    (၅) မြန်မာနိုင်ငံတရားဥပဒေစိုးမိုးရေးနှင့် မြန်မာမွတ်စလင်များကိုကာကွယ်ရေး ရှေးရှု၍ နိုင်ငံအဝှမ်းတွင် နိုင်ငံ သား အစ္စလာမ်ဘာသာဝင်များ အပေါ် ဥပဒေမဲ့ လူအခွင့်အရေးချိုးဖောက် ကျူးလွန်နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် မီဒီယာများကို  တည်ဆဲဥပဒေများအရ အစ္စလာမ်ဘာသာရေး အဖွဲ့ ကြီးမှ တရားဆွဲဆို အရေးယူပေးပါရန် လေးနက်စွာ တိုက်တွန်းသည်။

    (၆) အခြေခံဥပဒေပါ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်နှင့် လူမျိုးဘာသာ အချင်းချင်းကြား ပဋိပက္ခမုန်းတီးမှုများ မပြု လုပ်ရန်ပါရှိသော ဥပဒေများအရ အွန်လိုင်းဆိုရှယ်မီဒီယာနှင့် လူထုကြားတွင် ပြန့်နှံနေသော အစ္စလာမ့်မုန်းတီးရေး စာပေများ၊ လက်ကမ်းစာစောင်များ၊ ရေးသားသူ ဖြန့်ဝေသူများကို တရားဥပေဒအရ အရေးယူတားဆီးပေးရန် မြန်မာမွတ်စလင်မ်ထု ကိုယ်စား နိုင်ငံတော်အစိုးရသို့  တင်ပြရန် တိုက်တွန်းတောင်းဆိုသည်။

    (၇) ယခု ကုရ်ဘာနီမပြုလုပ်ရခြင်းအပါအ၀င် နိုင်ငံနှင့်အဝှမ်းတွင် အစ္စလာမ်ဘာသာဝင်များ အခွင့်အရေး ချိုး ဖောက်ခံနေရမှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခု အမြန်ဆုံးပြုလုပ်ပေးရန်တောင်းဆိုသည်။

    (၈) မြန်မာနိုင်ငံရှိ မွတ်စလင်ညီနောင်များအားလုံးကိုလည်း အစ္စလာမ့်အဆုံးအမတိုင်း လိုက်နာကျင့်သုံး နေထိုင်ကျရန်နှင့်၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းနေ ဘာသာခြားညီနောင်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် လက်တွဲဆောက်ရွက်ကြရန် တိုက်တွန်းသည်။

    (၉) အခြားဘာသာရေး ခေါင်းဆောင်ကြီးများ အနေဖြင့်လည်း မိမိတို့ သာသနာ့ဥသျှောင်ကြီးများ၏ အဆုံးအမအတိုင်း ဘာသာဝင်များ လိုက်နာကျင့်သုံးနေထိုင်စေရန် သွန်သင်လမ်းပြပေးပြီး ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက်ဆောင်ရွက်ရာတွင် မိမိတို့မွတ်စလင်များကိုလည်း လက်တွဲကြပါရန် တိုက်တွန်းမေတ္တာရပ်ခံသည်။

    မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ

    Myanmar Muslim Students and Youth

     

     

  • Ethnic Kaman Muslims from Kyaut Phyu Escaping to the Sea in Arakan State

    Ethnic Kaman Muslims from Kyaut Phyu Escaping to the Sea in Arakan State

    October 24, 2012
    M-Media
    Reporting by Htun Taut

    Many ethnic Kaman Muslims in Kyaut Phyu township have been injured and killed by Rakhines’ attacks today. Many houses were burnt down and destroyed as well.

    M-Media’s local contacts said many Muslim families are trying to cross the sea towards Bangladesh to escape violence. There were 40 boats this morning, and another 30 were waiting for the tide good enough to move the boats.

