News @ M-Media

Author: M-Media

  • ဘင်္ဂလား နဲ့ မြန်မာ စစ်ဖြစ်ဖို့ဆိုတာ ဒီအချက်တွေကြောင့် မဖြစ်နိုင်ဘူး

    ဇွန် ၁ ၊ ၂၀၁၄
    M-Media
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်
    bangladesh and myanmar
    မြန်မာနဲ့ ဘင်္ဂလား စစ်ဖြစ်ဖို့ ဖိန့်လုံးတွေ လှိမ့်လုံးတွေ နဲ့ လုပ်နေသူတွေအတွက် တစ်ခုေ တာ့ ပြောချင်တယ်။ ခင်ဗျားတို့ ဖိန့်နေသလို ဗမာနဲ့ ဘင်္ဂလား စစ်ဘယ်တော့မှ ဖြစ် မှာ မ ဟုတ်ဘူး။ ဒီမေးခွန်းမေးတဲ့ သူတွေကသာ အဟုတ်ထင်ယုံချင်ယုံ။ ကျူပ်တော့မယုံဘူး။ ဒီတော့ ဘင်္ဂလားနဲ့ စစ်ဖြစ်ရင် ဘယ် ဖက်ပါမလဲ ဆိုတဲ့ ပေါတောတော မေးခွန်းတွေ မေးတဲ့သူတွေ နဲ့ ဖြေတဲ့ သူတွေ အကုန် လုံး ကို အံ့သြမိပါတယ် လို့ပဲ တင်စားချီးမွှမ်းချင်တယ်။

    ၁။ တရုတ်ကြီးက သူ့ရဲ့ မဟာဗျူဟာမြောက် အိန္ဒိယသမုဒ္ဓရာ မိန်းထွက်ပေါက်ဖြစ်တဲ့ ရခိုင် နယ် စပ် လိုနေရာမှာ ဘယ်တော့မှ စစ်အဖြစ်ခံမှာ မဟုတ်ဘူး။ သူကိုယ်တိုင်က အိန္ဒိယကို ၀ိုင်းပတ် ပိတ်ဆို့ထားရေး မဟာပုလဲသွယ်ဆိုတဲ့ စီမံကိန်းတစ်ခုရှိတယ်။ ဒါကို လုပ်နေဆဲ သာ ဖြစ်ပြီး လက်စသတ်ဖို့က အများကြိး ပြင်ဆင်နေရဆဲ ကာလမှာ ဒီစီမံကိန်းအ တွက် အ သုံးတော်ခံတွေ ဖြစ်တဲ့ ဘင်္ဂလားရော၊ မြန်မာမှာပါ ကြီးကျယ်တဲ့ စစ်ရေး ပဋိပက္ခ တွေကို ခွင့်ြ ပုဖို့ မရှိဘူး။

    ဘင်္ဂလားရော၊ မြန်မာရော နှစ်နိုင်ငံစ လုံးက တရုတ်ပြည်ကြီးက သေဆိုသေ ရှင်ဆိုရှင် ကြိုက် သလို အမိန့်ပေးနိုင်တဲ့ အနေအထားမှာ အခု ရောက်နေတယ်။

    ၂။ မြန်မာရော ဘင်္ဂလားရော နှစ်နိုင်ငံစလုံးကလည်း လုံးဝ စစ်အဖြစ်ခံမှာ မဟုတ်ဘူး။ ဘာ လို့လည်း ဆိုတော့ သူတို့နှစ်နိုင်ငံစလုံး ရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ ဘင်္ဂလားပင်လယ်ေ အာ် ထဲက အဓိက ပြောရရင် သဘာဝ ဓါတ်ငွေ့သိုက် တွေက ရကာစ မြိုးမြိုးမြတ်မြတ် အကျိုး အ မြတ် အဖူးအငုံလေးတွေ ကို အထိခံမှာ မဟုတ်ဘူး။

    ဒီကဏ္ဍတွေမှာ တကယ်တမ်းရင်းနှီးမြုပ်နှံ ထားကြတာက နိုင်ငံတကာ က ကုမ္ပဏီကြီးတွေ၊ပါ။ အခုလို အလှုပ်အရှားလေး ဖြစ်သွားတာ လောက် နဲ့တင်ကို ဒီကုမ္ပဏီကြီးတွေရဲ့ စတော့ ရှယ် ယာဈေးကွက် အနေအထားတွေမှာ ထိခိုက် မှုလေးတွေ ရှိလာတယ်။ ဒီကုမ္ပဏီ ကြီးတွေက ဒီနှ စ်နိုင်ငံ အစိုးရ အပေါ်မှာ ရှိထား တဲ့ သြဇာအရှိန်အ၀ါဟာလည်း အမေရိကန် ၊ တရုတ် တို့ ထက် မလျော့ဘူး။ ဒါ့ကြောင့် လည်း စစ်ဖြစ် ဖို့ ဆိုတာ ဟာသသက်သက်ပဲ။

    ၃။ လက်ရှိ အိန္ဒိယ မှာ အသစ်စက်စက် အာဏာရလာတဲ့ ဘာရတီယာ ဂျနာတာ ပါတီ အနေနဲ့ ကတော့ စစ်ဖြစ်ချင် ဖြစ်ပါစေ ဆိုတဲ့ ဆန္ဒရှိမှာ အမှန်ပဲ။ အိန္ဒိယဟာ အစဉ်အလာအရ တရုတ် ရဲ့ ဒေသတွင်း ပြိုင်ဖက် ဖြစ်လို့ တရုတ်အကြပ်ရိုက်မယ့် ကိစ္စ မှန်သမျှ အတွက် ကျေနပ်နေ မှာ ဖြစ်သလို အခု ရခိုင်ကမ်းလွန်ကထွက်တဲ့ ဓာတ်ငွေ့တွေကို တရုတ်ပေးတဲ့ဈေးထက် ပိုပေး ပါ့ မယ်၊ သူ့ကို ရောင်းပါလို့ အကြိမ်ကြိမ်အဖန်ဖန် တိုးလျှိုးတောင်းပန်ခဲ့ပေမယ့် သူ့ကို အဖက် မ လုပ်ဘဲ တရုတ်ကိုသာ မြန်မာက ရောင်းလိုက်တာကို သူတို့ လုးံဝ မကျေနပ်ဘူး။

    ဒါ့ကြောင့် ဒီဒေ သတွင်း ဗရုတ်သုက္ခတွေ ဖြစ်လာလို့ရှိရင် ၀မ်းအသာဆုံး ဖြစ်မယ့်သူဟာ အိန္ဒိ ယ ပဲ။ သို့ပေမဲ့ သူဘယ်လောက်ပဲ ဖြစ်စေချင်ချင် သူ့ကို တစ်ဖက်က အမေရိကန် နဲ့ ဥရောပ သမဂ္ဂ နိုင်ငံ တွေလို သူနဲ့ အကြီးအကျယ်စီးပွားဖက် အင်အားစုတွေက ဒေသတွင်းတည်ငြိမ်ေ ရး ဆိုတဲ့ အ ကြောင်းပြချက် နဲ့ ပြန်ထိန်းထားမှာမို့ ဒါကလည်း အညှောင့် လုပ်တာလောက်ပဲ လုပ်ချင် လုပ် နိုင်မယ်။ ညှောင့်ပြီး ပွဲဆူအောင် နည်းနည်းပါးပါး လုပ်တာကလွဲလို့ တကယ် တမ်းလက်တွေ့မှာ ဖြစ်လာဖို့မရှိဘူး။

    အိန္ဒိယ မှာ လည်း ဆယ်စုနှစ် နှစ်ခုလောက် အရင် ထဲက အကြီးကြီး မျှော်ကိုးထားပြီး အကောင် အထည်ဇော်တို့ ကြိုးစားနေတဲ့ အရှေ့မျှော် မူဝါဒ (Look East Policy) ဆိုတာရှိတယ်။ သူ့ရဲ့ အရှေ့မြောက်ဖက်ပိုင်း ပြည်နယ် ခြောက်ခု ဟာ အိန္ဒိယ ပြည်မကြီး နဲ့ ကုန်းလမ်းက အဆက် အသွယ် ၊ ပြောရရင် ထောက်ပို့လမ်းကြောင်းဟာ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါကြားက အင်မတန်မှ ကျဉ်းမြောင်းပြီး သွားလာရ သိပ်ခက် တဲ့ ကုန်းလမ်းလေးတစ်ခုသာ အသက်သွေးကြော အဖြစ် ရှိနေတယ်။နောက်တစ်ခါ အဲ့ဒီပြည်နယ် ခြောက်ပြည်နယ်ကို ရေလမ်းကနေတစ်ဆင့် ကုန်စည် တွေကို မြန်ဆန် လွယ်ကူစွာ ပို့လိုတယ်။ မြန်မာနဲ့ လုပ်ထားတဲ့ စစ်တွေ ရေနက် ဆိပ် ကမ်း က အဓိက သက်သေပဲ။

    နောက်တစ်ခါ အဲ့ဒီ ပြည်နယ်ခြောက်ခု ရဲ့ ပြင်ပကမ္ဘာကို ထွက်ပေါက်အဖြစ် မြန်မာ နဲ့ ဘင်္ဂ လားဒေ့ရှ် နှစ်နို င် ငံကနေဖြတ်ပြီး တရုတ် နဲ့ အရှေ့တောင် အာရှ နိုင်ငံတွေဖက်ကို ကုန်းလမ်း ကုန်သွယ်ရေး လမ်းကြောင်း ပွင့် သွားအောင် လည်း ဖွင့်ချင်တယ်။ ဒါကို သူတို့အရေးတကြီးလို အပ်နေတယ်။ ကုလားတန် စီမံကိန်းက ကအဓိက သက်သေပဲ။ ဒီကုလားတန် စီမံကိန်း အတွက် မရှိမဖြစ် အရေးပါနေတာက မြန်မာ နဲ့ ဘင်္ဂလား နှစ်နိုင်ငံစလုံးပဲ။ တစ်နိုင်ငံငံမှာ ပိတ် ဆို့သွားခဲ့ရင် လည်း သူတို့ စီမံကိန်း အားလုံးရေစုန် မျောသွားလိမ့်မယ်။ ဒီတော့ ဒီနှစ်နိုင်ငံ စစ်ဖြစ်ဖို့ ဆိုရာမှာ အိန္ဒိယ အနေနဲ့ ဒီနှစ်နိုင်ငံကို မတည့်အောင်နည်းနည်းပါးပါး တိုက်ပေး ပြီး သူလိုသလိုလေး ကစားနိုင်အောင် ဖန်တီးဖို့ ဆိုတာကထက် ပိုပြီး စစ်ပွဲကြီးတစ်ရပ်ဖြစ် သွား လောက်အောင်ထိ ဖန်တီးပေးဖို့ထိတော့ သူတို့ မိုက်လိမ့်မယ် မထင်ဘူး။

