News @ M-Media

Author: M-Media

  • အစိုးရမှ မွတ်စလင်မ် ညီလာခံ ကျင်းပခွင့် မပြုကြောင်း ကျင်းပရေးကော်မတီ သတင်းထုတ်ပြန်

    အစိုးရမှ မွတ်စလင်မ် ညီလာခံ ကျင်းပခွင့် မပြုကြောင်း ကျင်းပရေးကော်မတီ သတင်းထုတ်ပြန်

    အစိုးရမှ မွတ်စလင်မ် ညီလာခံ ကျင်းပခွင့် မပြုကြောင်း ကျင်းပရေးကော်မတီ သတင်းထုတ်ပြန်

    Source:UMNC FB

    1 2

  • မျှော်လင့်ချက်မဲ့ခြင်းမှ ဘ၀ပါ မဲ့ရတော့မည့် အက်ဒမန် ပင်လယ်ပြင်မှ ရိုဟင်ဂျာများ

    မျှော်လင့်ချက်မဲ့ခြင်းမှ ဘ၀ပါ မဲ့ရတော့မည့် အက်ဒမန် ပင်လယ်ပြင်မှ ရိုဟင်ဂျာများ

    မေ ၁၆ ၊ ၂၀၁၅
    M-Media

    11263981_1664229343807472_8995782643920383151_n
    ပင်လယ်ပြင်သို့ ပြန်လည်တွန်းပို့ခဲ့သည့် ဒုက္ခသည် လှေများကို ထိုင်းလေတပ်ရဟတ်ယာဉ်မှ အစားအစာများ ချပေးစဉ် ဒုက္ခသည်များ ရေထဲသို့ ဆင်းပြီး ဆယ်နေပုံ

    – မျှော်လင့်ချက်ကင်းမဲ့နေသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ ရာပေါင်းများစွာကို တင်ဆောင်လာသော သစ်သားငါးဖမ်းလှေတစ်စီးမှာ ထိုင်းနိုင်ငံနှင့် မေလေရှားနိုင်ငံအကြားရှိ အက်ဒမန်ပင်လယ်ပြင်တွင် မျောနေသည်ကို ကြာသာပတေးနေ့က တွေ့ရှိခဲ့သည်။ ၎င်းတို့မှာ မကြာသေးမီ သီတင်းပတ်များအတွင်း ပင်လယ်ပြင်သို့ထွက်လာကြပြီး မည်သည့်နိုင်ငံမှ လက်ခံရန် ဆန္ဒ မရှိသည့် လူထောင်ပေါင်များစွာ၏ တစ်စိတ် တစ်ပိုင်းလည်း ဖြစ်သည်။

    ဂျာနယ်လစ်များကို တင်ဆောင်သွားသည့် သင်္ဘောတစ်စီး အဆိုပါ စက်လှေနားသို့ ကပ်သွားသည့်အခါတွင် “ကျွန်တော်တို့ကို ကူညီပါ။ ကျွန်တော့်မှာ သောက်စရာရေ မရှိဘူး” ဟု အော်ဟစ်သံများ ထွက်ပေါ်လာသည်။ “ကျွန်တော့်ကို ရေပေးပါ”

    နေရောင်မှ အကာကွယ်ရရန် ပလက်စတစ် တာလပတ်နှင့် အတူ ဆောင့်ကြောင့်ထိုင်နေရသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပြည့် တင်ဆောင်ထားသည့် အစိမ်းရောင်နှင့် အနီရောင်ဆေးသုတ်ထားသော ထိုသင်္ဘောကို မလေးရှား အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်သည်ဟု လှေပေါ်တွင် လိုက်ပါလာသူများက ပြောကြားခဲ့သည်။

    ၎င်းတို့က မိမိတို့မှာ လှေပေါ်တွင်နေရသည်မှာ ၃ လခန့်ရှိနေပြီး သင်္ဘောမောင်းသူနှင့် အဖွဲ့သားများမှာ လွန်ခဲ့သည့် ၆ ရက်ခန့်က လှေကို စွန့်ပစ်သွားခဲ့သည်ဟု ဆိုသည်။ အဆိုပါ ခရီးစဉ်တွင် ခရီးသည် ၁၀ ဦး သေဆုံးခဲ့ရပြီး အလောင်းများကို ရေထဲသို့ ပစ်ချခဲ့ရသည်ဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော် အရမ်းဆာလောင်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မြန်မြန်ကယ်ကြပါ” ဟု မြန်မာနိုင်ငံအနောက်ပိုင်းမှဟု ဆိုသည့် အသက် ၁၅ နှစ်အရွယ် မိုဟာမက်စီရက်ဂ်ျက ပြောသည်။

    အကူအညီမည်မျှ ၎င်းတို့ရရှိခဲ့သည်ကို ရှင်းရှင်လင်းလင်းမသိရ။ စက်လှေနားတွင် ၎င်းတို့ ရောက်ရှိနေကြောင်း နယူးယောက်တိုင်မ်းစ်ကို အသိပေးခဲ့သည့် ထိုင်းစစ်တပ်ကတော့ ကြာသာပတေးနေ့က ရေနှင့် အစားအသောက်အချို့ကို ပေးခဲ့ပြီး သောကြာနေ့နံနက်ပိုင်းတွင် ပင်လယ်ထဲသို့ ထက်ခွာရန် ကူညီခဲ့သည်ဟု စာတွန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဒီခရတ် ဆင်မ်စီရီက ပြောကြားခဲ့သည်။

    အဆိုပါ လှေစီးဒုက္ခသည်ပြဿနာက ဒေသအတွင်း ရင်ဆိုင်နေရသော ရွှေ့ပြောင်းအခြေချမှု ပြဿနာ၏ သတိပြုမိစေသော ဥပမာပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမျိုးစု ညှင်းပမ်းနှိပ်စက်မှုနှင့် ဘင်္ဂလားဒေ့ရှ်တွင် ဆင်းရဲမွဲတေမှုကြောင့် စွန့်ခွာ ထွက်ပြေးလာကြသည့် ဒုက္ခသည်အရေအတွက် ခန့်မှန်းခြေ ၆၀၀၀ မှ ၂၀၀၀၀ အထိ ပင်လယ်ထဲတွင် ရှိနေကြသည်။ နိုင်ငံများကတော့ တစ်ယောက်နှင့်တစ်ယောက် လက်ညှိုးထိုးနေကြပြီး ကိုယ်တိုင်တာဝန်ယူရန် ငြင်းဆန်နေကြသည်။

    ရွှေပြောင်းသူအများစုက မလေးရှားသို့ဦးတည်မည်ဟု ထင်ရသည်။ သို့သော်လည်း ပြီးခဲ့သည့်တစ်ပတ်က မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် ၁၅၀၀ ကျော်ကို ကယ်တင်ခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးက ရွှေ့ပြောင်းလာသူများကို တင်ဆောင်လာသော နောက်ထပ်လှေ များကို ပင်လယ်ထဲသို့ ပြန်ပို့မည်ဟု ၎င်းတို့၏ သဘောထားကို ကြေညာခဲ့သည်။

