News @ M-Media

Author: M-Media

  • True News ဂျာနယ်ပါ “နိုင်ငံတစ်ခု မွေးဖွားခြင်းနှင့် ဆက်စပ်အတွေးများ” ဆောင်းပါးနှင့် ပတ်သက်၍

    True News ဂျာနယ်ပါ “နိုင်ငံတစ်ခု မွေးဖွားခြင်းနှင့် ဆက်စပ်အတွေးများ” ဆောင်းပါးနှင့် ပတ်သက်၍

    အောက်တိုဘာ၊ ၁၉၊ ၂၀၁၂
    M-Media
    မူရင်းဆောင်းပါးရှင်-ဦးဦးမှော်ဆရာ

    အောက်တိုဘာ(၁၀) ရက်ထုတ် True News ဂျာနယ် အတွဲ(၅) အမှတ်(၁၉)တွင် ပါရှိသည့် ဆောင်းပါးရှင် လှရွှေ၏  နိုင်ငံတစ်ခု မွေးဖွားခြင်းနှင့် ဆက်စပ်အတွေးများ ဆောင်းပါးနှင့် ပတ်သက်၍ ဦးဦးမှော်ဆရာ မှ ပြန်လည်ဖြေရှင်း ရေးသားထားသည့် ဆောင်းပါးဖြစ်ပါသည်။

    “နိုင်ငံတစ်ခု မွေးဖွားခြင်းနှင့် ဆက်စပ်အတွေးများ” ဆောင်းပါးနှင့် ပတ်သက်၍ .

    အံ့သြစရာပဲ။ မြန်မာပြည်က သမိုင်းလေ့လာသူတွေရဲ့ ပညာစွမ်းတွေကြောင့် ပါလက်စတိုင်းလည်း ခိုးဝင်လာသူ၊ သမိုင်းလိမ်၊ နေရာလုယူဖို့ ကြံစည်ကြိုးစားနေသူတွေ ဖြစ်သွားပြန်ပြီပေါ့ ။ တစ်ခါကလည်း ကိုဆိုဗိုမှာဖြစ်ခဲ့တဲ့ Genocide က မှန်ကန်သယောင်ယောင် ၊ လုပ်သင့်သယောင်ယောင်ရေးထားတဲ့ အွန်လိုင်းဆောင်းပါးတပုဒ်ကို နာမည်ကြီးဂျာနယ်မှာ ထည့်ဖေါ်ပြပြီး လူတွေရဲ့စိတ်ထဲ အဆိပ်ခတ်ပေးခဲ့သေးတယ် ။

    ၁၉၄၈ ခုနှစ်မှစတင်ပြီး ပါလက်စတိုင်းနယ်မြေများကို အစ္စရေးတို့ မတရား ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် မြေပုံ

    ဒီ ဆောင်းပါးနဲ့ပက်သက်ပြီး နည်းနည်းပြောပါရစေ ။

    (၁)ပါလက်စတိုင်းဆိုတာ နယ်မြေဒေသရဲ့ နာမည်ဖြစ်တယ်ဆိုတာ အမှန်ပါပဲ ။ ပါလက်စတိုင်းလူမျိုးဆိုတာ PLO အဖွဲ့ရဲ့ သတ်မှတ်ချက်အရပြောရရင် “those Arab nationals who, until 1947, normally resided in Palestine regardless of whether they were evicted from it or stayed there. Anyone born, after that date, of a Palestinian father – whether in Palestine or outside it – is also a Palestinian.”
    ခပ်တိုတိုပြောရရင် ဒီဒေသမှာ ၁၉၄၇ မတိုင်မီအခြေချနေထိုင်ခဲ့တဲ့ လူတွေကိုခြုံငုံပြီးခေါ်တာပဲဖြစ်တယ် ။ဘာသာရေး အရရော၊ လူမျိုးစုအရပါ လုံးဝမသက်ဆိုင်ပါဘူး။ ဂျူးရော အာရပ်ပါ နှစ်မျိုးလုံးအတွက် သတ်မှတ်ထားတာဖြစ်တယ်။ ဒီတော့ ဒါဟာ သမိုင်းလိမ်လူမျိုးသစ် ဖန်တီးတယ်လို့ ဘယ်လိုအသိပညာနဲ့ ရေးသားထားလဲ မသိဘူး ။

    (၂) ပါလက်စတိုင်းမှာ ဘယ်သူတွေအခြေချနေထိုင်ခဲ့သလဲဆိုတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရအောင်ပါ။ (၄၀၀၀ – ၅၀၀၀ BC) လောက်က အာရေဗျသဲကန္တရမှာ ဆမ္မိုက်လို့ခေါ်တဲ့ ခြေသလုံးအိမ်တိုင်လူမျိုးတွေ ရှိခဲ့တယ် ။ အဲဒီ ဆမ္မိုက်လူမျိုးကနေ အာရပ်လူမျိုး ၊ ဟီးဘရူးလူမျိုး ၊ ကေနန်းနိုက်လူမျိုး ၊ အမ္မိုရိုက်လူမျိုး ၊ ဖီနစ်ရှန်းလူမျိုး စသဖြင့် လူမျိုးအတော်ခပ်များများ ကွဲထွက်ဆင်းသက်လာကြတယ်။