    ၄။ အမေရိကန် နဲ့ ဂျပန်၊ ကိုရီးယား အနောက်ဥရောပ နိုင်ငံတွေက တရုတ်ကို အကြပ်ရိုက်ေ စ ဖို့၊ လက်ရှိ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က ငပွကြီး လုပ်နေတာကို တန်ပြန်တဲ့အနေနဲ့ ဒီဒေ သမှာ ရှုပ်ရှု့ပ်ထွေးထွေး ဖြစ်သွားတာမျိုးကို လိုလားကောင်းလိုလားနိုင်တာ ဖြစ်နိုင် ပေ မယ်လိုက တကယ် သာ စစ်ပွဲက စဖြစ်သွားပြီဆိုရင် နှစ်ဖက် အကျိုးစီးပွား တွေဖက်က အင် အားကြီးတွေပါ ပါလာပြီး ရေရှည်စစ်ပွဲ အဖြစ် ပေရှည်သွားနိုင်တာမို့ သူတို့ ကိုယ်တိုင် စီး ပွားရေး နာလန်ထမှု့ အတွက် မနည်း ရုန်းကန်နေရတဲ့ အနောက်နိုင်ငံတွေ ကလည်း ရေရှည် ပဋိပက္ခ ထဲကို မပါလာချင်ဘူး။ ဒါ့ကြောင့် ဒါဟာ အဓိပ္ပါယ်မရှိဘူး။

    ဒီတော့ ဘင်္ဂလားနဲ့ မြန်မာ စစ်ဖြစ်မယ် ဘာညာဆိုတာက လူပြိန်းကြိုက် ခန့်မှန်းချက်သက် သက် ထက် ဘာမှမပိုဘူး။ အချိန်ကုန်ခံ ခေါင်းစားမနေနဲ့။

    ( ရောဘတ်အယ်လ်ဟို့စ်)

  • အကြမ်းဖက်ခံ ဒုက္ခသည် စခန်းများမှ ကလေးများ၏ ပန်းချီလက်ရာများ ပြပွဲပြုလုပ်

    ဇွန် ၁၊ ၂၀၁၄
    M-Media
    လမင်း

    9
    ရန်ကုန်။     ။ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှု ပဋိပက္ခများကြောင့် ဒုက္ခရောက်ခဲ့ရသော ရခိုင်ပြည်နယ်နှင့် မိထ္ထီလာ ဒုက္ခသည်စခန်းများမှ ကလေးငယ်များ၏ ပန်းချီလက်ရာများကို ဧရာဝတီ ပန်းချီပြခန်း၌ ပန်းချီပြပွဲတစ်ရပ်အား ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

    ယခုလိုပန်းချီပြပွဲပြုလုပ်ရခြင်းမှာ ဒုက္ခသည်စခန်းတွင် ရှိနေသည့် ကလေးသူငယ်များ၏ ခံစားချက်များကို အပြင်လောကလူတွေနဲ့ထိတွေ့ပေးချင်သောကြောင့် ဖြစ်ပါတယ်လို့ ပန်းချီပြပွဲကိုစီစဉ်သူ ကိုစိုင်းဟန်ထိုက်(အပေအတေ အကိတ်လေး) ကဆိုသည်။

    “စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေက ဒုက္ခသည်စခန်းတွေကို သွားဖြစ်ချင်မှ သွားဖြစ်လိမ့်မယ်။ အဲ့လိုမရောက်တဲ့လူတွေကို ဒုက္ခသည်စခန်းမှာဖြစ်ပျက်နေတဲ့ ကလေးသူငယ်တွေရဲ့ပန်းချီကားတွေကို ပြပေးချင်တာပါ။ ပန်းချီကားတွေထဲမှာ ကလေးငယ်တွေရဲ့ အဓိပ္ပါယ်ရှိတဲ့အရာတွေပါဝင်နေတာတွေရှိပါတယ်။ သူတို့ထိခိုက်ခံစားနေရတာတွေကို လူတွေသိလာစေချင်လို့ အခုလိုလုပ်ဖြစ်တာပါ” ဟု ၎င်းမှ ယခုကဲ့သို့ ပန်းချီပြပွဲလုပ်ဖြစ်ပုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

    ယခုကဲ့သို့ ပန်းချီကားများရရှိရန် ကလေးငယ်များထံမှ အချိန် ၁ နှစ်ကျော်ကြာအောင် စုဆောင်းခဲ့ရပြီး ၎င်းတို့လိုအပ်နေသော စိတ်ပျော်ရွှင်မှု၊ စိတ်ဓာတ်ခွန်အားများ ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ကလေးတွေဆိုတာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တိုင်းပြည်တစ်ခုရဲ့အနာဂတ်ပါ။အဲ့လိုကလေးတွေရဲ့ ပျော်ရွှင်မှု၊ စိတ်ဓာတ်တက်ကြွမှုဆိုတာ လိုအပ်ကြောင်း၊ ယခု့ကဲ့သို့ ပန်းချီကားများကို ကြည့်ရရုံဖြင့် ကလေးငယ်တို့၏စိတ်ထဲကို ထိုးဖောက်မြင်ရကြောင်း ပန်းချီပြပွဲသို့ လာရောက်ကြည့်ရှု့သူတစ်ဦးဖြစ်သူ တာမွေမြို့နယ်မှ မသက်မြတ်နိုး မှ မှတ်ချက်ပြု ပြောကြားခဲ့သည်။

    ဓါတ်ပုံများ ကြည့်ရန် Click Here

  • ကျောင်းနေအရွယ် နွမ်းပါး ကလေးများအား လူမျိုးဘာသာမခွဲခြားဘဲ ပုဇွန်တောင် အစ္စလာမ်ကောင်စီ လှူဒါန်း

    ဇွန် ၁၊ ၂၀၁၄
    M-Media
    လမင်း
    8
    ရန်ကုန်။        ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပုဇွန်တောင်မြို့နယ အစ္စလာမ်သာသနာရေးရာကောင်စီ် မှ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ကျောင်းနေရွယ် ကလေးများအား လူမျိုးဘာသာ မခွဲခြားဘဲ ကျောင်းသုံး ပစ္စည်းများအား ယနေ့ ဇွန်လ ၁ ရက်နေ့တွင် လှူဒါန်းခဲ့ပါတယ်။

    ၂၀၀၈- ၂၀၀၉ ပညာသင်နှစ်မှစတင်ကာ ယခုကဲ့သို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၆ ကြိမ်မြောက် လှူဒါန်းခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့နယ် ၁၀ ရပ်ကွက်အတွင်းရှိ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ဆင်းရဲနွမ်းပါးသူ ကလေးသူငယ်များအားလုံးကို လှူဒါန်းလျှက်ရှိပါတယ်။

    “ကျောင်းသူ ကျေင်းသားကလေးတွေကို မိဘတွေက ဆင်းရဲနွမ်းပါးလို့ ကျောင်း မထားနိုင်တာမျိုးတွေလည်း ဒီရပ်ကွက်ထဲမှာ ရှိပါတယ်။ အဲ့လိုတွေမဖြစ်ရအောင် ကျွန်တော်တို့ သူငယ်ချင်းတွေပေါင်းပြီး အလှူရှင် အနည်းငယ်နဲ့ ယခုလိုလှူဒါန်းလာခဲ့တာပါ။ကျောင်းစတက်ရတော့မဲ့နေ့မှာ
    ကလေးတွေက ပစ္စည်း အသစ်လေးတွေနဲ့ကျောင်း တက်ရတော့ သူတို့လေးတွေစိတ်ချမ်းသာမှုရမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပုဇွန်တောင်အစ္စလာမ် သာသနာရေးရာကောင်စီမှ ဒု-ဥက္ကဌ ဦးဟန်တင်က M-Media ကို ပြောပါတယ်။

    ကလေးများ၏ ပညာရည်မြင့်မားလာစေရန်နှင့် ကလေးတွေ ကျောင်းတက်ချင်အောင်လိုအပ်တာလေးတွေဖြည့်ဆည်းပေးပြီး မတတ်နိုင်တဲ့မိဘများ အစားကူညီခြင်းဖြစ်ကြောင်း ကိုလည်း ၎င်းမှထပ်လောင်းပြောကြားခဲ့ပါတယ်။

    ပုဇွန်တောင်မြို့နယ်အတွင်းရှိ လာရောက်လျှောက်ထားသူ လူမျိုးဘာသာမရွေး ကလေးသူငယ်များအား ကျောင်းဝတ်စုံ ၃ စုံနှင့် စာအုပ် ၁ဒါဇင်မှ ၃ ဒါဇင်၊ ခံတံ၊ ကွန်ဗာဗူး၊ ဘောပင်၊ လွယ်အိတ် စသည့်ကျောင်းသုံးပစ္စည်းများနှင့် ကလေးငယ်များအတန်းအလိုက် ပိုက်ဆံ ကျပ် ၃၀၀၀ မှ ၄၀၀၀၀ ထိ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

    “အခုလို ဒီကနေပေးတာကို အရမ်းပဲကျေးဇူးတင်လှပါတယ်။ ကလေးတွေကို ၀ယ်လည်း မပေးနိုင်ဘူး။ လိုအပ်တဲ့အရာတွေ အခုလိုဖြည့်ဆည်းပေးတဲ့ အတွက်အများကြီးဝမ်းသာရပါတယ်” ဟု ပုဇွန်တောင် ၃ ရပ်ကွက်မှ ကျောင်းသား မိခင်တစ်ဦးဖြစ်သူ မအေးသန္တာက M-Media ကို ပြောပါတယ်။

    ယင်း ပုဇွန်တောင် အစ္စလာမ် သာသနာရေးရာကောင်စီတွင် အခြားကွန်ပျူတာသင်တန်း၊ အင်္ဂလိပ် စကားပြောသင်တန်း များကို လူမျိုးဘာသာမရွေး နေရာဒေသ မရွေး တက်ရောက်သင်ကြားနိုင်ရန် သင်တန်းများကိုလည်း ဖွင့်လှစ်ထားလျှက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။

