News @ M-Media

Author: M-Media

  • စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင် (အမျိုးသား စာပေဆု ပထမဆုံး ပြဇာတ် စာပေဆုရသူ )

    စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင် (အမျိုးသား စာပေဆု ပထမဆုံး ပြဇာတ် စာပေဆုရသူ )

    အောက်တိုဘာ၊ ၁၅ ၊ ၂၀၁၂
    M-Media

    “အဆင်းခက်ခက် အတက်ကြမ်းကြမ်း” ပြဇာတ်စာအုပ်ဖြင့် ရရှိသည်။ အမျိုးသားစာပေဆု သက်တမ်း တစ်လျှောက် ” ပြဇာတ်စာပေဆု” ကို ဦးစွာရရှိသောစာအုပ်ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေး၊ တရားမှန်စီရင်ရေးနှင့် လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို ဦးတည်ပြုစုထားသည်။ ၁၉၆၉ ခုနှစ်၏ ပြက္ခဒိန် တစ်နှစ်အတွင်း ပုံနှိပ်ထုတ်ဝေသမျှ စာအုပ်များအနက် သက်ဆိုင်ရာ ဘာသာရပ်၊ အမျိုးအစားအလိုက် အကောင်းဆုံး တစ်အုပ်ကို ရွေးချယ်၍ တစ်ဆုတည်းသာ ချီးမြှင့်သည်။ အမျိုးသားစာပေဆု ပုံစံသစ် အကောင်းဆုံး တစ်အုပ်ရွေး စနစ်ဖြင့် ပထမဆုံးရရှိခြင်းဖြစ်သည်။

    ၂၀၁၁ ပခုက္ကူ ဦးအုံးဖေ တစ်သက်တာ စာပေဆု လက်ခံရရှိစဉ်က
    Photo-EMG

    တက္ကသိုလ်မောင်မောင်ခင် သည် ပြည်ခရိုင်၊ ပန်းတောင်းမြို့ဇာတိဖြစ်သည်။ ဖခင်မှာ အငြိမ်းစားပညာအုပ် ဦးရာကွတ်ခေါ် ဦးအောင်ပွင့်ဖြစ်သည်။ မိခင်မှာ ဒေါ်မမကြီးဖြစ်သည်။ ၁၉၂၈ ခု ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖွားမြင်သည်။ အမည်ရင်း ဦးမောင်မောင်ခင်ဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။ ၁၉၅၂ တွင် စာပေဗိမာန်မဂ္ဂဇင်း စာတည်းအဖွဲ့တွင် လက်ထောက် စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ပြန်ကြားရေးဌာနတွင် ဒုတိယ အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ကျောင်းသုံး စာအုပ် ပုံနှိပ်ထုတ်ဝေရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သည်။ ရုပ်ရှင်လုပ်ငန်း ကော်ပိုရေးရှင်းတွင် ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

    ၁၉၆၇ ခုနှစ်တွင် သဇင်မြို့စာညွန့်များ စာအုပ်ဖြင့် အမျိုးသားစာပေဆု၊ စာပဒေသာ တတိယဆု ရသည်။ ၁၉၆၇ ခုနှစ်တွင်ပင် မညီမျှသော ညီမျှခြင်း ဝတ္ထုတိုစာအုပ်ဖြင့် အမျိုးသားစာပေဆု ဝတ္ထုတို ဒုတိယဆုရရှိသည်။ ၂၀ဝ၇ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ် ၂/၂၀ဝ၇ အရ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။ အကန်တော့ခံ သက်ကြီးစာပေ ပညာရှင် တစ်ဦးဖြစ်သည်။

    [အလားတူ အမျိုးသားစာပေဆုရခဲ့သူများမှာ တင်စိန်ငယ် “တောစတွိုင်း၏ ဝတ္ထုတိုနှစ်ပုဒ်”စာအုပ်ဖြင့် အမျိုးသား စာပေဆု၊ ဘာသာပြန်တတိယဆု (၁၉၆၇)၊ ဒေါက်တာရီရီ ” မြန်မာနိုင်ငံအခြေအနေ (၁၇၁၄-၅၂)” စာအုပ်ဖြင့် သုတပဒေသာဝိဇ္ဇာ၊ အမျိုးသားစာပေဆု (၁၉၇၅) တို့ဖြစ်သည်။
    ၂၀၁၁ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေတည်ထောင်သောပခုက္ကူ စာပေဆုများမှ တစ်သက်တာ စာပေဆုကို စာရေးဆရာကြီး ဦးမောင်မောင်ခင် (တက္ကသိုလ် မောင်မောင်ခင်)က ရရှိခဲ့သည်။

    ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်)
    B.A.(Honours), M.A., H.G.P., Ph.D.

