News @ M-Media

Author: Ko Lay

  • သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဆိုက်ဘာတိုက်ခိုက်မှု ရုရှားလက်ချက်ဟု ကန်စွပ်စွဲ

    သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဆိုက်ဘာတိုက်ခိုက်မှု ရုရှားလက်ချက်ဟု ကန်စွပ်စွဲ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၈
    M-Media

    – ပြီးခဲ့တဲ့နှစ်က ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တဲ့ NotPetya ဆိုက်ဘာတိုက်ခိုက်မှုအတွက် အမေရိကန်က ဒီကနေ့မှာ ရုရှားကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။

    ၂၀၁၇ ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံရဲ့ အစိုးရလုပ်ငန်းတွေ တော်တော်လေး ထိခိုက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ကွန်ပျူတာတွေလည်း ဒီတိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။

    အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ တိုက်ခိုက်မှုကြောင့် ဥရောပ၊ အာရှနဲ့ အမေရိကတို့အပါအ၀င် ကမ္ဘာတစ်ဝှမ်း ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

    “၂၀၁၇ ခုနှစ် ဇွန်လမှာ ရုရှားစစ်တပ်ဟာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးနဲ့ ဆုံးရှုံးမှုအများဆုံး ဆိုက်ဘာတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါဟာ ယူကရိန်း မတည်မငြိမ်ဖြစ်ဖို့အတွက် ရုရှားရဲ့ ဆောင်ရွက်မှုတွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ လက်ရှိ ပြဿနာတွေမှာ ရုရှားရဲ့ပါဝင်မှုကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့စေဖို့ တမင်ရည်ရွယ်လုပ်ဆောင်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီတိုက်ခိုက်မှုအတွက် ယူကေအစိုးရကလည်း ရုရှားကို အပြစ်တင်ခဲ့ပြီး ရုရှားစစ်တပ်က လုပ်ခဲ့တယ်လို့ ဒီနေ့မနက်ပိုင်းမှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက သူတို့အနေနဲ့ ဒီကိစ္စကို တုန့်ပြန်ဖို့ နည်းလမ်းတွေကို သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒီ NotPetya တိုက်ခိုက်မှုဟာ ယူကရိန်းမှာ စတင်ခဲ့ပြီး အစိုးနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကွန်ပျူတာတွေ ထိခိုက်ခဲ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • တိုက်စစ်မှူး မိုဟာမက်ဆာလာဟ်ကို လီဗာပူးလ်ပရိတ်သတ်များ ထူးခြားသည့်ပုံစံဖြင့် အားပေး

    တိုက်စစ်မှူး မိုဟာမက်ဆာလာဟ်ကို လီဗာပူးလ်ပရိတ်သတ်များ ထူးခြားသည့်ပုံစံဖြင့် အားပေး

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၈
    M-Media

    – ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတစ်ခုဖြစ်တဲ့ လီဗာပူးလ်ပရိတ်သတ်တွေဟာ သူတို့အသင်းက အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်နဲ့ ပတ်သက်လို့ ဘာသာရေးနွယ်ပြီး ထူးခြားတဲ့ ပုံစံမျိုးနဲ့ အားပေးမှုတွေ ရှိလာပါတယ်။

    “မို..ဆာ..လာ..လာ…လာ…လာဟ်၊ မို..ဆာ..လာ..လာ…လာဟ်၊ မင်းအတွက်လည်း ကစားသမားကောင်း၊ ငါ့အတွက်လည်း ကစားသမားကောင်း၊ နောက်ထပ်ဂိုးတွေ သူသွင်းရင် ငါတို့ဟာလည်း မွတ်စလင်၊ သူထိုင်နေကြဗလီက ငါတို့သွားမယ့်နေရာဗျ” လို့ လီဗာပူးလ်ပွဲကို ကြည့်နေတဲ့အချိန် ပရိတ်သတ်တွေက ကွင်းအတွင်းမှာ၊ ဒါမှမဟုတ် အပြင်ကဆိုင်တွေမှာ ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ်။