    အဲဒီ ဆမ္မိုက်လူမျိုးတွေရဲ့ မူလနေရာအာရေဗျဟာ သဲကန္တရပဲဖြစ်ပြီး ၊ မြစ်ဆိုတာလုံးဝမရှိဘဲ လူနေနိုင်တဲ့ အပိုင်းက တော်တော်လေးနည်းတော့ အဲဒီလူမျိုးတွေထဲက တစ်စုဟာ သဲကန္တာရကြီးကိုစွန့်ပြီး ရေကြည်ရာ မြက်နုရာရှာရင်း ၃၀၀၀ BC လောက်မှာ လူမျိုးစုတစ်စုက ပါလက်စတိုင်းဒေသကို ရောက်သွားတယ် ။ အဲဒီအသုတ်က လူတွေကို ကေနန်းနိုက် လူမျိုးတွေလို ခေါ်ပါတယ် ။ ဒီလူတွေဟာ ပါလက်စတိုင်းကို ဟီးဘရူးတွေထက် နှစ်ပေါင်းထောင်ချီစောပြီး အရင်ရောက်ပါတယ် ။ ပါလက်စတိုင်း မြောက်ပိုင်းကိုရောက်သွားတဲ့ လူစုတွေကိုတော့ အမ္မိုရိုက်တွေလို့ ခေါ်ပါတယ် ။

    ၁၄၀၀- ၁၂၀၀ BC လောက်မှာမှ သဲကန္တရမှာ ခြေသလုံးအိမ်တိုင်ပြုကြတဲ့ ဆမ္မိုက်အနွယ် ဟီးဘရူးလူမျိုးစုတစ်စု ပါလက်စတိုင်းကို ရောက်လာကြပါတယ်။ နောက်တစ်စုကတော့ အီဂျစ်ကို ရောက်သွားကြပါတယ် ။ အီဂျစ်ရောက်သွားတဲ့ ဟီးဘရူးလူမျိုးထဲက ဂျိုးဇက်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဖာရိုးဘုရင်ရဲ့လက်အောက်မှာ ဘုရင်ခံထိတောင် ဖြစ်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ ဒုတိယမြောက် ရမ်ဆီးဖာရိုး လက်ထက်မှာတော့ ဂျူးလူမျိုးတွေဟာ အတော်ကြီး ညှင်းပန်းနှိပ်စက်ခံရလို့ ဟီးဘရူးခေါင်းဆောင်ကြီး မိုးဇက်ဟာ အခက်အခဲမျိုးစုံရင်ဆိုင်ပြီး သူ့လူမျိုးတွေကို အီဂျစ်ကနေ ပါလက်စတိုင်းဒေသထိ ခေါ်ထုတ်သွားခဲ့ပါတယ် ။ ဒါဟာ ပါလက်စတိုင်းကို ဒုတိယရောက်လာတဲ့ ဂျူးလူမျိုးတွေပါ ။ သူတို့ဒီကိုရောက်လာတော့ နဂိုရှိနေတဲ့ ကေနန်းနိုက်တွေကို နည်းမျိုးစုံနဲ့တိုက်ခိုက်ပေမဲ့ နေရာအတော်များများမှာ ရှုံးခဲ့ပါတယ် ။ ဒါကြောင့် ကေနန်းနိုက်တွေရဲ့ မြို့ရွာအပြင်ဘက်မှာသာ အခြေချနေထိုင်ခဲ့ကြပါတယ် ။ ပါလက်စတိုင်းမြောက်ပိုင်းကို ရောက်သွားတဲ့ ဂျူးတွေကတော့ ကေနန်းနိုက်တွေနဲ့ လူမျိုး ၊ယဉ်ကျေးမှုပေါင်းစည်းသွားခဲ့ပြီး အတော်ကြီးတိုးတက်လာခဲ့ ပါတယ်။ သဲကန္တရသာသာဖြစ်နေတဲ့ တောင်ပိုင်းဒေသမှာကျန်ခဲ့တဲ့ ဂျူးလူမျိုးတွေကတော့ ခြေသလုံးအိမ်တိုင်ဘ၀နဲ့ပဲ ကျင်လည်ရင်း မြောက်ပိုင်း လူမျိုးစုတွေနဲ့ မကြာခနပဋိပက္ခဖြစ်ခဲ့ပါတယ် ။

