ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
M-Media
မောင်ရင်လေး
မနေ့ကအချိန်လေးရတုန်း အွန်းလိုင်းပေါ်မှာ မွှေနှောက်ရင်းနဲ့ သတင်း ဘလော့လေးတစ်ခု ဖတ်လိုက်ရတယ်။
ဖတ်မိလိုက်တဲ့အကြောင်းကလည်း အဲ့ဒီဘလော့မှာတင်ထားတဲ့ ကိုရင်လေးတွေက ဖုန်းတစ်လုံးကို ငုံ့ကြည့်နေပြီး ခေါင်းစဉ်ပေးထားတာကလည်း My IPhone ဆိုတော့… အိုင်ဖုန်းနဲ့ ကိုရင်လေးတို့ ဘာများဖြစ်ကျသလဲဆိုတဲ့ စူးစမ်းကြည့် ချင်စိတ်ကြောင့်ပါ။
တစ်ကယ်တမ်း ဖတ်ကြည့်မိလိုက်တဲ့ အခါကျမှ အိုင်ဖုန်းနဲ့ ကိုရင်လေးက ဘာမှမဆိုင်ဘဲ ဘလော့တစ်ခုရဲ့ စာဖတ်သူအတွက် attraction တစ်ခုထားတယ်လို့ပဲ မှတ်ယူလိုက်ပါတယ်။
စာရေး သူဟာလည်း အိန္ဒိယသူ မီဂါးဘာရီး ဖြစ်ပြီးတော့ နယူးဒေလီ အခြေစိုက် အလွတ်တန်းသတင်းသမားတစ်ဦးပါလို့ အဲ့ဒီ blog မှာအတိအလင်းဖော်ပြထားပါတယ်။
သုံးထားတဲ့ဓာတ်ပုံအညွန်း(original source)ကိုလည်းသေချာထည့်ပြထားပါတယ်။
ဒီအထိကဘာမှမထူးခြားပါဘူး။ ကျွန်တော်ပြောချင်တဲ့အချက်က ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ် 7 day နေ့စဉ်သတင်းစာ ဖတ်မှပေါ်လာတာပါ။ ယင်း 7 day သတင်းစာရဲ့ Feature စာမျက်နှာ(စာမျက်နှာ ၁၆)မှာ အပေါ်က ကျွန်တော်တင်ပြထားတဲ့ blog ကိုဘာသာပြန် ပြီးထည့်ထားပါတယ်။ ဘာသာပြန်တာက အကြောင်း မဟုတ်ပေမယ့် ဘာသာပြန်ဖြစ်ကြောင်း မူရင်းစာရေးသူ ဘယ်သူဘယ်ဝါဆိုတာ မပါတဲ့အပြင် ဓာတ်ပုံ အညွန်းဆိုတာလည်း မတွေ့ရပါဘူး။ အောက်ဆုံးမှာ ခင်မေဇော်(ဝါရှင်တန်ဒီစီ)ဆိုပြီး ကိုယ်တိုင်ရေး ပုံစံဖမ်းကာ ထည့်ထားပါတယ်။
ဒီမှာတင် ပြန်ကြားရေးဒုဝန်ကြီး ပြောသွားတဲ့မြန်မာပြည်က ရောင်းအား အကောင်းဆုံး စောင်ရေ အများဆုံးဆိုတဲ့ သတင်းစာ ဂျာနယ်တို့ရဲ့ကျင့်ဝတ် အနေအထားကို သုံးသပ်မိရင်း ကမ္ဘာ မီဒီယာအသိုင်းအဝိုင်းမှာ မြန်မာ့မီဒီယာက ဘယ်နေရာရှိနေမလဲဆိုတာ တစ်ယောက်ထဲ တွေးတောမိနေပါတော့တယ်။
My iPhone in Burma ဆောင်းပါး မူရင်းလင့် => http://www.newyorker.com/online/blogs/currency/2014/01/my-iphone-in-myanmar.html