News @ M-Media

Author: M-Media

  • မမလဌာနချူပ်မှ ဦးစီးပြီး ၁၇ ကြိမ်မြောက် စုပေါင်းသွေး လှုဒါန်းပွဲပြုလုပ်မည်။

    မမလဌာနချူပ်မှ ဦးစီးပြီး ၁၇ ကြိမ်မြောက် စုပေါင်းသွေး လှုဒါန်းပွဲပြုလုပ်မည်။

    ဖေဖော်ဝါရီ ၂၄ ၊ ၂၀၁၅
    M-Media
    သတင်း- သီဟ
    MaMa La Blood Donation
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့ မမလဌာနချုပ်မှ ကြီးမှူး ကျင်းပသော (၁၇)ကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲကို ၂-၃-၂၀၁၅ တောင်သူလယ်သမားနေ့ နံနက် (၈)နာရီ တွင် ရန်ကုန် အမျိုးသားသွေးလှူ ဘဏ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

    သွေးလှုဒါန်းပွဲအစီအစဉ်
    နေ့ရက်    – ၂-၃-၂၀၁၅(တောင်သူလယ်သမားနေ့)
    အချိန်    – နံနက် ၈း၀၀ နာရီ
    နေရာ    – အမျိုးသားသွေးလှုဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊
    လေဟာပြင်ဈေးဟောင်းအနီး၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

    အထက်ပါသွေးလှုဒါန်းမှုအစီအစဉ်တွင် ပါဝင်၍ သွေးလှုဒါန်းလိုပါက မမမဌာနချုပ်၊ အမှတ်(၁၉၄/၁၉၆)၊ အခန်းအမှတ်(၄-A)တွင်ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။

    ဆက်သွယ်ရန် ဖုန်း- ၀၁-၂၄၁၂၁၂၊ ၀၁-၂၅၂၇၉၉

  • လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်မှုနဲ့ တာဝန်ယူတတ်မှု

    လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်မှုနဲ့ တာဝန်ယူတတ်မှု

    ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၅
    M-Media
    ဆွေမွန်ရေးသည်။
    10959841_1401896736785891_1174115988918441662_n
    အင်္ဂလန်နိုင်ငံက ပရီးမီးယားဘောလုံးအသင်းဖြစ်တဲ့ ချယ်လ်ဆီးကလပ်အသင်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြင်သစ်နိုင်ငံမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။

    ပြင်သစ်ကလပ်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ အင်္ဂလန်ကို ပြန်ဖို့အတွက် ပဲရစ်မက်ထရိုဘူတာရုံမှာ ချယ်လ်ဆီးပရိတ်သတ်တွေ စုပြုံပြီး ရှိနေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ပြင်သစ်နိုင်ငံမှာ အလုပ်လုပ်တဲ့ ပြင်သစ်မော်ရစ်သျှအနွယ် လူမည်းအမျိုးသား ဆူလေမန်ဟာ အဲဒီ ဘူတာရုံကနေ နေအိမ်သို့ ပြန်ဖို့ ရထားပေါ်အတက်မှာ ချယ်လ်ဆီးပရိသတ်တွေရှိနှင့်ပြီးတဲ့ ရထားတွဲကနေ အ၀င်မခံဘဲ လူမျိုးရေးခွဲခြားခံရပြီး ရထားတွဲရဲ့အပြင်ဖက်ကို တွန်းထုတ်ခံခဲ့ရပါတယ်။ သူ့ကို လူမျိုးရေးခွဲခြားသူ ချယ်လ်ဆီးပရိတ်သတ်အချို့က နှစ်ကြိမ်တိတိ တွန်းထုတ်တာကို ဘူတာရုံက လုံခြုံရေးကင်မရာတွေမှာ မှတ်တမ်းတင်ထားပြီးသား ဖြစ်နေခဲ့ပါတယ်။

    11021171_1401896806785884_6685398281534694316_n

    လူမျိုးရေးခွဲခြားသူချယ်လ်ဆီးပရိတ်သတ်အချို့ဟာ ရထားထွက်ခွာချိန်မှာလည်း “ငါတို့ဟာ လူမျိုးရေး ခွဲခြားသူတွေ ဖြစ်ကြတယ်။ ဒါကို ငါတို့ နှစ်သက်တယ်” လို့ အော်ဟစ်သွားခဲ့ကြပါသေးတယ်။

