News @ M-Media

Author: M-Media

  • လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    ဇွန် ၂၃ ၊ ၂၀၁၅
    M-Media

    M-Media Cover copy

    M-Media မှ တင်ဆက်ပေးနေသတင်းများကို Android Smart ဖုန်းများမှ တဆင့် ဖတ်ရှုနေတဲ့ စာဖတ် ပရိတ်သတ် အတွက် လုပ်ဆောင်ချက် အသစ်များဖြင့် အဆင့်မြှင့်ထားတဲ့ M-Media Android Application အသစ်ကို ဖြန့်ဝေလိုက်ပါပြီ။

    Version 2.0 မှာ လုပ်ဆောင်ချက် အသစ်များပါဝင်ပြီး ဖုန်းတွေမှာ မြန်မာဖောင့် မရှိခဲ့ရင်လည်း ဖတ်ရှုနိုင်အောင်ဆောင်ရွက်ပေး ထားပါတယ်။

    Android 3.0 နှင့် အထက် Smart Phone များတွင် အသုံးပြုနိုင်ပြီး  Google Play ကနေ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

    M-Media Android app Update (သို့) Download လုပ်ရန် [2.29 MB]
    ———————————————-
    Play Store Link =>https://play.google.com/store/apps/details?id=com.app.news.mmedia

    .
    Apk Version လိုချင်သူများအတွက်
    _______________________
    Drop Box => https://dl.dropboxusercontent.com/u/401039/playstore/Mmedia.apk
    App Box => https://app.box.com/s/gj1aotaxfsk7chq51uoyc0j34r7tvxs3

    M-Media Android application ကို M-Media အဖွဲ့မှ နည်းပညာရှင် လူငယ်များ ကိုယ်တိုင် စုပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ပြီး စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်ကြောင်း အာမခံပါတယ်။

    ယခင် M-Media App Version 1.0 သွင်းထားသူများ Update လုပ်ရန် လမ်းညွှန်

    နဂို Version 1.0 သွင်းထားပြီးသူများ အတွက်တော့ Play Store ကတဆင့် Update လုပ်ရုံပါဘဲ။ Play Store မှ Update ပြုလုပ်ပုံ အဆင့်ဆင့်အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

    ** မင်နီပြထားသည့်များကို အဆင့်တိုင်းမှာ နှိပ်သွားရန်

    Update copy

     

    M-Media Android App  Version 2.0 ပါဝင်တဲ့ လုပ်ဆောင်ချက် အသစ်များ
    ______________________________________________
    မြန်မာ- အင်္ဂလိပ် ဗားရှင်း ၂ ခုစလုံးအတွက် Website မှာတင်သမျှသတင်းများအပြင် Facebook Page များမှာတင်သည့် ပိုစ်များကိုပါ App ထဲမှ ဖတ်ရှုနိုင်အောင် စုစုပေါင်း သတင်းအပိုင်းမှာ Channel  ၃ ခု ထည့်သွင်းပေးထားပါတယ်။
    News Chanel

    M-Media မြန်မာဗားရှင်းအတွက် Channel ၂ ခု ပါရှိပါတယ်။ M-Media အင်္ဂလိပ်ဗားရှင်းအတွက် Channel
    ၁ ခု ပါရှိပါတယ်။

    M-Media 1(MM) နှင့် M-Media 2(MM) မှာ သတင်းများ အတူတူသာဖြစ်ပြီး ရည်ရွယ်ချက်မှာ အကြောင်း အမျိုးမျိုးကြောင့် ပင်မ သတင်းဆိုဒ်ဖြင့် ချိတ်ဆက်ထားသည့် M-Media 1(MM) ဖတ်ရှု၍ မရခဲ့လျှင် အခြား တခုဖြစ်သော M-Media 2 (MM) မှ ဖတ်ရှုနိုင်ရန် အတွက်ဖြစ်ပါတယ်။

    ပုံမှန်အနေအထားတွင် Data မစားစေရန်  M-Media 1(MM) တခုကို ဘဲ ဖွင့်ထားရင် လုံလောက်ပါတယ်။ Channel ၃ ခု အနက်မှ မိမိတို့ ပိတ်ထားလိုသည့် Channel များကိုလည်း အောက်ဖော်ပြပါ ပုံအတိုင်း စိတ်ကြိုက်ရွေးချယ်ပြီး ပိတ်ထားနိုင်ပါတယ်။

    Edit Chanel

    M-Media YouTube (ရုပ်သံ)
    __________________
    M-Media YouTube Chanel မှ ရုပ်သံ သတင်းနှင့် မှတ်တမ်းများကို Youtube website ကို သွား၍ ကြည့်ရှုစရာလိုဘဲ M-Media App တွင် တိုက်ရိုက် ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။

    ရုပ်သံများကို ကြည့်ရှုတဲ့ အချိန်မှာတော့ အင်တာနက် Connection လိုအပ်မှာဖြစ်ပါတယ်။

     

    M-Media Tube

    Public Holidays အစိုးရရုံးပိတ်ရက်များ (မြန်မာ-စင်္ကာပူ)
    ________________________________
    အစိုးရ ရုံးပိတ်ရက်များကို ပြက္ခဒိန် သီးသန့်ကြည့်စရာမလိုဘဲ M-Media App ကို အသုံးပြုရုံဖြင့် အလွယ်တူ သိရှိနိုင်အောင် ထည့်သွင်းတဲ့ လုပ်ဆောင်ချက်အသစ်ပါ။ လတ်တလောမှာတော့ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ရဲ့ အစိုးရရုံး ပိတ်ရက်များကြည့်ရှုနိုင်ပါတယ်။ သတိပြုရမယ့် အချက်တခုကတော့ တချို့ပိတ်ရက်တွေဟာ ပုံသေ သတ်မှတ်ထားတာ မဟုတ်တဲ့ အတွက် တနှစ်ကုန်သွားပြီး နှစ်သစ်ရောက်သွားရင် Update List ဖြစ်ဖို့ အတွက် Online Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Public Holidays

    Useful Apps (အသုံးတည့်ပြီး ရေပန်းစားသော Apps များ)
    __________
    ဒီအပိုင်းကတော့ အသုံးတည့်ပြီး လူသုံးများတဲ့ Android App များကို ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။ အချိန်အခါလိုက်ပြီး ပြောင်းလဲနေတဲ့ ရေပန်းစားသော App များကို မကြာခဏ ဆိုသလို Update လုပ်ပေးသွားမှာဖြစ်လို့ Latest Update List ကိုရရှိနိုင်ဖို့ အင်တာနက်  Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Useful Apps copy

     

    App settings အပိုင်း စိတ်ကြိုက်ပြု ပြင်ခြင်း
    ______________________________
    No-1
    သူလိုလို Update ဖြစ်စေမယ့် No-2 ကို ပိတ်ထား၊ ဖွင့်ထားလိုလျင် ပြုလုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။

