News @ M-Media
Author: M-Media
  • သမိုင်းဝင် လင်းဇင်းကုန်း မွတ်စလင်သုဿာန်နှင့် ဗလီအား ဘူဒိုဇာထိုးဖျက်ဆီး (ဓါတ်ပုံ)
    မတ် ၂၃၊ ၂၀၁၄
    M-Media
    သုတမောင်
    မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ လင်းဇင်းကုန်း သမိုင်းဝင် မွတ်စလင်သုဿာန်အတွင်းရှိ သင်္ချိုင်းဂူများနှင့် ဗလီတစ်လုံးအား မန္တလေးမြို့ စည်ပင်သာယာရေးအဖွဲ့က ယနေ့ မနက် ၆-နာရီမှ စတင်ကာ ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
    သတင်းဖတ်ရန် http://www.m-mediagroup.com/news/25640
    1011618_678450885530718_1712348098_n
    1506986_678450702197403_761300330_n
    1518286_678450785530728_312927711_n
    1907599_678450862197387_226805309_n 1920264_678450715530735_1299930048_n
    1978788_678450825530724_1406096032_n
    10003180_678450822197391_267255654_n
    10013255_678450802197393_1736203598_n
    10153736_678450728864067_134301169_n
  • ဘိုင်ယန်မှာ ယမန်နှစ်ထက် ပိုကောင်းလာပြီး ဆုဖလားများ ထပ်ရမယ်လို့ နောက်ခံလူ ဖိလစ်လမ်းဆို
    မတ် ၂၂ ၊ ၂၀၁၄
    M-Media
    – ဂွာဒီယိုလာလက်ထက် ဘိုင်ယန်အသင်းမှာ ယမန်နှစ်ကထက်ပိုကောင်းလာပြီး ဆုဖလားများလည်း ထပ်မံဆွတ်ခူးလိမ့်မည်ဟု ယုံကြည်ကြောင်း  ဘိုင်ယန်မြူးနစ်နှင့် ဂျာမန် လက်ရွေးစင် ခံစစ်မှူးး ဖီးလစ်လမ်းက ပြောကြားလိုက်သည်။
    336875_heroa
    ယမန်နှစ်က ဖလားသုံးလုံးရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းမှာ ယခုနှစ် ဘွန်ဒစ်လီဂါတွင် ၂၃ မှတ်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင်ထားပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နှင့် ဂျာမန်ရှုံးထွက်ဖလားတွင် ဆီးမီးဖိုင်နယ်သို့ ရောက်ရှိနေသည်
    ဘိုင်ယန်အသင်းမှာ ယမန်နှစ်ကထက် ပိုကောင်းလာပြီး၊ ဖလားသုံးလုံး ဆက်လက်ရယူနိုင်မည်ဟု ယုံကြည်နေသည့် ဖိလစ်လမ်းက
    “၂၀၁၃ ခုနှစ်ကတော့ ကျွန်တော်တို့အတွက် သိပ်ကောင်းတဲ့ နှစ်ပါပဲ။ ဒါပေမယ့် ဘိုင်ယန်ဆီက  အစွမ်းအစတွေ အများကြီး လာပါလိမ့်မယ်။ ပွဲတိုင်းကို ကျွန်တော်တို့ ထိန်းချုပ်ပြီး၊ ရလဒ်တွေက အမြဲတမ်း ကျွန်တော်တို့လက်ထဲမှာရှိပါတယ်။ ဒီယုံကြည်မှုက ရလဒ်ကောင်းတွေရစေပြီး မနှစ်ကထက်လည်း အသင်းကို ပိုကောင်းစေပါတယ်” ဟု လမ်းက SID သတင်းဌာနသို့ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းအား ရင်ဆိုင်ရန်ခက်ခဲသည်ဟု ပြိုင်ဘက်အသင်းများက ထင်မြင်နေခြင်းအား အလွန်ကျေနပ်မိသည်ဟု လမ်းက ထပ်လောင်းပြောကြားခဲ့သည်။ လမ်းမှာ ဘိုင်ယန်အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ယခုနှစ်ကစားခဲ့သည့် ပြိုင်ပွဲအားလုံးတွင် ပါဝင်ခွင့်ရထားသူဖြစ်သည်။
    Goal
  • ပြည်သူများက အစိုးရအဖွဲ့ လာဘ်စားမှုအား ဖွင့်ချမှုကြောင့် Twitter Website တူရကီပိတ်ပင်
