News @ M-Media
Author: M-Media
  • Muslim Medical Family (မန္တလေး) ၂၀၁၅ ခုနှစ် မိတ်ဆုံစားပွဲ ပြုလုပ်
    Muslim Medical Family (မန္တလေး) ၂၀၁၅ ခုနှစ် မိတ်ဆုံစားပွဲ ပြုလုပ်
    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၅
    M-Media
    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲ ပြုလုပ်
    3
    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲကို ဖေဖော်ဝါရီလ ၈  ရက်နေ့ မနက် ၉ နာရီခွဲမှာ မန္တလေးမြို့ ပန်းသေးဗလီဝင်းများ ကျင်းပပြုလုပ်ခဲ့ပါတယ်။
    ရှေးဦးစွာ  ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်ကာ အခမ်းအနားကို ဖွင့်လှစ်ပြီး တက်ရောက်လာသူ တဦးချင်းမှ မိတ်ဆက်စကားပြောကြားခြင်း၊ အသင်းဦးဆောင် လူငယ်တယောက်မှ အသင်းရေးရာများ ရှင်းလင်းတင်ပြခြင်း၊ ပထမနှစ် လူငယ်များမှ တဦးချင်း မိတ်ဆက်ခြင်း၊ သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း၊ ဦးဆောင် ဆရာဝန်ကြီးများမှ သြဝါဒ စကားပြောကြားခြင်း အလှူငွေထောက်ပံ့ ကူညီသော လုပ်ငန်းရှင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း ထူးချွန်သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းတို့ ပြုလုပ်ကာ နေ့လည် ၁၂ နာရီတွင် ဆုမွန်ဒိုအာဖတ်ရွတ်ကာ အခမ်းအနားကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး ပြီးဆုံးခဲ့ကြောင်း သတင်းရရှိရပါတယ်။
    5
    အခမ်းအနားတွင် နှလုံးခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ထွေးမှ အမှာစကားပြောကြားရာ အနာဂတ်မှာ Muslim Medical Family အဖွဲ့အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနတွင် ခွင့်ပြုမိန့်တင်ပြီး ဖွဲ့စည်းကာ  ပညာရေး၊ ကျန်မာရေး၊ လူမှုရေး ဖွံ့ဖြိုးရေး ဘာသာပေါင်းစုံ ချစ်ကြည်ရေးတို့ကို  ကို ဦးတည်လုပ်ဆောင်ရန် ပြောကြားဆွေးနွေးခဲ့ပါတယ်။
    အခြားသော ဦးဆောင်ဆရာဝန်ကြီးများမှ အမှာစကားပြောကြားရာတွင် အသင်းမှ ဆရာဝန်များ စုစည်းပြီး အခမဲ့ ဆေး ကုသခြင်းပြုလုပ်ရန်၊ သစ်လွင်ဆေးကျောင်းသားများ အနေဖြင့် ဆေးကျောင်းတက်ပြီး စိတ်မပါတာမျိုး မဖြစ်စေရန်၊ မိမိရောက်ရှိနေသည့် နယ်ပယ်တွင် အကောင်းဆုံးထူးချွန်အောင် ကြိုးစားကြရန်၊ ပထမနှစ်ဆေးကျောင်းသားများ စာမေးပွဲ အကျများသဖြင့် ဂရုစိုက်ပြီး စာကြိုးစားကြရန် အသီးသီး ပြောကြားသွားခဲ့ ပါတယ်။
