News @ M-Media

Author: M-Media

  • ယူကရိန်းအရေး လုံခြုံရေးကောင်စီတွင် အရေးပေါ် ဆွေးနွေးရန် ရုရှတောင်းဆိုထား

    မေ ၂ ၊ ၂၀၁၄
    M-Media

    – ယူကရိန်းနိုင်ငံအရှေ့ပိုင်း Slovyansk မြို့တွင် ယူကရိန်း စစ်ဘက်သုံးရဟတ်ယာဉ်များ ယနေ့တွင် ပစ်ချခံခဲ့ရကာ စစ်သား ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    v2-Slavyansk-REUT
    လက်နက်များတင်ဆောင်သည့် Mi-24 ရဟတ်ယာဉ် ၂ စင်းနှင့် Mi-8 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တို့အား အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပိုက်လော့တစ်ဦးမှာ သေဆုံးခဲ့ရကာ တစ်ဦးမှာ ဖမ်းဆီးခြင်းခံထားရကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ထိုတိုက်ခိုက်မှု ကိုလည်း ရှုတ်ချခဲ့သည်။  Slovyansk မြို့မှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားများ ကြီးစိုးရာဒေသဖြစ်သည်။

    Odessa မြို့တွင်လည်း ယူကရိန်းထောက်ခံသူများ၏ ဆန္ဒပြမှုကို ခွဲထွက်ရေးသမားများက အင်အားသုံးဖြိုခွင်းခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်။

    ယူကရိန်းအရေး အရေးပေါ်ဆွေးနွေးမှုပြုလုပ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ရုရှားက တောင်းဆိုထားပြီး၊ လုံခြုံရေးကောင်စီကလည်း အစည်းအဝေးပြုလုပ်ရန် ရှိနေသည်။

    ယူကရိန်း ယာယီသမ္မတ တာချီနော့ဗ်ကမူ ရုရှားလက်နက်ကိုင် သောင်းကျန်းသူများမှာ ယမန်နေ့ညက ယူကရိန်းနိုင်ငံအတွင်းသို့ ၀င်ရောက်ရန်ကြိုးစားခဲ့ပြီး နယ်စပ်မှ ယူကရိန်းတပ်များက ပြန်လည်ခုခံခဲ့ရသည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

    live.aljazeera

  • အတူနေ အခန်းဖော် မြန်မာချင်း နားရွက်ကိုက်သူအား စင်ကာပူ တရားရုံးမှ ထောင် ၁၅ လ အပြစ်ပေး

    မေ – ၂  ၊ ၂၀၁၄
    M-Media

    Screen Shot 2014-05-02 at 2.41.38 pm
    – အချင်းချင်း စကားများရာမှ အတူနေ တစ်နိုင်ငံတည်းသား၏ နားရွက်ကို ကိုက်ဖြတ်ခဲ့သော မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ်သူ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးအား စင်ကာပူ တရားရုံးက ထောင်ဒဏ် ၁၅ လ ချမှတ်ခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က အသက် ၂၈ နှစ်အရွယ် မင်းမင်းထိုက်ဆိုသူမှာ သူငယ်ချင်းတစ်ဦးနှင့် အရက်သောက်ကာ အပြင်မှပြန်လာစဉ် အခန်းတွင်း ရှိနေသည့် တစ်နိုင်ငံတည်းသား နိုင်ဝင်းအား အော်ဟစ် ကန်ကျောက်ကာ နားရွက်ကို ကိုက်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကိုက်ခဲ့မှုကြောင့် နိုင်ဝင်း၏ နားရွက်မှာ အလျား ၄ စင်တီမီတာနှင့် အနံ ၁ စင်တီမီတာအရွယ်ခန့် ပြတ်တောက်သွားခဲ့သည်။

    တရားရုံးတွင် မင်းမင်းထိုက် က အခန်းဖော်အား နာကျင်စေခဲ့မှု အတွက် မိမိတွင် အပြစ်ရှိကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။ မည်သည့် အကြောင်းကြောင့် မိမိ၏ အခန်းဖော်ဖြစ်သူအား ကိုက်ခဲ့သနည်းဟု  မေးမြန်းရာ မင်းမင်းက ထိုအဖြစ်အပျက် အတွက် တောင်းပန်ကြောင်း ထိုအချိန်တွင် မိမိမှာ မူးနေကြောင်း စကားပြန်မှ တစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်။

