News @ M-Media

Author: M-Media

  • ဆက်သွယ်ရေး ဂြိုလ်တုအား မျှဝေ အသုံးပြုရန် ကာဂျစ္စတန်အား ကာဇက်စတန်ကမ်းလှမ်း

    နိုဝင်ဘာ ၁၁၊ ၂၀၁၃
    M-Media

    Kazakhstan Offers Kyrgyzstan Jointly Use KazSat_0

    အလယ်အာရှရှိ မွတ်စလင်မ်နိုင်ငံများ ဖြစ်ကြသည့် ကာဇက်စတန်က ဆက်သွယ်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရန်အတွက် ကာဂျစ်စ္စတန်နိုင်ငံသို့ KazSat ဟု အမည်ရသည့် ဂြိုဟ်တု ဆက်သွယ်ရေး ကွန်ယက်အား မျှဝေအသုံးပြုရန် ကမ်းလှမ်းခဲ့သည်ဟု ကာဇက်စတန်နိုင်ငံ အမျိုးသား အာကာသ အေဂျင်စီ၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားမှုကို ကိုးကား၍ Tengrinews သတင်းစာက ရေးသားဖော်ပြခဲ့သည်။

    ဂြိုဟ်တုအား အတူတကွအသုံးပြုရန် ကမ်းလှမ်းမှုအပြင် ဂြိုဟ်တုဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် ပစ္စည်းကိရိယာများကိုလည်း ငှားရမ်းရန် ကာဇက်စတန်က ကမ်းလှမ်းခဲ့သည်။ ထိုကဲ့သို့ ကမ်းလှမ်းမှုများမှာ ကာဇက်စတန်နိုင်ငံ ဘီရှ်ကက်မြို့တွင် နိုဝင်ဘာလ ၁-ရက်နေ့က ပြုလုပ်ခဲ့သည် ကာဇက်စတန်-ကာဂျစ္စတန် ၄ ကြိမ် မြောက် နှစ်နိုင်ငံအစည်းအဝေးတွင် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

    ထိုကမ်းလှမ်းမှုအား ကာဂျစ္စတန်နိုင်ငံအနေဖြင့် စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်အား ၂၀၁၄ ခုနှစ်တွင် ပြန်လည်ကြေညာသွားမည်ဟုသိရသည်။ ကာဇက်စတန်၏ KazSat ဂြိုဟ်တု ကွန်ယက်တွင်ပါဝင်မည့် KazSat-3 ဂြိုဟ်တုအား ၂၀၁၄ ခုနှစ်တွင် လွှတ်တင်ရန် အစီအစဉ်ရှိပြီး ထိုဂြိုဟ်တု လွှတ်တင်ပြီးနောက် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကာဂျစ္စတန်၊ တာခ့်မီနစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများ၏ ဆက်သွယ်ရေးလုပ် ကိစ္စရပ်များကို ကူညီပေးနိုင်မည်ဖြစ်သည်။

    Ref : Islam RU
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • ဗြိတိန် မွတ်စလင်မ်များက ဗြိတိန်စီပွားရေး ဒေါ်လာသန်းထောင်ချီ မြင့်တက်စေ

    နိုဝင်ဘာ ၁၁၊ ၂၀၁၃
    M-Media

    M_Id_436377_muslims

    ဗြိတိန်တွင်နေထိုင်သည့် မွတ်စလင်မ် ၂.၈ သန်းမှာ ဗြိတိန်၏ စီးပွားရေးအား နှစ်စဉ် ပေါင် ၃၁ ဘီလီယံ မြင့်တက်စေသည်ဟု စစ်တမ်းကောက်ယူမှုများအရ သိရသည်။

    ဗြိတိန်မွတ်စလင်မ်ကောင်စီ(MCB) က စစ်တမ်းကောက်ယူကာ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာတွင် ဗြိတိန်ရှိ မွတ်စလင်မ် ၂.၈ သန်းတွင် ၁ သိန်းခန့်မှာ သန်းကြွယ်သူဌေးများဖြစ်ကြပြီး ဗြိတိန်စီးပွားရေးအား ပေါင် ၃၁ သန်းအထိ မြင့်တက်စေသည်ဟု ရေးသားထားသည်။ မကြာသေးမီက Sunday Times သတင်းစာမှ ၂၀၁၃ ခုနှစ် ဗြိတိန်၏ အချမ်းသားဆုံ လူ ၁၀၀ စာရင်းကိုထုတ်ပြန်ခဲ့ရာ မွတ်စလင်မ် ၁၂ ဦးမှာ ထိုစာရင်းတွင် ပါဝင်ခဲ့သည်။