    လူလူချင်း အသားအရောင်ကွဲပြားမှုအပေါ်မှာ ခွဲခြားဆက်ဆံတာ၊ ဘာသာတရားအပေါ်မူတည်ပြီး ခွဲခြားဆက်ဆံတာတွေကို ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမှ လက်ခံခြင်းမရှိတဲ့အတွက် လူမျိုးရေးခွဲခြားသူချယ်လ်ဆီးပရိတ်သတ်အချို့အတွက် ချယ်လ်ဆီးဘောလုံးကလပ်ပိုင်ရှင် အဗရာမိုဗစ်နဲ့ ကလပ်မန်နေဂျာ ဟိုဆေးမော်ရင်ဟိုတို့ဟာ အဲဒီဆိုးသွမ်းပရိတ်သတ်တွေရဲ့ လုပ်ရပ်အတွက် ရှက်ရွံ့ စက်ဆုတ်မိကြောင်း ချက်ချင်းဆိုသလို ထုတ်ဖော်ပြောကြားခဲ့ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေ အပါအ၀င် အင်္ဂလန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်း၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆပ်ဘလတ္တာ၊ Football against Racism နဲ့ Kick it out အဖွဲ့အစည်းတွေက အပြင်းအထန်ရှုတ်ချ အပြစ်တင်ခဲ့ကြပါတယ်။ အင်္ဂလန်နဲ့ ပြင်သစ်အာဏာပိုင်တွေကလည်း လူမျိုးရေးခွဲခြားမှု ကျူးလွန်သူကို ပူးတွဲဖော်ထုတ်သွားမယ်လို့ ပြောကြားခဲ့ကြပါတယ်။

    11015107_1401897140119184_5724592622316901241_n

    ပြင်သစ်ဘူတာရုံက လုံခြုံရေးကင်မရာ မှတ်တမ်းကို စစ်ဆေးကာ ကျူးလွန်သူကို စစ်ဆေးဖော်ထုတ်နေစဉ်အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ပထမဆုံးပြန်ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပရီးမီးယားဘောလုံးပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းသားတွေဟာ ‘‘တန်းတူညီမျှမှုကို အားပေးတဲ့ ကစားပွဲ’’ လို့ရေးသားဖော်ပြထားတဲ့ တီရှပ်တွေကို ၀တ်ဆင်ပြီးတော့ လူမျိုးရေးခွဲခြားမှုကို ကလပ်ကစားသမားတွေပါ လက်ခံခြင်း မရှိကြောင်း ထုတ်ဖော်ပြသခဲ့ကြပါတယ်။

    အသက် ၃၃ နှစ်အရွယ်ရှိ လူမည်းအမျိုးသား ဆူလေမန်ဟာ ချန်ပီယံလိဂ်ည ပထမအကျော့ညက လူမျိုးရေးခွဲခြားစော်ကားခံခဲ့ရအပြီးမှာ ချယ်လ်ဆီးအသင်းရဲ့ ဆက်သွယ်တောင်းပန်မှုအပြင် ပြင်သစ်သမ္မတ ဟော်လန်ရဲ့ ဖုန်းဆက်အားပေးစကားပြောဆိုမှု၊ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေဆီက အားပေး နှစ်သိမ့်မှုများကိုပါ လက်ခံရရှိခဲ့ပါတယ်။

    11022631_1401896933452538_7897389257552226191_n

    ခုချိန်မှာတော့ ချယ်လ်ဆီးဘောလုံးကလပ်အသင်းနဲ့ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ဟာ အဲဒီညက လူမျိုးရေးခွဲခြားခဲ့သူ သုံးဦးကို ပူးပေါင်းဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပြီး ချယ်လ်ဆီးကလပ်အသင်းက ရာသက်ပန် ပွဲကြည့်ခွင့် ပိတ်ပင်ပြစ်ဒဏ်ချမှတ်ပြီးတော့ အရေးယူသွားခဲ့ပြီလို့ သိရပါတယ်။

    ပြင်သစ်နိုင်ငံဥပဒေအရ အများနဲ့ဆိုင်တဲ့သယ်ယူပို့ဆောင်ရေးနေရာတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုပြုလုပ်ခဲ့ရင် ဒဏ်ငွေ စတာလင်ပေါင် ၄၅၀၀၀ ( ခန့်မှန်း မြန်မာငွေ ၆၇၅ သိန်းခန့်) အပြင် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ထိကျခံရနိုင်တာကြောင့် ဒီလူတွေဟာ ပြင်သစ်ဥပဒေနဲ့ အရေးယူခံယူဖွယ်ရှိနေသေးကြောင်း သိရပါတယ်။

