News @ M-Media

Author: Ko Lay

  • ဇယားထိပ်အပြောင်းအလဲဖြစ်လာတဲ့ လာလီဂါပွဲစဉ် ၈

    ဇယားထိပ်အပြောင်းအလဲဖြစ်လာတဲ့ လာလီဂါပွဲစဉ် ၈

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ် လာလီဂါပွဲစဉ် ၈ မှာတော့ ထိပ်ဆုံးက ဗီလာရီးယဲလ် ဒုတိယမြောက်ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး ဇယားထိပ်မှာလည်း အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။

    ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ ဆယ်လ်တာဗီဂိုကို ၁၀ ယောက်ကျန် ဗီလာရီးယဲလ်တို့ ချေပဂိုး လိုက်သွင်းနိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်ကျမှ တစ်ဂိုးထပ်ပေးလိုက်ရပြီး အရှုံးပေးခဲ့ရတာက နစ်နာခဲ့ပါတယ်။ ရီးယဲလ်ကလည်း အကောင်းဆုံး အသင်းလိုက်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး မာဆယ်လို၊ ရော်နယ်ဒိုနဲ့ ဂျီဆီတို့ရဲ့သွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ လီဗန်တေးကို အနိုင်ယူကာ ဇယားထိပ်ဆုံးကို တက်လာခဲ့ပါတယ်။

    မက်ဆီမပါရင် ဂိုးရဖို့ခက်ခဲတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ဘာစီလိုနာက ဒီတစ်ပတ်မှာ ချေဖျက်ပြခဲ့ပြီး နေးမာရဲ့ သွင်းဂိုးလေးဂိုးနဲ့အတူ ဗယ်လlaliga 1က်ကာနိုကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာအပါအ၀င် ပြီးခဲ့တဲ့ ၂ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ယူရိုပါချန်ပီယံ ဆီးဗီးလားကတော့ ဂါမီရိုရဲ့ ၇၁ မိနစ်ဂိုးနဲ့ သရေတစ်မှတ်သာ ရခဲ့ပါတယ်။
    ဒီတစ်ပတ် လာလီဂါပွဲစဉ် ၈ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရီးယဲလ်မက်ဒရစ် ၃-၀ လီဗန်တေး
    အိုက်ဘာ ၁-၁ ဆီးဗီးလား
    ဘာစီလိုနာ ၅-၂ ဗယ်လက်ကာနို
    ဗလင်စီယာ ၃-၀ မာလာဂါ
    ရီးယဲလ်ဘက်တစ် ၁-၃ အက်စပန်ညို
    ဗီလာရီးယဲလ် ၁-၂ ဆဲလ်တာဗီဂို
    ဆိုစီဒက် ၀-၂ အက်သလက်တီကို
    ဂီတာဖေး ၄-၀ လက်စ်ပါးမားစ်
    ဒီပို့တီဗို ၂-၂ ဘီဘာအို
    စပို့တင်းဂီဂျွန် ၃-၃ ဂရာနာဒါ

  • အမေရိကန် ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူများ၏ အီးမေးလ်များ ချိုးဖောက်ခံရ

    အမေရိကန် ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူများ၏ အီးမေးလ်များ ချိုးဖောက်ခံရ

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ထောက်လှမ်းရေးဌာန စီအိုင်အေအကြီးအကဲ ဂျွန်ဘရန်နန်နှင့် ပြည်တွင်းလုံခြုံရေး အတွင်းရေးမှူး ဂျီဟ် ဂျွန်ဆင်တို့၏ အီးမေးလ်များမှာ ချိုးဖောက်တိုက်ခိုက်ခံခဲ့ရပြီး ဖိနှိပ်ခံ ပါလက်စတိုင်းများကို ထောက်ခံသည့် အဖွဲ့မှ အမေရိကန်လူငယ် ဟက်ကာတစ်ဦးက ထိုကိစ္စအတွက် တာဝန်ယူခဲ့သည်။

    FBI နှင့် စီအိုင်အေတို့မှာ ထိုကိစ္စအတွက် စုံစမ်စစ်ဆေးမှုများ ပြုလုပ်နေပြီး တာဝန်ရှိသူတစ်ဦးကမူ ထိုချိုးဖောက်မှုအတွင်း လျှို့ဝှက်သတင်းအချက်အလက်များ ပေါက်ကြားခဲ့မှုမရှိဟု CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

