News @ M-Media

Author: M-Media

  • BBC: OIC က ရခိုင်ဒေသကို ကူဖို့အသင့်လို့ ပြော

    မေ ၂၀ ၊ ၂၀၁၄
    BBC (မြန်မာပိုင်း)

    Syed Hamid Albar
    ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ရခိုင်ဒေသ မှာ လူသားချင်း စာနာ တဲ့ အကူအညီတွေ ဆောင်ရွက်ဖို့ အတွက် OIC အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ က မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Syed Hamid Alba ကို အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ပါတယ်။

    OIC အဖွဲ့ အနေနဲ့ ရခိုင်ဒေသကို သွားရောက်ခွင့် ရခဲ့ပြီး အဲဒီမှာ လူသားချင်း စာနာတဲ့ လုပ်ငန်းတွေ လုပ်နိုင်ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ စကားပြောဆိုခွင့် ရခဲ့ပုံ၊ OIC အဖွဲ့က ဘာတွေ လုပ်နေသလဲ ဆိုတာရယ်၊ OIC အဖွဲ့ အပေါ် အထင်အမြင် လွဲမှား နေတာတွေကို ရှင်းပြ မှာပါ လို့ Syed Hamid Alba က ဘီဘီစီ ကို ပြောပါတယ်။

    ဒီဒေသမှာ ဒုက္ခရောက်နေသူ တွေကို OIC အနေနဲ့ လူသားချင်း စာနာတဲ့ အကူအညီ တွေ ပေးဖို့ အဆင်သင့် ရှိနေတယ် ဆိုတာရယ်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်း မှာ လည်း ပါဝင် လာနေလို့၊ ပြုပြင် ပြောင်းလဲရေး တွေလည်း လုပ်နေပြီ ဆိုတော့၊ ကမ္ဘာ့ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံ က သဟဇာတ ရှိတယ်၊ ငြိမ်းချမ်း တည်ငြိမ် တဲ့ နိုင်ငံတခု ဖြစ်တယ် ဆိုတာ မြင်ချင် နေ ကြတယ်၊ ဘာသာ အယူ၊ မတူကွဲပြားတဲ့ အုပ်စုတွေကြား မှာ နားလည်မှု ရှိလာရေး မှာ OIC အနေ နဲ့ တစိတ်တပိုင်း ပါဝင် ဆောင်ရွက် ဖို့ ဖြစ်ပါတယ် လို့ လည်း ရှင်းပြပါတယ်။

    အခုလို တာဝန်ပေးအပ် ခံခဲ့ ရတာနဲ့ ပတ်သက်ပြီးတော့၊ မြန်မာအစိုးရနဲ့ ဆက်သွယ် ဆွေးနွေးမဲ့ အကြောင်း၊ ရခိုင်ဒေသမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဆိုတာရယ်၊ OIC အနေနဲ့ ပြည်တွင်းမှာ ရုံးဖွင့် ဆောင်ရွက်ခွင့် ရချင်တဲ့ အတွက် ဆွေးနွေးယင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ OIC က ဘယ်လို အကျိုးရှိရှိ ဆောင်ရွက် မလဲ မြန်မာအစိုးရ ကို ဘယ်လို ကူညီမလဲ ဆိုတာတွေကို မြန်မာအစိုးရကို ဆက်သွယ်ပြီး ပြောပြသွား မှာလို့ လည်း ပြောပါတယ်။

    OIC ဟာ ဘက်လိုက်တယ် ဆိုပြီး မြန်မာအစိုးရကရော ဒေသခံတွေကပါ သံသယတွေ ရှိနေတယ်ဆိုတော့ ဒီသံသယတွေကို ဖြေဖျောက်ဖို့၊ ဒီပဋိပက္ခအရေးကို စိတ်ဝင်တစား ကူညီ ဖြေရှင်းပေးလိုသူတွေ၊ NGO အဖွဲ့တွေ နိုင်ငံရေး ပါတီတွေ နဲ့ ကိုယ်တိုင် တွေ့ဆုံ စကားပြောနိုင်မယ်လို့ မျှော်လင့်ထားပြီး၊ သူ့အနေနဲ့ ဒီပဋိပက္ခအရေးကို ဖြေရှင်းပေးလိုတယ် ဒုက္ခရောက်နေသူတွေကို အကူအညီပေးလိုတယ် ဒါ့ကြောင့် မကောင်းတဲ့ ဘက်ကမမြင်ပဲ တဘက်နဲ့ တဘက် နားလည်မှုတွေ ရှိဖို့ လိုတယ် လို့ လည်း Syed Hamid Alba က ပြောပါတယ်။

