News @ M-Media
Author: M-Media
  • သုံးရက်ကြာ အပစ်ရပ်စဲရေး ဂါဇာ၌ စတင်၊ အစ္စရေး မြေပြင်တပ်များဆုတ်ခွာ
    သုံးရက်ကြာ အပစ်ရပ်စဲရေး ဂါဇာ၌ စတင်၊ အစ္စရေး မြေပြင်တပ်များဆုတ်ခွာ
    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    BBC_News_-_Israel_pulls_troops_out_of_Gaza_-_2014-08-06_00.53.46
    – အီဂျစ်မှ ကြားဝင်စေ့စပ်ပေးခဲ့သည့် ၇၂ နာရီကြာ အပစ်ရပ်ရေးမှာ ယနေ့နံနက်တွင် ဂါဇာ၌ စတင်ခဲ့ပြီး ဂါဇာအတွင်းရှိ အစ္စရေးစစ်တပ်များလည်း ဆုတ်ခွာသွားခဲ့ပြီဟု သိရသည်။
    ဆုတ်ခွာသွားသည့် အစ္စရေးတပ်များမှာ ဘီအစ်ဟန်နွန်ဒေသနှင့် ရာဖာတောင်ပိုင်း ဒေသတို့မှဖြစ်ပြီး ပါလက်စတိုင်းများမှာ ၎င်းတို့၏ နေရပ်များသို့ ပြန်လည် လာရောက်နေကြသည်။
    အပစ်ရပ်မှုစတင်ပြီးနောက် အစ္စရေးနှင့် ဟားမက်စ် နှစ်ဘက်စလုံးမှ ပစ်ခတ်မှု အနည်းငယ်စီ ရှိခဲ့သည်။ အစ္စရေးဘက်ကမူ ၎င်းတို့မှာ ဟားမက်စ်၏ လှိုဏ်ခေါင်း ၃၂ ခုထက်မနည်း ဖျက်ဆီးခဲ့ပြီးပြီဟု ကြေညာခဲ့သည်။
    06ISRAEL-master675
    သုံးရက်တာအပစ်ရပ်မှုအတွင်း အစ္စရေးနှင့် ပါလက်စတိုင်းတာဝန်ရှိသူများ တစ်ဆင့်ခံ ငြိမ်းရေးဆွေးနွေးရေး ကိုင်ရိုသို့ လာရောက်ရန်အတွက် အီဂျစ်က ဖိတ်ခေါ်ထားပြီး ဟားမက်စ်အဖွဲ့မှ ကိုယ်စားလှယ်များမှာ ကိုင်ရိုသို့ ရောက်ရှိနေပြီဖြစ်သည်။
    ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း စုစုပေါင်း ၁၈၆၇ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ လေကြောင်းနှင့် မြေပြင်မှ တိုက်ခိုက်မှုများတွင် အစ္စရေးမှာ ဆေးရုံ၊ စာသင်ကျောင်း၊ ကယ်ဆယ်ရေးစခန်း စသည့် အရပ်ဖက်ဆိုင်ရာ ပစ်မှတ်များကိုလည်း တိုက်ခိုက်ခဲ့သည်။
    ဟားမက်စ်တို့ကလည်း အစ္စရေးပိုင်နက်အတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး အစ္စရေး အရပ်သားတစ်ဦးနှင့် ထိုင်းရွှေ့ပြောင်းလုပ်သားတစ်ဦးတို့ သေဆုံးခဲ့သည်။ ဂါဇာအား မြေပြင်မှ ကျူးကျော်တိုက်ခိုက်မှုများအတွင်း အစ္စရေး စစ်သား ၆၀ ကျော်ကို ဟားမက်စ်တို့က သုတ်သင်နိုင်ခဲ့သည်။
  • မော်လမြိုင် အောက်လမ်းမကြီးက မီးပွိုင့်ပြင်ပေးစေချင် (ပြည်သူ့အသံ)
    မော်လမြိုင် အောက်လမ်းမကြီးက မီးပွိုင့်ပြင်ပေးစေချင် (ပြည်သူ့အသံ)
    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    ပေးပို့သူ – ဟန်လင်း
    MLM
    မော်လမြိုင်၊ အောက်လမ်းမကြီး ချမ်းသာ မင်္ဂလာခန်းမနားက မီးပွိုင့်ပါ။
    အခုလိုဖြစ်နေတာလဲပြင်မယ်သူမရှိပါဘူး။ ပျက်နေတဲ့အတိုင်းထားထားတာ ကြနေပါပြီ။
    ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်သိရှိအောင် M-Media ကတဆင့် တောင်းဆိုပါတယ်။
    ** ပြည်သူ့ကဏ္ဍအတွက် [email protected]  သို့ ပေးပို့နိုင်ပါတယ်။
  • ကမ္ဘာဖလားမှာ နေးမာအား ပီလီကဲ့သို့ အသုံးချခဲ့သင့်သည်ဟု ဘရာဇီးလ် နည်းပြသစ် ဒွန်ဂါဆို
