News @ M-Media

Author: M-Media

  • ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သတ်ပြီး သတင်းမီဒီယာများအပေါ် indepth analysis အသေးစိတ်ခွဲခြမ်းကြည့်ရာဝယ်

    ဒန်ငြာရှိန်း

    မြန်မာပြည်တွင်းမှာ လက်ရှိဖြစ်ပျက်လျက်ရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး သတင်းမီဒီယာများအပေါ် indept analysis လုပ်ထားခြင်းဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်က ကိစ္စရပ်နှစ်ခုအပေါ်မှာ အခြေခံပြီး ပြည်သူလူထုတွေဟာ မိမိတို့စိတ်တွင်းခံစားချက်တွေကို ငြိမ်းချမ်းစွာဖော်ထုတ်ရတဲ့အဖြစ်၊ တရား ဥပဒေစိုးမိုးစေရေး တောင်းဆိုရတဲ့အဖြစ်တွေဆီ အခြေအနေတစ်ရပ်က တွန်းပို့လိုက်ပါတယ်။

    ကမ္ဘာ့မီဒီယာတွေရဲ့ headlines တွေဆီမသွားမီ လော့ဂျစ်ကျကျသုံးသပ်ကြည့်ကြပါမယ်။ ဖေ့စ်ဘွတ်ခ်ခေါ်တဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းကွန်မန့်တွေ အပြန်အလှန်ပေးကြပါတယ်။ အချို့ လည်း တော်တော်ဆိုးပါတယ်။

    ကိုမြအေး ဘာကြောင့် အပြင်ထွက်လာသလဲဆိုတာနဲ့ပတ်သတ်ပြီး ကွန်မန့်တွေပေးထားပါ တယ်။ မုဒိန်းကျင့် လူသတ်မှုကိုအခြေခံပြီး အပြစ်မဲ့ (အညာသားများအပါအ၀င်) လူ ၁၁ ဦးကို မသေမချင်း ရိုက်သတ်ပြစ်လိုက်တယ်။ နောက်ဆက်တွဲဘာဖြစ်မလဲ။ မုဒိန်းကျင့်လူ သတ်မှု၊ အဲဒီအတွက်တရားစီရင်ဆဲ၊ လက်စားချေမှုကြောင့် အပြစ်မဲ့ ၁၀ ဦးအသတ်ခံရ၊ minority  အစုများတဲ့နေရာတွေမှာ ထပ်ပြီးလက်စားချေမှု တွေမဖြစ်လာနိုင်ဘူးလား။ ဒီ လိုတွေ ဆက်ဖြစ်နေရင် ဒီမိုကရေစီရေးထိခိုက်မှာကြောင့် ကိုမြအေး အပြင်ထွက်လာတာ ပါ။ နိုင်ငံတော်အဆင့်ဖြစ်လာနိုင်တဲ့ ပဋိပက္ခကို ဟန့်တားဖို့ အပြင်ထွက်လာတာပါ။ မုဒိန်း ကျင့်လူသတ်မှုအတွက် ဘာမှအပြစ်မရှိတဲ့ အပြစ်မဲ့ ၁၁ ဦးကို ရိုက်သတ်လိုက်တာ မှန်တယ်လို့ ယူဆနေတဲ့ ကွန်မန့်များကတော့ စိတ်ပျက်ဖွယ်ရာများပါပဲ။

    အခုကျွန်တော်တို့ နိုင်ငံတကာမီဒီယာများကို လေ့လာပါမယ်။

    ဘီဘီစီသတင်းဌာနက အခုလိုခေါင်းစဉ်တပ်ဖော်ပြခဲ့ပါတယ်။ “Muslims Killed in attack in Burma’s Rakhine Province” ၊ “မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် မွတ်စလင်မ်များ တိုက်ခိုက်သတ် ဖြတ်ခံရ”။

    ဘီဘီစီသတင်းရဲ့ လူစုလူဝေးဖြင့် တိုက်ခိုက်ကြခြင်းဆိုတဲ့ ခေါင်းစဉ်ခွဲအောက်မှာ ဖော်ပြထားတာ က-

     “More than 100 people beat and killed those people,” a resident told AFP news agency. “The residents even torched the bus.”

     The reason for the attack is unclear, but some residents say it was a revenge attack following the rape and murder of a Buddhist girl in another part of the province last month.