    လူငယ်ဟက်ကာကမူ ဘရန်နန်၏ အီးမေးလ်အကောင့်မှ အမေရိကန် ထောက်လှမ်ရေး တာဝန်ရှိသူ ၁၂ ဦးကျော်၏ ဖုန်းနံပါတ်များကဲ့သို့ အချက်အလက်များကို ရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ စာမျက်နှာ ၅၀ နီးပါးရှိသည့် ဘရန်နန်၏ လုံခြုံရေးဆိုင်ရာ ထိပ်တန်း စာရွက်စာတမ်းများကိုလည်း ရရှိခဲ့သည်ဟုဆိုသည်။ ဂျွန်ဆင်၏ အီးမေးလ်မှ အရေးအကြီးအချက်အလက် မည်မျှပါသွားသည်ကို တိတိကျကျ သိရှိခြင်း မရှိသေးပေ။

    Ref: RT

  • နိုင်ငံ၏ စီးပွားရေးပြဿနာ ပြေလည်စေရန် ဇမ်ဘီယာတွင် တစ်နိုင်ငံလုံး ဆုတောင်းပွဲ ပြုလုပ်

    နိုင်ငံ၏ စီးပွားရေးပြဿနာ ပြေလည်စေရန် ဇမ်ဘီယာတွင် တစ်နိုင်ငံလုံး ဆုတောင်းပွဲ ပြုလုပ်

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    zambi

    – နိုင်ငံ၏ငွေကြေး ဆိုးဝါးဝါးကျဆင်းမှုကို ရပ်တန့်ရန်အတွင် ဇမ်ဘီယာသမ္မတ အဒ်ဂါ လွန်ဂူမှာ ယမန်နေ့တွင် တစ်နိုင်ငံလုံး ဆုတောင်းပွဲ ကျင်းပခဲ့ပြီး အရက်ဘားများနှင့် ဘောလုံးပွဲများကိုလည်း ရပ်နားခဲ့သည်။

    နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သော ကော့ပါဈေးများ သိသိသာသာ ကျဆင်းမှုကြောင့် ဇမ်ဘီယာငွေ ကွာချာ (kwacha) မှာ ယခုနှစ်အစောပိုင်းမှစ၍ ၄၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သမ္မတလွန်ဂူမှာ ပြီးခဲ့သည့်လက ဆုတောင်းပွဲကျင်းပရန် အမိန့်ပေးခဲ့သည်။

    စားသောက်ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ပြီး နိုင်ငံ၏ ဒေသအများစုကို လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေသည့် ရေအားလျှပ်စစ်စက်ရုံ တည်ရှိရာ ကာရီဘာ ကန်ကြီးမှာလည်း ရေများ ခန်းလာသောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

    အကြံကောင်းဥာဏ်ကောင်းများ

    ကွာချာငွေကြေး ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းမှုမှာ ကမ္ဘာ့ငွေကြေး ၁၅၅ ခုတွင် ယခုနှစ်အတွင်း အဆိုးရွားဆုံး ကျဆင်းမှုလည်း ဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ငိုကြွေးမှုတွေကို ကြားသိပါတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ လူမှုစီးပွား ပြဿနာတွေကို ဘုရားသခင်က ပြေလည်စေလိမ့်မယ်လို့ ကျွန်တော်တို့ အသေအချာ ယုံကြည်ပါတယ်” ဟု မြို့တော် လူဆာကာ၌ ပြုလုပ်ပြီး လူပေါင်း ၅၀၀၀ ခန့် တက်ရောက်ခဲ့သည့် ဆုတောင်းပွဲတွင် လွန်ဂူက ပြောကြားခဲ့သည်။

    ထိုဆုတောင်းပွဲသို ယခင်သမ္မတဟောင်းများ ဖြစ်ကြသော ကန်နက်သ် ကွန်ဒါနှင့် ရူပီယာ ဘန်ဒါတို့လည်း တက်ရောက်ခဲ့ကြသည်။ လွန်ဂူကမူ ကြုံတွေ့နေရသော ပြဿနာအတွက် အကြံကောင်းဥာဏ်ကောင်း ပေးနိုင်သူများ ရှေ့ထွက်လာရန် တောင်းဆိုခဲ့ပြီး မိမိတို့အစိုးရမှာ တံခါးဖွင့်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဆိုတာ ခင်ဗျားတို့အားလုံး သိကြပါတယ်။ ခင်ဗျားတို့အားလုံး အကောင်းဆုံး ဆောင်ရွက်ဖို့နဲ့ ကျန်တာတွေကို ဘုရားသခင်ကို လွှဲထားဖို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်” ဟု လွန်ဂူက ထည့်သွင်း ပြောကြားခဲ့သည်။

