News @ M-Media

Author: M-Media

  • Rakhine Terrorists Burnt Down A Mosque in Kyauk Phyu

    Rakhine Terrorists Burnt Down A Mosque in Kyauk Phyu

    October 22, 2012
    M-Media
    News reported by Htun Tauk

    Kyauk Phyu Township

    There are 12 wards in Kyauk Phyu Township, Rakhine State and a mosque in West Ward was burnt down by Rakhine extremists at night on 22nd Oct. Very few Muslims live near that mosque. As a result, Muslims were not ready to protect the mosque against this arson. The authorities of Kyauk Phyu District have confirmed this news. At the present, army squads have covered that ward.

    Most of those terrorists are not local residents but came from other townships. Only a handful of local people co-operated that mob to commit this crime. Rakhine Buddhists and Muslims had harmoniously co-existed in Kyauk Phyu Township before this criminal offence.

    A Kyauk Phyu resident told M-Media that Thantwe Muslims now become worried about a consequential catalogue of terrorist attacks because of this terrorist outrage in Kyauk Phyu although solely two townships-Thantwe and Kyauk Phyu do not involve in Rakhine conflict.

  • Muslims in Myanmar will Not Celebrate Eid ul-Adha

    Muslims in Myanmar will Not Celebrate Eid ul-Adha

    October 23, 2012
    M-Media

    A coalition of four major Islamic organizations in Myanmar jointly announces today that Myanmar Muslims will not celebrate this year’s Eid ul-Adha, a holy religious event scheduled for October 27 in Myanmar.

    The statement, signed by the Olama Muslim Theologians, the Islamic Affairs Council, the Myanmar Muslim Youth’s Religious Organization (Ma-Ma-La), and the Myanmar Muslim National League, said that Muslims in Arakan state are being killed; their homes, properties and religious schools are being burnt down and destroyed.

    The statement highlights that new rules and restrictions regarding Eid ul-Adha have been imposed in several states and divisions.

    Moreover, communal organizations are spreading threats and anti-Muslim messages in Pa-an (Karen state), Mawlamyein (Mon state), Mandalay and some other places in the country.

    The Islamic Affairs Council have reported these anti-Muslim activities to the government several times, but the government did not respond, said the statement.

    The four organizations thus urge Myanmar Muslims not to celebrate Eid ul-Adha due to on-going situations as well as the government’s inability to provide security to Muslims.

  • ယခုနှစ် ကုရ်ဘာနီ မပြုလုပ်ရန် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့် ဘာသာရေးအဖွဲ့ကြီးမှ ကြေငြာချက်ထုတ်

    ယခုနှစ် ကုရ်ဘာနီ မပြုလုပ်ရန် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့် ဘာသာရေးအဖွဲ့ကြီးမှ ကြေငြာချက်ထုတ်

    အောက်တိုဘာ၊ ၂၃ ၊ ၂၀၁၂

    M-Media

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးဖွဲ့ကြီးမှ ယခုနှစ် ၂၀၁၂ ခုနှစ် တွင် အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကုရ်ဘာနီအီးဒ်နေ့ကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ မပြုလုပ်ရန် မေတ္တာရပ်ခံသော ကြေငြာချက်တစောင်ကို ယနေ့ထုတ်ပြန်လိုက်သည်။ ကြေငြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    ရက်စွဲ။    ။ ၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ(၂၃) ရက်၊

    (အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှု အဖြာဖြာကျရောက်ပါစေ) မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ ခင်ဗျား

    ၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း ဘာသာပေါင်းစုံ လွတ်လပ်စွာ ယုံကြည်ကိုးခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတည်ပြုပြဌာန်းပါသည်။

    ၂။ နိုင်ငံတော်အစိုးရ အဆက်ဆက်၏ ခွင့်ပြုချက်အရ အစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံတွင် နှစ်စဉ်အေးချမ်းစွာ ကုရ်ဘာနီ ပြုလုပ်ခဲ့ကြပါသည်။

