News @ M-Media

Author: M-Media

  • ယင်းတော်တွင် ဘာမှ မဖြစ်ပါ။

    ယင်းတော်တွင် ဘာမှ မဖြစ်ပါ။

    မေ ၂၀ ၊ ၂၀၁၄ (မြန်မာစံတော်ချိန်- မွန်းလွဲ ၂ နာရီး၁၅ မိနစ်)
    M-Media
    ဇာဏီ


    မိတ္ထီလာမြို့အနီး ယင်းတော်တွင် မွတ်စလင် နှင့် ဗုဒ္ဓ ဘာသာဝင်များ ပြဿနာဖြစ်ပွားနေကြောင်း အွန်လိုင်း စာမျက်နှာများတွင် ဖြန့်ဝေလျက် ရှိသည်ကို တွေ့ရပါတယ်။

    အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ယင်းတော် သို့ M-Media မှ ဆက်သွယ်စုံစမ်းကြည့်ရာ မည့်သည့် ပြဿနာမှ ဖြစ်ပွားခြင်း မရှိကြောင်း သိရှိ ရပါတယ်။

    အဆိုပါ သတင်းကို အစ္စလာမ် ဆန့်ကျင်ရေး လှုံ့ဆော်မှုများ အဆက်မပြတ် ပြုလုပ်နေသည့် “သမ္မတရုံးမှ လျှို့ဝှက် သတင်းများ” FB စာမျက်နှာမှ ဖြန့်ဝေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

  • ထိုင်းတွင် မာရှယ်လောထုတ်၊ အာဏာသိမ်းခြင်း မဟုတ်ဘဲ အမျိုးသားလုံခြုံရေး အတွက် ဆောင်ရွက်ခြင်းဟု စစ်တပ်ပြော

    မေ ၂၀ ၊ ၂၀၁၄
    M-Media

    နိုင်ငံရေး မတည်မငြိမ်ဖြစ်နေသည့် ထိုင်းတွင် စစ်တပ်က မာရှယ်လောထုတ်၊ အမျိုးသားလုံခြုံရေး အတွက် ဆောက်ရွက်ခြင်းသာဖြစ်ပြီး အာဏာသိမ်းခြင်း မဟုတ်ဟု စစ်တပ်ဆို

    _74966219_74966218
    – အစိုးရနှင့် အတိုက်အခံများအကြား တင်းမာမှုများ တိုးပွားလာနေချိန်တွင် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန်အတွက် မာရှယ်လော ထုတ်ပြန်လိုက်သည်ဟု ထိုင်းအစိုးရက ယနေ့တွင် ကြေညာခဲ့သည်။

    စစ်တပ်မှ အာဏာသိမ်းမှုများရှိသည့် ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ အမိန့်ထုတ်ပြန်မှုမှာ အံ့အားသင့်စရာဖြစ်ခဲ့ပြီး အမိန့်အား အကောင်အထည်ဖော်ရန်အတွက် အခွင့်အာဏာကိုလည်း ကြည်းတပ်မှရရှိခဲ့သည်။ သို့သော်လည်း အမျိုးသား လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ခြင်းသာဖြစ်ပြီး အာဏာသိမ်းခြင်း မဟုတ်ဟု ထိုင်းစစ်တပ်က အခိုင်အမာ ပြောကြားခဲ့သည်။

    အဆိုပါ မာရှယ်လောထုတ်ပြန်မှုတွင် အစိုးရအနေဖြင့် စစ်တပ်နှင့် ဆွေးနွေးခဲ့ခြင်း မရှိဟု ခေတ္တ၀န်ကြီးချုပ်၏ လုံခြုံရေး အကြံပေးက ပြောကြားခဲ့သည်။

    “အမျိုးသားလုံခြုံရေးကိစ္စအတွက် စစ်တပ်က တာဝန်ယူလိုက်တာက လွဲလို့ အားလုံးဟာ ပုံမှန်ပါပဲ” ဟု အကြံပေး Paradorn Pattanatabut က ပြောကြားခဲ့သည်။