    Nay Myo Wai

    မြန်မာနိုင်ငံမှာ လူမျိုးရေးခွဲခြားမှုတွေကို ပုံစံအမျိုးမျိုးနဲ့ နေ့စဉ် ပုံနှိပ်ဖော်ပြပြီးသော်လည်းကောင်း၊ လက်ကမ်းကြော်ငြာစာအုပ်များ၊ တရားဝင်ပုံနှိပ်မီဒီယာများမှ ဘာသာရေးခွဲခြားစော်ကားမှုများကို ရေးသားဖော်ပြ၍သော်လည်းကောင်း၊ တရားဝင်ပါတီထောင်ကာ လူမျိုးရေးခွဲခြားခွင့်လိုင်စင်ကို တရားဝင်ရနေသလို အာဏာပိုင်များမှ ခွင့်ပြုနေ၍သော်လည်းကောင်း၊ သင်္ဃန်းစီးကာ လူမျိုးရေးခွဲခြားမှု ဘာသာရေးခွဲခြားစော်ကားနေမှုများအား မည်သူမျှ အပြစ်တင် ရှုတ်ချခြင်း မရှိသလို မလုပ်သင့်ဘူးဟုပင် တားမြစ်ခြင်းများပင် ရှိမနေသေးသည်က…

    တန်းတူညီမျှမှု အပြည့်ရှိသော ဒီမိုကရေစီစနစ်ကိုသွားနေပါပြီဟု ကြွေးကြော်နေမှုများမှာ မည်မျှ အဓိပ္ပါယ်မဲ့နေသည်ကို မြင်မိစေရန် ယခုသတင်းအား ဘာသာပြန်ကာ ရေးသားရခြင်းဖြစ်ပါကြောင်း။

    10903928_1401898500119048_2669832706304706626_o

    Ref :
    http://www.france24.com/en/20150219-chelsea-bans-three-fans-over-paris-metro-racism/
    http://www.bbc.co.uk/news/uk-31575123
    https://uk.eurosport.yahoo.com/news/football-ashamed-chelsea-announce-new-bans-185523617–sow.html

    ဆွေမွန်
    ၂၃ ဖေဖေါ်ဝါရီ ၂၀၁၅

  • စစ်သားအိုကြီး တယောက်ရဲ့ ပုံရိပ် (သို) တပ်ကြပ်ကြီး ဦးတင်ဦး (ငြိမ်း)

    စစ်သားအိုကြီး တယောက်ရဲ့ ပုံရိပ် (သို) တပ်ကြပ်ကြီး ဦးတင်ဦး (ငြိမ်း)

    ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်
    11004880_644462852325745_1525105587_n
    အမည်အရင်းမှာ ဦးတင်ဦးဖြစ်ပြီး အဖ ဦးမောင်ကို အမိ ဒေါ်သက်တင်တို့မှ မန္တလေးမြို့၌ ၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့

    အသက် (၁၈) နှစ်တွင် တပ်ထဲတွင်ရှိသည့် ဦးလေးများကို အားကျပြီး စစ်တပ်ထဲသို့ ၁၉၅၄ခုနှစ်တွင် ၀င်ရောက်ခဲ့၊

    တပ်သား စုဆောင်းရေးတွင် (၆) လ ကြာပြီး  သ.န.တ-၄ (သေနတ်ကိုင်တပ်ရင်း) တွင် တာဝန်ထမ်းဆောင်ခဲ့၊

    တပ်ထဲတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ တိုက်ပွဲ (၄) ပွဲတွင် ပါဝင်တိုက်ခဲ့၊

    ယင်းတိုက်ပွဲ (၄) ပွဲအနက် တိုက်ပွဲတစ်ခုတွင် တစ်ဖက်ရန်သူကို အောင်မြင်စွာတိုက်နိုင်ခဲ့ပြီး နိုင်ငံတော်အလံကို ထူနိုင်ခဲ့သည့်အတွက် ရာထူး (၃ ရစ်) အထိ တက်ခဲ့၊

    ဗိုလ်မှူးချူပ်ကျော်ဇောကလည်း ရွှေတံဆိပ်ဆုဆွဲပြားဖြင့် ဂုဏ်ပြုခဲ့ ကြောင်း ၄င်းက ပြောပြ၊
    ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထဲ၌ ဗုဒ္ဓဘာသာမဟုတ်သူများကို ခွဲခြားဆက်ဆံမှုများစွာ ပြုလုပ်လာသဖြင့် ၁၉၇၇ ခုနှစ်တွင် စစ်တပ်မှ နှုတ်ထွက်ခဲ့၊