    သို့သော်လည်း တရားသူကြီး စတီဖင်ခိုက မင်းမင်းမှာ အခင်းဖြစ်ပွားချိန်တွင် အလွန်အကျွံမူးနေခြင်းမရှိဘဲ မည်သည့်အရာပြုလုပ်နေသည်ကို သိရှိကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် လက်လွတ်စပယ် အရက်သေစာသောက်သုံးမှုက ဆိုးရွားသော ရာဇ၀တ်မှုဆီသို့ ဦးတည်သွားနိုင်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: straitstimes

    *photo for illustration purposes only

  • အကြမ်းဖက်နိုင်ငံများ စာရင်းတွင် အမေရိကန်က ထည့်သွင်းခဲ့မှုအား ကျူးဘား ရှုတ်ချ

    မေ ၂ ၊ ၂၀၁၄
    M-Media

    20144277374629580_20

    – အမေရိကန်အစိုးရမှ ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ကျူးဘား အစိုးရ ကိုယ်တိုင်က အကြမ်းဖက်ဝါဒကို အားပေးနေသည်ဟု ဖော်ပြထားမှုကို ကျူးဘားနိုင်ငံက ရှုတ်ချလိုက်သည်ဟု သိရသည်။

    အကြမ်းဖက်ဝါဒနှင့် ပတ်သက်သည့် နိုင်ငံများ စာရင်းအား အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ရာ ကျူးဘား၊ အီရန်၊ ဆူဒန်နှင့် ဆီးရီးယားနိုင်ငံတို့ ပါဝင်ခဲ့ပြီး ထိုနိုင်ငံများမှာ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်ဝါဒအား ထောက်ပံ့မှုများ လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။ ကျူးဘားနိုင်ငံမှာ ထိုစာရင်းတွင် ၁၉၈၂ ခုနှစ်ကတည်းကရှိနေခဲ့ခြင်းဖြစ်သည်။

    ယခုကဲ့သို့ သတ်မှတ်ခြင်းက ကျူးဘားနိုင်ငံအား ယခင်က ချမှတ်ထားသည့် ဆိပ်ကမ်းများသို့ ၀င်ထွက်သွားလာမှု ပိတ်ပင်ထားခြင်းထက်ပို၍ အခြားသော စီးပွားရေးပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်လာစေမည်ဖြစ်သည်။

    ကျူးဘားအနိုင်ငံခြားရေး ၀န်ကြီးဌာနက ထိုကဲ့သို့ သတ်မှတ်ခြင်းကိုပယ်ချခဲ့ပြီး၊ မူမမှန်သော၊ တစ်ဖက်သတ်ဆန်သော၊ စိတ်အလိုအတိုင်းသတ်မှတ်ထားသော အဆိုပါစာရင်းမှ ပယ်ဖျက်ရန် တောင်းဆိုကြောင်း ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ထုတ်ပြန်ခဲ့သော ကျူးဘားအစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    Reuters
  • စင်ကာပူနိုင်ငံ၏ ပထမဆုံး သမ္မတ ယူစွတ်ဖ်ဘင်အစ္စဟက် Yusof Bin Ishak

    မေ ၂ ၊ ၂၀၁၄
    M-Media
    ရှာဖွေတင်ပြသူ- ကိုလတ်(တောင်ကြီး)

    singapore

    Yusof Bin Ishak သည်စင်ကာပူနိုင်ငံ၏ ပထမဆုံးသမ္မတတာဝန်ကို 1965 မှ 1970 အထိ ထမ်းဆောင်ခဲ့သည်။ 12 August, 1910 တွင် မလေးရှားနိုင်ငံ Taiping Perak နယ်တွင်မွေးဖွားခဲ့သည်။ မိသားစုဝင် ၉ ဦးအနက်အကြီးဆုံးသားဖြစ်သည်။ ဖခင်မှာ Encik Ishak Bin Ahmad ဖြစ်သည်။ ဖခင်ဖြစ်သူသည် မလေးရှားနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်းတွင် ခေတ္တ ဒါရိုက်တာအဖြစ်တာဝန်ယူ လုပ်ဆောင်ပေးခဲ့သည်။

