News @ M-Media

Author: Ko Lay

  • သမ္မတနှင့် သဘောထားကွဲလွဲသည့် တူရကီဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

    သမ္မတနှင့် သဘောထားကွဲလွဲသည့် တူရကီဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

    မေ ၅၊ ၂၀၁၆
    M-Media

    turkey 3

    – မိမိအနေဖြင့် ၀န်ကြီးချုပ်နှင့် အာဏာရ AK ပါတီ ခေါင်းဆောင်အဖြစ် ဆက်လက်ဆောင်ရွက်သွားတော့မည် မဟုတ်ဟု တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက ပြောကြားလိုက်သည်။

    ယမန်နေ့က ပါတီ၏ ဗဟိုအမှုဆောင်ကော်မတီဝင်များ၏ အစည်းအဝေးပြီးနောက် ယနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒါဗူတော့ဂ်လူက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး သမ္မတအာဒိုဂန်နှင့် ၎င်းတို့အကြား တင်းမာမှုများကို လျော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ယူဆရသည်။

    “ပါတီခေါင်းဆောင်နဲ့ ၀န်ကြီးချုပ်နေရာကို ကျွန်တော် စွန့်လွှတ်မှုဟာ ပိုမိုကောင်းမွန်တဲ့ ပိုကောင်းဖို့အတွက် ရည်ရွယ်ပြီး ပါ
    တီရဲ့ စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းကာ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုပါပဲ” ဟု ၀န်ကြီးချုပ်က
    ပြောကြားခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့ပြီး မိနစ် ၉၀ ကြာမြင့်ခဲ့သည့် အစည်းအဝေးတွင် သမ္မတအာဒိုဂန်က ဒါဗူတော့ဂ်လူအား နှုတ်ထွ
    က်ရန် တောင်းဆိုခဲ့သည်ဟု တူရကီအခြေစိုက် စာရေးဆရာနှင့် ဂျာနယ်လစ်တစ်ဦးဖြစ်သူ အန်ဒရူး ဖင်ကဲလ်က အ
    လ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ပြည်တွင်းနှင့် နိုင်ငံခြားရေးပေါ်လစီ ကိစ္စရပ်များအတွက် အာဒိုဂန်နှင့် ဒါဗူတော့ဂ်လူတို့အကြား သဘောထားကွဲလွဲမှုများ
    ရှိနေပြီး ပြီခဲ့သည့်လများအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ၀န်ကြီးချုပ်၏ ယခုကဲ့သို့ နှုတ်ထွက်မှု ပေါ်
    ထွက်လာခြင်းဖြစ်သည်။

    ဒါဗူတော့ဂ်လူ၏နေရာတွင် အစားထိုးရန် ပို့ဆောင်ရေးဝန်ကြီး၊ သမ္မတ၏ အကြီးဆုံးသမီးနှင့် အိမ်ထောင်ကျထားသည့် စွ
    မ်းအင်ဝန်ကြီးတို့မျာ ရေးပန်းစားလျက် ရှိနေသည်။

    Ref: Aljazeera

  • ပဋိပက္ခများတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုများအား စုံစမ်းရန် မလေးရှားတောင်းဆို

    ပဋိပက္ခများတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုများအား စုံစမ်းရန် မလေးရှားတောင်းဆို

    မေ ၅၊ ၂၀၁၆
    M-Media

    malaysia

    – နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုအားလုံး အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲတွေမှာ အရပ်သားတွေနဲ့ အရပ်ဘက်ပစ္စည်းတွေကို ကာကွယ်ပေးရမယ့်အပေါ် ချိုးဖောက်မှုအားလုံးကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပေးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။

    မလေးရှားရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဆီတီ ဟဂ်ျဂျာ အဒ်နင်က အဖွဲ့ဝင်နိုင်ငံတွေမှာ စစ်ရာဇ၀တ်မှုနဲ့ အခြားသော နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေကို သူတို့ပေးထားတဲ့ ကတိက၀တ်တွေအတိုင်း တာဝန်ခံနိုင်စေဖို့ သက်ဆိုင်ရာ နိုင်ငံတကာ တရားရုံးတွေနဲ့ခုံးရုံးတွေကို ပူးပေါင်းဆောင်ရွက်ရေး တာဝန်ရှိတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “လက်နက်ကိုင်ပဋိပက္ခတွေအတွင်းမှာ ပြည်သူတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ထိခိုက်ပျက်စီးစေတဲ့အပေါ် တာဝန်ခံမှုရှိစေဖို့ မလေးရှားက လုံးဝတောင်းဆိုလိုက်ပါတယ်” လို့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး မူကြမ်းရေးဆွဲရေးအတွက် အင်္ဂါနေ့မှာပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အဒ်နင်က ပြောခဲ့တာပါ။

    လုံခြုံရေးကောင်စီကနေ စစ်မြေပြင်တွေမှာ ဆေးရုံဆေးခန်းတွေ၊ ဖျားနာသူတွေနဲ့ ဒဏ်ရာရသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ပေးမယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို အင်္ဂါနေ့က တစ်ညီတစ်ညွှတ်တည်း ချမှတ်နိုင်ခဲ့ပါတယ်။

    Ref: IINA

  • လက်စတာထက် ရှုံးပွဲမရှိဗိုလ်စွဲနိုင်ခဲ့သည့် အာဆင်နယ်အား ချီးကျူးသင့်သည်ဟု နောက်ခံလူဟောင်း ပြော

    လက်စတာထက် ရှုံးပွဲမရှိဗိုလ်စွဲနိုင်ခဲ့သည့် အာဆင်နယ်အား ချီးကျူးသင့်သည်ဟု နောက်ခံလူဟောင်း ပြော

    မေ ၅၊ ၂၀၁၆
    M-Media

    arse

    – သမိုင်းဝင် အောင်ပွဲရရှိခဲ့သည့် လက်စတာစီးတီးအသင်းထက် ရှုံးပွဲမရှိ ဖလားရဖူးသော အာဆင်နယ်အား ပို၍ ချီးကျူးသင့်ပြီး ၀င်းဂါးမှာလည်း ဝေဖန်မှုနှင့် မထိုက်တန်ဟု အာဆင်နယ် နောက်ခံလူဟောင်း လော့ရင့်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် ချန်ပီယံ ချယ်ဆီး၊ အသင်းကြီးများဖြစ်ကြသော မန်စီးတီး၊ မန်ယူ၊ လီဗာပူးလ်တို့မှာ ခြေချော်နေသည့်အချိန်တွင် ရာသီအစ ပုံစံကောင်းများ ပြသနိုင်ခဲ့သည့် အာဆင်နယ်က ပရီးမီးယာယးလိဂ်ဖလားကို ရရှိမည်ဟု ရေပန်းစားခဲ့သော်လည်း ထင်သလို ဖြစ်မလာခဲ့ဘဲ လက်စတာက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

    အာဆင်နယ်တွင်ကစားစဉ် နည်းပြ၀င်းဂါးက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူများထဲမှ တစ်ဦးအဖြစ် ချီးကျူးခြင်း ခံခဲ့ရသည့် လော့ရင်ကမူ လက်စတာကို ချီးကျူးခဲ့ပြီး အာဆင်နယ်ကို ကာကွယ်ပြောဆိုခဲ့သည်။

