News @ M-Media

Author: M-Media

  • ရန်ကုန်တိုင်း ၀န်ကြီးချုပ် အဓိကရုဏ်းကိစ္စ သတင်းမီဒီယာများကို သတိပေး

    ရန်ကုန်တိုင်း ၀န်ကြီးချုပ် အဓိကရုဏ်းကိစ္စ သတင်းမီဒီယာများကို သတိပေး

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အဓိကရုဏ်း ကိစ္စရပ်များအပေါ် သတင်းမီဒီယာများ သတိ ထားရေး သား ရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ် ဦးမြင့်ဆွေ ပြည်တွင်း သတင်းမီဒီယာများကို ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် သတိပေးပြော ကြားသည်။

    “မီဒီယာတွေ နိုင်ငံတော်နဲ့ ပူးပေါင်း လုပ်ဆောင် သင့်တယ်။ အခုကိစ္စကနေ မမျှော်မှန်းနိုင် တဲ့ ဆုံးရှုံးမှုတွေ ဖြစ် သွားနိုင်တယ်”ဟု ဦးမြင့်ဆွေက ဆိုသည်။

    အဆိုပါ အဓိကရုဏ်းကိစ္စရပ်များကို ဖော်ပြရာတွင် ပြန်ကြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသည့် မူဝါဒများကို ချိုးဖောက်ပါက ၀န်ကြီးဌာနမှ အရေးယူမည့် အပိုင်းရှိသကဲ့သို့ အုပ်ချုပ်ရေးပိုင်းကလည်း တည်ဆဲ ဥပဒေ ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ (ည) တို့ဖြင့် ဥပဒေပါ ထောင်ဒဏ် ငွေဒဏ်များ ချမှတ်အရေးယူသွားရန် ရှိကြောင်း ၄င်းက မီဒီယာများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး တွင် ခေါ်ယူ သတိပေးပြောကြားသည်။

    ယင်းအပြင် မီဒီယာများအနေနှင့် သတင်းနှင့် စာနယ်ဇင်းကျင့်ဝတ်များကို လိုက်နာကြရန် လည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှုးချုပ် ဦးတင့်ဆွေကလည်း ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြရာတွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို မပျက်မကွက် တင်ပြရမည် ဖြစ်ပြီး ၄င်းတို့၏ စိစစ်ဖြတ်တောက်မှု အတိုင်းသာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ယင်းသို့ မလုပ်ဆောင်ပါက ဥပဒေနှင့် အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

    အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခေါ်ယူအသိပေးပြောကြားခံရသည့် မီဒီယာများအကြားတွင် သဘောထား အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိပြီး အချို့သတင်းမီဒီယာသမားများမှာ ၀န်ကြီးချုပ်၏ ပြုမှုပြောဆိုသည့် အသုံး အနှုန်းအချို့ပေါ်တွင် စိတ်ပျက် ရကြောင်း ၊ ပြောကြား လိုသည့် သဘောထားကို လက်ခံနိုင်သော်လည်း ယခင်အုပ်ချုပ်မှုမှ အကျင့်ဟောင်း များ အတိုင်း ပြုမူဆက် ဆံသည့် အပေါ်တွင်မူ လက် ခံနိုင်ရန် ခက် ခဲကြောင်း မှတ်ချက်ပေးပြောကြားသည်။
    Credit- The Voice Weekly

  • ဘက်လိုက် မြန်မာမီဒီယာများတွင် မဖော်ပြသော ရခိုင်အဓိကရုန်း ပျက်ဆီး/သေဆုံးမှုအချို့

    ၉-၆-၂၀၁၂
    ညနေ(၄း၀၀)။ ။ အဝေးပြေးဂိတ်တွင် ရခိုင်များကရိုက်သတ်။
    အသက် ၁၂ နှစ်အရွယ် မွတ်စလင် ကျား ၁ ဦး
    အသက်၄၅ နှစ်အရွယ် မွတ်စလင် မ ၁ ဦး

