News @ M-Media

Author: M-Media

  • ဖီဖာအား သပိတ်မှောက် ရမည်ဟု အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းပြော

    ဖီဖာအား သပိတ်မှောက် ရမည်ဟု အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းပြော

    သြဂုတ် ၄ ၊ ၂၀၁၄
    M-Media
    Gary Lineker
    – ချစားမှုများရှိနေသည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ အခြေအနေမပြောင်းမချင်း ဘောလုံး ထိပ်သီးနိုင်ငံများက ဖီဖာအား သပိတ်မှောက်ကြရန် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ လိုင်ကာက ပြောကြားလိုက်သည်။

    ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကာတာနိုင်ငံအား ရွေးချယ်ခဲ့မှုတွင် ဒေါ်လာသန်းနှင့်ချီ၍ လာဘ်စားမှုများရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဖီဖာမှာ စုံစမ်းစစ်ဆေးမှုများ ခံနေရသည်။

    ဂယ်ရီကမူ ဘောလုံးထိပ်သီးနိုင်ငံများက ထိုပြဿနာအတွက် မရပ်တည်မချင်း ထိုကိစ္စမှာ ဆက်လက်၍ ဖြစ်ပွားမည်ဟု ဆိုသည်။

    “အင်္ဂလန်ဟာ မသိသလိုနေပါတယ်။ ဒါကို ကျွန်တော် ဝေဖန်နေတာမဟုတ်ပါဘူး။ အမှန်တရားအတွက် ကျွန်တော်တို့ ရပ်တည်ရပါမယ်။ ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ မလုပ်တော့ဘူးဆိုလည်း ကိစ္စမရှိပါဘူး။ ဒါတွေကိုပြောင်းလဲဖို့အတွက် သမာသမတ်ရှိတဲ့နိုင်ငံတွေက ဖီဖာရဲ့ ပြိုင်ပွဲတွေမှာ မပါဝင်တော့ဘူးလို့ ပြေရပါတမယ်။ ဒါပေမယ့် ဒီလိုဖြစ်ဖို့ ကျွန်တော် မမြင်ပါဘူး။ လောင်းကြေးက သိပ်ကြီးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ဂယ်ရီမှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အင်္ဂလန်အသင်း အိမ်ရှင်ဖြစ်ခွင့်ရရန် ကြိုးပမ်းသူများတွင် အင်္ဂလန်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းနှင့်အတူပါဝင်ခဲ့သည်။ သို့သော်လည်း ၂၀၁၈ အိမ်ရှင်အဖြစ် ရုရှားက ရွေးချယ်ခံခဲ့ရသည်။

    ဖီဖာ၏ လူကြီးပိုင်းတွင် ချစားမှုများမှာ အန်ထွက်မတတ်ဖြစ်နေပြီး ဥက္ကဌ ဆပ်ဘလတ္တာမှာလည်း အာဏာရှင်ကဲ့သို့ နေရာယူထားကာ ထိုပြဿနာများအား ဖြစ်ပွားစေသည်ဟု ဂယ်ရီက ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိတွင် ရုပ်သံကြေညာသူတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် ဂယ်ရီမှာ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၈၀ ကစားပေးထားပြီး ၄၈ ဂိုး သွင်းပေးခဲ့သည်။

  • ထိုင်းမွတ်စ်လင်မ်  ၁ သောင်းကျော် ယခုနှစ် ဟဂ်ျ ခရီးစဉ် သွားရောက်မည်

    ထိုင်းမွတ်စ်လင်မ် ၁ သောင်းကျော် ယခုနှစ် ဟဂ်ျ ခရီးစဉ် သွားရောက်မည်

    သြဂုတ် ၄ ၊ ၂၀၁၄
    M-Media

    Thai Muslim villagers pray in a mosque during the Ramadan festival in Thailand's southern province of Narathiwat
    ထိုင်းနိုင်ငံတောင်ပိုင်း နာရာဆီဝပ်ပြည်နယ်မှ ကျေးလက်နေထိုင်းမွတ်စ်လင်မ်တို့မှ ဥပုသ်လအတွင်း ဗလီဝတ်ကျောင်းတစ်ခု၌ ၀တ်ပြုနေကြစဉ် (ဓာတ်ပုံ)