    မတ် ၂၁၊ ၂၀၁၄
    M-Media
    – တူရကီ ဝန်ကြီးချူပ် အာဒိုဂန်မှာ ချစားမှုများရှိသည်ဟု ပြည်သူများက Twitter စာမျက်နှာတွင် ရေးသားမှုများပြုလုပ်ခဲ့ပြီးနောက် Twitter သုံးစွဲမှုအား တူရကီအစိုးရမှ ပိတ်ပင်ခဲ့သည်ဟု သိရသည်။
    _73718123_73718117
    Twitter အသုံပြုမှုအား ချက်ခြင်းပိတ်ပင်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု တူရကီဆက်သွယ်ရေး ကုမ္ပဏီ TIB မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားကြောင်း သုံးစွဲသူများအား Twitter မှ မေးလ်ပို့ခဲ့သည်ဟု တူရကီနိုင်ငံသားများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။
    တူရကီဝန်ကြီးချူပ် အာဒိုဂန်နှင့် ၎င်း၏ အနီးကပ်အာဏာပိုင်များအတွင်း ရှိနေသော ချစားမှုများနှင့် ပတ်သက်၍ အထောက်အထားစာတမ်းများ၊ ဗီဒီယိုဖိုင်များ Twitter စာမျက်နှာတွင် မကြာသေးမီ သီတင်းပတ်များအတွင်းက ပေါ်ထွက်လာပြီးနောက်ပိုင်း တူရကီအစိုးရက ယခုခဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
    အစိုးရက တရားမ၀င်ဟု သတ်မှတ်သည့် လိပ်စာအချို့အား ဖယ်ရှားရန် ငြင်းဆန်ခဲ့သောကြောင့် တူရကီအာဏာပိုင်များက Twitter အား ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် Antolia သတင်းဌာနက ပြောကြားခဲ့သည်။ ထိုသတင်းအား တူရကီဆက်သွယ်ရေး စောင့်ကြည့်အဖွဲ့ BTK ကလည်း အတည်ပြုခဲ့သည်။
    သို့သော်လည်း ထိုကဲ့သို့ ပိတ်ပစ်မှုမှာ ယာယီသာဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ အဖြေရှာရန် ကြိုးစားနေကြောင်း တူရကီ ဒုတိယ၀န်ကြီးချုပ် အလီ ဘာဘာကန်က ဆိုသည်။ Twitter ဘက်ကမူ ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့်ကြေညာချက်မှ မထုတ်ဘဲ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး၊ Twitter အား SMS မှ အသုံးပြုရန်လမ်းညွှန်ကို လွှင့်တင်ပေးခဲ့သည်။
  • ၂၀၁၄ ကုန်ခါနီးတွင် မြန်မာပါလီမန် လစ်လပ်နေရာများ အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖွယ်ရှိနေ
    ၂၀၁၄ ကုန်ခါနီးတွင် မြန်မာပါလီမန် လစ်လပ်နေရာများ အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖွယ်ရှိနေ
    M-Media
    မတ်လ ၂၁ ရက်၊ ၂၀၁၄
    ယခုနှစ် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလအတွင်း မြန်မာ ပါလီမန်၏ လစ်လပ်နေရာပေါင်း ၂၈ ခုမှ ၃၀ ခုအတွက် ကြားဖြတ်ရွေးကောက် ပွဲပြုလုပ် သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် အကြီးအကဲ ဦးတင်အေးက ပြောကြားခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ရက်စွဲအတိအကျကိုမူ မကျင်းပမီ ၃ လအလိုတွင် ထုတ်ပြန်သွားမည် ဖြစ်သည်။