    ယနေ့ မိတ်ဆုံ စားပွဲသို့ မွတ်စလင် သက်ကြီးဆရာဝန် (၈) ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အသက်ကြီးဆုံးမှာ (၈၅) နှစ်ဖြစ်ကြောင်းသိရှိရပါတယ်။
    6
    အဆိုပါအခမ်းအနားမှာ ၂၀၁၄ ခုနှစ်အတွက် မန္တလေး ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် နှင် တိုင်းရင်းဆေးတက္ကသိုလ်များမှာ ပထမနှစ်တက်ရောက် ခွင့်ရရှိတဲ့ ပထမနှစ် မွတ်စလင် ကျောင်းသား/သူများကို မောင်မယ် သစ်လွင် များနှင့် ဆရာဝန်ကြီးများ၊ ကျန်းမာရေးနှင့် ဆက်စပ်သည့် လုပ်ငန်းရှင်များ အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်များ လည်းပါဝင်တက်ရောက်ကာ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ခန့်ရှိကြောင်း သတင်းရရှိပါတယ်။
    10951453_900965116601698_613889481_n
    10961686_900965486601661_569492400_n
  • တောင်ကြီးမြို့တွင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် “သစ္စာပြတင်း ပန်းချီအနုပညာပြပွဲ”  ပြုလုပ်
    တောင်ကြီးမြို့တွင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် “သစ္စာပြတင်း ပန်းချီအနုပညာပြပွဲ” ပြုလုပ်
    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၅
    M – Media
    သတင်း/ဓာတ်ပုံ – နှင်းစက်၊ ညီမင်း
    10967722_843374872393307_180178763_n
    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ်  တောင်ကြီးမြို့ရှိ ပန်းချီအနုပညာရှင်များမှ ဦးစီးသော တတိယကြိမ်မြောက် “သစ္စာပြတင်း ပန်းချီအနုပညာပြပွဲ”  တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
    အဆိုပါပြပွဲ ဖွင့်ပွဲကို  တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း မြစပယ်မင်္ဂလာခန်းမတွင် ပြုလုပ်ရာ တောင်ကြီးမြို့ ဘာသာပေါင်းစုံလူငယ် အဖွဲ့မှ ဖဲကြိုးဖြတ်၍ မီးပုံပျံများလွှတ်တင်ခြင်း၊ ရှမ်းရိုးရာအကအတီးအမှုတ်နှင့်တစ်ကွ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
    ယင်းပြပွဲ၌ ဗိုလ်ချုပ်၏ပုံတူပန်းချီကားများ၊ ဗိုလ်ချုပ်အကြောင်းရုပ်ရှင်ကားများ၊ ဗိုလ်ချုပ်အသုံးပြုခဲ့သည့် ပစ္စည်းပစ္စယများအပြင် မူလတန်း၊ အလယ်တန်းကျောင်းသားတို့၏ ပန်းချီလက်ရာများကိုလည်း စုပေါင်းပြသတင်ဆက်ထားပါတယ်။
