News @ M-Media
Author: M-Media
  • ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးစိုးသိန်းတို့ World Economic Forum တွင် မြန်မာ့အနာဂတ်စီးပွားရေး ယနေ့ ဆွေးနွေးမည်
    ဇွန်လ ၆ ရက်၊ ၂၀၁၃
    M-Media
    မြန်မာနိုင်ငံ၊ နေပြည်တော်တွင်ကျင်းပလျက်ရှိသော World Economic Forum တွင် မြန်မာ့အနာဂတ်စီးပွားရေးနှင့် ပတ်သတ်၍ ဆွေးနွေးမည့် အစီအစဉ် (Panel Featuring) ထည့်သွင်းထားရာ ထိုအစီအစဉ်ကို ယနေ့ မြန်မာစံတော်ချိန် ၁၁ နာရီတွင် စတင်မည်ဖြစ်သည်။
    9967_443761429054284_12959234_n
    အစီအစဉ်၌ Panelist များအဖြစ် ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါက်တာ သန်းမြင့်ဦးနှင့် ဒေါ်ဇင်မာအောင်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
    ကြည့်ရှုရန် လင့်ခ်များမှာ –
    ၁) http://www.weforum.org/events/world-economic-forum-east-asia-2013
    ၂) http://new.livestream.com/accounts/1909571/events/2136999
    မြန်မာနိုင်ငံတွင် ဇွန် ၅ မှ ၇ ထိ ကျင်းပလျက်ရှိသော နိုင်ငံပေါင်း ၅၀ မှ ကိုယ်စားလှယ်ပေါင်း ၉၀၀ ကျော်ပါဝင်တက်ရောက်နေသည့် World Economic Forum ကို အောက်ပါလင့်ခ်တွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
    http://www.weforum.org/events/world-economic-forum-east-asia-2013
  • အီရန်နိုင်ငံသူ သိပ္ပံပညာရှင် တစ်ဦး UNESCO လူငယ် သိပ္ပံပညာရှင်ဆုကို ဆွတ်ခူးရရှိ
    ဇွန် ၆၊ ၂၀၁၃
    M-Media
    သက်ရှိများမျိုးမတုံးစေရန် ကာကွယ်စောင့်ရှောက်သည့် ဇီ၀၀န်းကျင်ရေရှည် ထိန်းသိမ်းရေး စီမံခန့်ခွဲမှု (Management of Biosphere Reserve) ၌   ထူးချွန်စွာစွမ်းဆောင်ပေးဆပ်နိုင်မှုများကြောင့် အီရန်နိုင်ငံသူ သိပ္ပံပညာရှင်တစ်ဦးအား ၂၀၁၃ UNESCO လူငယ်သိပ္ပံပညာရှင်ဆုအားပေးအပ်ခဲ့သည်။
    s.alambaigi20130605045630477
    မေလ ၂၇ ရက်မှ ၃၀ ရက်အတွင်း ပဲရစ်တွင်ကျင်းပသော  UNESCO ဌာနချုပ်အစည်းဝေးပြီးသည့်နောက် လူနှင့် ဇီ၀၀န်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု ကော်မတီ် (International Coordinating Council of the Man And the Biosphere(MAB) program) မှ ဤကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။