    ပြီးခဲ့သည့်တစ်ပါတ်က လန်ဒန်မြို့တွင် ၉ ကြိမ်မြောက် ကမ္ဘာ့အစ္စလာမ့်မစ်စီးပွားရေးဖိုရမ်(WIEF)ကို ကျင်းပခဲ့ပြီး ထိုဖိုရမ်မှထုတ်ပြန်သော အစီရင်ခံစာတွင် လန်ဒန်မြို့၌ မွတ်စလင်မ်ပိုင် စီးပွားရေလုပ်ငန်းများမှာ ၁၃၄၀၀ ရှိပြီး ထိုလုပ်ငန်းများမှ အလုပ်အကိုင်ပေါင်း ၇ သောင်းကျော်ကို ဖန်တီးပေးသည်ဟု ရေးသားဖော်ပြထားသည်။

    MCB အဖွဲ့တွင် ဗြိတိန်တစ်ဝှမ်းရှိ မွတ်စလင်မ်လူမှုရေးအသင်းအဖွဲ့များ၊ ဗလီဝတ်ကျောင်းတော်များ၊ အလှူဒါနပြုသည့်အဖွဲ့အစည်းများနှင့် စာသင်ကျောင်းများစသဖြင့် အသင်းအဖွဲ့ပေါင်း ၃၀၀ ကျော် အသင်းဝင်အဖြစ် ပါဝင်ထားကြသည်။

    Ref: The Financial Express

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • နိုဝင်ဘာ ၁၁ အားကစားသတင်းများ

    နိုဝင်ဘာ ၁၁ အားကစားသတင်းများ

    နိုဝင်ဘာ-၁၁ ၂၀၁၃
    M-Media

    အသင်း၏ အဝေးကွင်း စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး ပယ်လီဂရီနီ စိုးရိမ်

    မန်ချက်စတာအသင်း၏ အဝေးကွင်း စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ စိုးရိမ်မိနသည်ဟု အသင်းနည်းပြ ပယ်လီဂရီနီက ၀န်ခံပြောကြားလိုက်သည်။

    ဆန်းဒါးလန်းအသင်းအား အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ပယ်လီဂရီနီက အဝေးကွင်းတွင် အမှတ်များအရ မယူနိုင်ပါက ချန်ပီယံဖြစ်ရန်ခက်ခဲလာပီဟု ပြောကြားခဲ့ပြီး အသင်းရှိ ကစားသမားများကိုလည်း စွမ်းဆောင်ရည်ကိုလည်း ကာကွယ်ပြောကြားခဲ့သည်။

    “အဝေးကွင်းမှာ အမှတ်တွေဆုံးရှုံးနေတဲ့အတွက် ကျွန်တော်စိုးရိမ်မိပါတယ်။ တကယ်တော့ ဒါဟာ တော်တော်ခက်ခဲ့ပါတယ်။ အဝေးကွင်းမှာ ကျွန်တော်တို့ မနိုင်ဘူးဆိုရင် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကစားပုံ ဆိုးရွားတယ်လို့တော့ မထင်ပါဘူး။ ကျွန်တော်တို့ အစီအစဉ်တွေချပြီး တိုးတက်အောင် ကြိုးစားရပါမယ်။ နောက်ပွဲတွေမှာ ကျွန်တော်တို့ နိုင်မယ်ဆိုတာ သေချာပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref:Goal.com

    …………………………….
    အာဆင်နယ်အနေဖြင့် တိုက်စစ်မှူးတစ်ဦး ၀ယ်ယူသင့်သည်ဟု နောက်ခံလူဟောင်းဆို

    အာဆင်နယ်အသင်း၏ နောက်ခံလူဟောင်းဖြစ်သူ နီဂယ် ၀င်းတားဘန်းက အာဆင်ဝင်းဂါးအနေဖြင့် အသင်းတွင်ရှိနေသည့် တိုက်စစ်မှူး ဂျရူး ဖိအားလျော့စေရန် လာမည့် ဇန်န၀ါရီလတွင် တိုက်စစ်မှူးတစ်ဦး ၀ယ်ယူသင့်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    ပိုဒေါစကီးနှင့် ဝေါလ်ကော့တို့ ဒဏ်ရာမှပြန်လည် သက်သာလာပါက အသင်း၏ တိုက်စစ်မှာ ပိုမို ကောင်းမွန်လာမည်ဖြစ်သော်လည်း ၀င်းဂါးအနေဖြင့် ဂျရူးကဲ့သို့ တိုက်စစ်မှူး စစ်စစ်တစ်ယောက် ၀ယ်ယူရန် အရေးကြီးသည်ဟု ၀င်းတားဘန်းက ခံစားနေရသည်။

