News @ M-Media

Author: M-Media

  • ပစိဖိတ်ကျွန်း နိုင်ငံများမှ အမျိုးသမီးနှင့် ကလေးငယ်များ သေဆုံးမှု လျော့ချရန် မိသားစု ကျန်းမာရေးစနစ်အတွက် ရန်ပုံငွေလိုအပ်

    ဇူလိုင် ၁၁ ၊ ၂၀၁၄
    M-Media
    This feature is one of the six photo stories of Great Expectations project for the World Health Day 2005: six mothers living in different countries of the world share their experiences of pregnancy and childbirth. In Lao, the photographer has been followin
    – လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးသောကြောင့် ပစိဖိတ်ကျွန်းနိုင်ငံများတွင် အမျိုးသမီးများနှင့် မွေးကင်းစ ကလေးငယ်များ သေဆုံးနေရသည်ဟု နယူးဇီလန် ပါလီမန်ရှိ လူဦးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အုပ်စု NZPPD က ယနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထိုအစီရင်ခံစာအား ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပိစိဖိတ်ကျွန်းနိုင်ငံများတွင် လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးစနစ်မှာ အားနည်းနေသည်ဟုလည်း ဖော်ပြထားသည်။

    ပါပူအာ နယူးဂီနီ၊ ကီရီဘာတီနှင့် ဆော်လမွန် ကျွန်းစုနိုင်ငံများတွင် ကိုယ်ဝန်ဆောင်နိုင်သော အမျိုးသမီးများ၏ ၃၀ ရာခိုင်နှုန်းအောက်သာ ခေတ်မီ သန္ဓေ တားဆေးများကို သုံးစွဲကြပြီး ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ဆောင်မှုနှုန်း ထားမှာလည်း စိုးရိမ်ဖွယ်မြင့်မားနေသည်ဟု သိရသည်။

    အချို့နိုင်ငံများတွင် ဖြစ်ပွားနေသည့် လိင်အခြေပြု အကြမ်းဖက်မှုနှုန်းမှာ ကမ္ဘာ့အမြင့်ဆုံး နိုင်ငံများတွင် ပါဝင်နေပြီး အမျိုးသမီးများ၏ သုံးပုံနှစ်ပုံမှာ အနီးကပ် မိတ်ဆွေများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ခံစားနေရသည်ဟုလည်း ထိုအစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

    မိသားစုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက လူ့အသက်များအား ကယ်တင်နိုင်ပြီး ငွေကြေး ကုန်ကျမှုကိုလည်း လျော့ ချနိုင်သည်ဟု လေ့လာမှုများက ဖော်ပြသည်။ ကီရီဘာတီရှိ မိသားစုစီမံကိန်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါက တစ်နှစ်လျှင် မွေးကင်းစကလေးငယ် ၈၆၀ ဦး သေဆုံးနေမှုအား နောင် ၁၅ နှစ်အတွင်း ၁၈ ရာခိုင်နှုန်းလျော့ချနိုင်မည်ဟု အခြားလေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။

    ထို့ပြင့် ဆန္ဒမရှိသည့် ကိုယ်ဝန်ဆောင်မှုကို တားဆီးခြင်းက ဗန်နွာတူနိုင်ငံနှင့် ဆော်လမွန်ကျွန်းစု နိုင်ငံများတွင် မွေးကင်းစကလေးသေဆုံးမှုနှင့် ကလေးပျက်ကျမှု ၂၅၀၀ ကျော်ကို ရှောင်လွဲနိုင်မည်ဟုလည်း လေ့လာမှုများအရ သိရသည်။

  • ယူနတီမှ သတင်းသမားများ ထောင်ဒဏ်ချခံရမှု မီဒီယာသမားများ ဆုတောင်းပွဲပြုလုပ်

    ဇွန် ၁၁၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။      ။ ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းသမားများအား ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရခြင်းအပေါ် လုပ်ဖော်ကိုင်ဖက် မီဒီယာများမှ ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရွှေတိဂုံ ကြေးသွန်းဘုရားတွင် ဆုတောင်းပွဲတစ်ရပ်အား ပြုလုပ်ခဲ့ကြသည်။

