News @ M-Media

Author: M-Media

  • အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန် ကျောင်းသား(၄) ဦးသေဆုံး

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    4 killed in US-led airstrikes in Afghanistan
    – အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းတွင် အမေရိကန်ကပြုလုပ်ခဲ့သော ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ကျောင်းသား ၄ ဦးသေဆုံးခဲ့သည်ဟု အာဖဂန် စစ်တပ်မှ ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ၂၀၀၁ ခုနှစ်က အမေရိကန်အနေဖြင့် အာဖဂန်နစ္စတန်သို့ ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် အာဖဂန်ပြည်သူထောင်ပေါင်းများစွာ သေကျေခဲ့ရသည်။

    ကုလသမဂ္ဂမှ တားမြစ်ထားသော အဆိုပါဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုမှာ စစ်သွေးကြွများကို ပစ်မှတ်ထားသည်ဟု ပင်တဂွန်မှ ပြောကြားသော်လည်း လက်တွေ့တွင် သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြသည်။
    Ref: Press TV

  • ဒီဇင်ဘာ ၈ အားကစားသတင်းများ

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    344649_heroa

    – အသင်းရှိ ဂိုးသမား ဂျိုးဟတ်အား လာမည့်အင်္ဂါနေ့ ဘိုင်ယန်မြူးနစ်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲတွင် ထည့်သွင်းအသုံးပြုမည်ဟု မန်စီးတီးအသင်းနည်းပြဖြစ်သူ ပယ်လီဂရီနီကပြောကြားခဲ့သည်။ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဖြစ်သူ ဂျိုးဟတ်မှာ တန်ဖိုးကြီးမားသော အမှားအတော်များများ ပြုလုပ်ခဲ့သောကြောင့် ပထမကစားသမားနေရားအားဆုံးရှုံးခဲ့သူဖြစ်သည်။

    …………………………………..

    – လုံခြုံရေးအရ စိုးရိမ်ရသောကြောင့် ဘင်္ဂလားဒေ့ရှ်လူငယ် ခရစ်ကတ်အသင်းနှင့် စစ်တကောင်းတွင် ကစားမည့် ခြေစမ်းပွဲအား West Indies အသက် ၁၉ နှစ်အောက်လူငယ်အသင်းက ဖျက်သိမ်းလိုက်သည်ဟု သိရသည်။ West Indies အသင်းတည်းခိုသည့် ဟိုတယ်အနီးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုကြောင့် ထိုကဲ့သို့ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းတွင် နိုဝင်ဘာ ၂၆ ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုများအတွင် အနည်းဆုံးလူပေါင်း ၅၀ ခန့်သေဆုံးခဲ့ရသည်။

    …………………………………..
    – ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမှာ အသင်း၏ အဓိက ရည်ရွယ်ချက်အဖြစ်ရှိနေသည်ဟု ဖီအိုရင်တီးနားအသင်း၏ တိုက်စစ်မှူးဖြစ်သူ ဂျီစီပီရော့စီက ပြောကြားခဲ့သည်။ ဖီအိုရင်တီးနားအသင်းမှာ ယခုနှစ်စီးရီးအေတွင် ရလဒ်ကောင်းများရရှိနေသောအသင်းဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၅ တွင်ရှိနေသည်။ ရော့စီမှာလည်း အသင်းနှင့် ပါဝင်ကစားခွင့်ရသည့် ၁၄ ပွဲတွင် စုစုပေါင်း ၁၂ ဂိုး သွင်းယူပေးထားသည်။

    …………………………….
    – အသင်းရှိအလယ်တန်းကစားသမား ရီဘာရီမှာ မက်ဆီထက်ပို၍ အကောင်းဆုံးဘောလုံးသမား ဆု Ballon d’Or အား ထိုက်တန်သည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြဖြစ်သူ ဂွာဒီယိုလာက ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနှစ်အသင်းမှာ ယမန်နေ့က ကစားခဲ့သောပွဲတွင် ၀ါဒါဘရီမင်အသင်းအား ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဘွန်ဒစ်လီဂါတွင် ပွဲ ၄၀ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ရရှိထားသည်။ အဆိုပါပွဲတွင် ဒဏ်ရာမှပြန်လည်သက်သာလာသည့် ရီဘာရီမှာ ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သည်။