    1923 တွင်ဖခင်တာဝန်ကျသည့်စင်ကာပူတွင် အတူလိုက်ပါနေထိုင်ခဲ့ပြီး Victoria Bridge School တွင် 1923 ဒီဇင်ဘာလအထိပညာသင်ကြားခဲ့သည်။ 1924 တွင် Raffles Institution သို့ဝင်ခွင့်ရခဲ့ပြီး Cambridge School Certificate ကိုဂုဏ်ထူး များစွာဖြင့်အောင်မြင်ခဲ့သည်။ Yusof သည်ကျောင်းသား ဘဝကပင် တက်တက်ကြွကြွနေလေ့ရှိပြီး အားကစားဘက်ကိုလည်း အထူး လိုက်စားခဲ့သည်။ 1933 အငယ်တန်းအလေးမ ပြိုင်ပွဲ၏ ချန်ပီယံဖြစ်သည်။

    10170824_10202422926509842_7375961033095362524_nကျောင်းပြီးခဲ့ပြီးနောက် 1929 တွင်သူငယ်ချင်းနှစ်ယောက်နှင့်အတူ အားကစား မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။1932 တွင် မလေးရှားနိုင်ငံ၏ ထိပ်သီး သတင်းစာ Warta Malaya တွင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ လုပ်ရည်ကိုင်ရည်နှင့် ပင်ကိုယ် အစွမ်းအစကောင်းမွန်မှုကြောင့် အချိန်တိုအတွင်းမှာပင် လက်ထောက်မန်နေဂျာ အဖြစ်လည်းကောင်း ယာယီအယ်ဒီတာ အဖြစ်လည်းကောင်း ရာထူးတိုးမြှင့်ပေး အပ်ခြင်းခံရသည်။

    1938 တွင်းရာထူးမှနုတ်ထွက်ပြီး သူငယ်ချင်းများနှင့်အတူ Utusan Melayu Press ltd ကိုတည်ထောင်ပြီး Managing Director အဖြစ် တာဝန်ယူခဲ့သည်။ 1942 မှ 1945 အထိ ဂျပန်တို့စင်ကာပူကိုသိမ်းပိုက်ထားစဉ် အတွင်း Malaya သို့တိမ်းရှောင်ခဲ့သည်။ ဂျပန်တို့ လက်နက်ချ ဆုတ်ခွာပြီးမှသာ ပြန်လည်ရောက်ရှိလာပြီး ယင်းကုမ္ပဏီ၏ Managing Director အဖြစ်ပြန်လည် ဦးဆောင်ခဲ့သည်။

    Yusof သည် ပုံနှိပ်မီဒီယာတစ်ခု၏ MD တစ်ယောက်ပင်ဖြစ်နေလင့်ကစား အစိုးရ အဖွဲ့၏ အရေးပါသော အစည်းအဝေးပွဲများကိုလည်း တက်ရောက်ခဲ့ရသည်။ 1948 မှ 1950 အထိ Film Appeal Committee ဝင်ဖြစ်ခဲ့ပြီး Nature Reserve Committee ၏အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သည်။ 1948 တွင်ဗြိတိန်သို့ First Press Delegation Member တစ်ဦးအနေဖြင့်သွားရောက်ခဲ့သည်။ အစိုးရအစီအစဉ်ဖြင့် ဇနီးသည် Puan Noor Aishah နှင့်အတူ 1963 ဧပြီလတွင် ကမ္ဘောဒီးယားသို့ သွားရောက်လည်ပတ်ခဲ့ပြီး ယင်းလမှာပင် ဆော်ဒီအာရေးဗျ နိုင်ငံ၏ နိုင်ငံတော်ဧည့်သည် အဖြစ်သွားရောက်ကာ ဟာဂ်ျပြုခဲ့သည်။
    images
    1965 July လတွင် စင်ကာပူ တက္ကသိုလ်၏အဓိပတိဖြစ်ခဲ့သည်။ ဘရူနိုင်းဆူလတန် ၏ The Most Esteemed Royal Family Order of Brunei ဂုဏ်ထူးဆောင် ဘွဲ့ကို 1960 November လတွင် ချီးမြှင့်ခြင်းခံခဲ့ရသည်။ 9th August 1965 တွင် စင်ကာပူနိုင်ငံ လွတ်လပ်ရေးရသောအခါ ပထမဆုံးသမ္မတ အဖြစ်ရွေးချယ်ခြင်း ခံခဲ့ရသည်။ 1967 ဒီဇင်ဘာလ တွင်ဒုတိယ သက်တမ်း ၄ နှစ်အတွက်ထပ်မံရွေးချယ်ခံရသည်။