    ဘန်ကောက်မြို့ အပြင်ဘက်တွင် ဆန္ဒပြနေသည့် အစိုးရထောက်ခံသူများကို စစ်တပ်က ဖယ်ရှား ရှင်းလင်းမှုများ ပြုလုပ်နေသည်။ ထိုင်းနိုင်ငံတွင် စစ်တပ်မှ အာဏာ သိမ်းခဲ့သည်မှာ ၁၁ ကြိမ်ရှိခဲ့ပြီး နောက်ဆုံး အာဏာသိမ်းမှုမှာ ၂၀၀၆ ခုနှစ်တွင်ဖြစ်သည်။

    Ref: BBC

  • ဆိုမာလီရှိ ကုလသမဂ္ဂ ၀န်ထမ်းများအား ကာကွယ်ရန် လုံခြုံရေးတပ်ဖွဲ့ထပ်မံချထား

    မေ ၁၉ ၊ ၂၀၁၄
    M-Media

    – ဆိုမာလီနိုင်ငံအတွင်း အကူညီများပေးအပ်နေသည့် ၀န်ထမ်းများအား ကာကွယ်ရန်အတွက် အထူးလုံခြုံရေးတပ်ဖွဲ့ဝင် လေးထောင် ထပ်မံချထားခဲ့ကြောင်း ကုလသမဂ္ဂက ကြေညာခဲ့သည်။

    10295774_833958389951203_5559028136502076381_n

    ယူဂန်ဒါတပ်ဖွဲ့ဝင်များဖြစ်ပြီး ကုလမှ အကူအညီပေးရေးဝန်ထမ်းမျာအား ကာကွယ်ရမည်ဖြစ်သည်။ ထိုတပ်ဖွဲ့ဝင်များ ချထားခြင်းမှာ ဆိုမာလီပြည်သူများအား ကူညီရေးလုပ်ငန်းများကို ဆက်လက်ချဲ့ထွင် လုပ်ဆောင်ရန် အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ဆိုမာလီဆိုင်ရာ ကုလသံတမန် နီကိုလက်စ်ကေးက ယမန်နေ့တွင်ပြုလုပ် လုံခြုံရေး တပ်ဖွဲ့ဝင်များ တာဝန်စတင်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

    စစ်ပွဲမပြတ်ဖြစ်ပွားနေသော ဆိုမာလီတွင် အာဖရိက ယူနီယံ တပ်များလည်း ချထားကာ နိုင်ငံ တည်ငြိမ်ရေးကို ဆောင်ရွက်နေသည်။ ယုဂန်ဒါကြည်းတပ်ဗိုလ်ချုပ် ချားလ်စ် အန်ဂျီနာကမူ မိမိတို့အနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းရခြင်းကို ဂုဏ်ယူမိကြောင်း၊ မိုဂါဒစ်ရှူးရှိ ကုလ၀န်ထမ်းများ လုံခြုံစိတ်ချရသော အခြေအနေတွင် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် မိမိတို့အနေဖြင့် အစွမ်းကုန် ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက အလ်-ရှာဘက် တိုက်ခိုက်ရေးသများမှာ မိုဂါဒစ်ရှူးမြို့လယ်ရှိ ကုလသမဂ္ဂ ရုံးချုပ်ကို တိုက်ခိုက်ခဲ့ကြပြီး လူ ၁၅ ဦးကျော် သေဆုံးခဲ့ရသည်။ ဆိုမာလီနိုင်ငံတွင် ၁၉၉၁ ခုနှစ်ကတည်းက ဗဟိုအစိုးရမရှိဘဲ တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားကာ ပြီးခဲ့သည့်လအနည်းငယ်အတွင်း တိုက်ခိုက်မှုများမြင့်တက်လာခဲ့သည်။

    JR/AB/SL

  • မသာအိမ် နဲ့ ဖဲဝိုင်းဋီကာ (ကဗျာ)

