News @ M-Media

Author: Ko Lay

  • ကလေးသူငယ်အခွင့်အရေး စီမံကိန်းအတွက် အသက် ၁၇ နှစ်အရွယ် ကျောင်းသူကို ဆော်ဒီရွေးချယ်

    ကလေးသူငယ်အခွင့်အရေး စီမံကိန်းအတွက် အသက် ၁၇ နှစ်အရွယ် ကျောင်းသူကို ဆော်ဒီရွေးချယ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
    M-Media

    saudi girl

    – ကလေးသူငယ်အခွင့်အရေး လှုပ်ရှားမှု အသိပညာပေး စီမံကိန်းမှာ ဦးဆောင်ဖို့အတွက် ဆော်ဒီလူ့အခွင့်အရေးကော်မရှင် HRC က အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦးကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

    ရာဝမ် အလ်-မရ်ဝါနီဆိုသူ ဖြစ်ပြီး HRC ရဲ့ စီမံကိန်းတွေဖန်တီးဖို့အတွက် လူငယ်တွေဆီကနေ အတွေးအမြင်တွေကို ရယူမှတ်တမ်းတင်ဖို့ တာဝန်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။ အလ်-မရ်ဝါနီဟာ ရေဒီယို အစီအစဉ်တစ်ခုမှာ ကလေးသူငယ် အခွင့်အရေးအကြောင်းကို ထုတ်လွှင့်တင်ဆက်နေသူလည်း ဖြစ်ပါတယ်။

    သူကမလည်း HRC ရဲ့ အဲဒီစီမံကိန်းမှာ ပါဝင်လုပ်ဆောင်ဖို့ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပြီး၊ အသက် ၁၈ နှစ်မပြည့်သေးတဲ့အတွက် မလုပ်ဖို့တိုက်တွန်းသူတွေလည်း ရှိနေပါတယ်။

    “ဒီအတားအဆီးကို ဖြတ်ကျော်ဖို့ ကျွန်မ ကြိုးစားနေပါတယ်။ ကလေးသူငယ်နဲ့ လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်ဖို့ ကျွန်မ စိတ်နှစ်မြုပ် ဆောင်ရွက်သွားမှာပါ။ ကိုယ်နေချင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရေး ကူညီရာမှာ လူတိုင်း အခွင့်အရေးတစ်ခုရရှိဖို့ဆိုတာ ကျွန်မအတွက် သိပ်အရေးကြီးပါတယ်” လို့ အလ်-မရ်ဝါနီက ပြောကြားခဲ့ပါတယ်။

    အလ်-မရ်ဝါနီဟာ သူမအသက် ၉ နှစ်အရွယ် ၂၀၀၇ ခုနှစ်ကတည်းက ကလေးသူငယ်ဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စိတ်ကိုကုစားပေးတဲ့ နည်းလမ်တစ်ခုကို တီထွင်ခဲ့သူ တိုနီဘူဇန်နဲ့တွေ့ပြီး ၂၀၀၉ ခုနှစ်မှာ သူ့ရဲ့ သင်တန်းကို တက်ပြီးတဲ့နောက်ပိုင်းမှာတော့ သူမဟာ အာရပ်ကမ္ဘာမှာ အသက်အငယ်ဆုံး စိတ်ပိုင်းဆိုင်ရာ ကုသသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

    ၂၀၁၀ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် လူသားထုဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်၊ ၂၀၁၁ ခုနှစ် မတ်လအတွင်း အမျိုးသားစကားဝိုင်းညီလာခံ၊ ၂၀၀၁ ခုနှစ် ဒီဇင်ဘာက TEDx Dirah အမျိုးသမီးညီလာခံ စတာတွေအပါအ၀င် အမျိုးမျိုးသော ကလေးငယ်သူငယ်အခွင့်အရေး ဖိုရမ်နဲ့ ညီလာခံတွေမှာ မိန့်ခွန်းပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အလ်မရ်ဝါနီက သူမရဲ့ အတွေ့အကြုံတွေကိုလည်း စာအုပ်အဖြစ်ရေးသားနေပြီး ဒီနှစ်ကုန်ပိုင်းမှာ ထွက်ဖို့ရှိနေပါတယ်။ သူမ ဒီလိုအောင်မြင်လာမှုမှာ အဓိက အရေးပါသူကတော့ မိသားစုပဲဖြစ်တယ်လို့ အလ်-မရ်ဝါနီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: ArabNews

  • မြန်မာ-ဘင်္ဂလားဒေ့ရှ် ရထားလမ်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ငွေကြေး ကူညီမည်

    မြန်မာ-ဘင်္ဂလားဒေ့ရှ် ရထားလမ်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ငွေကြေး ကူညီမည်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
    M-Media

    ADB

    – အာရှဖြတ်ကျော် ရထားလိုင်းကွန်ယက်၏ အစိတ်အပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ကို ဆက်သွယ်ဖောက်လုပ်မည့် ရထားလမ်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