    “(အာဆင်နယ်အသင်းတွင်) လူတိုင်းပြောနေကြတဲ့နေရာတစ်ခုကတော့ တိုက်စစ်မှူးနေရာပါ။ ဂျရူးဟား အနားမရဘဲ အသင်းမှာ ကစားနေရမယ်ဆိုရင် ဒါဟာ သူ့အတွက် ခက်ခဲမှာပါ။ သူတို့(အာဆင်နယ်)အနေနဲ့ အမြဲတမ်းဖြစ်ဖြစ်၊ အငှားနဲ့ဖြစ်ဖြစ် တိုက်စစ်မှူး တစ်ယောက်လောက် ခေါ်ဖို့ကြိုးစားမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၀င်းတားဘန်းမှ ပြောကြားခဲ့သည်။

    အသက် ၄၉ နှစ်အရွယ်ရှိ ၀င်းတားဘန်းမှာ အာဆင်နယ်အသင်းတွက် ပွဲပေါင်း ၄၀၀ ကျော်ကစားပေးခဲ့သည့် ဂန္တ၀င်နောက်ခံလူဟောင်းတစ်ဦးဖြစ်သည်။

    Ref: Goal.com

    …………………………………..
    ဂွာဒီယိုလာမှာ ဘိုင်ယန်တွင် ဘာစီလိုနာမှထက်ပိုသည့် အောင်မြင်မှုမျိုးကို ရယူချင်သည်ဟု ရီဘာရီဆို

    ဘိုင်ယန်မြူးနစ်အသင်း၏ အလယ်တန်းလူ ဖန့်ရီဘာရီက အသင်းနည်းပြ ဂွာဒီယိုလာ၏ စွမ်းဆောင်ရည်များအား ချီးကျူးလိုက်ပြီး၊ ယခုနှစ်နွေရာသီ ဂွာဒီယိုလာ အသင်းသို့စရောက်ကတည်းက မိမိ၏ စွမ်းဆောင်ရည်များမှာလည်း တိုးတက်လာခဲ့သည်ဟု ပြောကြားလိုက်သည်။

    ဘိုင်ယန်မြူးနစ်အသင်းမှာ ဘွန်ဒစ်လီဂါတွင် ၃၇ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ဟမ်းဘတ်အသင်း၏ နှစ်ပေါင်း ၃၀ ကြာတင်ထားခဲ့သည့် စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့သည်။

    “အောင်မြင်မှုတွေရခဲ့တဲ့ ဘာစီလိုနာမှာ သူပြသခဲ့တဲ့ နည်းစနစ်ကို ဂွာဒီယိုလာက ကျွန်တော်တို့အသင်းကို ယူဆောင်လာပါတယ်။ သူရဲ့စိတ်ကူးတွေနဲ့ အတူ ရောက်လာခဲ့ပြီး ဘာစီလိုနာမှာရခဲ့တဲ့ အောင်မြင်မှုတွေထက်ပိုတဲ့ အောင်မြင်မှုတွေကို သူရချင်နေပါတယ်။ ဘိုင်ယန်နဲ့အတူ အောင်ပွဲခံချင်နေတာပါ” ဟု ဂွာဒီယိုလာနှင့် ပတ်သက်ပြီး အားကစားရုပ်သံတစ်ခုဖြစ်သည့် beIN Sport ရုပ်သံမှတင်ဆက်သည့် ‘Le Club’ အစီအစဉ် သို့ ရီဘာရီက ပြောကြားခဲ့သည်။

    Ref: Goal.com
    …………………………………..