    “လက်စတာလုပ်နိုင်ခဲ့တဲ့အရာက တစ်မူထူးခြားတဲ့ အရာပါပဲ။ ရာသီအစမှာ ဒီလိုအောင်မြင်မှုမျိုး ရမယ်ဆိုတာ ဘယ်သူမှ မမျှော်လင့်ခဲ့ကြပါဘူး။ အသင်းသားတိုင်းရဲ့ အလွန်အမင်း ကြိုးပမ်းအားထုတ်မှု၊ စုစည်းမှုနဲ့ ယုံကြည်ချက်ခိုင်မာမှုတို့ကို အခြေခံပြီး ဒီလိုအောင်မြင်ခဲ့တာပါ။ ဒါဟာ သူတို့အတွက် မယုံကြည်နိုင်လောက်စရာဖြစ်ပြီး ဘောလုံးလောကအတွက်လည်း ကောင်းမွန်ပါတယ်။ လက်စတာက မယုံနိုင်စရာကို လုပ်ပြခဲ့ပေမယ့် တစ်ရာသီလုံး ရှုံးပွဲမရှိဘူးဆိုတာက ပိုပြီး ထူးခြားပါတယ်။ ဒီနှစ်ခုကို ကျွန်တော်တို့ နှိုင်းယှဉ်လို့မရပါဘူး။ ကျွန်တော့်ကိုမေးမယ်ဆိုရင် ရှုံးပွဲမရှိတဲ့ ဘောလုံးရာသီက ပိုပြီး ကြီးကျယ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ၂၀၀၃-၀၄ ဘောလုံးရာသီတွင် အာဆင်နယ်အသင်းက ရှုံးပွဲမရှိဘဲ ဗိုလ်စွဲခဲ့မှုကို ရည်ညွှန်း၍ လော့ရင့်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဘာသာရေးလွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေ

    ဘာသာရေးလွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေ

    မေ ၅၊ ၂၀၁၆
    M-Media

    kachin
    ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းတွင် အမျိုးသမီးတစ်ဦး ၀တ်ပြုဆုတောင်းနေပုံ

    – အမေရိကန်အစိုးရက ထုတ်ပြန်သည့် ဘာသာရေးလွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံမှာ တရုတ်၊ မြောက်ကိုရီးယားတို့နှင့်အတူ ထိပ်ဆုံး၌ ရှိနေသည်ဟု သိရသည်။

    အမေရိကန်၏ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်မှ မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါစာရင်းတွင် မြန်မာ၊ တရုတ်နှင့် မြောက်ကိုရီးယားတို့မှာ ဆော်ဒီ၊ အီရန်တို့နှင့်အတူ ဘာသာရေးလွတ်လပ်ခွင့် အချိုးဖောက်ဆုံး ၉ နိုင်ငံစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။

    ဗီယက်နမ်မှာမူ အထူးစိုးရိမ်ရသည့် နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုအတွက် စောင့်ကြည့်ရမည့် နိုင်ငံများစာရင်းတွင်မူ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့ ပါဝင်နေသည်။

    တရုတ်နိုင်ငံတွင် တရုတ်မွတ်စလင်များနှင့် ခရစ်ယာန်များမှာ တရုတ်အာဏာပိုင်များ၏ စနစ်တကျ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားနေရပြီး ခရစ်ယာန် လက်းဝါကပ်တိုင်များ ဖြိုချမှုကို ဆန့်ကျင်သည့် ခရစ်ယာန်တရားဟောဆရာအား ထောင်ချခြင်း၊ ၀ီဂါမွတ်စလင်များကို ခွဲထွက်ရေးစွဲချက်များဖြင့် ဖမ်းဆီးထောင်ချခြင်းတို့ ပြုလုပ်မှုကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

    မြန်မာနိုင်ငံမှာ ပြီးခဲသည့်နှစ်ရွေးကောက်ပွဲနောက်ပိုင်း လွတ်လပ်မှုနှင့် လူ့အခွင့်အရေး နယ်ပယ်များတွင် တိုးတက်မှုများ ရှိလာသော်လည်း ဘာသာရေး ဖိနှိပ်မှုမှာ ဆက်လက် ဆိုးဝါးနေဆဲဟု အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က မှတ်ချက်ပြုခဲ့သည်။