    မေ ၂၀ ၊ ၂၀၁၄
    M-Media
    ရေးသူ- စမားညီညီ
    ca-sep-14-10
    ရောဂါစုံနဲ့လူမမာ
    ၆၂ မှာ အပြီးသေ
    မသာကို ပိုင်ရှင်လုပ်
    မောက်မာကြတဲ့ ဖဲဝိုင်းသခင်တွေ
    ကစားရင်းနဲ့အပြောင်းအလွဲရှာ
    အဝတ်ပြောင်း လူပြောင်းပြီး
    ဆက်ကာဆော့

    ၈၈ မှာ တခါထပ်သေ
    ကမ္ဘာရွာစဖြစ်တဲ့အနေမှာ
    ရဲရင့်မျက်နှာပြောင် အိမ်နီးချင်းများ
    မသာအိမ်ထဲ စီးပွားဖြစ်ဝင်
    ဧည့်သည်တွေက နိုင်လို့နိုင်ကြ
    အိမ်ရှင်တွေလည်းရှုံးရင်းနိုင်ကြ
    ပွဲတော်ကြီး တမျှပါလား
    အိမ်တိုင်တောင်ချွတ်လို့ပေါင်
    ဧည့်သခင်ကြီးတို့ ကို
    အကြိုက်ဆောင်ဖို့

    အဲ့ဒါကြောင့်လေ
    ငါတို့ဧရာဝတီကို
    ဈေးဘောင်ကျိုးလိုဈေးကွက်တင်
    အခြေမလှတဲ့လယ်တ်ီတော့ဆုံးရှာပေါ့
    အထက်မှာကချင်နဲ့ရှမ်းတွေသေ
    အနောက်ကမွတ်(စ)တွေလည်း
    မနေရ
    တပြည်လုံးအနှံ မင်းတို့ငါ့ကိုကြောက်
    ဟိန်းဟောက်လိုက်တာ
    အုံကျဉ်းနဲ့နေတဲ့ ခွေး အ တွေ
    ဖဲဝိုင်း မပြတ်အောင် မသာကိုထုတ်လုပ်
    အလယ်ကောင်နေရာရွှေ့ ပြီး
    ဖဲဝိုင်းထောင်
    ဂုဏ်ရှိချင်ယောင်ဆောင်လိုက်ကြ

    ကိုယ်တွေကလည်း ဖဲဝင်ရိုက်
    အ သထက် မိုက်လိုက်ကြပုံ
    သူတို့တတွေ အလှည့်ကျ ဒေါင်းတော့
    ငါတို့ ကံမကောင်းသေးဘူးဆိုဘဲ
    ရှိသမျှက ကုန်လုလု
    ငါနိုင်အောင် ရိုက်မယ်ဆိုလိုက်ပြန်
    section မပြည့်ခင် မထွက်လေအောင်
    သနားလို့ပေးဒေါင်းတာကို
    ရင်တွေခုန် သီချင်းတွေလုပ်
    သူတို့ဗျူဟာကို မမြင်အောင်မိုက်
    အောင်ပွဲခံ အလံစိုက်နေရင်
    ဖဲဝိုင်းမှာ သေအထိသာ
    ထိုင်နေတော့လေး။     ။

    Photo- ကာတွန်း ဟန်လေး

  • The Right Time News: စီးပွားရေးတက္ကသိုလ် ကျောင်းပြီးသော်လည်း ဘွဲ့လက်မှတ် မရသည့် မသန္တာဦး၏ ရင်ဖွင့်စကား

    The Right Time News
    Vol-2,No-17
    Right Time2
    RTN။ ။ သမီးအမည်နဲ့ မွေးရာဇာတိလေး ပြော ပါဦး။

    သန္တာဦး။ ။ သမီးနာမည်က မသန္တာဦးပါ။ မွန်ပြည် နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာမှာ မွေး ပါတယ်။ အမေက မော်လမြိုင်သူပါ။ အဖေက နတ်စမ်းရွာကပါ။