    ၏ ပြုစုရေးသားချက်ကို M-Media မှ ဖြည့်စွက်ပြီး စုစည်းတင်ပြပါသည်။

  • ရမည်းသင်းမှာ ဘုန်းကြီး ရိုက်ခံရတဲ့ သတင်း အမှားဖြစ်ကြောင်း မန္တလေးတိုင်း ဒုရဲမှုးပြော

    ရမည်းသင်းမှာ ဘုန်းကြီး ရိုက်ခံရတဲ့ သတင်း အမှားဖြစ်ကြောင်း မန္တလေးတိုင်း ဒုရဲမှုးပြော

    အောက်တိုဘာ၊ ၁၄၊ ၂၀၁၂
    M-Media
    သတင်း – ဇာဏီ

    ရမည်းသင်းမြို့တွင် မနေ့က ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်၍ မန္တလေးတိုင်း ဒုရဲမှူးကိုယ်တိုင် ရမည်းသင်းမြို့သို့ ရောက်ရှိလာပြီး ရမည်းသင်းမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ခေါ်ယူတွေ့ဆုံမှုပြုလုပ်ပြီး ဖြစ်ပေါ်နေသော ပြဿနာရပ်များ အေးချမ်း တည်ငြိမ်စေရန် လိုအပ်သော အရေးယူမှုများပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

    ယင်းကိစ္စအား ဆက်သွယ်စုံစမ်းရာ “ ရမည်းသင်းကို မန္တလေးတိုင်း ဒုရဲမှူးကိုယ်တိုင် ရောက်ရှိလာပြီး ရမည်းသင်းမြို့ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို မွတ်စလင်မ်တွေဘက်မှ အချို့လည်း တက်ရောက်ခွင့်ရခဲ့ပါတယ်။

    အဲဒီအစည်းအဝေးမှာ ရဲမှူးက ရပ်ကွက်တာဝန်ရှိသူ အားလုံးကို မေးပါတယ်။ ဖြစ်စဉ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြဖို့ ပြောတဲ့အခါ ရွှေပြည်သူ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ကိုသက်ဦးက ပြောပြတယ်။ ဒီမနက်မှာပဲ လူတစ်ချို့က အဓိကရုဏ်းဖြစ်အောင်လုပ်ဖို့ လူစုနေတယ်လို့ သတင်းကြားလို့ အဲဒီကဘုန်းကြီးကျောင်းကို ရောက်သွားတော့ ဘုန်းကြီးကျောင်း ပုရ၀ုဏ်မှာပဲ လူ ၁၀၀ လောက်စုဝေး၀ိုင်းဖွဲ့ပြီး အရက်တွေသောက်နေကြတာကို တွေ့ရတယ်လို့ပြောတယ်။ ပြီးတော့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပြတာက အခုဖြစ်ပွားခဲ့တဲ့ ကိစ္စတွေဖြစ်လာအောင် အဓိက လှုံ့ဆော်တာကတော့ ‘ထူး’ဘောလုံးအသင်းထောင်ထားတဲ့ ဦးဇော်လွင်ဦးရဲ့သားက အဓိကလှုံ့ဆော်တာဖြစ်တယ်လို့ပြောတယ်။ ဒါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးကတဆင့် ခရိုင်အုပ်ချုပ်ရေးကနေပါ လိုအပ်သလို အရေးယူဖို့လုပ်ပါလို့ ပြောခဲ့တယ်။ အဲဒါက မန္တလေးတိုင်း ဒုရဲမှူးထွန်းနိုင် နဲ့ အစည်းအဝေးမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တင်ပြသွားတာတွေပါ။ ပြီးတော့ ရွှေကူရပ်ကွက်၊ ပြင်တပ် ရပ်ကွက်နဲ့ သင်ပန်းကုန်းရွာက လူတွေက ပြဿနာတွေဖြစ်အောင် ပိုလုပ်ဆောင်နေတယ်လို့ သိရတဲ့အတွက် အဲဒီက အုပ်ချုပ်ရေးမှူးတွေကိုလည်း ရဲမှူးကပဲ ပြင်းထန်စွာသတိပေးသွားပါတယ်။