    ATP World Tour Finals ဖိုင်နယ်သို့ နာဒယ်နှင့် ဂျိုကိုဗစ်တို့တက်ရောက်

    လန်ဒန်တွင်ကျင်းပပြုလုပ်နေသည့် ATP World Tour Finals တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ စပိန်တင်းနစ်သမား နာဒယ်နှင့် ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

    နာဒယ်မှာ ဆီမီးဖိုင်နယ်တွင် ဆွစ်ဇလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာအား အနိုင်ယူနိုင်ခဲ့ပြီး၊ ဂျိုကိုဗစ်မှာလည်း ဆွစ်ဇလန်တင်းနစ်သမား ၀ါဝရင်ကာအား အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ဒူးဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက် ပြင်သစ်နှင့် ယူအက်စ်အိုပင်း တင်းနစ်ပြိုင်ပွဲများတွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နာဒယ်မှာ ဖက်ဒါရာအား ၇-၅၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နာဒယ်မှာ ဖက်ဒါရာနှင့် ယခုပွဲအပါအ၀င် ၃၂ ပွဲတွေ့ဆုံခဲ့ပြီး ၂၂ ပွဲအနိုင်ရရှိခဲ့သည်။

    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သည့် ဂျိုကိုဗစ်နှင့် ၀ါဝရင်ကာတို့ပွဲတွင် ဂျိုကိုဗစ်က ၆-၃ ၆-၃ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။  ဂျိုကိုဗစ်မှာ ယခုပွဲအနိုင်ရရှိပြီးနောက် ၂၁ ဆက်တိုက် အနိုင်ရရှိသည့် ရလဒ်ကောင်းကိုလည်း ရရှိထားသည်။

    ATP World Tour Finals မှာ ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းရှိကစားသမားများသာ ၀င်ရောက်ယှဉ်ပြိုင်ရသည့် ရာသီပိတ် တင်းနစ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဗိုလ်လုပွဲကို ယနေ့တွင် ကစားမည်ဖြစ်သည်။

    Ref:skysports

    ………………………………………………..
    ဂျူဗင်တပ်စ်အသင်းတွင် ကစားရသည်ကို ပျော်ရွှင်ကြောင်း လော်ရန်တေးဆို

    ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးဖြစ်သူ လော်ရန်တေးက အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သူ ကားလို့စ်တီဗက်ဇ်နှင့် ဆက်ဆံရေးကောင်းမွန် ကြောင်းပြောကြားခဲ့ပြီး အသင်း၌မပျော်မရွှင်ဖြစ်နေသည်ဆိုသည့်သတင်းအား ငြင်းပယ်လိုက်သည်။

    လောရန်တေးမှာ နာပိုလီအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့သည်။ ယခုနှစ်နွေရာသီကမှ ဂျူဗင်တပ်စ်သို့ ရောက်ရှိလာသည့် လော်ရန်တေးမှာ ဇန်န၀ါရီတွင် အသင်းမှ ထွက်ခွာတော့မည်ဟု ကောလဟာလများ ထွက်ပေါ်လာ ခဲ့သော်လည်း လော်ရန်တေးက ငြင်းပယ်ခဲ့သည်။

    “ကျွန်တော့်ရဲ့လုပ်အားတွေနဲ့ အသင်းကို အမြဲတမ်းကူညီပေးနေပါတယ်။ ကျွန်တော်ရဲ့စွမ်းဆောင်ရည်တိုးတက်လာတာဟာ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ဘဲ၊ ကျွန်တော်ကြိုးစားလို့သာ ဒီလိုတိုးတက်လာတာပါ။ ပြီးတော့ တီဗက်ဇ်နဲ့လည်း ဆက်ဆံရေးကောင်းတွေရှိပြီး အသင်းမှာရှိနေတာကိုလည်း ပြောပါတယ်” ဟု Sky Sport သို့ လော်ရန်တေးက ပြောကြားခဲ့သည်။
    Ref: Goal.com

    1

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    နိုဝင်ဘာ- ၁၁ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    2nd3

    သိုရီယမ် နျူကလီယား စွမ်းအင်

    စွမ်းအင်သုတေသန ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Laser Power Systems က   သုတေသန ပြုလုပ်နေတဲ့ သိုရီယမ် ဒြပ်စင်သုံး အသေးစား နျူကလီယား စွမ်းအင်ထုတ်စက် လေးများဟာ  လျှပ်စစ်ကားများကို ကားသက်တမ်း တစ်လျှောက်  နောက်ထပ် လောင်စာ ထည့်ရန် မလိုဘဲ သုံးစွဲနိုင်စေလိမ့်မယ်လို့ ဆိုပါတယ်။ သိုရီယမ် ဟာ ယူရေနီယမ်ထက် ပေါများပြီး ဓါတ်ရောင်ခြည် အန္တရာယ် နည်းပါးပြီး ထိန်းသိမ်းရ လွယ်သူသဖြင့် သုတေသန များပြုလုပ်လျက် ရှိပါတယ်။
    Thorium
    −−−−−−−−−−−−−−−−−−−−−−−−−−−−−−−
    အိန္ဒိယ၏ အင်္ဂါဂြိုဟ်သွား အာကာသယာဉ်