    အသက် ၈၂ နှစ် အရွယ် အငြိမ်းစား စစ်သားအိုကြီး  ဒဂုံ မြို့သစ်(တောင်ပိုင်း) ၊ ၇၀ ရပ်ကွက်တွင် နေထိုင်ပြီး ဘဝကို ခက်ခဲစွာ ဖြတ်သန်းလျက်ရှိ၊

     

    11020947_644470835658280_1972532696_n

    11005782_644470782324952_1423327971_n

  • မြန်မာမွတ်စ်လင်မ်တို့၏ အကျိုးပြု သမိုင်း တစ်ပုဒ်နှင့် အားလုံး အတွက် စံနမူနာ

    မြန်မာမွတ်စ်လင်မ်တို့၏ အကျိုးပြု သမိုင်း တစ်ပုဒ်နှင့် အားလုံး အတွက် စံနမူနာ

    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၅
    M-Media
    2015-02-13-MuslimFreeHospitalSign-thumb
    Muslim Free Hospital ဟု ခေါ်သော မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံကို  မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ (ယခု မဟာဗန္ဓုလပန်းခြံလမ်း)တွင် ၁၉၃၇ ခုနှစ်က တည်ထောင်ခဲ့သည်။ ဦးဆောင်သူမွတ်စ်လင်မ်တစ်ဖွဲ့မှ ဆေးဝါးမကုသနိုင်အောင် ချို့တဲ့နေသော ရန်ကုန်မြို့ခံ နွမ်းပါးသူများအတွက် အကျိုးဆောင်နိုင်ရန် စတင်ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။ စဦးမတည်မှုအားလုံးမှာ မွတ်စ်လင်မ်တို့ထံမှ ဖြစ်၏။

    မွတ်စလင်မ်ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာမွတ်စ်လင်မ်တို့၏ အလှူဒါနများဖြင့် ယနေ့တိုင် တည်ရှိရပ်တည်နေပါသည်။ ယခင် Burma – ဗမာပြည်ကို မြန်မာနိုင်ငံ(Myanmar) ဟူ၍ ၁၉၈၈ ခုနှစ်တွင် ကင်ပွန်းတပ်ပေးရာ မြို့တော်ရန်ကုန်သည်လည်း Rangoon မှ Yangon အဖြစ် အမည်သစ်ရရှိလာခဲ့သည်။ မြို့အမည်နာမ မည်သို့ပြောင်းပြောင်း မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ၏လုပ်ငန်းမှာမူ အပြောင်းအလဲ ရှိမသွားပေ။

    စတင်ချိန်ကတည်းက ဆေးရုံ၌ ဘာသာရေး၊ လူမျိုးရေး၊ ၀င်ငွေအနည်းအများပေါ် မူတည်သော ခွဲခြားဆက်ဆံမှုမျိုး အလျဉ်း မရှိခဲ့။ မွတ်စ်လင်မ်၊ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အခြားမည်သည့်ဘာသာဝင်များကိုမဆို မြန်မာမွတ်စ်လင်မ်တို့က (ထိုဆေးရုံမှတဆင့်) ဆေးဝါးကုသရေးစားရိတ်များကို ထောက်ပံ့ပေးနေဆဲပင် ဖြစ်သည်။