    ပြီးတော့ ဘုန်းကြီးတစ်ပါးကို မွတ်စလင်မ်တွေက ၀ိုင်းရိုက်တယ်ဆိုတဲ့သတင်းတွေဟာလည်း သတင်းမှားဖြစ်တယ် ဆိုတာကိုလည်း အဲဒီမှာပဲပြောပြပြီး အားလုံးကိုပြောပြဖို့လည်း သတိပေးပါတယ်။ ဒီအစည်းအဝေးပြီးတဲ့နောက်ပိုင်း ဗမက အရှေ့ရပ်ကွက်၊ ကျောင်းတိုက်စုရပ်ကွက် တွေမှာ လုံခြုံရေးတွေ ပိုမိုတိုးချထားတာတွေ့ရတယ်။ ဒါပေမယ့် စံလွတ်ဘုန်းကြီးကျောင်းနဲ့ အနီးတ၀ိုက်က မွတ်စလင်မ်အိမ်ထောင်စု ၃၀-လောက်ကတော့ အဲဒီကနေရာကနေ ရွှေ့ပြောင်းသွားကြတယ်။

    ဒီနေ့ညကို မီးရှို့မယ်ဆိုတော့ ကလေးတွေနဲ့ အမျိုးသမီးတွေကိုလည်း ဘေးလွတ်ရာကို ခေါ်သွားကြတယ်။ တချို့လည်း တပ်ကုန်း၊ မိတ္တီလာနဲ့ ပျော်ဘွယ်ဘက်ကို သွားလိုက်ကြတယ်။ ဒီနေ့ညနေ ၅-နာရီလောက်မှာတော့ ရမည်းသင်းမြို့ထဲမှာ ကားနဲ့ပတ်ပြီး သတိပေးနှိုးဆော်နေပါတယ်။ ပုဒ်မ ၁၄၄ ထုတ်တာမဟုတ်ပေမယ့်။ လူစုလူဝေးနဲ့နေရင် ဖမ်းမယ်၊ ၅-ယောက်ထက်ပိုရင်ဖမ်းမယ်၊ လက်ထဲမှာ ထုတ်-ဓါး ကိုင်ဆောင်ထားတာတွေ့ရင် ဖမ်းမယ်လို့ ကားနဲ့ လှည့်အော်နေပါတယ်။ အခုကိစ္စတွေဖြစ်တဲ့အချိန်မှာ ပြည်ခိုင်ဖြိုးက မန္တလေးတိုင်း လွှတ်တော်အမတ် ဦးကျော်မြင့်ကလည်း အခုဖြစ်နေတဲ့ကိစ္စတွေ တည်ငြိမ်အောင် ဆောင်ရွက်နေတာလည်းတွေ့ရပါတယ်။

    ပြီးတော့ NLD အမတ်တွေဖြစ်တဲ့ ဦးဇေယျာသော်၊ ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးဝင်းထိန်၊ မန္တလေးတိုင်း NLD က ဒေါ်ဝင်းမြမြတို့ကိုလည်း ဒီအကြောင်းအရာတွေ အားလုံးကို အသိပေးတင်ပြထားပါတယ်။ သူတို့တွေလည်း တတ်နိုင်သလောက် ကူညီနေပါတယ်။ အခုလို ၀ိုင်းဝန်းလုပ်ဆောင်ခဲ့တာကြောင့် ဒီနေ့ညနေပိုင်းမှာတော့ ရမည်းသင်းမှာ ဘာပြဿနာမှ ထပ်မဖြစ်တော့ပါဘူး။ အခုညပိုင်း ၈-နာရီကျော်ကျော် လောက်မှာတောင် လမ်းပေါ်လူ သိပ်မရှိတော့ပါဘူး”လို့ ရမည်းသင်းမြို့ခံတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

  • မန်းနိဗ္ဗာန်ဆော်မှ ဘာသာပေါင်းစုံအား ကုရ်ဗာနီအိးဒ်နေတွင် အစဉ်အလာမပျက် လှူဒါန်းမည်

    မန်းနိဗ္ဗာန်ဆော်မှ ဘာသာပေါင်းစုံအား ကုရ်ဗာနီအိးဒ်နေတွင် အစဉ်အလာမပျက် လှူဒါန်းမည်

    အောက်တိုဘာ၊ ၁၄၊ ၂၀၁၂
    M-Media

    မန္တလေးမြို့တွင် ၂၀၀၉ခုနှစ်မှာ့စတင်ပြီး ကုရ်ဘာနီ အီးဒ် ပွဲတော်ကြီးတွင် မွတ်စလင် အလှုရှင်များ လှုဒါန်းသော အသားနှင့် ဟင်းချက်စရာ ပစ္စည်းစုံများကို လူမျိုး၊ဘာသာပေါင်းစုံမှ ဦးစီး တည်ထောင် ဖွဲစည်းထားသော အောက်ဖော်ပြပါ အသင်းအဖွဲ့ကြီးများကို မွတ်စလင်မ်လူငယ်များ နိဗ္ဗာန်ဆော် အဖွဲမှ အဖွဲ့များ ခွဲပြီးသွားရောက် လှုဒါန်းခဲ့ကြပါသည်။ ယခုနှစ်တွင်လည်း ယခင်နှစ်များ နည်းတူ အစဉ်အလာမပျက်  သွားရောက်လှုဒါန်းကြမည် ဖြစ်ကြောင်း သိရပါတယ်။