    …………………………
    – နာပိုလီအသင်းအနေဖြင့် တိုးတက်မှုရှိရမည်ဟု အသင်းနည်းပြ ဘင်နီတက်ဇ်က အူးဒီးနီးအသင်းအား ၃ ဂိုးစီ သရေကျခဲ့သည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ထိုပွဲတွင် နာပိုလီအသင်းမှာ ၂ ဂိုးအသာဖြင့် ဦးဆောင်ခဲ့သော်လည်း အနိုင်ကို မထိန်းနိုင်ပဲ ဧည့်သည်အသင်းအား သရေတစ်မှတ်ခွဲပေးခဲ့ရသည်။ ရာသီအစတွင် ရလဒ်ကောင်းများကို ရယူနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ရလဒ်များ တစ်ဖြည်းဖြည်း ဆိုးရွာလာသောကြောင့် အသင်း၏ စွမ်းဆောင်ရည်နှင့် ပက်သက်၍ နည်းပြ ဘင်နီတက်ဇ်က မပျော်မရွှင် ဖြစ်နေသည်။

    ……………………….
    – လေးရက်အတွင်း ၂ ပွဲဆက်ရှုံးခဲ့သော်လည်း အသင်းအနေဖြင့် စိတ်ပျက်အားလျော့မှုမရှိဘဲ လာမည့်အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲတွင် ပြန်လာမည်ဟု မန်ယူအသင်းနောက်ခံလူ ဂျွန်အီဗန့်က ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့က အဲဗာတန်နှင့် ကစားခဲ့သည့်ပွဲနှင့် ယမန်နေ့က နယူးကာဆယ်နှင့် ကစားခဲ့သော အိမ်ကွင်း ၂ ပွဲဆက် ရှုံးနိမ့်မှုကြောင့် မန်ယူအသင်းမှာ ထိပ်ဆုံးမှ ဦးဆောင်နေသည့် အာဆင်နယ်အသင်းနှင့် ၁၂ မှတ်ကွာဟနေပြီး နည်းပြဒေးဗစ်မိုယက်စ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရသည်။

    ………………………….
    – အစ္စတန်ဘူလ်၌ ဂါလာတာစာရေးနှင့် ကစားရမည်ပွဲမှာ နောက်ဆုံးဗိုလ်လုပွဲကဲ့သို့ ဖြစ်သော်လည်း အသင်းအနေဖြင့် ကြောက်ရွံ့နေမည်မဟုတ်ဟု ဂျူဗင်တပ်စ်အသင်း၏ နောက်ခံလူ ချီလီနီက ပြောကြားလိုက်သည်။ ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာမည့်သီတင်းပါတ်အတွင်း ဂါလာတာစာရေးနှင့်ကစားရမည်ဖြစ်သည်။ ချန်ပီယံလိဂ် ၅ ပွဲကစားပြီး ၆ မှတ်သာရရှိထားသေးသည့် ဂျုဗီမှာ အုပ်စုမှတက်ရန်အတွက် အနည်းဆုံး သရေကစားရမည်ဖြစ်ပြီး ရှုံးနိမ့်၍မရပေ။

  • ရာထူးမှနှုတ်ထွက်ရန်နှင့် ပါလီမန်အား ဖျက်သိမ်းရန်အသင့်ဟု ယင်းလပ်ပြောကြား

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    2013-11-29T145529Z_9_CBRE9AR087D00_RTROPTP_2_THAILAND-POLITICS

    တိုင်းပြည်အတွင်းဖြစ်ပွားနေသည့် မငြိမ်မသက်မှုများ ရပ်တန့်သွားရန် အတွက် ပါလီမန်အား ဖျက်သိမ်းရန်နှင့် ရာထူးမှ နှုတ်ထွက်ရန်အသင့်ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာက ယနေ့တွင်ပြောကြားလိုက်သည်။

