News @ M-Media

Author: M-Media

  • ဒီဇင်ဘာ ၆၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၆၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၆၊ ၂၀၁၃
    M-Media

    ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုတိုက်ဖျက်ရန် ကော်မတီတရပ် ပုပ်ရဟန်းမင်းကြီးဖွဲ့စည်း

    ခရစ်ယာန်ကက်သလစ် အသင်းတော်များတွင် ဘုန်းတော်ကြီးများမှ ကလေးငယ်များအား စော်ကားမှုများကို တိုက်ဖျက်ရန်နှင့် အစော်ကားခံရသည့် သူများအား ရဟန်းမင်းများကောင်စီမှ ထောက်ခံချက်ပေးပြီးနောက် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးရန်အတွက် ကော်မတီတစ်ရပ်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က  ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    ထိုကဲ့သို့ ဖွဲ့စည်းခဲ့မှုအား ကောင်စီ၏ အဖွဲ့ဝင် ၈ ဦးထဲမှ တစ်ဦးဖြစ်ဖြစ်ပြီး ဘော်စတွန်မြို့၏ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဆရာတော် စီအန် အိုမဲလ်လေက ယမန်နေ့က ကြေညာခဲ့ကာ ထိုကော်မတီ၏ ဖွဲ့စည်းထားပုံ အတိအကျကို မကြာမီ ကြေညာသွားမည်ဟု ပြောဆိုခဲ့သည်။

    Ref: aljazeera

    ==================================

    အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ပြည်သူများ ပြန်လည်ယုံကြည်လာစေရန် ပြောင်းလဲရေးလုပ်မည်ဟု အိုဘားမားပြော

    – အမျိုးသားလုံခြုံရေးအေဂျင်စီ  NSA မှ ပြုလုပ်ခဲ့သည့် အစိုးရ၏ လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းများအကြောင်း ကျယ်ကျယ်ပြန်ပြန့် ပေါက်ကြားခဲ့ပြီးနောက်၊ အမေရိကန်ပြည်သူများအနေဖြင့် NSA အား ပိုမိုယုံကြည်မှုရှိလာစေရန်ရည်ရွယ်ပြီး၊ NSA နှင့် ပက်သက်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဥ်အသစ်များကို အဆိုပြုသွားမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက MSNBC ရုပ်သံနှင့် ယမန်နေ့က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း မည်သို့သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်မည်ဟု ပြောဆိုခဲ့ခြင်းမရှိပေ။ NSA ၏ ၀န်ထမ်းဟောင်း စနိုးဒင်၏ ဖွင့်ချမှုကြောင့် အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းများကို တစ်ကမ္ဘာလုံးကသိရှိခဲ့ရပြီး နိုင်ငံအတော်များများက အမေရိကန်အား ဝေဖန်ပြောဆိုခဲ့သည်။

    Ref: NBC News

    article-2388253-1B38EDBE000005DC-489_634x465

    ====================

    ကားတိုက်မှုဖြစ်ကာ သေဆုံးသွားသော ပေါလ် ဝေါ်ကာ၏ ပျက်ဆီးခဲ့သည့် ကားမှ အစိတ်အပိုင်းများ ခိုးယူခဲ့သူ ဆယ်ကျော်သက်ဖမ်းခံရ

    ကားတိုက်မှုဖြစ်ကာ သေဆုံးသွားသော Fast & Furious ဇာတ်ကားမှ မင်းသား ပေါလ် ဝေါ်ကာနှင့် သူငယ်ချင်းဖြစ်သူတို့ လိုက်ပါစီးနင်းခဲ့ပြီး အရှိန်လွန်ကာ သစ်ပင်နှင့်တိုက်မိခဲ့၍ ပျက်စီးခဲ့သည့် Porche ကားမှ အစိတ်အပိုင်းတစ်ချို့အား ခိုးယူသည်ဟူသော စွဲချက်ဖြင့် လော့စ်အိန်ဂျလီစ်မှ ဆယ်ကျော်သက်တစ်ဦးအား အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု သိရသည်။