    ထို့ပြင် အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေကို ပြီးခဲ့သည့်နှစ်အတွင်း ပြဌာန်းခဲ့မှု၊ လူဦးရေ ၁ သန်းခန့်ရှိသော ရိုဟင်ဂျာများအား မဲပေးခွင့်ငြင်းပယ်မှုနှင့် ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံခွင့်ကို ငြင်းပယ်မှု၊ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ခရစ်ယာန်များ တိုက်ပွဲဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရမှု စသည်တို့အား အစီရင်ခံစာတွင် ထောက်ပြခဲ့သည်။

    မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ အမေရိကန်၏ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးစိုးရိမ်ရသည့် နိုင်ငံများစာရင်းတွင် ၁၉၉၉ ခုနှစ်ကတည်းက ပါဝင်ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားကမူ ထိုစာရင်းတွင် ပါဝင်နေသည်မှာ ၁၄ နှစ်ရှိပြီ ဖြစ်သည်။

    မြောက်ကိုရီးယားတွင် ခရစ်ယာန်များအား အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ ချမှတ်မှု၊ ဗီယက်နမ်တွင် ဘာသာတရားအားလုံးကို အသိအမှတ်မပြုဘဲ ပရိုတက်စတင့် ခရစ်ယာန်များ အရှက်တကွဲအကျိုးနည်း ပြုလုပ်ခံရမှု၊ ထောင်ချခံရမှုနှင့် ရုပ်ပိုင်းဆိုင်ရာ စော်ကားခံရမှုများကိုလည်း အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: yangon.coconuts

  • ဆီးရီးယားအတိုက်အခံများအား သင်တန်းပေးရန် နော်ဝေက စစ်သားများ စေလွှတ်မည်

    ဆီးရီးယားအတိုက်အခံများအား သင်တန်းပေးရန် နော်ဝေက စစ်သားများ စေလွှတ်မည်

    မေ ၅၊ ၂၀၁၆
    M-Media

    norwa

    – ဆီးရီးယားစစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ အတိုက်အခံတပ်ဖွဲ့တွေကို သင်တန်းပေးဖို့အတွက် ဂျော်ဒန်နိုင်ငံကို စစ်သား ၆၀ စေလွှတ်သွားမယ်လို့ နော်ဝေနိုင်ငံက ကြေငြာလိုက်ပြီး၊ အမေရိကန်က ဂျော်ဒန်မှာ အထူးတပ်ဖွဲ့တွေထားရှိမယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    နော်ေ၀၀န်ကြီးချုပ် အာရ်နာ ဆိုလ်ဘာ့ဂ်တော့ ဆီးရီးယားမှာ မိမိတို့တပ်ဖွဲ့တွေ စစ်ရေးဆောင်ရွက်ချင်တယ်ဆိုရင် နော်ဝေလွှတ်တော်အနေနဲ့ အကြံပြုချက်ရယူဖို့လိုတယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

    နော်ဝေးစစ်သားတွေက သင်တန်းပေးမှာ ဘယ်အဖွဲ့လည်းဆိုတာကို ကာကွယ်ရေးဝန်ကြီး Ine Marie Eriksen Soreide က ထုတ်ဖော်ပြောသွားခြင်း မရှိခဲ့ဘဲ၊ စေလွှတ်မယ့်စစ်သားတွေကို အသေးစိတ်နဲ့ စနစ်တကျ ရွေးချယ်ထားတာတယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ ပံ့ပိုးမှုရခြင်းအကြောင်းက သူတို့ရဲ့စစ်ဆင်ရေးဟာ IS တွေကို ဦးတည်တိုက်ခိုက်နိုင်စေဖို့ပါပဲ။ ဆီးရီးယားမှာ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးဖို့ အားထုတ်မှုတွေကို လုံးဝထိခိုက်စေမှာ မဟုတ်ပါဘူး” လို့ ကာကွယ်ရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နော်ဝေက ဒီလိုစစ်သားတွေစေလွှတ်တာဟာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲရဲ့ မေတ္တာရပ်ခံမှုကြောင့်ဖြစ်ပါတယ်။

    Ref: Presstv