    (ဘာသာပြန်) “လူအယောက်၁၀၀ ကျော်လောက်ဝိုင်းရိုက်ပြီး သတ်ပြစ်လိုက်ကြတာပါ။ အဲဒီအနားမှာ နေထိုင်တဲ့ လူတွေက ဘတ်စ်ကားကို မီးနဲ့ တောင် ရှို့လိုက်ကြသေးတယ်” လို့ တောင်ကုတ် မြို့ခံတစ်ဦးက အေအက်ဖ် ပီသတင်းဌာနကို ပြောပါတယ်။

    တိုက်ခိုက်မှု ဘယ်လိုဖြစ်ပျက်ခဲ့တဲ့ဆိုတဲ့ နောက်ခံအကြောင်းကတော့ မရှင်းမလင်းအနေ အထားပါ ပဲ။ ဒါပေမယ့် မြို့ခံအချို့ကတော့ ပြည်နယ်အ တွင်း အခြားတစ်နေရာမှာဖြစ်ပျက်ခဲ့ တဲ့ ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ဦးအား မတော်မတရားပြုကျင့်သတ်ဖြတ်ခဲ့တာကြောင့် လက်စားချေ ကြခြင်းဖြစ်ကြောင်း ပြောကြပါတယ်။

    အခုတစ်ခါ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်ကို လေ့လာပါမယ်။ ရိုက်တာကတော့ “Buddhist vigilantes kill 9 Muslims in Myanmar violence” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ “ဘာသာရေး မုန်းတီးမှုအခြေခံ ဗုဒ္ဓဘာသာဝင်များက မွတ်စလင်မ် ၉ ဦးကို မြန်မာပြည်တွင်း တိုက်ခိုက်မှု၌ သတ် ဖြတ်” လို့ ယေဘုယျဘာသာပြန်ဆို နားလည်နိုင်ပါတယ်။

    သတင်းကို အခုလို အစချီဖော်ပြထားပါတယ် –

    The bus was besieged near Taunggoke town in the western state of Rakhine on Sunday evening by a group who blamed some of its passengers for the murder of a Buddhist woman a week ago, said local residents and politicians. One of those killed was travelling in a separate car.

    (ဘာသာပြန်) “တနင်္ဂနွေညနေပိုင်းလောက်အချိန်က ရခိုင်ပြည်နယ်အနောက်ဘက် တောင်ကုတ်မြို့အနီးမှာ ဘတ်စ် ကားကို ဝိုင်းဝန်းပိတ်ဆို့လိုက် ကြပါတယ်။ ပိတ်ဆို့လိုက် တဲ့သူတွေကတော့ ဘတ်စ်ကားပေါ်မှာ လွန်ခဲ့ တဲ့တစ်ပတ်က ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးကို မုဒိန်းမှုကျူးလွန်သွား တဲ့ တရားခံပါကြောင်း ဆိုကြတယ်”လို့ ဒေသခံတွေနဲ့ နိုင်ငံရေးသမားတွေက ပြောဆိုကြပါတယ်။

    ရေဒီယို ဩစတေးလျကတော့ ခုလို ခေါင်းစဉ်တပ်ခဲ့ပါတယ်။ “Nine dead in mob attack in Burma” ၊ “မြန်မာပြည်တွင် လူစုလူဝေးဖြင့် တိုက်ခိုက်မှုကြောင့် လူကိုးဦးသေဆုံး”။

    သတင်းကို တင်ပြထားရာမှာ ကောက်နုတ်သင့်တဲ့အချက်တစ်ချက်ကတော့ –

    Clashes between Buddhists and Muslims occur periodically in Burma and Rakhine state, which borders Bangladesh, is a flashpoint for tensions.

    “We all have a duty to control the situation, no matter who is involved or which religion they are,” said Aye Maung, an MP for the Rakhine Nationalities Development Party.

    “We all are living here together. We, as well as the government, have the duty to control it,” he told AFP.

    (ဘာသာပြန်) ဗုဒ္ဓဘာသာဝင်များနဲ့ မွတ်စလင်မ်များအကြား မြန်မာပြည်နဲ့ ရခိုင်ဒေသတို့မှာ တင်းမာငြိစွန်းမှုတွေ အမြဲလိုလိုဖြစ်တတ်ပါတယ်။ ရခိုင်ဒေသကတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်ပြီး တင်းမာမှုတွေ အတွက် အမြဲမီးမောင်းထွန်းပြနေရတဲ့ ဒေသပါ။