    2015-02-13-MuslimHospitalAmbulance-thumb

    မြန်မာနိုင်ငံအတွင်း ဤသို့လည်ပတ်နေသည်မှာ ထူးထူးခြားခြား သတိပြုမိစေပါသည်။ မြန်မာနိုင်ငံ၌ မွတ်စ်လင်မ်တို့မှာ လူဦးရေပမာဏ ၄ ရာခိုင်နှုန်းသာရှိသည့် လူနည်းစုဝင်များဖြစ်ကြသည်။ ငြိမ်းချမ်းစွာရှိနေသည့် မွတ်စ်လင်မ်တို့အား အကြမ်းဖက်မှု တနေ့တခြား မြင့်မားလာ သလို ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးအချို့ကလည်း မွတ်စ်လင်မ်တို့အပေါ် အကြမ်းဖက်ရန် ပြောင်တင်းစွာ လှုံ့ဆော်နေကြ၏။ မြန်မာနိုင်ငံ အချို့ဒေသများဝယ် စီးပွားရေး လုပ်ငန်းများ၊ အိုးအိမ်များ မီးလောင်ပြာကျခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ဗုဒ္ဓ ဘာသာဝင် ဘုန်းတော်ကြီးအချို့မှ တိရစ္ဆာန်နှင့် ခိုင်းနှိုင်းခေါ်တွင်၍ နိုင်ငံပြင်ပသို့ ထွက်ရန်တောင်း ဆိုခြင်းတို့ကို မြန်မာမွတ်စ်လင်မ်များမှ ခံစားခဲ့ကြရကုန်၏။  အကြမ်းဖက်မှုများမှာ မန္တလေးမြို့နေ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး၏ ဖန်တီးမှုဖြစ်ကြောင်း ၂၀၁၃ ခုနှစ်ကလည်း တိုင်းမ်မဂ္ဂဇင်းမှ ဆောင်းပါး တစ်ပုဒ် ဖော်ပြဖူးသည်။ ထိုဆောင်းပါး ဖော်ပြပြီးနောက်ပိုင်း အခြေအနေမှာ ဆိုးသထက် ဆိုးရွားလာတော့သည်။

    သို့ပင်သို့ငြား မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံကတော့ မည်သည့်စောဒက မပြုဘဲ ဗုဒ္ဓဘာသာဝင် လူများစုကြီးအား အခမဲ့ ကုသပေးနေမြဲသာ။ နိုင်ငံရေး လမ်းကြောင်းဟူ၍လည်း အလျဉ်း မရှိချေ။

    2015-02-13-MFHHematologist
    ဓာတ်ပုံ – သွေးနှင့်သွေးကြောဆိုင်ရာအထူးကု ဒေါက်တာ ဖြိုးဝေထွန်း မြန်မာနိုင်ငံ၌ M.D ဘွဲ့၊ ဂျပန်၌ Ph.D ဘွဲ့ ရယူပြီး အမေရိကန် စိန့်ဂျု(ဒ်)စ် ဆေးရုံ၌ သုံးနှစ်ကွင်းဆင်းလေ့ကျင့်ခဲ့သူဖြစ်ကာ ယခုအခါ မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံတွင် လုပ်ကိုင်နေသည်။

    မတူကွဲပြားဘာသာဝင်များ အကြား သဟဇာတဖြစ်မှုကို မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ၏ ၀န်ထမ်းများအကြားတွင် အလွယ်တကူ တွေ့မြင်နိုင်ပေသည်။ မွတ်စ်လင်မ်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဆရာဝန်များနှင့် သူနာပြုများအားလုံးသည် အပြန်အလှန်လေးစားမှုနှင့် တစ်ကွ လက်တွဲလုပ်ကိုင်လျက်ရှိကြသည်။

    2015-02-13-surgicalwardheadnurse
    ဓာတ်ပုံ – မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံ၌ လုပ်သက် ၂၃ နှစ်ရှိ သူနာပြု နွယ်နွယ်စန်း (ခွဲစိပ်ဆောင်သူနာပြုဦးစီး)

    အကန့်အသတ် ရှိရင်းမြစ်များမှပေးသော ၎င်းဆေးရုံ၏ ကုသစောင့်ရှောက်မှုများမှ အရည်အသွေးရော အရေအတွက်ပါ အမေရိကန်နိုင်ငံ၌ စိတ်ကူး၍ပင် မရစကောင်းပေ။ မြန်မာမွတ်စ်လင်မ်တို့၏ နှစ်စဉ် လှူဒါန်းငွေမှာ ဒေါ်လာ ၄ သိန်းထိ ရှိနေသည်။ တတ်စွမ်းနိုင်သည့်လူနာများက တတ်နိုင်သလောက် ပေးနိုင်ကြပြီး ချို့တဲ့နွမ်းပါးသူများ အနေနှင့်မူ မည်သည်မျှပေးကမ်းရန် မလိုချေ။
    လူနာကုတင် ၁၆၀ ဆန့် ယင်းဆေးရုံ၏ ပြင်ပလူနာဌာနများက တစ်နေ့လျှင် လူနာပေါင်း ၄၅၀ ခန့် ကုသပေးသည်။ ၂၀၀၀ ခုနှစ်၏စာရင်းဇယားများ တစ်မျိုးတည်းကပင် တစ်နှစ်အတွင်း ဆေးရုံတက်ရောက်ကုသသည့် လူနာပေါင်း ၆၀၀၀ ၀န်းကျင်ဟု ပြသနေသည်။ ဆေးရုံထဲတွင် ဆေးဝါးကုသဆောင်၊ ခွဲစိပ်ဆောင်၊ သားဖွားဆောင်နှင့် မျက်စေ့လူနာများတွက် အထူးကုသဆောင် အသီးသီးရှိကြသည်။ လက်ရှိအချိန်တွင် တစ်လလျှင် သားဖွားလူနာ ပျမ်းမျှ ၂၂၀ ခန့် ရှိသည်။ သို့သာမက ဓာတ်မှန်ရိုက်ကိရိယာများ၊ ဆေးပေးခန်း၊ ultrasound ဌာနနှင့် ခွဲစိပ်ခန်းများကိုလည်း တွေ့နိုင်သည်။

