News @ M-Media

Author: Ko Lay

  • ကုလအတွင်းရေးမှူးချုပ်သစ်အဖြစ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်းကို ရွေးချယ်

    ကုလအတွင်းရေးမှူးချုပ်သစ်အဖြစ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်းကို ရွေးချယ်

    အောကတိုဘာ ၆၊ ၂၀၁၆
    M-Media

    un

    – ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်၏နေရာကို ဆက်ခံရန်အတွက် ပေါ်တူဂီဝန်ကြီးချုပ် အန်တိုနီယို ဂူတာရက်စ်အား ကုလသမဂ္ဂက ရွေးချယ်လိုက်သည်ဟု သိရသည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၇၆ နှစ်အရွယ် ဂူတာရက်ဇ်မှာ ကုလအတွင်းရေးမှူးချုပ်သစ် ဖြစ်မည်ဟု ပြီးခဲ့သည့်လများအတွင်း တစ်ပြေးနေခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က လုံခြုံရေးကောင်စီတွင် အများသဘောတူညီချက်ဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

    အဆိုပါ ရာထူးအတွက် အမည်စာရင်းတင်သွင်းခံရသူများမှာ အမျိုးသမီ ၇ ဦးအပါအ၀င် ၁၃ ဦးရှိပြီး နောက်ပိုင်းတွင် ၂ ဦးကို ပြန်လည် ဖယ်ရှားခဲ့သည်။

    “ကျွန်တော်တို့အားလုံး သဘောတူတဲ့သူ ရှိပါတယ်။ သူကတော့ အန်တိုနီယို ဂူတာရက်ဇ် ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ဖြစ်ပြီး ယခုလ လုံခြုံရေးကောင်စီ၏ ဥက္ကဌဖြစ်သူ ဗီတာလီ အိုင် ချာကင်က ပြောကြားခဲ့သည်။

    မစ္စတာ ဂူတာရက်ဇ်မှာ နယူးယောက်စံတော်ချိန် ကြာသာပတေးနေ့မနက်တွင် လုံခြုံရေးကောင်စီ၏ တရားဝင် လက်ခံအတည်ပြုမှုကို ရရှိမည်ဖြစ်ပြီး လာမည့်တစ်ပတ်တွင် ကျင်းပဖွယ်ရှိနေသည့် ကုလ၏ အထွေထွေညီလာခံတွင် အတည်ပြုရေး အမည်စာရင်း တင်သွင်းခံရမည်ဖြစ်သည်။

    အထွေထွေညီလာခံမှ အတည်ပြုပြီးပါက ဂူတာရက်ဇ်မှာ ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည့် ဘန်ကီမွန်၏ နေရာတွင် ဆက်ခံရမည်ဖြစ်သည်။

    Ref : nytimes

  • အင်္ဂါဂြိုဟ်ကို မိမိတို့ ပထမဆုံးရောက်မယ်လို့ ကြေငြာလိုက်တဲ့ ဘိုးအင်း

    အင်္ဂါဂြိုဟ်ကို မိမိတို့ ပထမဆုံးရောက်မယ်လို့ ကြေငြာလိုက်တဲ့ ဘိုးအင်း

    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media

    mars

    – အခုနာမည်ကြီးနေတဲ့ Space X ဒုံးပျံကိုကျော်ပြီး မိမိတို့ရဲ့ ဒုံးပျံက အင်္ဂါဂြိုဟ်ထံကို ပထမဆုံး လူသား ခေါ်ဆောင်သွားနိုင်မယ်လို့ ဘိုအင်းကုမ္ပဏီက ကြေငြာလိုက်ပါတယ်။

    Space X ကုမ္ပဏီဟာ အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် နာဆာနဲ့ ဂြိုဟ်တုများ လွှတ်တင်နိုင်ရေး ဒုံးပျံတွေကို တည်ဆောက်နောဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာပဲ ကုမ္ပဏီက စီအီးအိုက အဲလွန် မက်စ်က မိမိတို့အနေနဲ့ အင်္ဂါဂြိုဟ်ကိုသွားဖို့ ကြီးကျယ်တဲ့ စီမံကိန်းတွေ ရှိနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “အင်္ဂါဂြိုဟ်ကို ပထမဆုံး ခြေချမယ့်သူဟာ ဘိုးအင်းရဲ့ ဒုံးပျံကို စီးသွားရမယ်ဆိုတာ ကျွန်တော် ယုံကြည်နေပါတယ်” လို့ ဘိုးအင်းကုမ္ပဏီရဲ့ စီအီးအို ဒန်းနစ် မူလင်ဘာ့ဂ်က ယမန်နေ့ ချီကာဂိုမှာပြုလုပ်တဲ့ အာကာသဆိုင်ရာ အခမ်းအနားတစ်ခုမှာ ပြာကြားခဲ့ပါတယ်။

    မက္ကဆီကိုမှာ မက်စ် ဖွင့်ချခဲ့တဲ့ အင်္ဂါဂြိုဟ်သွား စီမံကိန်းမှာ ဂြိုဟ်အတွင်း မြို့တည်ထောင်မယ့် အစီအစဉ်၊ လူထောင်ပေါင်းများစွာက Space X ဒုံးပျံတွေနဲ့ သွားရောက်နေတဲ့ ပုံရိပ်တွေကို ဖန်တီးပြသခဲ့ပါတယ်။

    ဘိုးအင်းအကြီးအကဲ မူလင်ဘာ့ဂ်ကလည်း သိပ်မကြာခင်အချိန်အတွင်းမှာပဲ လူသားတွေဟာ အခြားသော ဂြိုဟ်တွေကို အလွယ်တကူ ခရီးသွားနိုင်တော့မှာဖြစ်ပြီး မိမိတို့ရဲ့ ရည်မှန်းချက်ကတော့ နောက်ရာစုနှစ်မှာ အာကာသခရီးသွားလုပ်ငန်းနဲ့ အာကာသစူးစမ်းရှာဖွေရေးကဏ္ဍမှာ အဓိကကျတဲ့ တိုးတက်မှုတွေကို ပြုလုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ လူသားတွေဟာ ကမ္ဘာပေါ်မှာ လမ်းလျှောက်ရာကနေ၊ လပေါ်မှာ လမ်းလျှောက်နိုင်ခဲ့တယ်ဆိုတာကို တွေးကြည့်ရင် အံ့သြလောက်စရာ ဖြစ်မှာပါ။ ကျွန်တော်တို့ဟာ မြင်းစီးနေတဲ့ ဘ၀ကနေ လေယာဉ်ပေါ် တက်နိုင်ခဲ့ကြပါတယ်” လို့ မူလင်ဘာ့ဂ်က ပြောကြာခဲ့ပါတယ်။

    ပြီးတော့ နောက်ရာစုနှစ်အတွင်း တီထွင်ဖန်တီးမှုတွေဟာ နည်းပညာရပ်ဝန်းမှာ ကြီးကျယ်ပြီး ထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်မှာဖြစ်ကြောင်း၊ အလွန်လျင်မြန်တဲ့ ခရီးသွားလာမှု၊ နာရီအနည်းငယ်အတွင်းမှာ ကမ္ဘာ့ဘယ်နေရာကိုမဆို ဆက်သွယ် သွားလာနိုင်စွမ်းကို ရရှိမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နာဆာက မိမိတို့ဟာ အင်္ဂါဂြိုဟ်ကို Space Launch System (SLS) ဒုံးပျံနဲ့ ၂၀၃၀ ပြည့်နှစ်တွေမှာ လူသားလွှတ်နိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နာဆာရဲ့ ရေရှည် မိတ်ဖက်ဖြစ်တဲ့ ဘိုးအင်းဟာ Space Launch System (SLS) စနစ်ရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    Ref: yahoo.com

  • တိုင်ဖုန်းမုန်တိုင်းကြောင့် တောင်ကိုရီးယားတွင် ပျက်ဆီးပျောက်ဆုံးမှု ရှိနေ

    တိုင်ဖုန်းမုန်တိုင်းကြောင့် တောင်ကိုရီးယားတွင် ပျက်ဆီးပျောက်ဆုံးမှု ရှိနေ

    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media

    jeju

    – တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းဒေသများတွင် တိုင်ဖုန်းချာဘာ ၀င်ရောက်မှုကြောင့် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆူနာမီကဲ့သို့ လှိုင်းလုံးကြီးများ ရိုတ်ခတ်ခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဒေသစံတော်ချိန် အောက်တိုဘာ ၅ ရက်နေ ညပိုင်းက ဂျယ်ဂျူးကျွန်းတွင် မုန်တိုင်း ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တစ်ဦးပျောက်ဆုံးနေကာ၊ နေအိမ်နှင့် အခြားအဆောက်အဦး ပျက်ဆီးမှုများ၊ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်။

    မုန်တိုင်းကြောင့် ဂျယ်ဂျူးကျွန်းမှ ပြည်မသို့လည်းကောင်း၊ တရုတ်နိုင်ငံသို့လည်ကောင်း သွားရောက်မည့် လေယာဉ်ခရီးစဉ် ၂၆ ခုကိုလည်း ဖျက်သိမ်းခဲ့ရသည်။

    တိုင်ဖုန်း ချာဘာ ဖြတ်သန်းသွားမှုကြောင့် ဒေသ၏ ဆိပ်ကမ်းမြို့ဖြစ်သော ဘူဆန်ကို ၃ ရက်ကြာ ပိတ်ပစ်ခဲ့ရပြီး လက်ရှိတွင် မုန်တိုင်းမှာ အရှေ့ဖက် ဂျပန်နိုင်ငံသို့ ဦးတည်နေသည်။ မြို့တာဝန်ရှိသူ တစ်ဦးကမူ မြို့အား အောက်တိုဘာ ၆ ရက်နေ့ နှောင်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်မည်ဟု ပြောကြားခဲ့သည်။

    Ref: carbonated

  • ဟာလာလ်ဈေးကွက်သို့ ၀င်ရောက်ရန် ကိုရီးယား အစားအသောက်လုပ်ငန်းများ ကြိုးပမ်းလာ

    ဟာလာလ်ဈေးကွက်သို့ ၀င်ရောက်ရန် ကိုရီးယား အစားအသောက်လုပ်ငန်းများ ကြိုးပမ်းလာ

    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media

    korea

    – နိုင်ငံအတွင်း ပင်လယ်စာ တင်ပို့မှုလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ဟာလာလ်ဈေးကွက်အတွင်းသို့ ၀င်ရောက်နိုင်ရေး အထောက်အကူဖြစ်စေရန်အတွက် ကိုရီးယား နိုင်ငံတကာ ကုန်သွယ်ရေးအသင်း KITA က အင်ဒိုနီးရှားနိုင်ငံတွင် ကိုရီးယား ကုန်စည်ပြပွဲကို ၃ ရက်တာ ပြုလုပ်ခဲ့သည်ဟု Korean Herald သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

    ထိုပြပွဲ၏ အခြား ရည်ရွယ်ချက်တစ်ခုမှာ ကိုရီးယားအစားသောက်များအား နိုင်ငံရပ်ခြားတွင် မိတ်ဆက်ရန်လည်း ဖြစ်သည်။ KITA မှာ သြဂုတ်လမှစ၍ ထိုကဲ့သို့ ပြပွဲမျိုးကို တရုတ်နိုင်ငံတွင် ချန်ဒူးနှင့် ရှန်ဟိုင်းမြို့တို့တွင်လည်းကောင်း၊ နယူးယောက်တွင်လည်းကောင်း ပြသခဲ့သည်။

    ယခု ဂျကာတာပြပွဲမှာ ဟာလာလ်ဈေးကွက်ကို ၀င်ရောက်ရန် ရုန်းကန်နေရသည့် ကိုရီးယား ပင်လယ်စာလုပ်ငန်းများအတွက် အထူး စီစဉ်ပေးခြင်းဖြစ်သည်။

    မွတ်စလင်အများစုရှိရာ အင်ဒိုနိးရှားနိုင်ငံတွင် ကိုရီးယား လုပ်ငန်းရှင်များမှာ ကျယ်ကျယ်ပြန့်ပြန့် အခြေချလုပ်ကိုင်နေကြပြီး KITA ကမူ ထိုလုပ်ငန်းရှင်များနှင့် ဒေသတွင်း စာသုံးသူများအကြား စီးပွားရေးဆိုင်ရာ အကြံပေးမှုများ၊ ကိုရီးယား အစားအသောက်များကို စိတ်ဝင်စားစေရန် အချက်အပြုတ်ပြပွဲများကို စီစဉ်ကျင်းပပေးလျက် ရှိနေသည်။

    ယခုပြုလုပ်ခဲ့သည့် ဂျာကာတာ ပြပွဲတွင် ဒေသတွင်းမှ စီးပွားရေးလုပ်ငန်းရှင် ၃၃ ဦး တက်ရောက်ခဲ့ပြီး ကိုရီးယား ပင်လယ်စာလုပ်ငန်း ၁၂ ခုမှ တာဝန်ရှိသူများကို အကြံပြုမှုများ ပြုလုပ်ခဲ့သည်။