    (၃) ၁၁၀၀ BC လောက်မှာ ဟီဘရူးတွေ တစ်စုတစ်လုံးထဲ ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ သူတို့သမိုင်းမှာ နာမည်အကြီးဆုံးလို့ ပြောရမဲ့ ခေါင်းဆောင်ကြီး ဒေးဗစ် လက်ထက် မှာပါ ။ ပါလက်စတိုင်းနိုင်ငံလေးဟာ အီဂျစ်အင်ပိုင်ယာ၊ အဆီးရီးယန်း အင်ပိုင်ယာ ၊ ဟစ်တိုက် အင်ပိုင်ယာ ၊ ဘေဘီလုံးနီးယန်း အင်ပိုင်ယာ တို့ရဲ့ စစ်ရေးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် အဲဒီအင်ပိုင်ယာကြီးတွေက စစ်တပ်တွေဟာ ဒီနိုင်ငံလေးကိုဖြတ်သန်းသွားကြတာ မကြာခနခံခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံရေးဘက်ကို ကြည့်လိုက်ရင်လည်း ဟီးဘရူးလူမျိုးတွေဟာ အီဂျစ်လူမျိုးတွေ၊ ဟစ်တိုက် လူမျိုးတွေ ၊ အဆီးရီးယန်းလူမျိုးတွေ ၊ ကတ်ဒီးယန်းလူမျိုးတွေလို အထက်တန်းကိုမြင့်မြင့်မားမား မရောက်ခဲ့ပါဘူး ။ သူတို့ရဲ့သက်တမ်တစ်ခုလုံးမှာ ပတ်ဝန်းကျင်နိုင်ငံတွေအလယ်မှာ နှစ်ပေါင်း ၅၀ လောက်ပဲ နိုင်ငံရေးတောင့်တင်းမှု ပြနိုင်ခဲ့တာပါ ။

    (၄) (ရှေးဟောင်းကမ္ဘာ့သမိုင်းကို လေ့လာတဲ့အခါမှာ ဂျူးတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှုက သာနေရာယူထားတာကို တွေ့ရပါတယ်)လို့ ရေးထားတာဟာ ကိုယ်လိုရာဆွဲပြောနေတာသာ ဖြစ်ပါတယ်။ တကယ်တမ်း အာရှအနောက်ပိုင်းဒေသမှာ အီဂျစ်ယဉ်ကျေးမှု၊ဘေဘီလုံးနီးယန်းယဉ်ကျေးမှု၊အာရပ်ယဉ်ကျေးမှု၊ ဆူမာရီယန်း ယဉ်ကျေးမှုသာ လွမ်းမိုးခဲ့တာပါ။ ဂျူးတွေရဲ့ ယဉ်ကျေးမှုဆိုတာထက် ဘာသာရေးမှာ အထက်တန်း ရောက်ခဲ့တယ်လို့သာ ပြောရမှာပါ ။ ဂျူးတွေဟာ သူတို့ကိုယ်သူတို့ ဆူမားရီယန်းနိုင်ငံ (အား)မြို့သား အာဗြဟံမှ ပေါက်ဖွားဆင်းသက် လာတယ်လို့ ယုံကြည်ကြပါတယ် ။ အာရပ်လူမျိုးတွေလည်း ဒီလိုယုံကြည်ကြတာပါ ။ ဒီယူဆချက်ကြောင့် ဂျူးယဉ်ကျေးမှုလို့ ယူဆတာဟာ မမှန်ကန်ပါဘူး ။ ဆူမာရီယန်းယဉ်ကျေးမှုဟာ ဆမ္မိုက်လူမျိုးမဟုတ်တဲ့ တခြားလူမျိုးစုတစ်စုရဲ့ ယဉ်ကျေးမှုသာ ဖြစ်ပါတယ် ။

    (၅) မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာစစ်ဆေးမှုအရ တွေ့ရတာကိုတော့ မူရင်းအတိုင်းဖေါ်ပြပါ့မယ်။
    A recent study of high-resolution haplotypes demonstrated that a substantial portion of Y chromosomes of Israeli Jews (70%) and of Palestinian Muslim Arabs (82%) belonged to the same chromosome pool.
    ပြောရရင် ဂျူးလူမျိုး(၇၀%) နဲ့ ပါလက်စတိုင်းအာရပ်လူမျိုး (၈၂%) တို့မှာ Y ခရိုမိုဆုမ်းရဲ့ အဓိကကျတဲ့အပိုင်းက အတူတူပဲဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒါဆို ကျနော်အပေါ်ကပြောခဲ့တဲ့ လူမျိုးစုတွေကွဲထွက်ဆင်းသက်မှုဟာ အမှန်နဲ့ နီးစပ်တယ်လို့ ပြောရမှာပါ ။

    (၆) လက်ရှိချိန်ထိ အစ္စရေးနိုင်ငံရဲ့ ဒေသတစ်ချို့ဟာ တရားမ၀င်သလို ၊ သိမ်းပိုက်ခံ ပါလက်စတိုင်းဒေသများအဖြစ်သာ သတ်မှတ်ထားတယ်ဆိုတာ မမေ့သင့်ပါ ။