    သို့သော်လည်း ရွေးကောက်ပွဲအား ပါလီမန်ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမည်ဟု ဆိုခဲ့ပြီး၊ ၂၀၀၆ ခုနှစ်ကဖြစ်ပွားသကဲ့သို့ တိုင်းပြည်အား စစ်တပ်က အုပ်ချုပ်မှုကို မလိုချင်ဟု ထည့်သွင်းပြောကြားသည်။ ထို့ပြင် အတိုက်အခံများက ထိုကမ်းလှမ်းမှုအား လက်မခံပါက နိုင်ငံရေး အကြပ်အတည်းမှာ ပိုမိုကြာရှည်သွားနိုင်သည်ဟု ယင်းလပ်က သတိပေးပြောကြားခဲ့သည်။

    အတိုက်အခံခေါင်းဆောင် ဆူသပ် သောင်ဆူဘန်ကမူ အစိုးရနှုတ်ထွက်သော်လည်း ဆန္ဒပြမှုများမှာ ရပ်တန့်သွားမည်မဟုတ်ဘဲ ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေးရမည်ဟု စောစောပိုင်းက တောင်းဆိုထားပြီး၊ ယင်းလပ်က ထိုတောင်းဆိုမှုမှာ အခြေခံဥပဒေနှင့်မညီဟု တုံ့ပြန်ပြောကြားခဲ့သည်။ သောင်ဆူဘန်မှာ ဒီဇင်ဘာ ၉ ရက်နေ့(မနက်ဖြန်တွင်) ပြုလုပ်မည့် ဆန္ဒပြပွဲသို့ တစ်နိုင်ငံလုံးမှ ပြည်သူများ လာရောက်ပါဝင်ကြရန်နှင့် ထိုဆန္ဒပြပွဲမှာ အစိုးရအား ဖြုတ်ချရန်အတွက် နောက်ဆုံး ဆန္ဒပြမှုဖြစ်လာမည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ

  • နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဓါတ်ပုံ)

    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    1476512_630523380323469_2047910344_n
    မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဘာသာပေါင်းစုံမှ ဦးဆောင်ဆရာ တော်များ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်အား “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ”ခေါင်းစဉ်ဖြင့် ယနေ့ နိုဝင်ဘာ ၈-ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ နံနက် ၉း၀၀-နာရီမှ ၁၂း၀၀-နာရီထိ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာလေးခုမှ ဦးဆောင်ဆရာတော်များ၊ လူပုဂ္ဂိုလ်များ စုစုပေါင်း ၁၀၀-ခန့် တက်ရောက်ခဲ့ကြပါတယ်။

    ဓါတ်ပုံများ FB တွင် ကြည့်လိုလျှင် =>Click Here

  • သမ္မတဟောင်း မော်စီကို ထောက်ခံပြီး ဆန္ဒပြမှုဖြင့် ဖမ်းခံသည့် အမျိုးသမီး ၂၁ ဦးအား အာဏာသိမ်း အီဂျစ်အစိုးရ ပြန်လွှတ်ပေး

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    2013127193753524734_21
    – ငြိမ်းချမ်စွာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် အီဂျစ် အမျိုးသမီး ၂၁ ဦအား အီဂျစ်အစိုးရက အချို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ၊ အချို့ကို ယမန်နေ့က ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

    ထို ၂၁ ဦးအနက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည့် ၁၄ ဦးအားထောင်ဒဏ် တစ်နှစ်သို့ လျှော့ပေါ့ပေးခဲ့ကာ၊ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် အမျိုးသမီးငယ် ၇ ဦးအား လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

    ထိုအမျိုးသမီးများအား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ဖြုတ်ချခံ သမ္မတမော်စီအား ထောက်ခံသောအနေဖြင့် အောက်တိုဘာ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒပြမှုနှင့် ဆက်စပ်မှုရှိသောကြောင့် ဖမ်းဆီးထိမ်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး၊ ထိုဖမ်းဆီးမှုအား ဒေသတွင်းနှင့် နိုင်ငံတကာက ဆန့်ကျင်ခဲ့ကြသည်။

    Ref:  Al Jazeera and agencies