    ပြပွဲကို ၁၀.၂.၂၀၁၅ ရက်အထိ ပြသသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိပါတယ်။
  • ကိုယ်ထူကိုယ်ထ သန့်ရှင်းရေး တောင်ကြီးမြို့ဘာသာပေါင်းစုံ လူငယ်များကွန်ရက်မှ ပြုလုပ်
    ကိုယ်ထူကိုယ်ထ သန့်ရှင်းရေး တောင်ကြီးမြို့ဘာသာပေါင်းစုံ လူငယ်များကွန်ရက်မှ ပြုလုပ်
    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၅
    M – Media
    သတင်း/ဓာတ်ပုံ – နှင်းစက်၊ ညီမင်း
    22a816da14db5ad5c85017af314536a5141bdddbbcb8eb10371dadc6f31112e4
    တောင်ကြီးမြို့ ဘာသာပေါင်းစုံလူငယ်များကွန်ရက် Interfaith Network of Youth (Taunggyi) မှဦးစီးကာ ကိုယ်ထူကိုယ်ထ ရပ်ရွာ သန့်ရှင်းရေးကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်။
    တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ အုတ်တံတိုင်းတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ထားမှုကြောင့် ရေမြောင်းပိတ်ဆို့ခြင်း၊ ရေ၀ပ်ခြင်း၊ အသွားအလာ ခက်ခဲလာခြင်းတို့ ဖြစ်ပေါ်လျက်ရှိရာ မတူကွဲပြား ဘာသာဝင်များ သဟဇာတရှိမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အများပြည်သူမှ စိတ်ဝင်စားပြီး ပူးပေါင်းပါဝင်လာစေလိုမှု၊ မြို့တွင်းသန့်ရှင်းမှုတို့ကို ရည်ရွယ်၍ တောင်ကြီးမြို့ ဘာသာပေါင်းစုံလူငယ်များကွန်ရက် Interfaith Network of Youth (Taunggyi) မှဦးစီးကာ “မွှေး အမှိုက်သိမ်းဆည်းရေး ကုမ္ပဏီ” နှင့် ပူးပေါင်းလျက် တူညီဝတ်စုံများဖြင့် အမှိုက်များကို ကုန်စင်သည်အထိ ရှင်းလင်းကြတာဖြစ်ပါတယ်။
    လုပ်အားပေးလူငယ်များအား အများပြည်သူတို့မှလည်း သောက်ရေ၊ အအေးများ လာရောက်လှူဒါန်းအားပေးခဲ့ကြပါတယ်။
    လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့တွင်လည်း ဘာသာပေါင်းစုံလူငယ်များက “ပုံပြောသူများအဖွဲ့” ဖွဲ့စည်းပြီး မိဘမဲ့ကလေးကျောင်းများသို့ သွား၍ စိတ်ဓာတ်မြှင့်တင်ဖျော်ဖြေရေး အစီအစဉ်များ ပြုလုပ်သွားမည်ဟု သတင်းရရှိပါတယ်။
    63355f02e07ffab32d576dcca4178a617e0fa0372f50a799b6198e04f2d79eb4
    7cc7343f7ad69bad39635741402ea0ee4aa0d8cb3d976a820cc5bb36a4d60910
  • ၀ှိုက်ကတ်ကတ် (သို့မဟုတ်) ယာယီ သက်သေခံလက်မှတ်
    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၅
    The Voice Weekly မှ ကူးယူဖော်ပြသည်။