    အဆိုပါ ရထားလမ်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အပမ်းဖြေကမ်းခြေမြို့ဖြစ်သော ကော့ဇ်ဘဇားဒေသမှ မြန်မာနိုင်ငံနှင့် ဆက်သွယ်မည့် ရထားလမ်းဖြစ်သည်။ ထိုလမ်းပိုင်း ဆောက်လုပ်မှုကို ၂၀၁၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ဖွင့်လှစ်ပေးခဲ့သော်လည်း ရန်ပုံငွေ မလောက်ငှမှုကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။

    “ဒေသတွင်း ဆက်သွယ်မှုကတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ပေါ်လစီကို ADB က ဦးစားပေး ဆောင်ရွက်နေပါတယ်။ အာရှဖြတ်ကျော်ရထားလမ်းကြော ဖောက်လုပ်ရေးအောက်က ဒီစီမံကိန်းဟာ မြန်မာနိုင်ငံနဲ့ ရထားလမ်းကြောင်း ချိတ်ဆက်သွားမှာဖြစ်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးဆက်ဆံမှုအဖွဲ့ ERD မှ ပူးတွဲ အတွင်းရေးမှူးဖြစ်သူ ဆိုက်ဖူဒင် အဟ်မဒ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ ရထားလမ်းပိုင်းမှ ၁၀၀ ကီလိုမီတာခန့်မှာ Ghumdhum နယ်ခြားကိုဖြတ်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်ပေးမည်ဖြစ်သည်။

    “ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ADB နဲ့ ကျွန်တော်တို့ အစည်းအဝေး ၂ ကြိမ် လုပ်ခဲ့ပါတယ်။ ADB က အတိုးနှုန်း ၂ ရာခိုင်နှုန်းနဲ့ ကန်ဒေါ်လာ ၁.၅ ဘီလီယံ ချေးငွေထုတ်ပေးဖို့ သဘောတူခဲ့ပါတယ်”

    ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားဆက်စပ်မှုအရှည်မှာ ကီလိုမီတာ ၃၀၀ ခန့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်နိုင်ငံ ကူမင်းနှင့် ရထားလမ်း၊ ကားလမ်း ဖောက်လုပ်ရန် မျှော်လင့်နေသည်။

    Ref: Zeenews

  • တောင်ကိုရီးယားနှင့် အငြင်းပွားရေပိုင်နက်တွင် မြောက်ကိုရီးယားက အမြှောက်များပစ်ခတ်

    တောင်ကိုရီးယားနှင့် အငြင်းပွားရေပိုင်နက်တွင် မြောက်ကိုရီးယားက အမြှောက်များပစ်ခတ်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    north korea

    – တောင်ကိုရီးယားနှင့် ရေပိုက်နက်အငြင်းပွားမှုများရှိနေသည့် ပင်လယ်ပြင်အနီး၌ မြောက်ကိုရီးယားက ယနေ့တွင် အမြှောက်များဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံများ အလန့်တကြားဖြစ်ခဲ့သည်ဟု သိရသည်။

    တောင်ကိုရီးယား စစ်တပ်ကမူ အဆိုပါ အမြှောက်ဆံများမှာ နယ်စပ်ဖြတ်ကျော်လာခြင်း မရှိသော်လည်း တောင်ကိုရီးယားဘက်တွင် နေထိုင်သည့် ပြည်သူများမှာ စိုးရိမ်မှုများ ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။ ယခုလအစောပိုင်းတွင်မြောက်ကိုရီးယားမှာ တားမြစ်ထားသည့် တိုက်ချင်းပစ်ဒုံးကျည်ကို အသုံးပြု၍ ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ခဲ့ပြီး ထိုလုပ်ရပ်ကို တောင်ကိုရီးယားနှင့် အမေရိကန်တို့က ရှုတ်ချခဲ့သည်။

    ဇန်န၀ါရီလကလည်း မြောက်ကိုရီးယားမှာ နျူကလီးယားစမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ယနေ့ ပြုလုပ်ခဲ့သည့် ထိုပစ်ခတ်မှုမှာ စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းတစ်ခု ဖြစ်မည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူက ပြောကြားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ပစ်ခတ်မှုမှလွဲ၍ မြောက်ကိုရီးယားစစ်တပ်မှာ အခြား မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ချေ။

    Ref: Aljazeera

  • နည်းပြအတွက် မန်းစီးတီးကွင်းလယ်လူက ဖလားရယူပေးချင်နေ

    နည်းပြအတွက် မန်းစီးတီးကွင်းလယ်လူက ဖလားရယူပေးချင်နေ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    mancity

    – ရာသီကုန်တွင် အသင်းမှ ထွက်ခွာရတော့မည့် နည်းပြ ပယ်လီဂရီနီအတွက် ပရီးမီးယားလိဂ်ဖလားတစ်လုံး ရယူပေးချင်သည်ဟု မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟိုက ပြောကြားလိုက်သည်။

