News @ M-Media

Author: M-Media

  • ကမ္ဘာ့ဖလား ပြင်ဆင်ရေး နှောင့်နှေးမှုကြောင့် ရှက်စရာကောင်းကြောင်း ဂန္တ၀င် တိုက်စစ်မှူး ရော်နယ်ဒို ဝေဖန်

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    201453021555213734_20
    – ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးမှ တာဝန်ယူထားသည့် အခြေခံ အဆောက်အဦးများ ဆောက်လုပ်ရေးတွင် လုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းသာ အချိန်မီ ပြီးစီးလိမ့်မည်ဟု ဘရာဇီးလ် တိုက်စစ်မှုးဟောင်း ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    ပြိုင်ပွဲကျင်းပရန် စီစဉ်မှုနှင့်အတူ လမ်းများ၊ လေဆိပ်များနှင့် မြို့တွင်းဆက်သွယ်ရေး ကွန်ယက်များ တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဟု ကတိပြုထားသော်လည်း အဓိကအရာဖြစ်သည့် ဘောလုံးကွင်းဆောက်လုပ်ရေးကိုပင် အပြီး သတ်နိုင်ခြင်း မရှိသေးပေ။

    “ကျွန်တော်တို့ဟာ အခွင့်အရေးကို ဆုံးရှုံးတော့မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကတိပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှု အကုန်လုံး ရောက်မလာဘဲ ၃၀ ရာခိုင်နှုန်းသာ ရောက်လာပါတယ်” ဟု Folha de Sao Paulo သတင်းစာမှ ပြုလုပ်သည့် ဖိုရမ်တွင် ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ဇွန်လ ၁၂ရက်နေ့တွင် ကျင်းပတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြင်ဆင်ရေး နှောင့်နှေးမှုများမှာ တိုင်းပြည်အတွက် ရှက်စရာကောင်းသည်ဟု ရော်နယ်ဒိုက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သေးသည်။ ရော်နယ်ဒိုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

    Ref: AFP

  • အီဂျစ်ရွေးကောက်ပွဲ စစ်တပ် အကြီးအကဲဟောင်း စီစီ အပြတ်အသတ်နိုင်

    မေ ၃၀ ၊ ၂၀၁၄
    M-Media

    အီဂျစ်ရွေးကောက်ပွဲ စစ်တပ်အကြီးအကဲဟောင်း စီစီ အပြတ်အသတ်နိုင်၊ မျှတမှုမရှိသော ရွေးကောက်ပွဲဟု အတိုက်အခံပြော

    0,,17663537_303,00
    – အီဂျစ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ယခင်စစ်တပ် အကြီးအကဲဟောင်း အဘ်ဒဲလ် ဖသ်တာ အလ်စီစီမှာ မဲအရေအတွက် ၉၃.၃ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရသွားပါတယ်။

    ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ  စီစီ ရဲ့  ပြိုင်ဘက် လက်ဝဲယိမ်း ဟမ်ဒီန်း ဆာဘာဟီက မဲအရေအတွက် ၃ ရာခိုင်နှုန်းသာရခဲ့ပေမယ့် ယမန်နေ့က ရှုံးနိမ့်ကြောင်း ၀န်ခံခဲ့ပါတယ်။ သို့သော်လည်း ၄င်းက ရွေးကောက်ပွဲမှာ မျှတမှုမရှိဘဲ ဒီမိုကရေစီ ရည်ရွယ်ချက်အား ချိုးဖောက်ကာ သမာသမတ်ကျခြင်း မရှိဟု ပြောကြားခဲ့သည်။

    ကျင်းပမည့်ရက်ကို ၂ ရက်သာ သတ်မှတ်ထားသော်လည်း မဲပေးသူအရေအတွက်မှာ အလွန်နည်းပါးသောကြောင့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ရန် ပြည်သူများကို တိုက်တွန်းကာ တစ်ရက်ထပ်တိုးခဲ့ပြီး စီစီအားထောက်ခံမှုများလည်း ထိုတစ်ရက်အတွင်းပင် ၄၇ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။

    အီဂျစ်သမိုင်းတွင် ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် မွတ်စလင်ညီအကိုတော်များအဖွဲ့မှ သမ္မတမော်စီအား ပြီးခဲ့သည့်နှစ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စီစီမှာ စစ်တပ်မှအနားယူခဲ့ပြီး သမ္မတအဖြစ် ၀င်ရောက်အရွေးခံခဲ့ခြင်းဖြစ်ပါတယ်။