    ၂၀၀၅ ခုနှစ်ထုတ် အဆိုပါ Porsche Carrera GT ကား၏ အစိတ်အပိုင်းများကို ခိုးယူခဲ့သူမှာ နှစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်ရှိ ဂျိမ်းဆန်ဝစ်တီဟု အမည်ရသူ လော့စ်အိန်ဂျလီစ်မြို့ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    Ref: FoxNews

    ====================

    အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုးတက်ဟု ဂျွန်ကယ်ရီပြောကြား

    – အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုးတက်မှုများရှိလာပြီဟု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

    ဂျေရုစလင်တွင် ယမန်နေ့က အစ္စရေးသမ္မတ နေတန်ယာဟုနှင့် ပူးတွဲပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကယ်ရီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ ဆွေးနွေးပွဲ၏ အစိတ်အပိုင်း တစ်ခုအဖြစ် အစ္စရေးလုံခြုံရေး တိုးတက်စေရန်အတွက် အကြံဥာဏ်များကိုလည်း နေတန်ယာဟုအား ပြောပြခဲ့သည်ဟု သိရသည်။

    Ref: Agencies

    ====================

    ပြည်ပမှ အစားအသောက်တင်သွင်းသည့် အစိုးရပေါ်လစီ အီတလီလယ်သမားများ ဆန့်ကျင်ဆန္ဒပြ

    – အီတလီနိုင်ငံ၏ အစားအသောက်များဖြစ်သည့် ပါစတာနှင့် မိုဇာရဲလာ ချီစ်တို့အား ပြုလုပ်ရန်အတွက် နိုင်ငံရပ်ခြားမှ ကုန်ကြမ်း ပစ္စည်းများ တင်သွင်းမှုအား ခွင့်ပြုခဲ့သည့် အစိုးရ၏ စီးပွားရေး ပေါ်လစီအား ဆန်ကျင့်သည့်နေဖြင့် အီတလီ လယ်သမားများမှာ ပါလီမန် အဆောက်အဦးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

    ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့တို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲအတွင်း လယ်သမားများမှာ နယ်စပ်ရှိ လုံခြုံရေးဂိတ်သို့ သွားရောက်ခဲ့ကြပြီး နိုင်ငံရပ်ခြားမှ အသားများ၊ ချီစ်များနှင့် ဂျုံများ သယ်ဆောင်လာကြသည့် ထရပ်ကားများကို စစ်ဆေးခဲ့ကြသည်။

    ထို့ပြင် “ခရစ္စမတ်အတွက် တိုက်ပွဲ၊ အီတလီကိုရွေးချယ်ပါ” ဟု အမည်ရသည့် လှုပ်ရှားမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြပြီး အီတလီနိုင်ငံမှ နိုင်ငံ ထွက်ပစ္စည်းဟု ရောင်းချသော အစားအသောက်များ၏ ၃၃ ရာခိုင်နှုန်းခန့်မှာ နိုင်ငံခြားမှ တင်သွင်းသော ပစ္စည်းများဖြစ်သည်ဟု ထိုလယ်သမားများက ပြောကြားခဲ့သည်။

    ဥရောပ၏ တတိယအကြီးဆုံးအဆင့် စီးပွားရေးရှိသည့် အီတလီနိုင်ငံမှာ လယ်ယာကဏ္ဍတွင် ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ၂၀၀၇ ခုနှစ်မှစ၍ လယ်ကွက်ပေါင်း ၁၄၀၀၀၀ ခန့် ပိတ်သိမ်းခဲ့ရပြီး လယ်သမား ၃၆၀၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။

    Ref: Press TV

    ==========================

    ၂၀၄၀ တွင် ပင်စင်ယူရမည့် အသက် ၆၉ နှစ် သက်မှတ်မည်ဟု ဗြိတိန်ကြေညာ

    – ဗြိတိန်အစိုးရမှ ပြုလုပ်ခဲ့သည့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစည်းအဝေးမှ ဗြိတိန်နိုင်ငံသားများ၏ ပင်စင်ယူရမည့် အသက်အား ၆၉ နှစ်သတ်မှတ်လိုက်သည်ဟု ယမန်နေ့တွင် ကြေညာခဲ့သည်။