    ၃။ ယခုနှစ်တွင် ရခိုင်ပြည်နယ် ဒေသအချို့၌ ယနေ့အထိ အစ္စလာမ်ဘာသာဝင်များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ဘာသာရေးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုကျင့်ခံနေရဆဲဖြစ်ပါသည်။ (ယခုထိ လုံခြုံမှုမရှိသေးပါ။ ) အချို့တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကုရ်ဘာနီနှင့် စပ်လျဉ်း၍ ယခင်မရှိခဲ့သော စည်းကမ်းချက်များဖြင့် ချုပ်ချယ် ကန့်သတ်မှုများ ပြုလုပ်နေခြင်းကြောင်းလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံ့မြို့ ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးမြို့နှင့် အချို့ဒေသများတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့အချို့က အစ္စလာမ်ဘာသာနှင့် ဘာသာဝင်များအပေါ် ဥပဒေပါ အခွင့်အရေး၊ လူအခွင့်အရေး ချိုးဖောက်သော ဆန့်ကျင်ရေးသား ခြိမ်းခြောက်မှု့များ၊ လှုံ့ဆော်ပြောဆို ဖြန့်ဝေနေခြင်းတို့ကို လက်ငင်း ကြုံတွေ့နေရပါသည်။

    ၄။  အထက်ပါ အချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ  နိုင်ငံတော်အစိုးရသို့ အကြိမ်ကြိမ် မေတ္တာရပ်ခံ တင်ပြခဲ့သော်လည်း ယခုတိုင် တစ်စုံတစ်ရာ ပြန်ကြားချက် မရရှိခဲ့ပါ။

    ၅။ သို့ပါသောကြောင် ဤ အခြေအနေတွင် နိုင်ငံတော်နှင့် တည်ဆဲ ဥပဒေများ၏ ခွင့်ပြုချက်အရ ကုရ်ဘာနီ ပြုလုပ်ခွင့် ရှိသော်ငြားလည်း အထက်ဖော်ပြပါ အခြေအနေများကြောင့်လည်းကောင်း၊ နိုင်ငံတော်မှ လုံခြုံရေးပြည့်ဝစါာ ပေးနိုင်မည်မဟုတ်ဟု ယူဆပါသောကြောင့်လည်းကောင်း၊ ယခုနှစ် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကုရ်ဘာနီ ပြုလုပ်ခြင်းကို ရပ်ဆိုင်းထားကြပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဝမ်းနည်းစွာ အသိပေးကြေငြာအပ်ပါသည်။

  • မြောက်ဦးတွင် မွတ်စလင်မ်ရွာများ ယနေ့ထပ်မံ အကြမ်းဖက်မီးရှို့ခံနေရ

    မြောက်ဦးတွင် မွတ်စလင်မ်ရွာများ ယနေ့ထပ်မံ အကြမ်းဖက်မီးရှို့ခံနေရ

    အောက်တိုဘာ ၂၃၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    မြောက်ဦးမှာ ဒီနေ့မနက်ပဲ မွတ်စလင်မ်ရွာများကို မီးရှို့နေကြောင်း သတင်းရရှိပါတယ်။

    မြောက်ဦးမြို့ မွတ်စလင်မ်ရွာဖြစ်သည့် ပုရိန်ရွာကို ယနေ့မနက်မှာပဲ ရခိုင်အကြမ်းဖက်သမားများမှ မီးစတင်ရှို့ခဲ့ကြောင်း၊ ပုရိန်ရွာသည် အိမ်ခြေ ၁၂၀၀-ကျော်ရှိပြီး ဗလီ(၈)လုံးရှိသည့် အနက်တွင် ရွာရှိအိမ်ခြေ တ၀က်ကျော်နှင့် ဗလီတစ်လုံး မီးလောင်ပြာကျသွားခဲ့ပြီဖြစ်ကြောင်း၊ အမျိုးသား(၁)ယောက်နှင့် အမျိုးသမီးတစ်ယောက် သေဆုံးသွားကြောင်း သိရသည်။ နောက်ထပ် သေဆုံးသူ၊ ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း၊ ကလေးများလည်း  သေဆုံးကြောင်း သိရသော်လည်း စာရင်းကို အတည်မပြုနိုင်သေးကြောင်း သတင်းရရှိပါတယ်။

    ယခု သတင်းပေးနေဆဲအချိန်တွင်ပင် ရန်သေရွာနှင့် ဇီးဇာရွာကိုလည်း စတင်မီးရှို့နေကြောင်း၊ ရန်သေရွာတွင် အိမ်ခြေ(၈၀၀)ကျော်နှင့် ဗလီ(၄)လုံး၊ ဇီးဇာရွာတွင် အိမ်ခြေ ၈၀၀-ခန့်နှင့် ဗလီ(၅)လုံးရှိကြောင်း သိရသည်။ သတင်းပေးနေစဉ်တွင်ပင် အဆက်သွယ် ပြတ်တောက်သွား၍ သတင်းထပ်မံရရှိရန် ဆက်သွယ်နေပါသည်။

    တစ်ချိန်တည်းမှာပင် မွတ်စလင်မ်ရွာဖြစ်သည့် ပီပင်ရင်းရွာသို့လည်း မီးရှို့ အကြမ်းဖက်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။