    မောင်ကိုနီ(တရားရုံးချုပ်ရှေ့နေ)
    IMG_2747
    မှတ်ပုံတင်ပျောက်နေသူ တစ်ဦးပြုလုပ်ထားသော White card ကိုတွေ့ရစဉ် (ဓာတ်ပုံ – နစ်ကီ)
    လတ်တလောနေ့စဉ်ထုတ်သတင်းစာများနှင့် ဂျာနယ်များ၌ ၀ှိုက်ကတ်(ယာယီ သက်သေခံကတ်ပြား) နှင့်စပ်လျဉ်း၍ အမျိုးမျိုးဝေဖန်ပြော ဆိုရေးသားနေသည်ကို တွေ့ရသည်။ အချို့က ၀ှိုက်ကတ်ကိုင်ဆောင်သူကို နိုင်ငံခြားသားကို မဲပေးခွင့်ပြုသည်ဟုလည်းကောင်း၊ ၀ှိုက်ကတ်ဟူ၍ ဥပဒေတွင် မရှိဟူ၍ လည်းကောင်း၊ အလွန်အကျွံပြောဆိုလာကြသည့် အတွက် ဥပဒေသဘောကို လူအများသိရှိနားလည် နိုင်စေရန် ရည်ရွယ်၍ ဤဆောင်းပါးဖြင့် မျှဝေရခြင်းဖြစ်ပါသည်။
    ———————————————–
    ၁၉၅၁-ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးနည်းဥပဒေပုဒ်မ-၂(င) တွင်
    “ယာယီသက်သေခံလက်မှတ်ဆိုသည်မှာ သက်သေခံကတ်ပြားအစားထုတ်ပေး၍ သတ်မှတ်ထား သည့်ကာလအပိုင်းအခြား အတွက်သာလျှင် အတည်ဖြစ်သော မည်သူဖြစ်ကြောင်း၊ သက်သေခံလက်မှတ် ကို ဆိုလိုသည်”ဟု တိကျရှင်းလင်းစွာပြဋ္ဌာန်းထားပါသည်။
    ၁၉၄၈-ခုနှစ် လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံအတွင်း နေထိုင်သည့်နိုင်ငံသားများနှင့် နိုင်ငံ ခြားသားများအား စာရင်းကောက်ယူမှတ်ပုံတင်ရေးနှင့်စပ်လျဉ်း၍
    (၁)နိုင်ငံခြားသားများမှတ်ပုံတင်ရေးဥပဒေ(၁၉၄၀)
    (၂)နိုင်ငံခြားသားများမှတ်ပုံတင်ရေးဥပဒေ(၁၉၄၈)
    (၃)ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးနည်းဥပဒေ(၁၉၄၉)
    (၄)ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးနည်းဥပဒေ(၁၉၅၁)
    စသည်တို့ကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့ပါသည်။ ယင်းဥပဒေများမှာ ယနေ့တိုင်တည်ဆဲဖြစ်ပါသည်။
    ယာယီသက်သေခံလက်မှတ် ဘယ်သူ့ကို ထုတ်ပေးနိုင်သလဲ
    ———————————————–
    ယာယီသက်သေခံလက်မှတ်ကို နိုင်ငံခြားသားအား ထုတ်ပေးရန် ပြဋ္ဌာန်းထားသည့်ဥပဒေမျိုးလုံးဝ မရှိပါ။ မြန်မာနိုင်ငံ အတွင်း နေထိုင်သူ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(သို့မဟုတ်) နိုင်ငံ သားကတ်ပြားတစ်မျိုးမျိုးရခွင့်ရှိသူအား ထိုကတ်ပြားထုတ်ပေးနိုင်ခြင်း မရှိသေးသည့် အခြေအနေမျိုးတွင် ယာယီသဘောထုတ်ပေးသည့် ကတ်ပြားတစ်မျိုးဖြစ်ပါသည်။ မည်သည့်အခါ ယာယီသက်သေခံလက်မှတ် ထုတ်ပေးနိုင်ကြောင်း နည်းဥပဒေ(၁၃)တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားပါသည်။