    လာမည့်နှစ်တွင် ဘိုင်ယန်မှ ထွက်ခွာမည့် ဂွါဒီယိုလာမှာ မန်စီးတီးသို့ ရောက်ရှိမည်ဟု ကြေငြာခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ် ဖလားတစ်လုံးနှင့် လိဂ်ဖလားတစ်လုံးကို ရယူပေးထားနိုင်သည့် ပယ်လီဂရီနီအတွက် ယခုရာသီမှာ နောက်ဆုံးရာသီ ဖြစ်မည်ဖြစ်သည်။ ၂၀၁၃ ခုနှစ် ပယ်လီဂရီနီ စတင်ကိုင်တွယ်စဉ်က ရှက်တာဒိုးနက်မှ ပထမဆုံး ၀ယ်ယူခဲ့သည့် ဖာနန်ဒင်ဟိုမှာ နည်းပြအတွက် ပြည်တွင်းဖလားတစ်လုံးကို ဆွတ်ခူးပေးချင်နေသည်။

    “ပထမဆုံးရာသီမှာ ကျွန်တော်တို့ဟာ ဖလား ၂ လုံးကို တစ်ပြိုင်တည်း ရခဲ့ပါတယ်။ သူ့(ပယ်လီဂရီနီ) ဆီက အများကြီး သင်ယူနိုင်ခဲ့ပြီး ကျွန်တော့်အတွက်တော့ သူဟာ ဖခင်တစ်ယောက်လိုပါပဲ။ သူက ကျွန်တော့်ကို အသင်းဆီ ခေါ်ယူခဲ့တယ်။ ကစားသမားကောင်းတွေနဲ့ ကစားစေခဲ့တယ်။ သူဟာ ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ရွှေအိုးထမ်း အဆုံးသတ်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးကောင်းတစ်ခု ရှိနေပါတယ်။ ပရီးမီးယားလိဂ်ကိုထပ်ရဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိနေပြီး လုပ်နိုင်မယ်လို့လဲ မျှော်လင့်ပါတယ်” ဟု ဖာနန်ဒင်ဟိုက ပြောကြားခဲ့သည်။

    Ref : Goal

  • တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ဒုံးကျည်ချထားမှုကို ဗီယက်နမ်က တရားဝင်ကန့်ကွက်

    တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ဒုံးကျည်ချထားမှုကို ဗီယက်နမ်က တရားဝင်ကန့်ကွက်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    china 6

    – တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားနေသောကျွန်း၌ တရုတ်က မြေပြင်မှဝေဟင်ပစ်ဒုံးကျည် ချထားမှုအတွက် ဗီယက်နမ်က တရားဝင်ဆန့်ကျင်ပြောကြားလိုက်ပြီး ကုလသမဂ္ဂကလည်း ထိုကိစ္စအတွက် လွန်အမင်း စိုးရိမ်မိသည်ဟု ပြောကြားလိုက်သည်။

    “ပါရာဆဲလ်ကျွန်းစုက လုပ်ရပ်ဟာ ဗီယက်နမ်ရဲ့ အချုပ်အချာအာဏာကို ထိပါး ချိုးဖောက်လိုက်တာဖြစ်ပြီး ဒေသအတွင်းက ငြိမ်းချမ်းရေး၊တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လွတ်လပ်စွာရေကြောင်းသွားလာမှုနဲ့ လေယာဉ်ပျံသန်းမှု စတာတွေကို ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည့် ကြေငြာချက်တွင် ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဟိုင် ဘင်က ပြောကြားခဲ့သည်။

    ထို့ပြင် သတိထောက်လွှာကို ဟနွိုင်းမြို့ရှိ တရုတ်သံရုံးသို့ ပေးပို့ထားကြောင်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကိုလည်း ဘေဂျင်း၏ လုပ်ရပ်များအတွက် စာပို့အကြောင်းကြားထားကြောင်း အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။

    တရုတ်မှာ ပါရာဆဲလ်ကျွန်းစုရှိ ၀ူဒီကျွန်းတွင် ဒုံးကျည်ချထားသည်ဟု ထိုင်ဝမ်နှင့် အမေရိကန် အာဏာပိုင်များက ယခုတစ်ပတ်အတွင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံကလည်း လက်နက်များချထားကြောင်း ၀န်ခံခဲ့သည်။

    တနင်္လာနေ့က ကယ်လီဖိုးနီးယားတွင် ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် တန်ဒွန်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ စစ်ရေးပြင်ဆင်မှုနှင့် ကျွန်းတုများ တည်ဆောက်မှုအတွက် အမေရိကန်အနေဖြင့် ထိရောက်သော ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် သမ္မတအို ဘားမားအား တိုက်တွန်းခဲ့သည်။

    Ref: Channelnewsasia