    ဇမ်ဘီယာအား တည်ထောင်ခဲ့သော သမ္မတဟောင်း ကွန်ဒါကလည်း ကြုံတွေ့နေရသည့် ပြဿနာများကို လွန်ဂူက ရင်ဆိုင်ဖြေရှင်းရာတွင် ကူညီပေးရန် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။

    အရက်ဘားများ ပိတ်

    “အိုဘုရားသခင် – ဒီလူငယ်များ အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် ပြဿနာများကို ဖြေရှင်းရာတွင်လည်း ကူညီစောင်မတော်မူပါ” ဟု ကွန်ဒါမှာ လွန်ဂူ၏ ခေါင်းပေါ်သို့ လက်တင်၍ ဆုတောင်းပေးခဲ့သည်။

    တနင်္ဂနွေနေ့တွင် ကစားမည့် ဘောလုံးပြိုင်ပွဲအားလုံးကို ဇမ်ဘီယာ ဘောလုံးအဖွဲ့ချုပ်က ရပ်နားပေးခဲ့ပြီး အစိုးရကလည်း အရက်ဘားများအနေဖြင့် ဆုတောင်းပွဲနေ့တွင် ညနေ ၆ နာရီနောက်ပိုင်းသာ ဖွင့်ရမည်ဟု ကြေငြာခဲ့သည်။

    အစိုးရကို ဝေဖန်သူများက လွန်ဂူမှာ နိုင်ငံ၏ စီးပွားရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ယခု ဆုတောင်းပွဲမှာလည်း လူများအား အာရုံပြောင်းခြင်းသာဖြစ်သည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။

    ဆုတောင်းပွဲအခမ်းနားတွင် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ပီတာ နဒ်လိုဗူက ဝေဖန်သူများကို ပြန်လည်တုန့်ပြန်ခဲ့သည်။

    “ရွှေတို့၊ ငွေတို့ဟာ ဘုရားသခင်သာ ပိုင်တယ်လို့ သမ္မာကျမ်းစာမှာ ပြောထားပါတယ်။ တကယ်လို့ ငါတို့ ဆုတောင်းရင် ဘုရားသခင်က ငါတို့ရဲ့ စီးပွားရေးကို ပြန်ကောင်းလာအောင် လုပ်ပေးလိမ့်မယ်”

    Ref: Aljazeera

  • မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြ အသင်းနှင့် လမ်းခွဲ

    မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြ အသင်းနှင့် လမ်းခွဲ

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    myan

    – မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ နည်းပြဖြစ်သည့် ရာဒို့ဂ်ျကို အေဗရာမိုဗစ်မှာ အသင်းနှင့် ရုတ်တရက် လမ်းခွဲခဲ့သည်ဟု သိရသည်။

    အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး စင်ကာပူအသင်း၏ နည်းပြဟောင်းဖြစ်သူ အေဗရာမိုဗစ်မှာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက မြန်မာ့လက်ရွေးစင်အသင်း နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခုနှစ် ဇူလိုင်လတွင် စာချုပ်သစ် ချုပ်ဆိုခဲ့သည်။ သို့သော်လည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ဆိုးရွားသည့် ရလဒ်များကြောင့် ယခုကဲ့သို့ လမ်းခွဲရခြင်း ဖြစ်နိုင်သည်။

    မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ အုပ်စု G တွင် ၅ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရထားကာ ရမှတ်လေးမှတ်ဖြင့် တောင်ကိုရီးယား၊ ကူဝိတ်နှင့် လက်ဘနွန်တို့၏အောက် စတုတ္ထနေရာတွင် ရှိနေသည်။

    ဆားဘီးယားနည်းပြ အေဘရာမိုဗစ်၏ ရုတ်တရတ်လမ်းခွဲမှုမှာ မလေးရှားလက်ရွေးစင်အသင်း၏ လစ်လပ်နေသော နည်းပြနေရာကို ရယူရန် ဖြစ်နိုင်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