    RTN ။ ။သမီး စီးပွာရေးတက္ကသိုလ် တက်ခွင့်ရပြီး ဘွဲ့လက်မှတ် မရဘူးဆိုတာ လေး ရှင်းပြပါဦး။

    သန္တာဦး။ ။ သမီးက ၂ဝ၁ဝ ပြည့်နှစ်မှာ တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန် စီးပွားရေး တက္ကသိုလ်ကို တက်ခွင့်ရခဲ့ပါတယ်။ ကျောင်းသုံးနှစ်တက်ခဲ့ပြီး ဘွဲ့ လက်မှတ် မဆိုထားနဲ့ ထောက်ခံချက် တစ်ခုတောင် မရှိပါဘူး။ အလုပ်ဝင်မယ် ဆိုရင်တောင် ထောက်ခံချက် မရှိတဲ့အတွက် ဘယ်သူကမှ သမီးကို အသိမှတ်မပြုကြ ပါဘူး။ ဆယ်နှစ်ကျော်၊ ဆယ်လေးနှစ်လောက်ထိ ပညာသင်ခဲ့ရပြီး ဒီပညာနဲ့ အလုပ်တစ်ခုမရတဲ့ အပြင်ဘွဲ့လက်မှတ်မရတဲ့အတွက် အများကြီးဝမ်း နည်း ခံစားရပါတယ်။

    RTN ။ ။ တက္ကသိုလ်က ဘာဖြစ်လို့ ဘွဲ့လက်မှတ် မပေးတာလဲ။

    သန္တာဦး။ ။ သမီးအဖေက နိုင်ငံသားမဟုတ်လို့ဆိုပြီး ဘွဲ့လက်မှတ်ထုတ် မပေးတာလို့ ပြောပါတယ်။ အမေကနိုင်ငံသား စိစစ်ရေးကဒ်ပြားရှိပါတယ်။ အဖေ့ကိုလည်း သက်သေခံကဒ်ပြား ထုတ်ပေးပြီးသားပါ။ သမီး အဖေရဲ့ ဘိုးဘေးတွေကတည်းက မြန်မာနိုင်ငံအတွင်း မှာ နေခဲ့ကြတာပါ။ အခုချိန်ထိလည်း သမီးကို မှတ်ပုံတင်ကဒ်ပြားထုတ် မပေးသေးပါဘူး။

    အနည်းဆုံး ကျောင်းမှာ (နိုင်) မှ မဟုတ်ဘူး။ ဧည့်၊ ကျူး၊ နိုင်သုံးခုလုံး ရတယ်။ ဧည့်နိုင်ငံသား ဧည့်ကဒ်လည်း ရတယ်။ နိုင်ငံသားပြုလည်း ရတယ်။ နိုင်ကဒ်လည်း ရတယ်။ လဝကကို သမီးအများ ကြီးပြောကြည့် ပါတယ်။ ဧည့် လည်း မလုပ်ပေးနိုင်ဘူး။ ပြုလည်း မလုပ်ပေးနိုင်ဘူး။ နိုင်လည်း မလုပ်ပေးနိုင်ဘူး။ ဘာမဆို ဧည့်နိုင်ငံသားအဖြစ် လက်မှတ်လေးရရင် တောင်မှ သမီးတို့ ဒီဘွဲ့လက်မှတ်ကို ထုတ်လို့ရတယ်ပေါ့။

    ပြီးတော့လည်း သမီးမှာ သတင်းစာ တစ်ခုတော့ သိမ်းထားတယ်။ လဝကက ၁၉၈၂ ခုနှစ်မှာ ဆိုရင် ပေါ့နော် သုံးထောင့်ချိုးတွေ ပြောင်းလဲနိုင်မယ်ဆိုပြီးတော့ အဲဒီသတင်းလေးတွေ့တော့ အဲဒီသတင်းစာ သမီး သိမ်းထားတယ်။ သူတို့လဝကက ဘာမှမပြောတော့ သမီးလည်း သေချာတော့ နားမလည်ဘူး။ သူတို့ ဥပဒေတွေကျတော့ ကိုယ်လည်း နားမလည်ဘူးဆိုတော့။