     

    ဓါတ်ပုံများ ကြည့်ရန် Click Here

  • သရဲမွေးပြီး အပင်းသွင်း ၊ ဆေးပြန်ကုပြီး ကယ်တင်ရှင်လုပ်တဲ့ အောက်လမ်းဆရာ အာဏာရှင်များ

    သရဲမွေးပြီး အပင်းသွင်း ၊ ဆေးပြန်ကုပြီး ကယ်တင်ရှင်လုပ်တဲ့ အောက်လမ်းဆရာ အာဏာရှင်များ

    ဇွန် ၁ ၊ ၂၀၁၄
    ရေးသူ- ဦးဦးမှော်ဆရာ

    ဖြစ်ရပ်(၁)။ ။ တချိန်က ရုရှားသမ္မတ ဘောရစ်ရဲလ်ဆင်က ဗလာဒီမာပူတင်ဆိုတဲ့ လူတစ်ယောက်ကို ရုရှားနိုင်ငံရေးလောကထဲ ဆွဲခေါ်လာစကဆိုရင် သူ့ကိုသိတဲ့လူ မရှိသလောက်နည်းတယ်။ ပူတင်ဆိုတာ နိုင်ငံရေးမျိုးရိုးလည်းမရှိ၊ နိုင်ငံရေးနောက်ခံ လည်း လုံးဝမရှိတဲ့ ကေဂျီဘီထောက်လှမ်းရေး ဗိုလ်မှုးတစ်ယောက်ပဲ ဖြစ်တယ်။

    ဒါပေမဲ့ နောက်သုံးလလောက်အတွင်းမှာ ပူတင်ကို လူတွေ တော်တော်လေး သတိထားမိလာကြတယ်။ ဒီလိုနဲ့ အဲဒီအချိန်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပူတင်ကို လူတော်တော်များများ ထောက်ခံခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတာ ပြန်ဆန်းစစ်ကြည့်ရင် ဒီလိုတွေ့ရတယ်။

    ပူတင်နိုင်ငံရေးစင်မြင့်ပေါ် တက်လာတဲ့ အဲဒီသုံးလလောက် အတွင်းမှာ ရုရှားနိုင်ငံတ၀ှမ်းလုံးမှာ နေရာအနှံ့ဗုံးတွေ မကြာခဏ ပေါက်ကွဲခဲ့တယ်။ အဲဒီလို ပေါက်ကွဲမှုဖြစ်တဲ့အခါတိုင်းမှာ ပူတင်က ရောက်လာပြီး အကြမ်းဖက်သမား တွေကို ချက်ချင်း ဖေါ်ထုတ်ပေးခဲ့တယ်။ ဘယ်သူတွေလဲ ဆိုတော့ ချေချင်းညာသူပုန် တွေ လက်ချက်ပဲပေါ့.. ပြီးတော့ ပူတင်က နောက်ဒါမျိုးတွေ ထပ်မဖြစ်လာအောင် ရုရှားနိုင်ငံနဲ့ ပြည်သူလူထုကို ကာကွယ်ပေးမယ်ဆိုတဲ့ ကတိတွေပေးခဲ့တယ်။ ဒီလိုနဲ့ ရွေးကောက်ပွဲမှာ လူထုက ပူတင်ကို ထောက်ခံခဲ့ကြလို့ ၀န်ကြီးချုပ် ဖြစ်လာတယ်။ သမ္မတဖြစ်လာတယ်။ ခုဆိုရင် ရုရှားသမ္မတရာထူးနေရာမှာ ပူတင်တက်ထိုင်နေခဲ့တာ ၁၅ နှစ် လောက်ရှိသွားပြီ။ နောက်ထပ်လည်း ၁၅ နှစ်လောက် အေးအေးဆေးဆေး နေနိုင်မယ့် အခြေအနေရှိတယ်။

    အဲဒီလို မကြာခဏဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အချိန်မှာ မြို့တစ်မြို့မှာ မှတ်မှတ်ရရ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်။ အကြမ်းဖက်သမားတွေ ဗုံးလာထောင်နေတုန်း အနီးအနားကလူတွေ သတိထားမိပြီး သံသယဖြစ်လို့ ၀ိုင်းရှာကြတော့ တနေရာမှာ တကယ်ပဲ ဗုံးထောင်ထားတာ တွေ့ရတယ်။ ဒီတော့ ရဲစခန်းကိုအကြောင်းကြားပြီး အဲဒီလူတွေက အကြမ်းဖက်သမားတွေကို လိုက်ဖမ်းတာ ၁၅ ကီလိုမီတာအကွာ လောက်မှာ လူနှစ်ယာက်ကို ဖမ်းမိသွားခဲ့တယ်။ ဒီအကြမ်းဖက်သမား နှစ်ယောက် ကိုရိုက်နှက်ပြီး ရဲလက်ထဲ အပ်လိုက်တယ်။ ရဲကလည်း ဗုံးထောင်တဲ့ အကြမ်းဖက် သမားတွေကို စစ်ဆေးတဲ့အခါ ကေဂျီဘီထောက်လှမ်းရေးတွေ ဖြစ်နေတာတွေ့ရတယ်။ ဟိုလူတွေက ရိုက်နှက်ခံရမှာ၊ အဖမ်းခံရမှာကြောက်တဲ့အတွက် ကေဂျီဘီ ထောက်လှမ်းရေး ၀န်ထမ်းကဒ်တွေ ထုတ်ပြလိုက်တာကိုး။ ဒါပေမဲ့ ဒေသခံရဲက လက်မခံဘူး။ ထောက်လှမ်းရေးပဲဖြစ်ဖြစ် ဘာကောင်ပဲဖြစ်ဖြစ် ရဲစခန်းရောက်မှရှင်း ဆိုပြီး ခေါ်သွားတယ်။ စခန်းရောက်တော့ အမှုဖွင့်မယ်၊ ရုံးတင်မယ်၊ ပြီးရင် ထောင် ထဲပို့မယ်ဆိုပြီး လုပ်နေတုန်းမှာပဲ မော်စကိုက အစိုးရထိပ်ပိုင်းအရာရှိတစ်ဦးက အဲဒီ မြို့နယ်ရဲစခန်းကို ဖုန်းဆက်လာတယ်။ ဖုန်းဆက်ပြီး ဘာအမိန့်ပေးတာလဲဆိုတော့ –

    “ခုဖမ်းထားတဲ့ ကေဂျီဘီထောက်လှမ်းရေးနှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ပါ။ သူတို့က ခုလို ဗုံးလာထောင်တယ်ဆိုတာ အစမ်းလေ့ကျင့်နေတာ ဖြစ်တယ်။ ရဲတွေရဲ့ စွမ်းရည်ပြည့်ဝမှု ရှိမရှိ သိချင်လို့၊ နောက်ပြီး ဒေသခံပြည်သူတွေရဲ့နိုးကြားမှု ရှိမရှိ စမ်းသပ်ကြည့်တာဖြစ်တယ်” .. တဲ့။ ဒီလို အမိန့်ပေးတဲ့အတွက် ပြန်လွှတ်ပေးလိုက် ရတယ်။ သို့သော်လည်း အဲဒီလို အစမ်းလာလေ့ကျင့်တယ်ဆိုတဲ့ ထောက်လှမ်းရေး နှစ်ယောက်လည်း အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီလူနှစ်ယောက် ဘယ်ရောက်သွားသလဲဆိုတာ ဘယ်သူကမှ မသိရပေမဲ့ နှုတ်ပိတ်သတ်ဖြတ်ခံလိုက်ရပြီလို့ ယူဆရတယ်။ အဲဒီလူနှစ်ယောက်အကြောင်းကို အခွင့်အခါကြုံတိုင်း လွှတ်တော်မှာဖြစ်စေ၊ လွှတ်လပ်တဲ့ သတင်းမီဒီယာတွေကဖြစ်စေ စုံစမ်းစစ်ဆေးဖို့ကြိုးစားတာ သုံးကြိမ်လောက်ရှိခဲ့ပေမဲ့ အစိုးရက ခွင့်မပြုဘဲ ပိတ်ပင်လေ့ရှိခဲ့တာ ခုချိန်ထိပါပဲ..။အဲဒါမျိုး လိမ်ဆင်တွေအများကြီး ဖြစ်ခဲ့ပါတယ်။

    အကြမ်းဖက်သမားတွေ နယ်စပ်မှာတိုက်ခိုက်နေကြ သလို၊ ပြည်တွင်းထိပါ ထိုးဖေါက်စိမ့်ဝင်နေပြီလားဆိုတဲ့ စိုးရိမ်မှုနဲ့အတူ စစ်တပ်ရဲ့ အရေးပါမှုအပေါ် လူထုရဲ့အမြင်က ဘယ်လိုဖြစ်လာမလဲ.. အဲဒီထဲမှာမှ အင်မတန်ကံဆိုးစွာနဲ့ အထင်ကရ ဘုရားကြီးတစ်ခုခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့မယ်ဆိုရင် လူအများစုကြီးရဲ့ တုန့်ပြန်မှု ဘယ်လိုဖြစ်လာမလဲ .. ခြေဥပြင်ဖို့ ကြိုးစားနေတဲ့ကိစ္စ ဘယ်လိုဖြစ်သွားမလဲ ..

