News @ M-Media

Author: Ko Lay

  • တရုတ်နှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို တောင်ကိုရီးယား အတည်ပြု

    တရုတ်နှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို တောင်ကိုရီးယား အတည်ပြု

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    sout

    – တောင်ကိုရီးယားမှာ တရုတ်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ယမန်နေ့က အတည်ပြုခဲ့ပြီး ထိုသဘောတူညီချက်ကြောင့် အာရှတွင် စီးပွားရေး ပထမအကြီးဆုံးနှင့် စတုတ္ထအကြီးဆုံး နိုင်ငံများဖြစ်သည့် ၎င်းတို့နှစ်နိုင်ငံအကြား သွင်းကုန်၊ ထုတ်ကုန်အတွက် အခွန်များကို ဖယ်ရှားနိုင်တော့မည်ဖြစ်သည်။

    တောင်ကိုရီးယားအစိုးရ၏ ထိုကဲ့သို့ အတည်ပြုခဲ့ခြင်းမှာ ထိုသဘောတူညီချက်ကြောင့် ၎င်းတို့၏ လုပ်ငန်းများကို ထိခိုက်စေနိုင်သည်ဟု စောဒတက်ခဲ့ကြသည့် လယ်သမားနှင့် ငါးဖမ်းသမားများအား ၀မ် ၁ ထရီလီယံ (ကန်ဒေါ်လာ ၈၆၅ သန်း) ထောက်ပံ့ကူညီမည်ဟု ကတိပြုပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    ဈေးသက်သာသော တရုတ်ပစ္စည်းများ စုပြုံဝင်ရောက်လာမည်ကို ကြောက်ရွံ့သော တောင်ကိုရီးယားလယ်သမားများက ၂၀၁၂ တွင် စတင်ခဲ့သော အဆိုပါသဘောတူညီချက်အတွက် ညှိုနှိုင်းမှုများကို ပြင်းထန်စွာ ဆန္ဒပြခဲ့ကြသည်။

    ဆန့်ကျင်သူများကို ငဲ့ညှာသောအားဖြင့် နောက်ဆုံးသဘောတူညီချက်တွင် တောင်ကိုးရီးယား၏ အဓိကထွက်ကုန်များဖြစ်သော ဆန်၊ ငရုတ်ကောင်း၊ အမဲသား၊ ၀က်သားနှင့် ငါးရှဥ့် ကဲ့သို့သော လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြုရေးထွက်ကုန် အများစုကို လွတ်လပ်စွာကုန်သွယ်မှုစာရင်းမှ ဖယ်ရှားပေးခဲ့သည်။

    တရုတ်နှင့် တောင်ကိုရီးယားတို့မှာ နှစ် ၂၀ အတွင်း ကုန်ပစ္စည်း ၉၀ ရာနှုန်းကျော်တို့၏ အခွန်ခများကို တဖြည်းဖြည်း ဖြေလျှော့ပေးသွားမည် ဖြစ်သည်။

    တရုတ်သည် တောင်ကိုရီးယား၏ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံဖြစ်သလို အကြီးမားဆုံး ပို့ကုန်ဈေးကွက်တစ်ခုလည်း ဖြစ်သည်။ တောင်ကိုရီးယားနှင့် တရုတ်သည် ၂၀၁၄ တွင် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၂၉၀ ဒသမ ၅ ဘီလီယံ အထိ ရှိခဲ့သည်။ တောင်ကိုးရီးယားသည်လည်း တရုတ်တွင် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပြုလုပ်သည့် နိုင်ငံဖြစ်သည်။

    Ref: Channelnewsasia

  • ဇယားကို ဘာစီလိုနာ ဦးဆောင်နေပြီး အကောင်းဆုံးဆုတွေနဲ့ အဆုံးသတ်ခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁၃

    ဇယားကို ဘာစီလိုနာ ဦးဆောင်နေပြီး အကောင်းဆုံးဆုတွေနဲ့ အဆုံးသတ်ခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁၃

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာ ဘာစီလိုနာက ဆိုစီဒက်ကို အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ နေးမာ (၂ ဂိုး)၊ ဆွာရက်ဇ်၊ မက်ဆီတို့ရဲ့ ဂိုးတွေနဲ့ အိမ်ကွင်းမှာ ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ လေးပွဲဆက်တိုက် ပေးဂိုးမရှိတဲ့ပွဲ ဖြစ်ခဲ့ပြီး နောက်ဆုံး ၅ ပွဲ ရဂိုးကတော့ ၁၆ ဂိုးအထိ ရှိနေပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ ဘာစီလိုနာကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ရီးယဲလ်၊ ဒီတစ်ပတ်မှာ အမှားမခံခဲ့ဘဲ ဘေးလ်၊ ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဇယားအလယ်က အိုက်ဘာကို အဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့ပါတယ်။

    အိမ်ကွင်းမှာ အက်စပန်ညိုကို ဧည့်ခံခဲ့ရတဲ့ အက်သလက်တီကိုက ပွဲအစ ၃ မိနစ်မှာပဲ ဂရီဇ်မန်က ဦးဆောင်ဂိုး သွင်းခဲ့ပြီး အဲဒီ ၁ ဂိုးတည်းနဲ့ ၃ မှတ်ရခဲ့ကာ ဒုတိယနေရာကို မလွှတ်တမ်း ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ခြေပျက်နေတဲ့ဆီးဗီးလား ဗင်လင်စီယာကို အကြိတ်အနယ်ကစားပြီး အနိုင်ရခဲ့သလို၊ ဆဲလ်တာဗီဂိုကလည်း နောက်ကျအနိုင်ဂိုးနဲ့ စပို့တင်းဂီဂျွန်ကို အနိုင်ယူပြီး အဆင့် ၄ နေရာကို ပြန်တက်လာခဲ့ပါတယ်။

    ၂၀၁၄-၁၅ လာလီဂါ ဘောလုံးရာသီရဲ့ အကောင်းဆုံး ဆုတွေကို ဒီတစ်ပတ်မှာ ပေးအပ်ခဲ့ပြီး အကောင်းဆုံး တိုက်စစ်မှူးဆုကို မက်ဆီ၊ ပရိတ်သတ်ေlalig 2တွက ရွေးချယ်တဲ့ ကြယ်ငါးပွင့်ကစားသမားဆုကို ရော်နယ်ဒို၊ အကောင်းဆုံး အလယ်တန်းကစားသမားဆုကို ရော်ဒရီဂက်စ်၊ အကောင်းဆုံး အာဖရိက ကစားသမားဆုကို အလ်ဂျီးရီးယားကစားသမား ဖီဂူလီတို့က အသီးသီး ရရှိခဲ့ပါတယ်။
    ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၁၃ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    လီဗန်တေး ၀-၁ ဘက်တစ်
    ဘာစီလိုနာ ၄-၀ ဆိုစီဒက်
    အက်သလက်တီကို ၁-၀ အက်စပန်ညို
    မာလာဂါ ၂-၂ ဂရန်နာဒါ
    လက်စ်ပါးလ်မားစ် ၀-၂ ဒီပို့တီဗို
    ဆဲလ်တာဗီဂို ၂-၁ စပို့တင်း ဂီဂျွန်
    ဂီတာဖေး ၂-၀ ဗီလာရီးယဲလ်
    အိုက်ဘာ ၀-၂ ရီးယဲလ်
    ဗယ်လက်ကာနို ၀-၃ အက်သလက်တီကို
    ဆီးဗီးလား ၁-၀ ဗလင်စီယာ

  • ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဟာလာလ်ကုန်စည်ပြပွဲ အောင်မြင်မှုရရှိ

    ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဟာလာလ်ကုန်စည်ပြပွဲ အောင်မြင်မှုရရှိ