    မန္တလေး နိဗ္ဗာန်ဆော်အဖွဲမှ သွားရောက်လှုဒါန်းခဲ့သော  ဘာသာပေါင်းစုံ အဖွဲ့များ စာရင်းအားမှာ

    ၁။ မြန်မာပြည် ဗုဒ္ဓဘာသာ မိဘမဲ့ ကလေးများ စောင့်ရှောက်ရေးအသင်း မှတ်ပုံတင်အမှတ် ၃၄ ငါးစို့ကျောင်းတိုက် ပြည်ကြီးမျက်ရှင်။
    ၂။ ဦးသုမင်္ဂလာ ပြည်လုံးချမ်းသာ တိုင်းရင်းသားမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်း တမာတန်းအရှေ့ ရဲဘော်ကွက်သစ် ပြည်ကြီးတံခွန်မြိုနယ်
    ၃။စစ်ကိုင်း မန္တလေးလမ်းခွဲ နားမကြားသောကလေးများကျောင်း ချမ်းမြသာစည်မြိုနယ်
    ၄။ရွှေကျင် အမျိုးသမီးပြုစုစောင့်ရှောက်ရေးအသင်း
    ၅။အမျိုးသမီးသင်တန်းကျောင်း(သက်ကြီး) ၃၀-၆၄ လမ်းဒေါင့်။
    ၆။အမျိုးသမီးသင်တန်းကျောင်း(မွေးကင်းစ)ပြုစုရေးဌာန ၆၄-၆၅ကြား လမ်း၃၀
    ၇။လူငယ်သင်တန်းကျောင်း ၁၂-၇၃ ဒေါင့် ကျုံးမြောက်ဘက်
    ၈။အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာန ၃၀-၃၁ လမ်းကြား၆၄ လမ်း
    ၉။အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း ဘုန်တော်တိုး အောင်မြေသာဇံမြို့နယ်
    ၁၀။မြန်မာနိင်ငံ ခရစ်ယျာန်အသင်းတော်(နာဂ)တိုင်းရင်းသားမိဘမဲ့ကလေးများဂေဟာ ၂၄-၂၅ လမ်းကြား လမ်း ၈၀
    ၁၁။စိန့်ဂျိုးဇက် သီလရှင်ကျောင်း ၈၂-၈၃ လမ်ကြား ၂၄ လမ်း
    ၁၂။စိန့်ဂျိုးဇက် သီလရှင်ကျောင်း ဆင်စွယ်ပွတ်ရပ် အမရပူရမြို့
    ၁၃။ဇော်ဂျီ ခရစ်ယျာန်ကျောင်း ၂၄ လမ်း
    ၁၄။ Unicef & N Y W C A ရဲမွန်တောင် D.P.V.C project ၅၈-၃၉ ဒေါင့် ရဲမွန်တောင်
    ၁၅။ဦးလှထွန်းကင်ဆာ ဖောင်ဒေးရှင်း ပုသိမ်ကြီးမြို့နယ်
    ၁၆။ရေနံသာရွာ မတ္တရာမြို့နယ်
    ၁၇။အထက်မြန်မာပြည် ဗဟိုအကျဉ်းဦးစီးဌာန အိုဘို
    ၁၈။အကျဉ်းဦးစီးဌာန ၁ (ကျား) ထုံးဘို မေမြို့လမ်း
    ၁၉။အကျဉ်းဦးစီးဌာန ၁ (မ) ထုံးဘိုမေမြို့လမ်း
    ၂၀။အကျဉ်းဦးစီးဌာန ဘယ်လင်း
    ၂၁။အကျဉ်းဦးစီးဌာန အမျိုးသမီး A.I.D.S ကြာနီကန်
    ၂၂။အကျဉ်းဦးစီးဌာန(၂) ၂၁မိုင် ပြင်ဦးလွင် မန္တလေးလမ်း။