    ယခုအလအတွင်း ထိုပြဿနာကို ဆွေးနွေးရန် ဒေသတွင်းညီလာခံတစ်ခု ကျင်းပသွားမည်ဆိုသည်မှ လွဲ၍ ထိုင်းတာဝန်ရှိသူများက ထိုကိစ္စ စလာကတည်းက ၎င်းတို့၏ တရားဝင်ပေါ်လစီကို ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်းမရှိ။ ကြာသာပတေးနေ့က ရွှေပြောင်း အခြေချလာသူများ၏ စက်လှေကို သွားရောက်တွေ့ဆုံခဲ့သည့် ထိုင်းရေတပ်သင်္ဘောမှ တပ်မှူးဖြစ်သူ ဗီရာပွန် နက်ပရာစစ်က ထိုသင်္ဘောမှာ တရားမ၀င် ၀င်ရောက်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားရေတပ်က လူထောင်ပေါင်းများစွာ ပါလာသော လှေတစ်စီးကို အင်္ဂါနေ့က ပင်လယ်ထဲ ပြန်ပို့ခဲ့ပြီး မလေးရှားသို့သွားရန် တိုက်တွန်းခဲ့သည်။ မလေးရှားအာဏာပိုင်များကလည်း စုစုပေါင်း အနည်းဆုံး လူ ၈၀၀ ခန့်ပါဝင်သည့် လှေ ၂ စီးကို ဗုဒ္ဓဟူးနေ့က ပင်လယ်ထဲ ပြန်လွှတ်ခဲ့သည်။

    “အခု ကျွန်တော်တို့ဖြစ်နေတာက ရေထဲမှာ ဘောလီဘောပုတ် ကစားနေကြတာပါ။ လူ့အသက်တွေနဲ့ ဘောလီဘော ပုတ်နေကြတာလေ။ အဆုံးသတ်က ဘာလဲ? ကျွန်တော် သိပ်ပြီး အစိုးရိမ် မကြီးချင်ပါဘူး။ ဒါပေမယ့် ဒီလူတွေကို မပြုစုဘူး၊ မကြာခင်မှာ ကမ်းပေါ်ကို ကယ်ဆယ်မထားဘူးဆိုရင် အလောင်းတွေပြည့်နေတဲ့ စက်လှေတွေကို ကျွန်တော်တို့ တွေ့ရတော့မှာပါ” ဟု ဘန်ကောက် အခြေစိုက် ပြောင်းရွှေ့ခြေချသူများ အတွက် နိုင်ငံတကာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျိုးလိုရီက ပြောကြားခဲ့သည်။

    15MIGRANTS-WEB1-master675-v2
    ထိုင်းလေတပ် ရဟတ်ယာဉ်မှ ချပေးသည့် အစားအစာများ ရေထဲဆင်းဆယ်ပြီး လှေပေါ်သိုပြန်တက်နေပုံ

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒေသတွင်း အစိုးရများအနေဖြင့် အခွင့်ကောင်းမယူဘဲ ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ကြရန် တောင်းဆိုခဲ့သည်။

    “ဒါဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုက်မှု အလားအလားပါပဲ” ဟု အဆိုပါရုံးမှ အကြီးတန်း ကာကွယ်ရေးတာဝန်ရှိသူ ဂျက်ဖရီ ဆာဗေ့ဂ်ျက ပြောကြားခဲ့သည်။

    ရွှေပြောင်းလာသူအများစုမှာ ၎င်းတို့၏ လူကုန်ကူးသူများက အစားသောက်နှင့် ရေနည်းနည်းပေးကာ စွန့်ပစ်သွားခဲ့သည်ဟု ယုံကြည်ရသည်။

    အင်ဒိုနီးရှား စစ်တပ်ရေးရာ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဗိုလ်မှူးကြီး ဖူအဒ် ဘက်စ်ယာက မိမိတို့အနေဖြင့် အင်ဒိုနီးရှားရေပိုင်နက် အတွင်းသို့ အခွင့်မရှိဘဲ ၀င်ရောက်ချင်သည့် ရိုဟင်ဂျာများ စက်လှေအပါအ၀င် မည်သည့်စက်လှေကို မဆို ပင်လယ်ထဲသို့ ပြန်လည် ပို့ဆောင်သွားမည်ဟု ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။

    လူ ၅၀၀ ခန့်ပါဝင်သော စက်လှေတစ်စီးကို ပီနန်ကျွန်းမှ မလေးရှားအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပင်လယ်ထဲသို့ ပြန်ပို့ ခဲ့ပြီးနောက် ပြည်ထဲရေး ဒုတိယ၀န်ကြီး ၀မ် ဂျူနိုက်ဒီက

    “ကျွန်တော်တို့ဆီက ဘာမျှော်လင့်တာလဲ။ ကျွန်တော်တို့ရဲ့ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့သူတွေအပေါ် ကျွန်တော်တို့ တော်တော် ကောင်းခဲ့ပြီးသွားပြီ။ သူတို့ကို လူပီသစွာ ကျွန်တော်တို့ ဆက်ဆံခဲ့တယ်။ ဒါပေမယ့် သူတို့တွေ ကျွန်တော်တို့ရဲ့ ကမ်းခြေတွေမှာ ဒီလို သောင်လာတင်နေလို့တော့ မရပါဘူး။ သူတို့ကို ဒီက မကြိုဆိုဘူးဆိုတာကိုတော့ ကျွန်တော်တို့ ပြောရပါမယ်” ဟု ပြောကြားခဲ့သည်။

    မလေးရှား အာဏာပိုင်များအား နယူးယောက် တိုင်မ်းစ်မှ မေးမြန်းရာတွင် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြသည့် နိုင်ငံမဲ့ လူမျိုးစုဖြစ်သော ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ မလေးရှား သို့မဟုတ် အင်္ဂလားဒေ့ရှ် နိုင်ငံများသို့ အများဆုံး သွားရောက်ကြသည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစုလိုက် အပြုံလိုက်ပြောင်းရွှေ့လာမှုက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

    မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ထွက်ခွာလာမှုတွင် တိုးတက်စရာ အကြောင်းအရင်းတစ်ခုပင် မရှိဟု အက်ဒမန် ပင်လယ်ပြင်တွင် ပြောင်းရွှေ့ပြောင်းသူများကို နောက်ယောင်ခံလိုက်နေသော လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် အာရကန်ပရောဂျက်မှ စီမံခန့်ခွဲရေးမှူး ခရစ်လီဝါက ပြောကြားခဲ့သည်။ ရိုဟင်ဂျာများ၏ ၀င်ငွေနှင့် စားရေးသောက်ရေးကို ထိခိုက်စေသော ငါဖမ်းခွင့်ပါမစ် တင်းကျပ်ခြင်း အပါအ၀င် နှောက်ယှက် ဟန့်တားခံရမှု တစ်ပုံတစ်ပင်က ရိုဟင်ဂျာများ အတွက် ဆုံးရှုံးမှုကိုဖြစ်ပေါ်စေသည်ဟု သူမက ဆိုပြီး မြန်မာအစိုးရကလည်း ၎င်းတို့၏ ၁ သန်းမျှရှိသော ရိုဟင်ဂျာများမှာ နိုင်ငံသားများ မဟုတ်ဟု အခိုင်အမာပင် ပြောကြားထားသည်။