    “ဘယ်သူတွေ ပါဝင်ခဲ့ပါစေ၊ ဘယ်သူတွေက ဘယ်ဘာသာဝင်တွေပဲဖြစ်နေပါစေ။ အခြေအနေကို ထိန်းသိမ်းဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါ တယ်။ ကျွန်တော်တို့အားလုံး ဒီမှာအတူတကွနေထိုင် ကြတာပါ။ ကျွန်တော်တို့အပါအဝင် အစိုးရပိုင်းကလည်း ဒါမျိုးတွေကို ထိန်းချုပ်ဖို့လိုအပ်ပါ တယ်။” လို့ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဝင် လွှတ်တော်အမတ် ဦးအေးမောင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

    စင်ကာပူ နာမည်ကြီး straitstimes ကတော့ “At least 9 killed in mob attack in western Myanmar” ဆိုပြီး အုပ်ဖွဲ့တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအနောက်ပိုင်းတွင် လူကိုးဦးသေဆုံးလို့ ခေါင်းစဉ်တပ်ပါတယ်။ သတင်းကတော့ အကျဉ်းချုပ်လောက်ပဲဖြစ်ပါတယ်။ တောင်ကုတ်မြို့မှာ ဒေသခံ ရခိုင်အမျိုးသားများက လူကိုးဦးကို သတ်ပြစ်လိုက်ကြတယ်၊ ကျွန်တော်တို့ အသေးစိတ်မသိ သေးပါလို့ အစိုးရတာဝန်ရှိသူများက ဆိုကြောင်း ဖော်ပြထားပါတယ်။

    ဘန်ကောက်ပို့စ်ကတော့ “Nine dead in Myanmar mob attack: govt official” ဆိုပြီး မြန်မာပြည်က အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် လူကိုးဦးသေ ဆုံးကြောင်း အစိုးရပိုင်းက ပြောကြား ဆိုပြီး ခေါင်းစဉ်တပ်ခဲ့ပါတယ်။ ရေဒီယို ဩစတေးလျရဲ့ တင်ပြပုံနဲ့ ဆင်တူပါတယ်။

    အခုလို နိုင်ငံတကာမီဒီယာများရဲ့ ခေါင်းစဉ်များကို လေ့လာရခြင်း အကြောင်းရင်းကတော့ ဒီမီဒီယာတွေအားလုံးက ခိုင်မာတဲ့မီဒီယာတွေဖြစ်ပြီး မြန်မာပြည်က တာဝန်ရှိသူများရဲ့ ပြောဆို မှုများအပေါ် အခြေခံခဲ့ကြတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါ။

    နိုင်ငံပိုင် state media နဲ့ state newspaper တို့ရဲ့ သတင်းကြေညာချက်က ဘယ်အပေါ်မှာ အခြေခံပါသလဲ။ နိုင်ငံတကာမီဒီယာတွေရဲ့ ဆက်သွယ်မေး မြန်းမှုများကို အဖြေပေးခဲ့တဲ့ အရင်းအမြစ်တွေကိုပဲ အခြေခံပါသလား။ ဒီမေးခွန်းဖြစ်ပေါ်လာရတာက “ကုလား” ဆိုတဲ့ စကားလုံးကြောင့်ပါ။

    နိုင်ငံပိုင် state media နဲ့ state newspaper တွေမှာ “မွတ်စလင်ကုလား” ဆိုပြီး ထပ်ကာတလဲလဲ သုံးစွဲသွားပေမယ့် နိုင်ငံတကာ မီဒီယာတွေမှာ ဒီ derogatory term ကို ကိုယ်စားပြုတဲ့ စကားလုံး တစ်လုံးတောင် ရှာမတွေ့ရတာ ဘာကြောင့်ပါလဲ။ ကုလားဆိုတဲ့ စကားလုံးက နိုင်ငံတကာမှာ “Nigger” ဆိုတာနဲ့ ထပ်တူညီမျှပါပဲ။ နိုင်ငံတကာမှာ Nigger ဆိုတဲ့စကားလုံး သုံးစွဲဖော်ပြတဲ့ မီဒီယာ မရှိပါ။ လုံးဝမရှိပါ။

    သတင်းအရင်းအမြစ်က တစ်နေရာတည်းကလာပြီး သတင်းတင်ဆက်ပုံ၊ စကားလုံးရွေးချယ်ပုံတွေ ကွာနေတာ ဘာကြောင့်ပါလဲ။

    အခု ပြန်ကြားရေးညွှန်ကြားရေးမှူးရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က notes ကို လေ့လာပါမယ်။ ဦးရဲထွဋ်ရေးသားခဲ့တာက