    ၂၀၃၀ ခုနှစ် နှစ်အလယ်တွင် ပင်စင်ယူရမည့်အသက်အား ၆၈ ခုနှစ်အထိ သတ်မှတ်မည်ဖြစ်ပြီး ၂၀၄၀ နှောင်းပိုင်းတွင် ၆၉ နှစ်အဖြစ် တိုးမြှင့်မည်ဖြစ်သည်။ ထိုကဲ့သို့ တိုးမြှင့်သတ်မှတ်မှုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အမြင့်ဆုံး ပင်စင်ယူရမည့်အသက် သတ်မှတ်ချက်လည်းဖြစ်လာမည်ဖြစ်သည်။
    Ref: CNN

    ==========================

    အင်ဒိုနီးရှား နိုင်ငံအတွင်း ထောက်လှမ်းရေးလုပ်ငန်းများ မရပ်တံ့ဟု သြစတြေးလျ ပြောကြားခြင်းကို နားလည်ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြိးပြော

    – သြစတေးလျနိုင်ငံအနေဖြင့် အင်ဒိုနီးရှားခေါင်းဆောင်များ၏ တယ်လီဖုန်းခေါ်ဆိုမှုများအား ကြားဖြတ်နားထောင်မှုကို ရပ်တန့်ရန် ကတိပေးခဲ့သော်လည်း၊ အင်ဒိုနီးရှားနိုင်ငံ အတွင်း ပြုလုပ်မည့် ထောက်လှမ်းရေးလုပ်ငန်းများကို ရပ်တန့်ရန် သဘောတူညီခြင်း မရှိခဲ့သည့်အပေါ် နားလည်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    သြစတေးလျနိုင်ငံမှာ ၂၀၀၉ ခုနှစ်အတွင်းက အင်ဒိုနီးရှားနိုင်ငံသမ္မတ ယူဒိုယိုနိုနှင့် ၎င်း၏ဇနီးဖြစ်သူအပါအ၀င်၊ အကြီးတန်း ၀န်ကြီးများ၏ ဖုန်းခေါ်ဆိုမှုများအား ပစ်မှတ်ထားကာ ကြားဖြတ် နားထောင်ခဲ့ပြီး၊ ထိုအဖြစ်အပျက် ပေါ်ပေါက်လာခဲ့ပြီးနောက် အနာဂတ်တွင် အင်ဒိုနီးရှားနိုင်ငံ နာကျင်စေမည့် ထိုကဲ့သို့ ဆောင်ရွက်မှုများအား မပြုလုပ်တော့ဟု သြစတေးလျ ၀န်ကြီးချုပ် တိုနီအဘော့က ယူဒိုယိုနိုအား စာရေးအကြောင်းကြားခဲ့သည်။

    သို့သော်လည်း အက်ဘ်ဘော့က အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်မည့် ထောက်လှမ်းရေးလုပ်ငန်းများကို ရပ်တန့်မည်မဟုတ်ဟု Fairfax Radio သို့ ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: ABC News

    ==========================

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြလိုသူများ M-Media ၏ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။
    ဆက်သွယ်ရန် [email protected]

  • လာအို သမ္မတ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

    ဒီဇင်ဘာ ၆၊ ၂၀၁၃
    M-Media

    Laotian President Choummaly

    လာအိုသမ္မတ Choummaly Sayasone မှာ မြန်မာနိုင်ငံသို့ မကြာမီလာရောက်လည်ပတ်မည်ဟု လာအို အာဏာပိုင်းများက ယနေ့တွင် ကြေညာခဲ့ပြီး လည်ပတ်မည့်ရက်ကိုမူ မကြေညာခဲ့ပေ။

    မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်မှာ ပြီးခဲ့သည့်နှစ် မတ်လက ဗီယင်တိုင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် အပြန်အလှန်အားဖြင့် Choummaly က နေပြည်တော်သို့ လာရောက်လည်ပတ်မည်ဖြစ်သည်။