    အီဂျစ်လက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ဆာလာဟ်ဟာ ပရီးမီးယားလိဂ်ကို ပြီးခဲ့တဲ့နှစ်မှာ ရောက်ရှိလာခဲ့ပြီးတဲ့နောက် လီဗာပူးလ်အတွက် ဂိုးလှိုင်လှိုင်သွင်းခဲ့ပြီး အင်္ဂလိပ်ဘောလုံးအသိုင်းအ၀ိုင်းမှာ အလျင်အမြန်ပဲ ကျော်ကြားလာခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် ဘောလုံးရာသီမှာ ဘီဘီစီရဲ့ အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို ဆာလာဟ်က ဆွတ်ခူး ရရှိခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့ ပေါ်တိုအသင်းနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ဆာလာဟ်ဟာ လီဗာပူးလ်ရဲ့ ၁၂၅ နှစ် သမိုင်းတစ်လျှောက်မှာ တစ်ရာသီအတွင်း ဂိုး ၃၀ သွင်းယူနိုင်တဲ့ ၁၃ ယောက်မြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဘာစီလိုနာက တိုက်စစ်မှူး မက်ဆီနဲ့ ခိုင်းနှိုင်းပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။

    ‘အီဂျစ်ကဘုရင်’ လို့ ချစ်စနိုးအမည်ရထားတဲ့ ဆာလာဟ်ကို လီဗာပူးလ်ပရိတ်သတ်တွေက ဒီလို ကြွေးကြော်အားပေးမှုဟာ အင်္ဂလိပ်ဘောလုံးလောကမှာ အမြစ်တွယ်နေတဲ့ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်မှုတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။

    ဘောလုံးအားကစားမှာ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ Kick It Out အဖွဲ့ရဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ အစီရင်ခံစာမှာ ၂၀၁၇-၁၈ ဘောလုံးရာသီရဲ့ ရာသီဝက်အပြီး မှတ်တမ်းတွေအရ လူမျိုးရေးခွဲခြားမှုဟာ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ လူမျိုးရေးခွဲခြားစော်ကားမှုပေါင်း ၂၈၂ မှု ရှိခဲ့တယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ရာသီဝက်မှတ်တမ်းထက် ၅၉ ရာခိုင်နှုန်း ပိုတက်လာတာဖြစ်ပါတယ်။

    မိုဆာလာဟ်အပေါ် ဘောလုံးပရိတ်သတ်တွေ အားပေးချစ်ခင်မှု မြင့်တက်လာတာဟာ အစ္စလာမ်ကြောက်ရောဂါကို ဟန့်တားနိုင်မယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ ရှုမြင်နေသူတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • တူရကီနှင့် ဆက်ဆံရေး ယိုယွင်းနေကြောင်း အမေရိကန် ၀န်ခံ

    တူရကီနှင့် ဆက်ဆံရေး ယိုယွင်းနေကြောင်း အမေရိကန် ၀န်ခံ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၈
    M-Media

    – တူရကီနှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ အကြပ်အတည်းတစ်ခုသို့ ရောက်ရှိနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ၀န်ခံပြောကြားလိုက်သည်။

    တူရကီနိုင်ငံခြာရေးဝန်ကြီး Mevlut Cavusoglu နှင့် ယနေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တီလာဆန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်-တူရကီ မဟာမိတ်ဆက်ဆံရေးမှာ အလွန်တန်ဖိုးရှိသည့် ဆက်ဆံရေးဖြစ်သည်ဟုလည်း ဆိုသည်။

    “ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ လတ်တလောအကျိုးအတွက်၊ နှစ်ဖက်အဆင်ပြေဖို့အတွက်သာ ရည်ရွယ်တဲ့ဆက်ဆံရေးမျိုး မဟုတ်ပါဘူး။ နှစ်ဖက် အကျိုးစီးပွား၊ အပြန်အလှန် လေးစားမှုတွေအပေါ်မှာ အချိန်ယူ တည်ဆောက်ထားတဲ့ မဟာမိတ်မျိုး ဖြစ်ပါတယ်။ ဆီးရီးယားမှာလည်း ကျွန်တော်တို့နှစ်နိုင်ငံရဲ့ ရည်ရွယ်ချက်ဟာ အတူတူပါပဲ”

    ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့များကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကာ တူရကီက ဆီးရီးယားသို့ ပြီးခဲ့သည့်လမှစ၍ ကျူးကျော်ဝင်ရောက် တိုက်ခိုက်နေပြီး ကာ့ဒ်တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးထားသည့် အမေရိကန်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ထို့ပြင် ဆီးရီးယားတွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းရန်၊ မရုပ်သိမ်းပါက မိမိတို့နှင့် ထိပ်တိုက်တွေ့မည်ဟု တူရကီက သတိပေးထားသည်။