    “အဲဒီလမ်းညွှန်ချက်များမှာ သတင်းများမှာ ဘာသာ၊ လူမျိုး၊ ဇာတ်နိမ့်/မြင့် ဖော်ပြတာနဲ့ပတ်သက်ပြီးအောက်ပါအတိုင်း လိုက်နာဖို့သတ်မှတ်ထားပါတယ်-

    ၁။ လူတစ်ဦး၏ အပြုအမူများ၊ လုပ်ဆောင်ချက်များ( အထူးသဖြင့် အဆိုးမြင်စေမယ့်၊ မကောင်းတဲ့သတင်းများ) နဲ့ပတ်သက်ပြီး ရေးသာရာမှာ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး၊ ဇတ်နိမ့်/မြင့်များကို ရည်ညွှန်းရေးသားခြင်းမပြုဖို့သတိပြုရန်။

    ၂။ ပြစ်မှုများတွင် စွတ်စွဲခံရသူ သို့မဟုတ် နစ်နာသူ၏ မျိုးနွယ်၊ လူမျိုး၊ ဘာသာကို ရည်ညွှန်းရေးသားခြင်းမပြုရန်။

    ၃။ စကားလုံးများသုံးစွဲရာတွင် ဓမ္မအဓိဋ္ဌာန်ကျကျ ရေးသားရန်၊ လှုံ့ဆော်ရာရောက်သည့် အသုံးအနှုန်းများကို ရှောင်ရှားရန်။

    ဒါ့အပြင် Communal Dispute လို့ခေါ်တဲ့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ၊ ပဋိပက္ခများနဲ့ပတ်သက်ပြီး သတင်း ရေးသားတဲ့အခါ အောက်ပါအတိုင်းလမ်းညွှန်ထားတာတွေ့ရပါတယ်-….” စသဖြင့်ပါ။

    ဦးရဲထွဋ့်က ဇွန်လ ၄ ရက် ည ၈ နာရီမှာ တင်ထားတာပါ။ အဲဒီအချိန်လောက်မှာပဲ နိုင်ငံပိုင်မီဒီယာ က “တရားခံ မောင်… အစ္စလာမ်၊ မွတ်စလင်ကုလားလူမျိုး” စတဲ့စကားလုံးတွေ တရစပ်သုံးပြီး သတင်းတင်ဆက်သွားတာ ကတော့ နိုင်ငံတကာမှာ ရှက်ဖွယ်လိလိ သတင်းတင်ဆက်ပုံမျိုးပါ။

    နိုင်ငံပိုင်သတင်းစာက ခေါင်းစဉ်တပ်လိုက်ပုံက – “မွတ်စလင်ကုလား ၁၀ ဦးအသတ်ခံရ” ။

    ဒီလိုပဲ ဇွန်လ ၃၀ ရက် တောင်ကုတ် လူသတ်မှုမတိုင်ခင်တုန်းက သတင်းတွေကို လေ့လာကြည့်ရ အောင်။

    ရခိုင်းသတင်းဌာန နိရဉ္စရာသတင်း ဌာနရဲ့  မေလ ၂၉  ရက်နေ့ ထုတ် “ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ” ခေါင်းစဉ်ပါသတင်း တစ်ပုဒ်ထဲမှာတင် လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ပေးတဲ့ စာလုံး၊ စာကြောင်းပေါင်းများစွာ ထည့်ခဲ့ပါတယ်။ အဲ့ဒီစာကြောင်းတွေကတော့

    –       ကျောက်ထရံ ကုလားရွာအနီးမှာ မုဒိမ်းကျင့်ခံရပြီး

    –       မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင် လူငယ် သုံးဦး ဖြစ်ပြီး

    –       ” သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ကုလား လူငယ် (၃)ဦးဖြစ်တယ်”

    –       တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသော မွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ် ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ

    နိရဉ္စရာသတင်းဌာနရဲ့  မေလ ၂၉  ရက်နေ့ ထုတ် “ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ဖမ်းမိ” ခေါင်းစဉ်ပါ သတင်းမှာလည်း လူမျိုးရေး ဘာသာရေး စကားလုံးထပ်ပြီး ရေးသားထားပါတယ်။

    –       သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

    –       တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို

    –       အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု

    –       မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း

    မေလ ၃၁ ရက်နေ့ ထုတ် “မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ” ခေါင်းစဉ်ပါသတင်းမှာ

    –       အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ

    –       မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ

    –       အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့်

    –       စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း

     