    ည (၁၀နာရီ)။ ။ စစ်တွေလေဆိပ် ဗလီကို မီးရှိုးဖျက်ဆီး
    တောင်ကုတ်နှင့် ရမ်းဗြဲမှရခိုင်လူမျိုးနှစ်ထောင်ကျော် မောင်းတောသို့ ထွက်ခွာ
    ထို့နောက် လက်နက်အပြည့်အစုံဖြင့် မောင်းတောသို့ လှေ ၃ စီးဖြင့် ထွက်ခွာရာ အစိုးရရေတပ်က တစ်စီးကို ဖမ်းမိ။ ယင်းသတင်းကို ပြင်ပတွင် ပျံ့နှံ့နေသည်မှာ အလ်ကိုင်ဒါ နှင့် ဘင်္ဂါလီ များလက်နက်အပြည့် အစုံဖြင့် ရခိုင်ပြည်နယ်အတွင်းသို့ ချက်ဆီးလုယက်သတ်ဖြတ်ရန်လာရောက်စဉ် အစိုးရ ရေတပ်မှ တစ်စီးအား ဖမ်းဆီးနိုင်ခဲ့။ နှစ်စီးလွတ်မြောက်ဟု သတင်းမှန်နှင့် ဆန့်ကျင်ဖေါ်ပြ။

    ည (၁၁နာရီ) ။ ။ စစ်တွေရှိ ဘုမေ၊ ၀ါယာလက်ရွာ၊ ဟဇ်မာရွာရှိ အပြစ်မဲ့ မွတ်စလင်များကို ရွေးပြီး လုံထိန်းက သေနတ်ဖြင့်ပစ်၊ ၄ဦးသေ၊ ၉ဦး အခြေအနေစိုးရိမ်ရ။

    ညပိုင်း။ ။စစ်တွေရှိ နာဇီရွာမှ မွတ်စလင် ၈ ဦးအိမ်သို့ ပြန်စဉ်ရွာသို့ မရောက်မှီလမ်းတွင် ရခိုင်မှ လက်နက်များနှင့် ၀ိုင်းဝန်းတိုက်ခိုက်ကြရာ ၇ ဦးသေဆုံး၊ ၁ ဦးသာဒဏ်ရာဖြင့် ရွာသို့ ပြန်လည်ရောက် ရှိခဲ့။ ၇ ဦးရဲ့ အလောင်းပြန်မရ။

    ၁၀-၆-၂၀၁၂

    နံနက် ၁ နာရီ ။ ။ ၀ါယာလက်ရွာတွင် လက်နက်ကိုင်ရဲများမှ အပြစ်မဲ့ မွတ်စလင်များကို သေနတ် ဖြင့် ပစ်ခဲ့ရာ နူးရ်ဂျန် ၁၈ နှစ် (ဘ) ဦးအဗူဟာရှင်မ် နှင့် ဟာရွန်ရာရှီးဒ် ၁၈ နှစ် (ဘ) ဦးကာမင်း ဆိုသည့်လူငယ် နှစ်ဦးသေဆုံးခဲ့ အလောင်းပြန်ရသော်လည်း မြေမချနိုင်သေးပါ။

    နံနက် ၉နာရီ။ ။မွတ်စလင်ရွာဖြစ်သည့် ပိုက်ဆိပ်ရွာနှင့်ဗလီကို ရခိုင်များက စတင်မီးရှို့ဖျက် ဆီးခဲ့။ မွတ်စလင်ရွာဖြစ်သည့် ဒူအာမရောင်ရွာကို ရခိုင်များက လက်နက်ကိုင်တပ်ဖွဲ့များက မွတ်စလင်များကို ပစ်ခတ်ရာ ၅ ဦးအခြေအနေ စိုးရိမ်ရ။
    နေ့လည် ၁၂နာရီ။ ။မွတ်စလင်များဖြစ်သည့် မော်ဂိတ်ရွာ၊ မော်ဂိတ်ဈေးဟောင်းနှင့် ဘူမေရွာများကို ရခိုင်များမီးရှို့ဖျက်ဆီးပြီး ပစ္စည်းများလုယက်ဖျက်ဆီး။

