News @ M-Media
Author: Ko Lay
  • ဂျာမနီရှိ Facebook ရုံး အဆောက်အဦး ဖျက်ဆီးခံရ
    ဂျာမနီရှိ Facebook ရုံး အဆောက်အဦး ဖျက်ဆီးခံရ
    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    facebook
    – ဂျာမနီနိုင်ငံမြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ Facebook ရုံခန်းများရှိရာ အဆောက်အဦးမှာ တိုက်ခိုက်ဖျက်ဆီးမှု ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
    စနေနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုအား အနက်ရောင်အင်္ကျီနှင့် ခေါင်းစွပ်များ ၀တ်ဆင်ထားသည့် လူ ၁၅ မှ ၂၀ ခန့် ပါဝင်သော အုပ်စုက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးရှိ မှန်များကို ရိုက်ခွဲကာ နံရံတွင်လည်း Facebook dislike ဆိုသည့် စာသားကို စပရေးဖြင့် ရေးသားခဲ့သည်။
    Facebook မှာ ၎င်းတို့၏ စာမျက်နှာတွင် လူမျိုးရေး အမုန်းစကားမှတ်ချက်များကို ဖယ်ရှားရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ Facebook ၏ ဥရောပဆိုင်ရာ အကြီးအကဲမှာ ဂျာမနီတွင် စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်။
    ဂျာမနီရှိ နိုင်ငံရေးသမားများနှင့် ထင်ရှားကျော်ကြားသူများမှာ Facebook ၌ ဂျာမနီနိုင်ငံသားများ၏ နိုင်ငံခြားသားမုန်း သဘောထားများကို ဖော်ပြမှု မြင့်တက်လာခြင်းအတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့ကြပြီးနောက်ပိုင်း ထိုစုံစမ်းစစ်ဆေးမှုကို ပြီးခဲ့သည့်လက စတင်ခဲ့ခြင်းဖြစ်သည်။
    ထိုကဲ့သို့ အမုန်းစကားများ မဖယ်ရှားမှုအတွက် ဥရောပ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဆိုင်ရာ Facebook ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်ပြီး ဟမ်းဘတ်တွင် အခြေစိုက်သည့် မာတင်အော့တ်က တာဝန်ယူရမည်ဟု စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
    ထိုစုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ Facebook ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောလို့ရပါတယ်။ Facebook နဲ့ သူတို့ရဲ့ လုပ်သားတွေဟာ ဂျာမနီရဲ့ ဥပဒေကို ချိုးဖောက်မှု မရှိခဲ့ပါဘူး” ဟု ပြီးခဲ့သည့်လက ပြန်လည်ဖြေရှင်းခဲ့သည်။
    မာလ်တီမီဒီယာ ၀န်ဆောင်မှုကုမ္ပဏီများအား စေတနာ့ဝန်ထမ်း စောင့်ကြည့်နေသည့် FSM အဖွဲ့နှင့် မိတ်ဖက်ဖြစ်သည့် Facebook မှာ မိမိတို့၏ အသုံးပြုသူများကို လူမျိုးရေးခွဲခြားမှုအား ဆန့်ကျင်ရေး တွန်းအားပေးသွားမည်ဟု ဆိုသည်။
    Ref: The Guardian
  • ဇယားကို အာဆင်နယ်ဦးဆောင်နိုင်ခဲ့ပြီး နောက်ဆုံးမိနစ်ကျမှ အဖြေပြောင်းတဲ့ပွဲတွေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆
    ဇယားကို အာဆင်နယ်ဦးဆောင်နိုင်ခဲ့ပြီး နောက်ဆုံးမိနစ်ကျမှ အဖြေပြောင်းတဲ့ပွဲတွေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆
    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ မန်ယူက တစ်ပတ်အတွင်း ဒုတိယမြောက်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပြီး ပွဲအချို့ကတော့ နောက်ဆုံးမိနစ်ဂိုးတွေနဲ့ ရလဒ်တွေ ပြောင်းခဲ့ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်က လက်ရှိချန်ပီယံ ချယ်ဆီးကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘုန်းမောက်ဟာ အိမ်ကွင်းမှာ မန်ယူကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာပဲ ဂျူနီယာ စတာနစ်လက်စ်က ထောင့်ကန်ဘောကနေ တိုက်ရိုက်ဦးဆောင်ဂိုး သွင်းနိုင်ခဲ့တာက မန်ယူကို ဦးချိုးလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဟန်ချက်ပြန်ထိန်းနိုင်ခဲ့တဲ့ မန်ယူအတွက် ၂၄ မိနစ်မှာ ဖယ်လိုင်နီက ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒီ့အရင်မှာ အန်သိုနီမာရှယ်က အကောင်းအဆုံး အခွင့်အအရေးတစ်ခု ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ၅၄ မိနစ်မှာ
    မန်ယူကစားသမားဟောင်း ဂျိုရှူဝါကင်းရဲ့ ဂိုးကိုတော့ မန်ယူတို့ ပြန်မချေပနိုင်ဘဲ ၃ မှတ် ဆုံးရှုံးခဲ့ရပါတယ်။
    epl 2
    အီတီဟတ်က မန်စီးတီးနဲ့ ဆွမ်ဆီးတို့ပွဲကတော့ အတော်ကို အကြိတ်အနယ်ရှိခဲ့ပြီး နည်းပြသစ်နဲ့ ပထမဆုံးပွဲထွက်ရတဲ့ ဆွမ်ဆီးဟာ သရေတစ်မှတ်နဲ့ ထိုက်တန်ခဲ့တာ အမှန်ပါပဲ။ ၂၆ မိနစ်မှာ ၀ီလ်ဖရိုင်းဘိုနီက မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ဆွမ်ဆီးက နောက်ပိုင်းမှာ ဒုက္ခပေးနိုင်ခဲ့ပြီး မိနစ် ၉၀ မှာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် ကံကောင်းထောက်မတဲ့ အနိုင်ဂိုးကတော့ ၉၂ မိနစ်မှာ ရခဲ့တာဖြစ်ပြီး ယာယာတိုးယေးရဲ့ကန်ချက်ဟာ လူစားဝင်လာတဲ့ ကီလီချီ အိုင်ဟီယာနာချိုနဲ့ထိ လမ်းကြောင်းပြောင်းပြီး
    ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။
    epl 3
    ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ ဂျရူးနဲ့ ရမ်ဆေးတို့ရဲ့ ဂိုးတွေနဲ့ အာဆင်နယ်က အက်စတွန်ဗီလာကို အဝေးကွင်းမှာအနိုင်ရပြီး ဇယားကို ဦးဆောင်လိုက်နိုင်ပါတယ်။ ပင်နယ်တီကတစ်ဆင့် ဂိုးရခဲ့တဲ့ ဂျရူးရဲ့ဒီဂိုးဟာ အသင်းအတွက် ၅၀ မြောက်ဂိုးလည်း ဖြစ်ပါတယ်။ နောက်တစ်ပတ်မှာတော့ အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးနဲ့ အာဆင်နယ်က ယှဉ်ပြိုင်ကစားရမှာပါ။
    ပြီးခဲ့တဲ့တစ်ပတ်က နယူးကာဆယ်ကိုရှုံးခဲ့တဲ့ လီဗာပူးလ် အိမ်ကွင်းမှာ နောက်ဆုံးမိနစ်ဂိုးနဲ့ ကံကောင်းထောက်မစွာ သရေတစ်မှတ် ရခဲ့တာပါ။ ၀က်စ်ဘရွန်းရဲ့ခံစစ်ကျစ်လစ်မှုကြောင့် အခက်တွေ့ခဲ့တဲ့ လီဗာပူးလ် ၂၁ မိနစ်မှာ ဟန်ဒါဆန်ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် မိနစ် ၃၀နဲ့ ၇၃ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရပါတယ်။ ဘန်တီကီရဲ့ အဖိုးတန်အခွင့်အရေးနှစ်ခုကို ဖြုန်းတီးပစ်မှုနဲ့အတူ ဂိုးထပ်ရဖို့ ရုန်းကန်နေရတဲ့ လီဗာပူးလ် ၉၆ မိနစ်မှာ အိုရီဂီရဲ့ကန်ချက် လူထိပြီးဝင်သွားတာကြောင့် သရေတစ်မှတ် ရခဲ့တာဖြစ်ပါတယ်။
    ဇယားေepl 4အာက်ဆုံးက နယူးကာဆယ်လည်း စပါးကို နောက်ကလိုက်ကစားပြီး နောက်ဆုံးမိနစ်ဂိုးနဲ့ နိုင်ပွဲဆက်ခဲ့ပါတယ်။ ၀က်စ်ဟမ်းကတော့ ပြိုင်ဘက် စတုတ်ရဲ့ ဂိုးသမားနဲ့ နောက်တန်းတွေ ကောင်းလွန်းမက ကောင်းတာကြောင့် အိမ်ကွင်းမှာ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