    ဂေဟစံနစ် လည်ပတ်ခြင်း၏ အရေးပါမှုအား ထိန်းသိမ်း ကာကွယ်နည်းကိုသုံး၍ ဇီ၀၀ န်းကျင်ရေရှည် တည်တံ့ဖွံ့ဖြိုးရေးအပေါ်  လေ့လာတင်ပြနိုင်သည့် အတွက် အာတီရာကာဇီမီ မိုဂျာရဒ် (AtiehKazemiMojarad) မှ ၄င်းဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်သည်။
    MAB Program သည် လူငယ်သိပ္ပံပညာရှင်များအား ဂေဟစံနစ်၊ သဘာဝရင်းမြစ်များ နှင့် မတူကွဲပြားသည့် ဇီဝမျိုးစိတ်များတွင် လေ့လာသင်ယူများပြားလာစေရန် အားပေးသောအားဖြင့် ၁၉၈၉ ခုနှစ်မှ စတင်ကာ လူငယ်သုတေသီများအား USD ၅၀၀၀ အထိ ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
    MAB Program ၏ဆုကို  အခြား လူငယ်သုတေသီပညာရှင် ၅ ယောက်လည်း ရရှိခဲ့သည်။ ၄င်းတို့မှာ စပိန်မှ ဂျူလီရို ဘလတ်စ် ဂါစီရာ (Julio Blas Garcia)၊ မက်စီကိုမှ အိန်ဂျလာ ကမာဂို (Angela Camargo)၊ အိန္ဒိယမှ ဘီလာ့လ် ဟဘီးဘ် (Bilal Habib)၊ အိုင်ဗရီကို့စ်မှ ဟိလိုင်ရီ ကောင်အကူး (HilaireKoakou) နှင့် နီကာရာဂွာမှ ကလော်ဒီယာ မူနီရာ (Claudia Munera) တို့ဖြစ်ကြသည်။
    Program မှ  အခြားလူငယ်သုတေသီ ၂ ယောက်ကိုလည်း ဇီ၀၀န်းကျင်ရေရှည်ထိန်းသိမ်းရေးစီမံခန့်ခွဲမှု အတွက် ၄င်း၏လက်ခွဲဆုဖြစ်သော Michel Batisse Award ကို ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ၄င်းဆုကြေး USD ၆,၀၀၀ ကို ဆွတ်ခူးခဲ့သူများမှာ တောင်အာဖရိက မှ မာရီစာ ကော့တ်ဇီ (Marisa Coetzee) နှင့် ဟယ်ရီ ဘိခ်စ်(Harry Biggs) တို့ဖြစ်ကြသည်။
    ဇီ၀၀န်းကျင်ရေရှည်ထိန်းသိမ်းရေး – biosphere reserve ဟူသည် ဒေသတစ်ခု၏ အသီးသီးသော ဇီဝမျိုးစိတ် နှင့် ၄င်းတို့၏သဘာဝအား  မပျက်စီးရအောင် စုပေါင်းထိန်းသိမ်းစောင့်ရှောက်ရန် ဖန်တီးလုပ်ဆောင်ချက်များ ဖြစ်သည်။ ၄င်းသည် ၀င်ငွေတိုးခြင်းကိုလည်း တည်တံ့စေသည့်အပြင်၊ ဂေဟစံနစ်များ၏ သဘာဝ နှင့် ပြောင်းလဲမှုများအပေါ် သုတေသနပြုခြင်း၊ ပညာပေးခြင်း၌ အဓိကအခြေပြုထားပါသည်။
    SAB/NN
    Ref: PressTV
  • ဇွန် ၅-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၅-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၅၊ ၂၀၁၃
    M-Media
    လျှို့ဝှက်သတင်း ဖွင့်ချမှုဖြင့် အမေရိကန် စစ်သည် တစ်ဦးအား ခုံရုံးတင် စစ်ဆေးနေ
    လွန်ခဲ့သော သုံးနှစ်အတွင်း WikiLeaks  websites မှတဆင့်မှ သတင်းများ ခိုးယူပြီး ထိပ်တန်းလျှို့ဝှက်သတင်းပေါက်ကြားစေသည်ဟု စွပ်စွဲခံရသူ အမေရိကန် စစ်သားအား တနင်္လာနေ့တွင် တဖက်သက် ခုံရုံးတင်စစ်ဆေးသွားမည်ဟု အမေရိကန် စစ်အာဏာပိုင်များက ပြောကြားခဲ့သည်။
    Read More