    ဒီကိစ္စမှာ ပူးပေါင်း ဆောင်ရွက်တဲ့သူတွေအနေနဲ့လည်း အဆိုးဘက်က အမြင်မျိုး မထားသင့်ပါသလို၊ OIC နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အခွင့်အရေး ပေးသင့်ပုံ၊ ဖိလစ်ပိုင်၊ အာဖရိက စတဲ့ တခြားနေရာဒေသတွေမှာလည်း OIC က ပဋိပက္ခ အရေးတွေ ဖြေရှင်း ဆောင်ရွက်ပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာ ကို Syed Hamid Alba က ပြောပါတယ်။

    http://www.bbc.co.uk/burmese/burma/2014/05/140519_oic_rakhine.shtml

  • ယူကရိန်း နယ်စပ်ရှိ ရုရှားတပ်များ ရုပ်သိမ်းရန် ပူတင်အမိန့်ပေး

    မေ ၂၀ ၊ ၂၀၁၄
    M-Media
    2014519104818981734_20
    – ယူကရိန်းအရှေ့ပိုင်း အစိုးရနှင့် ခွဲထွက်ရေးသမားများ တိုက်ခိုက်မှုဖြစ်ပွားနေချိန်တွင် နယ်စပ်ရှိ စစ်တပ်အား ရုပ်သိမ်းရန် ရုရှားသမ္မတ ပူတင်က ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိဂူကို ယနေ့တွင် အမိန့်ပေးခဲ့သည်ဟု သိရသည်။

    ယူကရိန်းနှင့် ကပ်လျက်ရှိနေသည့် ရိုစတိုဗ်၊ ဘဲလ်ဂိုရိုဒ်နှင့် ဘာရန့်စ် စသည့် ဒေသများတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် စီစဉ်ထားသော တပ်များဖြစ်ပြီး ထိုကဲ့သို့ ရုပ်သိမ်းခဲ့ခြင်းက ယူကရိန်းအရေး ရုရှားနှင့် အနောက်နိုင်ငံတို့ မပြေမလည်ဖြစ်နေမှုကို လျော့စေသည့် ကြိုးပမ်းမှုလည်းဖြစ်သည်။

    သို့သော်လည်း တပ်ဖွဲ့အင်အား မည်မျှကို မည်သည့်အချိန်အတိုင်းအတာတွင် ရုပ်သိမ်းမည်ဆိုသည်ကို ကရင်မလင်၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားခြင်းမရှိချေ။ ယူကရိန်းနယ်စပ်မှ တပ်များ ရုပ်သိမ်းမည်ဟု လွန်ခဲ့သည့် နှစ်ပတ်ကတည်းက ရုရှားခေါင်းဆောင်များက ပြောကြားခဲ့သော်လည် အနောက်နိုင်ငံများကမူ ထိုပြောကြားချက်အား အတည်ပြုရန် မည်သည့် ဆောင်ရွက်မှုမျိုးမှ မတွေ့ရဟု ဆိုသည်။

    ယူကရိန်းအရှေ့ပိုင်းရှိ  Donetsk နှင့် Luhansk ဒေသမျာကို ခွဲထွက်ရေးသမားများက လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ခဲ့ပြီး ယူကရိန်း အစိုးရတပ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ထိုမတည်ငြိမ်မှု၏ နောက်ကွယ်တွင် ရုရှားမှာ ပါဝင်ပတ်သက်နေသည်ဟု ယူကရိန်းနှင့် အနောက်နိုင်ငံများက ပြောဆိုထားပြီး ရုရှားအပေါ် ပိတ်ဆို့မှုအချို့ကိုလည်း ပြုလုပ်ထားသည်။

  • နည်းလမ်းပေါင်းစုံဖြင့် အစ္စရေး ကျူးကျော်မှုအတွက် လက်ဘနွန်က ကုလတွင် တိုင်ကြားထား

