News @ M-Media
Author: M-Media
  • ၀န်ဇူးမြို့ရှိ အထင်ကရ ခရစ်ယာန် ဘုရားကျောင်းအား တရုတ်အာဏာပိုင်များ ဖြိုဖျက်
    မေ ၁ ၊ ၂၀၁၄
    M-Media
    – နိုင်ငံအရှေပိုင်း ၀န်ဇူးမြို့ရှိ အထင်ကရ ခရစ်ယာန် ဘုရားကျောင်းတစ်ခုအား ယခုတစ်ပတ် တနင်္လာနေ့က တရုတ်အစိုးရမှ ဘူဒိုဇာဖြင့်ထိုးကာ ဖြိုဖျက်ခဲ့သည်ဟု သိရသည်။
    140430054144-china-church-demolished-story-top
    The Sanjiang Church ဟု ခေါ်သည့် အဆိုပါဘုရားကျောင်းမှာ မူလ ခွင့်ပြုထားသည်ထက် ၄ ဆ ပိုကြီးအောင် ဆောက်လုပ်ထားခြင်းကြောင့် တရားမ၀င် အဆောက်အဦးဖြင့် သတ်မှတ်ကာ ဖြိုချ  ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ဖြိုချမှုမှာ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအား ဆန့်ကျင်သည့် အစိုးရ၏ အချက်ပေးမှုဖြစ်သည်ဟု ခရစ်ယာန် အဖွဲ့အစည်းများက စိုးရိမ်နေရသည်။ ထိုဘုရားကျောင်း မဖျက်ဆီးရေး အတွက် ခရစ်ယာန် ဘာသာဝင်များနှင့် အာဏာပိုင်များမှာ ၁ လခန့် အခြေအတင် ဖြစ်ခဲ့ကြသည်။
    အဆိုပါ ပရိုတက်စတင့် ဘုရားကျောင်းကို အစိုးရ၏ Three-Self Patriotic Movement ပရောဂျက်အောက်တွင် ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ စံပြုရမည့် ဆောက်လုပ်ရေး ပရောဂျက်တစ်ခုအဖြစ် ဒေသခံ အာဏာပိုင်များက ပြီးခဲ့သည့် စက်တင်ဘာလကပင်ချီးကျူးခဲ့သေးသည်။
    သို့သော်လည်း The Sanjiang Church ဘုရားကျောင်းတည်ရှိသည့် ယွန်ဂျီယာကောင်တီမှ ၀ါဒဖြန့်ဌာန ပြောရေးဆိုခွင့်ရှိသူ ဂျင်လီဘိုက ၁၈၈၁ စတုရန်း မီတာသာ ရှိရမည့် အဆိုပါ ဘုရားကျောင်းမှာ ၇၉၂၈ စကွဲယားမီတာရှိနေပြီး ဧပြီ ၂၂ ရက်နေ့နောက်ဆုံးထားကာ ပြန်လည်ပြုပြင်ရန် အချိန်ပေးခဲ့ကြောင်း၊ သို့သော်လည် ၅၀၀ စတုရန်းမီတာသာ ဖယ်ရှားခဲ့ခြင်းကြောင့် အာဏာပိုင်များက ဘူဒိုဇာဖြင့် ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။
    ထို့ပြင် ထိုဘုရားကျောင်းအား တရားမ၀င် တိုးချဲ့ဆောက်လုပ်မှု အတွက် ဒေသခံအာဏာပိုင် ၅ ဦးကိုစစ်ဆေးနေပြီး တစ်ဦးအား ဖမ်းဆီးထားကာ၊ အခြား ၄ ဦးအား ထိန်းသိမ်းထားကြောင်း ဂျင်က ထပ်လောင်းပြောကြားခဲ့သည်။
    CNN
  • ကမ္ဘာ့ဘဏ္ဍာရေး ယန္တရားများမှ မြန်မာငွေကြေး အကူအညီ ထပ်မံရရှိ
    မေ ၁ ၊ ၂၀၁၄
    M-Media
    ရဲဝင်း စုစည်းတင်ဆက်သည်။
    မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု နည်းစနစ်တွေ ခေတ်သစ်ဆန်းပြုပြင်ပြောင်းလဲစေရေး အတွက် ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၅၅ သန်း ကို ကမ္ဘာ့ဘဏ်၊ သြစတေးလျနဲ့ အင်္ဂလန်နိုင်ငံတွေက ထောက်ပံကူညီပေးမှု လက်ခံရရှိခဲ့ပါတယ်။
    jim-yong-kim-talks
    ၂၀၁၄ ဇန်နဝါရီ အတွင်း ကမ္ဘာဘဏ် ဥက္ကဌ မြန်မာပြည်သို့ လာရောက်ခဲ့စဉ် ရန်ကုန်တိုင်း မြောက်ဒဂုံပြည်သူဆေးရုံသို့ ရောက်ရှိစဉ် မီဒီယာသို့တွေ့ဆုံစဉ် Photo: Reuters
    ယင်းအကူအညီတွေအနက် ကမ္ဘာ့ဘဏ်ရဲ့ထောက်ခံမှုနဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (IDA) မှ အမေရိကန်ဒေါ်လာ သန်း ၃၀၊ သြစတေးလျ အစိုးရမှ ၈ သန်းခွဲ၊ အင်္ဂလန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ၁၆ သန်းခွဲ တို့ကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။