    No-2
    App မဖွင့်ထားဘဲ အချိန် ဘယ်လောက် အကြာမှာ တခါ သူအလိုလို refresh ဖြစ်နေအောင် လုပ်ထားတဲ့ အပိုင်းပါ။ ပုံ(၂) အတိုင်း မိမိစိတ်ကြိုက်ပြင်နိုင်ပါတယ်။ ဥပမာ ၈ နာရီလုပ်ထားမယ်ဆိုရင်ဖြင့် ၈ နာရီတွင်း ပိုစ်အသစ်တက်လာရင် App ကို မဖွင့်ထားလည်း

    ပိုစ်အသစ်တင်ဝင်လာကြောင်း notifications အနေနဲ့ ပြပေးမှာဖြစ်ပါတယ်။

    No-3
    M-Media App ဖွင့်လိုက်လျင်  refresh ဖြစ်စေလိုလျင် Check Box ကို နှိပ်ထားရပါ့မယ်။ App ဖွင့်တိုင်းမှာ Internet  Connection ရှိနေရင် ပိုစ်အသစ်များ Auto Update လုပ်ပေးပါလိမ့်မယ်။ Automatic refresh မဖြစ်စေချင်ရင်တော့ အမှတ်ခြစ်လေးဖြုတ်ထားရုံပါဘဲ။

    No-4
    Automatic Update (No-2) ကို WiFi Connection ရှိမှ refresh လုပ်ချင်သူတွေ အတွက်ပါ။ မြန်မာပြည်လို Data သုံးသလောက် ပိုက်ဆံပေးရတဲ့ User များ ကုန်ကျစရိတ် ချွေတာနိုင်ထည့်သွင်းထားတာပါ။

    No-5
    ပိုစ် အဟောင်းတွေကို ဘယ် ၂ ရက် သိမ်းထားမလဲ ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ပုံ(၄) ပါအတိုင်း မိမိတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အသုံးပြုသူများရဲ့ ဖုန်း Storage အနည်းအများလိုက် အလျော့အတင်းပြုလုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

    No-6
    သတင်းပိုစ်များကို စာလုံးဖောင့် ဆိုဒ် ပြောင်းလို့ရတဲ့အပိုင်းပါ။ စာလုံးကြီးကြီးဖတ်ရမှ အားရသူ စာဖတ်သူများ ပုံမှန် စာလုံးအရွယ်အစားထပ် ၃ ဆ ကြီးပြိး မြင်အောင် လုပ်ထားလို့ရပါတယ်။

    No-7
    ဖုန်းထဲမှာ မြန်မာဖောင့် ရှိပြီးသားဆိုလျင် ဒီအပိုင်းကို ဖြုတ်ထားလို့ရပါတယ်။

    No-8
    သတင်းပိုစ်များမှာ ဓါတ်ပုံဖြုတ်ထားချင်ရင် လုပ်လို့ရတဲ့အပိုင်းဖြစ်ပါတယ်။

    No-9
    သတင်းအသစ်တက်တိုင်း Notification ပြမှာကို မလိုချင်ဘူးဆို ဖြုတ်ထားလို့ရတဲ့အပိုင်းပါ။

    Settings

     

    Android 3.0 အောက် ဖုန်းများအတွက် အဆင်ပြေအောင် သီးသန့် App တခု ထပ်မံပြီး ဖြန့်ဝေပေးသွားဖို့ ရှိပါတယ်။

    M-Media ဆိုသည်မှာ

    M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင်  လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်း အဖွဲ့၏သြဇာခံ လက်အောက်ခံ မဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအခုအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။

    M-Media ရဲ့ App အသုံးပြုရတာ အခက်အခဲ ရှိရင်သော်လည်းကောင်း၊ အကြံပြုလိုတာ ရှိရင်သော်လည်းကေင်း [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