    (၁)အောက်ပါအကြောင်းတစ်ခုခုရှိလျှင် စာရင်းထိန်းက ယာယီသက်သေခံလက်မှတ်များကို ထုတ် ပေးနိုင်သည်။
    (က)မှတ်ပုံတင် စာရင်းများတွင် ရေးသွင်းချက်များကို နည်းလမ်းတကျလုံလောက်စွာရေးသွင်းပြီးပြီ ဟု စာရင်းထိန်းက ယူဆလျှင်၊
    (ခ)ပျောက်ဆုံးသော(သို့တည်းမဟုတ်)ပျက်စီးသော(သို့တည်းမဟုတ်)မထင်မရှားဖြစ်သော သက်သေခံကတ်ပြားအစား အခြားကတ်ပြားတစ်ခု ထုတ်ပေးရန် လျှောက်ထားတင်သွင်းလျှင်၊
    (ဂ)မှတ်ပုံတင် အရာရှိချုပ်က ယေဘုယျ(သို့တည်းမဟုတ်)အထူးအမိန့်ဖြင့် သီးခြားဖော်ပြသည့် အခြားအကြောင်းများရှိလျှင်၊
    (၂)ယာယီသက်သေခံလက်မှတ်များသည် ဤနည်းဥပဒေများနောက်တွင် ပူးတွဲပါရှိသည့်ပုံစံ(၃) အတိုင်း ဖြစ်ရမည်။
    (၃)ယာယီသက်သေခံလက်မှတ် အတည်ဖြစ်သည့်ကာလအပိုင်းအခြားကို နေ့ရက်သတ်မှတ်၍ ကန့်သတ်နိုင်သည်။
    (၄)ယာယီသက်သေခံလက်မှတ်ပိုင်ရှင်သည် မိမိလက်မှတ်ကို လက်မှတ်အတည်ဖြစ်သည့်ကာလ အပိုင်းအခြားကုန်ဆုံးပြီးနောက် ခုနစ်ရက်အတွင်း စာရင်းထိန်းထံ ပြန်အပ်ရမည်။ စာရင်းထိန်းသည် လိုအပ် လျှင် နောက်ထပ်မည်ရွေ့မည်မျှ ကာလအပိုင်းအခြားအတွက် လက်မှတ်အတည်ဖြစ်ကြောင်း ထပ်ဆင့် လက်မှတ်ရေးထိုး၍ ထိုလက်မှတ်ကိုသော်လည်းကောင်း၊ ပြန်လည်ထုတ်ပေးနိုင်သည်။ သို့တည်းမဟုတ် ယာယီသက်သေခံလက်မှတ်သစ်တစ်ခုကိုသော်လည်းကောင်း ထုတ်ပေးနိုင်သည်။
    (၅)ယာယီသက်သေခံလက်မှတ်ပိုင်ရှင်သည် ထိုယာယီသက်သေခံလက်မှတ်အစား သက်သေခံ ကတ်ပြားကို ရရှိသောအခါ ထိုယာယီသက်သေခံလက်မှတ်ကို စာရင်းထိန်းထံ ပေးအပ်ရမည်။
    သို့ရာတွင် နည်းဥပဒေခွဲ (၄)နှင့် (၅)ပါ ကိစ္စများအလို့ငှာ ယာယီသက်သေခံလက်မှတ်သည် အခြားသူတစ်ဦး၏ အုပ်ထိန်းခြင်းခံရသူနှင့်သက်ဆိုင်လျှင် ထိုသက်သေခံလက်မှတ်ကို ထိုအုပ်ထိန်းသူက ပေးအပ်ရမည်။
    အထက်ပါပြဋ္ဌားန်ချက်ကိ လေ့လာရုံမျှဖြင့် ယာယီသက်သေခံလက်မှတ်သည် နိုင်ငံသားဖြစ်မည့်သူ များကိုသာ ထုတ်ပေးနေသည့်ကတ်ပြားဖြစ်ကြောင်းနှင့် ဥပဒေအရ ထုတ်ပေးသောကတ်ပြားတစ်ခုသာ ဖြစ်ကြောင်း အထင်အရှားတွေ့နိုင်ပါသည်။
    ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် ယာယီသက်သေခံလက်မှတ်
    ———————————————–