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    japan

    – ဂျပန်နိုင်ငံ မာကူဟာရီတွင် Japan Halal Expo 2015 ကုန်စည်ပြပွဲတစ်ခုကို ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ရာ အောမြင်မှုများ ရရှိခဲ့သည်ဟု သိရသည်။

    နိုဝင်ဘာ ၂၅၊ ၂၆ ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ကုန်စည်ပြပွဲတွင် ယမန်နှစ်ကထက် နှိုင်းယှဉ်ပါက ကုမ္ပဏီပေါင်း ၁၀၀ ကျော် လာရောက်ပြသခဲ့ကြသည်။ ထို့ပြင် အစားအသောက်များ၊ အလှကုန်များ၊ အ၀တ်အစားများကိုလည်း လာရောက်ပြသသည့် ကုမ္ပဏီများက လက်ဆောက်အဖြစ် ပေးအပ်ခဲ့ကြပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပါဝင်ခဲ့သည်။

    ထိုကုန်စည်ပြပွဲသို့ မွတ်စလင်များ၊ မွတ်စလင်မဟုတ်သူများနှင့် နိုင်ငံခြားသားခရီးသည် ထောင်ပေါင်းများစွာ လာရောက်ခဲ့ကြသည်။ နာမည်အကြီးဆုံး ထုတ်ကုန်မှာ ဂျပန်နိုင်ငံ တိုကူရှီးမားပြည်နယ်မှ Awagyu အမဲသားဖြစ်သည်။

    ဂျပန်နိုင်ငံတွင် နာမည်ကြီး ဟာလာလ်စီးပွားရေးလုပ်ငန်းဖြစ်သော Made in Japan Halal Support Committee ၏ ပြခန်းတွင် ဂျပန်ပြည်တွင်းမှ ကုမ္ပဏီပေါင်း ၃၀ ကျော် ၀င်ရောက်ပြသခဲ့ကြသည်။ ထိုပြခန်းတွင် ဂျပန်နိုင်ငံထုတ် ဟာလာလ်အသားညှပ်ပေါင်မုန့်နှင့် အခြားသော ဟာလာလ်စားသောက်ကုန်များလည်း ပါဝင်သည်။

    မွတ်စလင်များအတွက် သင့်လျော်မည့် ၀န်ဆောင်မှုများကို ဂျပန်နိုင်ငံရှိ ဒေသများနှင့် တက္ကသိုလ်များက ပေးအပ်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲများကိုလည်း Japan Halal Expo 2015 ကုန်စည်ပြပွဲတွင် ပြုလုပ်ပေးခဲ့ပြီး ဂျပန်နိုင်ငံမှ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ပါဝင်ခဲ့ကြသည်။

    ထို့ပြင် ဂျပန်ကွန်ဂရက်မှ အဖွဲ့ဝင်တစ်ဦးကလည်း ဆွေးနွေးပွဲတွင် အမှာစကား တက်ရောက်ပြောကြားခဲ့ပြီး ဂျပန်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များအား ကြိုဆိုရေး၏ အရေးကြီးမှုကို မီးမောင်းထိုးပြခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ အနာဂတ်အတွင် ဟာလာလ်စီးပွားရေး တိုးတက်လာမည်မှာ သံသယရှိစရာမလိုဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Halalmedia

  • အ၀လွန်ခြင်းကို တိုက်ဖျက်ရေး သကြားခွန်ကောက်ရန် ဗြိတိန်တိုက်တွန်း

    အ၀လွန်ခြင်းကို တိုက်ဖျက်ရေး သကြားခွန်ကောက်ရန် ဗြိတိန်တိုက်တွန်း

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    sugar

    – ဗြိတိသျှ ပါလီမန်အမတ်များသည် ကလေးငယ်များ အ၀လွန်မှုကို တိုက်ဖျက်ရေးအတွက် သကြားပါဝင်သော ဖျော်ရည်များကို အခွန်သတ်မှတ်ရန်နှင့် ကျန်းမာရေးထိခိုက်နိုင်သော အစားအသောက်များ ဈေးနှုန်းလျှော့ချမှုကို ထိန်းချုပ်မှုများပြုလုပ်ရန် အစိုးရအား တိုက်တွန်းလိုက်သည်။