    ကနေဒါတွင် ပြုလုပ်သော ဟလာလ် ထုတ်ကုန် ဈေးပွဲတော်
    ကနေဒါနိုင်ငံတွင် ပထမဆုံးပြုလုပ်သော ဟလာလ် အစားအသောက် ပွဲတော်သည် စံချိန်တင်လောက်အောင် လူအမြောက်အများ လာရောက်ကြပြီး၊ မြောက်အမေရိကရှိ အဓိကမြို့တော်မှ ထူးခြားသော ဈေးကွက်တစ်ခုဖြစ်ခဲ့၏။
    Read More
    ဘင်္ဂလားဒေ့ရှ် အထည်စက်ရုံ လုပ်သားတွေ သောက်ရေမသန့်လို့ ဒုက္ခရောက်
    ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်စက်ရုံတစ်ရုံမှာ မသန့်ရှင်းတဲ့ရေ သောက်သုံးမိတဲ့  ရာနဲ့ချီတဲ့ အလုပ်သမားတွေကို ဆေးရုံပို့ပေးခဲ့ရပါတယ်။   ဆွယ်တာစက်ရုံမှာ အနည်းဆုံး အလုပ်သမား ၄၀၀ လောက် ဖျားနာကြတယ်လို့ ရဲက ခန့်မှန်းပါတယ်။
    Read More
    Nawaz Sharif ပါကစ္စတန် ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆို
    ပါကစ္စတန်နိုင်ငံမှာ ပထမဆုံးအကြိမ် သက်တမ်း ၃ ကြိမ်မြောက် တာဝန်ထမ်းဆောင်မယ့် ၀န်ကြီးချုပ်အဖြစ် Nawaz Sharif ဗုဒ္ဓဟူးနေ့က ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။ အစ္စလာမ်မာဘတ်မြို့တော် သမ္မတနန်းတော်က ကျမ်းကျိန်ပွဲ အခမ်းအနားကိုတော့ သမ္မတ Asif Ali Zardari က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်အရာရှိတွေနဲ့ သံတမန်တွေလည်း တက်ရောက်ခဲ့ကြတာပါ။
    Read More
    ကုလသံအမတ် Rice ကို အမျိုးသားလုံခြုံရေး အကြံပေး ခန့်အပ်မည်
    သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် တွန် ဒွန်နလွန် (Tom Donilon) ရာထူးက နှုတ်ထွက်တော့မှာဖြစ်ပြီး၊ သူ့ရဲ့နေရာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန် ရိုက်စ် (Susan Rice) ကို အစားထိုးခန့်ထားမှာ ဖြစ်ပါတယ်။
    Read More
    ကူဆဲ မြို့ကို ဆီးရီးယား စစ်တပ် ပြန်သိမ်း
    ဆီးရီးယား နိုင်ငံမှာ အစိုးရ တပ်ဖွဲ့တွေက သေနင်္ဂဗျူဟာ အရ အရေးပါတဲ့ ကူဆဲ မြို့ကို နှစ်ပတ်ကျော်ကြာ ဝိုင်းရံ ထားခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူး နေ့က သိမ်းယူလိုက်ပြီ ဖြစ်ပါတယ်။သူပုန်တွေ ကတော့ ပြီးခဲ့တဲ့ ညက သူတို့ ဆုတ်ခွာ ခဲ့တယ်လို့ ပြောပါတယ်။
    Read More
  • မကောင်းဆိုးဝါးမွှေတဲ့ ဒုက္ခ (The Straits Times မှ ဘာသာပြန် ဆောင်းပါး)
    ဇွန် ၅ ၊ ၂၀၁၃
    M-Media
    ဘာသာပြန်-ကိုလေး
    ယခင်အစိုးရဟောင်းအုပ်စုများထဲက မြေတောင်မြှောက်ပေးခဲ့တဲ့ ပြည်တွင်းအကြမ်းဖက်ဂိုဏ်းက ဒီမိုကရေစီကို ဖြိုလဲပျက်ပြားစေဖို့လုပ်ဆောင်နေတယ်လို့ တချို့ကပြောနေကြတယ်။