    ၁၉၈၂-ခုနှစ်မတိုင်မီက မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနက်နိုင်ငံသားများနှင့် နိုင်ငံခြားသား များဟူ၍ (၂)မျိုးသာရှိရာ နိုင်ငံသား ဟုတ်/ မဟုတ်စိစစ်ရသည့်ကိစ္စ ဥပဒေသဘောအရ အခက်အခဲ မရှိလှပါ။ သို့သော် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေပြဋ္ဌာန်းပြီးနောက် နိုင်ငံသားအမျိုးအစား(၃)မျိုး ကွဲပြား သွားပါသည်။
    (၁)ပုဒ်မ၂(ခ)အရ နိုင်ငံသားများ
    (၂)ပုဒ်မ၃(ဂ)အရ ဧည့်နိုင်ငံသားများနှင့်
    (၃)ပုဒ်မ၂(ဃ)အရ နိုင်ငံသားပြုခွင့်ရသူများ
    ဟူ၍ (၃)မျိုးခွဲခြားသတ်မှတ်ပြဋ္ဌာန်းထားရာ နိုင်ငံသားအမျိုးအစားအလိုက် ဆိုင်ရာလက်မှတ် ထုတ်ပေးရခြင်းဖြစ်၍ စိစစ်ရေးကိစ္စများတွင် ကြန့်ကြာမှုများရှိလာပြီး မည်သည့်နိုင်ငံသားအမျိုးအစား ဖြစ်ကြောင်း  စိစစ်နေဆဲကာလအတွင်း ထိုစိစစ်နေဆဲပုဂ္ဂိုလ်အား မည်သူဖြစ်ကြောင်း သိသာနိုင်စေရန် ယာယီသက်သေခံလက်မှတ်ကို မလွဲမသွေထုတ်ပေးရမည်ဖြစ်ပါသည်။
    ယာယီသက်သေခံလက်မှတ်ထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်များ
    ———————————————–
    မြန်မာနိုင်ငံအတွင်း နေထိုင်သူတစ်ဦးတစ်ယောက်သည် မိမိမည်သူမည်ဝါဖြစ်ကြောင်း သိသာ ထင်ရှားစေသည့် သက်သေခံလက်မှတ် တစ်မျိုးမျိုးကိုင်ဆောင်ထားနိုင်မှသာ ထိုသူမည်သူမည်ဝါဖြစ် ကြောင်း ဆိုင်ရာအာဏာပိုင်များက သိနိုင်မည်ဖြစ်၍ အဆိုပါရည်ရွယ်ချက်ဖြင့် ယာယီသက်သေခံ ကတ်ပြား ကို ထုတ်ပေးရခြင်းဖြစ်ပါသည်။ ဆိုင်ရာသက်သေခံလက်မှတ်တစ်ခုခု လက်ဝယ်မရှိသေးမီ ကြားကာလ အတွင်း မိမိ၏ အခွင့်အရေးများကို ကျင့်သုံးနိုင်ရန် ထုတ်ပေးထားရခြင်းဖြစ်ပါသည်။ ခရီးသွားလာသည့် အခါ၊ တည်းခိုသည့်အခါ၊ စာမေးပွဲဖြေဆိုသည့်အခါ၊ အလုပ်လျှောက်ထားသည့်အခါ၊ ဆန္ဒမဲပေးသည့်အခါ များတွင် ထိုသူမည်သူမည်ဝါဖြစ်ကြောင်း သိသာနိုင်ရန် ထုတ်ပေးရခြင်းဖြစ်ပါသည်။ ယာယီသက်သေခံ လက်မှတ်ထုတ်ပေးမထားပါက ထိုသူသည် နိုင်ငံသားတစ်မျိုးမျိုးတွင် မုချပါဝင်နေသူဖြစ် ပါလျက် ထိုသူ၏ အခွင့်အရေးများကို ကျင့်သုံးခွင့်ရတော့မည်မဟုတ်၍ နစ်နာဆုံးရှုံးမှုရှိနိုင်သည်ကို သတိပြုရန် လိုအပ် ပေသည်။
    ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူနှင့် မဲပေးခွင့်
    ———————————————–
    ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူသည် အထက်တွင် တင်ပြခဲ့သည့်အတိုင်း နိုင်ငံသား တစ်ဦးအား ဆိုင်ရာနိုင်ငံသား လက်မှတ်တစ်မျိုးမျိုးကို ထုတ်မပေးနိုင်သေးမီ ကြားကာလအတွင်း ထိုသူ၏ နိုင်ငံသားဖြစ်မှုကို သိသာနိုင်စေရန် ယာယီသဘော ထုတ်ပေးထားခြင်းဖြစ်၍ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ရှိကြောင် အငြင်းပွားရန် အကြောင်းမရှိဟု ဆိုနိုင်ပါသည်။