    ဗုဒ္ဓဘာသာဝင်များပြီးလျှင် ဒုတိယလူဦးရေအများဆုံးဖြစ်သော ထိုင်းနိုင်ငံမွတ်စ်လင်မ်တို့သည် ယခုနှစ်တွင် လူပေါင်း တစ်သောင်းကျော် ဟဂ်ျခရီးစဉ်သွားရောက်စေမည့် မူဝါဒသစ်တစ်ရပ်ကို ထိုင်းနိုင်ငံမှ ထုတ်ပြန်ကြေငြာသည်။

    မက္ကဟ်ဝတ်ကျောင်းတော် ဆက်လက်တိုးချဲ့ပြုပြင်နေမှုကြောင့် ထိုင်းနှင့် အခြားနိုင်ငံများစွာမှ ဟဂ်ျခရီးသည်ဦးရေကို လျှော့ချထားကြောင်း၊ ထိုင်းဟဂ်ျခရီးသည်များအတွက် ထိုင်းနိုင်ငံလေကြောင်းလိုင်း Thai Airways International ၏ ခရီးစဉ် (၂၀)ဖြင့် Songkhla ပြည်နယ်မှ ဆော်ဒီအာရေဗျသို့ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းသံရုံး၊ စီမံရေးရာဦးစီး Wijak Chittarat ကပြောသည်။

    ထိုင်း၏ ဟဂ်ျခရီးသည်များအတွက် သုဝဏ္ဏဘုမ္မိ နှင့် ဖူးခက်နိုင်ငံတကာလေဆိပ်တို့မှ ဂျစ်ဒါနှင့် မဒီနဟ်သို့သွားမည့် လေယာဉ်များစွာရှိနေသည်။ (၂၀၁၄)ခုနှစ်တွင် ထိုင်းနိုင်ငံအတွက် ဟဂ်ျခရီးသည်ခွဲတမ်း (၁၀၄၀၀)ဦး ရရှိထားသည်။ ယခုနှစ် လျှောက်ထားသူအများစုမှာ ထိုင်းနိုင်ငံတောင်ပိုင်း
    အတွင်းကျဒေသများမှဖြစ်သည်။

    ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့် တိုင်းပြည်ဖြစ်သော်လည်း ဘာသာပေါင်းစုံသည် သမိုင်းနှင့်ချီ၍ သဟဇာတဖြစ်စွာ နေထိုင်လာခဲ့ကြသည်။ ဘာသာရေးလွတ်လပ်ခွင့်အား ထိုင်းဘုရင်မှာ ကာကွယ်ပေးခဲ့သလို လက်ရှိခေတ်သမယတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အကာအကွယ်ပေးထားသည်။ မှတ်တမ်းများအရ ထိုင်းနိုင်ငံတွင်း မှတ်ပုံတင်ထားပြီးသော ဗလီဝတ်ကျောင်းတော်ပေါင်း (၃၈၀၂)လုံးရှိ၍ (၆၈၁)လုံးမှာ Pattani ပြည်နယ်တွင် ရှိကြောင်း၊ ဘန်ကောက်တစ်မြို့တည်းမှာပင် ခန့်မှန်းချေ (၁၇၇)လုံးရှိကြောင်း Chittarat မှ ဆိုသည်။

    Source : Arab news

  • M-Media ပင်မ Website များ ပုံမှန် ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း စာဖတ် ပရိတ်သတ်အား အသိပေးခြင်း

    M-Media ပင်မ Website များ ပုံမှန် ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း စာဖတ် ပရိတ်သတ်အား အသိပေးခြင်း

    M-Media

     M-Media ရဲ့ မြန်မာပိုင်း နဲ့ အင်္ဂလိပ်ပိုင်း သတင်း Website များကို ပြုပြင် မွမ်းမံမှုများ ပြုခဲ့ခြင်းကြောင့် ရက်အနည်းငယ်မျှ ဝင်ရောက် ဖတ်ရှုနိုင်ခဲ့ခြင်း မရှိပါဘူး။

    အဆိုပါ ကာလအတွင်း M-Media ရဲ့ ကိုယ်ပွားဘလောဂ်မှ နေပြီး သတင်းများ အဆက်မပြတ် တင်ဆက်ပေးခဲ့ပါတယ်။

    ယခုအခါ မူလ ဝဘ်ဆိုဒ်မှာ ပြင်ဆင်မှု အချောသတ်ပြီးစီးပြီဖြစ်သောကြောင့် နဂိုမူလအတိုင်း ဝင်ရောက် ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါတယ်။