    Old monsters stirring up trouble
    အေးဆေးငြိမ်းချမ်းတဲ့ ရှမ်းပြည်နယ် လားရှိုးမှာ လွန်ခဲ့တဲ့ သီတင်းပတ်က (၂)ရက်ကြာ အကြမ်းဖက်မှုကြောင့် လူ ၈-ယောက်သေဆုံးခဲ့ပေမယ့် အစိုးရသတင်းက ၂-ယောက်သာ သေသည်ဟု သတင်းထုတ်ပြန်ခဲ့တယ်။ ဒီလို  ယခင်နဲ့ပုံစံတူ တစ်နိုင်ငံလုံးကို တုန်လှုပ်ချောက်ခြားစေတဲ့ နောက်ထပ်သွေးမြေကျမှု ပုံရိပ်များဟာ မြန်မာနိုင်ငံရဲ့ပုံမှန် ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါပြီ။ စံနစ်တကျ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်လူအုပ်စုဟာ မြို့ထဲဝင်ရောက်လာပြီး မွတ်စလင်မ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်။
    ဒီလို တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူရှိတာကို အမျိုးမျိုးထင်ကြေးပေးနေကြသော်လည်း၊ ဒီလိုဖြစ်ရပ်တွေဟာ အစိုးရရဲ့ ဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်တွေကို စိန်ခေါ်နေပါတယ်။ အရေးအကြီးဆုံးက လူမျိုး၊ ဘာသာ ပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ ဒီဖြစ်ရပ်ဆိုးတွေနဲ့ တွေ့ကြုံစမ်းသပ်ခံနေရပါတယ်။
    ရှေ့အပတ် နေပြည်တော်မှာ ကမ္ဘာ့စီးပွားရေး forum ကို စဖို့ရှိတဲ့အတွက် ယခုအခါ လားရှိုးမြို့မှာ တည်ငြိမ်အောင် စစ်တပ်ချထားရပါတယ်။
    ဒီလိုဖြစ်ရပ်တွေ ဆက်လက်ဖြစ်ပေါ်နေခြင်းဟာ အစိုးရက အကြိမ်ကြိမ်ပေးထားတဲ့ ဥပဒေစိုးမိုးရေးဆောင်ရွက်နေတယ် ဆိုတဲ့ ကတိတွေ၊ ခွဲခြားမှုမရှိပါဘူးဆိုတဲ့အပြောတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတယ်။  ပြည်ပမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ၊ စောင့်ကြည့်လေ့လာနေသူတွေက ဆယ်စုနှစ်များစွာ စစ်တပ်နှင့်လက်နက်ကိုင် တိုင်းရင်းသားတွေအကြား -စစ်တပ်နဲ့အစိုးရအကြားမှာ တစ်နည်းမဟုတ်တစ်နည်း ရှုပ်ထွေးပွေလီကွဲပြဲနေတဲ့ မြန်မာနိုင်ငံကို ဘယ်လိုမှ နားမလည်နိုင်အောင် ရှိနေပါတယ်။
    လားရှိုးမှာ ဗုဒ္ဓဘာသာဝင် ရှမ်းလူမျိုးနဲ့ မွတ်စလင်မ်ကြားမှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ယခင်အပတ်က တိုက်ခိုက်ခံရတဲ့ မွတ်စလင်မ်တွေကို ရှမ်းဘုန်းကြီးများက သူတို့ရဲ့ ဘုန်းကြီးကျောင်းမှာ ကာကွယ်ခိုလှုံခွင့်ပေးထားခဲ့ပါတယ်။