    ပါလီမန်၏ ကျန်းမာရေးကော်မတီက အစား အသောက်လုပ်ငန်းကို တိုးတက်မှုများရှိစေမည့် အဆိုပါ လုပ်ဆောင်ချက်များကို အ၀လွန်ခြင်းအား တိုက်ဖျက်ရေးတွင် မဖြစ်မနေ အသုံးပြုရမည်ဟု ရှင်းလင်းသည့် အထောက်အထားများရှိကြောင်း ပြာကြားခဲ့သည်။ အ၀လွန်ရောဂါကုသမှုစရိတ်သည် နိုင်ငံတော်ကျန်းမာရေးဌာနများ၌ပင် ပေါင် ၅ ဒသမ ၁ ဘီလီယံ (ဒေါ်လာ ၇ ဒသမ ၆၅ ဘီလီယံ) နှစ်စဉ်
    ကုန်ကျမှုရှိနေသည်။

    အဆိုပါအစီရင်ခံစာတွင် ဤကဲ့သို့ ကျန်းမာရေးနဲ့မညီသောအစား၊ အသောက်များကို ဈေးနှုန်းချခြင်းကိုတင်းကြပ်စွာ ထိန်းချုပ်သင့်ကြောင်း၊ ဈေးကွက်ချဲ့ထွင်မှုနှင့် ကြော်ငြာချင်းတို့အတွက်လည်း ပိုမို စီစစ်သင့်ကြောင်း၊ အဆိုပါစားသောက်ကုန် အညွှန်းတွင် သကြားပါဝင်မှုကို လက်ဖက်ရည်ဇွန်း မည်မျှပါဝင်သည် (သို့မဟုတ်) အခြားသော အတိုင်းအတာများနှင့် ဖော်ပြထားသင့်ကြောင်း ရေးသားဖော်ပြခဲ့သည်။

    “မူလတန်းကလေးငယ် သုံးပုံတစ်ပုံဟာ အလွန်အမင်း အ၀လွန်တာတွေ ရှိနေတတ်ပါတယ်၊ အလွန်ချို့တဲ့ တဲ့ကလေးတွေက သိပ်မချို့တဲ့ တဲ့ ကလေးတွေထက် နှစ်ဆပိုပြီး အ၀လွန်ခြင်းတာတွေ တွေ့ရတတ်ပါတယ်’ ဟု ကျန်းမာရေးကော်မ အကြီးအကဲဖြစ်သူ ဆာရာဝူလက်စ်တန်က ပြောကြားသည်။

    ဖျော်ရည်စက်ရုံများသည် အဆိုပါအစီရင်ခံစာ၏ သုတေသနပြုချက်များကို ဝေဖန်ထားပြီး ပါလီမန်အမတ်များသည် လော်ဘီသမား၏ ကြေးစားများ ဖြစ်သည်ဟု စွပ်စွဲလိုက်သည်။

    ‘ကော်မတီဟာ အ၀လွန်ခြင်းနှင့်ပက်သက်တဲ့ စကားရည်လုပွဲတစ်ခုကို လွတ်လွတ်လပ်လပ် မလုပ်ပေးနိုင်ခဲ့တာတော့ အလွန်စိတ်ပျက်စရာပါပဲ” ဟု ဗြိတိသျှစားသောက်ကုန်အဖွဲ့ချုပ်၏ ဒါရိုက်တာဖြစ်သူ အီယန်ရိုက်က ပြောကြားခဲ့သည်။