    “Many Muslims are dead due to Rakhines’ violence and terror today. We have only Bangladesh to run to, but we cannot run to anywhere else in Arakan state. If Bangladesh does not allow us to take refuge there, we can only be floating in the sea. We couldn’t bring food with us, and we don’t have fuel for the boats,” a Kyaut Phyu resident told M-Media as he sits on a boat.

    His home was burnt down by Rakhines today.

    A majority of Muslim residents in Kyaut Phyu are ethnic Kaman. M-Media learns that Rakhines have destroyed many mosques in Kyaut Phyu and that there are almost no Muslim left in town.

  • ကျောက်ဖြူတွင် ရခိုင်များအကြမ်းဖက် တိုက်ခိုက်မှုကြောင့် မွတ်စလင်များ ပင်လယ်ဘက်သို့ စက်လှေဖြင့်ထွက်ပြေးရ

    ကျောက်ဖြူတွင် ရခိုင်များအကြမ်းဖက် တိုက်ခိုက်မှုကြောင့် မွတ်စလင်များ ပင်လယ်ဘက်သို့ စက်လှေဖြင့်ထွက်ပြေးရ

    အောက်တိုဘာ၊ ၂၄၊ ၂၀၁၂
    M-Media
    သတင်း-ထွန်းတောက်

    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရခိုင်လူမျိုး အကြမ်းဖက်သမားများ၏ မီးရှို့တိုက်ခိုက်မှုကြောင့် မွတ်စလင်မ်များ သေကြေ ဒဏ်ရာရခဲ့ပြိး နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ပါတယ်။ ရခိုင်လူမျိုးများ၏ အကြမ်းဖက်ရန်ကြောင့် မွတ်စလင်မ် မိသားစုအမြောက်အများဟာ စက်လှေများဖြင့် ပင်လယ်ပြင်ကို ဖြတ်ကျော်ထွက်ပြေးနေရကြောင်းသိရပါတယ်။ ဒီနေ့မနက် စက်လှေ အစင်း(၄၀) ကျော်ဖြင့်ထွက်ပြေးလာကြပြိး ရေမတက်သေးကြောင့် အစင်း (၃၀) ကျော်ကျန်ခဲ့ရကြောင်းသိရှိရပါတယ်။

    “ရခိုင်လူမျိုးများရဲ့ အကြမ်းဖက်သတ်ဖြတ်မှု့ကြောင့် မွတ်စလင်မ်များ သေဆုံးမှုများပြားကြောင်းနှင့် မိမိတို့ ဘင်္ဂလားဒေရှ်ဘက်ကို ထွက်ပြေးရန်သာရှိကြောင်း၊ ရခိုင်မှ မည့်သည့်မြို့ကိုမှ ပြေးလို့မရကြောင်း၊ဘင်္ဂလားဒေရှ် လက်မခံဘူးဆိုလျင် ပင်လယ်ထဲကို မျောရန်သာရှိကြောင်း၊ မိမိတို့ စက်လှေပေါ်မှာ မည်သည့်စားစရာမျှ မပါကြောင်း၊ ဆီလည်းမရှိကြောင်း” ကျောက်ဖြုမြို့နေ အိမ်မီးရှို့ခံရသူ မွတ်စလင်မ် တစ်ယောက်မှ M-Media ကို စက်လှေပေါ်မှ ဖုန်းဖြင့် ပြောပါတယ်။

    ကျောက်ဖြူမြိုမှာ နေထိုင်တဲ့ မွတ်စလင်မ်အများစုဟာ တိုင်းရင်းသားကမန် လူမျိုးများဖြစ်ကြပါတယ်။ အခု ရခိုင်လူမျိုး အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြိုကတွင် ဗလီဝတ်ကျောင်းများလဲ ပျက်ဆီးသွားပြီဖြစ်ကြောင်းနှင့် မွတ်စလင်မ်များလဲ မရှိသလောက်ဖြစ်နေပြီ ဖြစ်ကြောင်းသတင်းရရှိပါတယ်။