    မေ ၂၀ ၊ ၂၀၁၄
    M-Media

    နိုင်ငံအတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် အစ္စရေး၏ ကျူးကျော် ၀င်ရောက်မှုအတွက် လက်ဘနွန်က ကုလတွင် တိုင်ကြားထား
    ce4da41511bc82bd3f47e9799f832c6d– နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို အစ္စရေးမှ ချိုးဖောက်မှုနှင့်ပတ်သက်၍ လက်ဘနွန်နိုင်ငံက ကုလသို့ အချက်သုံးချက် တိုင်တန်းခဲ့သည်ဟု နိုင်ငံခြားရေး  ၀န်ကြီးရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့တိုင်ကြားရန် ကုလရှိ လက်ဘနွန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီး ဂီဘရန် ဘတ်စ်စီလ်က အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    “ယနေ့အချိန်အခါမှာ အစ္စရေးဟာ ပါလက်စတိုင်းကိုသာမက ဆီးရီးယား၊ လက်ဘနွန်နိုင်ငံတွေအပါအ၀င် အာရပ်နိုင်ငံအားလုံအပေါ်မှာ ကျူးကျော်မှုတွေ လက်တွေ့လုပ်ဆောင်နေတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ လက်ဘနွန်နဲ့ ပတ်သက်ပြီးပြောရရင် ကြည်း၊ ရေ၊ လေ သုံးနေရာစလုံးကနေ နိုင်ငံအတွင်းကို ကျူးကျော် ၀င်ရောက်ခဲ့ပါတယ်” ဟု ယခင် လက်ဘနွန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း အဒ်နန် မန်ဆူရ်က Press TV သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မေလ ၁၁ ရက်နေ့က အစ္စရေးစစ်တပ်မှာ အလ်-လဘ်ဘူနီ နယ်ခြားရှိ အပြာရောင်လိုင်းကို ကျူးကျော်ကာ လက်ဘနွန်နိုင်ငံ အတွင်းသို့ ၀င်ရောက်ခဲ့ပြီး၊ မေလ ၁ ရက်နေ့ကလည်း နိုင်ငံတောင်ပိုင်း အပြာရောင်လိုင်းအား ထိုကဲ့သို့ ကျူးကျော်ဝင်ရောက်ခဲ့ကသည်။ ထို့ပြင် မေလ ၉ ရက်နေ့တွင် ရှီဘာရွာရှိ လက်ဘနွန်နိုင်ငံသား ၃ ဦးအား ပြန်ပေးဆွဲရန် ကြိုးစားခဲ့ဟု လက်ဘနွန် မီဒီယာများက ဖော်ပြခဲ့သည်။

    လက်နက်တပ်ဆင်ထားသော အစ္စရေးလှေငယ်များမှာလည်း မေလ ၁၁ ရက်နေ့က ရက်စ် အလ်-နာကူရာ ဒေသအနီး လက်ဘနွန်ရေပိုင်နက်တွင် အဆီးအတားများကို ဖယ်ရှား၍ မီတာ ၂၀ အကွာဝေးအထိ ၀င်ရောက်ခဲ့သည်။

    အစ္စရေး လေယာဉ်များမှာမူ လက်ဘနွန်လေပိုင်နက်ထဲသို့ နေ့စဉ်နီးပါး ကျူးကျော်ဝင်ရောက်နေပြီး ထိုဝင်ရောက်ခြင်းမှာ ထောက်လှမ်းရေးအတွက်ဖြစ်သည်ဟု အစ္စရေးက ကာကွယ်ခဲ့သည်။

    ထိုလုပ်ရပ်များမှာ ၂၀၀၆ ခုနှစ် အစ္စရေးက လက်ဘနွန်ကို ကျူးကျော်တိုက်ခိုက်ခဲ့သည့် စစ်ပွဲအားပြေငြိမ်းစေရန် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၁၇၀၁ အား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု လက်ဘနွန်အစိုးရက ပြောဆိုခဲ့သည်။ ထိုဆုံးဖြတ်ချက်တွင် လက်ဘနွန်၏ အချုပ်အခြာအာဏာကို လေးစားရန် အစ္စရေးအား ကုလက တိုက်တွန်းထားသည်။

    MR/HSN/HRB

  • ချန်ပီယံလိဂ် နောက်ဆုံး ဗိုလ်လုပွဲတွင် ကစားရမည်ကို မယုံကြည်နိုင်ဟု ဘေးလ်ပြော

    မေ ၂၀ ၊ ၂၀၁၄
    M-Media
    397094_heroa
    – ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲတွင် ကစားရမည်ကို မိမိအနေဖြင့် မယုံကြည်နိုင်ဖြစ်နေသည်ဟု ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်ပြီး အသင်းပြောင်းခဲ့ခြင်းမှာ မှန်ကန်ခဲ့သည်ဟု ဆိုသည်။