    အမေရိကန်ကမူ ဆီးရီးယားရှိ ၎င်းတို့တပ်များ ဆုတ်ခွာမည်မဟုတ်ဟု တုန့်ပြန်ခဲ့သည်။

    တီလာဆန်နှင့် သတင်းစာရှင်းလင်းပွဲတွင် တူရကီနိုင်ငံခြားရေးဝန်ကြီး Cavusoglu က အမေရိကန်နှင့် တူရကီတို့၏ ဆက်ဆံရေးမှာ အထိခိုက်မခံသည့် အနေအထားကို ရောက်နေပြီး၊ ပြေလည်အောင် ဖြေရှင်းမည်လား၊
    သို့မဟုတ် ကိုယ့်လမ်းကိုယ်လျှောက်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် လိုအပ်လာပြီဟု ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်မှာ ၎င်းတို့ပေးထားသည့် ကတိက၀တ်များကို မတည်ကြောင်း ၎င်းက ထည့်သွင်းပြောကြား
    ခဲ့ကာ အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် ကာ့ဒ်တပ်ဖွဲ့များအနေဖြင့် ဆီးရီးယားရှိ မန်ဘစ်ဂ်ျမြို့မှ ယူဖရေးတီးမြစ် အရှေ့ဖက်ကို ရွှေ့ပြောင်းရန် တူရကီ၏ တောင်းဆိုမှုကို ချီးကျူးပြောဆိုခဲ့သည်။

    အမေရိကန်-တူရကီ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်း
    စဉ်တစ်ခု ချမှတ်ကာ အကောင်အထည်ဖော်သွားမည်ဟုလည်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းြေ
    ပာကြားခဲ့သည်။

    Ref: Aljazeera

  • စင်ကာပူမှ မြန်မာအိမ်အကူတို့၏ ဘ၀များ (မြန်မာစာတမ်းထိုး)

    စင်ကာပူမှ မြန်မာအိမ်အကူတို့၏ ဘ၀များ (မြန်မာစာတမ်းထိုး)

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၈
    M-Media

    – ဤမှတ်တမ်းရုပ်ရှင်တွင် ပါဝင်သည့် အကြောင်းအရာများမှာ ၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများ ဖြစ်ပါသည်။

    Source : Aljazeera

  • ဆော်ဒီအမျိုးသမီးများ စစ်မှုမထမ်းမနေရစနစ် ဆောင်ရွက်ရန် ရှူရာကောင်စီဝင်တစ်ဦး တိုက်တွန်း

    ဆော်ဒီအမျိုးသမီးများ စစ်မှုမထမ်းမနေရစနစ် ဆောင်ရွက်ရန် ရှူရာကောင်စီဝင်တစ်ဦး တိုက်တွန်း

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
    M-Media

    ဆော်ဒီတပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်

    – အကြပ်အတည်း၊ စစ်ပွဲနဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့လာတဲ့အခါ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့အတွက် အမျိုးသမီးတွေ ၃ လကနေ ၁ နှစ်အထိ စစ်မှုမထမ်းမနေရ စနစ်ကို အကောင်အထည်ဖော်ဖို့ ဆော်ဒီအစိုးရဲ့ အတိုင်ပင်ခံကောင်စီ (ရှူရာကောင်စီ) အဖွဲ့ဝင် အစ်က်ဘာလ် ဒါရန်ဒါရီက တိုက်တွန်းလိုက်ပါတယ်။

    အလ် အာရေဗျသတင်းဌာနနဲ့ အင်တာဗျူးမှာ ဒါရန်ဒါရီက နိုင်ငံသားတွေအနေနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေရမှာဖြစ်သလို၊ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိနေရမယ်လို့ ပြောကြားခဲ့တာပါ။

    အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ကွာခြားမှု သိပ်မရှိလှဘဲ ကြံ့ခိုင်မှု၊ အတွေ့အကြုံနဲ့ တိုက်ခိုက်ရေးပညာတွေကိုသာ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

    စစ်မှုထမ်းတယ်ဆိုတာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဝတ္တရားဖြစ်တာကြောင့် အမျိုးသား၊ အမျိုးသမီး၊ နိုင်ငံအတွင်းရှိနေတဲ့ လူ့အဖွဲ့အစည်းအားလုံး ပါဝင်ကာ တိုင်းပြည်ကို ကာကွယ်နိုင်ရမယ်လို့ ဒါရန်ဒါရီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်က ဆော်ဒီနိုင်ငံသား အမျိုးသားတွေ၊ အမျိုးသမီးတွေ အားလုံး စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းသင့်တယ်လို့ ယခင်က ပြောကြားမှု ရှိခဲ့ပေမယ့် ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ် အဘ်ဒူလ် ဟာဒီ အလ်-အမ်ရီက ပယ်ချခဲ့ဖူးပါတယ်။

    Ref: Alarabiya