    ဇွန်လ ၂ ရက်နေ့ ထုတ် “ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ

    ပါသတင်းမှာ

    –       ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို

     ရာဇ၀တ်မှုတွေကို လူမျိုးရေး ဘာသာရေး စကားလုံးချင်းထပ်ကာထပ်ကာ တွင်တွင်ရေးသားတင်ပြထားတဲ့ သတင်းတွေ ရခိုင်ပြည်မှာ ပျံ့ သွားပြီး ရခိုင်ပြည်သူတွေကို ဒေါသအမျက်ထွက်စေခဲ့ပါတယ်။

    အလားတူပဲ ဇွန်လ ၁ ရက်နေ့ ထုတ် အဓမ္မကျင့် လူသတ်သူများ သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို ခေါင်းစဉ်ပါ ဧရာဝတီသတင်းမှာ

    –       အစ္စလမ် ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ခြင်း၊

    –       ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များအကြား မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိပြီး ကုလားများနှင့်ပတ်သက်၍ တိုင်တန်းချက်များကို သက်ဆိုင်ရာက တာဝန်ယူမှုမရှိသည့် စသဖြင့်

    ရေးသားထားပါတယ်။

     ဒါကြောင့် မေလ ၃၀ ရက်နေ့ကတည်းက ထောင်သွင်းအကျဉ်းချခံရပြီးဖြစ်တဲ့ မုဒိန်းကောင်များကို အခြေခံပြီး ဇွန် ၃ ကျမှ လူသတ်ပွဲကြီးဖြစ်လာစေတာ ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဇွန် ၅ ရက်မှာ လူထုတွေ လမ်းပေါ်ထွက်လာပြီး တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ အခြေအနေထိ တွန်းပို့တာ ဘယ်မီဒီယာများပါလဲ။ ဒီလို မြန်မာနိုင်ငံတော်အစိုးရပိုင် မီဒီယာရဲ့ သတင်းတင်ဆက်ပုံမျိုးဟာ သွေးနားထင်ရောက်အောင် ဆွပေးတဲ့ သတင်းတင်ဆက်ပုံမျိုးဖြစ် ပါတယ်။ ဒါကို တာဝန်ယူပေးပါ။

    ငြိမ်းချမ်းလှတဲ့ မြန်မာမွတ်စလင်မ်တွေကြောင့်သာ နိုင်ငံအဆင့်အဓိကရုဏ်းမဖြစ်တာပါ။

    နိဂုံးချုပ်အနေနဲ့ကတော့ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်အမှားပြင်ဆင်ချက်ထည့် ထားတဲ့ ကိစ္စကို ပြောရမှာပါ။

    မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနခင်ဗျား – လူကြီးမင်းတို့အနေနဲ့ လူမျိုးရေး၊ ဘာသာရေး သွေးခွဲသပ်လျှိုတဲ့ အသုံးအနှုံးများအတွက် အမှားပြင်ဆင် ချက်က လုံလောက်ပြီလို့ ထင်မြင်ပါသလားခင်ဗျား။

    ကျွန်တော်တို့ လိုအပ်နေတာ “Apology” လို့ ခေါ်တဲ့ တရားဝင်တောင်းပန်မှုပါ။

    စင်္ကာပူ တူဒေးစ်သတင်းစာက ကျိုက်ထီးရိုးအကြောင်း မကောင်းရေးကြတော့ တောင်းပန်ပါလို့ ပြောခဲ့ကြတဲ့ မြန်မာတွေ၊ အခု ကိစ္စမှာလည်း နိုင်ငံကြီးသားပီသစွာ လက်တွဲဆောင်ရွက်ပေးကြပါ။

    နိုင်ငံကြီးသား ဘာသာခြားမြန်မာများခင်ဗျား။ ပူးပေါင်းပါဝင်လက်တွဲကူညီကြရင်း Racial Harmony, Religious Harmony များဖွံ့ဖြိုးပြီး လူမျိုးခြားအချင်းချင်း ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အင်အားစိုက်ထုတ်ပေးကြပါ လို့ မေတ္တာရပ်ခံလိုက်ရပါတယ်။

     

  • တရားဥပဒေစိုးမိုးရေးအတွက် ရန်ကုန်မြို့  မြန်မာမွတ်စလင်မ်များ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

    Photo: The Voice FB

    ယခုလ ၃ ရက်နေ့က တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရသည့် ကိစ္စကို စုံစမ်းစစ်ဆေးပေးရန်၊ နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့်သတင်းစာများတွင် အစ္စ လာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်များအား “မွတ်စလင်မ်ကုလား” ဟုသော အသုံး  အနှုန်းအား ဆန့်ကျင်ရန် ရန်ကုန်မြို့  ဆူးလေ ဆွန်နီဂျာမေ ဗလီရှေ့တွင် အစ္စလာမ် ဘာ သာဝင် မြန်မာမွတ်စလင်များမှ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းမှု ဖြစ်ပွားခဲ့ပါတယ်။