    ရှမ်းဘုန်းကြီးအုပ်စုတစ်စုက ဒီလို စတင်အကြမ်းဖက်တာ ဗမာတွေကလုပ်တာ၊ ရှမ်းတွေကလုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီပြဿနာကို စဖြစ်စေတဲ့ ဗုဒ္ဓဘာသာ အမျိုးသမီးကို မီးရှို့တဲ့ မွတ်စလင်မ်ဆိုသူဟာ လားရှိုးမြို့က မဟုတ်ပါဘူးလို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။ ဘယ်ကလာမှန်းမသိတဲ့ အပြင်လူတွေ ရုတ်တရက်ပေါ်လာပြီး ဗလီတစ်လုံး၊ မိဘမဲ့ကလေးကျောင်း နဲ့ မွတ်စလင်မ်အိမ်တွေကို စတင်ဖျက်ဆီးခဲ့ကြတာလို့ပြောကြတယ်။
    လူ ၄၀ ကျော် သတ်ဖြတ်ခံရတဲ့ မိတ္ထီလာက မွတ်စလင်မ်တွကို အကြမ်းဖက်မှု၊ ပဲခူးမြို့က ဖျက်ဆီးမှုလုပ်ရပ်တွေဟာလည်း မြို့ပြင်ပမှ လူတွေ ပြုလုပ်ခဲ့တယ်ဟု မြို့ခံများက ပြောပါတယ်။
    လုံခြုံရေးတပ်ဖွဲ့တချို့ဆီက ကြားသိချက်အရ အကြမ်းဖက်အုပ်စုတွေဟာ အဓိကအားဖြင့် စွမ်းအားရှင်အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။ စွမ်းအားရှင်ဆိုတာ ယခင် စစ်အစိုးရလက်ထက်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖြိုခွင်းဖို့ စနစ်တကျ သင်ကြားပေးထားတဲ့ လက်ရဲဇက်ရဲ လူမိုက်လူယုတ်တွေ၊ ရာဇ၀တ်မှုကျူးလွန်ခဲ့သူတွေ၊ ကြံရာပါတွေနဲ့ ပါဝင်ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ စွမ်းအားရှင်ဆိုတာ အာဏာရှိသူ၊ အစွမ်းရှိသူ လို့ အဓိပ္ပါယ်ရတယ်။
    ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို  ဒီပဲယင်းမှာ တိုက်ခိုက်လုပ်ကြံခဲ့တာ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကို ဖြိုခွင်းခဲ့တာလည်း ဒီစွမ်းအားရှင်တွေထဲကပဲလို့ အများက ယုံကြည်နေကြတယ်။
    လွတ်လပ်သောအာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၀၈ ခုနှစ် အစီရင်ခံစာမှာ “ ဒီအုပ်စုရဲ့တည်ရှိမှုနဲ့လှုပ်ရှားမှုတွေကို အများသိပြီးဖြစ်တယ်။  တရားဝင် အသိအမှတ်ပြု အဖွဲ့အစည်းမဟုတ်သလို ပြည်တွင်းသတင်းမီဒီယာများကလည်း ဖော်ပြလေ့မရှိပါဘူး။ လူသိလည်း မခံတတ်ကြဘူး ” လို့ ဖော်ပြထားပါတယ်။
    စွမ်းအားရှင်ဟာ ယခင် စစ်အစိုးရကို ထောက်ခံခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(USDA)ရဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့တယ်။ အဲဒီအသင်းကတဆင့် (USDP)ပါတီ အဖြစ်ပြောင်းလဲပြီး လက်ရှိအာဏာရပါတီဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ စွမ်းအားရှင်အုပ်စုနဲ့ ပတ်သက်မှု မရှိကြောင်း မျက်စေ့မှိတ်ငြင်းဆိုခဲ့ပါတယ်။
    Taung Tha (တောင်သာ)လို့ခေါ်တဲ့နေရာမှာ ဗုဒ္ဓဘာသာဝင်ပြည်သူ့စစ်အဖွဲ့သစ်လည်း ပေါ်ပေါက်လာတယ်ဆိုပြီး နီးစပ်သူများထံက သတင်းတွေလဲ ထွက်ပေါ်လာတယ်။  တောင်သာမြို့ဟာ အလွန်အင်မတန် သဘောထားဆိုးတယ်လို့ လူသိများတဲ့ ဦးအောင်သောင်းရဲ့ မြို့ဖြစ်နေပါတယ်။ ဦးအောင်သောင်းဟာ ဗိုလ်ချုပ်ဟောင်းတစ်ယောက်ဖြစ်ပြီး၊ လက်ရှိအာဏာရပါတီ (USDP) ရဲ့ အရေးပါတဲ့ ရာထူးရှင်လဲ ဖြစ်ပါတယ်။