    ———————————————–
    မုချနိုင်ငံသားတစ်မျိုးမျိုးတွင် အကျုံးဝင်သည့်နိုင်ငံသားများအား ယာယီသက်သေခံလက်မှတ်ထုတ် ပေးထားခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ မည်သည့်ပြဿနာမျှမရှိနိုင်ပါ။ ၀ှိုက်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်မရှိဟု ငြင်းပယ်ရန်လည်း အကြောင်းမရှိပါ။
    ပြဿနာဖြစ်နိုင်သည့်အချက်မှာ နိုင်ငံသားတစ်မျိုးမျိုးတွင် အကျုံးမ၀င်သူများအား တစ်နည်း အားဖြင့် နိုင်ငံခြားသားယာယီ သက်သေခံ လက်မှတ်ထုတ်ပေးခဲ့လျှင် ယင်းအချက်သည် ဥပဒေနှင့်မညီ သောလုပ်ဆောင်ချက်ဖြစ်၍ ပြဿနာမုချရှိလာမည်ဖြစ်ပါသည်။ လတ်တလောတွင် အစိုးရအဖွဲ့နှင့် လွှတ်တော်က ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူ မဲပေးခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းသည် ဥပဒေ နှင့်ညီသောဆောင်ရွက်ချက်ဖြစ်၍ ဝေဖန်ပြစ်တင်ရန် အကြောင်းမမြင်ပါ။ ဝေဖန်ရမည့်နေရာ(သို့မဟုတ်) အပြစ်တင်ရမည့် အချက်သည် ယာယီသက်သေခံ လက်မှတ်ကို ထုတ်ပေးရန် မသင့်သူအား ထုတ်ပေးသည့် တာဝန်ရှိပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုင် လိမ့်မည်ဖြစ်ပေသည်။
    (ဤဆောင်းပါးကို တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားတင်ပြရခြင်းဖြစ်ပါသည်။)
    မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)
  • တရုတ်-မြန်မာ ရေနံပိုက်လိုင်းကြောင့် ကမ္ဘာ့ရေနံဈေးကွက် အပြောင်းအလဲဖြစ်နိုင်
    တရုတ်-မြန်မာ ရေနံပိုက်လိုင်းကြောင့် ကမ္ဘာ့ရေနံဈေးကွက် အပြောင်းအလဲဖြစ်နိုင်
    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၅
    M-Media
    burma-pipelines1
    ပြီးခဲ့သည့်ရက်သတ္တပတ်က စွမ်းအင်ဈေးကွက် အတွက် ထူးခြားသော အဓိကအပြောင်းအလဲများအနက်  ရေနံပိုက်လိုင်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ၎င်းသည် ကမ္ဘာ့ရေနံစိမ်းစီးဆင်းမှု အပြောင်းအလဲကို အားဖြည့်ပေးလိမ့်မည်ဖြစ်သည်။