    အချုပ်ပြောရရင် ဒီဆောင်းပါးက ရခိုင်ပြဿနာနဲ့ ဘယ်လိုမှ ယှဉ်တွဲကြည့်လို့မရတဲ့ (အခြေခံခြင်းလုံးဝမတူတဲ့) အစ္စရေး – ပါလက်စတိုင်းကိစ္စမှာ ကျူးကျော်သူ နဲ့ ကျူးကျော်ခံရသူကို ပြောင်းပြန်ဖြစ်အောင် စာတမ်းနှစ်ခုလောက်ကို ကိုးကားပြီး အန္တရာယ်များတဲ့ အတွေးအခေါ်အမှားကြီးကို ချပြနေတာလို့ပဲမြင်ပါတယ် ။

  • စစ်တွေမှ မွတ်စလင်မ် ဒုက္ခသည်များ အတွက် ရိက္ခာတင်ကားများကို ဘုန်းကြီးများမှ ဓါးပြတိုက်လုယက်

    စစ်တွေမှ မွတ်စလင်မ် ဒုက္ခသည်များ အတွက် ရိက္ခာတင်ကားများကို ဘုန်းကြီးများမှ ဓါးပြတိုက်လုယက်

    အောက်တိုဘာ ၁၉၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းတွေရဲ့နောက်ပိုင်းမှာ ‘စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ’ဆိုပြီး စာတွေထုတ်၍ မွတ်စလင်မ်များကို ရိက္ခာများပြတ်တောက်အောင် ညဉ်းပန်းမှုများပြုလုပ်နေကြောင်း ကြားသိခဲ့ရပြီးနောက် မွတ်စလင်မ်ဒုက္ခသည် စခန်းများကို ထောက်ပံ့ရန်ပစ္စည်းများ တင်ဆောင်လာသော ကားများကို ဘုန်းကြီးများ ဦးဆောင်၍ လုယက်မှုများဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

    ဒေသဆိုင်ရာ ရခိုင်လူမျိုးများ အပါအဝင် မည်သူမျှ မွတ်စလင်မ် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာမရောင်းရန်၊ ခြိမ်းခြောက်ထားသည့် ကြေငြာချက် လက်ကမ်းစာစောင်၊

    ယင်းကိစ္စအား ဆက်သွယ်စုံစမ်းရာ “ဟုတ်ပါတယ် အဲလို လုယက်နေတာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းကပါ။ အဓိကဦးဆောင်နေတာ ဘုန်းကြီးတွေပါ။ ရခိုင်တွေလည်း ပါတယ်။ ဓါးမြတိုက်တာပေါ့။ ဘုန်းကြီး(၆)-ပါးရယ် ရခိုင်တွေရယ် မွတ်စလင်မ်ဒုက္ခသည်စခန်းကို ထောက်ပံ့တဲ့ပစ္စည်းတွေမှသာမဟုတ်ပါဘူး။ တစ်ခြား ကုန်သည်တွေရဲ့ ပစ္စည်းတွေကိုပါ လုယူနေတာပါ။ ရခိုင်တွေမောင်းတဲ့ သုံးဘီးတွေဆိုရင် ပစ္စည်းတွေကို ယူထားလိုက်ပြီး သုံးဘီးတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ နောက်တစ်ခါ သုံးဘီးတွေနဲ့ မသယ်ပေးဖို့ သုံးဘီးမောင်းသူတွေကို ပြောပါတယ်။ လမ်းတွေမှာ ဓါးမြတိုက်သလို၊ စစ်တွေဝန်းကျင်က မွတ်စလင်မ် ရွာတွေဘက်အထိလည်း အဲလိုလာပြီးလုယက် ဓါးမြတိုက်တာ လုပ်ပါတယ်။”လို့ စစ်တွေမြို့ခံတစ်ဦးမှပြောပြလာပါတယ်။

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြီးခဲ့တဲ့စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရခိုင်ပြည်နယ်မှ နှစ်ဘက် ဒုက္ခသည်တွေ အတွက်လူသားချင်း စာနာမှု့အကူညီများ လိုအပ်ကြောင်း ပြောကြားခဲ့သော်လည်း မွတ်စလင်မ် ဒုက္ခသည်များအား ရိက္ခာမထောက်ပံ့ရန်၊ ဆေးကုသခွင့်မရရန် ဒေသဆိုင်ရာ ရခိုင်ဘုန်းကြိးများနှင့် အာဏာရ RNDP ပါတီမှ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြောင်း တွေ့ရှိရပါတယ်။

    ပဋိပက္ခများဖြစ်ပွားသည်မှ (၄) လကျော် ရှိနေပြီဖြစ်သော်လည်း အစိုးရက ထုတ်ပြန်သော စာရင်းများအရ မွတ်စလင်မ် ၈၀၀၀၀ ကျော်မှာ ဒုက္ခသည် စခန်းများတွင် နေထိုင်နေရပြီး ဈေးဝယ်ခွင့်၊ ပညာသင်ခွင့်၊ ဆေးကုသခွင့် ၊ အလုပ်လုပ်ခွင့် များမရှိသေးဘဲ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ နှင့် အလှူရှင်များလှူဒါန်းသည့် ရိက္ခာများကိုသာ မှီခို အသက်ဆက်နေကြရပါတယ်။