    မိတ္ထီလာနဲ့ လားရှိုးက အကြမ်းဖက် တိုက်ခိုက်မှုတွေကို စံနစ်တကျ စီစဉ်ထားပြီး ပြီပြီပြင်ပြင် အကောင်အထည်ဖော်သွားခဲ့ပါတယ်။ လားရှိုးအကြမ်းဖက်မှုမဖြစ်ခင် ၂ ရက်အလိုက ဗုဒ္ဓဘုန်းကြီး ဦးဝီရသူဟာ လားရှိုးမြို့က ကီလိုမီတာ ၅၀ လောက်ဝေးတဲ့ မြို့တစ်မြို့မှာ သူရဲ့ဝသီအတိုင်း မွတ်စလင်မ် ဆန့်ကျင်ရေး တရားဟောခဲ့ပါတယ်။ စွမ်းအားရှင် နဲ့ ၀ီရသူဦးဆောင်တဲ့ ၉၆၉ တွေဟာ အပြန်အလှန် မှီခို ပူးပေါင်းဆောင်ရွက်နေကြတဲ့အဖွဲ့လို့ မြန်မာ့အရေးသုံးသပ်သူတွေက တင်ပြတယ်။
    စွမ်းအားရှင်တွေက ပညာမတတ်တဲ့ တောင်သူလယ်သမားတွေကို မမှန်သတင်းများနဲ့ အမုန်းပွား ဒေါသထွက်အောင် လှုံ့ဆော်စည်းရုံးအင်အားစုခဲ့ပြီး၊ ပြဿနာကို  မီးခွက်ထွန်းရှာနေခဲ့ကြတယ်။ စဖြစ်တာနဲ့ အရှိန်မြှင့်တင် ထိုးသွင်းလိုက်ကြတယ်။
    မွတ်စလင်မ်တွေကို တိုက်ခိုက်ဖို့ ဓါးရှည်၊ မြက်ခုတ်လွှဓါး၊ ဆယ်ပေါင်တူ စတဲ့ လက်နက်များကို တပ်ဆင်ထားတဲ့ အကြမ်းဖက်သမားများကို ကားများနဲ့ စနစ်တကျ သယ်ယူပို့ဆောင်ပေးတာဖြစ်တယ်။
    သူတို့ တိုက်ခိုက်မှုပုံစံဟာ အလွန်ရက်စက်ကြမ်းကြုတ်ပြီး ရန်သူကို အချိန်ကိုက်နည်းစံနစ်နဲ့ စစ်ဆင်နေသလိုပါဘဲ။ တစ်စုံတစ်ရာ အရေးယူဖွယ်မရှိကြောင်း ကြိုတင်သိထားပုံရတယ်။  အပြစ်မဲ့သူကို ရန်သူအဖြစ် ဖန်တီးလိုက်ပြီး  သို့မဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်အောင်ဖန်တီးပြီး တိုက်ခိုက်ကြမယ်။ အဲ့ဒီအခါ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့အောင် လမ်းကြောင်းပေးတတ်ကြပါတယ်။
    ဒီလိုနည်းဗျူဟာကို အသုံးချခြင်းအားဖြင့် ပြည်သူ့လွှတ်တော်က လက်လှမ်းမမီတဲ့ မကိုင်တွယ်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေသယောင် လုပ်ထားပါတယ်။ အကယ်၍ သက်တမ်းနုသေးတဲ့ ဒီမိုကရေစီဟာ ဖရိုဖရဲဖြစ်သွားမယ်ဆိုရင် (ဒါမှမဟုတ်)  တစ်ချိန်က သူတို့ကို ချမ်းသာကြွယ်ဝစေတဲ့ အာဏာဆုပ်ကိုင်ထားမှု ဆုံးရှုံးသွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်လာမယ်ဆိုရင် ဒီလိုနည်းလမ်းတွေကို အမာခံပေါ်လစီတစ်ရပ်လို  ပြည်သူ့လွှတ်တော်ကို ချုပ်ကိုင်နိုင်ဖို့ဖြစ်တယ်။