    မြန်မာနှင့် လာအိုနိုင်ငံတို့မှာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးအား တိုးမြှင့်ရန်နှင့် မဲခေါင်မြစ်ဝှမ်းနှင့် နယ်စပ်ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးတို့အပါအ၀င် နှစ်နိုင်ငံဆက်ဆံရေးကို အရေးစိုက်ဆောင်ရွက်နေကြပြီး၊ ယဉ်ကျေးမှု၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်ရေး၊ ဘာသာရေးနှင့် ပညာရေးဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက်လည်း နည်းလမ်းများကို ရှာဖွေနေကြသည်။

  • ဘရုစ်လီ၏ နောက်ဆုံးဇာတ်ကားတွင် အသုံးပြုခဲ့သည့် ၀တ်စုံနှင့် နန်ချက်ကူတို့အား လေလံတင်ရောင်းချ

    ဒီဇင်ဘာ ၆ ၊ ၂၀၁၃
    M-Media

    bruce-lee-nunchaku
    ကမ္ဘာကျော် ကွန်ဖူးမင်းသား ဘရုစ်စလီ နောက်ဆုံးရိုက်ကူးခဲ့သည့် ဇာတ်ကားမှ ၀တ်စုံအား ဟောင်ကောင်တွင် ယမန်နေ့က လေလံတင်ရောင်းချခဲ့ရာ မျှော်မှန်းထားသည်ထက် ပိုမို၍ ဈေးရခဲ့သည်ဟုသိရသည်။

    Game of Death ဇာတ်ကားတွင် ၀တ်ဆင်ခဲ့သည့် အဆိုပါဝတ်စုံအား ဘရုစ်လီ၏ ခန္တာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်အောင် အထူးဒီဇိုင်းထုတ် ချုပ် လုပ်ထားခြင်းဖြစ်ပြီး ယမန်နေ့က  လေလံပွဲတွင် ဟောင်ကောင်ဒေါ်လာ ၇၈ သိန်း (ကန်ဒေါ်လာ ၁၀၀၅၉၅) ရရှိခဲ့သည်။ ထိုဇာတ်ကားတွင် ထိုဝတ်စုံနှင့်အတူ ကိုင်ဆောင်အသုံးပြုခဲ့သည့် နန်ချက်ကူကိုလည်း ရောင်းချခဲ့ပြီး ဟောင်ကောင်ဒေါ်လာ ၅ သိန်း ၄ သောင်းရရှိခဲ့သည်။
    Ref: CNA

  • ရုရှားရှိ သမိုင်းဝင် Khan ဗလီဝတ်ကျောင်းတော်အား မွတ်စလင်မ်များ ပြန်လည် ထိန်းသိမ်းခွင့်ရရှိ

    ဒီဇင်ဘာ ၆ ၊ ၂၀၁၃
    M-Media

    mosque_kasimovo
    ရုရှားနိုင်ငံ Ryazan Oblast ပြည်နယ်၏ မြို့တော် Ryazan ရှိ Khan ဗလီဝတ်ကျောင်းတော် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို ဒေသခံမွတ်စလင်မ်များအား တရားရုံးက ပေးအပ်ခဲ့သည်ဟု သိရသည်။

    ထိုဆုံးဖြတ်ချက်အား Ryazan ဒေသ တရားရုံးမှ နိုဝင်ဘာ ၂၇ ရက်နေ့က ချမှတ်ခဲ့ခြင်းဖြစ်သည်။ Khan ဗလီဝတ်ကျောင်းတော်မှာ အဆိုပါပြည်နယ်၏ ဗိသုကာဆိုင်ရာ အထိမ်းအမှတ် အဆောက်အအုံတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံ၏ ရှေးဟောင်း ဗလီဝတ်ကျောင်းတော်များမှ တစ်လုံးလည်းဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်နှင် မင်နာရာမျှော်စင်တို့အား ၁၅ ရာစုက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဘုရင် ပီတာ ၁ အုပ်စိုးချိန်တွင် ထိုဗလီဝတ်ကျောင်းတော်မှာ ဖျက်ဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ၁၈ ရာစုတွင် ပြန်လည်ဆောက်လုပ်နိုင်ခဲ့ပြီး မင်နာရာမျှောင်စင်အား မူလပုံစံမပျက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