    စစ်တွေမြို့မှ တခုတည်းသော လက်ကျန်မွတ်စလင်မ် ရပ်ကွက်ကိုလဲ ဖယ်ရှားပေးရန် ရခိုင်လူမျိုးများမှ အဆိုပါ အောင်မင်္ဂလာရပ်ကွက်ကို အကြမ်းဘက်ရန် အကြိမ်များစွာလုပ်ဆောင်ခဲ့ကြပြိး ၊ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရသို့ အောင်မင်္ဂလာ ရပ်ကွက်ကို ဖယ်ရှားပေးဖို့ ဖိအားပေးတောင်းဆိုထားကြပါတယ်။

  • “ကိုယ်ချင်းစာနာခဲ့ရပြီ” (ကဗျာ)

    “ကိုယ်ချင်းစာနာခဲ့ရပြီ” (ကဗျာ)

    အောက်တိုဘာ၊ ၁၉၊ ၂၀၁၂
    M-Media
    မုဒိတာဝေဖြာ

    ကိုယ့်တို့မှာ  အမေ ဆိုတဲ့ ဦးထိပ် ပန်ဆင်စရာ မြတ်နိုးစရာ လောကဘုရားဆိုတာရှိမယ်။
    ဒါဆိုရင်–သူတို့အမေရော–?

    ကိုယ့်တို့မှာ  အဖေ ဆိုတဲ့ ဦးညွှတ်အားထားစရာ  လောကဘုရားဆိုတာရှိမယ်။
    ဒါဆိုရင်–သူတို့အဖေရော–?

    ကိုယ့် တို့မှာ သား ဆိုတဲ့ အားကိုးစရာ အားဖြစ်စရာ စိမ့်စမ်းရေ ဆိုတာရှိမယ်။
    ဒါဆိုရင်–သူတို့သားရော?

    ကိုယ်တို့မှာ သမီး  ဆိုတဲ့ ရှူမငြီးစရာ သမီးကလျာ-သီတာရေစင် ဆိုတာရှိမယ်။
    ဒါဆိုရင်–သူတို့ သမီးရော?

    ကိုယ်တို့မှာ အဘိုး ဆိုတဲ့ မေတ္တာအေးရိပ်ဆာရာ စုံတောမြိုင်ဆိုတာရှိမယ်။
    ဒါဆိုရင်–သူတို့ အဘိုးရော?

    ကိုယ်တို့မှာ အဘွား  ဆိုတဲ့ မေတ္တာအုပ်မိုးရာ သစ်ပင်မဟာ ဆိုတာရှိမယ်။
    ဒါဆိုရင်–သူတို့ အဘွားရော?

    ကိုယ်တို့ အမေ ဆိုမှ အမေ သူတို့အမေဆို———-။

    ကိုယ်တို့ အဖေ ဆိုမှ အဖေ သူတို့အဖေဆို———-။

    ကိုယ်တို့  သား  ဆိုမှ သား သူတို့သားဆို————။

    ကိုယ်တို့ သမီး ဆိုမှ  သမီး သူတို့ သမီးဆို—————–။

    ကိုယ်တို့အဘိုး ဆိုမှ အဘိုးသူတို့ အဘိုးဆို———–။

    ကိုယ်တို့အဘွားဆိုမှအဘွားသူတို့အဘွားဆို———။

    ကဲ–ဒီတော့–ဘာသာတွေ သာသနာတွေ–ခဏထား—-

    လူလူချင်း–ကိုယ်ချင်းတောင်စာတတ်ပါ့မလား?

    မြတ်တမန်(ဆွ)က နှစ်ပေါင်းထောင့်လေးရာ အရင်ကမိန့်မှာကြား—
    “ကိုယ်ချင်းစာတရားမရှိရင်—ဘာသာတရားဆိုတာလဲမရှိပါခင်ဗျား”

    (မုဒိတာဝေဖြာ)

    (ဘာသာတရားကိုလေးစား မြတ်နိုးသက်ဝင်လို သူများအတွက်သာ)

  • Monks’ Plan to Prohibit Dealings with Muslims in Karen State: Islamic Organizations in Myanmar Need Firm Actions

    Monks’ Plan to Prohibit Dealings with Muslims in Karen State: Islamic Organizations in Myanmar Need Firm Actions

    October-19th- 2012
    M-Media

    Myanmar Post Global Journal No (81) published on 19th. October 2012 had stated on its front page that “Karen State various Buddhist Sects’ Protection Organization had announces Four Sets of Rules including the prohibiting of Buddhist own houses, land, farming land, orchard land from selling to Muslims of Myanmar”.