    သမီး ဘွဲ့ဖောင်သွားတင်တုန်းကဆိုရင် သမီး တော်တော်လေး အသနားခံပြီးတော့ သမီးထောက်ခံ ချက်သွားယူတယ်။ (လဝက) ကလည်း သူ မထုတ် ပေးနိုင်ဘူး ထောက်ခံချက်တော့ လုပ်ပေးတယ်။ ဘွဲ့ ဖောင်တင်တော့ စီးပွားရေး တက္ကသိုလ်ဝန်ထမ်းတွေက သမီးအဲဒီ ထောက်ခံချက်လေးပြတော့ ”နင်ထောက် ခံချက် မလိုအပ်ဘူး”ဆိုပြီးတော့ သမီးထောက်ခံချက် ကို လွင့်ပစ်လိုက်တယ်။ ”အဲဒါဆိုရင်သမီးတို့ ဘွဲ့ဖောင်တောင်လျှောက် လို့မရတော့ဘူးလား”လို့ ပြောတော့။ ”လျှောက်ချင်ရင် လျှောက်လို့ရတယ်။ နင်တို့တွေကရမှာ မဟုတ်ဘူးတဲ့” အဲဒီလိုမျိုးပြော တယ်။ အဲဒီတော့ သမီးကလည်း ”ရရ၊ မရရ ဘွဲ့ဖောင်တင်မယ်”သမီးတင်ခဲ့လိုက်တယ်။ ပထမ တော့ ဘွဲ့နှင်းသဘင် အခမ်းအနားတောင် တက်ခွင့် မရှိဘူးလို့ပြောတယ်။ နောက်ပိုင်းမှ အစမ်းလေ့ကျင့် ရက်နေ့တောင် မသေချာဘူး။ အချိန်ပြည့်တက်ခွင့်ရ မရမသေချာသေးဘူး။ နောက်ဆုံးမှာ ဘွဲ့နှင်းသဘင် အခမ်းအနား တက်ခွင့်ပေးလိုက်တယ်။ ”နင်တို့တွေ မှတ်ပုံတင်မရှိဘူးဆိုရင် ဘွဲ့အခမ်းအနားတောင် တက်ခွင့်မရှိဘူး”လို့ ပြောတယ်။ ဘွဲ့လက်မှတ်လည်း မပေးဘူး။

    ဘွဲ့နှင်းသဘင်တက်ခွင့်လည်းရတယ်။ စင်ပေါ် အထိလည်း ပါမောက္ခချုပ်ကပေးတော့ ဘွဲ့လက်မှတ် ထည့်ထားတဲ့ လယ်သာအဖုံးကို သမီးတို့လည်း ကိုင်ရတယ်။ ဒါပေမဲ့ သမီးတို့ကို ပေးတဲ့လက်မှတ် ထဲမှာ ဗလာဖြစ်နေတယ်။ အထဲမှာ ဘာမှမပါဘူး။

    RTN ။ ။သမီးကျောင်းဝင်ခွင့် လျှောက်ထားတဲ့ အချိန်တုန်းက စီးပွားရေး တက္ကသိုလ်က ငြင်းပယ် တာရှိသလား။