    ဖြစ်ရပ်(၂)။ ။ (၁၉၄၈/၄၉)တုန်းက အင်မတန်ရက်စက်လွန်းတယ်လို့ နာမည်ကြီးခဲ့တဲ့ သာယာဝတီထောင်မှာ ပုဒ်မ(၅)နဲ့ဝင်နေတဲ့ ကွန်မြူနစ်တွေထဲက အဘိုကြီးတွေကို နှိပ်စက်တဲ့နည်းလမ်းတွေထဲမှာ သြကာသယိမ်းကတာလည်း တနည်းပါတယ်။ ပုဒ်မ(၅) တွေထဲက အသက်(၆၀)ကျော် လေးယောက်စီ မျက်နှာချင်းဆိုင်ရပ်ပြီး ( ဗုဒ္ဒဘာသာဝင်တွေ ဘုရားရှိခိုးရင် ရွတ်ဆိုတဲ့) သြကာသကို တစ်ခွန်းနှစ်ကျော့စီ ဆိုရင်း လက်လှုပ်ခြေလှုပ် က ခိုင်းတာ။ ထောင်မှုးတွေက ခရစ်ယာန်ဘာသာဝင်တွေ။ ည အိပ်ထောင်ကိုပြန်ရောက် တဲ့အခါ ကွန်မြူနစ်အဘိုးကြီး တချို့ တက်တခေါက်ခေါက်နဲ့ လက်စားချေမယ် တကဲကဲ ကျိန်းဝါးခဲ့ကြတာ.. ကျနော်ပြောချင်တာက ဘာသာရေးနဲ့ တို့ပေးလိုက်ရင် ဘယ်သူမဆို ဆပ်ဆပ်ခါသွားတတ်ကြတယ်။

    မြန်မာပြည်အကြောင်း ဆက်ပါဦးမယ်။ ဒီနှစ်ဆန်းထဲက သိန်းစိန်အစိုးရဘက်က ရှေ့တန်းတင်ထားတာတွေကိုကြည့်ရင် သန်းခေါင်စာရင်း..၊ အဲဒါပြီးရင် ၀ှိုက်ကတ် ကိစ္စ.. ပြီးတာနဲ့ မျိုးစောင့်ဥပဒေဆိုပြိး (၆)လပိုင်းထိ တန်းစီနေတာတွေ့ရတယ်။ တဘက်မှာလည်း မြေသိမ်း လယ်သိမ်း ဆန္ဒပြမှုတွေအပြင် ခြေဥပြင်ဆင်ဖို့အတွက် လှုပ်ရှားတာတွေက အင်နဲ့အားနဲ့ဖြစ်လာတယ်။ ဒါတွေကိုကြည့်ပြီး ကျနော်ထင်ခဲ့တာက ခုကစလို့ နောက်၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်အတွင်းမှာ မုဒိမ်းမှုတွေထပ်စာရင် ဗုံးပေါက်ကွဲမှုတွေ ဖြစ်နိုင်ချေ ပိုများတယ်လို့ မှန်းထားခဲ့တာ။ ခုလို ဘင်္ဂလားနယ်စပ်မှာ စစ်ဆွယ်မယ့် အကြံအစည်ကို မတွေးမိခဲ့ဘူး။

    မီလိုဆီဗစ်တုန်းကလည်း ဆလိုဗေးနီးယား နယ်စပ်မှာ ခုလိုမျိုး စစ်ပွဲတစ်ခုကို ဖန်တီးပြီးတိုက်ခဲ့တယ်။ ခုလည်း နေရင်းထိုင်ရင်း သတင်းမှားတွေ တောက်လျောက် လွင့်ရင်း ကိုယ့်ဘက်က ရန်စတိုက်ခိုက်ပြီး စစ်ဆွယ် ခဲ့တာ။ ဟိုဘက်ဒီဘက် အပြန်အလှန်ပစ်ခတ်တာလောက်ပဲဆိုပေမဲ့ ဒါက အစိုးရအတွက် အကြောင်းပြချက် ကောင်းကောင်းရစေတယ်။ `အာရုံတွေ မများနဲ့.. မင်းတို့ရဲ့ တကယ့် ရန်သူက အနားရောက်နေပြီ´လို့ အချက်ပြလိုက်သလိုပဲ။ ပြီးတော့ ဒီလို အပြန်အလှန် ပစ်ခတ်မှုလေးကိုပဲ စစ်ပွဲကြီးတစ်ပွဲ ဆင်နွဲနေရသယောင် သတင်းတွေဆက်တိုက်လွင့်ပြီး
    မြောင်းထဲရောက်နေတဲ့ စစ်တပ်ရဲ့ အနေအထားကို ပြန်ဆွဲတင်ဖို့လုပ်တာ။ `မရှိမဖြစ် တပ်မတော်´ဆိုတဲ့ နေရာကမဆင်းရဖို့ အကြံအဖန်လုပ်တာ။

    တကယ်တမ်း RSO တွေ နဲ့ တိုက်ပွဲဖြစ်နေတာမှန်ရင် လူလုံးပြပြီး သတင်းစာရှင်းလင်းပွဲ လုပ်ရမှာပေါ့။ ဘင်္ဂလား ဒေ့ရှ်အစိုးရကို တရားဝင် ကန့်ကွက်ရဲရမှာပေါ့။ တေ့တေ့ဆိုင်ဆိုင် မေးရင် ဘယ်သူကမှ RSO ပါလို့ တိတိကျကျမဖြေနိုင်ဘဲ သတင်းတွေမှာတော့ RSO တွေနဲ့တိုက်ပွဲဖြစ်နေ
    တယ် ဆိုတဲ့ ကောလဟလသတင်းတွေကိုလည်း မငြင်းဘဲ မျောထားပြီး လူထုရဲ့စိတ်ထဲ ယုံထင်ကြောင်ထင်ဖြစ်အောင် လုပ်ထားတယ်။ တဘက်မှာလည်း ဒီသတင်းတွေက တကယ်မှန်သယောင်ယောင် လူထုကို ပိုပြီးသွေးကြွလာအောင် ရခိုင်ရွာတွေမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သေနတ် (၁၀)လက်စီ တပ်ဆင်ပေး လိုက်သေးတယ်။

    တကယ်လို့ ဒီနောက်ပိုင်းမှာ ရန်ကုန်မြို့ရဲ့ လူစည်ကားရာစတိုးဆိုင်ကြီးတွေ၊ ပန်းခြံ လိုနေရာတစ်ခုခုမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာမယ်ဆိုရင် လူတွေရဲ့ စိုးရိမ်စိတ်တွေ မြှင့်တက်လာနိုင်တယ်။ အရင်တုန်းကတော့ ခင်ညွှန့်တို့၊ ခင်ရီတို့၊ ကျော်ဆန်းတို့က တီဗီရှေ့ပေါ်လာပြီး တရားခံတွေက KNU နဲ့ ABSDF တို့နဲ့ ပြည်တွင်းက အန်အဲလ်ဒီပါတီဝင်တို့ ပူးပေါင်းကြံစည်မှုဖြစ်တယ်လို့ ဖေါ်ထုတ်ခဲ့ကြတာ အကြိမ်ကြိမ်..။ ခုချိန်မှာသာ ဒါမျိုးတွေဖြစ်လာပြီး အစိုးရက RSO နဲ့ ပြည်တွင်းကမွတ်ဆလင်တချို့ ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း ဖေါ်ထုတ်ပြခဲ့မယ်ဆိုရင် … အကြမ်းဖက်သမားတွေ နယ်စပ်မှာတိုက်ခိုက်နေကြ သလို၊ ပြည်တွင်းထိပါ ထိုးဖေါက်စိမ့်ဝင်နေပြီလားဆိုတဲ့ စိုးရိမ်မှုနဲ့အတူ စစ်တပ်ရဲ့ အရေးပါမှုအပေါ် လူထုရဲ့အမြင်က ဘယ်လိုဖြစ်လာမလဲ.. အဲဒီထဲမှာမှ အင်မတန်ကံဆိုးစွာနဲ့ အထင်ကရ ဘုရားကြီးတစ်ခုခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့မယ်ဆိုရင် လူအများစုကြီးရဲ့ တုန့်ပြန်မှု ဘယ်လိုဖြစ်လာမလဲ .. ခြေဥပြင်ဖို့ ကြိုးစားနေတဲ့ကိစ္စ ဘယ်လိုဖြစ်သွားမလဲ .. ၂၀၁၅ ရဲ့ အနေအထား ဘယ်လို ဖြစ်လာမလဲ ..

  • “ မြန်မာ့ သူခိုးလူဟစ် အန္တရာယ် (သို့) အနှိပ်ခန်းမှ အော်သံများ ”

    မေ ၃၁ ၊ ၂၀၁၄
    M-Media
    ပေးပို့သူ- ပဲပေါက်စီ Dh.P (Satire)

    အောင်ဇေယျတု ဂျာနယ်တွင် ဓမ္မ၀ီရ အရှင်တေဇနိယ Ph.D (Thesis) ရေးသားသည့်  “မြန်မာအမျိုးသမီးများနှင့် ဘာသာခြားအန္တရာယ် (သို့) မိအေးလေးများ” ဆောင်းပါးကို ကမ္ဘာကျော် ကလောင်ရှင် “ ပဲပေါက်စီ Dh.P (Satire) ” မှ တုန့်ပြန် သရော်ချက် ဖြစ်သည်။

    cartoon wai yan
    ကွင်းခတ်စာသားများမှာ မူလရေးသားဖော်ပြချက်ဖြစ်ပြီး၊ ကြယ်ပွင့်ပြစာသားများမှာ သရုပ်မှန်အဖြစ်မှန်အချက်အလက်များ ဖြစ်သည်ကို သတိပြုနိုးကြားကြပါကုန်။
    +++++++++++++++++++++

    (( မိအေးနှစ်ခါနာ ဆိုသော မြန်မာ စကားပုံကို မြန်မာတိုင်းကြားဖူးကြပေလိမ့်မည်။ ပုံပြင်ထဲက မိအေးသည်နှစ်ကြိမ်၊နှစ်ခါပဲ နာရသည်။ သို့သော် အမိမြန်မာပြည် မိအေးသည်ကား အကြိမ်ကြိမ်နာခဲ့ရပြီး ယခုမူ ပို၍ပင်နာနေရပေသည်။ ဘာသာရေးကို အကာအကွယ်ယူ၍ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေးတို့ကို အောက်လမ်းနည်းဖြင့် ဝါးမျိုတတ်သော မူစလင်မျိုးနွယ်၊ အစ္စလာမ်ဘာသာဝင် ကုလားတို့သည် ခေတ်အဆက်ဆက် အိမ်ရှင်ကျေးဇူးရှင်ရွှေမြန်မာတို့အား နည်း အမျိုးမျိုးဖြင့် စော်ကားဝါးမျိုဗိုလ်ကျ အနိုင်ကျင့်ခဲ့ကြပါသည်။ နအဖ၊ န၀တလက်ထက်တွင် စစ်အစိုးရ အာဏာပိုင်များနှင့် အပိုင်ပေါင်းကာ မြန်မာ တိုင်းရင်းသားတို့အား စော်ကားအနိုင်ကျင့်ခဲ့ကြသည်။ ))