    တရုတ်-မြန်မာရေနံပိုက်လိုင်းကို စတင် စမ်းသပ်ပို့လွှတ်ပြီဟု တရုတ်နိုင်ငံပိုင်မီဒီယာမှ ဆိုသည်။ ယင်းပိုက်လိုင်းသည် ရေရှည်မျှော်မှန်း တည်ဆောက်မှုတစ်ရပ်အဖြစ် ကမ္ဘာ့စွမ်းအင် ကဏ္ဍမှ အမြင်ထားရှိသည်။ မြန်မာနိုင်ငံ အနောက်ဖက်ကမ်းရိုးတန်းမြို့ ကျောက်ဖြူမှ တိုင်းပြည်တစ်ခုလုံးကို အလျားလိုက်ဖြတ်သန်းလျက် တရုတ်ပြည် ခွန်းမင်မြို့ထဲထိ ၇၇၁ ကီလိုမီတာ သွယ်တန်းထားသည်။ ဖော်ပြပါပုံ၌ လမ်းကြောင်းပုံဖော်ချက်ကို တွေ့နိုင်သည်။
    ၂၀၁၀ ခုနှစ်ကစတင်သော တည်ဆောက်ရေးလုပ်ငန်းမှာ ၂၀၁၄ ခုနှစ် မေလတွင် ပြီးစီးသည်။ ထိုတည်ဆောက်မှု၏ ကဏ္ဍ တစ်ရပ်ဖြစ်သော သဘာဝဓာတ်ငွေ့ အမွှာပိုက်လိုင်းသည်လည်း ယမန်နှစ်က အကောင်အထည်ဖော်မှုအတွင်း ထည့်သွင်းခဲ့သည်။
    ပိုက်လိုင်း၏ အရွယ်အစားမှာ ထင်သာမြင်သာရှိလွန်းလှ၏။ သို့သော် ၎င်း၏တည်နေရာက ကမ္ဘာတစ်ဝှမ်းရေနံ သွယ်တန်းမှုအမြင်တွင် ပို၍ ထူးခြားနေပေသည်။
    ထိုပိုက်လိုင်းသည် တရုတ်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့ရောင်းချမှုတို့ အကြား ပထမဆုံး ကုန်းတွင်းပိုင်း သွယ်တန်းမှု ဖြစ်သွားစေသည်။
    ယနေ့ကာလအထိ အရှေ့အလယ်ပိုင်း ရေနံတင် သင်္ဘောများမှာ အင်ဒိုနီးရှားနှင့် မလေးရှားကြားရှိ မလက္ကာရေလက်ကြားကို အသုံးပြု၍ အာရှ ၀ယ်လက်များထံ အရောက်ပို့ဆောင်နေရသည်။ ထိုလမ်းကြောင်းမှာ အန္တရာယ်များသည့်အပြင် ဆော်ဒီအာရေဗျမှ ရှန်ဟိုင်းသို့ ရောက်ရှိရန် ပျမ်းမျှအားဖြင့် ၂ ပတ်တာ အချိန်ယူရသည်။
    ယခုအခါ အလားတူရေနံစိမ်းများကို မြန်မာ ကမ်းရိုးတန်းဒေသမှ အပြောင်အစင် နှိုက်ယူနိုင်ပြီဖြစ်ပြီး တရုတ်ပြည်၏ အချက်အခြာဒေသတွင်း တိုင်အောင် တိုက်ရိုက်ပို့ဆောင်နိုင်ပေပြီ။ ဤသည်ပင် ဂျပန်နှင့်ကိုးရီးယားကဲ့သို့ ၀ယ်လက် အာရှနိုင်ငံများ ထက် ခြေတစ်လှမ်း အသာစီးရသွားခြင်းဖြစ်သည်။ ပိုက်လိုင်းသစ်၏ ပို့ဆောင်နှုန်းစွမ်းရည်မှာ တစ်နှစ်လျှင် ရေနံစည်ပေါင်း သန်း ၁၆၀ တစ်နည်းဆိုသော် တစ်နေ့လျှင် စည်ပေါင်း လေးသိန်းလေးသောင်းခန့် ဖြစ်နေရာ ကမ္ဘာ့ရေနံဝယ်လိုအား စုစုပေါင်း၏ ၀.၅ ရာခိုင်နှုန်းနှင့် ညီမျှနေပါ၏။
    ထိုအချက်က ရေနံစိမ်းလောကအတွက် ဈေးနှုန်းအပြောင်းအလဲဖြစ်လာရန် လုံလောက်နေပေသည်။ အာရှရှိ အခြားရေနံဝယ်လက်များ အကြား ယှဉ်ပြိုင်မှုကြီးမြင့်လာမည်လော၊ ၎င်းပြင် အရှေ့အလယ်ပိုင်းပြင်ပရှိ တင်သွင်းသူများထံမှ ဤဒေသတွင်းသို့ ပို့ဆောင်မှုများ တိုးမြင့်လာမည်လောဟူသည်ကို သတိထားစောင့်ကြည့်ရပေတော့မည်။
    Ref : Oil Price