    ဆန္ဒပြသူများဟာ “တရားဥပဒေစိုးမိုးရေး” ဟုရေးသားထားသော စာရွက်များ၊ တောင် ကုတ်တွင် အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသော မြန်မာမွတ်စလင်မ်များ၏ ဓါတ်ပုံများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိပါတယ်။

    အဆိုပါဆန္ဒပြပွဲသို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုမြအေး၊ ကိုကြည်လွင်၊ မမီးမီးနှင့် ကိုစိုးထွန်းလာရောက်ခဲ့ကြပြီး ကိုမြအေးမှ စုဝေးလျက်ရှိကြတဲ့ မြန်မာမွတ်စလင်မ် လူထု ကို အမုန်းတရားအခြေခံပြီး ပြဿနာကို မဖြေရှင်းဖို့၊ ၈၈ မျိုးဆက်အဖွဲ့မှ ယမန့်ထုတ်ပြန် သော ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေးလမ်းလွဲသွားမည့် ထောင်ချောက် အတွင်း မသက်ဆင်းမိဖို့ရာလည်း ပြောဆိုသွားသည်။

    ဆန္ဒထုတ်ဖော်သူများကို ကိုမြအေးမှ ဖြန်ဖြေ ပေးရာတွင် မြန်မာနိုင်ငံသည်လွန်ခဲ့သည် နှစ်ပေါင်းများစွာကတည်းက လူမျိုးဘာသာမခွဲခြားဘဲ အတူ ချစ်ကြည့်ရင်းနှီးစွာ နေထိုင်လာသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အစိုးရမီဒီယာများတွင် သုံးနှုန်းထားသည့် “မွတ်စလင်မ် ကုလား” ဆိုသည့် အသုံးအနှုန်း ကို ၄င်းအနေဖြင့်လည်း လက်မခံသော် လည်း တရာဥပဒေစိုးမိုးရေး အရေးကြီးကြောင်း၊ ကျောက်နီမော်ကိစ္စတွင် လည်း ကျူးလွန်သူများအား အပြစ် ထင်ရှားလျင် တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်ပေးရ မှာဖြစ်ပြီး တောင်ကုတ်တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်အတွက်လည်း စုံစမ်းစစ်ဆေးပေးရ မှာဖြစ်ကြောင်း၊ ကိစ္စအားလုံးကို တရားဥပဒေအရသာ ဖြေရှင်းရမှာသာဖြစ်ကြောင်း ပြောဆိုပါတယ်။

    ၈၈ မျိုးဆက်ကျာင်းသားအဖွဲ့မှ ကိုစိုးထွန်းမှ လူမျိုးဘာသာမခွဲဘဲငြိမ်းချမ်းစွာလက်တွဲနေ ထိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် လွန်စွာအရေးကြီး ကြောင်းပြောကြားသွားပါတယ်။

    The Voice Media FB စာမျက်နှာတွင် ဖော်ပြထားသောသတင်းတပုဒ်တွင် ” ၈၈မျိုး ဆက် ကျောင်းသားများကိုယ်စား ကျွန်တော်သွားတာပါ။ ဆန္ဒမပြဖို့ ဖြန်ဖြေပေးဖို့ အတွက် သွားတာပါ။ လှုံဆော်ဖို့အတွက် သွားတာ မဟုတ်ပါဘူး” ဟု ကိုမြအေးက The Voice Weekly သို့ အတည်ပြုပြောကြားပါတယ်။

    ကိုမြအေးက လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂ နာရီခွဲတွင် လူ ၁၀၀ ကျော် ထိရောက်ရှိလာပြီး သတင်းမီဒီယာသမား များနှင့် လေ့လာအကဲခတ်နေသူ အခြား ဘာသာဝင် ၁၀၀၀ နီးပါး လေက်ရှိတယ်လို့  ခန့် မှန်းရပါတယ်။

  • အမုန်းတရား မကြီးထွားရန် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ ကိုမင်းကိုနိုင်ပြောကြား