    ဒီစီမံကိန်းဟာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေပြုလုပ်ရာမှာ ထိရောက်ပြီး တိကျသေခြာစွာ တာဝန်ယူလုပ်ဆောင်နိုင်ကြဖို့အတွက်နဲ့ ဘဏ္ဍာငွေ စီမံခန့်ခွဲမှုတွေကိုပြုလုပ်ရာမှာ နည်းဗျူဟာ ပြင်ဆင်မှုတွေနဲ့ ပိုမိုပြီး ယုံကြည် အားထားရတဲ့ စီမံခန့်ခွဲ့မှု နည်းစနစ်တွေကို အသုံးပြုနိုင်ဖို့တွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။
    ပညာရေး၊ ကျန်းမာရေးနဲ့ ရေသန့်စင်မှု ရရှိရေး အစရှိတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အရေအတွက်နဲ့ အရည်သွေးတွေ တိုးမြှင့်လာပြီး မြန်မာပြည်သူတွေကို အကျိုးပြုလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက ယုံကြည်ထားကြပါတယ်။
    ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim ကလည်း လွန်ခဲ့တဲ့ ဇန္နဝါရီလအကုန်မှာ မြန်မာပြည်ကိုသွားရောက်ခဲ့ပြီး မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒေါ်လာ သန်း ၂၀၀၀ လောက်ကို နှစ်စဉ် ပိုင်းခြားပြီး သီးသန့် ကူညီဖို့ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီအစီအစဉ်ကတော့ ၂၀၃၀ ခုနှစ် မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျန်းမာရေးဆေးကုသမှုရရှိစေရေးနဲ့ လျှပ်စစ်မီး ရရှိစေရေးကို ရည်ရွယ်ထားပါတယ်။
    ဒီ သန်း ၂၀၀၀ အနက် ထက်ဝက်လောက်ကို ရှေ့လာမယ့် ငါးနှစ်ကာလမှ လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေးတွေနဲ့ ဖြန့်ဖြူးပေးရေးတွေ အတွက် ရင်းနှီးမြှပ်နှံ သွားမှာဖြစ်ပါတယ်။ အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ် (ADB) ကလည်း ADB  ရဲ့ ဥက္ကဌ Haruhiko Kuroda  နေပြည်တော်ကို သွားရောက်လည်ပတ်ပြီးတဲ့နောက်မှ လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် လိုအပ်တဲ့ နည်းပညာတွေ၊ ဘဏ္ဍာရေး လိုအပ်မှုတွေ၊ ဆက်သွယ်ရေးတွေနဲ့ အားထားရတဲ့ စွမ်းအင်ရရှိရေးတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကို ချေးငွေအဖြစ် ကူညီထောက်ပံ့ပေးမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
    လျှပ်စစ်စွမ်းအားရရှိမှုဟာ မြန်မာပြည်သူတွေရဲ့ လူနေမှုဘဝမြှင့်မားလာမယ့် အပြင် ပိုမိုကောင်းမွန်တဲ့ စီးပွားရေးနယ်ပယ် ကိုလည်း ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုတွေအနေနဲ့ အလုပ်အကိုင်တွေ များပြားလာမယ်၊ နိုင်ငံတော်ဖွံ့ဖြိုး သာယာလာမယ်၊ ဆင်ရဲနွမ်းပါးမှုလျော့ကျလာမယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim က ယုံကြည်ထားပါတယ်။ အခုလို ကမ္ဘာ့ဘဏ်နဲ့ ပုဂ္ဂလိက ကဏ္ဍတွေရဲ့ ထောက်ပံ့ပေးမှုတွေကြောင့် ၂၀၂၀ ခုနှစ်မှာ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းက လျှပ်စစ်မီး ရရှိကြမှာဖြစ်ပါတယ်။ လက်တလောမှာတော့ ၇၀ ရာခိုင်နှုန်းလောက်က လျှပ်စစ်မီး မရရှိကြပါဘူး။
    အရေးကြီးတဲ့ အခြေခံပြည်သူ့ဝန်ဆောင်မှုတွေက ကုန်ကျစရိတ်တွေမြင့်မားလွန်းနေပြီး ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေဟာ ဒီဝန်ဆောင်မှုတွေကို လက်လှမ်းမမှီဖြစ်နေပါတယ်။ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ပြည်သူတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်ကတော့ အရည်အသွေးမှီတဲ့ ဆေးဝါးကုသမှုတွေကို မရရှိကြဘူးလို့ ကမ္ဘာ့ဘဏ်က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်းမာရေး ဆေးကုသမှုရရှိရေးကို လုပ်ဆောင်နိုင်ဖို့အတွက် ဒေါ်လာ သန်း ၂၀၀ ကိုလည်း ကမ္ဘာ့ဘဏ်က ကူညီပေးမှာဖြစ်ပါတယ်။