    M-Media ရဲ့ မြန်မာပိုင်းနှင့် အင်္ဂလိပ်ပိုင်း ဆိုဒ် ၂ ခုစလုံးရဲ့ ဒီဇိုင်းပိုင်းကို Desktop,Laptop,Tab,Smart Phone အားလုံးနှင့် အလွယ်တကူ ဖတ်ရှုနိုင်အောင် ပြင်ဆင်ထားပါတယ်။

    မိမိတို့ ဖတ်ရှုလိုတဲ့ သတင်းများကို ကဏ္ဍအလိုက် အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်အောင်လဲ ဒီဇိုင်းအသစ်မှာ ကြိုးစားပြီး လုပ်ဆောင်ပေးထားပါတယ်။

    ကော်နက်ရှင် မကောင်းတဲ့ စာဖတ်ပရိတ်သတ်များ အလွယ်တကူ ဖတ်ရှုနိုင်အောင် M-Media ရဲ့ ကိုယ်ပွား ဘလောဂ် ကိုလည်း ဆက်လက်ထားရှိပြီး ပင်မ ဆိုဒ်မှ သတင်းများကို တပြိုင်နက်တင်ပေးနိုင်အောင် ကြိုးစားသွားပါမယ်။

    M-Media စာဖတ်ပရိတ်သတ်များ ဖတ်ရှုရာမှာ အခက်အခဲ တစုံတရာ ရှိခဲ့ရင်သောလည်းကောင်း၊ အကြံဥာဏ်များ ပေးပို့လိုရင်သော်လည်းကောင်း၊ သတင်းနှင့် စာမူများ ပေးပို့လိုရင်သော်လည်းကောင်း [email protected] သို့ အီးမေးလ်ပေးဖို့ ဆက်သွယ်နိုင်ပါတယ်။

    M-Media မြန်မာပိုင်း =>http://www.m-mediagroup.com/

    M-Media အင်္ဂလိပ်ပိုင်း =>http://www.m-mediagroup.com/en/

    M-Media ကိုယ်ပွားဘလော့ဂ် =>http://mmedianews.blogspot.com

    ဆက်သွယ်ရန် [email protected]

    M-Media စာဖတ်ပရိတ်သတ်အတွက် အစဉ်မပြတ်ကြိုးစားလျက်

    M-Media ဝိုင်းတော်သားများ

  • လန်ဒန်မြို့တော်ဝန်မှ မြို့တော်ခန်းမတွင် ပါလက်စတိုင်း အလံလွှင့်ထူပြီး ဂါဇာမှပြည်သူများနှင့် တသားထဲရှိကြောင်းပြသ

    လန်ဒန်မြို့တော်ဝန်မှ မြို့တော်ခန်းမတွင် ပါလက်စတိုင်း အလံလွှင့်ထူပြီး ဂါဇာမှပြည်သူများနှင့် တသားထဲရှိကြောင်းပြသ

    သြဂုတ် ၄ ၊ ၂၀၁၄

    M-Media


    _76662624_76662623

    ဇူလိုင်လ (၇)ရက်ကစပြီး ဗုံးကြဲစစ်ဆင်မှုကို ခံစားနေရတဲ့ ဂါဇာပြည်သူများနဲ့ တစ်သားတည်းရှိကြောင်း ပြသသောအားဖြင့် လန်ဒန်မြို့တော်၊ Tower Hamlets အရပ် မြို့တော်ခန်းမပေါ်မှာ ပါလက်စတိုင်း အလံကို လွှင့်ထူလိုက်ပါတယ်။

    မြို့တော်ဝန် Lutfur Rahman က “ဂါဇာပြည်သူများနဲ့ တစ်သားတည်းရှိကြောင်း လူသားချင်းစာနာထောက်ထားမှုကို ပြသတဲ့အနေနဲ့ မြို့တော်ခန်းမပေါ် ကျွန်တော်တို့ ပါလက်စတိုင်း အလံကို လွှင့်ထူတာဖြစ်ပါတယ်။