    **  မိအေးနှစ်ခါနာ ဟူသော စကားပုံကို မြန်မာပြည်တွင်းမွေးဖွားကြီးပြင်းလာ သူတိုင်း ကြားဖူးကြပါသည်။ အမိမြန်မာပြည် မိအေးသည် အကြိမ်ကြိမ်နာခဲ့ရပြီး ယခုမူ ပို၍ပင် နာနေရခြင်းကလည်း မှန်ပေသည်။ နောင်သောအခါ ယခုထက် အပြန် တစ်ရာပင် နာပေဦးမည်။ ပုံပြင်ထဲက မိအေး ဘာကြောင့် နာရသနည်း ဟူသည်ကို ဦးစွာ ပြန်လည် ဆန်းစစ်သင့်သည်။

    လူမျိုး ၇ မျိုးသွေးစပ်၍ ကုလားခြောက်ထောင် အနက် အပါအ၀င်ဖြစ်သော ဗမာလူမျိုး(ယခု မြန်မာဟု အမည်ပြောင်းထား)တို့သည် (လက်ရှိမြန်မာနယ်နမိတ်၏ လက်ဦးပထမလူမျိုးစုများ ဖြစ်သော) အိမ်ရှင် ဗိဿနိုးခေတ် ပျူလူမျိုးတို့အား ခေတ် အဆက်ဆက် နည်းအမျိုးမျိုးဖြင့် စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေးတို့ကို အထက် မရောက်အောက်မရောက်နည်းလမ်း သုံးဝါးမျိုကာ စော်ကားဗိုလ်ကျ အနိုင်ကျင့်ခဲ့ကြသောကြောင့် သမိုင်း၌ အမည်နာမသာကျန်၍ မျိုးပြုတ်သွားရှာပါသည်။ နအဖ၊န၀တလက်ထက်တွင် စစ်အစိုးရ အာဏာပိုင်များနှင့်အပိုင်ပေါင်းကာ မြန်မာ့ပိုင်နက်အတွင်းရှိ လူနည်းစုဝင် တိုင်းရင်းသားတို့အား စော်ကား အနိုင်ကျင့်ခဲ့ကြသည်။
    —————————————————–

    (( ထိုစစ်အစိုးရလက်ထက်တွင် ကုလားတို့၏မာယာပိုက်ကွန်ကို မသိနားမလည်ရှာသော ညီညွတ်မှုမရှိကြသည့်ရွှေမြန်မာတို့သည် မိအေးလေးများအဖြစ် ကုလားလက်တွင်း သက်ဆင်းခဲ့ကြရရှာပါသည်။ ထိုခေတ်အခါတွင် ကုလားတို့၏ တရားလက်မဲ့စော်ကားယုတ်မာမှုကို များစွာ ခံခဲ့ရသည့် မြန်မာ့မိအေးတို့၏ ရင့်နင့်ဖွယ် အဖြစ်အပျက်သာဓကများကား ပြောမပြနိုင်လောက်အောင်ပင် များခဲ့ပါသည်။
    နအဖ၊ န၀တ၊ စစ်အာဏာရှင်ခေတ်လွန်ဖြစ်သော ယခုလိုဒီမိုကရေစီခေတ်တွင်လည်း ဒီမိုကရေစီကို အကြောင်းပြ အကာအကွယ်ယူ၍ ၄င်းမူဆလင်တို့၏ မူဝါဒအတိုင်း အမိမြန်မာပြည်၏ စီပွားရေး၊လူမှုရေး၊ အိမ်ထောင်ရေး၊လူမျိုးရေး တို့ကိုစော်ကားဝါးမျိုလျှက်ရှိပါသည်။ ခေတ်ပျက်အခါတွင်လည်း စစ်အစိုးရ အာဏာပိုင်တို့ကို အကာအကွယ်ယူပြီး ထိုကုလားများကပဲ လူလည်ကျစော်ကားမှုလုပ်ခဲ့ကြပြီး၊ ခေတ်ကောင်း ရောက်သည့်ယခုအချိန်အခါတွင်လည်း ဒီမိုကရေစီကိုအကာအကွယ်ယူ၍ ယခုမျက်မှောက်၌ ကြုံတွေ့၊ သိ မြင်၊နေကြသည့်အတိုင်းပင် ရွှေမြန်မာတို့အား အစီအစဉ်တကျ ၀ါးမျိုစော်ကား၍နေပေ၏။))

    **  ထိုစစ်အစိုးရလက်ထက်တွင် အယောင်ဆောင် ရဟန်းနှင့် အရေခြုံမျိုးချစ်တို့၏မာယာပိုက်ကွန်ကို မသိနားမလည်ရှာသော ညီညွတ်မှု မရှိကြသည့် မြန်မာပြည် သူတို့သည် မိအေးလေးများ အဖြစ် သာသနာဖျက်ဒေ၀ဒတ် လက်သစ်များ၏လက်တွင်း သက်ဆင်းခဲ့ကြရရှာပါသည်။ ဤခေတ်အခါတွင် ၎င်းတို့၏ တရား လက်မဲ့စော်ကား ယုတ်မာမှုကို များစွာ ခံခဲ့ရသည့် မြန်မာ့လူနည်းစုတို့၏ ရင်နင့်ဖွယ် အဖြစ်အပျက် သာဓကများကား ပြောမပြနိုင်လောက်အောင်ပင် များခဲ့ပါသည်။ နအဖ၊ န၀တ၊ စစ်အာဏာရှင်ခေတ်လွန်ဖြစ်သော ယခုလို ဒီမိုကရေစီခေတ်တွင်လည်း အမျိုးဘာသာသာသနာကို အကြောင်းပြ အကာအကွယ်ယူ၍ ၎င်းမိစ္ဆာတို့၏ မူဝါဒအတိုင်း အမိမြန်မာပြည်၏ စီပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ လူမျိုးရေးတို့ကို စော်ကား ၀ါးမျိုလျက်ရှိပါသည်။ ခေတ်ပျက် အခါတွင်လည်း စစ်အစိုးရ အာဏာပိုင်တို့ကို အကာအကွယ်ယူပြီး ထိုမိစ္ဆာများကပဲ လူလည်ကျစော်ကားမှု လုပ်ခဲ့ကြပြီး၊ ခေတ်ကောင်း ရောက်သည့်ယခုအချိန်အခါတွင်လည်း အမျိုးဘာသာသာသနာကိုအကာအကွယ်ယူ၍ ယခုမျက်မှောက်၌ ကြုံတွေ့၊ သိမြင်နေကြသည့်အတိုင်းပင် လူနည်းစုဝင်မြန်မာပြည်သူတို့အား အစီအစဉ်တကျ ၀ါးမျိုစော်ကား၍နေပေ၏။
    ———————————————–

    ((  ယခုမူကား မူဆလင်တို့သည် မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို စော်ကားယုံမျှမကတော့ပဲ တိုင်းရင်းသားဖြစ်ခွင့်ကိုပင် တောင်းဆိုကာ နယ်မြေကိုအပိုင်သိမ်းပိုက်ရန်အထိ အစွမ်းကုန်စော်ကားနေ၍နေ၏။ ပြည်တွင်းနေမူဆလင်တို့သည်လည်း အမိပြည်၏ ဆပ်မကုန်သော ကျေးဇူးတရားကိုပင် မထောက် ပဲ ၄င်းတို့၏ မျိုးနွယ်ခိုးဝင် ဘင်္ဂါလီများဘက်မှနေကာ နောက်ကွယ်မှထောက်ပံ့ပေးခြင်း၊ သတင်းမှား သတင်းတုများဖြင့် ကမ္ဘာအား မြန်မာကို အထင်အမြင်လွဲမှားစေရန် လိမ်လည်လော်လီပေးခြင်း၊မြန်မာအချင်းချင်းစိတ်ဝမ်းခွဲခြင်းစသည်တို့ကို ကိုယ်စွမ်း၊ဉာဏ်စွမ်းအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်နေကြပါသည်။))

    **  ယခုမူကား ဒေ၀ဒတ် လက်သစ်များနှင့် ၎င်းတို့၏နောက်လိုက်များသည် မြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာကို စော်ကားယုံမျှမကတော့ပဲ အိမ်ရှင် ဟူသော ခေါင်းစဉ်ကိုပင် အရှက်မဲ့စွာ ကုန်းအော်ပြီး ဘာသာခြားတို့၏ ပိုင်ဆိုင်မှုနှင့် အခွင့်အရေးများကို အပိုင် သိမ်းပိုက်ရန်အထိ အစွမ်းကုန်စော်ကား၍နေ၏။ တရုတ်အားကိုး ပုဆိန်ရိုးတို့သည်လည်း အမိပြည်၏ ဆပ်မကုန်သော ကျေးဇူးတရားကိုပင် မထောက် ပဲ ၄င်းတို့၏ မျိုးနွယ် တာကောများ ဘက်မှနေကာ နောက်ကွယ်မှထောက်ပံ့ပေးခြင်း၊ သတင်းမှား သတင်းတုများဖြင့် ကမ္ဘာအား မြန်မာကို အထင်အမြင်လွဲမှားစေရန် လိမ်လည်လော်လီပေးခြင်း၊ ပြည်သူ အချင်းချင်း စိတ်ဝမ်းခွဲခြင်း စသည်တို့ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်နေကြပါသည်။
    ———————————————————-

    ((  အာရတ်မူဆလင်တို့၏ ဒေါ်လာလောင်းရိပ်မိ ကမ္ဘာ့မီဒီယာများနှင့် လူ့အခွင့်အရေးတဖက်လတ်တို့သည် မူဆလင်တို့၏ စီမံကိန်းရေးဆွဲ နယ်မြေလု ယုတ်မာစော်ကားမှုကို ကျနသေခြာလေ့လာခြင်းမရှိပဲ ကုလားတို့၏အလိုတော်ကျအတိုင်း အမှန်တရားဖုံးကွယ်၍ အမှန်ကိုအမှား အမှားကိုအမှန် လုပ်ကြပါတော့တယ်။ ထိုသို့ ဒေါ်လာလောင်း ရိပ်မိ တဖက်လတ်၊ တဖက်သတ်အမြင်ရှိသည်တို့၏ လိမ်ညာလှည့်ဖြားမှုကြောင့် မြန်မာတို့မှာ မူဆလင်တို့၏ စော်ကား အနိုင်ကျင့်လည်းခံရ၊ ကမ္ဘာ၏အထင်လွဲမှုကိုလည်း ခံရရှာပြီး၊ မိအေးလေးဘ၀ရောက်သွားပြီး နှစ်ခါမက အကြိမ်ကြိမ်နာကြရပါတော့သည်။))