    “ပြဿနာတွေက စုပေါင်းနေတာပါ။ သူတို့ရဲ့ ဘ၀တွေဟာ ဆိုးပြီးရင်း ဆိုးလာပါတယ်” ဟု လီဝါက ထည့်သွင်းပြောကြားခဲ့သည်။

    ပင်လယ်ထဲတွင် တစ်ကြိမ်တည်း ထိုကဲ့သို့ လူအများကြီးဖြစ်နေရသည့် အကြောင်းအရင်းမှာ လူကုန်ကူးမှုကို ထိုင်းနိုင်ငံက ဖြိုခွင်းခြင်းမှ မရည်ရွယ်သော အကျိုးဆက်၏ အစိတ်ပိုင်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။ ယခုလအတွင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှာ အလောင်း ၃၃ လောင်း ပါဝင်သည်ဟု ယုံကြည်ရသော အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များမှာ နိုင်ငံတောင်ပိုင်းရှိ လူကုန်ကူး စခန်း အမြောက်အမြားကို စီးနင်းခဲ့ကာ ဒါဇင်နှင့်ချီသော ရဲအရာရှိနှင့် အကြီးတန်း အရာရှိများကို လူကုန်ကူးမှုတွင် ကြံရာပါဖြင့် စွဲချက်တင်ခဲ့သည်။

    11267538_1664229647140775_5376405044191612636_n

    အဆိုပါ လူကုန်ကူးစခန်းက လမ်းကြောင်းတစ်ထောက်နားရာ နေရာများဖြစ်ပြီး မလေးရှားသို့ ၀င်ရောက်ရန်အတွက် ကာယကံရှင် သို့မဟုတ် ၎င်းတို့၏ မိသာစုများက လူကုန်ကူးသူများကို ပိုက်ဆံ မပေးနိုင်မချင်း အကျဉ်းချထးသည့်အခြေအနေမျိုးတွင် မကြာခဏ ထိန်းသိမ်းထားသော နေရာများဖြစ်သည်။ ထိုစခန်းများမှာ ဆိုးရွားသလောက် ထိုစခန်းများ မရှိတော့သည့်အတွက် ရွှေ့ပြောင်းလာသူများ ပင်လယ်ထဲတွင် သောင်တင်နေကြပြီး ၎င်းတို့အား လူကုန်ကူးလာသူများကလည်း ထိုင်းနိုင်ငံ အတွင်းသို့ ခြေချရန် ကြောက်ရွံ့နေကြသည်။

    “သူတို့ရဲ့ စီးပွားရေးအခြေနေဟာ ထိုင်းနိုင်ငံ စစ်ဆင်ရေးတွေရဲ့ ကြားဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ နောက်ဆုံး သူတို့ပြန်လုပ်မှာပါ။ လူမှောင်ခို ကုန်ကူးတာဟာ သိပ် အကျိုးအမြတ်များပါတယ်။ အခု သူတို့ စောင့်နေတာပါ” ဟု မစ္စတာ လိုရီက ပြောကြားခဲ့သည်။

    ရွှေ့ပြောင်းအခြေချသူများမှာ ရောက်ရှိပါက အလုပ်ရမည်ဟူသော ကတိနှင့်အတူ မလေးရှားသို့ ၀င်ရောက်ရန်အတွက် အခြေခံအားဖြင့် ကန်ဒေါ်လာ ၁၈၀၀ ခန့် ပေးရလေ့ရှိသည်ဟု လီဝါက ဆိုသည်။

    သို့သော်လည်း လမ်းတစ်လျှောက်တွင် ၎င်းတို့မှာ ခြိမ်းခြောက်အကြပ်ကိုင်၍ ငွေပိုမိုတောင်းခံမှုများကို မကြာခဏ ခံကြရပြီး အများစုမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ပြောင်းရွှေ့အခြေချသူများကို မကြာသေးမီအချိန်အထိ မသိမသာ ၀င်ရောက်ခွင့်ပေးထားသော မလေးရှားသို့ မရောက်ကြ။

    အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ဘက်အစွန်းရှိကမ်းသို့ တနင်္ဂနွေနေ့တွင် မြောပါဆိုက်ရောက်လာသော စက်လှေပေါ်တွင် ပါဝင်သည့် ခရီးသည်များနှင့် တွေ့ဆုံမေးမြန်းမှုများက ပင်လယ်ပြင်၌ ၎င်းတို့ တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် ဆိုးရွားသော အခြေအနေနှင့် ထိုကဲ့သို့ အန္တရာယ်ရှိသောခရီးကို တွန်းပို့ခဲ့သော မျှော်လင့်ချက်ကင်းမဲ့မှုတို့အကြောင်း သိရှိခဲ့ရသည်။

    လူကုန်ကူးသူများက စက်လှေအား ပိုက်ဆံပေထားသူများဖြင့် တတ်နိုင်သမျှပြည့်အောင် ဖြည့်ချင်သောကြောင့် စက်လှေမထွက်မီ လနှင့်ချီ၍ ခရီးသည်များက စက်လှေပေါ်တွင် စောင့်ကြရသည်။

    အများစုကို သင်္ဘောဝမ်းထဲတွင် အတင်းအဓမ္မနေခိုင်းပြီး အရှေ့မှလူက တစ်လက်မမှ မကျော်အောင် ဆောင့်ကြောင့် ထိုင်ကြရသည်။ နေ့စဉ်နေထိုင်း ၎င်းတို့ကို ထမင်းနှင့် ခေါက်ဆွဲပြုတ် အနည်းငယ် ကျွေးပြီး ရေအနည်းငယ်ကိုသာ တိုက်လေသည်။ ပင်လယ်ပြင်သို့ တိုက်ရိုက်မြင်နေသည့် လှေကြမ်းပြင်မှ အပေါက်က ၎င်းတို့အတွက် အိမ်သာဖြစ်သည်။

    ခရီးသည်များတွင် ဆုတောင်းသူများလည်းရှိပြီး စကား တိုးတိုးပြောသူများလည်းရှိသည်။ ၎င်းတို့၏ တိုးတိုးသာသာပြောနေမှုကို လှိုင်းမူး၍ တစ်ခါတစ်ရံ အန်သည့် အခြားသော ခရီသည်များ၏ အသံက လွှမ်းမိုးသွားသည်။

    “သာယာနာပျော်ဖွယ်အသံ မရှိပါဘူး။ ငိုသံချည်းပါပဲ” ဟု အသက် ၄၄ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မိုဟာမက် ကာရှင်မ်က ပြောကြားခဲ့သည်။

    ခရီးစဉ်၏ ၇ ရက်မြောက်နေ့တွင် သင်္ဘော၏ ထိုင်းလူမျိုး ကပ္ပတိန်က လှေကို ပင်လယ်ထဲ၌ ရုတ်တရပ် ရပ်လိုက်သည်ဟု ၎င်းတို့က ပြောသည်။ နောက်နေ့တွင် သေနတ်သမားများက ရှပ်ပြေးယာဉ်ဖြင့် ရောက်လာပြီး သင်္ဘောပေါ် တက်ကာ ရွှေ့ပြောင်းလာသူများထံမှ အဖိုးတန် ပစ္စည်းများကို ဓားပြတိုက်ကြသည်။