    ထိပ်ဆုံးက လက်စတာနဲ့ ချယ်ဆီးတို့ပွဲကတော့ ဒီနေ့ညမှာ ကစားမှာပါ။
    ဒီတစ်ပတ် ပရီးမီးယားလိဂ်ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    နော်ဝစ်ခ်ျ ၁-၁ အဲဗာတန်
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ဆောက်သက်တမ်
    မန်စီးတီး ၂-၁ ဆွမ်ဆီး
    ဆန်းဒါးလန်း ၀-၁ ၀က်ဖို့ဒ်
    ဘုန်းမောက် ၂-၁ မန်ယူ
    အက်စတွန်ဗီလာ ၀-၂ အာဆင်နယ်
    လီဗာပူးလ် ၂-၂ ၀က်စ်ဘရွန်း
    စပါး ၁-၂ နယူးကာဆယ်
  • လူမျိုး၊ ဘာသာမခွဲခြားဘဲ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် မြိတ်မွတ်စလင် လူငယ်အဖွဲ့ ၆ နှစ်ပြည့်  အခမ်းအနား ကျင်းပ
    လူမျိုး၊ ဘာသာမခွဲခြားဘဲ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် မြိတ်မွတ်စလင် လူငယ်အဖွဲ့ ၆ နှစ်ပြည့် အခမ်းအနား ကျင်းပ
    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    သတင်း- ဟိန်းထက်
    FB_IMG_1450002798015.
    – တနင်္သာရီတိုင်း မြိတ်မြို့ ကန်ခေါင်းရပ်ရှိ ထုံးဖိုဗလီဝတ်ကျောင်းတော် အခြေပြု  “ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း” ၏ ၆ နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်နေ့ တနင်္ဂနွေနေ့က အဆိုပါ ဗလီဝတ်ကျောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
    .
    အမျိုးသမီး ၀တ်ပြုဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်အနားသို့ ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင် အီမာမ်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ လူငယ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
    .
    အဖွဲ့တည်ထောင်မှုမှာ ပြီးခဲ့သည့် အောက်တိုဘာလတွင် ၆ နှစ်ပြည့်ခဲ့သော်လည်း နှစ်ပတ်လည်အခမ်းအနားကို အကြောင်းအမျိုးအမျိုးကြောင့် ယခုမှ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
    .12376024_793344310811410_5021175675897575531_n
    ကုရ်အာန်ကျမ်းတော်မြတ်၏ ပထမဆုံး ကဏ္ဍကို ရွတ်ဖတ်သရာဇ္ဈယ်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိန်ဝင်းမှ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် အတွင်းရေးမှူး ဦးဇော်မိုးက အဖွဲ့ဖြစ်ပေါ်လာပုံ၊ လက်ရှိလုပ်ဆောင်နေသည့် သာရေး/နာရေးနှင့် ပရဟိတလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ အဖွဲ့ဝင်များအတွင်း တာဝန်ခွဲဝေမှုများ၊ အုပ်ချုပ်ရေးပိုင်းဆောင်ရွက် မှုများကို ပရို ဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
    .
    ထို့နောက် လူငယ်အဖွဲ့ဥက္ကဌ ဦးထွန်းမြင့်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ထုံးဖိုဗလီ ရှေ့ဆောင်အီမာမ် ဆရာကြီး အလ်ဟာ့ဂ်ျ မောင်လာနာ ဟာဖစ်ဇ်တွာရ်ဟာမှ ဒိုအာဆုမွန်တောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများကို အကျွေးအမွေးဖြင့် ဧည့်ခံခဲ့သည်။
    .