    In that news-
    The meeting held in Mae Baung Monastry, Pha-an, was attended by more than 100 persons including the Chief Administrators from all the nine quarters except the two from the Pha-an Township.

    Zwe Kapin Taung Abbot U Widaza had announced four rules.
    Those Four Rules were:

    (1) Prohibiting of selling or renting or using as collateral for borrowing money (Sic) (Note: never done by any Muslims to get illegal interest money) the Buddhist own houses, land, farming land, orchard land to Muslims of Myanmar.

    (2) Prohibiting Buddhist women to marry with Muslims.

    (3) Buddhists should patronize the Buddhist shops only.

    (4) Prohibiting of Buddhists from allowing themselves to use their names from buying or renting the Buddhist own houses, land, farming land, orchard land for the Muslims.

    Anyone who disobeys the above rules would be punished severely.

    These Rules were distributed to the whole (Pha-an) town the next day after the meeting on 14th October.

    Just before that meeting Karen Prime Minister U Zaw Min had visited the Zwe Kapin Taung Abbot U Widaza.

    It had stated in the report that the Buddhists Protection procedures and actions were sent to the Karen Prime Minister, Karen State Parliament Chairmen, Karen State Security and Border Affairs Ministry and other Government Officials.

    The publishing of the above news:
    1. Directly attack the peaceful coexistence between different religions.
    2. It is against the existing 2008 Constitution.
    3. It is against the presently practicing open market system by the government.
    4. Interfering the present State and Division Administration mechanism.
    5. Contravening the Printing and Publishing Censorship Rules and Regulations.
    The five top Islamic Organizations in Myanmar should take firm action on the Myanmar Post Global Journal which published the above news and this cases involving the dangerous events evolving in Pha-an, Karen State .

     

    Source Here

  • ‘တချိန်တုန်းက ကုရ်ဘာနီ အမှတ်တရ’

    ‘တချိန်တုန်းက ကုရ်ဘာနီ အမှတ်တရ’

    အောက်တိုဘာ၊၁၈၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- Storm Rider

    တခါတုန်းက အစ္စလာမ့်တံခွန်ဆိုတဲ့ ကုရ်ဘာနီ စွန့်လှူတဲ့ အလှူအဖွဲ့နဲ့ မြို့သစ်တွေကို အသားလိုက်ဝေတာ လုပ်အားပေးအနေနဲ့ လိုက်သွားဘူးပါတယ်။ ကျွန်တော်တို့က ရွှေပြည်သာဘက်က ရပ်ကွက်တွေကို ဘာသာလူမျိုးမခွဲခြားဘဲ လိုက်ဝေတာ။တန်းစီတဲ့ လူအုပ်ကြည်ပြီး ကျွန်တော်တော်လေး တုန်လှုပ်မိပါတယ်။ စိတ်မကောင်းလည်း တော်တော်ဖြစ်ပြီး မျက်ရည်တောင်ဝဲမိပါတယ်။ ။ပါလာတဲ့ အသားထုပ် အရေအတွက်နဲ့ တန်းစီပြီးအသားယူဖို့ စောင့်နေတဲ့ နွမ်းဖတ်နေတဲ့ အဝတ်စားတွေနဲ့ လူအုပ်ကြီးဟာ ဘယ်လိုမှ မလောက်မှန်း ကျွန်တော်တို့သိလိုက်လို့ပါ။ ဒါတောင်ရပ်ကွက် နှစ်ခုက လူပဲရှိသေးတာတဲ့။ အဲ့ဒါနဲ့ ကျွန်တော်တို့လည်း ရပ်ကွက်ကတာဝန်ရှိတဲ့လူတွေနဲ့ ဝေခြမ်းရေး အစီအစဉ်စရော။ ကားပေါ်က အသားထုတ်တွေကို လှမ်းကြည့်ပြီး အခြေအနေ မဟန်မှန်းသိတဲ့ လူတချို့က အသားထုတ်တွေကို လုယူဖို့ တီးတိုးတီးတိုးသံတွေ ညံလာတဲ့အခိုက် အခြေအနေကို ရိပ်စားမိတဲ့ လှူဒါန်းရေး အဖွဲ့ဝင်တွေနဲ့ ရပ်ကွက်လူကြီးတွေ တိုင်ပင်ပြီး လူထုကိုကြေငြာရပါတယ်။မလုကြဖို့နဲ့ အခုဒီမှာ တန်းစီနေတဲ့ လူတွေ အကုန်လုံးရမှာ ဖြစ်ကြောင်း ကြေငြာရပါတယ်။