    index“အသဲအမည်း စစ်ဆင် တိုက်ခိုက်လာမှုနဲ့အတူ ဂါဇာကို ပိတ်ဆို့ထားခြင်းက လူသားချင်းစာနာထောက်ထားမှုအပေါ် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါပြီ။ လူတစ်ထောင်ကျော် သတ်ဖြတ်ခံရတဲ့ထဲက အများစုဟာ အမျိုးသမီးတွေ၊ ကလေးငယ်တွေသာ ဖြစ်နေပါတယ်။ ဒဏ်ရာရသူများအားလုံးကို ဆေးဝါးကုသမှု ခံယူနိုင်ရေးအတွက် အကူအညီလမ်းကြောင်း ဖွင့်ပေးဖို့ အရေးပေါ်လိုအပ်ပါတယ်။ ဒီကြေကွဲစရာ ပဋိပက္ခကြားထဲ အသက်ဆုံးရှုံးမှုများအပေါ် ကျွန်တော်တို့ အထူး ၀မ်းနည်းရပါတယ်။ အပြစ်မဲ့အသက်တွေ ဘဝတွေ ထပ်မံမဆုံးရှုံးအောင်၊ အစ္စရေးနဲ့ပါလက်စတိုင်းတို့အကြားက
    အကြမ်းဖက်သံသရာကို ချိုးနှိမ်မယ့် ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်အောင် ကျွန်တော်တို့ရဲ့ဝန်ကြီးချုပ်ကို တိုက်တွန်းထားပါတယ်” လို့ Telegraph သတင်းစာကို ပြောကြားလိုက်ပါတယ်။

    “ဗြိတိသျှမြို့တော်ခန်းမကနေ အလံလွှင့်ထူတာဟာ ဥရောပနဲ့ ကမ္ဘာတစ်ဝှမ်းက အကြမ်းဖက်သမား အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတစ်ခုကို ထောက်ခံသော အားပေးသလို ဖြစ်နေကြောင်း မြို့တော်ဝန် ရဟ်မာန်အနေနဲ့ သတိပြုမိဖို့လိုပါတယ်။ ဒီလိုလုပ်တာ မသင့်လျော်ပါဘူး။ ကျွန်တော်တို့မြို့တော်က လူအဖွဲ့အစည်းတွေအကြား ရင်းနှီး ပတ်သက်နေမှုတွေကို ဖျက်စီးရာရောက်စေပါတယ်” ဆိုပြီး ဗြိတိသျှ ဂျူးလူမျိုးများရေးရာ ဘုတ်အဖွဲ့ ဒုဥက္ကဌ Jonathan Arkush က ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ကွန်ဆာဗေးတစ်ပါတီဥက္ကဌ Grant Shapps က “လက်တွေ့ရလဒ် ထွက်ဖို့မရှိတဲ့ လူပိန်းကြိုက်နိုင်ငံရေး ရည်မှန်ချက်နဲ့ အလံကို လွှင့်ထူနေတာထက် ကျွန်တော်တို့လုပ်ဖို့ တကယ်လိုအပ်နေတာက အပစ်အခတ်ချက်ခြင်း ရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဆက်ပေးနိုင်ရေးပဲဖြစ်တယ်” လို့ MailOnline ကို ပြောဆိုလိုက်ပါတယ်။

    ပါလက်စတိုင်းလူဦးရေ (၁.၈)သန်းနေထိုင်တဲ့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးတို့ရဲ့ ဒီတစ်ကြိမ် စစ်ဆင်ရေးဟာ ခြောက်နှစ်အတွင်း အဆိုးဝါးဆိုးလုပ်ရပ်ဖြစ်ပါတယ်။ ရက်သတ္တလေးပတ်တိုင်တိုင် မရပ်မနား ချေမှုန်းနေတဲ့အတွက် ယခုချိန်ထိ ပါလက်စတိုင်းပြည်သူ (၁၈၀၀)ကျော် သေဆုံးပြီး၊ (၉၀၀၀)အထက် ဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စရေးဖက်က စာရင်းအရ မိမိတို့ဖက်က အနည်းဆုံး (၆၁)ဦး သေဆုံးရပြီလို့ ဆိုထားပါတယ်။

    Source : World Bulletin

  • ဘုံရန်သူကို မျက်ခြေမပြတ်စေနဲ့ (ပြည်သူ့အသံ)

    ဘုံရန်သူကို မျက်ခြေမပြတ်စေနဲ့ (ပြည်သူ့အသံ)

    ဇူလိုင် ၃၀ ၊ ၂၀၁၄
    M-Media
    ပေးပို့သူ- စိန်စံထိုက်

    Han lay
    Cartoon  Credit- ဟန်လေး

    ၁။  ၁၉၆၂ / ၁၉၈၈ မှာ ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေကို မတရားသတ်ဖြတ်၊ ဖမ်းဆီးထောင်ချခဲ့တာ ဘယ်သူလဲ?