    ‘ဒီအခြေအနေမှာ စားသုံးသူတွေအပေါ် ၀န်ပိစေမယ့်အဖြစ်မျိုးကိုတော့ ဘယ်သူမှ စဉ်းစာမိပုံမရပါဘူး’ ဟု ၎င်းထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် ဖော်ပြထားပြီး စားသုံးသူများသည် စားသောက်ကုန်အခွန်များကို သန်းထောင်နှင့်ချီ၍ပေးဆောင်နေရကြောင်း ဖြည့်စွက်ခဲ့သည်။

    Ref : Channelnewsasia

  • ကလေးစစ်သား ၅၃ ဦးကို မြန်မာစစ်တပ်က ထပ်မံလွှတ်ပေး

    ကလေးစစ်သား ၅၃ ဦးကို မြန်မာစစ်တပ်က ထပ်မံလွှတ်ပေး

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    army

    – ကလေးစစ်သားများကို စစ်တပ်မှ ဖယ်ရှားသည့် ကြိုးပမ်းမှု အစိတ်အပိုင်းအဖြစ် မြန်မာအစိုးရစစ်တပ်မှာ ယနေ့တွင် ကလေးငယ်နှင့် လူငယ် ၅၃ ဦးကို လွှတ်ပေးခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    မြန်မာ့တပ်မတော်မှာ ကလေးစစ်သားများ အသုံးပြုခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းနှင့် လယ်မြေများ သိမ်းယူခြင်းတို့အပါအ၀င် ကျူးလွန်ဖောက်ဖျက်မှုများ ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက အချိန်အတော်ကြာတည်းက စွပ်စွဲခဲ့ကြသည်။

    ၂၀၁၁ ခုနှစ်တွင် စစ်တပ်က အရပ်သားတစ်ပိုင်းအစိုးရအား အာဏာလွှဲပြောင်းပေးပြီးကတည်းက တပ်မတော်ကို ပရော်ဖက်ရှင်နယ်ကျစေရန်အတွက် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက် စစ်သားများအား ပြန်လွှတ်ပေးခြင်းလည်း ပါဝင်ခဲ့သည်။

    “ဒီနေ့ ဒီလိုပြန်လွှတ်ပေးတာဟာ ကလေးငယ်တွေကို လူသစ်စုဆောင်းမှုနဲ့ အသုံးပြုမှုအလေ့အထ အဆုံးသတ်ဖို့အတွက် မြန်မာအစိုးရနဲ့ တပ်မတော်တို့ရဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်မှုကနေ ပေါ်ထွက်လာတဲ့ ရလဒ်ပါပဲ။ လူငယ်လေးတွေ၊ ကလေးတွေဟာ သူတို့ရဲ့ အိမ်၊ သူတို့ရဲ့ မိသားစုတွေဆီ ပြန်သွားတာ မြင်ရတာကို ကျွန်တော် ကြည်နူးမိပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ အသင်းအဖွဲ့အလိုက် စစ်ဆေးမှုနဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် ဆောင်ရွက်မှုဟာ ကလေးငယ်တွေကို လူသစ်စုဆောင်းတာမျိုး လုံးဝမရှိတာမျိုးအထိ
    ဖြစ်သွားဖို့ မျှော်လင့်ပါတယ်” ဟု ကုလမှ တာဝန်ရှိသူ ရီနာတာ လော့က်-ဒက်ဆဲလီယန်က ပြောကြားခဲ့သည်။

    ယခုနှစ်အတွင်း မြန်မာစစ်တပ်က လွှတ်ပေးခဲ့သည့် ကလေးစစ်သားအရေအတွက်မှာ ၁၄၆ ဦးရှိပြီး စစ်တပ်တွင် ကလေးများအသုံးပြမှုကို အဆုံးသတ်ရေး ၂၀၁၂ ခုနှစ် ကုလနှင့် လက်မှတ်ရေးထိုးခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အပြီးနောက်ပိုင်း ၆၉၉ ဦးအထိ ရှိလာပြီဖြစ်သည်။

    Ref: Channelnewsasia