    နေ့လည် ၁၂း၃၀ နာရီ။ ။ရမ်းဗြဲရှိ ဗလီဝတ်ကျောင်းတော်နှစ်လုံးကို အကြမ်းဖက်များက မီးရှို့ဖျက်ဆီးခဲ့။
    နေ့လည် ၃ နာရီ။ ။ဝါယာလက်ရွာမှ ခင်မောင်ချို ၃၂ နှစ် (ဘ)
    ဦးအလီမြားမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးပြီး အလောင်းပြန်မရ။ ယင်းရွာတွင် ယခုအခါ လူတစ်ဦးမျှ မရှိတော့ဘဲ ပင်လယ်ကမ်းခြေဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရ။

    ညနေ ၄ နာရီ။ ။ဖျက်ဆီးခံရသော မော်လိတ်ဈေးဟောင်းမှ လက်ကျန်မွတ်စလင်အများစုနေ ထိုင်ရာ အောင်မင်္ဂလာ ရပ်ကွက်သို့ ပြောင်းစေခဲ့။ ရွာတွင်ကျန်ခဲ့သော မွတ်စလင်ပိုင် ပစ္စည်းများကို အကြမ်းဖက် သမားများက စိတ်ကြိုက်လုယူဖျက်ဆီးခဲ့။

    ညနေ ၄း၃၀။ ။ဈေးဟောင်းမော်လိတ်တွင် အကြမ်ဖက်ရခိုင်များ ၀င်ရောက်မီးရှို့ ဖျက်ဆီးကာ မွတ်စလင်များကိုလည်း တိုက်ခိုက်ခဲ့ပါသည်။အဆိုပါ တိုက်ခိုက်မှုကြောင့် ဓားဒဏ်ရာဖြင့်မွတ်စလင် ၂ ဦးသေ ဆုံးကာ ၁၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိပြီး အခြေအနေ စိုးရိမ် ရကြောင်း။

    ညနေ ၅ နာရီ။ ။စစ်တွေ စံပြရွာ(ဘာဆော်ရာရွာ) တွင် ဗလီနှင့် မွတ်စလင်အိမ်ခြေများကို အကြမ်းဖက်များက မီးရှို့ဖျက်ဆီးရာ ညနေ ၆ နာရီအထိ အိမ်ခြေ ၁၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့။ ယခုအခါ မွတ်စလင် အများစုနေထိုင်ရာ စစ်တွေရှိ အောင်မင်္ဂလာရပ်ကွက်သို့ လုံခြုံရေးများလာပြီး ‘ ရခိုင်များလာရောက် မီးရှို့မည်။ ပြန်လည်ခုခံခြင်းမပြုပါနှင့် ‘ ဟု မွတ်စလင်အိမ်များကို လိုက်လံပြောဆိုနေကြောင်းနှင့် အကြမ်းဖက် သမားများကလည်း လူစုလူဝေးဖြင့် စောင့်ဆိုင်းနေကြောင်းဒေသခံများ ပြောကြားချက်အရ သိရပါသည်။

    ညနေ ၆ နာရီ။ ။ ဘူမိရွာတွင် အကြမ်းဖက်သမားများသည် ရွာကိုမီးရှို့နေပါသည်။ လုံခြုံရေးရဲ များမှ မွတ်စလင်များဘက်ကို လက်နက်များဖြင့် ချိန်ရွယ်ထားပြီးအကြမ်းဖက်သမားများမှ ဖျက်ဆီးနေခြင်း ဖြစ်ပါ သည်။ ရွာရှိအိမ်ခြေ ၃၅၀ ကျော်အကုန် မီးလောင်ကျွမ်းနေ။ မွတ်စလင်များဘေးလွတ်ရာသို့ ထွက်ပြေးနေကြ။ စားစရာ၊ ၀တ်စရာ မရှိပါ။ ကူညီကယ်ဆယ်ရေးများ အထူးလိုအပ်နေပါသည်။