    ကမ္ဘာဖလားမှာ နေးမာအား ပီလီကဲ့သို့ အသုံးချခဲ့သင့်သည်ဟု ဘရာဇီးလ် နည်းပြသစ် ဒွန်ဂါဆို
    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    437828_heroa
    – ဘရာဇီးလ်အသင်း၏ ဘာစီလိုနာတိုက်စစ်မှူး နေးမာအား နံပါတ် ၉ ပေးထားမှုမှာ အမှားတစ်ခုဖြစ်နေပြီး ပီလီကဲ့သို့ အသုံးပြုသင့်သည်ဟု ဘရာဇီးလ်နည်းပြသစ် ဒွန်ဂါက ပြောကြားလိုက်သည်။
    နေးမာအား နည်းပြစကိုလာရီက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်တောင်ပံ၌ အသုံးပြုခဲ့သောကြောင့် အထောင်တိုက်စစ်မှူး ဖရဒ်မှာလည်း ဒုက္ခရောက်ခဲ့ရသည်။ နည်းပြသစ် ဒွန်ဂါကမူ အသက် ၂၂ နှစ်အရွယ် နေးမာအား ပီလီကဲ့သို့ ရှေ့တန်းအလယ်လူနေရာတွင် ထားသုံးပါက ပိုမိုတောက်ပလာမည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ အဖြေရှာရပါမယ်။ ယနေ့ခေတ်ဘောလုံးအားကစားဆိုတာ လှုပ်ရှားပြောင်းလဲနေပြီး အပြောင်းအလဲတွေအများကြီး လိုအပ်ပါတယ်။ နံပါတ် ၉ အသေ သတ်မှတ်ထားတာဟာ တစ်ချို့ပြိုင်ပွဲတွေမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ပေမယ့် တစ်ချို့ပွဲတွေမှာတော့ မရပါဘူး။ တိုက်စစ်မှူးဟာ လှုပ်ရှားနေပြီး နေရာလွတ်တွေ ဖန်တီးပေးဖို့ လိုပါတယ်” ဟု ဒွန်ဂါက ပြောကြားခဲ့သည်။
    ထို့ပြင် နေးမာအား အကောင်းဆုံး ကစားသမားအဖြစ် ယုံကြည်ပါက ပီလီ၏နေရာတွင် ထားသင့်ပြီး အခြားသူများမှာ နေးမာလက်ရှိကစားနေသည့် နေရာသို့ ပြောင်းလဲကစားသင့်ကြောင်း၊ လူငယ်ကစားသမားများမှာ အသင်းအတွက် မကစားပေးသောကြောင့် အခက်အခဲများဖြင့် ကြုံနေရကြောင်း ဒွန်ဂါက ထည့်သွင်းပြောကြားခဲ့သည်။
    ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မျှော်မှန်းထားသည့်တိုင်း အောင်မြင်မှုမရရှိသောကြောင့် ပေါ်တူဂီလူမျိုးနည်းပြ စကိုလာရီအား ထုတ်ပယ်ကာ ယခင်နည်းပြဟောင်း ဒွန်ဂါအား ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ခန့်အပ်ခဲ့သည်။
  • ခွဲတမ်း ဟဂ်ျ ၂၈၀ ဦး အတွက် တင်ဒါရွေးချယ်ပွဲပြုလုပ်
    ခွဲတမ်း ဟဂ်ျ ၂၈၀ ဦး အတွက် တင်ဒါရွေးချယ်ပွဲပြုလုပ်
    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    .သီဟ
    10557301_734681856577482_4453808817626795041_n
    ယခုနှစ် ဟဂ်ျ ရာသီအတွက် ခွဲတမ်းဟဂ်ျ (မဲဟာဂျီ) ၂၈၀ ဦးအတွက် တင်ဒါရွေးချယ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးရုံးမှာ ပြုလုပ်ခဲ့ရာ Great Desert Company နှင့် A Pleasant House Company တို့ မှ တစ်ဦးလျှင် ၂၂ သိန်း ၅ သောင်းနှုံးဖြင့် တင်ဒါအောင်မြင်ကြောင်း အစ္စလာမ်ကောင်စီဌာနချူပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