    2

    လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် ယူနတီဂျာနယ်တွင် “မကွေးတိုင်း ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတုစက်ရုံ” ဟူ၍ဖော်ပြခဲ့သည့် ဆောင်းပါးသည် နိုင်ငံတော် လျှို့ဝှက်ပေါက်ကြားမှု အက်ဥပဒေ ဆိုပြီး ဖမ်းဆီးခံထားရသော ယူနတီဂျာနယ်မှ သတင်းသမားများအား ဇွန်လ ၁၀ ရက်နေ့ ၁၆ ကြိမ်မြောက် ရုံးချိန်းတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    “စီရင်ချက်မှာ လျှို့ဝှက်မှုပေါက်ကြားတယ်ဆိုတော့ တကယ်ပေါက်ကြား သွားသလား ၀န်ခံသလိုကြီးလားလို့ စဉ်းစားမိတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေလည်း မတွေ့ရပါဘူး။ သမ္မတ မိန့်ခွန်းပြောပြီးနှစ်ရက်အကြာမှာ ဒီလိုဖြစ်သွားတယ်။ အခုဆို မွန်းတည့်နေက လည်း အဖမ်းခံထားရတယ်။မီဒီယာတွေကိုခေါ်ယူ စစ်ဆေးနေတာတွေလည်း ရှိတယ်။ နိုင်ထက်စီးနင်းတွေ လုပ်နေသလိုလားလို့ ထင်မိတယ်။ တခြား သတင်းထောက်တွေလည်း စိတ်လုံခြုံမှု မရှိတော့ဘူးလို့ ထင်မိတယ်” ဟု ဆုတောင်းပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သူ  DVB မှ Planning Editor ကိုသန်းဝင်းထွဋ်က သုံးသပ်ပြောကြားသည်။

    ယင်းထောင်ဒဏ် ချမှတ်ခံရမှုအပေါ် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးအနေနှင့် မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေအပေါ် အထူး စိုးရိမ်ပူပန်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်အတွက် အမှောင်ဖုံးတဲ့နေ့ တစ်နေ့ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါသည်။

    ပြန်ကြားရေးဌာနမှ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှလည်း နိုင်ငံတော်လုံခြုံရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံးက အရေးယူကြမှာဖြစ်ကြောင်း၊ စာနယ်ဇင်းသမားတွေမှာလည်း လွတ်လပ် ခွင့်ရှိသလို တာဝန်နှင့်ကျင့်ဝတ်များလည်းရှိကြောင်း ပြောဆိုခဲ့သည်ဟု RFA သတင်းဌာနတွင် ဖော်ပြထားပါသည်။

    မြန်မာနိုင်ငံဂျာနယ်လစ် ကွန်ယက်မှလည်း ယင်းထောင်ဒဏ်ချမှတ်ခံရခြင်းအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်း၊ ၎င်းတို့လွတ်မြောက်ရေး အတွက်လည်း ဥပဒေလမ်းကြောင်း အတိုင်း တတ်စွမ်းသမျှကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြေညာချက် တစ်စောင်အား ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

  • တရုတ်တွင် မူကြိုကျောင်းကာ ရေလှောင်ကန်တွင်းထိုးကျ ကလေး ၈ ဦး အပါအဝင် ၁၁ ဥိး သေဆုံး

    ဇူလိုင် ၁၁ ၊ ၂၀၁၄
    M-Media
    China school minivan accident kills eight children
    – တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင် မူကြိုကျောင်းမှ ကျောင်းကားတစ်စီး ရေလှောင်ကန်အတွင်းသို့ ထိုးကျမှုကြောင့် ကလေးငယ်များအပါအ၀င် လူ ၁၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ချန်ရှာမြို့အနီးရှိ မူကြိုးကျောင်းတစ်ကျောင်းမှဖြစ်ပြီး ကလေးငယ်များအား အိမ်ပြန်ပို့စဉ် ယမန်နေ့က ရေလှောင်ကန်အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ ကလေးငယ် ၈ ဦး ဆရာနှစ်ဦးနှင့် ယာဉ်မောင်း ၁ ဦးတို့ဖြစ်ကြပြီး ၎င်းတို့၏ အလောင်းများကို ယနေ့နံနက်ပိုင်းက ဆယ်ယူရရှိခဲ့သည်။

    ကျောင်းကားများ ဘေးအန္တရာယ်ကင်းရှင်းရေ လျော့ရဲ့လာမှုပြဿနာကို ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းကပင် တရုတ်နိုင်ငံ၌ရင်ဆိုင်နေခဲ့ရသည်။

    ၂၀၁၀ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဂန်ဇူးပြည်နယ်ရှိ ကိုယ်ပိုင် မူကြိုတစ်ခုမှ ထိုင်ခုံ ၉ ခုသာပါသော ကျောင်းကားမှာ လူ ၆၄ ဦးကို တင်ဆောင်ပြီး ကျောက်မီးသွေးတင် ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့သောကြောင့် လူကြီး ၂ ဦးနှင့် ကလေး ၂၀ ဦး သေဆုံးခဲ့ကာ ကလေးငယ် ၄၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် မူကြိုပိုင်ရှင်အား ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ၀တ္တရားပျက်ကွက်မှုနှင့် မူကြိုကျောင်းကား ပြင်ဆင် မွမ်းမံထားသည့် ပြဿနာကို မဖြေရှင်းနိုင်မှုကြောင့် အကြီးတန်း ယာဉ်ထိန်းအရာရှိတစ်ဦးကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကာ အခြားအရာရှိတစ်ဦးကိုမူ တာဝန်ထမ်းဆောင်ခွင့် ၃ နှစ် ပိတ်ပင်ခဲ့သည်။