  • ရခိုင်အခြေအနေ ကြေးမုံသတင်းစာပါ သတင်း(၃)ပုဒ်

    ရခိုင်အခြေအနေ ကြေးမုံသတင်းစာပါ သတင်း(၃)ပုဒ်

    ရခိုင်ဒေသအရေးနဲ့ ပတ်သက်ပြီး ဖော်ပြချက် ၃ ခုကို အစိုးရ ကြေးမုံ သတင်းစာမှာ ဒီကနေ့ တွေ့ရမှာပါ။

     ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိ ဆေးဝန်ထမ်းများရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်

    ဥပဒေနှင့်အညီ တပ်မတော်စစ်ကြောင်းများက မောင်တောနှင့် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့်ပူးပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးလျက်ရှိ

    မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ယနေ့နံနက်ပိုင်းမစှ ၍ အခြေအနေများ မူလအတိုင်းပြန်လည်တည်ငြိမ်အေးချမ်းသွားပြီဖြစ်
    တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အခြေအနေကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်ရေး အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် သက်ဆိုင်ရာကနှိုးဆော်

  • မောင်တော အဓိကရုဏ်းအပေါ် မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ ကန့်ကွက်ချက်

     

     

    ဇွန် ၈၊ ၂၀၁၂

    ဇွန်လ ၈ ရက်နေ့  ညနေ ၇ နာရီခွဲ အချိန်အထိ ရရှိသည့် သတင်းများအပေါ်မူတည်ပြီး မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များက အောက်ပါကန့် ကွက်ချက်ကို ထုတ်ပြန် သည်။

    (၁) ဇွန်လ ၈ ရက်နေ့ တွင် မောင်းတောမြို့ ရိုဟင်ဂျာအချို့ ဒေသခံများ၏ အိမ်များနှင့် တည်းခိုခန်းကို မီးရှို့ ဖျက်ဆီးကြောင်း၊ ဘုန်းကြီးကျောင်းနှင့် လူ နေအိမ်များကို ခဲများဖြင့် ထုပေါက်တိုက်ခိုက်ခဲ့ကြောင်းကြားသိရသည်။

    (၂) ဤလုပ်ရပ်သည် တရားဥပဒေကင်းမဲ့သည့်လုပ်ရပ်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူနေထိုင်နေရေးကို အဟန့် အ တားဖြစ်စေသည့်လုပ်ရပ်ဖြစ်သည်။

    (၃) ဤဖြစ်စဉ်တွင် မြန်မာပြည် နှင့် ကမ္ဘာအဝှမ်းတွင်ရောက်ရှိသော မိမိတို့  မြန်မာမွတ်စလင်မ်များမပါဝင်သကဲ့သို့  သဘောတူ ထောက်ခံခြင်းလည်းမရှိ ပါ။

    (၄) မိမိတို့  မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များအနေနှင့်သော်လည်းကောင်း၊ မြန်မာပြည်မှ အစ္စလာမ်အဖွဲ့အစည်းကြီးများမှသော် လည်း ကောင်း လူစုလူဝေးဖြင့် လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများမလုပ်ရန် အတိအလျဉ်း တားဆီးထားပြီးဖြစ်ရာ မောင်းတောဖြစ်ရပ်သည် မြန်မာပြည် နှင့် ကမ္ဘာအ ဝှမ်းတွင်ရောက်ရှိသော အများစု မြန်မာမွတ်စလင်မ်များ၏ ဆန္ဒနှင့် ဖီဆန်လျက်ရှိသည်။ နိုင်ငံတော်အစိုးရနှင့် ဘာသာရေးအဖွဲ့  အစည်းကြီးများ၏ တ ရားဥပဒေစိုးမိုးရေးမူအတိုင်း ကြိုးပမ်းချက်ကို သွေဖယ်ရာရောက်သည်။