    သန္တာဦး။ ။ သူတို့ဘာမှမပြောဘူး။ ဘွဲ့မရနိုင်ဘူးလို့ သေသေချာချာသမီးတို့ ကိုပြောခဲ့မယ်ဆိုရင် သမီး ဒီ တက္ကသိုလ်ကို မတက်တော့ဘူး။ တခြားဘွဲ့ရနိုင်တဲ့ တစ်ခုခုကိုပဲတက်မှာပေါ့။ အဲဒီလိုမူတွေ ထုတ်ထား တယ်ဆိုရင် မတက်ပါဘူး။ မသိဘဲနဲ့ ဒီကျောင်းကို ဆက်တက်ကြတော့ နောက်ဆုံးကျောင်းပြီး သွားလို့ ဘွဲ့လက်မှတ်မရတော့ ဘာမှမထူးဘူး။ ပညာမတတ် သလိုဖြစ်သွားတယ်။ ကုန်ကျစရိတ်တွေလည်း များပါသည် ကိုယ်ကနယ်ကနေတက်တဲ့ ကျောင်းသူ တစ်ယောက်ဆိုတဲ့အတွက်ကြောင့်မို့ စားရေးသောက်ရေး၊ နေရေထိုင်ရေး စရိတ်တွေလည်း အများကြီး ကုန်ပါ တယ်။

    RTN ။ ။ ဘွဲ့လက်မှတ်မရတော့ သမီးအခု ဘာ တွေလုပ်နေလဲ။

    သန္တာဦး။ ။။အခုတော့စက်ချုပ်နေရတယ်။ ဘွဲ့လက် မှတ် ရမယ်ဆိုရင် အခြားအလုပ်တွေ လုပ်ကိုင်ခွင့်ရမှာ ပေါ့။ မျှော်လင့်ချက် ကင်းမဲ့သွားတဲ့ အတွက်ကြောင့်မို့ နောက်ဆုံး သမီးစက်ချုပ် အတတ်ပညာကို သင်လိုက် တယ်။ သမီးဘဝအတွက် အခွင့်အလမ်း တစ်ခုခု ရနိုင် အောင် အခြေခံအလုပ်တစ်ခုအနေနဲ့ လုပ်တာပါ။ တကယ်လို့ ဒီဘွဲ့လက်မှတ် တစ်ခု ရခဲ့မယ်ဆိုရင် သမီး မှာရည်မှန်းချက်တွေ အများကြီး ရှိတယ်။အများကြီး ရှိတယ်ဆိုတာ သမီးသင်တန်းတွေ ဆက်တက်မယ် အလုပ်တွေ ဆက်လုပ်မယ်။ သမီးသူငယ်ချင်းတွေ B.Com ပြီးသွားပြီဆိုတော့ အမှတ်စာရင်းတွေ ထုတ်ပြီးတော့ CPA တွေဆက်တက်ကြတယ်။ CPA ရပြီး စာရင်းစစ်လုပ်ကြတယ်။ အခုသမီး ဒီနေ့ပဲ ကြားခဲ့တယ်။ ဘယ်ကုမ္ပဏီမှာလည်း မသိဘူး။ စာရင်းစစ် ဝင်လုပ်တော့ လစာကောင်းကောင်း ရကြ တယ်။ သမီးလည်း စဉ်းစားမိတယ် ငါလည်း ဘွဲ့လက်မှတ်ထုတ်လို့ရတယ်ဆိုရင် CPA ဆက် တက်ပြီးတော့ ဒီလိုဝင်ငွေတွေ ရှာနိုင်တယ်လို့ ဘွဲ့လက် မှတ်မရတဲ့ အတွက်ကြောင့် သမီးအတွက် အခွင့် အရေးတွေ အားလုံးဆုံးရှုံးသွားတယ်။

    ဒီနိုင်ငံမှာ မွေးလာတဲ့ဘာပဲဖြစ်ဖြစ် ဒီလိုမျိုးတွေ ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ သမီးလိုဘဲ တခြားသူတွေ လည်း ခံစားကြရမှာပဲ။အဲလိုမျိုး ကိုယ့်ကိုယ်ခွဲခြားတဲ့ အတွက်ကြောင့် တအားပဲစိတ်အားငယ်မိတယ်။ အဲလိုမျိုးမဖြစ်သင့်ဘူးလို့ ထင်တယ်။ အားလုံးကိုတန်း တူညီတူ ကိုယ့်အရည်အချင်းနဲ့ ကျောင်းတိုင်းကို တက်ခွင့်ရစေချင်တယ်။ အဲလိုအပိတ်အပင် အတား အဆီးတွေမရှိရင်အားလုံး စိတ်ချမ်းသာရမယ်။ ထွန်း ပေါက်တဲ့သူတွေလည်းတကယ်ပေါ်ထွက်လာ မှာပါ။ ကိုယ့်ရဲ့ရည်ရွယ်ချက် အတိုင်း ကိုယ့်ဖြစ်ချင်တဲ့ ဆန္ဒတွေဖြစ်လာကြမှာပါ။ ပညာရေးနဲ့ ပတ်သက်ပြီး အပိတ်ပင်တွေ မရှိစေချင်ဘူး။