    တဆက်တည်း အစ္စလာမ့်တံခွန်က တာဝန်ရှိတဲ့လူတွေကို ဆက်သွယ်ပြီး အသားထုတ်တွေ ထပ်လိုချင်ကြောင်း။ လောက်ငှမှု မရှိကြောင်း ပြောတော့ပြန်ပြောတာက အသားဝေဖို့လမ်းကြောင်းတိုင်းက အသားထုပ်ထပ် လိုချင်နေပေမယ့် သူတို့လည်း ဘယ်လိုမှ မတတ်နိုင်တော့ကြောင်း အကြောင်းပြန်တော့ ကျွန်တော်တို့ ဇောချွေးတွေပျံနေကြပြီ။ မထူးတော့တဲ့အဆုံး အိမ်ကိုဖုန်းဆက်ပြီး အသားထုတ် ဘယ်လောက်ကျန်သေးလည်း လှမ်းမေးတော့ (၅၀) လောက်ရမယ်ပြောလို့ ကျွန်တော်လည်း နီးရာကားနဲ့ သုတ်ခြေတင်လို့ အမြန်သွားယူပါတော့တယ်။

    အလ္လာဟ်အရှင်ဘက်က အကူအညီကလည်း အစ်ခ်လားစ် (စိတ်ရင်းစေတနာ) မှန်တော့ ထပ်ရောက်လာပါတယ်။ နီးစပ်ရာဆွေမျိုးများနဲ့ လွတ်လပ်ရေးရပ်ကွက် (ဘင်္ဂါလီစု လို့လည်းခေါ်ပါတယ်) အဲ့ဒီထဲကို ကားနဲ့ပတ်ပြီး အလှူခံတော့ စုစုပေါင်းအသားထုပ် အရေအတွက် (၃၈၀) ခန့်ထပ်ရပါတယ်။ အဲ့ဒါနဲ့ သုတ်ခြေတင်ပြေး။ ဟိုရောက်တော့ သန်လျင်ဘက် အသားလှူတဲ့ အဖွဲ့တဖွဲ့ကလည်း အသားထုတ် (၅၀၀) ကျော်နဲ့ ထပ်ရောက်နေပြီ။ ALLAHAMDULILLAH  (အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ခြင်း) ဆိုပြီး အဲ့ဒီကြမှ သက်ပြင်း ချနိုင်တော့တယ်။
    ဒါတောင် ထပ်ပြီး လူ(၅၀) လောက်နဲ့ ရပ်ကွက်လူကြီးတွေကို ပေးဖို့ကျန်တော နောက်နေ့ယူလာပါ့မယ့် လို့ကတိပေးပြီး ပြန်လာခဲ့ရတယ်။  အချိန်ကလည်း ည ၈း၀၀ နာရီကျော်ပြီ။ လူတွေလည်း မနက် ၅း၃၀ နာရီ ထဲက တောက်လျှောက် RUN ခဲ့ရတာဆိုတော့ တကိုယ်လုံးကို ကိုင်ရိုက်ထားသလို ကိုက်ခဲပြီး ပင်ပန်းနေပြီ။ မျက်စိထဲမြင်နေတာက လူမမယ်ကလေး တယောက်နဲ့ အသက် ၆၅-၆၈ နှစ် လောက်ရှိတဲ့ အမေအိုကြီးရဲ့ သနားစဖွယ် မျက်နှာလေးတွေနဲ့ မနက်ဖြန် ဆက်ဆက်လာပို့ပါနော်။မနက် ၇း၀၀ နာရီ လာစောင့်နေပါ့မယ် ဆိုတာကြောင့် စိတ်ထဲ တော်တော် မကောင်းဖြစ်ပြီး မနက်ဖြန် အတွက် ရင်မောရင်း ပြန်ခဲ့ရပါတယ်။

    ဒါပေမယ့် အဲ့ဒီနေ့မှာလည်း အလ္လာဟ်ဘက်က အကူအညီတွေက ထပ်ရောက်လာပြီး ဆိတ်နှစ်ကောင်လှူတဲ့လူနဲ့ အိမ်မှာရှိတဲ အလှူလုပ်ဖို့ ဝေစုအိုးထဲက ချက်ပြီးသား အသားတွေ ယူပြီးဝေခြမ်း နိုင်ခဲ့ပါတယ်။ အလှူခံ ၉၅ရာခိုင်နှုန်းဟာ ဗုဒ်ဓ ဘာသာဝင်တွေပဲဖြစ်ပါတယ်။အဲ့ဒီတုန်းက အခုလို အစ္စလာမ့်တံခွန်အဖွဲ့က ရပ်ကွက်တခုခြင်းစီ နွားအကောင်လိုက် မလှူနိုင်သေးဘူး။ မှတ်မိရသလောက် ပထမနှစ်က ဟံသာဝတီဒါရ်ဂါဗလီ (အခုတော့မရှိတော့ပါဘူး စစ်အစိုးရလက်ထက် အစ္စလာမ့် သာသနိက အဆောက်အအုံကို ဖျက်ပြီး အခုဘာလုပ်ထားတယ်ဆိုတာ မိတ်ဆွေများသိမှာပါ)။  နောင်နှစ်တွေမှာတော့ရွာသာကြီး အမဲဈေးမှာ လုပ်အားပေးတွေ အင်အားနဲ့ ကိုယ်တိုင်ပဲ ကစိုင်လုပ်။ကိုယ်တွေပဲ ခုတ်ထစ်ဖြတ်တောက်ပြီး ကိုယ်တိုင်ပဲ ကားတွေနဲ့ဝေချမ်းရေးလုပ်ရပါတယ်။