    စိုက်ပျိုးရေး ကဏ္ဍအတွက်လည်း နည်းပညာ အကူအညီတွေပေးဖို့နဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ တိုးမြှင့်လာဖို့အတွက် ကမ္ဘာ့ဘဏ်က ကူညီပေးဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ထုတ်ဖော်ခဲ့ပါတယ်။ ဒီစိုက်ပျိုးရေးကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၄၃ ရာခိုင်နှုန်းရှိပါတယ်။ ပြည်တွင်း အလုပ်သမားဦးရေ ထက်ဝက်ကျော်ဟာ စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်လုပ်ကိုင်နေကြပြီး နိုင်ငံတော် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာလည်း စိုက်ပျိုးရေးကဏ္ဍကို မှီခိုနေကြပါတယ်။
    စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကကျတဲ့ ကဏ္ဍတွေကို ဦးစားပေးလုပ်ဆောင်သွားဖို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက ဝိုင်းဝန်းကူညီပေးကြမယ်လို့ သဘောတူထားကြတာဖြစ်ပါတယ်။
    Ref: Myanmar gets more support from world financial institutions – Shanghai Daily
  • ဟဂ်ျခရီးစဉ် အကြောင်းပြသသည့် ပြပွဲတစ်ခု ပြင်သစ်တွင်ပြုလုပ်
    မေ ၁၊ ၂၀၁၄
    M-Media
    – ရာစုနှစ် အဆက်ဆက် အစ္စလာမ်ဘာသာဝင်တို့၏ ဟဂ်ျဘုရာဖူးခရီးစဉ်နှင့် ပတ်သက်သည့် ပြောင်းလဲလာ မှုများအား ပြသထားသည့် ပြပွဲတစ်ခုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
    -
    “ဟဂ်ျ၊ အစ္စလာမ်ဟဂ်ျနှလုံးသည်းပွတ်ဆီသို့ ခရီးစဉ်” ဟု အမည်ရသည့် အဆိုပါ ပြပွဲကို ပဲရစ်မြို့ရှိ အာရပ်ကမ္ဘာအသင်းတွင် ဧပြီလနှောင်းပိုင်းက ကျင်းပပြု လုပ်ခြင်းဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။
    အဆိုပါပြပွဲတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ အရင် အချိန်မှစ၍ မက္ကာဟ်မြို့နှင့် ဟဂ်ျဘုရားဖူးခရီးစဉ် ပြောင်းလဲလာ မှုများကို အနုပညာလက်ရာများ၊ ဓာတ်ပုံများနှင့် ရှားပါး လက်ရေးမူများနှင့် ခေတ်အလိုက် အသုံးပြုသည့် အ၀တ်အထည်များကို အသုံးပြုကာ ဖော်ပြထားသည်။
    “လက်ရှိခေတ်ကနေ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ အရင်ကို ပြန်သွားခဲ့ရတာပါ။ ခံစားမှုကတော့ အတူတူပါပဲ။ ဟဂ်ျဟာ မွတ်စလင်အားလုံးရဲ့ နှလုံးသားထဲက လက်ဆောင်ပါပဲ” ဟု အဆိုပြပွဲ တာဝန်ခံ အိုမာရ် ဆဂ်ဟီက AFP သတင်းဌာသို့ ဧပြီ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
    ဟဂ်ျခရီးစဉ်၏ အစပိုင်းတွင်း ဘုရားဖူခရီးသွားများမှာ ခြေကျင်ဖြင့်လည်းကောင်း၊ ကုလားအုပ်များကို အသုံးပြု၍လည်းကောင်း သွားခဲ့ရသည်။ နောက်ပိုင်းတွင် နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ဟဂ်ျဘုရားဖူးခရီးစဉ်သို့ သွားရောက်သူများမှာလည်း မြင့် တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လာရောက်သူ ၃ သန်းရှိကာ ၁.၆ သန်းမှာ လေယာဉ်ဖြင့် လာရောက်ကြသူများဖြစ်သည်။
    ဟဂ်ျဘုရားဖူးခရီးစဉ်မှာ အစ္စလာမ်သာသနာ၏ အဓိကမဏ္ဍိုင်ကြီး ၅ ခုအနက်မှ တစ်ခုဖြစ်သည်။ အစ္စလာမ်အယူဝါဒ၏ အရေးပါသော သဘောထားကို အမှတ်သညာပြုခြင်းလည်းဖြစ်ကာ၊ တမန်တော်ကြီး အီဗရာဟင်မ်(အ) မိသားစုအား အလ္လာဟ်အရှင်မြတ်ဘက်မှ စမ်းသပ်မှုများကိုလည်း ပြန်လည် သတိရစေခြင်းလည်းဖြစ်သည်။