    ဆက်သွယ်လှူဒါန်းလိုကြသော ရပ်ဝေး ရပ်နီးမှ မြန်မာမွတ်စလင်မ်များအနေဖြင့်  အသေးစိတ်သိရှိလိုပါက အတွင်းရေးမှုး ဦးခင်မောင်လတ် မွတ်စလင်လူငယ်များ နိဗ္ဗာန်ဆော်အဖွဲ့ မန္တလေး(02 60849 ;09 91018501)သို ဆက်သွယ် စုံစမ်းမေးမြန်းနိင်ပါကြောင်း သိရှိရပါသည်။

    နိဗ္ဗာန်ဆော်အဖွဲ့သည်  မြန်မာမွတ်စလင်မ်များ ဖွဲ့စည်းထားသော လူသားအကျိုးပြု NGO အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။ မန္တလေးမြို့တွင်သာမက မြန်မာနိုင်ငံတစ်ဝန်းသို့ အရေးပေါ်လူမှုရေးကိစ္စများကို အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ အစဉ်အလာကြီးမားစွာ စေတနာ၊ မေတ္တာ၊ ဂရုဏာတရားများ အပြည့်ထားပြီး ကိုယ်ကျိုးမဖက် ဆောင်ရွက်ရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။   နိဗ္ဗာန်ဆော်အဖွဲ့ကိုဖွဲ့စည်းခဲ့သည်မှ ယခုနှစ် ၂၀၁၂ နှစ်တွင် နှစ်ပေါင်း ၆၀ ပြည့်ခဲ့ပြီးဖြစ်ပါတယ်။

    ကိုးကား သတင်းအချက်အလက် ဝါဇီလှမြင့် FB စာမျက်နှာမှ

  • မန္တလေး တိုင်းသာသနာရေး ဝန်ကြီး OIC ကိစ္စ သံဃာများနှင့် အစ္စလာမ်အဖွဲ့ ခေါင်းဆောင်များအား တွေ့ဆုံ

    မန္တလေး တိုင်းသာသနာရေး ဝန်ကြီး OIC ကိစ္စ သံဃာများနှင့် အစ္စလာမ်အဖွဲ့ ခေါင်းဆောင်များအား တွေ့ဆုံ

    အောက်တိုဘာ၊ ၁၄၊ ၂၀၁၂

    M-Media

    မန္တလေး။     ။ ယနေ့ ၁၄-၁၀-၂၀၁၂ တနင်္ဂနွေနေ့လည်ပိုင်းတွင် မစိုးရိမ်တိုက်ဟောင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာသံဃာနာယက ဆရာတော်ကြီးများနှင့် မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော်အမှူးပြုသော သံဃာတော်များနှင့် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း အသီးသီးမှခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး သစ်တောနှင့် သတ္ထုတွင်း၊ သာသနာရေးဝန်ကြီးမှ တွေ့ဆုံ၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ-လက်ရှိ ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်ပြီးရှင်းလင်း တင်ပြလျှောက်ထားခဲ့ပါသည်။

    ဆရာတော်ကြီးများက အိုအိုင်စီ နှင့်ပတ်သက်၍ သံဃာတော်များ ဗုဒ္ဓဘာသာဝင်များ၏ စိုးရိမ်ပူပန်မှု များကိုမိန့်ကြားခဲ့ပြီး ဝန်ကြီးမှ အိုအိုင်စီရုံးဖွင့်လှစ်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ယနေ့ည၈နာရီသတင်းတွင် တရားဝင်ကြော်ငြာပေးမှာဖြစ်ကြောင်း လျှောက်ထားခဲ့ ပါသည်။

    ဆရာတော်များနှင့်အစ္စလာမ်ဘာသာခေါင်းဆောင်များက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး-ဘာသာရေး အထင်အမြင်လွဲမှုများပပျောက်ရေး-ဖြစ်ပေါ်နေသောပဋိပက္ခများ ငြိမ်းအေးစေရေးတို့အတွက် ငြိမ်းချမ်းရေးတရားများ အပြန်အလှန်ပြောဟောပြီး-ချစ်ကြည်ရင်းနှီးစွာဖြင့် အခမ်းအနားရုပ်သိမ်းလိုက်ပါသည်။

    အခန်းအနားတွင် ဆရာတော်ဦးဝီရသူမှ ဘာသာပေါင်းစုံ ဆုတောင်းပွဲများကို အစိုးရမှပိတ်ပင်ခြင်းများမပြုပါရန် မိန့်ကြားမှုအပေါ် ဝန်ကြီးမှ ခွင့်ပြုပေးပါမည့် အကြောင်းဖြေကြားခဲ့ပါသည်။

    Source: Maungmaung Skw FB