    ကပ္ပတိန်နှင့် သင်္ဘောသားများက သေနတ်သမားများနှင့် အတူ ပြေးသွားပြီး စက်လှေအား စွန့်ပစ်သွားခဲ့လေသည်။

    ရန်ခိုင်ပြည်နယ် ကျောက်တော်ခရိုင်မှ ရိုဟင်ဂျာတစ်ဦးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မိုဟာမက် ဟာရှင်က အစားအစာ၊ ရေ အနည်းငယ်နှင့် ခနော်ခနဲ့ သစ်သားစက်လှေများဖြင့် ထိုကဲ့သို့ သွားရသည့် အန္တရာယ်က မြန်မာနိုင်ငံတွင် ရှိနေရသည့် အန္တရာယ်နှင့် စာလျှင် တော်သေးသည်ဟု ဆိုသည်။

    “အန္တရာယ်လာမယ် ဆိုတာတော့ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် အခြားနည်းလမ်း မရှိဘူးလေ။ ပင်လယ်ပြင်ထက် ပို အန္တရာယ်ရှိတဲ့နိုင်ငံမှာ ကျွန်တော်တို့ နေနေရတာ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ၎င်းတို့မှာ ကံကောင်းခဲ့ပြီး နောက် တစ်ရက်အကြာတွင် စက်လှေက အင်ဒိုနီးရှားနိုင်ငံသို့ ရောက်သွားသည်။ ၎င်းတို့ရောက်သည့် အချိန်က လှေများကို ပင်လယ်ပြင်သို့ ပြန်ပို့မည့် ပေါ်လစီ မရှိသေးသည့်အချိန် ဖြစ်သည်။

    ကလေးငယ် ၅၉ ဦး၊ ကိုဝန်ဆောင် ၅ ဦးနှင့်အတူ အမျိုးသမီး ၈၆ ဦးတို့ အပါအ၀င် ခရီးသည် ၅၈၄ ဦးမှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီတွင် ဒုက္ခသည်အဖြစ် လျှောက်ထားရန် အခွင့်အရေး ရမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်က လနှစ်ချီ ကြာလေသည်။ယခု လတ်တလောတွင်တော့ ၎င်းတို့မှာ အာချေးပြည်နယ်ရှိ ပါယာ ဘာတန် အစိုးရအဆောက်အဦးတွင် နေကြရသည်။ ထိုနေရာတွင် ၎င်းတို့မှာ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် အိပ်ကြရသော်လည်း စောင်များရှိပြီး အစားအစာနှင့် ရေလည်း ရှိနေသည်။

    လုံးဝနိုင်ငံမဲ့ဖြစ်နေသော ရိုဟင်ဂျာများက ခိုလှုံခွင့်အတွက် သင့်လျော်သည့် အခွင့်အရေး ရမည်ဖြစ်သည်။ သို့သော်လည်း ထိုအုပ်စုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၈ ဦးကို စီးပွားရေးအရ ပြောင်းရွှေ့လာသူများအဖြစ် မှတ်ယူမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် အလုပ်လုပ်ခွင့်ရမည် မဟုတ်ဘဲ နောက်ဆုံးတွင် ပြည်တော်ပြန်ရေးကိုသာ ရွေးချယ်ရမည်ဟု ကုလသမဂ္ဂမှ မစ္စတာ ဆာဗေ့ဂ်ျက ပြောကြားခဲ့သည်။

    အသက် ၃၂ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဂျာဟန်ဂါ ဟူစိန်က မိမိတို့မှာ ရွေးစရာမရှိဟု ဆိုသည်။ မလေးရှားတွင် အလုပ်ရမည် ဟူသော ကတိဖြင့် အဆိုပါ ခရီးအတွက် ကန်ဒေါ်လာ ၃၂၅၀ ကိုပေးရန် ၎င်း၏ ဖခင်က အိမ်နှင့်လယ်ကို ရောင်းခဲ့ရသည်။

    “ကျွန်တော်တို့ အလုပ်လုပ်လို့မရဘူးလို့ အင်ဒိုနီးရှား အစိုးရကပြောရင် ဒီကလူတွေအားလုံးက “အခြားနိုင်ငံမှာ အလုပ်လုပ်ပါရစေ” လို့ ပြောကြမှာပါ။ ကျွန်တော်တို့နိုင်ငံမှာ ဘာမှမရှိပါဘူး” ဟု သူက ပြောကြားခဲ့လေသည်။

    အနာဂတ်အတွက် မေးမြန်းရာတွင် သူက ၎င်း၏ ပတ်ဝန်းကျင်တွင် စုနေသည့် ရွှေ့ပြောင်းသူများနှင့် မကြာခင်ကမှ ရောက်လာခဲ့သည့် ညစ်ပတ်နေသော ကွန်ကရစ် အဆောက်အဦးကို လက်ဖြင့်ဝှေ့ယမ်းပြ၍ “ဒါဟာ ကျွန်တော့် အနာဂတ်ပါပဲ” ဟု ပြန်လည်ဖြေကြား ခဲ့လေသည်။

    (ယခုဆောင်းပါးကို အက်ဒမန်ပင်လယ်ပြင်တွင်ရောက်နေသည့် နယူးယောက်တိုမ်းစ်မှ သတင်းထောက် သော်မက်စ်ဖူလာ၊ အင်ဒိုနီးရှားနိုင်ငံ ပါယာ ဘာတန်မှ ဂျိုး ကော့ခ်ျရိန်းတို့မှ ရေးသားပြီး ဟောင်ကောင်မှ သတင်းထောက် အော်စတင် ရမ်ဇီက ကူညီပေးသည်။)