    ၂။  ဒီပဲယင်းခရီးစဉ်မှာ ဒေါ်စုနဲ့ မျိုးချစ်တွေကို အကြမ်းဖက်သတ်ဖြတ် ဆိုးဝါးတဲ့ လုပ်ရပ်ကို ဘယ်သူတွေ လုပ်ခဲ့တာလဲ?

    ၃။ ၂၀၀၇ ရွှေဝါရောင်မှာ သံဃာတော်တွေကို သတ်ဖြတ်၊ ဖမ်းဆီးထောင်ချ ကျောင်းတိုက်တွေ ပိတ်ပစ်လိုက်တာ ဘယ်သူလဲ?

    ၄။ ၂၀၀၈ နာဂစ်ကြမ္မာဆိုးမှာ ပြည်သူတွေ သေကြေ၊ လူထုတွေငတ်ပြတ်နေတာကို စားနပ်ရိက္ခာပို့တာတောင် တားဆီးခဲ့ကြတာ ဘယ်သူလဲ?

    ၅။ ၂၀၀၈ နာဂစ်နဲ့အတူ  လူထုတွေ ရေထဲမျောနေချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပွဲလန့်တုန်း ဖျာခင်းခဲ့တာ ဘယ်သူလဲ?

    ၆။ ၂၀၁၂ ကချင်မြေမှာ ကချင်တွေ သိန်းကျော်စစ်ပြေးဘ၀ကိုရောက် ဒုက္ခသည်အဖြစ်နဲ့ ဗိုက်မှောက်နေရတာ ဘယ်သူ့ကြောင့်လဲ?

    ၇။ လက်ပံတောင်းအရေး ငြိမ်းချမ်းစွာ စုဝေးကြတဲ့ သံဃာတွေကို မီးဗုံးနဲ့ ဖြိုခွင်းခဲ့တာ ဘယ်သူလဲ?

    ၈။ လယ်တီဆရာတော်သိမ်နဲ့ စေတီကို အကျိုးလိုလို့ ဖျက်ဆီး သမိုင်းပျောက်အောင် လုပ်ခဲ့ကြတာ ဘယ်သူလဲ?

    ၉။ ရခိုင်မှ အစ မန္တလေးအဆုံး အိမ်ကြက်ချင်း အိုးမဲသုတ် လူသတ်ပွဲနဲ့ မီးရှို့ပွဲကို ဇာတ်ထုတ်အသစ်ဖန်တီးခဲ့တဲ့ နောက်ကွယ်က ကြိုးကိုင်သူဆိုတာ ဘယ်သူလဲ?

    ၁၀။ လယ်သမားတွေ လယ်မြေတွေပျောက် ၊ ကျူးကျော်တွေ ခြေသလုံး အိမ်တိုင်ဘ၀ရောက်အောင်လုပ်တာ ဘယ်သူလဲ?

    ၁၁။ မဟာ သန္တိသုခကျောင်းကို ၀င်စီး၊ သံဃာတွေကို ဖမ်းဆီး သာသနာကို အကြည်ညိုပျက် ညှိုးနွမ်းအောင် လုပ်ခဲ့တာ ဘယ်သူလဲ?

    ၁၂။ လူထုက ၄၃၆ ပြောင်းခိုင်း၊ ၅၆(ခ) ကိုအတည်ပြု ၊ PR စနစ်အသက်သွင်းနေတာ ဘယ်သူလဲ?

    ၁၃။ အရှေ့တံခါးက ဒိုးယိုပေါက် ၊ တရုတ်ကြီးက ဈေးချိုရောက် ဗမာတွေ ကျူးကျော်တဲ ဆောက်ရတာ ဘယ်သူ့ကြောင့်လဲ?

    ၁၄။ ခရိုနီတစ်စုချမ်းသာ၊ လူထုတွေဘ၀ပျောက်ကာ လူငယ်တွေ ပညာရေးမရှိ၊ ကလေးလုပ်သား တိုးပွါးလာတာ ဘယ်သူ့ကြောင့်ပါလဲ?