    Yusof Bin Ishak သည် ဇနီးသည် Puan Noor Aishah နှင့် သားတစ်ဦး သမီး နှစ်ဦး ထွန်းကားခဲ့ပြီး 23 November 1970 တွင်ကွယ်လွန်ခဲ့သည်။ စင်ကာပူနိုင်ငံ တွင်ယနေ့သုံးစွဲလျက်ရှိသော ငွေကြေးများ တံဆိပ်ခေါင်းများတွင် Yusof Bin Ishak ၏ရုပ်ပုံကို ဂုဏ်ပြုထည့်သွင်းရိုက်နှိပ်ကာ သုံးစွဲလျက်ရှိကြသည်။

  • ကမ္ဘာပေါ်က လူတွေကို အသက်အန္တရာယ် အပေးဆုံး လူသတ်သတ္တဝါများ

    မေ ၂၊ ၂၀၁၄
    M-Media
    ATL ဘာသာပြန်သည်။
    BiggestKillers_final_v8_no-logo
    လူအချင်းချင်းပဲ အန္တရာယ် အပေးဆုံးလို့ ပြောတော့မယ် မဟုတ်လား ? ဒီသေကြေစေတဲ့ လက်နက်တွေ၊ အဆိုးရွားဆုံးပျက်စီးစေတဲ့ ဗုံးတွေ၊ ဓာတုအဆိပ်တွေ၊ ကျွန်ုတို့အချင်းချင်း သတ်ဖြတ်ကြတဲ့ အခြားပစ္စည်းအမျိုးမျိုးတွေ …။

    ဟုတ်ပါတယ်။ ဒါပေမယ့် လူအချင်းချင်း သတ်ဖြတ်မှုက ဒုတိယပဲလိုက်ပါတယ်။ အရေအတွက်အားဖြင့် ၄၇၅ဝဝဝ (၄ သိန်း ၇ သောင်းကျော်) နှစ်စဉ်လူသားကြောင့် သေဆုံးတယ်။ အရေအတွက် တော်တော်ဝေးဝေးနဲ့ ဒုတိယ လိုက်တာပါ။ မိုက်ကရိုဆော့ဖ် သူဌေးကြီး ဘီလ်ဂိတ် ရဲ့ အဆိုအရ “ခြင်” တွေက တစ်နှစ်ကို လူပေါင်း ၇၂၅၀၀၀ ( ၇ သိန်း ၂ သောင်းကျော်) ကို သေစေပါတယ်။ အဲ့ဒီထဲက လူ ၆၀၀၀၀၀ ( ၆ သိန်း) က ငှက်ဖျားပိုး ကူးစက်ခံရတာကြောင့်ဖြစ်ပါတယ်။ နောက်ထပ် လူသန်းပေါင်း ၂၀၀ လောက်က ရောဂါကြောင့် လူစဉ်မမီ (ချို့ယွင်းချက်) တွေဖြစ်ကုန်ပါတယ်။

    ဘီလ်ဂိတ်က နာမည်ကျော် Discovery Channel က ငါးမန်းအကြောင်းစူးစမ်းလေ့လာရေး ရုပ်သံလိုင်းအလားတူမျိုး ခြင်တွေအကြောင်း Channel တစ်ခုပြုလုပ်သွားဖို့ သူ့ရဲ့ ဝက်ဘ်ဆိုက် ဖြစ်တဲ့ http://www.gatesnotes.com/Health/Most-Lethal-Animal-Mosquito-Week  မှာ ဖော်ပြထားပါတယ်။ ဘီလ်ဂိတ်နဲ့ သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းတို့ဟာ ခြင်တွေသယ်ဆောင်တဲ့ ရောဂါတွေကို လုံးဝအမြစ်ပြတ် ဖယ်ရှားပစ်ဖို့ အထူးကြိုးစားနေကြပါတယ်။

    ဓာတ်ပုံအညွန်း

    လူအသက်သေကြေစေမှုအလိုက် သတ္တဝါများ၏ အန္တရာယ်ပေးမှုအရေအတွက်လိုက် အစီအစဉ်
    ခွေး – နှစ်စဉ် ၂၅၀၀၀ သေဆုံး
    မြွေ- နှစ်စဉ် ၅၀၀၀၀ သေဆုံး
    လူ – နှစ်စဉ် ၄၇၅၀၀၀ သေဆုံး
    ခြင် – နှစ်စဉ် ၇၂၅၀၀၀ သေဆုံး

    Ref: gatesnotes