    “ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း” ကို ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ၏ နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် တစ်ဖြည်းဖြည်းဖြင့် ဘာသာပေါင်းစုံ နာရေး ကိစ္စများ၊ သာရေးကိစ္စများ၊ ပရဟိတ လုပ်ငန်းများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းများကိုပါ ချဲ့ထွင်လုပ်ကိုင်လာနိုင်ခဲ့သည်ဟု အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးဇော်မိုးက ပြောကြားခဲ့သည်။
    မွတ်စလင်များအပြင် ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များကလည်း မိမိတို့အဖွဲ့ကို ယုံကြည်စိတ်ချစွာ လာရောက် အကူအညီတောင်းခံမှုများကြောင့် သွားရောက် ကူညီပေးရမှုလည်း ရှိနေပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ဖြစ်ပွားခဲ့သော ရေးဘေးကြောင့် ထိခိုက်ခံစားခဲ့ရသူ ပြည်သူများအတွက်လည်း မိမိတို့အဖွဲ့က ထောက်ပံ့ ကူညီမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    .
    လက်ရှိအချိန်တွင် “ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း” ၏ အဖွဲ့ဝင် အိမ်ထောင်စုပေါင်းမှာ ၁၀၀၀ ကျော်ရှိပြီး၊ ပရဟိတလုပ်ငန်းများကို လိုက်လံ လုပ်ဆောင်ပေးနေသော အဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၅ ဦးခန့် ရှိနေသည်။ အဖွဲ့၏ ရန်ပုံငွေများအတွက် အဖွဲ့ဝင်တစ်အိမ်ထောင်လျှင် တစ်လ ၁၀၀၀ ကျပ်နှုန်း ကောက်ခံကာ ထိုရန်ပုံငွေမှာ အဖွဲ့ဘဏ္ဍာရေးအပိုင်းအတွက် အဓိက အားထားရသည့် ရန်ပုံငွေဖြစ်သည်။ အဖွဲ့ဝင်အိမ်ထောင်စုများ၌ နာရေးကိစ္စဖြစ်လျှင်လည်း မိမိတို့အဖွဲ့မှ ထောက်ပံ့ကြေး ၁ သိန်းခွဲပေးအပ်သည်ဟု ဦးဇော်မိုးက ဆိုသည်။
    .
    “အဓိကတော့ စည်းလုံးညီညွတ်မှုပါပဲ။ အဖွဲ့သားတွေက စည်းလုံးညီညွတ်မှုရှိတယ်။ ပြီးတော့ အဖွဲ့သားတွေရဲ့ တာဝန်ခွဲဝေမှုအပိုင်းတွေမှာလည်း အကန့်လေးတွေနဲ့ ခွဲပေးထားတယ်။ အဲဒီတော့ (အခြားအဖွဲ့တွေလည်း) စည်းစည်းလုံးလုံးနဲ့ လုပ်မယ်ဆိုရင်တော့ အောင်မြင်မှာပါ” ဟု ဦးဇော်မိုးက အကြံပြုပြောကြားခဲ့သည်။
    (ဓာတ်ပုံများကို “ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း” ၏ Facebook စာမျက်နှာမှ ရယူဖော်ပြသည်။)
    အဖွဲ့၏ Facebook Page >> “ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း”
  • တုပ်ကွေးကာကွယ်ဆေးက ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူဖြစ်စေနိုင်
    တုပ်ကွေးကာကွယ်ဆေးက ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူဖြစ်စေနိုင်
    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    health
    – ကျန်းမာရေးဝန်ထမ်းများမှာ တုပ်ကွေးရောဂါကာကွယ်ဆေးကို စောစီးစွာထိုးထားခြင်းက တုပ်ကွေးလက္ခဏာများ ဖြစ်ပွားခြင်း နည်းပါးသွားကာ အလုပ်မှအနားယူရခြင်း မဖြစ်နိုင်တော့ကြောင်း မက္ကဆီကန်လေ့လာမှုတစ်ရပ်က ဖော်ပြထားသည်။
    “‘ဒါက နားလည်ရလွယ်ကူတဲ့ကိစ္စတစ်ရပ်ပါ၊ ရောဂါပိုးတိုက်ဖျက်တဲ့ ပစ္စည်းတွေက န္ဓာကိုယ်တွင်းမှာပေါက်ပွားဖို့ သုံးပတ်လောက်ကြာပါတယ်၊ ဒါကြောင့် ကာကွယ်ဆေးစောစောထိုးထားလေ အခြေအနေပိုကောင်းလေပါပဲ” ဟု သုတေသနတွေ့ရှိချက်များကို ရေးသားခဲ့သည့် ဒေါက်တာ အက်ဒရီယန် ကာမာချို -အော်တစ်ဇ်က ပြောကြားခဲ့သည်။