    လွတ်လပ်ရေးယူကထဲက ဘာသာမတူ လူမျိုးကွဲတွေ ပါခဲ့ပါတယ်၊ အာဇာနည်တွေထဲမှာလည်း ဘာသာမတူ လူမျိုးကွဲတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ညီညီညွတ်ညွတ်နဲ့ အောင်ပန်းဆွတ်ခူး ခဲ့ပါတယ်။ တရားခံကို တရားဥပဒေအရ ဆုံးမတာကို လက်ခံပေမယ့် အပြစ်မရှိတဲ့ သူတွေကိုတော့ ဒေါသအလျောက် မကျူးလွန်သင့်ပါဘူး။ အပြန်အလှန် သတ်ဖြတ်မှုတွေက လွဲလို့ ဘာမှ အကျိုး မရှိနိုင်ပါဘူး။__

    ကိုမင်းကိုနိုင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် နှင့် DVB မှ ဆက်သွယ်မေးမြန်းချက်

  • မြန်မာမွတ်စလင် တစ်ဦးရဲ့ ကြေညာချက်။

    မြန်မာမွတ်စလင် တစ်ဦးရဲ့ ကြေညာချက်။

    ၁။ ယခု ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာမွတ်စလင် တစ်ဦးဖြစ်သူ မှ စိတ်မချမ်းသာ ၀မ်းနည်းကြေကွဲ ရသဖြင့် ယခုကဲ့သို့ ကြေညာ အပ်ပါသည်။

    ၂။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။

    ၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။

    ၄။ ယခုဖြစ်စဉ်ကိုလေ့လာသုံးသပ်ကြည့်လျှင် လွန်ခဲ့သည့်ရက်ပိုင်းက ရဗ်းဗြဲ မြို့ တွင် အမျိုးသမီးတစ်ဦး အား မတရားပြုကျင့် ခဲ့ပြီးရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကိုအခြေခံပြီး ဖြစ်ပွားလာရခြင်းဖြစ်ပါသည်။

    ၅။ အထက်ပါ ပြစ်မှုကျူးလွန်သူ ၃ ဦး ကို မြန်မာနိုင်ငံ တရားဥပဒေ အရ အပြစ်ပေးပါ။ အစ္စလာမ့်တရားဥပဒေ အရ ယင်းသို့သောသူကို သေဒဏ်ပေးရမည်သာဖြစ်သည်။

    ၆။ ယင်းသို့ ကျူးလွန်သူ ၃ ဦးရဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုံချအပ်ပါသည်။

    ၇။ အမှုတစ်ခုကို ကျူးလွန် သူတစ်ဦး ကကျူးလွန်းပြီး ကျန်သော လူ့အစုအဝေးက ပြစ်ဒဏ်ခံရမည်ဆိုတာ တရားပါသလား။

    ၈။ မျက်လုံး တစ်လုံး အဖောက်ခံ ရရင် မျက်လုံး တစ်လုံးသာ အစားပေးရမည် ဖြစ်ပါသည်။ ဒါဟာ ကိုဓဥပဒေဖြစ်ပါတယ်။

    ၉။ ယခု ထပ်မံပြီး ယင်းဖြစ်စဉ်ကိုအခြေခံကာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယမန်နေ့က သံတွဲမှ လာသော ကားတစ်စီးကို တောင်ကုတ်မှ လူအုပ်စု တစ်ခုက တိုက်ခိုက်ရာ အစ္စလာမ် ဘာသာဝင် ၁၀ ဦး သေဆုံးသွားကြောင်းသိရှိရပါသည်။ ယင်းသို့လူအုပ်စု တစ်ခု ရဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုံချအပ်ပါသည်။ ဥပဒေမဲ့ ပြုကျင့်ခံရပါသည်။

    ၁၀။ ဘာသာရေး အဓိကရုံး အသွင် မဆောင်စေ လိုပါ။အခြားသော တိုင်းနှင့်ပြည်နယ် များသို့ ပြသာနာ မကူးစက်စေရန် အမျိုးသားရေး အသွင်ဖြင့် ပူးပေါင်း လက်တွဲ ကာကွယ် ကြရမည် ဖြစ်ပါသည်။

    ၁၁။ တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ် များ ရှေးယခင်ကတည်းက တိုင်းပြည်နှင့် မြန်မာလူထုအတွက် အသက်နှင့်ရင်းပြီး ဆောင်ရွက်ကြ ပါတယ်။

    ၁၂။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။

    ၁၃။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။

    ၁၄။သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် နှိုးဆော်ပန်ကြားအပ်ပါသည်။

     

    မောင်လျောက် (ရွှေမြယာ)

    အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တစ်ဦး

  • Ten Myanmar Muslims were killed by Rakhine people in Western Myanmar

    Ten Myanmar Muslims were killed by Rakhine people in Western Myanmar

    Photo Credit-Google

    Ethnic Arakan, also known as Rakhine, killed ten Myanmar Muslims in barbaric and in-human manner yesterday in a sectarian attack. While a group of Myanmar Muslims were traveling back to Yangon from Arakan State on a bus, at Taung-kout, a small town of 300 residents, local ethnic Arakan had stopped the bus forcibly and looked bloodthirstily for Muslims. The eight travelers were dragged from the bus and beaten up till the end of their lives. The angry mob also assumed that the motorist is a Muslim and did not spare him.