    ယခုကဲ့သို့ အနိုင်ရရှိမှုကြောင့် အီဂျစ်၏ ၅ ယောက်မြောက် တပ်ထွက်သမ္မတ ဖြစ်လာခဲ့ပါတယ်။

    Ref: Al Jazeera and agencies

    ဓါတ်ပုံ- ရိုက်တာ

  • ကော်မရှင်၏ သတိပေးချက်ကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်ဖို့လိုပါသည်

    မေ ၂၇ ၊ ၂၀၁၄
    မိုးမခ မီဒီယာ မှ ကူးယူဖော်ပြပါသည်။
    တူမောင်ညို
    UEC-Tin-Aye
    ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်တင်အေးက သမ္မတပြောခွင့်ရ ဦးရဲထွဋ် ကဲ့သို့ ရိသဲ့သဲ့ မပြော၊ “တည်ဆဲ ဥပဒေစကား” ပဲပြောသည်။

    “တရားဥပဒေစိုးမိုးရေး”စကားပါးစပ်မှ တဖွဖွပြောတတ်သူ၊ လက်တွေ့တွင်လွှတ်တော် “တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်ရေး ချမ်းရေးကော်မတီ” ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသူ ၊ကော့မှူးမြို့နယ် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒီချုပ်ပါတီဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်း စုကြည်အား “ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာ၊ တည်ဆဲဥပဒေများနှင့် အညီဟောပြောရန်” ဗိုလ်တင်အေး ကော်မရှင် သတိပေး လိုက်သည်။

    ဤသတိပေးချက်က “စည်းကမ်း ပြည့်ဝသောဒီမိုကရေစီ”နှင့် ထို စည်းကမ်းပြည့်ဝသောဒီမိုကရေစီစည်းဝိုင်းထဲက နိုင်ငံရေး ပါတီတစ်ရပ်၊ နိုင်ငံရေးသမားတစ်ဦး၏ ဘဝသရုပ်အမှန်ကို ဖော်ပြနေပါသည်။ “ဝင် – ပြင်” ဆိုသည့်လမ်းကိုလျှောက်ခဲ့ကြသူများ လက်ငင်းရင်ဆိုင်နေရသည့် ခါးသီးသော အတွေ့အကြုံနှင့်သင်ခန်းစာလည်းဖြစ်သည်။ “၂၀၀၈ အခြေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေ” ဆိုသည်များ တည်မြဲနေသမျှကာလပတ်လုံး ဤကဲ့သို့သော ဖြစ်ရပ်များကို ရင်ဆိုင်ကြုံတွေ့နေရပေလိမ့်ဦးမည်။

    ကော်မရှင်၏ ဤသတိပေးချက်နှင့်ပတ်သက်ပြီး နိုင်ငံရေးအမြင်အရ ပြတ်ပြတ်သားသားပြောသူဆို၍ ရှေ့နေဦးကိုနီ၏ ပြောဆို သံကိုသာကြားရပြီး၊  ဒီချုပ်နှင့်၈၈ငြိမ်း/ပွင့်တို့မှ တာဝန်ရှိသူများ(နိုင်ငံရေးသမားများဘက်မှ) ပြောဆိုနေသည်မှာ အမှုလိုက် ရှေ့နေတစ်ဦး တရားရုံး၌ လျောက်လှဲချက် တင်သွင်းနေသည်နှင့် တူနေသေးတော့သည်။

    ရှေ့နေဦးကိုနီ၏ ပြတ်သားမှုကို လှိုက်လှိုက်လှဲလှဲ နှစ်ထောင်း အားရဖြစ်သော်ငြားလည်း သူ့အတွက် အထူးစိုးရိမ်မိပါသည်။ “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် လှည့်လည်ဟောပြောစဉ်ကလည်း ရှေ့နေဦးကိုနီတို့၏ ဟောပြောမှုများကို သင်္ကန်းဝတ်စွမ်း အားရှင်များက အစ္စလာမ် ဘာသာဝင်(မူဆလင်)ဖြစ်သည်ဟုဆိုကာ အနိုင်ကျင့် ပိတ်ပင်တားမြစ်ခဲ့သည်။ ဤအချက်နှင့် ပတ်သက်၍ ဒီချုပ် ပါတီဘက်မှ နိုင်ငံရေးအရ တစ်စုံတစ်ရာ တာဝန်ယူဆောင်ရွက်မှု မတွေ့မမြင် မိခဲ့ပါ။ (မဘသ)များဂျိုကြွအောင် သွေးထိုးပေးနေ သည့် ယနေ့အချိန်ကာလတွင် ရှေ့နေဦးကိုနီ၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုသည် စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။