    အဆိုပါပြပွဲတွင် နှစ်ပေါင်းမျာစွာအကြာက ဘုရားဖူးခရီးစဉ်အကြောင်း ဖော်ပြထားသော ရုပ်ကြွ ငယ်များ၊ ခရီးစဉ်လာရောက်ခွင့်အတွက် ထုတ်ပေးထားသည့် ရှေ့ကျသော လက်မှတ်များကိုလည်း ပြသထားသည်။ ထို့ပြင် ၁၉ ရာစုနှစ်က ပြင်သစ် အနုပညာရှင် လီယွန် ဘဲလီရေးဆွဲထားသည့် “Pilgrims Going to Makkah” ဟဂ်ျခရီးစဉ် ပန်းချီကားကိုလည်း ပါဝင်ပြီး အော်တိုမန် အင်ပါယာလက်ထက် မက္ကာမြို့ရှိ ကအ်ဗာကျောင်းတော်အနီး ဘုရားဖူးများ စုဝေးနေသည့် ပုံစံကို မင်နှင့် ခံတဲဖြင့် ရေးဆွဲထားသည့် မြေပုံတစ်ခုလည်းပါဝင်သည်။
    ဟဂ်ျခရီးစဉ်အကြောင်း ပြသခြင်းမှာ ယခုအချိန်မှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက “Journey Through Art”  ခေါင်းစဉ်ဖြင့် ထိုကဲ့သို့ ဟဂ်ျခရီးစဉ် ပြပွဲတစ်ခုကို ကာတာနိုင်ငံ၌ ပြုလုပ်ခဲ့သေးသည်။ ၂၀၁၂ ခုနှစ်ကလည်း ဗြိတိန်ရှိ ပြတိုက်တွင် ဟဂ်ျခရီးစဉ်အကြောင်း ပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ရာစုနှစ်အလိုက် မက္ကာမြို့သို့ သွားရောက်ရပုံများပါဝင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ဟဂ်ျခရီးစဉ် ပြပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
    OnIslam & News Agencies
    Photo-AFP
  • ကံဆိုးသူတို့ရဲ့ ထပ်ဆင့်ဒုက္ခများ (Photo Essay)
    မေ ၁ ၊ ၂၀၁၄
    M-Media
    မင်းထွဋ်ခေါင် ဘာသာပြန်သည်။
    10
    ရခိုင်ပြည်နယ်၊ စစ်တွေရှိ ဒါးပိုင် ဒုက္ခသည်စခန်းမှ တဲကုတ်အတွင်းနေထိုင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီး နူရ်ဘေဂမ် အား အာဟာရချို့တည့်နေသည့် အမွားပူးငယ်လေးငယ်နှစ်ယောက်နှင့် အတူ တွေ့ရစဉ် Photo Copy Right-REUTERS/Minzayar
    ဘာသာရေးအကြမ်းဖက်မှုကြောင့် မြန်မာမွတ်စ်လင်မ်လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာများက အိုးအိမ်မဲ့ဖြစ်သွားခဲ့ရတဲ့နောက် ယခုအချိန်မှာ နိုင်ငံတကာထောက်ပံ့ ကူညီမှုကန့်သတ် ခံလိုက်ရပြန်တဲ့ အတွက် ဆိုးသထက်ဆိုးရွားလာတဲ့ ကျန်းမာရေးပြဿနာကို အသည်းအသန် ရင်ဆိုင်နေရရှာပါတယ်။
    ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ သန်းတစ်ဝက်ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု အဓိကပေးနေတဲ့ Medecins Sans Frontieres-Holland (MSF-H) အဖွဲ့ကို မြန်မာအစိုးးရက ဖေဖော်ဝါရီလအတွင်း မောင်းထုတ်ခဲ့ပါတယ်။
    22
    ၂၀၁၂ ခုနှစ်ကစပြီး ဗုဒ္ဓဘာသာဝင်နဲ့မွတ်စ်လင်မ်တို့အကြားက အကြမ်းဖက်မှုကြောင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတို့ဟာ နေရပ်စွန့် အိုးအိမ်မဲ့ဘ၀ ရောက်ခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ လက်ရှိ နေထိုင်နေရတယ်။ အထက်ဖော်ပြပါပုံက သူတို့ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ သူတို့တစ်တွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုအပြင် အခြေခံလိုအပ်ချက်အကူအညီပေးနေကြတဲ့ အဲန်ဂျီအို နဲ့ ကုလရုံးတွေကို ရခိုင်လူရမ်းကားတစ်စုက မတ်လအတွင်းမှာ ဦးတည်တိုက်ခိုက်ခဲ့ကြတယ်။