    **  ဒေ၀ဒတ်လက်သစ်များနှင့် ၎င်းတို့၏နောက်လိုက်များ၏ တဏှာပေမ လောင်းရိပ်မိ ပြည်တွင်းမီဒီယာများနှင့် မျိုးစောင့်အခွင့်အရေးတစ်ဖက်လပ်တို့သည် လူနည်းစုဝင်ဘာသာခြားတို့၏ စနစ်တကျစီမံကိန်းရေးဆွဲ နယ်မြေလုခံရခြင်း၊ ယုတ်မာစော်ကားခံနေရခြင်းကို ကျနသေချာစွာ လေ့လာခြင်းမရှိပဲ မိစ္ဆာတို့၏အလိုတော်ကျအတိုင်း အမှန်တရားဖုံးကွယ်၍ အမှန်ကိုအမှား အမှားကိုအမှန်လုပ်ကြပါတော့သည်။ ထိုသို့ တဏှာလောင်းရိပ်မိ တဖက်လတ်၊ တဖက်သတ်အမြင်ရှိသူတို့၏ လိမ်ညာလှည့်ဖြားမှုကြောင့် မြန်မာတို့မှာ မိစ္ဆာတို့၏ စော်ကားအနိုင်ကျင့်လည်းခံရ၊ ကမ္ဘာ၏အထင်လွဲမှုကိုလည်းခံရရှာပြီး၊ မိအေးလေးဘ၀ရောက်သွားပြီး နှစ်ခါမက အကြိမ်ကြိမ်နာကြရပါတော့သည်။
    ———————————————————-

    ((  မြန်မာပြည်တွင်ဖြစ်ပေါ်သည့် မူဆလင်အဓိကရုန်းများကိုလေ့လာကြည့်ပါက ပြဿနာတိုင်းတွင် မူဆလင်များဘက်မှစတင်ရန်ပြုကြသည်ကိုတွေ့မြင်နိုင်ပါတယ်။ ထိုသို့ မူဆလင်များ၏ စော်ကားရန်ပြုသည့်အခါတွင်မူ နှားစေးနေကြပြီး မြန်မာတို့မှ ပြန်လည်ခုခံသည့်အခါမှ လူအခွင့်အရေးဟု တစာစာအော်နေကြခြင်းသည် မြန်မာတွေကို မိအေးဖြစ်စေခြင်း၏ အဓိကအချက်တခုဖြစ်ပါသည်။))

    **  မြန်မာပြည်တွင်ဖြစ်ပေါ်သည့် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများကိုလေ့လာကြည့်ပါက ပြဿနာတိုင်းတွင် ရဟန်းတုများနှင့် စစ်အစိုးရအလိုတော်ရိတို့ဘက်မှ စတင်ရန်ပြုကြသည်ကို တွေ့မြင်နိုင်ပါသည်။ ထိုသို့ တရုတ်အားကိုးပုဆိန်ရိုးများ စော်ကားရန်ပြုသည့်အခါတွင်မူ နှာစေးနေကြပြီး လူနည်းစုဝင်တို့မှ ပြန်လည် ခုခံသည့်အခါမှ လူ့အခွင့်အရေးဟု တစာစာအော်နေကြခြင်းသည် မြန်မာနိုင်ငံကို မိအေးဖြစ်စေခြင်း၏ အဓိကအချက်တခုဖြစ်ပါသည်။ “မိအေး” နာခြင်းသည် “မောင်ပူ” သမ,၍ ဖြစ်ပါသည်။
    ——————————————————————

    ((  ရွှေမြန်မာတို့အနေဖြင့်လည်း အကယ်၍ ကုလားတို့ပြဿနာရှာ၍ ပြဿနာတစုံတရာဖြစ်ခဲ့သော် ပြန်လည်တုန့်ပြန်တိုက်ခိုက်ခြင်း၊ ခုခံခြင်း၊ ဗလီများ အိမ်များ စသည့်အဆောက်အဦးတို့ကိုဖျက်ဆီးခြင်း(လုံးဝ)လုံးဝမပြုလုပ်ပဲ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်အသင်းအဖွဲ့များနှင့် စည်းလုံးညီညာပူးပေါင်း၍ တရား ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာဆောင်ရွက်သင့်ပါသည်။))

    **  လူနည်းစုဝင်တို့အနေဖြင့်လည်း အကယ်၍ ဖော်ပြပါလူရမ်းကားတို့ပြဿနာရှာ၍ ပြဿနာတစုံတရာဖြစ်ခဲ့သော် ပြန်လည်တုန့်ပြန်တိုက်ခိုက်ခြင်း၊ ခုခံခြင်းကိုလည်း မပြုလုပ်၊ လူနည်းစုဝင်တို့၏၀တ်ပြုကျောင်းဂန်များ၊ အိမ်များ စသည့်အဆောက်အဦးတို့ကို ဖျက်ဆီးခြင်း(လုံးဝ)လုံးဝ ငြိမ်ခံနေပါက ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်အသင်းအဖွဲ့များကလည်း ရေငုံနှုတ်ပိတ်နေသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် လူနည်းစုဝင်များ စည်းလုံးညီညာပူးပေါင်း၍ တရားဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာဆောင်ရွက်သင့်ပါသည်။
    —————————————————————

    ((  ဗလီဖျက်ခြင်း၊ အိမ်ဖျက်ခြင်း၊ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းတို့သည် ကုလားတို့အတွက်များစွာ အထောက်အကူဖြစ်စေပါတယ်။ ထိုသို့ မြန်မာတို့က ဖျက်ဆီးမှသာလျှင် အာရတ်မူဆင်များ၏ ထောက်ပံ့မှုကို ပိုမိုရရှိနိုင်သောကြောင့်ပင်ဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာ့အလည်တွင်လည်း မြန်မာတို့အား အကြမ်းဖက် ရန်စသူများအဖြစ် ထင်ရောင်ထင်မှားဖြစ်စေကာ မြန်မာတို့အား မိအေးဘ၀ရောက်စေနိုင်ပါသည်။ ထို့ကြောင့် ပြဿနာတစ်စုံတရာဖြစ်ခဲ့သော် အသင်းအဖွဲ့ပေါင်းစုံပါဝင်ကာ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်အရေးယူနိုင်ရန်ပြုလုပ်သင့်ပြီး၊ ထိုမူဆလင်တို့၏ ယုတ်မာကောက်ကျစ်စော်ကားမှုကို အမှန်အတိုင်း ကမ္ဘာကြီးသိလာအောင် ကမ္ဘာ့အရပ်ရပ်တွင် မူဆလင်များကို ဆန့်ကျင်နေသကဲ့သို့ ပြည်သူပြည်သား အားလုံးပါဝင်ကာ ဆန္ဒဖော်ထုတ်ပွဲများကို ငြိမ်းချမ်းစွာပြုလုပ်သင့်ပါသည်။))

    **  လူနည်းစုဝင်ဘာသာရေး အထိမ်းအမှတ်များ၊ ၀တ်ပြုကျောင်းများကို ဖျက်ဆီးမီးရှို့ခံပြီး မေတ္တာရှေ့ထား သည်းညည်းခံခြင်းတို့သည် ယင်းမိစ္ဆာတို့အတွက် များစွာ အထောက်အကူဖြစ်သွားစေပါသည်။ ထိုသို့ ငုံ့ခံနေသမျှ  ဒုက္ခသည်နှင့် ဒုက္ခသည်စခန်းများ ကမ္ဘာ့စံချိန်ကျိုးလောက်အောင်ထွက်ပေါ်လာပြီး နိုင်ငံတကာသို့ လှည့်ပတ်အလှူခံဖြတ်စား ခိုးစားနိုင်သောကြောင့်ပင် ဖြစ်ပါသည်။

    ထို့အပြင် ကမ္ဘာ့အလည်တွင်လည်း အကြမ်းဖက်သမားတို့အား လူမိုက်အားပေး အဆိပ်ပင်ရေလောင်းဖြစ်စေကာ မြန်မာပြည်သူတို့အား မိအေးဘ၀သာမကတော့ဘဲ “မိရေခဲချောင်း”ဘ၀အထိ ရောက်စေနိုင်ပါသည်။ ထို့ကြောင့် ပြဿနာတစ်စုံ တရာဖြစ်ခဲ့သော် အသင်း အဖွဲ့ပေါင်းစုံပါဝင်ကာ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်အရေးယူနိုင်ရန်ပြုလုပ်သင့်ပြီး၊ ထိုမိစ္ဆာတို့၏ ယုတ်မာကောက်ကျစ်စော်ကားမှုကို အမှန်အတိုင်း ကမ္ဘာကြီးသိလာအောင် ကမ္ဘာ့အရပ်ရပ်တွင် အာဏာရှင်များကို ဆန့်ကျင်နေသကဲ့သို့ ပြည်သူပြည်သား အားလုံးပါဝင်ကာ ဆန္ဒဖော်ထုတ်ပွဲများကို ငြိမ်းချမ်းစွာပြုလုပ်သင့်ပါသည်။
    ————————————————————

    ((  ယခုအခါတွင်မူ ပြည်တွင်းနေမူဆလင်အချို့နှင့် ဘင်္ဂါလီနယ်ချဲ့မူဆလင်တို့၏ အကြမ်းဖက် လှုပ်ရှားမှုများသည် မြန်မာပြည်တွင်း၌ သာမကတော့ပဲ ပြည်ပရောက်အကြမ်းဖက် မူဆလင်များနှင့်ချိတ်ဆက်ကာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် တိုင်းရင်းသားမြန်မာတို့အား အကြမ်းဖက်လျှက်ရှိပါသည်။ ထိုအကြမ်းဖက်မှုကို ဦးဆောင်ကြိုးကိုင်လှုပ်ရှားနေသူများမှာ မြန်မာပြည်နေ၊ မြန်မာ့ရေသောက်ခဲ့ကြသည့် ပြည်တွင်းထွက် မူဆလင်များသာဖြစ်ကြပါသည်။ ၄င်းမူဆလင်တို့၏ အကြမ်းဖက်လှုပ်ရှားမှုများမှာ ကွန်ယက်သဖွယ် အချိတ်အဆက်မိမိ လှုပ်ရှားနေပါတယ်။))

