News @ M-Media

အီရန်-မော်ရိုကို သံတမန် အဆက်အသွယ် ပြန်လုပ်မည်

ဖေဖော်ဝါရီ ၆၊ ၂၀၁၄
M-Media

349439_Iran-Morocco-relations
– ၄ နှစ်ကြာရပ်တန့်နေခဲ့သည့် သံတမန်ရေးရာ အဆက်အသွယ်ပြတ်တောက်မှုကို အဆုံးသတ်ရန် အီရန်နိုင်ငံနှင့် မော်ရိုကိုတို့ သဘော တူညီမှု ရရှိခဲ့ပြီဟု အီရန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးက ယမန်နေ့တွင်ပြောကြားခဲ့သည်။

အီရန်နှင့် မော်ရိုကိုတို့မှာ သံရုံးများ ပြန်ဖွင့်ရေး ကိစ္စကို စီစဉ်ခဲ့ကြပြီး မကြာမီကာလတွင် တီဟီရန်နှင့် ရာဘတ်မြို့များတွင် ဖွင့်လှစ် သွားမည်ဟု သိရသည်။ ထိုဆုံးဖြတ်ချက်မှာ အီရန်နိုင်ငံခြားရေး ၀န်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်နှင့် မော်ရိုကိုနိုင်ငံခြားရေး ၀န်ကြီး ဆလာဟက်ဒင် မီဇိုအာတို့ တယ်လီဖုန်းဖြင့် ဆွေးနွေးမှုနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်ဟု အာရပ်နှင့် အာဖရိကရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး အမီရန် အဗ်ဒူလာဟီယန်က ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံခြားရေး ၀န်ကြီးများမှာ ထိုဆွေးနွေးမှုအတွင်း သံတမန်ရေးအရ ပြန်လည် ဆက်သွယ်ရန်အတွက် အလေးထားခဲ့ကြသည်ဟု ဆိုသည်။

ဆက်ဆံရေးတိုးတက်ရေး လက္ခဏာ တစ်ရပ်အဖြစ် ရီဘတ်မြို့တွင် ဇန်န၀ါရီလအတွင်းက ပြုလုပ်ခဲ့သည့် OIC အဖွဲ့ al-Quds ကော်မတီ၏ အကြိမ် ၂၀ မြောက် အစည်းအဝေးကို တက်ရောက်ရန် မော်ရိုကိုနိုင်ငံခြားရေး ၀န်ကြီးက ဇာရစ်ဖ်အား ဖိတ်ခေါ်ခဲ့သေးသည်။

အီရန်နှင့် မော်ရိုကိုတို့မှာ ၂၀၀၉ ခုနှစ်က ပြဿနာ အချို့ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သံတမန် အဆက်အသွယ် ပြတ်တောက် ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ အညွှန်း-  အာရပ်နှင့် အာဖရိကရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အမီရန် အဗ်ဒူလာဟီယန်

Press TV

Comments

Leave a Reply