    “ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အရင်က ရခိုင်ဗုဒ္ဓဘာသာဦးရေထက် မွတ်စလင်မ်ဦးရေကပိုများပါတယ်။ အခုတော့ ၇ခိုင်တွေက အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသွားကြသူ၊ ထွက်ပြေးသွားကြသူတွေကြောင့် မွတ်စလင်မ် သုံးပုံတစ်ပုံသာ ကျန်ရှိတော့တယ်။ ဘင်္ဂလားဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသော မွတ်စလင်မ် တစ်သန်းကျော်ရှိသွားပြီလို့ သိရတယ်။ ကျွန်တော်တို့တွေ စိတ်သောကကြီးစွာ ခံစားနေရပါတယ်။ အခုနေ့လည် ၁၂-နာရီမှာ ကျောက်ဖြူကို ၀င်မယ်လို့လည်း သတင်းကြားနေရတယ်။ အားလုံး ဆုတောင်းပေးကြပါဗျာ” လို့ မြောက်ဦးမြို့ခံတစ်ဦးက ငို၍ M-Media ကို ပြောပြလာပါတယ်။

  • မင်းပြားတွင် ရခိုင်များ အကြမ်ဖက်မှု့ မွတ်စလင် ရွာ ၆ ရွာ ပြာကျ၊ ၇ ယောက်သေဆုံး

    မင်းပြားတွင် ရခိုင်များ အကြမ်ဖက်မှု့ မွတ်စလင် ရွာ ၆ ရွာ ပြာကျ၊ ၇ ယောက်သေဆုံး

    အောက်တိုဘာ ၂၃၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    မင်းပြားမှာ မွတ်စလင်မ်ရွာ(၁၄)ရွာရှိတဲ့အထဲက ၆-ရွာက အကြမ်းဖက်မီးရှို့ခံလိုက်ရပြီဖြစ်ကြောင်း မင်းပြားမြို့ခံတစ်ဦးက ပြောပြလာပါတယ်။

    “မင်းပြားက ပိုက်ဆိပ်၊ တူရာလီ၊ ဆမ်းမလီ၊ အောင်ဒိုင်၊ လတ်မ စတဲ့ မွတ်စလင်မ်ရွာတွေဟာ ရခိုင်အကြမ်းဖက်သမားတွေ မီးရှို့လို့ မီးလောင်ကုန်ပါပြီ။ ဒီမနက်မှာ မင်းပြားက ပိုက်ဆိပ်မှာ မွတ်စလင်မ်အိမ်ခြေ ၅၀၀-ကျော် ၆၀၀-ကျော်ရှိတယ်။  ဗလီက ၃-လုံး၇ှိတယ်။ အဲဒီတစ်ရွာလုံး ပြာကျသွားပြီ။ နောက် တူရာလီရွာမှာ အိမ်မြေ ၇၀၀-ကျော် ၈၀၀ ရှိတယ်။ ဗလီက ၂-လုံးရှိတယ်။ အဲဒီမှာလည်း အားလုံးပြာကျသွားပြီ။ အဲဒီမှာ စစ်တပ်ကပစ်လို့ မော်လ၀ီဆပ်(၃)ယောက်နဲ့ သာမန်အရပ်သား(၄)ယောက် စုစုပေါင်း လူ(၇)ယောက်သေသွားပြီ။ ဆမ်းမလီနဲ့ အောင်ဒိုင်ရွာကတော့ မနေ့ညနေကတည်းက မီးရှို့ခံလိုက်ရတယ်။

    လတ်မရွာမှာလည်း အခုပဲ မီးရှို့နေပါတယ်။ လတ်မရွာမှာ အိမ်ခြေ ၁၅၀၀-ကျော်နဲ့ ဗလီ (၉)လုံးရှိတယ်။ စဖြစ်ခါစက အဆက်အသွယ်ရလိုက်တယ်။ အခုတော့ လုံးဝ အဆက်အသွယ်ပြတ်တောက်သွားပြီ။ အဲဒီရွာတွေမှာ စစ်တပ်ချထားတယ်။ ဒါပေမယ့် မွတ်စလင်မ်တွေဘက်က ပြန်လုပ်ရင် စစ်တပ်က ပြန်ပစ်တယ်။ အခု မီးလောင်ခံရတဲ့ရွာတွေကလူတွေအားလုံး ဘယ်မှာသွားစရာမရှိဘူးလေ ဒါကြောင့် ဘေးတွေက တောတွေထဲပဲ ပြေးဝင်ပုန်းရှောင်နေရပါတယ်။”