    မသန္တာဦးအဘိုး ဦးပွတ်တီး၏ ပြောစကားများ
    ——————————————
    RTN ။ ။ အဘက မသန္တာဦးနဲ့ ဘာတော်သလဲ။

    ဦးပွတ်တီး။ ။ အဘနာမည်က ဦးပွတ်တီး။ မသန္တာဦးရဲ့ အဘိုးတော်ပါတယ်။ မသန္တာဦး ဖခင်ရဲ့အဖေပါ။ အသက် ၇ဝ ရှိပါပြီ။

    RTN ။ ။ အဘကို ဘယ်မှာမွေးသလဲ။ အဘရဲ့ အဖေ၊ အမေ၊ အဘိုးတွေရော ဘယ်မှာမွေးတာလဲ။

    ဦးပွတ်တီး။ ။ ကျိုက်မရောမြို့နယ်၊ နတ်စမ်းအုပ်စု၊ ဘိန်းဗျောကျေးရွာမှာ မွေးတာပါ။ အဖေ၊ အမေရော၊ အဘိုး၊ အဘွားတွေပါ အဲဒီမှာ မွေးတာပါ။ အဘိုးက အသက် ၉ဝ လောက်ထိ အသက်ရှည်ခဲ့တာ။

    RTN ။ ။ နိုင်ငံသားပြုခွင့် မလျှောက်ခဲ့ဘူးလား။

    ဦးပွတ်တီး။ ။မလျှောက်မိဘူး။ အဖေ တို့တုန်းက နှစ်ခေါက်ချိုး၊ ကျွန်တော့် ကျတော့သုံးခေါက်ချိုး၊ ကျွန်တော့်သား သမီးတွေ လက်ထက်ကျတော့လည်း သုံး ခေါက်ချိုးရတယ်။ သူတို့ပေးတဲ့ ပန်းရောင် ရယ်၊ အစိမ်းရယ်၊ အပြာရယ်သုံးမျိုး ပြတယ်။ အစိမ်း၊ အပြာကို သူတို့ (လဝက) အသုံး မပြုတော့ပါဘူး။ မူရှိတယ်ဆိုပြီး (လဝက) ကနေ ထုတ်ပြတယ်။ ဒါပေမဲ့ အဲဒီမူ တစ်ခုရနိုင် အောင် ပြောင်းလဲဖို့ တောင်းခံတာ သူတို့ ပြောင်းလဲမပေးပါဘူး။

    RTN ။ ။အခုလို မြေးလေး ဘွဲ့လက်မှတ်မရတဲ့ အပေါ် ခံစားမှုလေး ပြောပြပါဦး။

    ဦးပွတ်တီး။ ။ ကျွန်တော်တို့ မြေးလေးဟာ စာကို ကြိုးစားတာ့ သူငယ်တန်းကနေ တစ်နှစ်တည်းနှစ်ချင်း ပေါက်အောင် ကြိုးစားခဲ့တယ်။ အခုလိုအချိန်မှာဘွဲ့ လည်း မရတဲ့အပေါ်မှာ သူ့အတွက်အများကြီး ဝမ်း နည်းတယ်။ ပညာသင်ပြီး အကျိုးမရှိတဲ့ ပုံစံဖြစ်သွား တာပေါ့။

    Link