    ဇန္န၀ါရီလက ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မောင်းတောမြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တယ်။ အဲ့ဒီ အကြမ်းဖက်ခံလူစုကို Medecins Sans Frontieres-Holland (MSF-H) အဖွဲ့က ကုသပေးခဲ့တယ်လို့ ကြားသိရပြီးနောက် အဆိုပါအဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေကို မြန်မာအာဏာပိုင်များက တားဆီးပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။
    အဲ့ဒီ အကြမ်းဖက်မှုမှာ ဗုဒ္ဓဘာသာဝင် ရခိုင်ရွာသားတို့လက်ချက်နဲ့ ရိုဟင်ဂျာ ၄၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂမှ ဆိုထားပါတယ်။
    ၂၀၁၄ ဧပြီ ၂၃၊ ပေါက်တော်၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)
    09
    ယခုလ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နှစ်သစ်ကာလအဆုံးသတ်ချိန်မှာတော့ အဲန်ဂျီအို အားလုံးနီးပါးရဲ့ လုပ်ငန်းတွေ ပုံမှန်ပြန်လည်ဆောင်ရွက်စေမယ်လို့ မြန်မာအစိုးရက ဆိုခဲ့သော်လည်း ရိက္ခာဖြန့်ပို့ဝေငှတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တစ်ဖွဲ့တည်းသာ ယခင်အတိုင်း ပြန်လည်သွားရောက်ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။
    ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းတစ်ခုမှာ ထောက်ပံ့ရေးရိက္ခာဝေစုရရှိဖို့ စောင့်ဆိုင်းနေရတဲ့ ရိုဟင်ဂျာတစ်စုကို အထက်ဖော်ပြပါပုံထဲ တွေ့ကြရပါလိမ့်မယ်။
    ရခိုင်လူ့အဖွဲ့အစည်းခေါင်းဆောင်များက ဗဟိုအစိုးရနယ်ပယ်ထဲအထိ ထိုးဖောက်လို့ ပြန်လည်ဝင်ရောက်လိုကြတဲ့ အခြားကယ်ဆယ်ကူညီရေးအဖွဲ့များအပေါ် တစ်ဖက်သတ်စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြဋ္ဌာန်းစေခဲ့တယ်။
    အဲန်ဂျီအိုအဖွဲ့များအနေနဲ့ သူတို့ခရီးစဉ်များ၊ စီမံချက်များကို အကြွင်းမဲ့ ပွင့်လင်းမြင်သာစွာ ဖွင့်ချဖော်ပြမယ်၊ ပြီးတော့ ရိုဟင်ဂျာတို့ကို မျက်နှာသာမပေးဘူး ဆိုမှသာ ပြန်လည်ဆောက်ရွက်ခွင့်ပြုသွားမယ်လို့ ရခိုင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းက ပြောခဲ့ပါတယ်။
    ၂၀၁၄ ဧပြီ ၂၄ ရက်၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)
    dX-7h4A2tDcTPCgddOJQ1PQjS3USDoSkMJ7xgvh0wdvZRhY1DtE-pDfQOvaKkmy8g-CO1dO65F0Q6zu56YzbEw
    ပြည်ပအထောက်အပံ့ အကြီးအကျယ် လစ်ဟာသွားခြင်းနဲ့အတူ လူနည်းစုမွတ်စ်လင်မ်များအဖို့ တော်တော်ရုန်းကန်နေကြရပါတယ်။
    ဖုန်ထူညစ်ထေးတဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ Gorima Khatu ရဲ့ သုံးနှစ်အရွယ်သမီးငယ် Asoma လေးဟာ diarrhoea ဝေဒနာခံစားရပြီး သေဆုံးသွားခဲ့တယ်။
    “ အကယ်၍ တစ်စုံတစ်ဦးသာ ကူညီဖို့ ရောက်လာခဲ့မယ်ဆိုရင် ကျွန်မရင်သွေးလေး ဒီတောင်ကို ကျော်နိုင်ခဲ့မယ်လို့ ကျွန်မ ထင်မြင်ပါတယ် ” ဆိုပြီး ကလေးမိခင် Gorima က ပုဝါအုပ်ထားတဲ့ ကလေးရဲ့ရုပ်ကလာပ်ကို ပုခက်လွှဲသလိုပြုပေးရင်း ပြောရှာပါတယ်။
    ၂၀၁၄ ဧပြီ ၂၈ ရက်၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)
    01ဒုက္ခသည်စခန်းများစွာကို ရောက်ရှိခဲ့တဲ့ ရိုက်တာသတင်းထောက်များက ဖျားနာတဲ့ဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေကြရကြောင်း ဖွင့်ထုတ်တင်ပြကြပါတယ်။ အထက်ပါပုံထဲက အာဟာရချို့တဲ့နေတဲ့ ၂၅ ရက်သား အမြွာလေး နှစ်ဦးက သာဓကတစ်ရပ်ဖြစ်ပါတယ်။