    ၁၉၃၈ ခုနှစ်မှစ၍ Khan ဗလီဝတ်ကျောင်းတော်အား Kasimovskiy ခရိုင်ရှိ ဒေသသမိုင်းပြတိုက် အုပ်ချုပ်မှုအဖွဲ့က စီမံထိန်းသိမ်းခဲ့ပြီးနောက် ယခုအချိန်တွင် မွတ်စလင်မ်များအား ထိန်းသိမ်းခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

    Source : islam.ru

  • ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ လူဖြူလူမည်း တိုက်ဖျက်ရေး စံပြသရုပ် နယ်လ်ဆင် မင်ဒဲလား ကွယ်လွန်

    ဒီဇင်ဘာ ၆၊ ၂၀၁၃
    M-Media

    mandela
    လူဖြူလူမည်းခွဲခြားဆက်ဆံသည့် တောင်အာဖရိကနိုင်ငံအား အမှောင်ထုထဲမှ လွတ်မြောက်ဖို့ ကြိုးစား ရုန်းကန်ပေးခဲ့သူမှာ နယ်လ်ဆင်မင်ဒဲလားဖြစ်ပါသည်။

    မင်ဒဲလားမှ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူ၊ တိုင်းပြည်အတွက် အရေးပါသော၊ စိတ်ဓါတ်ရေးရာအတွက် စံနမူပြနိုင်သူနှင့် တောင်အာဖရိက လူဖြူလူမည်းခွဲခြားမှုများအား ဆန့်ကျင်ဘက်ပြုခဲ့ သည့် သင်္ကေတအဖြစ် သမိုင်းတွင် စွဲထင်ကျန်ခဲ့ပါသည်။

    ယမန်နေ့၊ ကြာသပတေးညဘက်တွင် နယ်လ်ဆင်မင်ဒဲလား ကွယ်လွန်ခဲ့ပါသည်။ သူကွယ်လွန်ချိန်၌ အသက် ၉၅ နှစ်ရှိပြီဖြစ်ပါသည်။

    ထောင်ထဲတွင် ၂၇ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ရသည့် မင်ဒဲလားမှာ ထောင်မှလွတ်လပ်လာချိန်၌ သူ့အား ဖိနှိပ်ချုပ်ချယ်ခဲ့သော လူဖြူအစိုးရအား အကြွင်းမဲ့ ခွင့်လွှတ်ဥပက္ခာပြုခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။

    “(ထောင်ကနေ) လွတ်လပ်ခွင့် ရဖို့ ဂိတ်တံခါးဝကို ဖြတ်နေစဉ်မှာ ကျွန်တော်အသိတစ်ခုရခဲ့တယ်။ “ငါ့ရဲ့ ခါးသီးမှုတွေ၊ အမုန်းအာဃာတတွေကို့ ဥပက္ခာပြု ခ၀ါမချခဲ့ရင် ငါထောင်ထဲမှာပဲ ရှိနေဦးမှာ။” ယင်းမှာ ၁၉၉၀ တွင် ထောင်ထဲမှ လွတ်မြောက်လာသည့် မင်ဒဲလား ပြောကြားခဲ့သော စကားဖြစ်ပါသည်။

    ကျွဲကျောင်းသား နွားကျောင်းသားဘ၀၊ ရှေ့နေဘ၀၊ လူဖြူလူမည်းဆန့်ကျင်တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူဘ၀ စသဖြင့် ဖြတ်သန်းခဲ့သော မင်ဒဲလားမှာ အဆုံးတွင် တသက်တကျွန်း ထောင်နန်းစံခဲ့ရပါသည်။ သို့သော် ယင်းထောင်ဒဏ်မှာ သူ၏ပါးစပ်ပေါက်အား ပိတ်သွားအောင် မပြုလုပ်နိုင်ခဲ့ပါ။ အဆုံး၌ တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတဖြစ်လာခဲ့သည်သာမက ကမ္ဘာအရပ်ရပ်မှ လူသား မီလီယံပေါင်းမြောက်မြားစွာတို့၏ အထင်ကြီးလေးစားဖွယ် စံပြသရုပ်အဖြစ်ပါ ရပ်တည်နိုင်ခဲ့ပါသည်။