    ref: The New York Times Company
    လေးမောင် ဘာသာပြန်ဆိုသည်။

  • ဂေါ်ရခါးသွေး၊ မြန်မာပြည်ချစ်စိတ်နဲ့ စီတာဒေဝီ၏ ပျောက်ဆုံးသွားသော အိပ်မက်များ

    ဂေါ်ရခါးသွေး၊ မြန်မာပြည်ချစ်စိတ်နဲ့ စီတာဒေဝီ၏ ပျောက်ဆုံးသွားသော အိပ်မက်များ

    TheYangonTimes‬ မှ ကူးယူဖော်ပြသည်။
    – မင်းညီ ရေးသည်။
    .1546084_973983885953865_2547262867942476917_n
    ”အတန်းထဲမှာ မှတ်ပုံတင်မရှိတဲ့လူတွေ မတ်တတ် ရပ်ဆိုရင် ကျွန်မတစ်ယောက်တည်း အမြဲတမ်းမတ်တတ် ရပ်ရတယ်။ ဆယ်တန်းစာမေးပွဲဖြေတုန်းကဆိုရင် ကျွန်မ တော်တော်လေးဝမ်းနည်းပြီး ငိုခဲ့ရတယ်။ ဘဝမှာ စိတ်အ နှောင့်အယှက်ဖြစ်ရဆုံးအချိန်ပဲ။ နောက်ဆုံး ဆရာမတွေ က ပြုနိုင်ငံသားကတ်(လျှောက်ထား ဆဲအနေ)နဲ့ ဖြေခွင့်ရ အောင်လုပ်ပေးလို့ ဆယ်တန်းဖြေခွင့်ရခဲ့တာပါ”။
    .
    သူ့နာမည်က စီတာဒေဝီ။ ရာမလက္ခဏာ ဇာတ်တော် ထဲက သီတာဒေဝီ မင်းသမီးရဲ့နာမည်လို့ဆိုရင် မမှားပါဘူး။ မြန်မာတွေက သီတာဒေဝီ(T)နဲ့ စာလုံးပေါင်းပြီး အိန္ဒိယ၊ နီပေါစတဲ့နိုင်ငံတွေမှာတော့ စီတာဒေဝီ(S)နဲ့ စာလုံးပေါင်း ပါတယ်။ ဒါကြောင့် ဂေါ်ရခါးသွေးပါတဲ့သူ့ကို မိဘတွေက စီတာဒေဝီလို့ နာမည်ပေးခဲ့တာပါ။ ဒါပေမဲ့ မူလတန်းကျောင်း စတက်တဲ့အချိန်မှာ မြန်မာနိုင်ငံမှာကျောင်းနေရင် မြန်မာ နာမည်ရှိရမယ်ဆိုပြီး ဆရာ၊ဆရာမတွေက သူ့ကို မအိမွန် လို့ နာမည်ပြောင်းပေးခဲ့ပါတယ်။ ဒါကြောင့် သူ့နာမည်ဟာ ဆယ်တန်းအောင်လက်မှတ်မှာ မအိမွန်ဖြစ်နေပြီး မှတ်ပုံ တင်ထဲမှာတော့ စီတာဒေဝီဖြစ်နေခဲ့ရတာပါ။
    .
    ဇာတ်တော်ထဲက သီတာဒေဝီမင်းသမီးလေးရဲ့အလှ ကို မမြင်ဖူးကြပေမယ့် မြစ်ကြီးနားမြို့ Palm Spring ဟို တယ်မှာ လာရောက် တည်းခိုသူတွေကတော့ စီတာဒေဝီ ကို မိန်းမချောလေးတစ်ယောက်လို့ အားလုံးက အသိအ မှတ်ပြုကြပါတယ်။ သူက အဲဒီဟိုတယ်မှာ ဧည့်သည်တွေ ကောင်းကောင်းမွန်မွန်စားသောက်နိုင်အောင် ဝန်ဆောင် မှုပေးနေတဲ့ ဝန်ထမ်းတစ်ယောက်ပါ။
    .
    စီတာဒေဝီရဲ့အဘိုးအဘွားနှစ်ဖက်စလုံးဟာ ပထမ ကမ္ဘာစစ်မဖြစ်ခင် ကတည်းက ဗြိတိသျှစစ်တပ်နဲ့ အတူ မြန်မာ နိုင်ငံထဲကိုရောက်လာကြတဲ့ နီပေါ (ဂေါ်ရခါး) လူမျိုးတွေပါ။ စီတာရဲ့အဘိုးနှစ်ယောက်စလုံးဟာ အင်္ဂလိပ်စစ် တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ဒုတိယကမ္ဘာ စစ်အတွင်း ဖက်ဆစ်ဂျပန်တွေကို မြန်မာပြည်ထဲက တိုက်ထုတ်ရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဦး ဆောင်တဲ့ ဗမာ့တပ်မတော်နဲ့အတူ ရှေ့တန်းက ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူတွေလို့ သိရပါတယ်။
    .
    ၁၉၄၈ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာတော့ စီတာဒေဝီရဲ့အဘိုးတွေဟာ အင်္ဂ လိပ် စစ်တပ်နဲ့အတူ အိန္ဒိယကို ပြန်လည်လိုက် ပါခြင်း မပြုတော့ဘဲ မြန်မာ့တပ်မတော်ထဲမှာ ဆက်လက်တာဝန်ထမ်းဆောင်ရင်း မြန်မာပြည် တွင်းရောင်စုံ သူပုန်သောင်းကျန်းမှု အန္တရာယ်ကို ကာကွယ်ခဲ့ပါတယ်။
    .
    စီတာဒေဝီရဲ့အမေဘက်က အဘိုးနာမည်က ဆွတ်ချက်ထရီပါ။ ကလောမှာရှိတဲ့ အင်္ဂလိပ်စစ်တပ်မှာ တာဝန်ထမ်းဆောင်ရင်း ပင်းတယသူ ဒေါ်မိုကုမာရီနဲ့ အိမ် ထောင်ကျပါတယ်။ ဒေါ်မိုကုမာရီရဲ့ မိဘတွေကလည်း နီပေါနိုင်ငံကနေ အင်္ဂလိပ်တပ်နဲ့ အတူ မြန်မာပြည်ထဲကို ရောက်လာသူတွေပါ။ ဆွတ်ချက်ထရီနဲ့ ဒေါ်မို ကုမာရီတို့ နှစ်ဦးကနေ စီတာရဲ့အမေဖြစ်လာမယ့် ဗစ္စနိုးမာယာကို မွေးဖွားခဲ့ပါတယ်။
    .
    စီတာရဲ့အဖေဘက်က အဘိုးကလည်း ဒုတိယကမ္ဘာ စစ်တုန်းက နမ္မတီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂေါ်ရခါး စစ်သားတစ်ယောက်ပါပဲ။ အဲဒီနမ္မတီးစစ်တပ်မှာပဲ (Bean) ဘင့်ကုမာရီနဲ့အိမ်ထောင်ကျပြီး စီတာဒေဝီရဲ့ အဖေကိုးလ် ဗဟာဒူးကို မွေးခဲ့ပါတယ်။
    .
    ကိုးလ်ဗဟာဒူးနဲ့ ဗစ္စနိုးမာယာတို့နှစ်ဦး လက်ထပ်ပြီး စီတာဒေဝီအပါအဝင် မောင်နှမလေးယောက်ကို မွေးဖွား ခဲ့ပါတယ်။ သူတို့မိသားစုဟာ မျိုးရိုး အစဉ်အဆက် မြန်မာ ပြည်မှာ မွေးဖွားကြီးပြင်းခဲ့ သူတွေဖြစ်ပေမယ့် လက်ရှိအ ချိန်ထိ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရပါဘူး။ နှစ်ဖက်အဘိုးတွေက မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ စစ်သားကြီးတွေဖြစ်ခဲ့ပေမယ့် သားသမီးနဲ့ မြေးတွေကတော့ မြန်မာနိုင်ငံသားဖြစ် ခွင့်မရကြဘဲ ပြု နိုင်ငံသား အစိမ်းရောင်ကတ်နဲ့ နေထိုင်နေကြရပါတယ်။