    နိုဝင်ဘာလ ၅ ရက်နေ့က လွှတ်တင်ခဲ့တဲ့ အိန္ဒိယရဲ့ အင်္ဂါဂြိုဟ်သွား အာကာသယာဉ်ဟာ အခုချိန်မှာ ကမ္ဘာပါတ် လမ်းကြောင်းထဲက ထွက်ခွာဖို့ အဆင့် ၆ ဆင့်ရဲ့ ပထမဆုံးအဆင့် ဒုံးအင်ဂျင်ကို မောင်းနှင်လိုက်ပါတယ်။ အင်္ဂါဂြိုဟ်ပါတ်လမ်းထဲကို ရောက်ရှိဖို့ ရက်ပေါင်း ၃၀၀ ခရီးနှင်မှာ ဖြစ်ပါတယ်။
    mars_probe
    −−−−−−−−−−−−−−−−−−−−−−−−−−−−−−−
    လူ၏ဆီးမှ စွမ်းအင်ထုတ်မည်

    West of England နဲ့ Bristol တက္ကသိုလ်က သုတေသီတွေဟာ ဆီးကနေ စွမ်းအင် ထုတ်ယူဖို့ ကြိုးစားနေပါတယ်။ လူရဲ့နှလုံးလို လုပ်ဆောင်တဲ့ ကိရိယာကနေ ဆီးကို microbial fuel cell ထဲကို ဖိသွင်းပေးပြီး ဘက်တီးရီးယားတွေက ဆီးကို ဖြိုခွဲရာမှာ လျှပ်စစ်ဓါတ်အားထွက်လာတယ်လို့ ဆိုပါတယ်။ အခုထိတော့ ထွက်လာတဲ့ လျှပ်စစ်အား နည်းတဲ့အတွက် သုတေသနကို ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
    urine
    −−−−−−−−−−−−−−−−−−−−−−−−−−−−−−−
    ရုရှ အိုလံပစ်မီးရှုးတိုင် အာကာသထဲ ထွက်

    ရုရှနိုင်ငံမှာကျင်းပမယ့် အိုလံပစ်ပွဲတော်ရဲ့ မီးရှုးတိုင်ကို  နိုင်ငံတကာအာကာသစခန်းသို့ ပို့လိုက်ပြီးနောက် မီး မထွန်းညှိပဲ အာကာသစခန်း အပြင်ကို ယာဉ်မှုးများက သယ်ဆောင်ပြခဲ့ကြပါတယ်။
    torch
    −−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
    ဥရောပ အာကာသ အေဂျင်စီ ရဲ့ အာကာသယာဉ် ကမ္ဘာမြေသို ကျဆင်း

    Gravity field and steady-state Ocean Circulation Explorer လို့ ခေါ်တဲ့ မြေဆွဲအားနှင့် သမုဒ္ဒရာ စီးဆင်းမှု လေ့လာရေးယာဉ်ဟာ ၁.၁ တန် လေးပြီး   တနင်္လာနေ့ မနက် မှာ ကမ္ဘာမြေသို ကျဆင်း လာမှာ ဖြစ်ပြီး တစ်ခုလုံးရဲ့ ၅ပုံ၎ပုံဟာ လေထုထဲမှာ လောင်ကျွမ်းသွားပြီး ကျန်အပိုင်းများကတော့ သမုဒ္ဒရာထဲကို ကျဆင်းမှာ ဖြစ်ပါတယ်။
    europe
    −−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
    Kindle Fire HDX
    Amazon ကပြီးခဲ့တဲ့ ကြာသပတေးနေ့က tablet အသစ် Kindle Fire HDX ကို စတင် ရောင်းချလိုက်ပါတယ်။ Apple iPad air ကို  ယှဉ်ပြိုင်နိုင်တဲ့ ဒီ8.9 လက်မ tablet ကို $379 နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
    kindle

  • အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ဦးသိန်းစိန် အစိုးရမှ ခွင့်ပြုချက်ပေးပြီး လာရောက် လေ့လာခိုင်းခြင်းဖြစ်