    “At immigration check point, the vehicle has been stopped. The mob of 300 with motorbikes holding rods and knives blocked up and yelling that “Get off and face your end of life, if there any Kalas (derogatory term used by Buddhists against Myanmar Muslim)”.  A man responsible from the bus got off and had tried to persuade while the bus door was closed. He was pushed harshly by the mob and they got in the bus. When they found some Muslims, shouted that “Here is the Kalas, here they are” and started beating with rod. And then they dragged the victims and killed them in a very short period.”, the express owner explained while contacted by the phone.

    Photo credit-http://mandalaygazette.com

    This attack has a relatively long background history which is solely related to Ethnic Rakhine who has been launching very strange racist campaigns against ethnic Rohingyas who were allegedly and apparently called ‘illegal’ immigrants or Bangali.

    Intense campaign against Myanmar Muslims, derogatorily known as “Kalas”, started in November last year on social media such as Facebook. Thousands of Buddhists (both Rakhine and non-Rakhine) have been spreading hate messages in very blasphemous language. Although their target is seemingly the Rohingyas, they end up direct attacking Myanmar Muslims and Islamic norms.

    Participants in this campaign are not only those from Burma locals but also so-called pro-democracy and human rights activists residing under the cover of asylum in US, Canada, Europe, Australia and Thai.

    As there is government ignorance for this vulnerable condition, Ethnic Rakhine politicians are openly and violently against ethnic Rohingya. Therefore, the so-called blind Buddhist patriots have faith in whatever they spread and are forwarding the hate information.

    Almost every day in the past several months, tons of millions of hate messages were being spread on Facebook and forwarding mails. Redistribution become the duty towards every Buddhists too.

    Photo credit-http://mandalaygazette.com

    Minority Myanmar Muslims have also been trying to halt the hate campaign by approaching mainstream Burmese media. But they completely and intentionally ignore the cry for help. For instance, there is a vivid scene that the leading media was totally silent on the demolishing of two mosques and the act-of-like terrorists attack to Muslim homes in Northern and Central Burma in April this year.

    The campaign grows and hate messages continue to spread. The racists start speaking of eradicating all Muslims from Burma. Some even blame dictator Than Shwe for not killing all Muslims in the country like what the Nazi did.

    An important event leading to this sectarian attack was a rape-murder of a 26 year old woman by three local criminals allegedly the Muslims on May 29 – four days before this attack.

    Knowing that anti-Muslim sentiment is growing (not just Anti-Rohingya), ethnic Arakan news agency called Narinjara blew the whistle by racial profiling. It associated the criminals with Islamic religion, stirring local people’s anger. The Irrawaddy, one of the most well known opposition media, reported in a similarly way.

    As the attack broke out, some campaigners posted on Facebook, rewarding an offer of $300 US to those who can go for sex assault against Muslim women, and $500 US to those who can kill.

    Commenting on the sectarian attack on Radio Australia, two local men said the attack was intended to look for May 29 rapists. This proved to be inaccurate as all three accused have reportedly been arrested according to their own credible media.

    Ethnic Arakan have threatened Muslims in other part of the country of similar attacks.

    Meanwhile, majority of the Burmese citizens fear that the Burmese government facing political deadlock due to various protests (labor, farmer, electricity) are diverting political attention by creating religious riots.

    Related news on world media –

    More Photo ==>http://mandalaygazette.com/127478/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit

    Singapore News => http://news.asiaone.com/News/AsiaOne+News/Asia/Story/A1Story20120604-350347.html

    Lebanon News => http://www.dailystar.com.lb/News/International/2012/Jun-03/175549-nine-dead-in-myanmar-attack-govt-official.ashx#axzz1wl16Cn00

    Singapore Strait Times => http://www.straitstimes.com/BreakingNews/SEAsia/Story/STIStory_806885.html

    Iran News => Press TV => http://presstv.com/detail/2012/06/03/244486/mob-kills-nine-people-in-myanmar/

    Thailand => Bangkok Post => http://www.bangkokpost.com/news/asia/296477/nine-dead-in-myanmar-mob-attack-govt-official