    .
    မြန်မာပြည်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဂေါ်ရခါးလူမျိုးတွေရဲ့အခန်းကဏ္ဍကို မေ့ပျောက်ထားလို့ မရပါဘူး။ မြန်မာ့တပ်မတော်မှာ တိုက်ရည်ခိုက်ရည် အင်မတန်ထူးချွန်ခဲ့တဲ့ ဂေါ်ရခါး စစ်ဗိုလ် စစ်သားတွေ များစွာရှိခဲ့ပါတယ်။ ( ဥပမာ။ ။ အောင်ဆန်း သူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) – တပ်သား (ကျဆုံး) / အမှတ် (၄) ခြေလျင်တပ်ရင်း) မြန် မာ့လက်ရွေးစင်ဘောလုံးသမား ဆပ်ဗဟာဒူးဆိုရင်လည်း အာရှအကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ခံရတဲ့အထိ မြန်မာ့ ဂုဏ်ဆောင် ဂေါ်ရခါး သွေးပါသည့် ထူးချွန်ဘော်လုံးသမား ဖြစ်ခဲ့ပါသည်။
    .
    ဒီလိုပဲ မြန်မာပြည်ကို အသက်ပေးပြီး ချစ်ကြတဲ့ ဂေါ်ရခါးစစ်ဗိုလ် စစ်သားများစွာ မြန်မာ့သမိုင်း မှာ များစွာရှိခဲ့ပါတယ်။ ဒီအချိန်မှာ အဲဒီပုဂ္ဂိုလ်ကြီးတွေသာ ရှိနေဦးမယ်ဆိုရင် ‘ပြုနိုင်ငံသားကတ်’ကိုင်ထားရတဲ့ သူတို့ သားသမီးမြေးမြစ်တွေအတွက် ဘယ်လိုခံစားကြရမလဲဆို တာ စဉ်းစားစရာပါပဲ။ သေချာတာကတော့ သူတို့ ပျော်နိုင်ကြမယ်လို့တော့ မထင်ပါဘူး။
    .
    စီတာဒေဝီဟာ ၂ဝဝ၅ခုနှစ်မှာ ရပ်စောက် (ဗထူးတပ်မြို့) က ဆယ်တန်းအောင်ခဲ့ပြီး တောင်ကြီးတက္ကသိုလ်မှာ မြန်မာစာအဓိကနဲ့ ပညာဆက်လက်ဆည်းပူးခဲ့ပါတယ်။
    .
    ”ကျွန်မခန္ဓာကိုယ်ထဲမှာ ဂေါ်ရခါးသွေးတွေ စီးဆင်းနေပေမယ့် မြန်မာပြည်မှာမွေးလို့ ကျွန်မ မြန်မာပြည်ကို ချစ်တယ်။ မြန်မာ လူမျိုးဖြစ်ရတာ ဂုဏ်ယူတယ်။ ဒါကြောင့် တက္ကသိုလ်တက်တော့ မြန်မာစာ အဓိကယူ တယ်”။ သူဟာ ၂ဝ၁၁ ခုနှစ်မှာ တောင်ကြီး တက္ကသိုလ်က မြန်မာစာအဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူ ငယ်စဉ်ကတည်းက အမြဲစိတ်ကူးယဉ်ခဲ့တဲ့ ကျောင်းဆရာမ အလုပ်ကိုရဖို့ ကြိုးစားခဲ့ပါတယ်။ ပညာရေးကောလိပ်တက် ပြီး မူလတန်းကျောင်းဆရာမဖြစ်ဖို့ သူဟာ တောင်ကြီး ပညာရေးကောလိပ်ကို ဝင်ခွင့်လျှောက်လွှာတင်ခဲ့ပါတယ်။ မကြာခင်မှာပဲ သူ့ရဲ့အိပ်မက်တွေ တစ်စစီ ရိုက်ချိုးဖျက် ဆီးခံလိုက်ရတဲ့ အကြောင်းပြန်ကြားချက် တစ်ခု ရောက် လာခဲ့ပါတော့တယ်။
    .
    ‘ပြုနိုင်ငံသားဖြစ်နေပါသဖြင့် ဖြေဆိုခွင့်မရှိပါ’တဲ့။
    .
    အဲဒီမှတ်ချက်လေးဟာ ဘဝမှာ ဆို့နင့်ကြေကွဲစရာ အကောင်းဆုံးလက်ခံရရှိတဲ့ ပြန်စာတစ်စောင်ပဲလို့ စီတာ ဒေဝီက ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ(ပြုနိုင်ငံသား) ကတ်ကိုင်ထားသူတွေဟာ မြန်မာပြည်မှာ ဘာအတွက် အတန်းပညာသင်ကြားနေကြသလဲဆိုတာကို သူ မေးခွန်း ထုတ်ခဲ့ပါတယ်။
    .
    ”အစိုးရအလုပ်လုပ်ခွင့်မရဘူးဆိုတာ သိလိုက်ရတော့ ကျွန်မ အရမ်းဝမ်းနည်းမိတယ်။ တစ်ဆက်တည်းမှာပဲ ဘာ ဖြစ်လို့ကျောင်း တက်မိပါလိမ့်။ ဘာဖြစ်လို့ ဆယ်တန်း ဖြေမိပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် နောင်တရတယ်။ ကျောင်းတက်မိလို့ ပိုက်ဆံလဲအများကြီးကုန်ရတယ်”။
    .
    မြန်မာပြည်မှာ သူဝါသနာပါတဲ့ ကျောင်းဆရာမ အလုပ်ကို လုပ်ခွင့်မရတော့တဲ့အချိန်မှာ စီတာဒေဝီ ဟာ စင်ကာပူကို ၂ဝ၁၂ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ၂ဝ၁၃ စက်တင် ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူ ခရီးစဉ်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲပြုလုပ်တဲ့အခမ်းအနားကို စီတာဒေဝီလည်း တက်ရောက်ခဲ့ပါတယ်။ စင်ကာပူမှာနေရတဲ့ လေးနှစ်တာကာလ အတွင်းမှာ အဲဒီ နေ့ရက်လေးဟာ သူ့အတွက် အပျော်ဆုံးနေ့ရက်လေးပဲ လို့ ဆိုပါတယ်။
    .
    စီတာဒေဝီဟာ၂ဝ၁၄ခုနှစ် အောက်တိုဘာမှာ မြန် မာပြည်ကိုပြန်လာခဲ့ပြီး ကန်တော်ကြီးဟိုတယ်မှာ ဖွင့်လှစ် ထားတဲ့ ဟိုတယ်ဝန်ဆောင်မှုသင်တန်းကို တက်ရောက်ခဲ့ ပါတယ်။
    .
    ”မိသားစုစားဝတ်နေရေးကြောင့် ကျွန်မ ဟိုကိုသွား ရတယ်။ အဲဒီမှာလုံးဝမပျော်ဘူး။ မြန်မာပြည်ကိုပဲ သတိ ရနေတယ်။ မြန်မာပြည်ကိုပဲချစ်တယ်”။