    ဧပြီလ ၂၀၁၂ က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ပါလီမန်နေရာပေါင်း ၄၅ ခုတွင် ၄၃ ခုကို NLD က အနိုင်ရရှိခဲ့သည်။ ယခု ၂၀၁၄ တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၁၅ အကြိုရွေးကောက်ပွဲဖြစ်နေ၍ နိုင်ငံရေးပါတီများက မိမိတို့၏ အင်အားကို စမ်းသပ်နိုင်ကြမည့် အခွင့်အလမ်း တစ်ရပ်လည်း ဖြစ်နေသည်။
    NLD ကမူ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ “ပါလီမန်မှာ နေရာ လွတ်ရှိနေရင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရမှာပါ။ ဒါဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်လည်းဖြစ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲကို ရာသီဥတုမကောင်းလို့ဆိုပြီး ရက်ရွှေ့ကျင်းပနိုင်တယ်လို့လည်း အခြေခံဥပဒေမှာ ရေးထားတာမျိုး မရှိဘူး။” ဟု NLD ပါတီမှ ဦးဝင်းမြင့်က RFA သို့ ပြောကြားခဲ့သည်။
    တိုင်းရင်းသားအခြေခံပါတီများကမူ အခြေခံဥပဒေပြင်ဆင်ရေး ကို တောင်းဆိုတင်ပြနေရာပြီး ထိုပါတီများအနေဖြင့် လာမည့်ရွေးကောက် ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း RFA က ဖော်ပြသည်။
  • အာဆင်နယ်အသင်းတွင် တတ်နိုင်သလောက် ဆက်ရှိချင်သည်ဟု ၀င်းဂါးဆို
    မတ် ၂၁ ၊ ၂၀၁၄
    M-Media
    – အာဆင်နယ်အသင်း၏ သက်တော်ရှည် နည်းပြ အာဆင်ဝင်းဂါးက ၎င်းအနေဖြင့် ကလပ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိသည်ဟု အတည်ပြုခဲ့ပြီး၊ အသင်းတွင် တတ်နိုင်သလောက် ဆက်ရှိချင်သည်ဟု ပြောကြားခဲ့သည်။
    377648_heroa
    ယခုနှစ်ကုန်တွင် အဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အာဆင်ဝင်းဂါးမှာ ၂ နှစ်သက်တမ်းတိုးရန် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မူအားဖြင့် သဘောတူခဲ့သည်။ သို့သော်လည်း အာဆင်နယ်အသင်းမှ တစ်နှစ်လစာ ပေါင်တစ်သန်းပေးရန်း ကမ်းလှမ်းမှုကိုမှု ပယ်ချခဲ့သည်။
    အာဆင်ဝင်းဂါး အာဆင်နယ်အသင်းအား ကိုင်တွယ်သည့် ပွဲ ၁၀၀၀ ပြည့်မြောက်သည့်အတွက် အသင်းမှ ပြုလုပ်သည့် ဂုဏ်ပြုပွဲတွင် ၀င်းဂါးက အသင်းတွင် ဆက်နေရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
    “အသင်းမှာ တတ်နိုင်သလောက်နေဖို့ ကျွန်တော် တက်ကြွနေပါတယ်။ ဒါပေမယ့် နောက်လာမယ့်ပွဲ ၁၀၀၀ဟာ ခက်ခဲမယ်ဆိုတာတော့ ကျွန်တော် လက်ခံပါတယ်” ဟု ၀င်းဂါးက ဆိုသည်။
    ထို့ပြင် အာဆင်နယ်အသင်းအား ပွဲတစ်ထောင်ပြည့်မြောက်အောင် ကိုင်တွယ်ခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ အသင်းမှာ မိမိအား ထောက်ခံခဲ့ပြီး၊ အခွင့်အရေးများလည်း ပေးခဲ့ကြောင်း၊ မိမိမှာလည်း အသင်းအပေါ် သစ္စာရှိမှုအား ပြသခဲ့ကြောင်း ၀င်းဂါးက ထပ်လောင်း ပြောကြားခဲ့သည်။
    သို့သော်လည်း နောက်ဆုံး ၈ နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့မှုကြောင့် အာဆင်ဝင်းဂါးမှာ ဝေဖန်မှုများကိုခံနေရပြီး၊ ၀င်းဂါးကိုယ်တိုင်ကလည်း အနာဂတ်နှင့် ပတ်သက်၍ ယခုနှစ် ရလဒ်အပေါ်မူတည်သည်ဟု ရာသီအစက ပြောဆိုခဲ့သည်။
    Goal