    Ref: CNA

  • ဟဂ်ျ ကာလတွင် လူငယ် ၃၀၀၀ ထောင်ကူညီပေးနေ၊ အခမဲ့ ဘီးတပ်လှည်း ၁ သောင်းထိရှိလာ

    ဇူလိုင် ၁၁ ၊ ၂၀၁၄
    M-Media

    RSCHAJJVOLUNTEERwww.sunnikoottam.com1_
    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့သို့ လာရောက်ကြမည့် ဘုရားဖူးခရီးသည်များနှင့် ဧည့်သည်များအား ကူညီရန် အစီအစဉ်တွင် စေတနာ့ဝန်ထမ်း လူငယ် ၃၀၀၀ ကျော် ပါဝင်လုပ်အားပေနေသည်ဟု သိရသည်။

    ထိုအစီအစဉ်အား “သင့်အတွက်ဝန်ဆောင်မှုပေးမည့် မက္ကာလူငယ်များ” ဟု အမည်ပေးထားပြီး ဘရားဖူးခရီးသည်များနှင် ဧည့်သည်များအား မေတ္တာဖြင့် ၀န်ဆောင်မှုပေးလာခဲ့သည်မှာ ၉ နှစ် ရှိပြီဖြစ်သည်။

    အဆိုပါ လူငယ်များမှာ ကအ်ဘာကျောင်းတော်အား သ၀ါဖ်လှည့်ရာတွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ အဆင်ပြေလွယ်ကူစေရန် ကူညီပေးနေကြပြီး တာဝန်ချိန်များခွဲထားကာ ၂၄ နာရီပတ်လုံး ကူညီပေးကြသည်ဟု ထိုအစီစဉ်မှ မန်နေဂျာ ခါလဒ် အလ်-၀ါဖီက ပြောကြားခဲ့သည်။

    မက္ကာမြို့သို့ လာရောက်ကြသည့် ဟဂ်ျဘရားဖူးခရီးသည်များ အဆင်ပြေ လွယ်ကူ ချောမွေ့စေရန်အတွက် ဆော်ဒီအစိုးရက အစီအစဉ်များကို ပြုလုပ်နေပြီး သက်ကြီးရွယ်အိုများနှင့် မသန်းစွမ်းသူများ ဟဂ်ျခရီးစဉ်တွင် လွယ်ကူစွာသွားလာနိုင်ရေးအတွက် လျှပ်စစ်ဘီးတပ်ကုလားထိုင် ၃၀၀ ကို ယခုသီတင်းပတ်အတွင်း တိုးချဲ့ချထားပေးခဲ့သည်။ ထို့ကြောင့် ဟဂ်ျဘုရားဖူးခရီးသည်များ အသုံးပြုနိုင်မည့် လျှပ်စစ်ဘီးတပ်ကုလားထိုင်မှာ ၁၀၀၀၀ အထိ ရှိလာပြီဖြစ်သည်။

    Ref: Arab News

  • မက်ဆီမှာ ကမ္ဘာ့ဖလားနှင့် ထိုက်တန်သည်ဟု နေးမာဆို

    ဇူလိုင် ၁၁ ၊ ၂၀၁၄
    M-Media
    420299_heroa
    – အာဂျင်တီးနားသင်း၏ တိုက်စစ်မှူး မက်ဆီမှာ ကမ္ဘာ့ဖလားနှင့် ထိုက်တန်သည်ဟု ဒဏ်ရာရရှိကာ ဆေးကုသမှုခံနေရသည့် ဘရာဇီးလ်တိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

    “မက်ဆီဟာ ကမ္ဘာ့ဖလားနဲ့ ထိုက်တန်ပါတယ်။ သူဟာကျွန်တော့ရဲ့ မိတ်ဆွေဖြစ်ပြီး အကောင်းဆုံးကို ရရှိပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်” ဟု မက်ဆီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အာဂျင်တီးနားနှင့် ဘရာဇီးလ်တို့မှာ ဘောလုံးသမိုင်းတွင် မဟာပြိုင်ဘက်များဖြစ်ကြသော်လည်း မက်ဆီအနေဖြင့် ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရခဲ့ပါက မိမိမှာ ၀မ်းသာပျော်ရွှင်လိမ့်မည်ဟု နေးမာက ထပ်လောင်းပြောကြားခဲ့သည်။

    ဘရာဇီးလ်မှာ တတိယနေရာလုပွဲအဖြစ် ဟော်လန်အသင်းနှင့် မနက်ဖြန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နေးမာမှာ ထိုပွဲအား ပွဲကြည့်စဉ်ကပင် ကြည့်ရှုရမည်ဖြစ်သည်။