    နိုဝင်ဘာ- ၁၁ ၂၀၁၃
    M-Media
    မောင်ပုည

    43f64cb912bb1c1c1d0f6a70670074e8

    နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ လာရောက်မည့် ခရီးစဉ်မှာ မြန်မာအစိုးရ၏ ဖိတ်ကြားအချက် အရ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်၏ ပြောစကားအရ သိရှိပါသည်။

    “အိုအိုင်စီက အရင်တုန်းက ဖြစ်စဉ်တွေမှာ တကယ် ဖြစ်နေတာကို မသိဘဲ အပြင်က ပြောနေတာတွေ ရှိတယ်။ တကယ်အဖြစ်မှန် လာလေ့လာခိုင်းတာပါ” ဟု ဒု-ဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်ကို The Voice Weekly ရဲ့ သတင်းတပုဒ်မှာဖော်ပြထားတာကိုတွေ့ရှိရပါသည်။

    အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ လာရောက်မည့် သတင်းနှင့်အတူ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမည့်လုပ်ရှားမှု သတင်းများလည်း ထွက်ပေါ်လျက်ရှိပါသည်။ ရန်ကုန်မြို့အင်းစိန်တွင် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဆန္ဒပြမည်ဟုလည်းကောင်း၊ ရခိုင်ပြည်နယ်လုံးကျွတ် ဆန္ဒပြသွားမည့်ဟု စစ်တွေမြို့နယ် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ စီစဉ်နေကြောင်းကိုလဲ သိရှိရပါသည်။

    အိုအိုင်စီ ကို ကန့်ကွက်ဆန္ဒပြမည့် သတင်းများနှင့် ပတ်သက်ပြီး ရန်ကုန်မြို့နေ အစ္စလာမ်ဘာသာဝင် တဦးက သူရဲ့ သဘောထားကို အောက်ပါ အတိုင်းပြောကြားခဲ့ပါသည်။

    ” ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက အိုအိုင်စီကို ကန့်ကွက်ဆန္ဒပြပွဲများမှာ မွတ်စလင်မ်ဆန့်ကျင်ရေ့း ကြွေးကြော်သံတွေ၊ လှုံဆော်မှုတွေနှင့်အတူ သမ္မတကြီးကို ထောက်ခံသော ကြေညာစာတန်းတွေလည်း ကိုင်ဆောင်ခဲ့ကြခြင်းကို တွေ့ရှိရကြောင်း၊ ယခုတစ်ကြိမ် အိုအိုင်စီကို ဖိတ်ခေါ်ပြိး လေ့လာစေသည်မှာ မြန်မာအစိုးရဖြစ်သဖြင့် တကယ်တမ်း ကန့်ကွက်မည်ဆိုလျှင် ဦးသိန်းစိန် အစိုးရကိုသာ ဦးတည် ကန့်ကွက်ရမှာ ဖြစ်ကြောင်း၊ ဤသည်မှာ အစိုးရ၏ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့မှ ဖိတ်ခေါ်ထားလျှင် ပွင့်လင်းမြင်သာစွာ ပြည်သူကို ထုတ်ဖော် အသိပေးရမှာဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ဘဲ အိုအိုင်စီအကြောင်းပြပြီး မွတ်စလင်မ် ဆန့်ကျင်ရေးလမ်းကြောင်း တင်လျက် ဦးသိန်းစိန် ထောက်ခံရေး လမ်းကြောင်းကို သဲ့ယူသွားခြင်းသည် နိုင်ငံရေး အမြတ်ထုတ်မှု သက်သက်သာဖြစ်ကြောင်း၊ ထို့ကြောင့် ကန့်ကွက်ဆန္ဒပြမှုဖြစ်ပွားခဲ့လျှင် (တနည်း) နိုင်ငံတော်မှလည်း ခွင့်ပြုခဲ့ပါလျှင် ဆန္ဒပြသူတို့မှာ နိုင်ငံတော်၏သဘောထားကို တော်လှန်ဆန့်ကျင်ရာရောက်ကြောင်း၊ နိုင်ငံတော်အစိုးရကိုလည်း မရိုးမသားပြုမူသည်ဟု စွပ်စွဲရာရောက်ကြောင်း ” ၄င်း၏ အမြင်ကို ပြောပြသွားပါသည်။

    ဓါတ်ပုံအညွန်း- ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း အိုအိုင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှ မြင်ကွင်းတခု

    ကိုးကား-http://goo.gl/MJ40iU