    မြန်မာ့လက်ရွေးစင်အသင်းကို မြန်မာ ယူ ၁၉ အသင်းအား ယူ ၂၀ ကမ္ဘာ့ဖလား ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဂျာ့ဒ်ဇီစီက ကိုင်တွယ်သွားမည်ဖြစ်သည်။ ၎င်း၏ ပထမဆုံးပွဲမှာ နိုင်ဘာ ၁၂ ရက်နေ့တွင် ကစားမည့် တောက်ကိုရီးယားအသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲဖြစ်သည်။

    Ref: Channelnewsasia

  • အဖိနှိပ်ခံ ပါလက်စတိုင်းများနှင့် တစ်သားတည်းရှိကြောင်း ဥရောပပြည်သူများ ပြသ

    အဖိနှိပ်ခံ ပါလက်စတိုင်းများနှင့် တစ်သားတည်းရှိကြောင်း ဥရောပပြည်သူများ ပြသ

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    pla

    – ဖိနှိပ်ခံ ပါလက်စတိုင်းများအား အားပေးထောက်ခံရန်၊ အစ္စရေးက ပါလက်စတိုင်းဆန္ဒပြသူများကို အင်အားသုံးနှိမ်နင်းမှုနှင့် အစ္စရေး-ပါလက်စတိုင်း တင်းမာမှုများကို တစ်ဖက်သက်ဖော်ပြသော မီဒီယာများအား ဆန့်ကျင်ရန်အတွက် ဥရောပနိုင်ငံများမှ ပြည်သူများမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

    လန်ဒန်တွင် ယမန်နေ့က တက်ကြွလှုပ်ရှားသူများမှာ Oxford Circus မှ ဘီဘီစီရုံးချုပ်သို့ ချီတက်ခဲ့ကြပြီး လမ်တစ်လျှောက်ရှိ လမ်းသွားလမ်းလာ ပြည်သူများကို ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေးအတွက် အသိပညာပေးမှုများ ပြုလုပ်ခဲ့သည်။ Guardian သတင်းစာ၏ ဖော်ပြမှုအရ အဆိုပါချီတက်ဆန္ဒပြမှုတွင် ပြည်သူပေါင်း အနည်းဆုံး ၁၅၀ ခန့် ပါဝင်ခဲ့သည်။

    “အစ္စရေးအစိုးရရဲ့ ထုတ်ပြန်ချက်တွေကို ယူကေမီဒီယာတွေက ထပ်တလဲလဲဖော်ပြနေသမျှ၊ ပါလက်စတိုင်းပြည်သူတွေကို ကယ်ရာမဲ့တွေ၊ အကြမ်းဖက်လိုသူတွေအဖြစ် ဖော်ပြနေသမျှ ကာလပတ်လုံး ကျူးကျော်ပိတ်ဆို့ခံနေရတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် ခုခံမှုဆိုတဲ့ အခွင့်အရေး ရှိနေတယ်လို့ ကျယ်ကျယ်လောင်လောင်ပြောနေရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ဆန္ဒပြသူတစ်ဦးက လူအုပ်ကြီးအား ပြောကြားခဲ့သည်။

    ဆန္ဒပြသူများမှာ ဆိုင်းဘုတ်များစွာ ကိုင်ဆောင်လာကြပြီး ဆိုင်းဘုတ်တစ်ခုတွင် “ပါလက်စတိုင်းက အစ္စရေးရဲ့ စစ်ရာဇ၀တ်မှုတွေကို အဆုံးသတ်” ဟု ဖော်ပြထားပြီး ဆန္ဒပြသူများကလည်း “မငိုပါနဲ့ ပါလက်စတိုင်း၊ ငါတို့က မင်းတို့ကို ပစ်ထားမှာမဟုတ်ပါဘူး” ဟု ဟစ်ကြွေးခဲ့ကြသည်။

    အဆိုပါ ဆန္ဒပြမှုကို London Palestine Action အဖွဲ့က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး “ပါလက်စတိုင်းများ၏ ခုခံကာကွယ်မှု” ကို ထောက်ခံသည့်အနေဖြင့် အနီရောင်နှင့် အစိမ်းရောင် ကာလာဗုံးများကို ပစ်ဖောက်ခဲ့ကြသည်။