    “တုပ်ကွေးဖြစ်ပေါ်တဲ့ ရာသီမျိုးမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကာကွယ်ဆေး စောစောထိုးထားလေ တုပ်ကွေးရောဂါတွေ အဖြစ်နည်းပြီး အလုပ်လည်း မပျက်နိုင်တော့ပါဘူး”
    သုတေသီများမှာ ကျန်းမာရေးဝန်ထမ်း ၆၂၀၀ နီးပါးကို တုပ်ကွေးရာသီ နှစ်ရာသီကြာ လေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    ပထမရာသီတွင် ကာကွယ်ဆေးကို ဒုတိယရာသီထက် နောက်ကျမှ ထိုးပေးခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သူများ၌ စောစီးစွာကာကွယ်ဆေးထိုးခံရသော ကျန်းမာရေးဝန်ထမ်းများမှာ အလုပ်ပျက်ကွက်မှုအနည်းဆုံး ဖြစ်ခဲ့သည်။ ပထမရာသီတွင် ၅၂ ယောက်ထိ ပျက်ကွက်ခဲ့ပြီး ဒုတိယရာသီတွင် ၁၅ ယောက်သာ ပျက်ကွက်မှုရှိခဲ့သည်။
    Ref: Channelnewsasia
  • ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်က ကမ္ဘာကြီးကိုကယ်တင်ရန် အကောင်းဆုံး အခွင့်အရေးဟု ဘားမားပြော
    ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်က ကမ္ဘာကြီးကိုကယ်တင်ရန် အကောင်းဆုံး အခွင့်အရေးဟု ဘားမားပြော
    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    obama
    – အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ပဲရစ်တွင် ရရှိခဲ့သည့် ရာသီဥတုဆိုင်ရာ သဘောတူညီမှုကို ကောင်းမွန်ခိုင်မာသည့် သမိုင်းဝင်သဘောတူညီချက်ဟု သမုတ်လိုက်ပြီး ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုမှ ကမ္ဘာမြေအား ကယ်တင်နိုင်ရန် အကာင်းဆုံးအခွင့်အလမ်းတစ်ရပ်ဟု ပြောကြားခဲ့သည်။
    “ဒီနေ့မှာ ယခုလို သမိုင်းဝင်သဘောတူညီချက် တစ်ရပ်ကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြုလုပ်နိုင်ခဲ့တဲ့အတွက် အမေရိကန်ပြည်သူတွေက ဂုဏ်ယူနိုင်မှာပါ။ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုကို တွန်းလှန်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ခေါင်းဆောင်နေရာ တွန်းပို့နိုင်ခဲ့ပါတယ်” ဟု အိုဘားမားက ပြောကြားသည်။
    ကမ္ဘာကြီးမှာ တစ်ပေါင်းတစ်စည်းတည်း ရပ်တည်ပါက မည်သည့်အရာ ဖြစ်လာနိုင်သည်ဆိုသည်ကို ယင်းသဘောတူညီချက်က ပြသနေသည်ဟုလည်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
    “ဒီသဘောတူညီချက်ဟာ ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးတစ်ရပ်ကို ကိုယ်စားပြုနေပါတယ်”
    ကမ္ဘာ့ခေါင်းဆောင်များနှင့် သဘောတူညီချက် ရရှိပြီးနောက် အိမ်ဖြူတော်တွင် အိုဘားမားက “ဘယ်သဘောတူညီမှုကမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒီတစ်ခုအပါအ၀င်ပေါ့” ဟု ပြောကြားခဲ့ပြီး နိုင်ငံပေါင်း ၂၀၀ နီးပါး ပါဝင်ခဲ့သည့် ဆွေးနွေးညှိနှိုင်းမှုများသည် အမြဲတမ်း စိန်ခေါ်မှုများရှိနေသည်ဟု ဆိုသည်။
    အိုဘားမားသည် ၎င်း၏ သမ္မတသက်တမ်းကာလအတွင်း ရာသီဥတုဖောက်ပြန်မှု တိုက်ဖျက်ရေးကို အဓိကဦးစားပေး လုပ်ဆောင်ခဲ့သော်လည်း လွှတ်တော်တွင် ၎င်းတင်သွင်းခဲ့သော အဆိုများမှာ ရီပတ်ဘလေကန်များ၏ ကန့်ကွက်မှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်သည်။
    Ref: Reuters