    ပြီးခဲ့သည့် နွေရာသီက စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် စပါးအသင်းမှ ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့သည့် ဘေးလ်မှာ ဘာနေဗျူးတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး အောင်မြင်သော ရာသီကို ရရှိခဲ့သည်။

    “တစ်ကယ်လို့များ တစ်ယောက်ယောက်က ကျွန်တော်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကစားရမယ်လို့ ပြောခဲ့မယ်ဆိုရင် ကျွန်တော် ချက်ခြင်း ယုံလိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ ဘောလုံးပါ။ စပါးကနေထွက်ခဲ့တာ မှန်တယ်လို့ ခံစားရပြီး ရီးယဲလ်ကို အချိန်ကောင်းမှာ ရောက်လာခဲ့တာပါ” ဟု ဘေးလ်က Daily Telegraph သို့ပြောကြားခဲ့သည်။

    ချန်ပီယံလိဂ်ဗိုလ်ပွဲတွင် စပိန်ပြိုင်ဘက်များဖြစ်သည့် အက်သလက်တီကိုနှင့် ရီးယဲလ်တို့ တွေ့ဆုံနေပြီး ယခုတစ်ပတ် တနင်္ဂနွေ့တွင် ကစားမည်ဖြစ်သည်။

  • EU ပါလီမန်၌ ဆလိုဗေးနီးယား၏ အမည်စာရင်း တင်သွင်းမှုတွင် မွတ်စလင်အမျိုးသမီး တစ်ဦး ပါဝင်လာ

    မေ ၂၀ ၊ ၂၀၁၄
    M-Media

    ဥရောပ ပါလီမန် ကိုယ်စားလှယ် နေရာအတွက် ဆလိုဗေးနီးယား၏ အမည် စာရင်း တင်သွင်းမှုတွင် မွတ်စလင် အမျိုးသမီး တစ်ဦး ပါဝင်လာ
    SloveniaFields-Second-Veiled-EP-Candidate
    – မေလ ၂၅ ရက်နေ့တွင် ပြုလုပ်မည် ဥရောပပါလီမန်ရွေးကောက်ပွဲအတွက် ဆလိုဗေးနီးယားမှ တင်သွင်းသည့် ကိုယ်စားလှယ်များ စာရင်းတွင် လစ်ဘရယ်ပြည်သူ့ ပါတီမှ မွတ်စလင်အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

    ဖိုင်လာပါဆစ်ဘီစစ်ဟု အမည်ရသည့် အဆိုပါ အမျိုးသမီးမှာ ဘော့စနီးယား ဇာတိဖြစ်ပြီး နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်ကာ အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူတစ်ဦးလည်းဖြစ်သည်။

    ဘီစစ်မှာ ဆလိုဗေးနီးယားသို့ ပြောင်းရွှေ့ အခြေချသူများအရေး၊ အလုပ်လက်မဲ့ အရေးနှင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအရေးတို့ကို အာရုံစိုက်လုပ်ဆောင်နေသည်။

    ဥရောပ ပါလီမန်တွင် ဆလိုဗေးနီးယားမှာ ကိုယ်စားလှယ် ၈ နေရာ ရရှိမည်ဖြစ်သည်။ ဘီစစ်မှာ ဂရိမှ မွတ်စလင်မျိုးသမီး စတာမူ ပြီးနောက် ဥရောပ ပါလီမန် ကိုယ်စားလှယ်နေရာအတွက် အမည်စာရင်း တင်သွင်းခြင်းခံရသည့် ဒုတိယမြောက် မွတ်စလင် အမျိုးသမီးလည်းဖြစ်သည်။

    ဥရောပနိုင်ငံငယ် တစ်ခုဖြစ်သည့် ဆလိုဗေးနီးယားတွင် လူဦးရေ ၂ သန်းရှိပြီး အစိုးရမှတ်တမ်းများအရ  (၅၀,၀၀၀) ၂.၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်ကြသူများဖြစ်သည်။

    စလိုဗေးနီးယားမှ မွတ်စလင် အဖွဲ့များကမူ နိုင်ငံအတွင်း မွတ်စလင် ဦးရေ (၈၀,၀၀၀) ခန့်ရှိကြောင်း ပြောသည်။

    ၂၀၀၂ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ ခရစ်ယာန် (ရိုမန်ကက်သလစ်) ဘာသာပြီးလျှင် အစ္စလာမ်မှာ ဆလိုဗေးနီးယား၏ ဒုတိယမြောက် အကြီးဆုံး ဘာသာအယူဝါဒဖြစ်သည်။

    OnIslam & News Agencies