    လေးစားစွာဖြင့်

    M-Media ဝိုင်းတော်သားများ

  • အိမ်ဖြူတော် ဝါဖြေ ညစာစားပွဲ မြန်မာ့ လူ့အခွင့်အရေး လှုပ်ရှားသူ တက်ရောက်မည်

    အိမ်ဖြူတော် ဝါဖြေ ညစာစားပွဲ မြန်မာ့ လူ့အခွင့်အရေး လှုပ်ရှားသူ တက်ရောက်မည်

    ဇွန် ၂၃ ၊ ၂၀၁၅
    VOA(မြန်မာပိုင်း)မှ ကူးယူဖော်ပြသည်။

    6CDC7BE8-BB37-44E7-97EB-BA6526AD6CC4_w640_r1_s
    အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အိမ်ဖြူတော်မှာ ဒီညကျင်းပမယ့် အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ “ဝါဖြေ ညစာစားပွဲ” ကို တက်ရောက်ဖို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုကို အမေရိကန်သမ္မတက ဂုဏ်ပြုဖိတ်ကြားထားပါတယ်။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေ၊ ၂၀၁၅ ရွေးကောက်ပွဲအနေအထားနဲ့ အာရှဒေသတွင်း နိုင်ငံတကာက အာရုံစိုက်နေရတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးတွေကို အမေရိကန်သမ္မတအပါအဝင် အမေရိကန်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ အဓိက ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဖိတ်ကြားခံရတဲ့ မဝေဝေနုက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
    .
    ဇွန်လ ၂၂ ရက်နေ့ အမေရိကန်စံတော်ချိန် တနင်္လာနေ့ညပိုင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အမေရိကန်သမ္မတရဲ့အိမ်ဖြူတော်မှာ ကျင်းပမယ့် “ဝါဖြေညစာစားပွဲ” ကို တက်ရောက်ဖို့ အမေရိကန်သမ္မတအိမ်ဖြူတော်က မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ အမျိုးသမီးရေးလှုပ်ရှားသူ မဝေဝေနုကို ဖိတ်ကြားခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်သီတင်းလမှာ အထွဋ်အမြတ်ထားကျင်းပတဲ့ ဝါဖြေညစာစားပွဲကို မြန်မာနိုင်ငံတွင်းမှာ ဘာသာရေးဖိနှိပ်မှု လူမျိုးရေးခွဲခြားဆက်ဆံမှုမထားဘဲ အုပ်ချုပ်သူ အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် အခုလို အမေရိကန်အစိုးရလိုမျိုး မတူကွဲပြားတဲ့ ဘာသာတရားတွေအပေါ် လေးစားမှုနဲ့ ကျင်းပ ဆောင်ရွက်ပေးမယ်ဆိုရင် အမုန်းတရားနဲ့ စိတ်ဝမ်းကွဲပြားမှုတွေ ရှိတော့မှာမဟုတ်ဘူးလို့ မဝေဝေနုက ပြောလိုက်ပါတယ်။
    .
    “…ဝါဖြေတဲ့ညစာစားပွဲပေါ့နော်။ ဝါဖြေညစာစားပွဲဟာ ကျမအတွက်ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့နိုင်ငံမှာ ကျမတို့က မတူကွဲပြားမှု၊ တခြား ဘာသာတရားတွေကိုကျမတို့ လေးစားမှု၊ ဂုဏ်ပေးမှုတွေကို ကျမတို့မတွေ့ရပါဘူး။ မတွေ့ရဘဲနဲ့ သူများနိုင်ငံမှာလာပြီးတော့ သူများနိုင်ငံကနေပြီးတော့ ဒီလိုမျိုးဖိတ်ပြီးတော့ ကျမတို့ကို လေးစားဂုဏ်ပြုပေးတယ်ဆိုတဲ့ဟာ အရမ်းကို အင်မတန် ဝမ်းမြောက်ဝမ်းသာစရာ ဖြစ်ပါတယ်။ …ဆိုတော့ ဒါမျိုး အလေ့အထတွေကို ကျမတို့ ပြည်တွင်းထဲမှာလည်း ကျမတို့မြန်မာနိုင်ငံအစိုးရကလည်း လုပ်ပေးတာမျိုးကို မြင်ချင်ပါတယ်။ အဲဒါမှ ပြည်တွင်းထဲမှာရှိနေတဲ့ စိတ်ဝမ်းကွဲမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ပြည်သူတွေအချင်းချင်းကြားထဲမှာ မယုံကြည်မှုတွေ ပပျောက်သွားမှာ ဖြစ်ပါတယ်။ အစိုးရတွေ ကိုယ်နှိုက်ကိုက ဦးဆောင်ဦးရွက်ပြုပြီးတော့ ဘာသာတရားတွေကို လေးစားပေးတယ်၊ ဂုဏ်ပြုပေးတယ်ဆိုလို့ရှိရင် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ မယုံကြည်မှုတွေ သောကတွေ ပျောက်သွားမယ်လို့ ထင်ပါတယ်ရှင့်။”
    .
    အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင် တက်ရောက်ချီးမြှင့်မှာဖြစ်တဲ့ ဒီဝါဖြေညစာစားပွဲအတွင်း မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ အခြေအနေတွေကို အဓိကဆွေးနွေးတင်ပြသွားမှာဖြစ်တယ်လို့ မဝေဝေနုက ပြောပါတယ်။
    .
    “အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအပြောင်းအလဲမှာ အားပေးတာကို ကျမတို့ထောက်ခံတယ်-ပေါ့နော်၊ ဒါပေမယ့် အဲဒီ ဒီမိုကရေစီ အပြောင်းအလဲဟာလည်း စစ်မှန်တဲ့ဒီမိုကရေစီအပြောင်းအလဲ ဖြစ်ဖို့လိုတယ်ပေါ့နော်၊ ရိုးသားတဲ့ဒီမိုကရေစီအပြောင်းအလဲဖြစ်ဖို့ လိုတယ်၊ လူတွေရဲ့ အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီဖြစ်ဖို့လိုတယ်-ပေါ့နော်။ နောက်တခါကျတော့ အားလုံးပါဝင်နိုင်တဲ့ဒီမိုကရေစီ ဖြစ်ဖို့လိုတယ်၊ လူနည်းစု တစုကိုပဲဖြစ်ဖြစ်၊ တချို့သောလူတွေကိုပဲဖြစ်ဖြစ် ဖယ်ကျဉ်ပြီးတော့၊ ဒါမှမဟုတ်ရင် နှိပ်ကွပ်ပြီးတော့မှ ရတဲ့ဒီမိုကရေစီမျိုး မဖြစ်သင့်ဘူးဆိုတဲ့ ဟာမျိုးပေါ့။ အဓိက စစ်မှန်တဲ့ ဒီမိုကရေစီရဖို့အတွကို ကျမတို့ကို အားပေးသွားပါ-လို့ ကျမက ပြောချင်တယ်။ နောက်တခါ ကျတော့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ တကယ့်ကို အခြေခံကျတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအားလုံးကို အရင်ဆုံးဖြေရှင်းပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားဖို့လည်း ကျမ ပြောချင်တယ်။ အထူးသဖြင့် ရခိုင်ဒေသမှာရှိတဲ့ ပဋိပက္ခတွေ၊ နောက်ပြီးတော့ ကချင် စစ်ပွဲတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကို အဓိက အမြန်ဆုံးဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းဖို့ ကျမပြောချင်တယ်။ နောက်တခါ တရားမျှတမှုနဲ့ဆိုင်တဲ့ကိစ္စတွေ”
    .
    မြန်မာ့နိုင်ငံရေးမှာ အရေးကြီး အပြောင်းအလဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူအချို့မဲပေးခွင့် မရှိဘဲ နိုင်ငံသားအခွင့်အရေး မရကြတာတွေ၊ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့် မရကြတဲ့ အနေအထားတွေကိုလည်း ရှင်းပြသွားမယ်လို့ မဝေဝေနုကပြောပါတယ်။
    .
    အာရှဒေသတွင်း ပင်လယ်ပြင်တွေမှာ ဒုက္ခရောက်နေကြရတဲ့ အကူအညီမဲ့ လှေစီးပြေးဒုက္ခသည်တွေအရေး ဘာကြောင့် သူတို့ဟာ နေရပ်ရင်းကို စွန့်ခွာ ထွက်ပြေးကြရပါသလဲဆိုတဲ့ အကြောင်းရင်းကို အဓိကထား ဦးစားပေးစုံစမ်းပေးဖို့ တိုက်တွန်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေဆဲ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရအပေါ် အမေရိကန်အစိုးရဘက်က ဖြေလျော့မှုတွေနဲ့ ဆက်ဆံနေတဲ့မူဝါဒသဘောထားတွေနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ပေးဖို့ကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ မဝေဝေနုက ဆိုပါတယ်။

    Justice for Women အဖွဲ့ ဦးဆောင်သူ မဝေဝေနုဟာ အမေရိကန်သမ္မတဟောင်း Gorge W. Bush ရဲ့  Bush Center က စီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှု ( Liberty and Leadership) သင်တန်းရဲ့ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်လက်ခံရယူဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဒီသင်တန်းကို ပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားနေကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့အတူ တက်ရောက်ခဲ့တာဖြစ်ပေမဲ့ မဖြိုးဖြိုးအောင်ကတော့ ဖမ်းဆီးထိန်းသိမ်းခံရပြီး တရား ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ကိုလင်းထက်နိုင်ကတော့ အာဏာပိုင်တွေရဲ့ လက်ကလွတ်မြောက်အောင် တိမ်းရှောင်နေရဆဲဖြစ်လို့ သူတို့နှစ်ဦးဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး သင်တန်းဆင်းပွဲကို တက်ရောက်နိုင်ခြင်းမရှိပါဘူး။

    http://burmese.voanews.com/content/women-activitist-wai-wai-nu-will-is-invited-white-house-dinner-for-muslim-/2832610.html

  • သန့်စင်သော တိုင်းပြည်နှင့် လူမျိုးဖြစ်ရန် စိတ်အညစ်အကြေးများအား ခဝါချလိုက်ကြပါစို့

    သန့်စင်သော တိုင်းပြည်နှင့် လူမျိုးဖြစ်ရန် စိတ်အညစ်အကြေးများအား ခဝါချလိုက်ကြပါစို့

    ဇွန် ၂၂ ၊ ၂၀၁၅
    M-Media
    Z.Y ရေးသည်

    မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများသည် မည်သည့်လူမျိုး မည်သည့်တိုင်းပြည်နှင့်မျှ မတူအောင်ပင် လှူဒါန်းပေးကမ်းမှုများမှာ ရက်ရက်ရောရောနှင့်စေတနာပြည့်ဝစွာ ပါဝင်လျှက်ရှိပေ၏။

    မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့သည် မေတ္တာစေတနာလည်း ကြီးမားစွာထားတတ်ကြပေသည်။ ကိုယ်ချင်းစာတရားလည်း ကြီးမားကြပေသည်။ တခြားကိစ္စကိုမကြည့်နှင့်။ ယခုခေတ်ကာလအချိန်အခါ ရာသီစာဖြစ်သော ကားလမ်းများပိတ်ဆို့ကျပ်ခြင်းကိုပင် ကြည့်ပါလေ။ ဘတ်စ်ကားကြီးများသည် သူ့ထက်ငါဦး ရှေ့ရောက်ချင်သည့်ဇောဖြင့် အကိုရေ တစ်စီးလောက် တစ်စီးလောက် ဟူ၍လည်းကောင်း၊ လက်ပြ၍လည်းကောင်း၊ မီးတောက်၍လည်းကောင်း၊ မိမိတို့လမ်းကြောင်းပေါ်မှ အခြားသောကားလမ်းကြောင်းပေါ်သို့ အဓမ္မတက်ကာ ကျော်ကြခွကြသည်ကို ကျန်သည့်ကားငယ်များမှ ကြည်ဖြူစွာ လက်လျော့ပေးကြလေ၏။ မကြည်ဖြူ၍လည်း မဖြစ်ပြီ၊ မဟုတ်လျှင် အဆဲကြိမ်းခံရပေဦးမည် မဟုတ်ပါလား။

    အလှူရေစက်လက်နဲ့မကွာ တစ်မူးရလို့ တစ်ပဲလှူ အစရှိတဲ့စကားအစဉ်အလာများမှာ မဟုတ်တမ်းတရားပြောဆိုထားခြင်း မဟုတ်ပေ။ မြန်မာလူမျိုးနှင့် တိုင်းရင်းသားများတို့၏ ရက်ရောခြင်း၊ ပေးကမ်းလှူဒါန်းမှုကြီးမားခြင်း စေတနာကိုပြသသော သဘောပင်ဖြစ်၏။ ထိုကဲ့သို့ ရက်ရောမှု၊ မေတ္တာစေတနာထားမှုများကို အခွင့်ကောင်းယူ၍ နည်းလမ်းပေါင်းမျိုးစုံ ဝတ်ရုံလွှာ အမောင်ပြများမျိုးစုံဖြင့် လက်ကြောတင်းအောင် အလုပ်မလုပ်ဘဲနှင့် အရှက်နည်းစွာ တောင်းရမ်းစားသောက်၍ ရေသာခိုတတ်ကြသည်မှာလည်း မြန်မာနိုင်ငံတွင်ရှိသူများပင်တည်း။

    ယခုဆိုလျှင် ကမ္ဘောဒီးယားကဲ့သို့နိုင်ငံငယ်လေးမှာပင် တောင်းရမ်းစားသောက်သူ ပပျောက်လျော့နည်းသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ခံယူထားသည်ကို တွေ့ရှိရပေသည်။ လူဆိုသည်မှာလည်း အကျင့်၏သားကောင်းများပင် မဟုတ်ပါလား။ ခေါက်ရိုးကျိုးနေပြီဖြစ်သော အကျင့်ခြစားနေပြီဖြစ်သော စရိုက်ဆိုးများအား ပပျောက်သွားစေရန် ဆောင်ရွက်ရာတွင် လက်ခုပ်တီးခြင်း ဥပမာကဲ့သို့ နှစ်ဖက်တီးမှ မြည်မည်ဖြစ်သောကြောင့် တောင်းရမ်းသူများဘက်မှ ပေးကမ်းစွန့်ကြဲသူများရှိနေသမျှ ကာလပတ်လုံး သူတို့၏အကျင့်စရိုက်များ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ လုပ်အားနှင့် ငွေကိုငွေအားနှင့် ရင်းနှီး၍ ရှာဖွေကြရသည်မို့ အလွယ်တကူပေးကမ်းစွန့်ကြဲမှုများ မစဉ်းစားမဆင်ခြင် ပေးကမ်းရက်ရောမှုများမှ ရှောင်ကျဉ်ကြရပေမည်။

    သို့ဆိုပါလျှင် ငွေကြေးကိုတောင်းရမ်း၍ အလွယ်တကူမရရှိနိုင်ပြီမို့ လုပ်အားတို့ဖြင့် ရှာဖွေစားသောက်ကြပေလိမ့်မည်။ အမှန်တကယ် အလုပ်မလုပ်နိုင်သူ၊ အလုပ်မလုပ်နိုင်သည့် အရွယ်အိုများကိုဖြင့် မဆိုလိုပေ။ မိမိတို့လုပ်အားဖြင့် ရှာဖွေစားသောက်နိုင်ကြလေသော အရွယ်ကောင်းများ တောင်းရမ်းစားသောက်မှုအား ရှောင်ကျဉ်၍အလုပ်လုပ်ကိုင် စားသောက်ကြမည်ဆိုလျှင် တိုင်းပြည်အတွက် အလုပ်လုပ်သူအင်အားများလည်း တိုးပွားပြီး ရေသာခိုအချောင်နှိုက်လိုစိတ်များလည်း ကင်းဝေးကြပေလိမ့်မည်။

    မိတ်ဆွေ သင်သည် တိုးတက်ကောင်းမွန်လာမည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်တံ့ခိုင်မြဲရန်အတွက် အုပ်တစ်ချပ် သဲတစ်ပွင့်မဖြစ်သော်တောင်မှ ရေစက်ရေပေါက်လေးတစ်ခုပင်ဖြစ်စေဦးတော့။

    Z.Y

  • “အရိုင်း”နှင့် “အယဉ်” (အပိုင်း ၁)

    “အရိုင်း”နှင့် “အယဉ်” (အပိုင်း ၁)

    ဇွန် ၂၃၊ ၂၀၁၅
    M-Media
    “မေတ္တာရှင်” ရေးသည်။
    Ayane and Ayin
    “ဗုဒ္ဓမြတ်စွာသည် အောင်မြင်ခြင်းရှစ်ပါးကို မေတ္တာနဲ့သာ အောင်ခဲ့ပါ၏”

     နိဒါန်း
    သားတို့ သူငယ်ချင်းငါးဦးက ကဆုန်လပြည့်နေ့ မဟာမသယ အခါတော်နေ့ မှာပဲ “ဗုဒ္ဓနှလုံးသားမေတ္တာရှင်” လူငယ်အဖွဲ့လေးရဲ့  အမတေ အစုကလပ်စည်းလေးကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။

    မဟာသမယ အခါတော်နေ့မှာ သုံးလူထွဋ်ထား မြတ်စွာဘုရားရှင် လက်ထက် တစ်ခုသော နယုန်လ အခါသမယတွင် မိုးခေါင်းရေရှားဖြစ်ပွားရာ ဧရာဟဏီ မြစ်ရေကို အားကိုးနေကြရသော ကပိလဝတ်ပြည်နှင့် ကောလိယပြည် တိုင်းရင်းသားတို့ ရေပူမှုဖြင့် အချင်းများ စစ်ဖြစ်သည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။

