News @ M-Media

Author: Ko Lay

  • ကာကွယ်ရေးဦးစီးချုပ်အား သရော်မှုဖြင့် ဖမ်းထားသူများကို လွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

    ကာကွယ်ရေးဦးစီးချုပ်အား သရော်မှုဖြင့် ဖမ်းထားသူများကို လွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    CS

    – ကာကွယ်ရေးဦးစီးချုပ်ကို လှောင်ပြောင်သရော်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် ငြိမ်ချမ်းရေး တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ကို မြန်မာအာဏာပိုင်များအနေဖြင့် ချက်ချင်းပြန်လွှတ်ပေးရန်အတွက် ထိပ်တန်းလူ့အခွင့်အရးအဖွဲ့ Amnesty International က တောင်းဆိုလိုက်သည်။

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံအား ခြေဖြင့်နင်းထားသည့် ပို့စ်တစ်ခုကို Share ခဲ့သည့်အတွက် အသက် ၄၃ နှစ်အရွယ် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ ဦးပက်ထရစ် ကွမ်ဂျာလီမှာ အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

    ထို့ပြင် ၎င်း၏ ဖုန်းနှင့် ကွန်ပျူတားများကိုလည်း အာဏာပိုင်များက သိမ်းဆည်းခဲ့ပြီး ပို့စ်ကိုလည်း ဖျက်ပစ်ခဲ့သည်။ လက်ရှိအချိန်တွင် ဦးပက်ထရစ်ကွမ်ဂျာလီအား ရန်ကုန်မြို့ရှိ ရဲစခန်းတစ်ခုတွင် ထိန်းသိမ်းထားသည်။

    ကာကွယ်ရေးဦးစီးချုပ်အား Facebook ၌ လှောင်ပြောင်သည့်အမှုဖြင့်ပင် အောက်တိုဘာ ၁၂ ရက်နေ့က အသက် ၂၄ နှစ်အရွယ် မချောစန္ဒီထွန်းကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

    “အန္တရာယ်မဖြစ်စေတဲ့ Facebook ပို့တစ်ခုအတွက် နှစ်ရှည်ထောင်ဒဏ်ကျခံရမယ်ဆိုတာကတော့ သိပ်ကို ဆိုးရွားလွန်းပါတယ်။ သူတို့နှစ်ဦးကို ချက်ချင်း လွှတ်ပေးရမှာဖြစ်ပြီး သူတို့နဲ့ပတ်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေ အားလုံးကိုလည်း ရပ်ပစ်ရပါမယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ မြင့်တက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းထဲ ထပ်ပေါင်းထည့်ခံရသူတွေပါပဲ” ဟု Amnesty International မှ မြန်မာနိုင်ငံဆိုင်ရာ လေ့လာသူ လော်ရာဟေးဂ်က ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာအာဏာပိုင်များမှာ ၎င်းတို့ ဝေဖန်ခံရသည့်အခါ ဆတ်ဆတ်ထိမခံဘဲ၊ လက်စားချေတတ်မှုကို ယခုကိစ္စက ပြသနေကြောင်း၊ နိုင်ငံမှာ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဟု ၎င်းတို့က ပြောကြားသော်လည်း၊ ဖိနှိပ်မှုများက ဆက်လက်ရှိနေသည်ကို ယခုဖြစ်ရပ်တွင် မြင်နေရကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဦးပက်ထရစ်ကွမ်ဂျာလီကို ၂၀၁၃ အီလက်ထရောက်နစ် ဆက်သွယ်ရေး ဥပဒေဖြင့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ၎င်း၏ မိတ်ဆွေများကို အာဏာပိုင်များက အကြောင်းကြားခဲ့သည်။ ထိုဥပဒေမှာ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သည်။

    Ref: Amnesty.org

  • နိုက်ဂျီးရီးယားရှိ ဗလီတွင် အသေခံဖောက်ခွဲမှုဖြစ်၊ ၁၃ ဦး သေဆုံး

    နိုက်ဂျီးရီးယားရှိ ဗလီတွင် အသေခံဖောက်ခွဲမှုဖြစ်၊ ၁၃ ဦး သေဆုံး

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    nigeria

    – နိုက်ဂျီးရီးယားမြောက်ပိုင်း ဘော်နိုပြည်နယ် မူလိုင်ဒေသရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးတွင် ယမန်နေ့ညပိုင်းက အသေခံဗုံးဖောက်ခွဲမှုနှစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ညပိုင်း ၀တ်ပြုဆုတောင်းနေစဉ် ဖြစ်ပွားခဲ့ခြင်ဖြစ်ပြီး သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာဖွယ်ရှိနေသည်။ ဖောက်ခွဲမှုအတွက် မည်သူမှ တာဝန်မယူသေးဘဲ သံသယရှိသည့် အဖွဲ့များတွင် ဒေသအတွင်း ထိုကဲ့သို့ အသေခံဗုံးဖောက်ခွဲမှုများ ပြုလုပ်လေ့ရှိသည့် ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က ထိပ်ဆုံးတွင်ရှိနေသည်။

    ပြီးခဲ့သည့် တနင်္လာနေ့ညကလည်း ဘော်နိုပြည်နယ်မြို့တော် မိုင်ဒွဂ်ရီတွင် ပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး အရပ်သား ၅ ဦးနှင့် အသေခံဗုံးခွဲသမား ၃ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • အာဖဂန်မှဆုတ်ခွာရေး အမေရိကန် ထပ်မံရွှေ့ဆိုင်း