    ဤသို့တစ်ယောက်တစ်မျိုး တုန့်ပြန်ပြောနေကြသည်ထက် ဖြစ်သင့်သည်မှာ ကော်မရှင်၏သတိပေးချက်နှင့်ပတ်သက်ပြီး ဒီချုပ် ပါတီဘက်မှ (သို့မဟုတ်) ဒီချုပ်ပါတီနှင့် ၈၈ ငြိမ်း/ပွင့် ပူးပေါင်းကော်မတီဘက်မှ နိုင်ငံရေးအရ တည်ကြည်လေးနက်စွာ တုန့်ပြန်ဖို့လို အပ်ပါသည်။ အထူးသဖြင့် ဒီချုပ်ဥက္ကဋ္ဌထံ လိပ်မူထားသော ကော်မရှင်၏သတိပေးချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပွင့်လင်း ပြတ်သားစွာ တုန့်ပြန်ရန် ပို၍ပင်လိုအပ်နေပါသည်။

    “၂၀၀၈အခြေခံဥပဒေ” အပါအဝင် ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ စသဖြင့် “တည်ဆဲ ဥပဒေများ” ဆိုသည်မှာ မတရားသည့် အမိန့်ဥပဒေများပင်ဖြစ်ပါသည်။

    ယခုအခါ ဗိုလ်တင်အေး ကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (က) အရ “ညွန်ကြား/ကြီးကြပ်” နေပါ ပြီ။ ပုဒ်မ ၂၄ (ဂ၊ ဃ၊ င) အရ ကော်မရှင်က ဆက်လက် လုပ်ဆောင်လာခဲ့လျှင် မည်သို့ရင်ဆိုင်ကြမည်နည်း။

    Link => http://www.moemaka.blogspot.com/2014/05/blog-post_3978.html

  • FFP ကို အသုံးချ၍ PSG အသင်း တိုးတက်မှုကို ဥရောပ အသင်းကြီးများ ဟန့်တားနေကြောင်း အီဗရာဟီမိုဗစ်ပြော

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    411651_heroa
    –  ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှုစာရင်း FFP ကိုအသုံးပြု၍ ဥရောပပြိုင်ဘက်များက မိမိတို့အသင်း၏ တိုးတက်မှုကို ပိတ်ပင်ရန် ရည်ရွယ်နေကြသည်ဟု ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပြောကြာလိုက်သည်။

    FFP စည်မျဉ်းကို ချိုးဖောက်မှုကြောင့် ပီအက်စ်ဂျီအသင်းအား ယူအီးအက်ဖ်အေက ယူရို သန်း ၆၀ ဒဏ်ရိုက်ထားသည်။ ယူအီးအက်ဖ်အေက အသင်းအား ထပ်မံ၍ အရေးယူမှုများ မပြုလုပ်ရန် အီဗရာဟီမိုဗစ်က မျှော်လင့်နေပြီး မိမိအလုပ်မှာ အသင်းအား ဖလားရရန်အတွက် ကူညီပေးခြင်းဖြစ်သည်ဟု ဆိုသည်။

    “ပီအက်စ်ဂျီအသင်းရဲ့ စီမံကိန်းကို အခြားကလပ်အသင်းကြီးတွေက ကြောက်နေကြပါတယ်။ ပီအက်စ်ဂျီဟာ ယူအီအက်ဖ်အေအတွက် အရမ်း အရေးပါပါတယ်။ ချန်ပီယံလိဂ်ရဲ့တန်ဖိုးနဲ့ ရုပ်သံအခွင့်အရေးတွေဟာ ပီအက်စ်ဂျီနဲ့အတူ မြင့်တက်လာတာပါ။ ယူအီးအက်ဖ်အေက ဒါကို လက်ခံမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု အီဗရာဟီမိုဗစ်က ဆိုသည်။

    ထို့ပြင် ပီအက်စ်ဂျီအသင်းမှာ ယူအီးအက်ဖ်အေကို အကျိုးရှိစေပြီး ပြင်သစ်ဘောလုံး လောကအတွက်သာမက ဥရောပ ဘောလုံးလောကအတွက်ပါ အလုပ်လုပ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • ၄၃၆ ကို ဥပဒေ စာအုပ်ကြီးထဲမှာ အပြီး မသိမ်းထားပါနဲ့ ကြိုးတုတ် မထားပါနဲ့။ (ပြည်သူ့ အသံ)

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    ရေးသူ- ကောလင်းသောင်းထိုက်
    No 436
    ပြည်သူတွေ မြန်မာပြည်အနှံ့ ဆန္ဒပြ ထုတ်ဖော်ပြောဆိုနေကြတဲ့ အသံတွေ နေ့စဉ်နဲ့အမျှ ကြားနေရပါသည်။ ဟုတ်ပါသည်။

    စာရေးသူလည်း ပြည်သူတွေလို ဆန္ဒရှိနေသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ကျွန်တော်နဲ့ မြန်မာပြည်သူတွေမှာ ခေတ်အဆက်ဆက် (နှစ်အဆက်ဆက်) နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ သူတွေပါ၊ (တစ်မင်း) ကြီးစိုးပြန်လည် အမျိုးမျိုး ဒုက္ခတွေ့ခဲ့ရတဲ့ သူတွေပါ….ကျွန်တော်တို့ အသက်တွေသာ နှစ်တွေ တိုးလာ၊ ကျွန်တော်တို့ ပြည်သူတွေ အစော်ကားခံရ အလိမ်ခံရ၊ ဘ၀ကို ရုန်းကန်နေကြရသည်မှာ ယခုထက်တိုင်အောင်ပါဘဲ။

    ဟိုဟာနဲ့ နှစ်သိမ့်လိုက်၊ ဒီဟာနဲ့ နှစ်သိမ့်လိုက်၊ ဒီစကား ပြောလိုက်-ဟိုစကား ပြောလိုက်နဲ့ ကျေနပ် ရတော့မလို၊ အော်……….(မင်းကြီးတို့ ပြည်သူတွေကို မလှည့်စားပါနဲ့ဗျာ)လို့ ပြည်သူ့ကိုယ်စား ပြောလိုက်ပါ ရစေ။

    ကျွန်တော်တို့ခင်ဗျားတို့ တတွေ ဆင်းရဲတွင်းက လွတ်မြောက်နိုင်ရန် တွေးစရာ အကြောင်းမရှိတော့ ဘူးလေ။ နေစရာ အိမ်မရှိတော့ ဒုက္ခ၊ စားစရာ မရှိတော့ ဒုက္ခ၊ ဒုက္ခပင်လယ် ဝေနေတာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပါပြီ။ (တစ်မင်း) အုပ်စိုးလာရင် ကောင်းလာမလား (တစ်မင်း) ပြောင်းလဲသွားရင် ကောင်းလာမလား (တစ်လားလား………တစ်လားလား) ပါဘဲဗျာ။

    စာရေးသူရဲ့ မိဘနှစ်ပါး ရှိစဉ်က ဆင်းရဲဒုက္ခ၊ မိဘနှစ်ပါးဆုံးပါးသွား ပြန်တော့လည်း ဒုက္ခ၊ စာရေးသူ မှာ သားသမီးတွေ ရှိလာပြန်တော့လည်း ဒုက္ခ၊ (ဒုက္ခ၊ဒုက္ခ၊ ဒုက္ခ ပါတကား) ယခု နီးကပ်လာပြီ ဖြစ်သော ၂၀၁၅ ရွေးကောက်ပွဲ မရောက်ခင် ရင်တမမနဲ့ မျှော်နေရပြန်ပြီလေ။ ငါတို့ရဲ့ ပြည်သူတွေကို ဒုက္ခကင်းဝေး ပါ့မလား။

    အဲဒီတော့ ပြည်သူတွေနဲ့အတူ စာရေးသူ ပါဝင်၍ ဆန္ဒထုတ်ဖော် ပြောဆိုနေတဲ့ ဥပဒေ ပုဒ်မ ၄၃၆ ကို ဥပဒေ စာအုပ်ကြီးထဲမှာ မသိမ်းထားပါနဲ့၊ ကြိုးတုတ်မထားပါနဲ့လို့ ပြောဆိုခြင်းဖြင့်၊ ပြင်ပေးပါ၊ မြန်မြန် ပြင်ပေးပါလို့ ဆန္ဒပြင်းပြစွာဖြင့် အော်…………လိုက်ရပါသည်။