    ထိုစဉ်တွင် မြတ်စွာဘုရားရှင်သည် ကောင်းကင်ယံမှ ကြွရောက်လာတော်မူ၏။ ငြိမ်းချမ်းရေး တရားမြတ်ဖြစ်သော ဇာတ်တော် (ငါး) ဇာတ်ကို ဟောကြားတော်မူ၏။

    ထို့နောက် “မဟာဝုန်” တောသို့ကြွရောက်ကာ နယုန်လပြည့်နေ့တွင် စင်္ကြာဝဋ္ဌာ တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့အား မဟာသမယသုတ်တော်ကို ဟော်ကြားတော်မူခဲ့ခြင်းအား အစွဲပြု၍ နယုန်လပြည့်နေ့တွင် မဟာသမယသုတ်တော် ရွတ်ဖတ် သရစ္ဆျယ်တော်မူကြသော မဟာမသယ အခါတော်နေ့ ပွဲဆင်ယင်ကျင်းပကြ၏။

    ဤနေ့မြတ်သည် ငြိမ်းချမ်းရေးနှင့် ဆက်နွယ်နေသည့်အတွက် ဤစာတမ်းကိုရေးသားပြုစုပြီး စာဖတ်ပရိတ်သတ်သို့ တင်ဆက်လိုက်ရပါတယ်။

    ရည်ရွယ်ချက်မှာ မ.ဘ.သ နှင့် သာကီသွေးတို့သည် ဒေဝဒတ် နှလုံးသားပိုင်ရှင်များ ဖြစ်နေပုံကို ဗုဒ္ဓဘာသာဝင်တို့ အမှန်အတိုင်း သိမြင်လာစေရန် ရည်ရွယ် ပါသည်။ ဗုဒ္ဓဘာသာကို ချစ်သယောင်ယောင်နှင့် ဆိုးဆိုးဝါးဝါး ထင်တိုင်းကြဲ ဖျက်ဆီးနေကြပုံနှင့် နိုင်ငံရေး လက်ကိုင်တုတ်ဖြစ်နေပုံကို ထင်ရှား သက်သေပြလို၍ ဖြစ်ပါသည်။ အထူးထောက်ပြလိုသည့် အချက်များကတော့

    * လူကုန်ကူးမှုပြသာနာ၊ ကမ္ဘာ့ဘုံကျွန်ဖြစ်နေသော သာကီသွေးဗမာများ
    * ကျယ်ပြန့်လာနေသော အဓမ္မပြုကျင့်မှုများ
    * ဈေးပေါလွန်းလို့ ဘဝပျက်နေတဲ့ သာကီသွေး မြန်မာမလေးများ
    * အရက်သေစာ မူးယစ်ဆေးဝါး ပြသနာ
    * အစိုးရ၏လက်ကိုင်တုတ်ဖြစ်နေမှုနှင့် အစွန်းရောက်မှု
    *  အမုန်းစကား အမုန်းတေး
    * ရာဇဝတ်မှုပိုထူပြောလာတဲ့ သိန်းစိန်အစိုးရ
    * တရုတ်ဆိုကြောက်မှကြောက် ရောဂါ
    * နွားသားရှောင်တာ ဒေဝဒတ် လမ်းစဉ်
    * ရွှေတိဂုံမှာချမ်းသာမပေးတဲ့ စစ်အစိုးရ ရဲ့ ဝိသမသမားများ
    * ကမ္ဘာရွာကြီးမှာ ဗုဒ္ဓနှလုံးသားနဲ့ မေတ္တာရှင်ဆိုရင် လူ့အကျိုးပြု လုပ်ငန်းတွေ အများကြီး လုပ်စရာကျန်ပါသေးတယ်။

    ပြောစရာကတော့ သောင်းခြောက်ထောင်ပါပဲ
    တစ်ထောင့်တစ်ညပုံပြင်လို ပြေမဆုံးအောင်ပါပဲ
    သားတို့တော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ရင်လေးမိပါရဲ့။

    ဆက်လက်ဖော်ပြပါမည်။

    ** ဤဆောင်းပါးဖြင့် ဆရာထင်လင်းဦးကို ဂုဏ်ပြုအပ်ပါသည်။

  • နိုင်ငံရေးပါတီများ အတွက် မေးခွန်းများ (၄)-  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ များနှင့်ပတ်သက်၍

    နိုင်ငံရေးပါတီများ အတွက် မေးခွန်းများ (၄)- လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ များနှင့်ပတ်သက်၍