    အာဖဂန်မှဆုတ်ခွာရေး အမေရိကန် ထပ်မံရွှေ့ဆိုင်း

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    us

    – အာဖဂန်မှ ယခုနှစ်အကုန်တွင် ကန်စစ်သားများ လျော့ချမည့်အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီး ယခုရှိနေသည့် အရေအတွက် ၉၈၀၀ အတိုင်းသာ လာမည့်နှစ်ကုန်အထိ ထားရှိရန် အမေရိကန်က ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

    ယခု ဆုံးဖြတ်ချက်မှာ ၁၄ နှစ်တာကြာမြင့်နေသည့် ကျူးကျော်စစ်ပွဲအား အဆုံးသတ်ရေးအတွက် အမေရိကန်အစိုးရက ဒုတိအကြိမ် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။ ယခင်က ၂၀၁၅ အကုန်တွင် အာဖဂန်၌ စစ်သား ၅၅၀၀ ထားရှိပြီး နောက်ပိုင်းတွင် မြို့ကဘူးလ်၌ အမေရိကန်သံရုံးသာ တည်ရှိရန် စီစဉ်ထားခြင်းဖြစ်သည်။

    အစီအစဉ်အသစ်အရ အိုဘားမားအလွန် ၂၀၁၇ ခုနှစ် အစောပိုင်းတွင်မှ အမေရိကန်စစ်သားအရေအတွက်ကို ၅၅၀၀ အထိ လျော့မည်ဖြစ်သည်။ ထို့ပြင် စစ်အခြေစိုက်စခန်းအား ကဘူးလ်တွင် ထားရှိမည်ဖြစ်ပြီး ဘာဂရမ်၊ ဂျလာလာဘတ်နှင့် ကန်ဒါဟာတို့တွင် စစ်စခန်းများ ထားရှိသွားမည်ဖြစ်သည်။ ယခုအစီအစဉ်အသစ်ကို အိုဘားမားက ၀ါရှင်တန်စံတော်ချိန် အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၁၁ နာရီတွင် အိမ်ဖြူတော်၌ ကြေငြာဖြစ်သည်။

    Ref: CNN

  • ဖိလစ်ပိုင်တွင် မုန်တိုင်းအတွက် ပြင်ဆင်နေရ

    ဖိလစ်ပိုင်တွင် မုန်တိုင်းအတွက် ပြင်ဆင်နေရ

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    phi

    – ယခုတစ်ပတ်အတွင်း အင်အားပြင်းသော အပူပိုင်းမုန်တိုင်း ကော့ပ်ပူ တိုက်ခတ်မည့်အခြေအနေ ရှိနေသည့်အတွက် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း လူဇွန်ကျွန်းမှ ပြည်သူများမှာ အထိအခိုက်အပျက်အဆီးနှင့် အသေအပျောက် အနည်းဆုံးဖြစ်ရန်အတွက် ပြင်ဆင်နေကြသည်ဟု သိရသည်။

    အဆိုပါမုန်တိုင်းမှာ ယနေ့ ဂရင်းဝစ်စံတော်ချိန် ၀၀.၀၀ နာရီတွင် မနီလာအရှေ့ဘက် ကီလိုမီတာ ၁၂၀၀ အကွာအဝေးတွင် တည်ရှိနေပြီး အဆင့် ၃ ရှိ မုန်တိုင်းဖြစ်သည်ဟု သတ်မှတ်ထားသည်။ ကုန်းတွင်းပိုင်းကိုမူ လာမည့် တနင်္ဂနွေနေ့တွင် ၀င်ရောက်မည်ဟု ခန့်မှန်းထားသည်။

    အဆင့် ၃ ရှိ မုန်တိုင်းများမှာ ဆိုးရွားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပြီး သစ်ပင်များ ပြိုလဲခြင်းနှင့် အခြားသော အဆောက်အဦးများ ပျက်ဆီးနိုင်သည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းပါက ပို၍ အန္တရာယ်ရှိသော အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။

    Ref: Aljazeera

  • အာဆင်နယ်အတွက် ဖလားယူပေးနိုင်စွမ်း ရှိနေသည်ဟု ၀င်းဂါးပြော

    အာဆင်နယ်အတွက် ဖလားယူပေးနိုင်စွမ်း ရှိနေသည်ဟု ၀င်းဂါးပြော

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    arsenal

    – ၁၉ နှစ်တာ ကြာမြင့်ခဲ့ပြီးနောက် အသင်းအား ပရီးမီးယားလိဂ် ဖလားဆီသို့ ပို့ဆောင်ပေးရန်အတွက် မိမိတွင် ယခင်ကထက် ပိုမိုလှုံ့ဆော်မှု ရှိနေပြီး ချန်ပီယံဖြစ်အောင် ဆောင်ရွက်ပေးနိုင်ဆဲဟုလည်း အာဆင်နယ်နည်းပြ ဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ ချန်ပီယံဖြစ်ပါ့မလား- ဆိုပြီး ခင်ဗျားမေးချင်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းပေါ် ပြန်ရောက်နေပြီး အခွင့်အရေးကောင်းလည်း ရှိနေပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ အခွင့်ရေးဖန်တီးဖို့၊ အခွင့်အရေးကို ခွင့်ပြုဖို့ တစ်ပွဲစီရဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေအတွက် တိုက်ပွဲဝင်နိုင်တဲ့ အလားအလာ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ရဲ့ ရလဒ်တွေက အတည်ပြုနေပါတယ်”

    ထို့ပြင် မိမိမှာ အသင်းအတွက် ဆုဖလားများ ပိုမိုရယူပေးနိုင်ရန်အတွက် အနည်းဆုံး ယခုစာချုပ်အကုန်အထိ ဆက်ရှိနေည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal