News @ M-Media
Author: Ko Lay
  • ၆ လအတွင်း ရန်ကုန်၌ ရာဇ၀တ်မှု ၂၀၀ ကျော်ဖြစ်ပွား
    ၆ လအတွင်း ရန်ကုန်၌ ရာဇ၀တ်မှု ၂၀၀ ကျော်ဖြစ်ပွား
    ဇူလိုင် ၅၊ ၂၀၁၆
    M-Media
    yangon
    – ရန်ကုန်မြို့၌ ယခုနှစ် ပထမ ၆ လအတွင်း ဖြစ်ပွးခဲ့သည့် ရာဇ၀တ်မှု အချက်အလက်များကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး မုဒိမ်းမှု ၉၂ မှုအပါအ၀င် စုစုပေါင်း ရာဇ၀တ်မှု ၂၁၈ မှုရှိခဲ့သည်ဟု သိရသည်။
    မုဒိမ်းမှုအပြင် လူသတ်မှု ၉၃မှု၊ လုယက်ဓားပြတိုက်မှု ၂၆ မှုနှင့် ခိုးမှု ၃ မှုတို့ဖြစ်ပြီး ထိုအချက်အလက်မှာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည့် ရာဇ၀တ်မှုများဖြစ်သည်ဟု ဆိုသည်။ ယခုနှစ်ဝက်အတွင်း ဖြစ်ပွားခဲ့သည့် ရာဇ၀တ်မှုအရေအတွက်မှာ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက မတိမ်းမယိမ်းရှိနေသည်။ ပြီးခဲ့သည့်နှစ် ပထမ ၆ လတွင် မုဒိမ်းမှု ၇၉ မှုနှင့် လူသတ်မှု ၈၇ မှု ဖြစ်ပွားခဲ့သည်။
    “ဒီလတွေအတွင်းမှာ မုဒိမ်းမှုတွေက ပုံမှန်ထက်ပိုများလာပါတယ်။ ကျွန်တော်တို့ နေ့ညမပြတ်လှည့်နေပေမယ့် ရာဇ၀တ်မှုတွေကတော့ ဖြစ်နေတာပါပဲ” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    မြို့တော်ခန်းမရှေ့တွင် ဓားထောက်လူယက်မှု၊ ဈေးဝယ်စင်တာတွင် ဓားထိုးမှုတို့ အပါအ၀င် ကြောက်မက်ဖွယ် လုယက်တိုက်ခိုက်မှုများကြောင့် ယခင်ကထက် ပိုမိုစိုးရိမ်မိသည်ဟု မြို့နေပြည်သူများက ပြောကြားခဲ့သည်။
    ရာဇ၀တ်မှုများလျှော့ချရေးအတွက် လုံခြုံရေးကင်မရာများ တပ်ဆင်ခြင်းနှင့် လမ်းမီးများ ထပ်တိုးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဆိုပြုချက်တစ်ခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တင်ပြထားသည်ဟု သိရသည်။
    Ref: yangon.coconuts
  • ယူရိုပြိုင်ပွဲဝင်အသင်းများမှ ထိပ်တန်း မွတ်စလင် ဘောလုံးသမားများ
    ယူရိုပြိုင်ပွဲဝင်အသင်းများမှ ထိပ်တန်း မွတ်စလင် ဘောလုံးသမားများ
    ဇူလိုင် ၅၊ ၂၀၁၆
    M-Media
    eu 0
    – ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲကြီးဟာ လက်ရှိအချိန်မှာ ဆီးမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီး မကြာမီမှာ ဥရောပရဲ့ အကောင်းအဆုံးအသင်းတစ်သင်း ပေါ်ထွက်လာတော့မှာပါ။
    ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ဥရောပနိုင်ငံတိုင်းက သူတို့ရဲ့ အသင်းတွေကို အမြင့်ဆုံးမျှော်လင့်ချက်တွေ ထားခဲ့ကြပြီး၊ နိုင်ငံ့တာဝန်တစ်ခုကို ထမ်းဆောင်မယ့် ကစားသမားတွေကိုလည်း အဆုံးစွန်ဆုံး အားပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
    အစ္စလာမ်ဘာသာဝင် ဘောလုံးသမား တော်တော်များများလည်း သူတို့ရဲ့ အမိနိုင်ငံကို ကိုယ်စားပြုပြီး ဒီပြိုင်ပွဲမှာ အကောင်းဆုံးပေးဆပ်ခဲ့ကြ၊ ပေးဆပ်နေကြပါတယ်။ အဲဒီအထဲကမှ ထိပ်တန်းမွတ်စလင် ကစားသမား ၁၀ ဦးကို M-Media ပရိတ်သတ်တွေ ဗဟုသုတ ရရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
    ၁။ မီဆု အိုဇေးလ် (ဂျာမနီ)
    eu 1
    တူရကီနွယ်ဖွားဖြစ်ပြီး ဂျာမနီမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အိုဇေးလ်ဟာ တိုက်စစ်သားအားသန်တဲ့ အလယ်တန်းကစားသမား တစ်ဦးဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဂျာမနီကလပ် ၀ါဒဘရီမင်အသင်းမှာ ကစားနေတဲ့ အိုဇေးလ်ကို ရီးယဲလ်က ၂၀၀၉ ခုနှစ်မှာ ပြောင်းရွှေ့ကြေးအမြောက်အများသုံးကာ ခေါ်ယူခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာဆ်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာ အသင်းရဲ့ မောင်းနှင်အားတစ်ခု ဖြစ်နေပါတယ်။
    ၂။ ဆာမိ ခီဒီရာ (ဂျာမနီ)
    eu 2
    ခီဒီရာဟာလည်း ဂျာမနီအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီး လက်ရှိအချိန်မှာတော့ အီတလီထိပ်သီး ဂျူ ဗင်တပ်စ်အသင်းမှာ ကစားနေပါတယ်။ သူ့ကို တူနီးရှားဖခင်နဲ့ ဂျာမနီမိခင်တို့က ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဂျာမနီမှာ စတုဂတ်၊ စပိန်မှာ ရီးယဲလ်မက်ဒရစ်တို့နဲ့ ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။
    ၃။ အဒီလ် ရာမီ (ပြင်သစ်)
    eu 3
    အရပ် ၆ ပေ ၃ လက်မရှိပြီး သန်မာတောင့်တင်းတဲ့ ရာမီဟာ အိမ်ရှင်ပြင်သစ်ရဲ့ နောက်တန်းမှာ လော့ရင့် ကွန်စီယဲလ်နီနဲ့ တွဲကာ အမာခံ နောက်ခံလူတစ်ဦး ဖြစ်နေပါတယ်။ သူလက်ရှိ ကစားနေတဲ့ ကလပ်အသင်းကတော့ စပိန်ကလပ် ဆီးဗီးလားဖြစ်ပြီး ယူရိုပါဖိုင်နယ်မှာ လီဗာပူးလ်ကိုအနိုင်ယူကာ ဖလားကိုင်မြှောက်ထားနိုင်သူပါ။ မော်ရိုကိုနွယ်ဖွားဖြစ်တဲ့ ရာမီဟာ ဗလင်စီယာနဲ့ အေစီမီလန်တို့လို ဥရောပထိပ်သီးအသင်းတွေမှာ ကျင်လည်ခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။
    ၄။ မာရူနီ ဖယ်လိုင်နီ (ဘယ်လ်ဂျီယံ)
    eu 4
    လက်ရှိ မန်ယူမှာကစားနေတဲ့ ကွင်းလယ်လူဖယ်လိုင်နီဟာ သူ့ရဲ့ ဆံပင်ပုံစံကြောင့် ဘောလုံးပွဲကြေငြာသူတွေ အလွယ်တကူ သိနိုင်သူတစ်ဦး ဖြစ်ပါတယ် အရပ် ၆ ပေ ၄ လက်မှာရှိတဲ့ သူဟာ ခံစစ်နဲ့ တိုက်စစ် ၂ မျိုးစလုံးအတွက် အမြင့်ဘောကစားရာမှာ ကျွမ်းကျင်ပါတယ်။ ဘယ်လ်ဂျီယံထိပ်သီး Standard Liege မှာ ကစာသမားဘ၀ကို စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ အဲဗာတန်အသင်းက သူ့ကို ခေါ်ယူခဲ့ပါတယ်။ ဒေဗစ်မိုယက်စ် မန်ယူနည်းပြ ဖြစ်လာပြီးနောက်ပိုင်း ဖယ်လိုင်နီဟာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တာပါ။
    ၅။ ဇာဒန် ရှာကွီရီ (ဆွစ်ဇာလန်)
    eu 5
    အလ်ဘေးနီးယန်းမိဘတွေကနေ သူ့ကို ဂျီလန်မြို့မှာ ၁၉၉၁ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မိသားစုနဲ့အတူ ဆွစ်ဇာလန်ကို ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၅၀ ကျော် ကစားပေးထားတဲ့ ရှာကွီရီဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ် စတုတ်စီးတီးအသင်းမှာ ကစားနေသူ ဖြစ်ပါတယ်။ ခြေထောက် ၂ ဖက်စလုံးကို အသုံးပြုနိုင်ပြီး ပြေးအားကောင်းသူတစ်ယောက်ဖြစ်ကာ ကွင်းလယ်မှာ နေရာစုံကစားနိုင်ပါတယ်။ ရှာကွီရီရဲ့ ကစားသမားဘ၀ဟာ ဘေဆယ်အသင်းနဲ့ စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ဂျာမနီက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။
    ၆။ ဂရာနစ် ဇာကာ (ဆွစ်ဇာလန်)
    eu 6
    ဇာကာကလည်း အယ်လ်ဘေးနီးယားနွယ်ဖွားတစ်ယောက်ဖြစ်ပြီး မိသားစုနယ်အတူ ငယ်ငယ်ကတည်းက ဆွစ်ဇာလန်ကို ပြောင်းရွှေ့လာသူပါ။ ကွင်းလယ်မှာ ပြေးပြေးလွှားလွှား ကစားနိုင်တဲ့ ဇာကာဟာ ဂိုးသွင်းခွင့် တော်တော်များများကိုလည်း ဖန်တီးပေးသူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အစွမ်းအစကိုသိတဲ့ အာဆင်ဝင်းဂါးဟာ မေလကပဲ ပေါင် ၃၅ သန်း ၀န်းကျင်လောက်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဇာကာရဲ့ အစ်ကိုဖြစ်တဲ့ တော့လန့်ဟာလည်း ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး သူမိဘတွေရဲ့ဇာတိ အယ်လ်ဘေးနီးယားမှာ ကစားနေသူဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်ဟာ ယူရို အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ကြပြီး ဆွစ်ဇာလန်က အိမ်ရှင်ပြင်သစ်ကိုကျော်ကာ အုပ်စု ပထမနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။
    ၇။ အာဒါ တူရန် (တူရကီ)
    ကွင်းလယ်ကစားသမား တူရန်ဟာ တူရကီကစားသမားတွေထဲကမှ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းမှာ ကစားနေပါတယ်။ အသက် ၂၇ နှစ်သာရှိသေးပေမယ့် တူရန်ဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၉၀ လောက် ကစားပေးထားပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ အသင်းတွေထဲမှာ တူရကီကလပ် ဂါလာတာစာရေးအသင်းလည်း ပါဝင်ပြီး အသက် ၂၁ နှစ်လောက်နဲ့ အသင်းခေါင်းဆောင်ဖြစ်ကာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုနဲ့လည်း တူရန်ဟာ ၂၀၁၄ ခုနှစ်မှာ လာလီဂါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး လက်ရှိမှာတော့ တူရကီအသင်းခေါင်းဆောင်အဖြစ် ယူရိုမှာ ပါဝင်ခဲ့ပါတယ်။
    ၈။ အမ်ရီ ကန် (ဂျာမနီ)
    eu 8
    နည်းပြ ယာဂန်ကလော့ပ်လက်ထက်မှာ အမ်ရီ ကန်ဟာ လီဗာပူးလ်မှာ ပုံမှန်နေရာရလာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ကလပ်အသင်းမှာ ပြသနိုင်တဲ့စွမ်းရည်ကြောင့် ဂျာမနီလက်ရွေးစင်အသင်းမှာ ထိုက်ထိုက်တန်တန် နေရာရခဲ့သူပါ။ တူရကီနွယ်ဖွားဖြစ်တဲ့ ကန်ကို ဂျာမနီနိုင်ငံ ဖန့်ဖတ်မြို့မှာ မွေးဖွားခဲ့ပြီး အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ဘိုင်ယန်၊ လေဗာကူဆင်လို ပြည်တွင်း ထိပ်သီးအသင်းတွေနဲ့ လက်တွဲခဲ့ရပါတယ်။ သူဟာ လျင်မြန်ဖြတ်လတ်မှုကြောင့် ကျော်ကြားပြီး ကွင်းလယ်တင်မက နောက်တန်းမှာပါ ကစားနိုင်သူတစ်ဦး ဖြစ်ပါတယ်။
    ၉။ မူဆာဒမ္ဘီလီ (ဘယ္လ္ဂ်ီယံ)
    မာလီ-ဘယ္လ္ဂ်ီယံ ကျပားတစ္ဦျဖစ္တဲ့ ဒမ္ဘီလီဟာ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး ဘယ်လ်ဂျီယံက အသင်းငယ်တစ်သင်းနဲ့ ကစားသမားဘ၀ကို စတင်ခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ နယ်သာလန်က Willem II အသင်း၊ အဲဒီကတစ်ဆင့် အေဇက် အလ်ခမာအသင်း စသဖြင့် တစ်သင်းပြီးတစ်သင်း ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းကို ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကြောင့် စပါးက ၂၀၁၂ ခုနှစ်မှာ ခေါ်ယူခဲ့ပြီး အခုအချိန်မှာတော့ စပါးရဲ့ ပင်တိုင်ကစားသမား ဖြစ်လို့နေပါပြီ။
    ၁၀။ ပေါလ် ပေါ့ဘာ (ပြင်သစ်)
    eu 10
    တစ်ချိန်က ဥရောပရဲ့ အကောင်းဆုံး ယူ-၂၁ ကစာသမားအဖြစ် ရွေးချယ်ခံခဲ့ရသူတစ်ဦးပါ။ ပေါ့ဘာဟာ အခု ယူရိုပြိုင်ပွဲမှာ အများက စောင့်ကြည့်ခံရတဲ့ ကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ စီးရီးအေ ၄ ကြိမ်ဆက်ချန်ပီယံဖြစ်မှုမှာ ပေါ့ဘာရဲ့ ကူညီပံ့ပိုးမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အကောင်းဆုံး အချိန်ကိုရောက်ရှိနေတဲ့ ပေါ့ဘာကို အသင်းဟောင်း မန်ယူက ပြန်ခေါ်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပေါ့ဘာရဲ့ မိဘ ၂ ဦးစလုံးဟာ ဂီနီနွယ်ဖွားတွေဖြစ်ပြီး သူ့ရဲ့ ညီအကိုစ် ၂ ယောက်ဟာလည်း ပြင်သစ်နဲ့ စတော့တလန်တို့မှာ ဘောလုံးကစားနေကြပါတယ်။ ဘောလုံးဆွဲယူပြီးပြေးစဉ်မှာ ခြေထောက်လှုပ်ရှားမှုဟာ တော်တော်လေး လျင်မြန်တာကြောင့် သူ့ကို “ရေဘ၀ဲ” လို့လည်း ချစ်စနိုး ခေါ်ဝေါ်ကြပါတယ်။
    Ref: mvslim.com
  • ယုံကြည်ချက်ကို နှလုံးသားဖြင့် ကျင့်သုံးသူများ (သို့မဟုတ်) ကျူးဘားမှ မွတ်စလင်လူ့အဖွဲ့အစည်း
    ယုံကြည်ချက်ကို နှလုံးသားဖြင့် ကျင့်သုံးသူများ (သို့မဟုတ်) ကျူးဘားမှ မွတ်စလင်လူ့အဖွဲ့အစည်း
    ဇူလိုင် ၅၊ ၂၀၁၆
    M-Media
    cu 4
    မြို့တော်ဟာဗားနားမြို့လယ်ကောင်မှ ၀တ်ပြုဆောင်
    – အာရဘီစကားကို အနည်းငယ်သာပြောတတ်ပြီး ဗလီဝတ်ကျောင်းတော် အင်္ဂါရပ်နှင့်ပြည့်စုံသော အဆောက်အဦးပင် မရှိသည့် ကျူးဘားနိုင်ငံမှ မွတ်စလင်လူနည်းစုကလေးမှာ ၎င်းတို့၏ ဘာသာတရားကို လက်တွေ့လိုက်နာကျင့်သုံးကာ ရမ်ဇာန်ဥပုသ်လကို ၎င်းတို့ စွမ်အားရှိလောက် တိတ်ဆိတ်ငြိမ်သက်စွာ အဆုံးသတ်တော့မည်ဖြစ်သည်။
    မြို့တော်ဟာဗားနားရှိ သက်တမ်းရင့် ရပ်ကွက်တစ်ခုတွင် အဖြူရောင်နှင့် အစိမ်းရောင် ပေါင်းစပ်ထားည့် မင်နာရတ် (၀တ်ပြုရန်နှိုးဆော်သည့် မျှော်စင်) ရှိသော ကိုလိုနီအဆောက်ဦးတစ်လုံးကို အလွယ်တကူ တွေ့မြင်နိုင်သည်။ ထိုဗလီဝတ်ကျောင်းတော်မှာ ပြီးခဲ့သည့်နှစ်အတွင်း ကျူးဘားမွတ်စလင်များစုဝေးကာ တစ်နေ့လျှင် ၅ ကြိမ် စုရုံးဝတ်ပြုကြသည့်နေရာ ဖြစ်လေသည်။
    ဗလီအတွင်း နံရံကို အာရဘီလက်ရေးကားချပ်များနှင့် ပါလက်စတိုင်းအလံတစ်ခုတို့ဖြင့် အလှဆင်ထားကာ စပိန်ဘာသာပြန် ကုရ်အာန်ကျမ်းစာအုပ်များကိုလည်း ဗလီအတွင်း တွေ့နိုင်လေသည်။
    ဂျာဗီယာဟူသည့် အမျိုသားတစ်ဦးက ပူပြင်းသောနွေရာသီ နေ့လည်ခင်းတွင် ဗလီဝတ်ကျောင်းတော်သို့ လာရောက်လည်ပတ်ကြသူများကို “အတ်စလားမု အာလိုက်ကွမ်း” (ငြိမ်းချမ်းမှုသက်ရောက်ပါစေ) ဟူသည့် စကားဖြင့် ပြုံးရွှင်စွာ ခရီးဦးကြိုပြုလေ၏။
    ဂျာဗီယာမှာ ခရစ်ယာန်ကက်သလစ်မိသားစုမှ ပေါက်ဖွားလာပြီး လွန်ခဲ့သည့် ၂ နှစ်က အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သူဖြစ်သည်။
    “သမ္မာကျမ်းစာက ကျွန်တော့်အတွက် မပြည့်စုံဘူးလို့ ခံစားရတယ်လေ။ ဒါ့ကြောင့် ဘာသာပြောင်းခဲ့တာပါ” ဟု ဂျာဗီယာက ၎င်း ဆုံးဖြတ်ချက်အကြောင်း ပြောပြသည်။ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းက ခရစ်ယာန်ကက်သလစ်နှင့် အာဖရို-ကျူးဘန်း ဘာသာတရားများကို ယုံကြည်ကိုးကွယ်ကြသည့် ကျူးဘားနိုင်ငံတွင် ဂျာဗီယာ၏ အဖြစ်အပျက်က ထူးခြားသည့် ကိစ္စဖြစ်သည်။
    ကျူးဘားနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်ဦးရေ ၁၀၀၀၀ ခန့်သာရှိပြီး ထိုပမာဏက နိုင်ငံလူဦးရေ၏ ၀.၁ ရာခိုင်နှုန်းသာ ဖြစ်သည်။
    ကျွမ်းကျင်သူများ၏ အဆိုအရ အစ္စလာမ်သာသနာမှာ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များတွင် ပါကစ္စတန်ကဲ့သို့ နိုင်ငံများမှ ကျောင်းသားများနှင့်အတူ ရောက်ရှိလာကြသည်ဟု သိရသည်။
    “ကမ္ဘာလှည့်ခရီးသွားတွေက ဒီလမ်းကို ဖြတ်သွားတဲ့အခါ ဗလီဝတ်ကျောင်းတော်ကိုမြင်ပြီး တော်တော်လေး အံ့သြကြပါတယ်” ဟု လွန်ခဲ့သည့် ၁၇ နှစ်က အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သူ အဟ်မဒ် အဂူလိုက ပြောကြားခဲ့သည်။ ၎င်းမှာ သောကြာနေ့တွင် ၀တ်ပြုသူ ၂၀၀ ကျော်အထိ လာရောက်ကြသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်အား စီမံခန့်ခွဲနေသူဖြစ်သည်။
    “ရှေ့ဆောင်အီမာမ်တွေကို လေ့ကျင့်သင်ကြားပေးတဲ့ သင်တန်းတွေ မရှိတာကြောင့် ကျွန်တော်က လက်မှတ်ရ ရှေ့ဆောင်အီမာမ်တော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် သာသနာရဲ့ အခြေခံစည်းမျဉ်းစည်းကမ်းတွေကိုတော့ ကျွန်တော်သိပါတယ်” ဟု အဂူလိုက ဖွင့်ဟခဲ့သည်။
    ဟာဗားနားမှ ရက်ကွက်ဟောင်းတစ်ခုတွင်ရှိသည့် အဆိုပါဗလီဝတ်ကျောင်းတော်နှင့် မလှမ်းမကမ်းတွင် ကြော်ငြာဆိုင်းဘုတ်တစ်ခု ထောင်ထားပြီး ၅ ဧကကျယ်သော မြေနေရာတစ်ခု၌ ဗလီဝတ်ကျောင်းတော်လုံး တည်ဆောက်ရန် အစီအစဉ်ရှိသည်ဆိုသည့် ဆိုင်းဘုတ်ဖြစ်သည်။ ထိုဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန်အတွက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက တူရကီသမ္မတ အာဒိုဂန်လရောက်ချိန်တွင် ကတိပေးသွားခဲ့သည်။
    သို့သော်လည်း ဆောက်လုပ်မှုက မစရသေး။ ၂၀၁၅ ခုနှစ် ဇွန်လတွင် ဟာဗားနားမြို့၏ မြို့လယ်ကောင်း Old Havana ၌ ၀တ်ပြုဆောင်တစ်ခုကို ကျူးဘားအစိုးရက ဖွင့်လှစ်ခွင့်ပေးခဲ့သည်။ ထိုဝတ်ပြုဆောင်က ကျူးဘားနိုင်ငံ၏ ပထမဆုံး ဗလီဝတ်ကျောင်းတော်ဟုလည်း ခေါ်ဆိုထိုက်သည်။
    “ဗလီဝတ်ကျောင်းတော်တစ်ခုလို ၀တ်ပြုဆုတောင်းမှုတွေ ပြုလုပ်တာကြောင့် တံခါးပေါက်မှာတော့ ‘ဗလီဝတ်ကျောင်းတော်’ ဆိုပြီး ရေးသားထားပါတယ်” ဟု ဗလီဝတ်ကျောင်းတော်ကို စီမံကွပ်ကဲနေသော ‘အာရပ်အသင်း’ မှ ဒါရိုက်တာ ရီဂိုဘာတို မီနန်ဒက်ဇ်က ပြောကြားခဲ့သည်။
    “တကယ့်ဗလီဝတ်ကျောင်းတော်ဆိုရင် နေရာပိုကျယ်ရမှာပေါ့လေ။ ဒါပေမယ့် မွတ်စလင်တွေအတွက် အဓိကကျတာက တစ်နေရာမှာ စုပေါင်းဝတ်ပြုနိုင်ဖို့ပါ” ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    ကျူးဘားမွတ်စလင်များမှာ စုပေါင်းဝတ်ပြုရာနေရာတစ်ခု ရရှိရန်အတွက် ၂၅ နှစ်ကြာ တောင်းဆိုခဲ့ကြသည်။
    “အရင်က ကျွန်တော်တို့ဟာ မြို့ထဲက တိုက်ခန်းတစ်ခုမှာ စုပေါင်းတွေ့ဆုံကြပါတယ်။ ကျူးဘားမှာ ကျွန်တော်ယုံကြည်ရာကို လွတ်လပ်စွာ လိုက်နာကျင့်သုံးခွင့်ရပါတယ်” ဟု ၁၉၈၈ ခုနှစ်က အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခဲ့သည့် လာဇိုတောရက်စ်က ပြောကြားခဲ့သည်။ တောရက်စ်ကို ကျူးဘား၏ ပထမဆုံး အစ္စလာမ်ဘာသာဝင်ဟူ၍လည်း မှတ်ယူနိုင်ပေသည်။
    cu 3
    ကျူးဘားမွတ်စလင်များ ၀ါဖြေနေသည့် ပုံရိပ်
    ရမ်ဇာန်ဥပုသ်လတွင် ကျူးဘားရှိ မွတ်စလင်များအဖို့ ဥပုသ်သီလ ဆောက်တည်ခြင်းမှာ လွယ်ကူသည့် ကိစ္စမျိုးမဟုတ်။ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များမှာ ဥပုသ်ဖြေရာတွင် စွန်ပလွံသီးများ စားသုံးလေ့ရှိပြီး ကျူးဘားတွင်တော့ စွန်ပလွံသီးမရှိ။
    “အရာရာတိုင်းကို ပြည်ပက တင်သွင်းရတာဗျ။ ဆော်ဒီသံရုံးကတော့ ကျွန်တော်တို့ကို စွန်ပလွံသီးတွေ၊ ရိုးရာဝတ်စုံတွေ၊ ဟာလာလ်အသားတွေ ပေးပါတယ်။ ဘုရားသခင်ရဲ့ အကူအညီနဲ့ ကျွန်တော်တို့ အဆင်ပြေပါတယ်” ဟု တောရက်စ်က ထပ်လောင်းပြောကြားခဲ့သည်။
    အသက် ၃၃ နှစ်အရွယ်ရှိပြီး အာဖရိကနွယ်ဖွားတစ်ဦးဖြစ်သည့် အလန် ဂါစီယာက ၎င်းအနေဖြင့် အစ္စလာမ်သို့ သက်ဝင်ယုံကြည်ပြီးနောက် လုပ်ရပ်ဆိုး တော်တော်များများကို စွန့်လွှတ်ခဲ့သည်ဟု ဆိုသည်။
    “ကျွန်တော် အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်သွားပြီလို့ ပြောလိုက်တဲ့အခါမှာ သူငယ်ချင်းတော်တော်များများက အဆက်အသွယ် ဖြတ်သွားတယ်လေ။ တစ်ခြားကြောင့်တော့ မဟုတ်ပါဘူး။ အရပ်မသောက်တော့တာ၊ ၀က်သားမစားတော့တာ၊ ပါတီသွားပြီး မကတော့တာကြောင့် ဖြစ်ပါတယ်။ တစ်ခြားတစ်ဖက်မှာတော့ ဒါဟာ ကျူးဘားရဲ့ ယဉ်ကျေးမှုတော်တော်များများကို စွန့်လွှတ်လိုက်တယ်လို့ မြင်ကြတာကိုး” ဟု ဂါစီယာက ပြောကြားခဲ့သည်။
    ကျူးဘားတက္ကသိုလ်များတွင် အာရဘီဘာသာစကား သင်ကြားခြင်းမျိုးလည်း မရှိ။
    ကျူးဘားသို့လာရောက်ကာ လက်တင်အမေရိက ဆေးတက္ကသိုလ် တက်ရောက်နေသည့် ချဒ်၊ အာဖဂန်နှင့် လစ်ဗျားတို့မှ အာရဘီစကားပြော ကျောင်းသားများက ကျူးဘားမွတ်စလင်များကို ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်နည်း အခမဲ့သင်ပေးသည်ဟု ဂါစီယာက ဆိုသည်။
    ထို့ပြင် ကျူးဘားမွတ်စလင်များမှာ offline အသုံးပြု၍ရသည့် ဖုန်းဆော့ဖ်ဝဲများဖြင့်လည်း အာရဘီ ဘာသာစကားကို သင်ယူလေ့လာကြလေသည်။
    ရမ်ဇာန်ဥပုသ်လ၏ ၀ါဖြေချိန်နီးကပ်လာသည့်အခါ မြို့လယ်ကောင်ရှိ ၀တ်ပြုဆောင်မှာ လူများဖြင့် ပြည့်ကျပ်သွားသည်။
    ခေါင်းဆောင်ပုဝါများဖြင့် ကျက်သရေရှိလှသည့် မွတ်စလင်အမျိုးသမီးများအတွက် သီးသန့်သတ်မှတ်ထားသည့် အခန်းတွင် ကလေးများက မြူးတူးဆော့ကစားကြသည်။
    “ကောင်းမွန်တဲ့ကိစ္စတစ်ခုကို လက်ခံကြိုဆိုဖို့ အသက်အရွယ်က အဓိကမကျပါဘူး” ဟု ဒီယက်ဇ်က ဆိုသည်။
    စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်း ကျူးဘားနိုင်ငံအရှေ့ပိုင်းတွင် ဖွင့်လှစ်ခဲ့သည့် ဂွါတာနာမိုအကျဉ်းစခန်းတွင် အကြမ်းဖက်သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းကာ အမေရိကန်၏ ညှင်းပမ်းနှိပ်စက်မှုများကိုလည်း ၎င်းက ပြောပြခဲ့သည်။
    “ဒီအကျဉ်းစခန်းပိတ်ပစ်ဖို့အတွက် နိုင်ငံတွေက အဖြေတစ်ခု ရှာရပါမယ်”
    ရာစုနှစ်စတစ်ဝက်ကြာ တိုက်ခိုက်မှုများပြီးနောက် FARC လက်ဝဲသူပုန်များနှင့် ငြိမ်းချမ်းရေး ယူရန်ရှိနေသည့် ကိုလံဘီယာနိုင်ငံအကြောင်းကို ဒီယက်ဇ်က ထောက်ပြခဲ့သည်။
    cu 5
    စပိန်ဘာသာပြန် ကုရ်အာန်ကျမ်းတော်မြတ်နှင့် ကုရ်အာန်ရွတ်ဖတ်နေသူတစ်ဦး
    “ဂွါတာနာမိုမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မွတ်စလင်တွေအတွက်လည်း ဒီလို သဘောတူညီချက်မျိုး ရစေချင်ပါတယ်”
    ယာကွီလင် ဒီယက်စ်ဟုအမည်ရသည့် အမျိုးသမီးတစ်ဦးကတော့ စပိန်တွင် ၈ နှစ်ကြာနေထိုင်ခဲ့ပြီး ပါကစ္စတန်လူမျိုးတစ်ဦး၏ ကျေးဇူးကြောင့် စပိန်တွင်ပင် အစ္စလာမ်ကို ပြောင်းလဲလက်ခံခဲ့သည်။
    “ကျွန်မတို့ရဲ့ နေပုံထိုင်ပုံ မတူတာကြောင့် လူတော်တော်များများက ကျွန်မတို့ဟာ နိုင်ငံခြားသားတွေလို့ ထင်ကြပါတယ်။ သူတို့နိုင်ငံမှာ မွတ်စလင်တွေရှိနေတယ်ဆိုတာကို သူတို့ မတွေးမိကြပါဘူး။ ဒါပေမယ့် ကျူးဘားနိုင်ငံမှာတော့ အစ္စလာမ်သာသနာဟာ တစ်စထက်တစ်စ ပိုမိုပြန့်နှံ့လာခဲ့ပါပြီ” ဟု သူမက ပြောကြားခဲ့သည်။
    ကျူးဘားနိုင်ငံတွင် အကောင်အထည်ပေါ်မလာသေးသည့် အရာတစ်ခုက ၀တ်ပြုဆုတောင်းရာတွင် အသုံးပြုသည့် အ၀တ်အထည်များဖြစ်သည်ဟု ယာကွီလင်က ဆိုသည်။
    “အဲဒီအ၀တ်အစားတွေကို ဆော်ဒီက ကျွန်မတို့ရဲ့ ညီနောင်တွေက ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ထောက်ပံ့မှုနဲ့ ကျွန်မတို့ တစ်သက်လုံး ရပ်တည်လို့ မရဘူးလေ။ ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့စတိုင်နဲ့ ကိုယ်ပိုင်ဆိုင်တွေ လိုအပ်ပါတယ်။ ကျူးဘားမှာ ကျွန်မတို့ဟာ အစ္စလာမ်သာသနာကို ဖြန့်ချီရပါမယ်”
    ၁၉၅၉ ခု ကျူးဘားတော်လှန်ရေးပြီးကတည်းက ကျူးဘားနိုင်ငံမှာ တရားဝင် ဘာသာမဲ့နိုင်ငံ ဖြစ်သွားခဲ့ပြီး ဘာသာတရားများအားလုံးကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုကန့်သတ်မှုများကို ဖြေလျော့ပေးခဲ့လေသည်။
    ၁၉၉၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုနှင့်အတူ ကျူးဘားနိုင်ငံမှာလည်း ဘာသာရေးမနွယ်သည့်နိုင်ငံ ဖြစ်လာခဲ့ဟု မီနန်ဒက်ဇ်က ဆိုသည်။
    ရှေ့ဆောင်အီမာမ်တစ်ဦးဖြစ်သူ အဟ်မဒ်ကတော့ ယခုလို ဖွင့်ဟခဲ့သည်။
    “တိုင်းပြည်တစ်ပြည်ရဲ့ သမိုင်းမှာ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုတွေကတော့ ရှိစမြဲပါပဲ။ အမေရိကန်ကိုကြည့်ရင် လွန်ခဲ့တဲ့ရာစုက လူမည်းထောင်ချီ သတ်ဖြတ်ခဲ့ပေမယ့် အခုတော့ လူမည်းတစ်ယောက်က သမ္မတ ဖြစ်နေပါပြီ”
    Ref: Yahoo
  • မဒီနာတွင် အသေခံဗုံးခွဲမှုဖြစ်ပွား၊ IS လက်ချက်ဖြစ်နိုင်
    မဒီနာတွင် အသေခံဗုံးခွဲမှုဖြစ်ပွား၊ IS လက်ချက်ဖြစ်နိုင်
    ဇူလိုင် ၅၊ ၂၀၁၆
    M-Media
    madina
    – အစ္စလာမ်သာသနာတွင် ဒုတိယအမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်ဟု သတ်မှတ်ခြင်းခံထားရသည့် မဒီနာမှ တမန်တော်မြတ်ဗလီဝတ်ကျောင်းတော် အပြင်ဘက်တွင် အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက ကြေငြာခဲ့သည်။
    ယမန်နေ့ညတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂျစ်ဒါနှင့် ကွာတစ်ဖ်တို့အပြီး တစ်နေ့တည်းတွင် ဆော်ဒီနိုင်ငံအတွင်း တတိယမြောက် ပေါက်ကွဲမှုလည်းဖြစ်သည်။ ၀န်ကြီးဌာန၏ Twitter စာမျက်နှာမှတစ်ဆင့် ကြေငြာချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အသေခံဗုံးခွဲသမားကို ဗလီဝတ်ကျောင်းတော်အတွင်း မ၀င်ရောက်နိုင်အောင် တားဆီးရာတွင် ၎င်းက ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
    ဗုံးခွဲမှုဖြစ်ပွားချိန်တွင် ဗလီဝတ်ကျောင်းတော်အတွင်း ဘုရားဖူးထောင်ပေါင်းများစွာရှိနေပြီး မည်သူမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ပေ။
    မဒီနာတွင် ထိုကဲ့သို့ ဗုံးပေါက်ကွဲပြီး တစ်ချိန်တည်းမှာပင် နိုင်ငံအရှေ့ပိုင်း ကွာတစ်ဖ်မြို့ရှိ ဗလီဝတ်ကျောင်းတော်အနီးတွင်လည်း ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သည်။ မျက်မြင်သက်သေများ၏အဆိုအရ အသေခံဗုံးခွဲသမားတစ်ဦးမှာ အဆိုပါ ရှီယိုက် ဗလီဝတ်ကျောင်းတော်၏ အပြင်ဘက်တွင် မိမိကိုယ်ကို ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ထိုတိုက်ခိုက်မှုများအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်းမရှိသေးဘဲ၊ ပြီးခဲ့သည့်လများအတွင်း ထိုကဲ့သို့ အသေခံဗုံးခွဲမှုများကို IS အကြမ်းဖက်အဖွဲ့က ပြုလုပ်ခဲ့သည့်မှတ်တမ်းများ ရှိနေသည်။
    Ref: Aljazeera
  • တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင်ရန် တရုတ်ပြင်ဆင်
    တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင်ရန် တရုတ်ပြင်ဆင်
    ဇူလိုင် ၄၊ ၂၀၁၆
    M-Media
    china 2
    – တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နိုင်ငံက ပိုင်ဆိုင်ကြောင်း နိုင်ငံတကာတရားရုံးမှာ တိုင်ကြားထားတဲ့ ကျွန်းစုအနီးမှာ တရုတ်က စစ်ရေးလေ့ကျင့်မယ်လို့ သိရပါတယ်။
    ပါရာဆဲလ်ကျွန်းစုဖြစ်ပြီး တရုတ်ဟာ ဇူလိုင်လ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ အဲဒီကျွန်းတစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီလေ့ကျင့်မှုဧရိယာဟာ တရုတ်ဟိုင်နန်ကျွန်း အရှေ့ခြမ်းကနေ ပါရာဆဲလ်ကျွန်းစုတွေအထိ ရောက်ရှိမှာဖြစ်ပါတယ်။
    စစ်ရေးလေ့ကျင့်နေစဉ်အတွင်း အဲဒီရေပြင်ထဲကို အခြားသော သင်္ဘောတွေ ၀င်ရောက်ခြင်းကို တားမြစ်ထားမှာဖြစ်တယ်လို့ တရုတ်က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီ ပါရာဆဲလ်ကျွန်းစုတွေကို ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း တောင်းဆိုထားပါတယ်။
    ပါရာဆဲလ်ကျွန်းစုရဲ့ ၀ူဒီကျွန်းမှာ တရုတ်က လေယာဉ်ပြေးလမ်းတစ်ခု ဆောက်လုပ်ထားပြီး မြေပြင်ကဝေဟင်ပစ်ဒုံးကျည်ကိုလည်း ချထားတယ်လို့ အမေရိကန်က ပြောထားပါတယ်။ တရုတ်ကတော့ နိုင်ငံအတော်များများက ပိုင်ဆိုင်တယ်လို့ ကြေငြာမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ စစ်ရေးလေ့ကျင့်မှုတွေကို ပုံမှန်ပြုလုပ်နေပါတယ်။
    Ref : Presstv