    **  ယခုအခါတွင်မူ ပြည်တွင်းနေ အခွံစွပ်မျိုးချစ်အချို့နှင့် တရုတ် နယ်ချဲ့ပေါက်ဖော်တို့၏ အကြမ်းဖက် လှုပ်ရှားမှုများသည် မြန်မာပြည်တွင်း၌ သာမကတော့ပဲ ပြည်ပရောက် အကြမ်းဖက် မိစ္ဆာများနှင့် ချိတ်ဆက်ကာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် ၎င်းတို့၏ နောက်မြီးဆွဲများမှာ အကြမ်းဖက်ခံနေရသကဲ့သို့ ဇာတ်တိုက် တင်ပြလျက်ရှိပါသည်။ ထိုလိမ်ဆင် ထွင်လုံးများကို ဦးဆောင်ကြိုးကိုင် လှုပ်ရှားနေ သူများမှာ မြန်မာပြည်နေ၊ မြန်မာ့ရေသောက်နေကြသည့် ပြည် တွင်းထွက် မြန်မာ့ဒေ၀ဒတ်နှင့်ဘက်တော်သားများသာဖြစ်ကြပါသည်။ ၄င်းတို့၏ အကြမ်းဖက် လှုပ်ရှားမှုများမှာ ကွန်ယက်သဖွယ် အချိတ်အဆက်မိမိ လှုပ်ရှားနေပါသည်။
    ——————————————————————

    ((  ထိုကဲ့သို့ မလေးရှားတွင် မြန်မာတိုင်းရင်းသားတို့အား မြန်မာအမည်ခံမူဆလင်များနှင့် ဒေသခံမလေးမူဆလင်များမှ တရားဥပဒေမဲ့ သတ်ဖြတ်ညှင်းဆဲစော်ကားနေမှုကို မူဆလင်မလေးအစိုးရမှ အလေးမထား မျက်ကွယ်ပြုထားပါသည်။ ထို့ထက်စိတ်မကောင်း စရာကောင်းသည်မှာ မြန်မာအစိုးရ အနေဖြင့်လည်း ထိရောက်စွာ အလေးထားကာကွယ်မှု မပေးသလို ကုလားအရေးများတွင် တက်ကြွစွာ အာပေါင်အာရင်းသန်သန်ဖြင့် ကုလားရှေ့နေလိုက် တဖက်စောင်းနင်းပြောကြားလေ့ရှိသည့် လူထုခေါင်းဆောင်ဆိုသူ၊ နိုင်ငံရေးခေါင်းဆောင် ဆိုသူများသည်လည်း အံ့သြဖွယ်ရာ နှာစေးနေလေ့ရှိပါတယ်။))

    **  ထိုကဲ့သို့ မလေးရှားတွင် မြန်မာ တိုင်းရင်းသားတို့အား ဗုဒ္ဓဘာသာ အမည်ခံ မိစ္ဆာများနှင့် ပြည်ပရောက်ယောင်ခြောက်ဆယ်များမှ တရားဥပဒေမဲ့ သတ်ဖြတ်ညှင်းဆဲစော်ကားနေမှုကို မူဆလင် မလေးအစိုးရမှ အလေးထား၍ မျက်ကွယ်မပြုဘဲ တရားဥပဒေနှင့်အညီ ထိရောက်စွာဗျင်းခဲ့ပါသည်။ ထို့ထက် စိတ်မကောင်းစရာကောင်းသည်မှာ မြန်မာအစိုးရအနေဖြင့်လည်း ထိရောက်စွာ အလေးထားကာကွယ်မှု မပေးသလို မတရားအရေးများတွင် တက်ကြွစွာ အာပေါင်အာရင်းသန်သန်ဖြင့် မတရားရှေ့နေလိုက် တဖက်စောင်းနင်းပြောကြားလေ့ရှိသည့် မျိုးစောင့်ဆိုသူ၊ နိုင်ငံရေးခေါင်းဆောင်ဆိုသူများသည်လည်း အံ့သြဖွယ်ရာ နှာစေးနေလေ့ရှိပါသည်။
    ———————————————————-

    ((  ၄င်းတို့၏ တဖက်သတ်ရပ်တည်ချက်ဖြစ်သော လူ့အခွင့်အရေးဆိုသည်မှာ ကုလားများနှင့်သာသက်ဆိုင်ပြီး မြန်မာတို့နှင့် လားလားမှမဆိုင်သကဲ့သို့ ဖြစ်နေတော့၏။ ထိုသူတို့သည် ကုလားအရေးများတွင် အမှန်အတိုင်း လူထုဘက်မှရပ်တည်လေ့မရှိပဲ ကုလားဘက်ကသာ မားမားမတ်မတ်ရပ်တည်လေ့ရှိသည်မှာ တစ်ကြိမ်နှစ်ကြိမ်တွင် ခွင့်လွတ်နားလည်ပေးနိုင်တော့လည်း အကြိမ်ကြိမ်အခါခါဖြစ်နေသည်မှာ ခွင့်လွှတ်နားလည်၍မရတော့သလို လူထုနှင့်အမျိုးဘာသာ၊ သာသနာအတွက် များစွာအထိနာလှပြီး မြန်မာတိုင်းရင်းသားတို့အတွက် မိအေးဘ၀လုံးလုံး ရောက်စေပါတယ်။))

    **  ၄င်းတို့၏ တဖက်သတ်ရပ်တည်ချက်ဖြစ်သော လူ့အခွင့်အရေးဆိုသည်မှာ တရုတ်ပြည်နယ်ချဲ့များနှင့်သာသက်ဆိုင်ပြီး မြန်မာပြည်သူတို့နှင့် လားလားမှမဆိုင်သကဲ့သို့ ဖြစ်နေတော့၏။ ထိုသူတို့သည် ဂုတ်သွေးစုပ်အရေးများတွင် အမှန်အတိုင်း လူထုဘက်မှရပ်တည်လေ့မရှိပဲ ပြည်ကြီးတရုတ်ဘက်ကသာ မားမားမတ်မတ်ရပ်တည်လေ့ရှိသည်မှာ တစ်ကြိမ်နှစ်ကြိမ်တွင် ခွင့်လွတ်နားလည်ပေးနိုင်သော်လည်း အကြိမ်ကြိမ်အခါခါဖြစ်နေသည်မှာ ခွင့်လွှတ်နားလည်၍ မရတော့သလို လူထုနှင့်တိုင်းပြည်တိုးတက်ရေးအတွက် များစွာအထိနာလှပြီး မြန်မာပြည်သူတို့အတွက် မိအေးဘ၀လုံးလုံး ရောက်စေပါသည်။
    ——————————————————-

    ((  အာဏာရအစိုရနှင့် နိုင်ငံရေးပါတီအသီးသီးတို့အနေဖြင့်လည်း မူဆလင်နိုင်ငံများနှင့် အခြားနိုင်ငံတို့၌ ၄င်းတို့တိုင်းပြည်နှင့် ဘာသာ၊ လူမျိုးအားကာကွယ်ရန် ရေးဆွဲထားသည့် အမျိုးစောင့်ဥပဒေများအား လေ့လာကာ တိကျခိုင်မာသည့် မြန်မာ့အမျိုးစောင့် ကာကွယ်ရေးဥပဒေတစ်ရပ်ကို မဖြစ်မနေ ချမှတ်ပြဋ္ဌာန်းသင့်ပါသည်။ ထိုသို့မဟုတ်ပဲ အာဏာရရှိရေးတစ်ခုတည်းကိုသာဦးစားပေးဆောင်ရွက်နေမည်ဆိုပါက နိုင်ငံနှင့်လူမျိုးမြဲရေးဟာ များစွာနစ်နာသွားမည်ဖြစ်ပါသည်။))

    **  အာဏာရအစိုးရနှင့် နိုင်ငံရေးပါတီ အသီးသီးတို့အနေဖြင့်လည်း အခြားဗုဒ္ဓနိုင်ငံများနှင့် အခြားနိုင်ငံတို့၌ ၄င်းတို့ တိုင်းပြည်ရှိ ဘာသာ၊ လူမျိုး မခွဲခြားအောင် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ ဥပဒေများအား လေ့လာကာ တိကျခိုင်မာသည့် မြန်မာ့ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ကို မဖြစ်မနေ ချမှတ်ပြဋ္ဌာန်းသင့်ပါသည်။ ထိုသို့မဟုတ်ပဲ အာဏာရရှိရေး တစ်ခုတည်းကိုသာ ဦးစားပေးဆောင်ရွက်နေမည်ဆိုပါက နိုင်ငံနှင့် လူမျိုးမြဲရေးဟူသောအဆိုမှာ မိမိဖာသာ အသုံးမကျကြောင်း ကြေညာသလိုဖြစ်သွားမည်ဖြစ်ပါသည်။
    ————————————————————–

    ((  နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့်လည်း ထိုကဲ့သို့ မိမိတို့တိုင်းရင်းသားပြည်သူများ မတရားစော်ကားခံနေရမှုကို မဆိုင်သလို လျစ်လျူရှု မနေသင့်ပဲ ပြည်သူ့ဘက်မှ အမှန်အတိုင်းရပ်တည်ပေးဖို့လို့ပါတယ်။ “ပါတီနိုင်ငံရေးအရ မည်မျှပင်သဘောထားကွဲလွဲနေငြားသော်လည်း တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးတွင်မူ ပုဂ္ဂလိကခံစားချက်ကိုရှေ့တန်းမတင်ပဲ ကမ္ဘာ့နိုင်ငံများကဲ့သို့ ပြည်သူ၊ အတိုင်းအခံ၊ အစိုးရ အားလုံးလက်တွဲကာ အတူတကွဖြေရှင်းသင့်ပါတယ်” ဒါမှသာ ပြည်သူ့အကျိုးအမှန်တကယ် လိုလားသော ပြည်သူ့ပါတီဖြစ်နိုင်မှာဖြစ်ပါသည်။))