    .
    ဟိုတယ်ဝန်ဆောင်မှု သင်တန်းအပြီးမှာ လုပ်ငန်းအ တွေ့အကြုံရဖို့ မြစ်ကြီးနားမြို့က Palm Spring ဟိုတယ်မှာ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ သူဟာ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ၊ နီပေါနဲ့ ဓနုဘာသာစကားအပါအဝင် စုစုပေါင်း ဘာသာစကားခြောက်မျိုးတိတိ တတ်ထားလို့ ဧည့်သည်တွေနဲ့ ဆက်ဆံရာမှာတော့ များစွာအကျိုးသက် ရောက်မှုရှိခဲ့ပါတယ်။ အဲဒီဟိုတယ်မှာ လာရောက်တည်းခို ကြတဲ့ UNDP တို့ UNICIEF တို့လို ကုလသမဂ္ဂအဖွဲ့ အစည်းတွေရဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲတွေမှာ မကြာခဏ ဆိုသလို သူ့က စကားပြန်ဝင်လုပ်ပေးရလေ့ရှိပါတယ်။
    .
    ”ကျွန်မတို့အိမ်မှာ မိသားစုဝင်တွေအားလုံး နီပေါ စကားပဲပြောကြတာပါ။ အမျိုးထဲမှာ အိန္ဒိယတွေရှိလို့ အိန္ဒိယစကားလဲပြောဖြစ်ပါတယ်။ စလုံးမှာ လေးနှစ်လောက်အလုပ်လုပ်ခဲ့တော့ တရုတ်စကားလဲ ကောင်းကောင်းတတ်သွား တယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကြီးလာတော့ ငယ်သူငယ်ချင်းတွေအားလုံးက ဓနုတွေလေ။ ဒါကြောင့် ဓနုစကားလဲ ကောင်းကောင်းပြောတတ်ပါတယ်။ အင်္ဂလိပ် စကားကတော့ ကျောင်းမှာလဲသင် ကိုယ်လဲစိတ်ဝင်စား ဆိုတော့ အဆင်ပြေအောင် ပြောနိုင်ပါတယ်။ ခုတောင် ကချင်စကား စသင်နေပြီ”။
    .
    စီတာဒေဝေရဲ့မောင်လေးက ဆယ်တန်းဖြေထားပြီး တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်အမှုထမ်း ချင်နေသူပါ။ ညီမလေးက ရှစ်တန်းကျောင်းသူဆိုပေမယ့် သူကတော့ အဘိုးတွေလိုမျိုး စစ်တိုက်ရတာကို ဝါသနာပါလို့ စစ်သမီးဖြစ်ချင် တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိပ်မက်တွေဖြစ်လာဖို့ကတော့ ထင်သလောက် လွယ်ကူနိုင်ပ့ါမလား။
    .
    ”ကျွန်မကိုယ်တိုင် အစိုးရအလုပ်လုပ်ခွင့်မရတော့ သူ တို့အတွက် ဖြစ်နိုင်၊မဖြစ်နိုင် မသိတော့ဘူး”လို့ စီတာက ပြောပါတယ်။
    .
    သူ့ရဲ့ဖခင်(ကိုးလ်ဗဟာဒူး)ဟာ ၂ဝဝ၇ခုနှစ် ကွယ်လွန် ချိန်အထိ FRC (Foreign Registration Card ) အဖြူ ကတ်နဲ့ပဲ နေထိုင်ခဲ့ရတာပါ။ ခုချိန်မှာတော့ မိခင်(ဗစ္စနိုး မာယာ)အပါအဝင် မိသားစုတစ်ခုလုံးဟာ ပြုနိုင်ငံသား (အစိမ်းကတ်)နဲ့ နေထိုင်နေရပေမယ့် နိုင်ငံသားဖြစ်ခွင့် ပန်း ရောင်(နိုင်)ကတ်ကို မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့မျိုး နွယ်စုက နီပေါချက်ထရီမျိုးနွယ်စုပါ။ မြန်မာပြည်မှာတော့ ဂေါ်ရခါးလို့ လူသိများပါတယ်။ ချက်ထရီ(ထာပါ) ဇာတ်မို့ ဟိန္ဒူဘာသာ ကိုးကွယ်ကြပေမယ့် ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်သူတွေဖြစ်ပါတယ်။
    .
    ”မှတ်ပုံတင်ထဲမှာတော့ ဗုဒ္ဓဘာသာတစ်ခုပဲ ဖြည့်ထား တယ်။ ပုံမှန်အားဖြင့် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေပဲ သွားဖြစ်ပါတယ်”လို့ စီတာက ရှင်းပြပါတယ်။ နီပေါနိုင်ငံမှာ အဘိုးအဘွားတွေရဲ့ ဆွေးမျိုးရင်းခြာတွေ ရှိနေသေးလို့ တစ်နေ့နေ့မှာ အဲဒီကို သွားလည်နိုင်အောင် ကြိုးစားနေ တယ်လို့ သူက ဆက်ပြောတယ်။ ဒါ့အပြင် အဲဒီနိုင်ငံမှာရှိတဲ့ အဘိုးရဲ့ဆွေမျိုးတွေဆီက happy dipawalli ဆုတောင်း ပို့စ်စကတ်လေးတွေ အမြဲပို့ပေးတယ်လို့လည်း ဆိုပါတယ်။
    .
    စီတာတို့မိသားစုအဖို့ လက်ရှိကိုင်ဆောင်ခွင့်ရထား တဲ့ အစိမ်းရောင်ကတ်ရဖို့တောင် အခက်အခဲမျိုးစုံနဲ့ ငွေ ကြေးများစွာ အကုန်ခံထားခဲ့ရတာပါ။ အဲဒီကတ်လေးက သူ့မျှော်လင့်ချက်တွေကို မဖြည့်စွမ်းပေးနိုင်ခဲ့သလို သူ့အိပ် မက်တွေကလည်း အရောင်ပြယ်လွင့်ခဲ့ပါပြီ။ အခုချိန်မှာ စီတာရဲ့အသက်က၂၉နှစ်ထဲ ဝင်နေပါပြီ။
    .
    သူဖြစ်ချင်တဲ့ အစိုးရကျောင်းဆရာမဘဝက အိပ်မက်တစ်ခုလိုပဲ ပျောက် ပျက်သွားခဲ့ပါပြီ။ အဲဒါနဲ့ပတ်သက်ပြီး သူ့ရင်ဘတ်ထဲက ဝမ်းနည်းစကားသံလေးက”ဝင်ခွင့်စာမေးပွဲမအောင်လို့ အဖြူအစိမ်းဝတ် ကျောင်းဆရာမဘဝကိုမရခဲ့ရင်လဲ ကျွန်မ ဖြေသိမ့်နိုင်ပါတယ်။ အခုတော့ အဲဒီဝင်ခွင့်အဆင့်လေး အတွက် လျှောက်လွှာတင် ခွင့်တောင်မရလိုက်တဲ့ ကိုယ့် ဘဝကို ကိုယ်အရမ်း ဝမ်းနည်းမိတယ်။ ဖြစ်လေရာဘဝတိုင်း ဒီအဖြစ်မျိုး မကြုံပါရစေနဲ့လို့ပဲ ဆုတောင်းပါတယ်”။