    လားရှိုးအကြမ်းဖက်မှုအပေါ် အစိုးရဘက်က တုန့်ပြန်မှုကတော့ မိတ္ထီလာထက်မြန်ဆန်ပါတယ်။ အနောက်နိုင်ငံက လူ့အခွင့်အရေးအုပ်စုတွေနဲ့ ဒီမိုကရေစီထောက်ခံအားပေး လှုပ်ရှားသူတွေဟာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ လျှော့ချဖို့တောင်းဆိုနေချိန်မှာ စစ်တပ်ကသာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်တယ်ဆိုတဲ့အမြင်ရောက်အောင် စစ်တပ်က လမ်းပေါ်ကို ပြန်တက် ရောက်ရှိလာပါတယ်။
    ဗမာမျက်ကန်းမျိုးချစ်အမျိုးသားရေးဝါး နိုးကြားလာပြီး သမ္မတသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မြင်အောင်၊ ဒါ့အပြင် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု လမ်းလွဲသွားအောင်  နိုင်ငံရေးကစားကွက်ကြီးလုပ်ရာမှာ မွတ်စလင်မ်တွေဟာ ထိုးကျွေးခံရတဲ့ နယ်ရုပ်လေးတွေဖြစ်နေပါတယ်လို့ မွတ်စလင်မ်တွေ ခံစားနေကြရပါတယ်။ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ တိုင်ပြည်အတွက်အရေးကြီးကြောင်းကိုလည်း တစ်ဖက်လှည့်နဲ့ ဖော်ပြလိုက်တာဖြစ်ပါတယ်။
    သမ္မတဦးသိန်းစိန်ကတော့ ဒီလို ဒီမိုကရေစီအပြောင်းအလဲကာလမှာ ဒီလို အစွန်းရောက် နှောက်ယှက်ဖျက်ဆီးမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့သတိပေးလိုက်ပေမယ့် ၊ မြန်မာ့နိုင်ငံရေးနဲ့အာဏာရေးမှာ  ရက်စက်ကြမ်းကြုတ်မှုက ထာဝစဉ်ရှိနေပါတယ်။
    ဒီကြောက်စရာကောင်းတဲ့ (old monsters) လက်ဟောင်းမကောင်းဆိုးဝါးတွေကို မထိန်းချုပ်နိုင်ရင် သမ္မတရဲ့အခန်းကဏ္ဍဟာ တဖြေးဖြေး မှေးမှိန်ချည့်နဲ့သွားမယ်လို့ သုတေသီများက သုံးသပ်ပြထားပါတယ်။
    **၂၀၁၃ ခုနှစ် ဇွန်လ ၂ ရက် နေ့ The Straits Times သတင်းစာပါ “Old monsters stirring up trouble” ဆောင်းပါးကို ကိုလေး  ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
  • BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဒေါက်တာ တင်မောင်သန်းမှ ဟောပြောဆွေးနွေးမည်။
    ဇွန်လ ၅၊ ၂၀၁၃
    M-Media
    ဆူးထက်
    BUDDHISM & NON-VIOLENCE
    ရန်ကုန် ။ ။ BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဆရာ ဒေါက်တာတင်မောင်သန်းမှ ဟောပြော ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဇွန်လ ၁၁-ရက် (အင်္ဂါ)နေ့ နံနက် ၉-နာရီမှ မွန်းတည့် ၁၂-နာရီထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
    အဆိုပါ ဟောပြောပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို နိုင်ငံသားများ အနေဖြင့် မှန်မှန်ကန်ကန် သုံးသပ်အဖြေရှာနိုင်ရန် အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်းလည်း သိရသည်။