    ယခင်က အဆိုပါ ခွဲတမ်း ဟဂ်ျတင်ဒါကို သာသနာရေးဝန်ကြီးဌာနမှ တိုက်၇ိုက်ကိုင်တွယ်ခဲ့ပြီး ယမန်နှစ်မှ စတင်ပြီး အစ္စလာမ်ဘာသာရေးအဖွဲကြီးနှင့် ပူးတွဲကိုင်တွယ်ခဲ့ပါတယ်။ ယခုနှစ်တွင်မှု အစ္စလာမ်ဘာသာရေး အဖွဲ့ကြိးအား သီးသန့်ကိုင်တွယ်ခွင့် ပထမဥိးဆုံးအကြိမ် ပေးခဲ့ခြင်းဖြစ်ပါတယ်။
    ၂၀၁၂ ခုနှစ်၏ ခွဲတမ်း ဟဂ်ျဖြင့်သွားရောက်သည့် ကုန်ကျစားရိတ်မှာ တစ်ဦးလျှင် ကျပ် ၃၂ သိန်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် မှာ  ကျပ် ၂၉ သိန်းဖြစ်ကြောင်းသိရပါတယ်။
    သာသာနာရေး ဝန်ကြီးဌာနရဲ့ ညွှန့်ကြားချက်အရ ခွဲတမ်းဟဂ်ျ တင်ဒါခေါ်ယူရာတွင် ဆော်ဒီသံရုံး အသိအမှတ်ပြု  Authourized Hajj Travel Agencies 2014 စာရင်းပါ ကုမ္ပဏီ (၄၁) ခု ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
    ခွဲတမ်း(မဲဟာဂျီ) ဖြင့် မဟုတ်ဘဲ ပြင်ပမှ မိမိအစီအစဉ်ဖြင့် အေးဂျင့်များဖြင့် ဟဂ်ျသွားသူ များ၏ ကုန်ကျစာရိတ်မှာ သိန်း ၅၀ မှ ၅၅ သိန်း အကြား ပေါက်ဈေးရှိကြောင်း ဟဂ်ျ ဝန်ဆောင်မှု ကုမ္ပဏီ များနှင့် နီးစပ်သူ တစ်ဥိးထံမှ သိရပါတယ်။ ပြင်ပမှ ခရီးသွားဝန်ဆောင်မှုများ ဖြင့် သွားရောက်ခွင့် ရှိသည့် အရေအတွက်မှာ ၃၃၀၀ ခန့် ခွဲတမ်းရကြောင်းသိရှိရပါတယ်။
    အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမဲ့ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။
    ဓါတ်ပုံ(IRAC FB)
  • ဂါဇာအရေး ဗြိတိန်အစိုးရ မူဝါဒကို လက်မခံနိုင်၍ ဝန်ကြီး တစ်ဦးရာထူးမှ နှုတ်ထွက်
    ဂါဇာအရေး ဗြိတိန်အစိုးရ မူဝါဒကို လက်မခံနိုင်၍ ဝန်ကြီး တစ်ဦးရာထူးမှ နှုတ်ထွက်
    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    Sayeeda Warsi
    – အစ္စရေးနှင့် ဟားမက်စ်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအတွက် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းအစိုးရ၏ ချဉ်းကပ်မှုမှာ လူ့ကျင့်ဝတ်အရ ကာကွယ်မပေးနိုင်သော ချဉ်းကပ်မှုဖြစ်သည်ဟု စွပ်စွဲ၍ ဗြိတိန် အစိုးရအဖွဲ့၏ ဝန်ကြီး တစ်ဦးဖြစ်သည့် ဆိုင်ယီဒါ ၀ါစီက ရာထူးမှ နှုတ်ထွက်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်ဟု သိရသည်။
    ဗြိတိန်အစိုးရမှာ ဂါဇာဒေသအပစ်ရပ်ရေး ချက်ခြင်းဆောင်ရွက်ရန်အတွက် ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သော်လည်း အစ္စရေး၏ လုပ်ရပ်များကို ပို၍ပြင်းပြင်းထန်ထန် မဆန့်ကျင်သောကြောင့် ဒေးဗစ်ကင်မရွန်းမှာ အတိုက်အခံများ၏ ဝေဖန်မှုကို ခံနေရသည်။
    ၀ါစီ၏ နှုတ်ထွက်မှုမှာ အလယ်တန်းစား လူဖြူအမျိုးသားများဖြင့် အစိုးရကို အားဖြည့်ထားသည်ဟု စွပ်စွဲခံနေရသည့် ဒေဗစ်ကင်မရွန်းအတွက် အရှက်ရစရာလည်း ဖြစ်ခဲ့သည်။ ၀ါစီမှာ တင်းပြည့် ပါလီမန်အဖွဲ့ဝင် မဟုတ်သော်လည်း ပါလီမန်သို့ တက်ရောက်ခွင့်ရှိပြီး ဗြိတိန် မွတ်စလင် အသိုင်းအ၀ိုင်းနှင့် အစိုးရတို့အကြား အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