    အဖွဲ့ဝင်တစ်ဦးဖြစ်သူ လေလာဝှိုက်ကမူ ဗြိတိန်အစိုးရမှာ အစ္စရေးကို လက်နက်များရောင်းချခြင်းဖြင့် “ပါလက်စတိုင်းများအား အစ္စရေး၏ အကြမ်းဖက်ဖိနှိပ်မှုကို လက်နက်ကိရိယာနှင့် နိုင်ငံရေးအရ ပံ့ပိုးပေးနေသည်” ဟု ပြောကြားခဲ့သည်။

    “ပါလက်စတိုင်းဆန္ဒပြသူတွေကို အစ္စရေးက ကျည်အစစ်တွေနဲ့ တုန့်ပြန်နေတယ်၊ တရားလက်လွတ် သတ်ဖြတ်နေတယ်၊ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်သူဂျူးတွေ ပါလက်စတိုင်းတွေကို တိုက်ခိုက်ဖို့ ခွင့်ပြုနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေပါတယ်” ဟု သူမက Guardian သို့ ပြောကြားခဲ့သည်။

    pla 3

    ပြင်သစ်တွင်လည်းပြုလုပ်

    ပါလက်စတိုင်းများအား အားပေးထောက်ခံသည့် ဆန္ဒပြမှုကို ပဲရစ်မြို့ရှိ ရီပက်ဘလစ်ရင်ပြင်တွင် ပြင်သစ်ပြည်သူများက ပြုလုပ်ခဲ့ကြသည်။

    “အစ္စရေးအစိုးရဟာ ပါလက်စတိုင်းတွေ အရှက်ရစေဖို့၊ မြင့်တက်လာတဲ့ တင်းမာမှုတွေမှာ ပါဝင်လာဖို့ ဆွပေးနေတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ မီဒီယာက နေရာတိုင်းမှာ ရှိနေလို့ပါပဲ” ဟု EuroPalestine အဖွဲ့၏ ဥက္ကဌ ဇီမိုရ် အိုလီဗီယာက ပြောကြားခဲ့သည်။ ၎င်းတို့အဖွဲ့မှ ပြုလုပ်ခဲ့သည့် ချီတက်ဆန္ဒပြမှုတွင် လူရာချီ တက်ရောက်ခဲ့ကြသည်။

    တက်ကြွလှုပ်ရှားသူများမှာ ပါလက်စတိုင်းအလံများကို ဝှေ့ယမ်းကာ “အစ္စရေးအကြမ်းဖက်နိုင်ငံ” နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း မပြုရန်လည်း ပြင်သစ်အစိုးရအား တိုက်တွန်းခဲ့သည်။

    “ဒီနေ့ ကျွန်မတို့ဟာ ပါလက်စတိုင်းပြည်သူတွေရဲ့အနောက်မှာ မားမားမတ်မတ် ရပ်တည်နေပါတယ်။ ဘာမှညှိနှိုင်းစရာမရှိတဲ့အတွက် ကျွန်မတို့ ညှိနှိုင်းဖို့မလိုပါဘူး။ လုပ်ရမယ့်အလုပ်ကတော့ လက်နက်ကိုင် တိုက်ခိုက်ဖို့ပါပဲ” ဟု အိုလီဗီယာက ထည့်သွင်းပြောကြားခဲ့သည်။

    ပြင်သစ်နှင့် လန်ဒန်တို့အပြင်၊ ဒက်ဘလင်၊ ဆစ်ဒနီနှင့် ဆန်ဖရန်စစ္စကို စသည့် အခြားဥရောပနိုင်ငံများနှင့် အမေရိကန်တို့မှ မြို့ကြီးများတွင်လည်း ပါလက်စတိုင်း ထောက်ခံရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။

    ပြီးခဲ့သည့်လက ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်မှ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးစစ်သားများနှင့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းပြီးနောက်ပိုင်း ပါလက်စတိုင်းပြည်သူများအကြား တင်းမာမှုများ မြင့်တက်လာပြီး ဆန္ဒပြမှုများ၊ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သည့် ဂျူးများကို ဓားဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ လက်ရှိအချိန်အထိ ၁၀ ဦးခန့် သေဆုံးခဲ့သည်။

    အစ္စရေးစစ်တပ်က ဓားဖြင့်တိုက်ခိုက်ရန် ကြိုးစားသည်ဟူသော စွပ်စွဲချက်ဖြင့် ပစ်သတ်ခဲ့သည့် ပါလက်စတိုင်း အရေအတွက်မှာ ၅၀ နီးပါး ရှိလာခဲ့ပြီဖြစ်သည်။

    Ref: RT