    (၅) သို့ ရှိရာ မြန်မာမွတ်စလင်မ်များသည် အများပြည်သူ မြန်မာပြည်သူပြည်သားများနှင့် တထပ်တည်းပင် မောင်းတောအကြမ်းဖက်မှုကိုဆန့် ကျင်ပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် မောင်းတောကိစ္စတွင် တာဝန်ရှိသူများကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီး တရားဥပဒေများအရ အမြန်ဆုံး အရှိန်အဟုန်မြင့် အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုသည်။

    (၆) မောင်းတောဖြစ်ရပ်ကို မြန်မာမွတ်စလင်မ်များလက်မခံနိုင်သည့်အတွက် မိမိတို့ မြန်မာမွတ်စလင်မ်များအနေဖြင့် မည်သည့်အကြမ်းဖက်မှုမဆို၊ လူမျိုးရေး၊ ဘာသာရေး ခုတုံးလုပ် အကြမ်းဖက်မှုမှန်သမျှကို မြန်မာပြည်သူများနှင့် လက်တွဲကာ ဆန့်ကျင်သွားမည်ဖြစ်ပြီး ရမ်းဗြဲ၊ တောင်ကုတ်၊ မောင်းတောနှင့် ဥပဒေမဲ့ အုပ်စုဖွဲ့  အကြမ်းဖက်မှုမှန်သမျှကို တရားဥပဒေအရ ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် အာဏာပိုင်များသို့ တောင်း ဆိုသည်။

     

    မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ

  • ကျောက်နီမော် မှ အမျိုးသမီးအတွက်ဟုဆိုကာ အလှူခံစာရွက်များ မလေးရှားတွင် ဖြန်ဝေသူများရှိ

    ကျောက်နီမော် မှ အမျိုးသမီးအတွက်ဟုဆိုကာ အလှူခံစာရွက်များ မလေးရှားတွင် ဖြန်ဝေသူများရှိ

    ယမန်နေ့ ညနေ (၆.၆.၂၀၁၂) တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာဆိုင်များ စည်ကားရာ ဂျလန်ဆီလန်း တလျောက်ရှိ မြန်မာစတိုးဆိုင် အချို့တွင် ရခိုင်ပြည်တွင် ကျောက်နီမော်တွင် ဖြစ်ပွားခဲ့သူ လူသတ်၊ မတရားကျင့်ခံရသည့် ရခိုင်မိန်းကလေးအတွက် အလှူငွေကောက်ခံသည့် စာရွက်များကို မြန်မာနိုင်ငံသားများအား လိုက်လံ ဝေပေးနေသည် ကို တွေ့ရှိခဲ့ရပါသည်။

    အဆိုပါ အလှူခံ လက်ကမ်းစာရွက်များပါ အသုံးအနှုန်းများကြောင့်  လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေသော ပဋိပက္ခများ ပိုမိုကြီးထွား မလာစေရန် နှင့် မလေးရှားရောက် မြန်မာနိုင်ငံသားများ အချင်းချင်း နားလည်မှုလွှဲမှားပြီး စိတ်ဝမ်း ကွဲပြားမှုများ မဖြစ်စေရေးအတွက်   ကေအလ်အနီးတဝိုက်မှ မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းမှသူများ  အဆိုပါ လက်ကမ်းစာရွက် ဖြန့်ဝေနေသူများကို ယင်းကဲ့သို့ မပြုလုပ်သင့်ကြောင်း၊ လက်ကမ်း စာရွက်ဖြန့်ဝေမှုများကို ရပ်ဆိုင်းပေးရန် သွားရောက် ပြောကြားခဲ့သောကြောင့် ယနေ့ညနေပိုင်းတွင် လက်ကမ်းစာရွက်ဖြန့်ချီမှုများကို ရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။