    ဆောင်းပါးရှင်- အောင်ဒင်
    7DayDaily မှာ ကူးယူဖော်ပြသည်။
    .Ag Din (770) 19-6-2015 Fri
    မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်ပွား နေတယ်လို့ နိုင်ငံတကာအစိုးရ များက ဝေဖန်ကြတဲ့အခါ မြန်မာ အာဏာပိုင်များက ဒီပဋိပက္ခတွေ ဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဟုတ်ဘဲ ဒေသတစ်ခု အတွင်းက လူ့အသိုင်းအဝိုင်းနှစ်ခု ကြား ခိုက်ရန်ဖြစ်ပွားတာဖြစ် တယ်လို့ (Communal Violence) ငြင်းဆိုလေ့ရှိပါတယ်။ ဒါပေမဲ့ လည်း အဲဒီလူ့အသိုင်းအဝိုင်းနှစ်ခု ဆိုတာကို စစ်ဆေးကြည့်လိုက် တော့ တစ်ခုကမြန်မာ၊ ရခိုင်ဗုဒ္ဓ ဘာသာဝင်များ ပါဝင်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်ပြီး နောက်တစ်ခုက ဘင်္ဂါလီ အစ္စလာမ်ဘာသာဝင်များ ရဲ့ အသိုင်းအဝိုင်းဖြစ်နေတာမို့ ဒီပဋိပက္ခတွေဟာ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်တယ်ဆို တာကို ငြင်းလို့ မရနိုင်ပါ။ နောက် တစ်ခုက ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ တွေကို မှန်မှန်ကန်ကန်သုံးသပ် နိုင်မှ မှန်ကန်တဲ့ဖြေရှင်းနည်းကို ရှာဖွေဆောင်ရွက်နိုင်မှာပါ။ ကင်ဆာရောဂါဖြစ်နေတာကို သာမန်ဖျားနာမှုပါဆိုပြီး အကိုက် အခဲပျောက်ဆေးပဲတိုက်နေရင် ရောဂါ မပျောက်နိုင်သလိုပါ။ ပဋိ ပက္ခကို လူ့အသိုင်းအဝိုင်းနှစ်ခု ကြား ခိုက်ရန်ဖြစ်ပွားမှုလို့ ဆုံး ဖြတ်ထားရင် ဖြေရှင်းပုံက သာ မန်ရာဇဝတ်မှုများကို အရေးယူ တာလောက်သာဖြစ်ပါလိမ့်မယ်။ ဒီပဋိပက္ခတွေဟာ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီးဖြစ်ပေါ် နေတယ်လို့ မှန်မှန်ကန်ကန်လက် ခံမှပဲဖြစ်ခဲ့ပြီးတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ နောက်ထပ်မဖြစ်ပေါ် အောင် ကြိုတင်ကာကွယ်တား ဆီးဖို့ မတူညီတဲ့ဘာသာများ၊ လူ မျိုးများအကြား အပြန်အလှန် လေးစားရေးနဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး အသိပညာ ပေးဖို့ စတဲ့နည်းလမ်းမှန်များနဲ့ ပဋိ ပက္ခများကို ဖြေရှင်းနိုင်မှာဖြစ်ပါ တယ်။
    .
    မြန်မာနိုင်ငံမှာ  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ အရင် အစိုးရများ လက်ထက်မှာလည်း အကြိမ်များစွာဖြစ်ခဲ့လို့ အသက် ပေါင်းများစွာ ဆုံးရှုံးပြီး အိုးအိမ် တွေ၊ ဘာသာရေးအဆောက် အအုံတွေ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ရပါတယ်။
    .
    ဦးသိန်းစိန်အစိုးရလက် ထက် ၂၀၁၂ မှာ ရခိုင်ပြည်နယ်က စတင်ပြီး တစ်နိုင်ငံလုံးမြို့ကြီး အချို့မှာ ပျံ့နှံ့ဖြစ်ပေါ်ခဲ့တဲ့ လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခများ ကြောင့်လည်း အသက်အိုးအိမ် တွေ၊ ဘဝတွေ ဆုံးရှုံးရပါတယ်။ ပိုပြီးဆိုးရွားတာက ဗုဒ္ဓဘာသာဝင် လူအများစုက အစ္စလာမ်ဘာသာ ဝင်လူနည်းစုကို အနိုင်ကျင့်တိုက် ခိုက်နေတယ်လို့ ကမ္ဘာ့နိုင်ငံများ က ထင်မြင်ယူဆကြပြီး ကမ္ဘာ့ နိုင်ငံများအလယ်မှာ မြန်မာနိုင်ငံ ရဲ့ဂုဏ်သိက္ခာအကြီးအကျယ် ကျ ဆင်းခဲ့ရပါတယ်။ နိုင်ငံတွင်းမှာလည်း ဘာသာကြီးနှစ်ခု ကိုးကွယ်သူများအကြား သံသယတွေ၊ အပြန်အလှန် ကြောက်ရွံ့စိုးရိမ်မှု တွေ မြင့်မားပြီး ညီညွတ်ရေးပျက် ပြားနေပါတယ်။ ပဋိပက္ခဖြစ်ပွား အောင် လှုံ့ဆော်နေသူများကလည်း မရပ်မနားလှုပ်ရှားနေကြ တာမို့ နောက်ထပ် ပဋိပက္ခတွေထပ်မံဖြစ်ပေါ်နိုင်တဲ့ အလားအလာလည်းရှိပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီများအနေနဲ့ နောက်ခြောက်လလောက်မှာ သူတို့ပါတီက လွှတ်တော်အာဏာရခဲ့ရင်၊ အစိုးရအာဏာရခဲ့ရင်၊ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ထပ်မံမဖြစ်ပွားအောင် ဘယ်လိုမူဝါဒတွေနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားသလဲဆိုတာ သိချင်ပါတယ်။
    .
    ဖွဲ့စည်းပုံအခြေခံဥပေဒ အရ မြန်မာနိုင်ငံသားတိုင်းမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည် ခွင့်ရှိပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်နဲ့တင် မလုံ လောက်တော့ဘဲ အစိုးရနဲ့ လွှတ် တော်က နိုင်ငံသားတိုင်း ‘လွတ် လပ်လုံခြုံစွာ ကိုးကွယ်ယုံကြည် ခွင့်’ရှိအောင် အကာအကွယ်ပေး ဖို့လိုအပ်နေပါတယ်။ အဓိကလုပ် သင့်တာကတော့

    (၁) ဘာသာ ရေး၊ လူမျိုးရေးပဋိပက္ခဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ သွေးထိုးလှုံ့ ဆော်မှုတွေကို ဥပဒေနဲ့ တိတိကျ ကျ ထိထိရောက်ရောက်တားမြစ် အရေးယူနိုင်ဖို့နဲ့