    ၎င်း၏ နှုတ်ထွက်မှုကို Twitter စာမျက်နှာတွင်ဖော်ပြခဲ့ပြီး နှုတ်ထွက်ရသည့် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသို့ ပေးအပ်ခဲ့သည့် နှုတ်ထွက်စွာ မိတ္တူကိုလည်း ဖြန့်ဝေခဲ့သည်။
    “ဂါဇာက လက်ရှိပြဿနာဖြစ်ပွားနေစဉ်အတွင်းမှာ ကျွန်မတို့ရဲ့ချဉ်းကပ်မှုနဲ့ ဆောင်ရွက်မှုတွေဟာ လူ့ကျင့်ဝတ်အရ ကာကွယ်မှုမပေးနိုင်ပါဘူး။ ပြီးတော့ ဗြိတိန်ရဲ့ အကျိုးစီးပွားလည်း မဟုတ်ပါဘူး။ ရေရှည်မှာ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာကို ပြည်တွင်းမှာရော ပြည်ပမှာပါ ထိခိုက်စေပါလိမ့်မယ်” ဟု ၀ါစီက ၎င်း၏ နှုတ်ထွက်စာတွင် ဖော်ပြထားသည်။
    ထို့ပြင် ဂါဇာပြဿနာအတွက် ဗြိတိန်၏ တုံ့ပြန်မှုမှာ ဗြိတိန်မွတ်စလင်များ၏ အစွန်းရောက်မှု နောက်ကွယ်တွင်ရှိနေသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ပြည်ထဲရေးရုံး၏ အထောက်အထားကို ကိုးကား၍ သူမက ပြောကြားခဲ့ပြီး၊ ထိုကိစ္စ၏ အကျိုးဆက်က နှစ်ပေါင်းများစွာ ဆက်လက်ရှိနေမည်ဟုဆိုသည်။
    ပေါ်တူဂီသို့ မိသားစုနှင့်အတူ အပျော်ခရီးထွက်နေသည့် ၀န်ကြီးချုပ် ကင်မရွန်းက ၀ါစီ၏ နှုတ်ထွက်မှုအတွက် စိတ်မကောင်းဖြစ်ပြီး သူမ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ရဲ့ ပေါ်လစီကတာ့ တစ်သမတ်တည်းပါ။ ဂါဇာရဲ့အခြေအနေဟာ လက်မခံနိုင်စရာဖြစ်ပြီး ချွင်းချက်မဲ့ အပစ်ရပ်ရေး ချက်ချင်းဆောင်ရွက်ဖို့ နှစ်ဖက်စလုံးကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကင်မရွန်းက ပြောကြားခဲ့သည်။
    ဇွန်လိုင်လ ၈ ရက်နေ့က အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ယနေ့အချိန်အထိ ပါလက်စတိုင်း ၁၈၆၅ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ အစ္စရေးဘက်ကမူ ၆၆ ဦးသေဆုံးခဲ့ပြီး ၆၄ ဦးမှာ ဂါဇာသို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ရင်း သေဆုံးခဲ့သည့် စစ်သားများဖြစ်သည်။
    ယခုလက်ရှိတွင် အီဂျစ်မှ ကြားဝင်စေ့စပ်ပေးသော ၇၂ နာရီအကြာ အပစ်ရပ်ရေး သက်ရောက်နေပြီး လုံးဝ အပစ်ရပ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။
    နှုတ်ထွက်ကြောင်း ကြေညာပြီးနောက် Huffington Post သတင်းစာနှင့် အင်တာဗျူးတွင် ၀ါစီက အစ္စရေး၏ ကျူးလွန်မှုများအတွက် ငြိမ်နေမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်ကလည်း အစ္စရေး၏ လုပ်ရပ်မှာ လူ့ကျင့်ဝတ်အရ ရိုင်းစိုင်းပြီး ရာဇ၀တ်မှုမြောက်သည့် လုပ်ရပ်များဖြစ်သည်ဟု ပြောကြားထားသည်။
    အင်္ဂလန်မြောက်ပိုင်းတွင် ပါကစ္စတန်နွယ်ဖွား မိဘနှစ်ပါးမှ မွေးဖွားခဲ့သည် ၀ါစီမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ပတ်သက်သည့် ဗြိတိန်အစိုးရ၏ ပေါ်လစီများတွင် ထဲထဲဝင်ဝင် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။