    အစိုးရဖက်က ဆေးကုသရေးအဖွဲ့က ရိုဟင်ဂျာဒေသတွေဆီ အခါအားလျော်စွာ သွားရောက်ကြပေမယ့် ပြည့်ဝလုံလောက်မှု မရှိကြဘူးလို့ ပြည်ပကူညီရေး အဖွဲ့အစည်းများက ဆိုပါတယ်။ အဲ့ဒီလူတွေအများစုက ရိုဟင်ဂျာတွေရဲ့ ဘယ်အရေးမှာဖြစ်ဖြစ် ဖြစ်ကတတ်ဆန်း လျော့တိလျော့ရဲ ဆောင်ရွက် သွားခဲ့ကြတာဖြစ်တယ်။
    ၂၀၁၄ ဧပြီ ၂၄၊ စစ်တွေ၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)
    08အထက်ဖော်ပြပါ ကြိမ်းနီပြင်မှာဆိုရင် ရိုဟင်ဂျာ ၄၆၀၀ နီးပါးဟာ ရဲအစောင့်အကြပ်အောက်မှာ နေကြရပြီး သွားလာခွင့်လည်း ကန့်သတ်ခံထားရတယ်။ အစိုးရက သူတို့ကို ခိုးဝင်လာတဲ့ ဘင်္ဂါလီများအဖြစ် သတ်မှတ်ထားလို့ပါပဲ။
    အဲ့ဒီ နေရာမျိုးတွေမှာ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရတယ်ဆိုတဲ့ အဆိုကို ရခိုင်ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ငြင်းပယ်ခဲ့တယ်။
    “ အဲ့ဒီစခန်းတွေထဲက တစ်ခုမှာ လာရောက်တဲ့သူတိုင်းကို ဖျားနာနေတဲ့ ကလေးတွေပြသနေတတ်တဲ့ လူတစ်စုရှိနေတယ်။ ဆေးကုသရေးကို အစိုးရဖက်က စီစဉ်ပေးသည့်တိုင် သူတို့က ငြင်းဆန်ကြတယ်လေ” လို့ သူက ပြောပါတယ်။
    ကူညီရေးအဖွဲ့တွေကို မည်သည့်သြဇာလွှမ်းမိုးမှု မရှိစေပဲ ရခိုင်ပြည်နယ်ဆီ ပြန်သွားခွင့်ပြုဖို့ အမေရိကန်၊ ဗြိတိန်နဲ့ အခြားနိုင်ငံတို့မှ မြန်မာအစိုးရအပေါ် တွန်းအားပေးထားပါတယ်။
    ၂၀၁၄ ဧပြီ ၂၈၊ ပေါက်တော၊ မြန်မာ (ဓာတ်ပုံ – မင်းဇေယျာ/ရိုက်တာ)
    21
    ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းတစ်ခုဖြစ်သော ဒါးပိုင်စခန်းအနီး လယ်ကွင်းများအတွင်း ဆော့ကစားနေကြသည့် ကလေးငယ်များ
    REUTERS/Minzayar
    02 ကြိမ်းနီပြင်ဒုက္ခသည်စခန်းတွင် ရပ်နေသော ရိုဟင်ဂျာ အမျိုးသမီးများ
    REUTERS/Minzayar
    03သက်ကယ်ပြင်ဒုက္ခသည်စခန်းသို့ လာရောက်သော ရှောင်တခင်ဆေးခန်းတွင် ဆေးကုသမှုခံယူရန် စောင့်စားနေကြသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် ၎င်းတို့၏ကလေးငယ်များ
    REUTERS/Minzayar
    04 ဒုက္ခသည်စခန်းတစ်ခု၌ အရေပြားရောဂါဝေဒနာခံစားနေရရှာသည့် ကလေးငယ်အား ပွေ့ချီထားသော ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး
    REUTERS/Minzayar
    05 ကြိမ်းနီပြင်မှ ဒုက္ခသည် ရိုဟင်ဂျာ မိန်းမငယ်တစ်ဦး
    REUTERS/Minzayar
    07
    သက်ကယ်ပြင်စခန်းအနီး ရွာတစ်ရွာရှိ အိမ်သစ်တစ်ဆောင်အတွင်း ကြမ်းပြင်ပေါ် လဲလျောင်းနေသည့် ကလေးငယ်။ ထိုကလေးငယ်မှာ တင်အောင်ဇင် (၉ နှစ်)ဖြစ်ပြီး ယခင်နေရပ်ဝန်းကျင်၌ အကြမ်းဖက်မှုဖြစ်စဉ်အတွင်း လန့်ဖျပ်သွားခြင်းကြောင့် ကိုးမားဝေဒနာခံစားနေရသည်ဟု ၎င်း၏မိခင်က ပြောပြသည်။
    REUTERS/Minzayar
    06ဒါးပိုင်စခန်းရှိ ကိုယ်ပိုင်အခန်းတစ်ခုအတွင်း ဆိုးဆိုးဝါးဝါး အာဟာရချို့တဲ့နေသည့် သားချင်းလေးကို ကိုင်ထိန်းထားသော ကလေးတစ်ဦး
    REUTERS/Minzayar
    Muslim_Rohingya_crisis_worsens_in_Burma_-_The_Washington_Post_-_2014-05-01_11.48.44 ကြိမ်းနီပင်စခန်းတွင် diarrhoea ဝေဒနာဖြင့် သေဆုံးသွားသည့် သုံးလအရွယ် Asoma Khatu ၏ ရုပ်ခန္ဓာအား ပိတ်ဖြူတစ်စဖြင့် ခြုံလွှမ်းထားပုံ
    REUTERS/Minzayar
    11သက်ကယ်ပြင်စခန်းရှိ အခန်းအတွင်း တစ်နှစ်ကျော် အဆုတ်ရောဂါဝေဒနာဖြင့် လဲနေသည့် အသက် ၅၄ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသား မုဟမ္မဒ် အလီ