    https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.334119789940281/973983885953865/?type=1&theater

  • မဟာပညာရှိ ဂျာရစ်နှင့် အမေးအဖြေ (၅)

    မဟာပညာရှိ ဂျာရစ်နှင့် အမေးအဖြေ (၅)

    မေ ၁၄ ၊ ၂၀၁၅
    M-Media
    Jayit
    မေး။    ။ ဦးဂျာရစ်ရေခုတစ်လော မျောက်ပြဆန်တောင်းတွေ လုပ်စားနေကြတဲ့ အပေါ် ဦးဦးအမြင်လေး ပြောပါဦး။
    အောင်အေး(မင်္ဂလာတောင်ညွှန့်)

    ဖြေ။    ။ အင်း ဦးဂျာရစ် တောင် ဟိုတစ်လောက မော်ဒယ်လ် ကောင်မလေးတစ်ယောက်ကို ဖက်ငိုတဲ့ဓါတ်ပုံ ရိုက်ထားသေးတယ်ဗျာ။ ဘယ်နေ့မှာ ဘာဖြစ်မလဲစောင့်နေတာ။ ဟင်း ဟင်း အဲ အဲ အလကား နောက်တာပါကွယ်။ ဒါမျိုးက မလုပ်သင့် မလုပ်အပ်တဲ့ အလုပ်တွေပါ တိုင်းပြည်နဲ့လူမျိုးကို ထိခိုက်တာပေါ့ကွယ်။

    မေး။    ။ ဦးဂျာရစ်ရေ မီးတို့က ရုပ်ရှင်ချစ်သူတွေဆိုတော့ မြန်မာ့ရုပ်ရှင်၊ မြန်မာ့ဗီဒီယို လောက အကြောင်းလေး မေးပါရစေနော်။ မြန်မာ ဗီဒီယို ဇာတ်ကားများ တရားမဝင်ခိုးယူငှားရမ်းမှုကို မြန်မာနှစ်ဆန်းတစ်ရက်နေ့က စ၍ အရေးယူတော့မည်လို့ ကြားသိရပါတယ်။ ဒါဆို မြန်မာနှစ်သစ်မကူးခင် ကာလတွေတုန်းက ဘာလုပ်နေကြလို့လဲဟင်။
    မီးငယ် (ဒလ)

    ဖြေ။    ။ မီးငယ်ရယ် ပြီးစလွယ်မတွေးလိုက်ပါနဲ့။ အခုဟာက စီမံချက်တခုအနေနှင့် ရုပ်ရှင်အစည်းအရုံးနဲ့ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာပါ ဂယ်ပါ ဂယ်ပါဟယ်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်ပေါ့။

    မေး။    ။ ဂျာရစ်ရေ ဆိုတဲ့ သူငယ်ရေ၊ ခြောက်ပွင့်ဆိုင် ထိပ်သီး အစည်းအဝေးကြီး ဒုတိယအကြိမ်ပြုလုပ်တွေ့ဆုံကြတော့မယ်ဆို အဘတို့ ပြည်သူပြည်သားတွေ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှလားကွယ်။
    အဘမောင် (ရေနံ့သာ)

    ဖြေ။    ။ အဘရေ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား မိသိန်းကြည် လုပ်မနေနဲ့။ ဒီတစ်ခါတော့ ထမင်းကျွေး၊ ကော်ဖီ တိုက်ပြီး ပြန်မလွှတ်လောက်တော့ပါဘူး ခင်ဗျာ။

    မေး။    ။ဦးဂျာရစ်ရေ ဘာလိုလိုနဲ့ ရွေးကောက်ပွဲကြီး နီးလာပြီနော်။ ရင်တုန်မိပါရဲ့ရှင်။ ဘယ်လိုအကွက်တွေ ရွေ့ကြအုန်းမလဲ မသိဘူးနော်။ ကျမတို့လို ဘာသာကွဲတွေလဲ ရင်တထိပ်ထိပ်ပါပဲရှင်။ မဲဆန္ဒရှင်ရော ဖြစ်မှဖြစ်ပါ့မလားလို့လဲပူရ၊ ဟိုအရေး သည်အရေးတွေလည်း ပူရပေါ့ရှင်။
    အမီနာဒေဝီ (သန်လျှင်)

    ဖြေ။    ။ မစိုးရိမ်ပါနဲ့ အမီနာဒေဝီရယ် မေလ (၄) ရက်နေ့ကပဲ မိတ္ထီလာမြို့ပေါ်က လူမှုရေးအဖွဲ့တွေ ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်နဲ့ အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်မှုအဖွဲ့က သံအမတ်ကြီး Mr.David N. Sapersteim တို့ပါဝင်တဲ့အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးပါပြီ။ မဲပေးရမဲ့ ၂၀၁၅ကအရေးကြီးတဲ့အကြောင်း မှန်မှန်ကန်ကန် ဖြစ်စေချင်တဲ့ အကြောင်းတွေလည်း ဆွေးနွေး သွားကြပါတယ်ကွယ်။

    ပြည်သူ ပြည်သားအားလုံးကိုလေးစားတဲ့
    ဂျာရစ်

  • မှတ်စရာ ဖတ်စာတစ်စောင်

    မှတ်စရာ ဖတ်စာတစ်စောင်

    မေ ၁၄ ၊ ၂၀၁၅
    M-Media
    စပ်စုလေဒီ ရေးသည်။
    .photo
    – ယခုနှစ် ခရမ်းလွန်ရောင်ခြည်ကျရောက်မှုသည်
    ယခင့်ယခင် နှစ်များထက်ပို၏ အပူရှိန်မြင့်မားသည်
    မိန်းကလေးများ အတိုအပြတ်အဝတ်များသည်
    အမျိုးသားများအတွက် အာဟာရဖူလုံပေ၏။
    .
    – လောဘမီး၊ မောဟမီး၊ ဒေါသမီး မည်သည့်မီးမှ မကောင်းပါ
    သူခိုးဓားပြထက်ဆိုတဲ့ရန်သူ မီးကိုသတိထား
    မီးတကာမီးထဲတွင် သတိထားရမည့်မီးသည်
    တို့မီး ရှို့မီးဖြစ်၏။
    .
    – ယခုနှစ် ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုများ
    ပို၍ ပို၍ အားကောင်းလာ၏။
    မည်သည့်ဘာသာတွင်မဆို
    မကောင်းမှုများကိုပယ် သတ်၍ ကောင်းမှုများကိုသာ ညွှန်လတ်၏
    သည်းခံခြင်းသည် နိဗ္မာတ်၏ တံခါးတစ်ချပ်
    တရားမျှတ ညီညွတ်ခြင်းသည်
    ဒီမိုကရေစီ၏ အသီးအပွင့်တည်း။
    .
    – တိုင်းရင်းသားများ မြန်မာပြည်သူပြည်သားများ
    အချင်းချင်း စည်းလုံးညီညွတ်ကြပါ
    နွားကွဲလျှင် ကျားဆွဲမည်
    ကျားနာများ၏ အညှိုးသည် ပို၍ကြီးမား၏။
    .
    – ယခုဆိုလျှင် လူသတ်မှုရိုက်နှက်မှုသတင်းများ ခပ်စိတ်စိတ်ကြားနေရ၏
    မြန်မာများ သတ္တိကောင်းကြသည်
    မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ဤသို့ပြကြသည်မှာ
    အဟောသိကံ……. ကောင်းလေစွ……. ကောင်းလေစွ။
    .
    စပ်စုလေဒီ