    “တောင်ကိုရီးယား အစားအသောက်ကို ပရိုမိုးရှင်ပြုလုပ်တဲ့ ဒီပွဲဟာ ဒေသတွင်းက စားသုံးသူတွေကို ကိုရီးယား အစားသောက်နဲ့ပတ်သက်ပြီး အသိတွေမြင့်တက်ဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။ ပြီးတော့ ပြပွဲမှာပါဝင်တဲ့ ကိုရီးယားလုပ်ငန်းရှင်တွေအတွက် ဟာလာလ်ဈေးကွက်ရဖို့လည်း အရေးကြီးပါတယ်။ (ကိုရီးယာ လုပ်ငန်းရှင်တွေကို) ဟာလာလ် အသိအမှတ်ပြုလက်မှတ် ရရှိရေး ကူညီဖို့အပါအ၀င် သိသာတဲ့ ရလဒ်တွေ ရဖို့လည်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု KITA အကြီးအကဲ ကွန် ဒို ကီအွမ်က ပြောကြားခဲ့သည်။

    ကမ္ဘာတစ်ဝှမ်း ဟာလာလ်ဈေးကွက်မှာ တစ်ဟုန်ထိုး မြင့်တက်လာနေပြီး ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁.၀၈ ဘီလီယံ တန်ဖိုး ရှိနေရာမှ ၂၀၁၈ ခုနှစ်တွင် ၁.၆၂ ထရီလီယံအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

    Ref: IINA

  • မြန်မာ့ဘဏ်လုပ်ငန်းသို့ အိန္ဒိယနှင့် ထိုင်ဝမ်ထို့မှ ဘဏ်နှစ်ခု ၀င်ရောက်လာ

    မြန်မာ့ဘဏ်လုပ်ငန်းသို့ အိန္ဒိယနှင့် ထိုင်ဝမ်ထို့မှ ဘဏ်နှစ်ခု ၀င်ရောက်လာ

    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media

    e-sun
    ထိုင်ဝမ်နိုင်ငံမှ E. Sun Commercial Bank

    – မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍသို့ နိုင်ငံရပ်ခြားမှ ဘဏ်သစ်နှစ်ခု ထပ်မံ ၀င်ရောက်လာခဲ့ပြီး အိန္ဒိယဘဏ်တစ်ခုနှင့် ထိုင်ဝမ်ဘဏ်တစ်ခုတို့ ဖြစ်ကြသည်။

    အောက်တိုဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ဘဏ်ခွဲဖွင့်လှစ်ခဲ့သည့် အဆိုပါ ဘဏ်နှစ်ခုမှာ State Bank of India (SBI) နှင့် E. Sun Commercial Bank တို့ ဖြစ်ပြီး ပြီးခဲ့သည့်မတ်လက ဗဟိုဘဏ်မှ ကနဦးဆောင်ရွက်ခွင့်လိုင်စင် ချထားပေးသည့် နိုင်ငံခြား ဘဏ် ၄ ခုမှ ၂ ခုဖြစ်သည်။

    ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များမှာ ၁၃ ခု ရှိလာပြီဖြစ်ပြီး ပြီးခဲ့သည့် နှစ် ၂ အတွင်း လိုင်စင်ချပေးမှု ၂ ကြိမ်မှ ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    SBI မှာ အိန္ဒိယတွင် အကြီးဆုံးဘဏ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့တွင် အရေးပါသော ချိတ်ဆက်ဆောင်ရွက်ရာနေရာတစ်ခု ဖြစ်လာမည်ဖြစ်သည်။ E. Sun Bank ကမူ ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို ရရှိခဲ့သည့် ပထမဆုံး ထိုင်ဝမ်ဘဏ်ဖြစ်သည်။

    ထိုင်ဝမ်နိုင်ငံပိုင် သတင်းဌာန Central News Agency ကမူ အဆိုပါ E. Sun Bank မှာ ထိုင်ဝမ်နှင့် နိုင်ငံခြား ဖောက်သည်များကို အဓိကထား ၀န်ဆောင်မှုပေးသွားရန် စီစဉ်ထားသည်ဟု ဖော်ပြခဲ့သည်။

    Ref: Frontiermyanmar