    REUTERS/Minzayar
    13 diarrhea ဝေဒနာကို တစ်ပတ်ကျော်ခံစားနေရသည့် မုဟမ္မဒ် အလံမ်အား သူ့အခန်းရှေ့ ဖျာတစ်ချပ်ပေါ် လဲလျောင်းနေသည်ကို တွေ့ရစဉ်
    REUTERS/Minzayar
    18ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ်မှ အစာရေစာဝေစုများကို လက်ခံရယူနေကြသော သဲချောင်းစခန်းမှ ရိုဟင်ဂျာများ
    REUTERS/Minzayar
    17ကောင်းဒုက္ခစခန်းတွင် တွေ့ရသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် သူတို့၏ကလေးငယ်များ
    REUTERS/Minzayar
    14 ဒါးပိုင်စခန်းအနီး ဆေးရုံတစ်ခု၌ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှ ဆရာဝန်တစ်ဦးထံ စမ်းသပ်ခံနေသော ရိုဟင်ဂျာအမျိုးသမီး နှင့် သူနာပြုထံ မိမိ၏ရင်သွေးကို ပြသနေသော ရိုဟင်ဂျာအမျိုးသမီး
    REUTERS/Minzayar
    19စစ်တွေရှိ သက်ကယ်ပြင်စခန်းမှ ယာယီဆေးခန်းသို့ မိခင်ဖြစ်သူက ခေါ်ဆောင်သွားပြီး စစ်ဆေးပြီးနောက် diarrhea ဝေဒနာခံစားနေကြောင်း သိခဲ့ရသည့် အသက် ၂၂ လအရွယ် ရိုဟင်ဂျာမိန်းကလေး Musana Khatu
    REUTERS/Minzayar
    15သဲချောင်းစခန်းတွင် ဆေးပေးဝေနေသည့် ဆေးပေးခန်း။ ၎င်းကို ယာယီဆေးကုသခန်းအဖြစ်လည်း အသုံးပြုသည်။
    REUTERS/Minzayar
    12ယာယီဆေးခန်းတွင် မိမိ၏ဖျားနာခြင်းကို ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် ရိုဟင်ဂျာလူငယ်တစ်ဦး
    REUTERS/Minzayar  16
    ကြိမ်းနီပြင်ဒုက္ခသည်စခန်း၏ မြင်ကွင်းတစ်ရပ်
    REUTERS/Minzayar
  • ကမ္ဘာ့ အဆိုးရွားဆုံး အာဟာရ ချို့တည့်မှုကြောင့် သေတွင်းရောက်နေရ သူများ၏ ပုံရိပ်များ
    မေ ၁ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်- O’Laie Manzu
    ရိုဟင်ဂျာလူမျိုးဆိုတာကတော့ ကမ္ဘာ့ပေါ်မှာ ဥပက္ခာပြုခြင်းခံရဆုံးသော လူမျိုးလို့ အတော်များများသိကြပါတယ်။ မြန်မာစိုးရရဲ့ ခွဲခြားဆက်ဆံခြင်း ခံနေကြရပြီး နိုင်ငံအနောက်ပိုင်း နယ်စပ်ဒေသမှာနေထိုင်ကြတဲ့ မွတ်စလင် လူနည်းစုလည်းဖြစ်ပါတယ်။ သူတို့ရဲ့ ဒုက္ခတွေကိုတော့ သေသေချာချာ မှတ်တမ်းတင်ထားနိုင်ပေမယ့် လက်တွေ့ရင်ဆိုင်နေရတဲ့ ဘဝကတော့ သိပ်ပြီးပြောင်းလဲမှု မရှိပါဘူး။ Reuters သတင်းဌာနက ထုတ်ဖော်တင်ပြလိုက်တဲ့ ပုံရိပ်တွေကတော့ အကြမ်းဖက် လူစုကြီးရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေနေထိုင်တဲ့ ရခိုင်ပြည်နယ်ရှိ ပြည်တွင်း ဒုက္ခသည် စခန်းတွေထဲက ပုံတွေဘဲဖြစ်ပါတယ်။
    10
    ရခိုင်ပြည်နယ်၊ စစ်တွေရှိ ဒါးပိုင် ဒုက္ခသည်စခန်းမှ တဲကုတ်အတွင်းနေထိုင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီး နူရ်ဘေဂမ် အား အာဟာရချို့တည့်နေသည့် အမွားပူးငယ်လေးငယ်နှစ်ယောက်နှင့် အတူ တွေ့ရစဉ် Photo Copy Right-REUTERS/Minzayar
    ဖေဖော်ဝါရီလ လောက်ကနေစပြီး နိုင်ငံခြားက ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကို မြန်မာ အာဏာပိုင်တွေ နှင်ထုတ်ပြီးတဲ့နောက်မှာ နေထိုင်မှု အခြေအနေတွေ ပိုမိုဆိုးရွားလာတွေကို ဒီပုံရိပ်တွေမှာ ထင်ဟပ်စေပါတယ်။ ဆာလောင် မွတ်သိပ်မှုတွေနဲ့ အာဟာရ ချို့တည့်မှုတွေ ရင်ဆိုင်နေကြရပြီး မွေးကင်းစ ကလးငယ်တွေကတော့ ဒီဒဏ်တွေကို ပိုပြီး ခံစားကြရပါတယ်။ ဒုက္ခသည်တွေကို ဆေးဝါး ကုသမှုပေးနေခဲ့တဲ့ Medecins Sans Frontieres ဆရာဝန်များအဖွဲ့ကို အစိုးရက နှင်ထုတ်ပြီးတဲ့နောက် ရက်သတ္တပတ် အနည်းငယ်အတွင်း ကြိမ်နီပင် ဒုက္ခသည် စခန်းမှာ မွေးကင်းစ ခြောက်ယောက် သေဆုံးခဲ့တဲ့ အကြောင်း ကယ်ဆယ်ရေး လုပ်သား တစ်ဦးပြောပြတယ်လို့ Reuters မှာဖော်ပြထားပါတယ်။