    ဒါတောင် အလှူခံတွေရှိတဲ့ နေရာတွေကိုသယ်တဲ့ လမ်းတလျှောက် စစ်ဝတ်စုံနဲ့ဓါးပြ၊ ရဲဝတ်စုံနဲ့ဓါးပြ၊ ယာဉ်ထိန်းရဲဝတ်စုံနဲ့ ဓါးပြတွေက လမ်းထောင့် အသီးသီးမှာ ဆက်ကြေးတောင်းပြီး ပါလာတဲ့အသားတွေကိုလည်း အေးဓါးမြ တိုက်ပါသေးတယ်။အဆိုးဆုံးနေရာကတော့ ဒဂုံတောင်မြောက်လမ်းဆုံနား ငမိုးရိပ်ချောင်းကူးတံတားနားမှာပါ။ စစ်ကား TE11 ကြီးရပ်ပြီးတော့ကို မသထာကြေးတောင်းတာ။

    အစ္စလာမ်တံခွန်က လုပ်ဆောင်တောင် ကုရ်ဗာနီစွန့်လှူတဲ့ အစီအစဉ်ဟာ အခုတော့ တော်တော်ကို အောင်မြင်နေပါပြီ။ နွားအကောင်လိုက် ရပ်ကွက်အလိုက် အသင်းကိုလှူတဲ့ သူဌေးတွေ ဒုနဲ့ဒေးပါ။ ဒီအလုပ်နဲ့ ဒီအသင်းကို စတင်ဖွဲ့စည်း အကောင်အထည်ဖော်ခဲ့တဲ့ ဦးတင်မောင်သန်း နှင့် အဖွဲ့ဝင်များအား အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ သာသနာ့အကျိုး ၊ နိုင်ငံ့အကျိုးအား ဆထက်တံပိုး ထမ်းပိုးနိုင်တဲ့ အင်အားများချီးမြင့် ပေးသနားတော်မှုပါစေ။

    အဲ့ဒီလိုသွားပို့ရာ ကျွန်တော်တို့ လုပ်အားပေးတွေဟာ အသားထုတ်တွေ တင်ဆောင်ထားတဲ့ HILUX တို့DYNA တို့လို ကားတွေရဲ့ နောက်ခန်းမှာ တပါတည်းလိုက်ပါသွားရပါတယ် ။ သေချာဆေးကြောပြီး သွေးတွေဘာတွေ မမြင်အောင် ဘယ်လောက်လုပ်လုပ် အဲ့ဒီနေ့မှာ တကူးတက ကိုယ်ပိုင်ကားတွေနဲ့ ပြသနာကို မီးခွက်ထွန်းပြီးရှာတဲ့ ခွေးတွေက ဘေးကနေ ဖြတ်ကျော်ရင်းခွေးကုလားတွေ။ ငါ-ိုးမကုလားတွေဆိုပြီး ပေါ်တင်ဆဲတာကိုလည်း မသိချင်ယောင်ဆောင်ပြီး မျက်နှာလွဲထားရပါသေးတယ်။ စိတ်ထဲကလူငယ်ပီပီ ပြန်ဆဲချင်ပေမယ့် ကားပေါ်ပါလာတဲ့ အကိုတချို့က ဖျောင်းဖျတာကြောင့် အံကိုကြိတ်လို့မျက်ရည်ဝဲမိပါတယ်။ စိတ်ထဲကတော့—-အော်—အဲဒီခွေးကုလားလို့ မင်းတို့နှိမ်ပြီး ခေါ်နေတဲ့လူတွေဟာ မင်းတို့အမျိုး မင်းတို့ဘာသာဝင်တွေအတွက် ဗုဒ်ဓဘာသာအယူအရ ကံ၊ ကံ၏ အကျိုးကြောင့်ဘဲ ဖြစ်ဖြစ်၊ စနစ်ဆိုးကြောင့်ပဲ ဆိုဆို၊ စစ်အစိုးရစနက်ကြောင့်ပဲဆိုဆိုကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံက အဆင်းရဲဆုံးဆိုတဲ့ လူ့ငမွဲတွေကို ကျောသားရင်သား မခွဲခြားဘဲ အစ္စလာမ်သာသနာရဲ့ သွန်သင်ဆုံးမတဲ့ နည်းလမ်းအတိုင်း အလ္လာဟ်အရှင့် မျက်နှာ တခုတည်းသာကြည့်ပြီး စိတ်စေတနာ သန့်သန့်နဲ့ သွားလှုနေတာပါလို့ စိတ်ထဲမှာဘဲ ပြောနေမိပါတော့တယ်။