    **   နိုင်ငံရေး အဖွဲ့အစည်းများအနေဖြင့်လည်း ထိုကဲ့သို့ မိမိတို့တိုင်းရင်းသားပြည်သူများ မတရားစော်ကားခံနေရမှုကို မဆိုင်သလို လျစ်လျူရှုမနေသင့်ပဲ ပြည်သူ့ဘက်မှ အမှန်အတိုင်းရပ်တည်ပေးဖို့လိုပါသည်။ “ပါတီနိုင်ငံရေးအရ မည်မျှပင် သဘောထားကွဲလွဲနေငြားသော်လည်း တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးတွင်မူ ပုဂ္ဂလိက ခံစားချက်ကိုရှေ့တန်းမတင်ပဲ ကမ္ဘာ့နိုင်ငံများကဲ့သို့ ပြည်သူ၊ အတိုက်အခံ၊ အစိုးရ အားလုံးလက်တွဲကာ အတူတကွဖြေရှင်းသင့်ပါသည်။ သို့မှသာ ပြည်သူ့အကျိုး အမှန်တကယ် လိုလားသော ပြည်သူ့ပါတီဖြစ်နိုင်မှာဖြစ်ပါသည်။
    ——————————————————-

    ((  အစိုးရနှင့်ပါတီ အသီးသီးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် နိုင်ငံရေး လုပ်နေကြသည်မှန်ပါက နိုင်ငံတော်နှင့် တိုင်းရင်းသားတို့အား ဥပဒေနှင့်အညီ စည်းလုံးညီညာစွာ ကာကွယ်စောင့်ရှောက်ကြပါ။မိမိ၏နိုင်ငံသားတို့အား မိအေးအဖြစ် မဖြစ်ရအောင် အဓိကနှင့် သာမညကိုခွဲခြား၍ ပုဂ္ဂလိကခံစားမှုကို ဦးစားမပေးပဲ တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ်ကာကွယ်နိုင်သော ပြည်သူ့အစိုးရ၊ ပြည်သူ့ ပါတီများဖြစ်အောင်ကြိုးစားကြပါဟု တိုက်တွန်းလိုပါသည်။))

    **   အစိုးရနှင့်ပါတီ အသီးသီးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အတွက် နိုင်ငံရေး လုပ်နေကြသည်မှန်ပါက နိုင်ငံတော်နှင့် တိုင်းသူပြည်သားတို့အား ဥပဒေနှင့်အညီ စည်းလုံးညီညာစွာ ကာကွယ်စောင့်ရှောက်ကြပါ။ မိမိ၏ပြည်သူတို့အား တရုတ်ကျွန်ဘ၀ မရောက်ရအောင် အဓိကနှင့် သာမညကိုခွဲခြား၍ ပုဂ္ဂလိကခံစားမှုကို ဦးစားမပေးပဲ တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ်ကာကွယ်နိုင်သော ပြည်သူ့အစိုးရ၊ ပြည်သူ့ပါတီများဖြစ်အောင်ကြိုးစားကြပါဟု တိုက်တွန်းလိုပါသည်။
    ————————————————————

    ((  အမျိုးသားရေးအရေးကို အာဏာရရေးမဟုတ်၍ ပေါ့ပေါ့လေးတွေးမိပါက အမှားကြီးမှားကြပေလိမ့်မည်။ ဗုဒ္ဓမြတ်စွာ၏ ဒေသနာဇာတ်တော်ထဲက မင်းညီမင်းသားတွေ သွားရောက် ပညာဆည်းပူခဲ့ရာ တက္ကသီလာပြည်သည် ယခု ပါကစ္စတန်အစ္စလာမ်မစ်နိုင်ငံဖြစ်နေပြီး အေးချမ်းသာယာ သာသနာတော်ထွန်းကားခဲ့ရာ ဂန္ဓာရတိုင်းသည်လည်း ယခု ကမ္ဘာမှာအဆိုးဆုံး မူဆလင် အကြမ်းဖက်များရှိရာ အီရတ်၊ အီရန်၊ အာဖဂန်နစ္စတန်ဖြစ်သွား၍ ၊ သုဝဏ္ဏဘူမိ နိုင်ငံတော်များထဲတွင် တခုအပါအ၀င်ဖြစ်သော အင်ဒိုနီးရှားနိုင်ငံ သည်လည်း ယခုမူကမ္ဘာ့မူဆလင်အများဆုံး တိုင်ပြည် တခုဖြစ်နေချေ၏။ ရွှေမြန်မာများ မူဆလင်တို့၏ တိုက်ခံနေရသည့် မလေးရှားနိုင်ငံသည်ပင် တချိန်တခါက ဗုဒ္ဓသာသနာတော်ထွန်းကားခဲ့သည်မှာ ယုံတမ်း စကားမဟုတ်သလို အိပ်ရာဝင်ပုံပြင် မဟုတ်ပေ။))

    **  တရားမျှတအမြင်ကျယ်မှုကို အာဏာရရေးမဟုတ်၍ ပေါ့ပေါ့လေးတွေးမိပါက အမှားကြီးမှားကြပေလိမ့်မည်။ ဗုဒ္ဓမြတ်စွာ၏ ဒေသနာဇာတ်တော်ထဲက မင်းညီမင်းသားတွေ သွားရောက် ပညာဆည်းပူခဲ့ရာ တက္ကသီလာပြည်သည် ယခု ပါကစ္စတန် အစ္စလာမ်မစ်နိုင်ငံဖြစ်နေပြီး၊ အေးချမ်းသာယာ သာသနာတော် ထွန်းကားခဲ့ရာ ဂန္ဓာရတိုင်းသည်လည်း ယခု  အီရတ်၊ အီရန်၊ အာဖဂန်နစ္စတန်ဖြစ်သွား၍ ၊ သုဝဏ္ဏဘူမိ နိုင်ငံတော်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည်လည်း ယခုမူ ကမ္ဘာ့မူဆလင်အများဆုံး တိုင်ပြည် တခုဖြစ်နေချေ၏။ တချိန်တခါက ဗုဒ္ဓသာသနာတော် ထွန်းကားခဲ့သည့် မလေးရှားနိုင်ငံသည်ပင် ဗုဒ္ဓ တရားတော်အတိုင်း နေထိုင် ကျင့်သုံးခြင်း မရှိခဲ့၍ ကွယ်ပျောက်လု မတတ်ဖြစ်ခဲ့သည်မှာ ယုံတမ်း စကားမဟုတ်သလို အိပ်ရာဝင် ပုံပြင်မဟုတ်ပေ။
    ———————————————–

    ((  သတိမမူ ဂူမမြင်၊ သတိမူက မြူကိုမြင် ဆိုသည့်အတိုင်း မူဆလင်တို့၏ အန္တရာယ်ကို သတိမမူပဲ ကြောင့်ကြမဲ့နေကြမည်ဆိုက ပါရမီတော်များစွာတို့ကို ဆင်းရဲပင်ပန်းကြီးစွာဖြည့်ကျင့်တော်မူခဲ့သဖြင့် ရရှိတော်မုခဲ့သည့် သဗ္ဗညုတရွှေဉာဏ်ဖြင့်တည်ထောင်တော်မူခဲ့သည့် မှန်ကန်တန်ဖိုးရှိလှသည့် ဗုဒ္ဓသာသနာတော်နှင့် မိမိတို့၏ ဘိုး၊ဘေး၊ဘီ၊ဘင်၊မိဘဆွေမျိုးအဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်လာသည့် အမျိုးဘာသာ၊ သာသနာတော်မှာ မိမိတို့၏ ညံ့ဖျင်းမှုကြောင့် ပျောက်ကွယ်သွားပါက ပြုပြုင်လို့မရသည့် အမှားဆိုးခြင်းနှင့် မလွဲမသွေ ကြုံတွေ့ရပေလိမ့်မည်။))

    **  သတိမမူ ဂူမမြင်၊ သတိမူက မြူကိုမြင် ဆိုသည့်အတိုင်း အလဇ္ဇီတို့၏ အန္တရာယ်ကို သတိမမူပဲ ကြောင့်ကြမဲ့နေကြမည်ဆိုက ပါရမီတော်များစွာတို့ကို ဆင်းရဲ ပင်ပန်းကြီးစွာဖြည့် ကျင့်တော်မူခဲ့သဖြင့် ရရှိတော်မုခဲ့သည့် သဗ္ဗညုတရွှေဉာဏ်ဖြင့်တည်ထောင်တော်မူခဲ့သည့် မှန်ကန်တန်ဖိုးရှိလှသည့် ဗုဒ္ဓသာသနာတော်နှင့် မိမိတို့၏ ဘိုး၊ဘေး၊ဘီ၊ဘင်၊မိဘဆွေမျိုး အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်လာသည့် အမျိုးဘာသာ၊သာသနာတော်မှာ မိမိတို့၏ ညံ့ဖျင်းမှုကြောင့် ပျောက်ကွယ်သွားပါက ပြုပြုင်လို့ မရသည့် အမှားဆိုးခြင်းနှင့် မလွဲမသွေ ကြုံတွေ့ရပေလိမ့်မည်။
    ————————————————————————

    ((  ထို့ကြောင့် သံဃာတော်များ၊ အစိုးရများ၊ အာဏာရှိသူများ၊ ပါဝါရှိသူများ၊ ပြည်သူပြည်သားများ စသည့် အလွှာပေါင်းစုံမှ မြန်မာပြည်သူပြည်သားများအနေဖြင့် လက်တွဲညီညာ အောင်ကြောင်းဖြာ ဆိုသကဲ့သို့ ညီညာစွာဖြင့် တရားဥပဒေနှင့်အညီ မူဆလင်ရန်စွယ်ကို အေးချမ်းတည်ငြိမ်ကာကွယ်တွန်းလှန်ကြပါဟု တိုက်တွန်းနိုးဆော်လိုက်ရပါတော့သည်………..။))

    **  ထို့ကြောင့် သံဃာတော်များ၊ အစိုးရများ၊ အာဏာရှိသူများ၊ ပါဝါရှိသူများ၊ ပြည်သူပြည်သားများ စသည့် အလွှာပေါင်းစုံမှ မြန်မာပြည်သူပြည်သားများအနေဖြင့် လက်တွဲညီညာ အောင်ကြောင်းဖြာ ဆိုသကဲ့သို့ ညီညာစွာဖြင့် တရားဥပဒေနှင့်အညီ အတွင်းလှိုက် ဓမ္မန္တရာယ်နှင့် တရုတ်နယ်ချဲ့လက်ပါးစေရန်စွယ်ကို အေးချမ်းတည်ငြိမ်ကာကွယ်တွန်းလှန်ကြပါဟု တိုက်တွန်းနိုးဆော်လိုက်ရပါတော့သည်………..။

     

    မှတ်ချက်။   ။ M-Media သို့ စာရေးသူမှ ပေးပို့လာသောဆောင်းပါးဖြစ်ပါသည်။