    ရိုဟင်ဂျာတွေကို အခြားမြန်မာ အများစုကတော့ တရားမဝင် ခိုးဝင်လာတဲ့ နိုင်ငံခြားသား ဘင်္ဂါလီတွေလို့ သက်မှတ်ကြပါတယ်။ မြန်မာနိုင်ငံသားဖြစ်ခွင့် ကိုလည်း ငြင်းပယ် ထားပါတယ်။ ဒါပေမယ့် ၁၃ သိန်းခန့်ရှိတဲ့ ဒီလူတွေဟာ ရိုဟင်ဂျာလို့ လက်ခံထားကြပြီး မြန်မာနိုင်ငံ နောက်ဖျားရှိ အာရကန်ပြည်ကို မျိုးရိုစဉ်ဆက် အလိုက် မွေးရပ်ဌာနေလို့ သက်မှတ်ကြပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေကို ရုတ်သိမ်းလိုက်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား က ဒီလအတွင်းအခြေအနေကို ဆန်းစစ်လေ့လာခဲ့ပါတယ်။ အစာရေစာ မဖူလုံမှုတွေနဲ့ ကျန်မာရေးဆေး ကုသမှု လစ်ဟာနေတာတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ “ရိုဟင်ဂျာ မွတ်စလင် အသိုင်းအဝိုင်း အပေါ် အခုလို နှစ်ရှည်လများ ခွဲခြား ဆက်ဆံမှုတွေနဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေပြုလုပ်နေတာ လူသားများအပေါ် ရာဇဝတ်မှုကျူးလွန်ရာ ရောက်တယ်” လို့ သူကဆိုပါတယ်။
    08
    နူရ်ဘေဂမ်ရဲ့ ရက်ပိုင်းအရွယ် ကလေးငယ်များ Photo Copy Right-REUTERS/Minzayar
    ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေနဲ့ လူမျိုး အငြင်းပွားမှုတွေဟာ ဆိုးသွမ်းလှတဲ့ စစ်အာဏာရှင် လက်အောက်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းလာပြီး ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ မြန်မာနိုင်ငံ အတွက် ပုံရိပ် မဲကြီးတွေဖြစ်ပါတယ်။ ရှေ့ရိုးစွဲတွေကို အားပြုတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အမျိုးသားရေး ဝါဒတွေကိုသာ အပြစ်တင်ရပါလိမ့်မယ်။ ၂၀၁၃ ခုနှစ် မတ်လမှာ ရွှေဆိုင် တစ်ခုက အငြင်းပွားရာကနေ ဗုဒ္ဓဘာသာဝင် လူစုကြီးက မွတ်စလင်တွေကို ဝိုင်းဝန်း တိုက်ခိုက်တဲ့ အဖြစ်အပျက်ကြီး တစ်ရပ် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှာဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး တစ်သိန်းလေးသောင်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ကြီး အနက် လူ ၄၃ ဦးသေဆုံးခဲ့တဲ့ မီးရို့သတ်တဲ့ လုပ်ရပ်ကြီးကတော့ အကျည်းတန်ဆုံးဖြစ်ရပ် တစ်ခုပါဘဲ။
    တချို့ကတော့ မြန်မာနိုင်ငံက နိုဘလ်ဆုရှင်လည်းဖြစ် ဒီမိုကရေစီ ချန်ပီယန်ကြီးလည်းဖြစ်တဲ့ ပါလီမန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေတဲ့ အတွက် အတော်လေးကို စိတ်ပျက်နေကြပါတယ်။ တချိန်တည်းမှာ ရိုဟင်ဂျာတွေဟာ ဖယ်ကြဉ်ခြင်းခံနေရပေမယ့် သူတို့ကို လုံးဝကြီးတော့လည်း ဥပက္ခာပြု မေ့မထားပါဘူး။ ဒါပေမယ့် တကယ်တန်းတော့ သူတို့အတွက် ကယ့်မယ့်လူလည်းမရှိသလို မျော်လင့်ချက်လည်း မဲ့နေပါတယ်။
    (မှတ်ချက်။ Ishaan Tharoor ရေးသားပြီး Washington Post မှာဖော်ပြထားတဲ့ Shocking images of the world’s most forsaken people starving to death ဆောင်းပါးကို O’Laie Manzu မှ ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။)
    ဓါတ်ပုံများ FB တွင် ကြည့်လိုလျှင် =>http://goo.gl/ddT9so