    2015-02-13-headnurseofobstetrics
    ဓာတ်ပုံ – သူနာပြု အိပိုပိုဟန်းစံ (ကိုယ်ဝန်ဆောင်နှင့်သားဖွားဆောင်သူနာပြုဦးစီး)

    ထိုဆေးရုံငယ်လေးအတွက် တာဝန်ထမ်းဆောင်နေသူနှင့် လုပ်အားဒါနပြုသူ ဆရာဝန်များ စုစုပေါင်း ၄၅ ဦး ရှိနေပါသည်။

    နေ့စဉ်နှင့်အမျှ သွေးပျက်ချောက်ခြားဖွယ်ဖြစ်စဉ်တို့ဖြင့် ရှုပ်ထွေးပွေလီလှသော ကမ္ဘာကြီးဝယ် – ပရဟိတ အုပ်စုတစ်ရပ်မှ ထွက်ပေါ်လာသော ရောင်ခြည်တစ်စကို တွေ့မြင်ရသည်မှာ နှစ်မြို့စရာကောင်းဘိခြင်း။ မည်သည့်အခါမျှ အမြင်ကျဉ်းတရားမထားရှိရန် သတိပေးနှိုးဆော်မှုလည်း ဖြစ်နေဘိခြင်း။

    2015-02-13-MoosaM
    ဓာတ်ပုံ – ကုသိုလ်ဖြစ်ဆေးရုံတည်ထောင်သူ၏မြေးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် မစ္စတာ မူစာ မေဒင် (ဒါရိုက်တာများဘုတ်အဖွဲ့ဥက္ကဌ)
    2015-02-13-newbornmother
    ၁၃.၂.၂၀၁၅ ရက်နေ့ ကုသိုလ်ဖြစ်ဆေးရုံတွင် မွေးဖွားသော ကလေးငယ်နှင့် ၎င်း၏မိခင်
    2015-02-13-onedaypostop
    နေ့ချင်းပြီး ခွဲစိပ်လူနာတစ်ဦး
    2015-02-13-medicalwardpatientwithmask
    အထွေထွေဆေးကုသဆောင်မှ လူနာ
    2015-02-13-OBpatientwithfriend
    မွေးဖွားဆောင်မှလူနာများ

    xxxxxxxxxxxxx

    ဓာတ်ပုံဆရာ၊ အမှုလိုက်ရှေ့နေနှင့် ထုံဆေး/မေ့ဆေးဆရာဝန် စတီဖင်ဝေါလေ့စ် Stephen Wallace, M.D., J.D. ရေးသားသော A Positive Story About Muslims and an Example for All of Us ( From Huffington Post )ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။ ဓာတ်ပုံများမှာ စာရေးသူ၏ ကိုယ်ပိုင်လက်ရာများ ဖြစ်သည်။

    ဆက်စပ် သတင်းနှင့် ဆောင်းပါးများ ဖတ်ရန်
    ——————————–
    မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ က ဒေါက်တာ ဒေါ်ခင်ဝင်းကြူ ရဲ့ ပုံရိပ် တစေ့တစောင်း
    http://www.m-mediagroup.com/news/32641

    မွတ်စ်လင်မ် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာ့ ညီညွတ်သွေးစည်းခြင်း မျှော်လင့်ချက်တစ်ခု
    http://www.m-mediagroup.com/news/18346

    လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။
    http://www.m-mediagroup.com/news/8347

    ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ
    http://www.m-mediagroup.com/news/2371

    ပြည်သူ့ဂုဏ်ရည်ဆု ပဏာမစာရင်းတွင် မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံ ၃ ကြိမ်ဆက်တိုက်ပါဝင်ခဲ့
    http://www.m-mediagroup.com/news/2363