    (၂) ဘာသာ ပေါင်းစုံချစ်ကြည်ရေးအသိပညာ ပေးမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
    .
    သိပ်မကြာသေးမီက ဗုဒ္ဓဘာသာဝင်အချို့ ဝေဖန်ဟောပြောတဲ့ စာရေးဆရာထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှုနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် ၂ နှစ်အပြစ်ပေး လိုက်ပါတယ်။ ဒါပေမဲ့ အစ္စလာမ်ဘာသာနဲ့ အစ္စလာမ်ဘာသာကိုးကွယ်ယုံကြည်သူများကို ပုတ်ခတ်ဝေဖန်ဟောပြောမှုတွေကိုတော့ အစိုးရကအရေးယူတာ မတွေ့ရပါ။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများရဲ့ တရားပွဲအများစုဟာ နိဗ္ဗာန်ရောက်ကြောင်းတရားဟောတာမဟုတ်တော့ဘဲ အမျိုး၊ ဘာသာ၊သာသနာထိန်းသိမ်းစောင့်ရှောက်ရေးခေါင်းစဉ်အောက်မှာ ဘာသာခြားဆန့်ကျင်ရေး ဟောပြောလှုံ့ဆော်ပွဲတွေ ဖြစ်နေပါပြီ။ အဲဒီဟောပြောချက်တွေကို အသံဖိုင်၊အရုပ်ဖိုင်သွင်းယူပြီး ဆက်လက်ဖြန့်ချိကြပါသေးတယ်။ အဲဒီအမုန်းတရား လှုံ့ဆော်ဟောပြောမှုတွေကို အစိုးရက အရေးယူတာ၊လွှတ်တော်က ဥပဒေပြုတားမြစ်တာ မတွေ့ရပါ။ ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်း အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေး ခရီးလာရောက်စဉ်က အမေရိကန် အဖွဲ့အစည်းများက မြန်မာနိုင်ငံ တွင်းမှာ အမုန်းတရားလှုံ့ဆော် ဟောပြောနေတာ (Hate Speech)တွေကို ဘယ်လိုအရေးယူမလဲလို့ မေးတော့ သူရဦးရွှေမန်းက လွှတ် တော်အနေနဲ့ ဥပဒေရေးဆွဲပြဋ္ဌာန်းပြီး အမုန်းတရားဟောပြောမှုများ ကို တားမြစ်ပိတ်ပင်ပါ့မယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ အခု အချိန်အထိတော့ အကောင်အ ထည် မဖော်နိုင်သေးပါ။
    .
    မြန်မာအစိုးရက ဘာသာ ရေး၊ လူမျိုးရေးပဋိပက္ခများကို တားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ‘ဘာသာပေါင်းစုံချစ်ကြည်ညီ ညွတ်ရေးအဖွဲ့’ကို သာသနာရေး ဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့ စည်းထားပါတယ်။ နာယက အဖြစ် အစ္စလာမ်ဘာသာဝင်အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်၊ ဥက္ကဋ္ဌ အဖြစ် ဗုဒ္ဓဘာသာဝင်အငြိမ်းစား သံအမတ်ကြီးဦးစိန်ဝင်းအောင်၊ အတွင်းရေးမှူးချုပ် အဖြစ် ခရစ်ယာန်ဘာသာဝင် ဒေါက်တာ သာဉာဏ်နဲ့ အဖွဲ့ဝင်များ အဖြစ် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ ခရစ်ယာန်ဘာသာများ က ဘာသာရေးခေါင်းဆောင်များ၊ အငြိမ်းစားအရာရှိကြီးများ ပါဝင်ကြပါတယ်။ အဲဒီအဖွဲ့အနေဖြင့် တိုင်းဒေသကြီးများနဲ့ ပြည်နယ် များမှာ အဖွဲ့ခွဲများတည်ထောင်ခြင်း၊ နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာတတ်သော ဘာသာ ရေးပဋိ ပက္ခများတွင် သက်ဆိုင်ရာဘာ သာရေး အကြီးအကဲများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်သံဃာ့ မဟာနာယကဥက္ကဋ္ဌ ဆရာတော်များထံ သွားရောက်လျှောက်ထားသြဝါဒ ခံယူမှုများပြုလုပ်ခြင်း၊ ဒုက္ခသည်များအား သွားရောက်ကူညီထောက်ပံ့ခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်းများပြုလုပ်နေပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆွေးနွေးပွဲ၊ ဟောပြောပွဲတွေကိုလည်း မကြာခဏကျင်းပနေပါတယ်။ သို့သော်လည်း အစိုးရကျောထောက်နောက်ခံပြုထားတဲ့ ‘ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့’ဟာ အစိုးရပိုင်းဆိုင်ရာနဲ့ ပြေလည်ထောက်ခံမှု ရပေမယ့် သာမန်ပြည်သူများကြား အရောက်မသွားနိုင်ပါ။ သာမန် ပြည်သူများကြားမှာ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေတဲ့ အစွန်းရောက်အင်အားစုကြီးရဲ့ အမုန်းတရားလှုံ့ဆော်မှုတွေကို မယှဉ်ပြိုင်၊ မဟန့်တားနိုင်ပါ။
    .
    အရပ်ဘက်လူထုအဖွဲ့ အစည်းအချို့ကလည်း အမုန်း တရားဟောပြောမှုတွေကို တား ဆီးနိုင်ဖို့ ‘ပန်းစကားလှုပ်ရှားမှု’ မျိုး ဆောင်ရွက်နေကြပေမယ့် တစ်ဖက်က အမျိုး၊ ဘာသာ၊သာသနာ အလံထောင်ထားတဲ့ အစွန်းရောက်အင်အားစုကြီးရဲ့ ကျယ်ပြန့်တဲ့မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးကို ယှဉ်ပြိုင်နိုင်စွမ်းမရှိပါ။
    .
    ဒါကြောင့်မို့  အစိုးရကျော ထောက်နောက်ခံပြု‘ ဘာသာ ပေါင်းစုံချစ်ကြည် ညီညွတ်ရေး အဖွဲ့’နဲ့ အစိုးရနဲ့မပတ်သက်တဲ့ အရပ်ဘက်လူထု အဖွဲ့အစည်း များ ပူးပေါင်း လက်တွဲကြမယ်ဆို ရင် အင်မတန် အားကောင်းတဲ့ အင်အားစုကြီးဖြစ်လာပြီး တစ် ဖက်က အင်အားကြီးမားတဲ့ အ မုန်းတရားလှုံ့ဆော်ရာ မကောင်း ဆိုးဝါး အင်အားစုကြီးကို ထိထိ ရောက်ရောက် ယှဉ်ပြိုင် ဟန့်တား နိုင်မယ်လို့ ယုံကြည်ပါတယ်။ ‘ဘာသာပေါင်းစုံ ချစ်ကြည်ညီ ညွတ်ရေးအဖွဲ့’မှာ အစိုးရပိုင် အဆက်အသွယ်နဲ့ အာဏာပိုင် အဖွဲ့အစည်းများရဲ့ထောက်ပံ့ ကူညီမှု၊ ဘာသာရေး အဖွဲ့အစည်း ပေါင်းစုံက ခေါင်းဆောင်များရဲ့ ပူးပေါင်းကူညီမှုများ စတဲ့အရည် အသွေးများရှိနေပြီး အရပ်ဘက် လူထုအဖွဲ့အစည်းများမှာ ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်ရောက်ရှိနိုင်တဲ့ အရည်အသွေးနဲ့ မကောင်းဆိုးဝါး အင်အားစုကြီးကို သတ္တိရှိရှိ ရင်ဆိုင်ရဲတဲ့ အရည်သွေးတွေရှိနေပါတယ်။ ဒီအင်အားစုနှစ်စုရဲ့ အရည်အသွေးတွေကို စနစ်တကျ ပေါင်းစပ်နိုင်မယ် ဆိုရင် မြန်မာနိုင်ငံတစ်ဝန်းလုံးကို အရိပ်မိုးနေတဲ့ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတိမ်တိုက်မည်းကြီးကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အစိုးရဦးဆောင် တဲ့အဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အစိုးရကိုယ်တိုင်က အရပ်ဘက်အဖွဲ့အစည်းများကို လေးလေးစားစားဖိတ်ခေါ်ဖို့လို အပ်ပါတယ်။
    .
    နောက်တစ်ခုက အစိုးရ ကိုယ်တိုင်က သတ္တိရှိရှိ၊ ရဲရဲရင့် ရင့်နဲ့ ဘာသာရေးခေါင်းဆောင် ကြီးများကိုချဉ်းကပ်ပြီး သက်ဆိုင် ရာဘာသာအလိုက် ကိုယ်ပိုင် ကျင့်စဉ်တွေ၊ အလေ့အထတွေကို ပြန်လည်သုံးသပ်ပြီး အများပတ် ဝန်းကျင်နဲ့ မသင့်တော်တာတွေကို ပြင်ဆင်ဖို့၊ ဆင်ခြင်ဖို့ မေတ္တာရပ်ခံ သင့်ပါတယ်။ ဥပမာအားဖြင့် အစ္စလာမ် ဘာသာဝင်များ ယုံ ကြည်မှုအရ ဘာသာရေးအထိမ်း အမှတ်နေ့ရက်တွေမှာ တိရစ္ဆာန် များကိုသတ်ဖြတ်ပူဇော်တာဟာ အသက်သတ်ခြင်းကိုရှောင်ကြဉ် တဲ့ ဗုဒ္ဓဘာသာဝင်များအတွက် တော့ စိတ်မကောင်းစရာပါ။ ယုံကြည်မှုအရဆောင်ရွက်တာကို တားမြစ်လို့မဖြစ်ပေမယ့် အဲဒီလို သတ်ဖြတ်တာကို အများမြင်ကွင်း မှာမပြုလုပ်ဘဲ အများမမြင်ကွယ် ရာမှာဆောင်ရွက်ရင်ပိုပြီးသင့် တော်ပါလိမ့်မယ်။ ပြီးတော့ အချို့ အစ္စလာမ် ဘာသာဝင်များက ဘာသာရေးအရ ခွင့်ပြုလို့ဆိုပြီး မိန်းမလေးယောက်ယူတာ၊  ယူ ထားတဲ့မိန်းမက ဗုဒ္ဓဘာသာဝင် ဖြစ်နေရင် အစ္စလာမ်ဘာသာကို ကူးပြောင်းဖို့ ဖိအားပေးတာ ဘာသာမကူးပြောင်းရင် လင်ယောက်ျားရဲ့ ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံ ခွင့်မရတာစတဲ့ အလေ့အကျင့်တွေဟာ မြန်မာဗုဒ္ဓဘာသာများရဲ့ အစ္စလာမ် ဘာသာအပေါ်အမြင်ကို တိမ်းစောင်းစေနိုင်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများလိုပဲ အစ္စလာမ်ဗလီများကို အများပြည်သူ လာရောက်လေ့လာခွင့်ပေးသင့်ပါတယ်။
    .
    ဗုဒ္ဓဘာသာဘုန်းတော်ကြီး များအနေနဲ့လည်း သံဃာ့ဂိုဏ်း ကြီးကိုးဂိုဏ်းရဲ့အဆင့်ဆင့်အုပ် ချုပ်မှုအောက်မှာ ရပ်တည်နေကြ တာပါ။ ဂိုဏ်းကြီးကိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီးများဟာ မိမိတို့ရဲ့ဂိုဏ်းဝင်သံဃာများ ဝိနည်းနဲ့အညီ နေထိုင်အောင် စည်းကမ်းကြပ်မတ်ဖို့ လိုအပ်ပါတယ်။ မေတ္တာတရားနဲ့ သည်းခံခွင့်လွှတ်ခြင်းကို ဗဟိုပြုတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေကို မွန်မွန်မြတ်မြတ် ထိန်းသိမ်းကျင့်ကြံကြဖို့ သွန်သင်ဆုံးမသင့်ပါတယ်။ ဘာသာခြားမုန်းတီးဆန့်ကျင်ရေး ဟောပြောလှုံ့ဆော်နေတဲ့ သံဃာများကို သက်ဆိုင်ရာဂိုဏ်းအလိုက် စည်းကမ်းများနဲ့အရေးယူသင့်ပါတယ်။ သံဃာ့ဂိုဏ်းကြီးများက စည်းကမ်းပျက်သံဃာများကို ‘ဓမ္မစက်’နဲ့ ထိထိရောက်ရောက် အရေးယူနိုင်ရင် အစိုးရ က‘အာဏာစက်’နဲ့ ဝင်ရောက် အရေးယူစရာလိုမှာ မဟုတ်ပါ။ အမုန်းတရားတွေအပြည့်နဲ့ စစ်သွေးကြွသံဃာများကို မထိန်းသိမ်းနိုင်ခြင်းကြောင့် မြန်မာဗုဒ္ဓ ဘာသာအပေါ် အခြားဘာသာများ၊ အခြားနိုင်ငံများကအမြင် တိမ်းစောင်းနေပါတယ်။
    .
    နောက်အရေးကြီးတာက နေအိမ်အခြေပြုဘုရားကျောင်း များ (Home Church/Home Mosque)ဖြစ်ပါတယ်။ တရားဝင် သာသနာ့အဆောက်အအုံကြီး တွေရှိလျက်နဲ့ (သို့မဟုတ်) မရှိလို့ ဘာသာရေးခေါင်းဆောင်တစ် ယောက်ရဲ့နေအိမ်မှာ စုဝေးပြီး ဝတ်ပြုကြတာကို ဆိုလိုတာပါ။ အဲဒီ နေအိမ်အခြေပြု ဘုရား ကျောင်းများက

    (၁) အစိုးရက သက်ဆိုင်ရာ ဘာသာအတွက် ဘာသာရေး အဆောက်အအုံ ဆောက်လုပ်ခွင့်မပြုလို့၊ သက် ဆိုင်ရာဘာသာကို နှိပ်ကွပ်ထား လို့၊ ဘာသာရေးလွတ်လပ်ခွင့်မရှိ လို့ ကိုးကွယ်ရာဘာသာတူများ နေအိမ်တစ်ခုခုမှာစုဝေးပြီး လျှို့ ဝှက်ဝတ်ပြုကြရတယ်လို့ ထင်မြင် နိုင်စရာအကြောင်းရှိပါတယ်။

    (၂) တရားဝင်ဘာသာရေး အ ဆောက်အအုံရှိလျက်နဲ့ နေအိမ် တစ်ခုခုမှာပဲ စုဝေးဝတ်ပြုတယ် ဆိုရင်လည်း ဘာသာရေးအစွန်း ရောက်များရဲ့ ဂိုဏ်းဖွဲ့စည်းရုံးရာ ဖြစ်လာနိုင်ပြီး အကြမ်းဖက်သမားတွေပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်အများစုနိုင်ငံမှာ ဗုဒ္ဓဘာသာကိုအထူးအလေးပေးရတဲ့ အစိုးရက ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာများကိုလည်း သင့်တင့်လျောက်ပတ်စွာ အားပေးစောင့်ရှောက်တာ၊ ဘာသာရေး အဆောက်အအုံတွေဆောက် လုပ်ဖို့ မြေကွက် လှူဒါန်းတာ၊ ဆောက်လုပ် ခွင့်ပြုတာ၊ နေအိမ် အခြေပြုဝတ်ပြုခြင်းများကို သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက တစ်ဆင့် အားမပေးတာတွေဆောင်ရွက် သင့်ပါတယ်။

    ရွေးကောက်ပွဲက လေးလလောက်ပဲ လိုပါတော့တယ်။ ရွေးကောက်ပွဲပြီးတဲ့နောက်နှစ်လ အကြာ ၂၀၁၆ ဇန်နဝါရီလကုန်မှာ ပြည်ထောင်စုလွှတ်တော် အသစ်စတင်တာဝန်ယူမှာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်အသစ်ရဲ့ ပထမဆုံးအစည်းအဝေးကနေ နိုင်ငံတော် သမ္မတကို ရွေးချယ် တင်မြှောက်မှာဖြစ်ပါတယ်။ ၂၀၁၆ ဖေဖော်ဝါရီလထဲမှာ သမ္မတခေါင်းဆောင်တဲ့အစိုးရ အဖွဲ့သစ်က အုပ်ချုပ်ရေးအာဏာကို စတင်ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုအချိန်၊ ဇွန်လကစလို့ နောက် ရှစ်လလောက်မှာ လွှတ်တော်အာဏာ၊ အစိုးရအာဏာတွေကို ကိုင်တွယ်ကျင့်သုံးရနိုင်တဲ့ နိုင်ငံရေးပါတီများ အဖို့ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများမဖြစ်ပေါ်အောင် ဘယ်လိုမူဝါဒတွေ ချမှတ်ပြီး ဆောင်ရွက်မယ်ဆိုတာကို ရွေးကောက်ပွဲမတိုင်မီ ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း အသိပေးဖို့ လိုအပ်ပါတယ်။ စာမျက်နှာ နှစ်မျက်နှာလောက်ရှိတဲ့ ကြေညာချက်ထုတ်ရုံနဲ့ မလုံလောက်ပါ။

    မူရင်းလင့်ခ် => http://7daydaily.com/story/39991