News @ M-Media

Author: Ko Lay

  • ရိုဟင်ဂျာ အရေး ဥပဒေ အရဖြေရှင်းမှ အဖြေရမည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းပြော

    ရိုဟင်ဂျာ အရေး ဥပဒေ အရဖြေရှင်းမှ အဖြေရမည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းပြော

    မေ ၂၁၊ ၂၀၁၅
    M-Media

    11267538_1664229647140775_5376405044191612636_n

    အက်ဒမန် ပင်လယ်တွင်းရှိ လှေစီး ဒုက္ခသည် ရိုဟင်ဂျာထောင်ပေါင်းများစွာ၏ ကံကြမ္မာနှင့်စပ်လျဉ်း၍ မြန်မာအစိုးရမှ မျက်နှာလွှဲခဲပစ် ပြုလုပ်နေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ထိုပြဿနာအတွက် ရေရှည်ခံမည့် အဖြေမှာ ဥပဒေအရ နိုင်ငံသားပေးသင့် သူများကို နိုင်ငံသားပေးခြင်းပင်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    “ဒီပြဿနာကို ဥပဒေကြောင်း အရ ဖြေရှင်းဖို့လိုအပ်ပါတယ်။ ဥပဒေကလည်း ပြောင်းလဲဖို့လိုအပ်တယ်။ မျိုးဆက်တစ်ဆက် သို့မဟုတ် နှစ်ဆက်ထိ အခြေချနေထိုင်လာသူများ အဖို့ နိုင်ငံသားဖြစ်ခွင့် ရှိသင့်ပါတယ်” ဟု ဦးဥာဏ်ဝင်းက The Independent နှင့်ပြုလုပ်သော အင်တာဗျူး၌ ပြေကြားခဲ့သည်။

    အစောပိုင်း AFP နှင့်ပြုလုပ်သော အင်တာဗျူးတွင်လည်း သူက “သူတို့(ရိုဟင်ဂျာတွေ)ကို နိုင်ငံသားအဖြစ် လက်မခံနိုင်ရင်တောင်မှ ပင်လယ်ထဲ တွန်းထုတ်တာမျိုး မလုပ်သင့်ပါဘူး။ သူတို့လည်း လူသားတွေပါပဲ။ သူတို့ဟာ လူ့အခွင့်အရေး ခံစားထိုက်တဲ့ လူသားတွေလို့ပဲ ကျွန်တော် မြင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အစိုးရအသိအမှတ်ပြု  မဟန အဖွဲ့မှ တရားဟောခြင်း ပိတ်ပင်ခံထားရသော ထင်ရှားသည့် သံဃာတော်တစ်ပါးဖြစ်သူ ဦးပညာသီဟက ၎င်းရိုဟင်ဂျာများနှင့် ပတ်သက်ပြီး ဤသို့ မိန့်ကြားခဲ့သည်။

    “လှေစီး လူစုတွေ တော်တော့်ကို ဒုက္ခရောက်ရှာပါတယ်။ ဆရာတော် အလွန်ပဲ စိတ်မကောင်းဖြစ်မိတယ်။ ဗုဒ္ဓရဟန်းတစ်ပါး အနေနဲ့ သူတို့ကို တကယ် ကူညီချင်ပါတယ်။ အစိုးရဖက်က ဒီပြဿနာကို ဂုဏ်သိက္ခာရှိရှိ ဖြေရှင်း သင့်ပါတယ်။ အာဆီယံနိုင်ငံက အစိုးရတွေနဲ့အတူ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဘယ်လိုဖြေရှင်းလဲ ဆိုတာ ဆုံးဖြတ်သင့်ပါတယ်။ ဗုဒ္ဓလမ်းစဉ်ဟာ လူမျိုးဘာသာမရွေး လူသားအားလုံးကို ကယ်တင်ဖို့၊ ကူညီဖို့၊ မေတ္တာ တရားထားဖို့ ဖြစ်တယ်။ ဒါကြောင့် ထိုထိုသောလူမျိုးတွေကို မေတ္တာ မထားနိုင်ဘူးဆိုပြီး ငြင်းပယ် သူများဟာ ဗုဒ္ဓ တရားတော်နဲ့ ဆန့်ကျင်ပါတယ်”

    ရိုဟင်ဂျာအရေး အပေါ် နှုတ်ဆိတ်နေသည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်နှင့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၎င်းတို့၏ နိုင်ငံသား အခွင့်အရေး၌ အမြင် တူညီနိုင်ပါသလားဟု မေးမြန်းရာတွင် ဦးဥာဏ်ဝင်းက “ကျွန်တော် မသိပါ” ဟု ဖြေဆိုသွားသည်။

    Ref : The Independent

  • သီရိလင်္ကာ အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်မှု ပြည်သူများ ဆန္ဒပြ

    သီရိလင်္ကာ အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်မှု ပြည်သူများ ဆန္ဒပြ

    မေ ၂၁၊ ၂၀၁၅
    M-Media

    siri

    – အသက် ၁၇ နှစ်အရွယ် သီရိလင်္ကာ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်အသတ်ခံရမှုအား မကျေနပ်သောကြောင့် ပြည်သူများ၏ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် အဖမ်းခံခဲ့ရသည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်းမြို့တော် ဂျက်ဖ်နာတွင် ယမန်နေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွဲခဲ့ကြသည်။

    ဗဒ်ယာဟု အမည်ရသည့် ကျောင်းသူမှာ ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့က ကျောင်းမှအပြန် အိမ်သို့ ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ပြီးနောက် လိုက်လံရှာဖွေရာ အလောင်းအား ကြာသာပတေးနေ့တွင် ပြန်တွေ့ခဲ့သည်။

    ထိုမိန်းကလေးငယ်မှာ လက်နှင့် ခြေထောက်များကို ကြိုးတုပ်ခံထားရပြီး မသေဆုံးမီ အ၀တ်စုတ်ကိုလည်း ပါးစပ်တွင် ဆို့ထားခံခဲ့ရသည်ဟု သတင်းများက ဖော်ပြကြသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ဒေသခံများက ဒေါသထွက်ခဲ့ကြကာ ယမန်နေ့က ဂျက်ဖ်နာမြို့ တရားရုံးရှေ့တွင် ထောင်ပေါင်းများစွာသော လူအုပ်စုကြီးက ဆန္ဒပြခဲ့ကြပြီး အုပ်စုဖွဲ့ မုဒိမ်းမှုအတွက် ဖမ်းဆီးခံထားရကာ တရားစွဲဆိုမှု ခံရတော့မည့် လူ ၉ ဦးကို ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

    ထို့နောက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့ပြီး ဆန္ဒပြသူများကလည်း ခဲများဖြင့် တရားရုံးအား ပစ်ပေါက်ခြင်း၊ အနီးအနားရှိယာဉ်များအား ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြကာ ဆန္ဒပြသူ ၁၀၀ ကျော်ခန့် ဖမ်းဆီးခံခဲ့ရသည်။

    ရဲတပ်ဖွဲ့ကမူ ဖမ်းဆီးထားသူများအား တရားမ၀င် ဆန္ဒပြမှုနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နိုင်ငံတကာ သတင်းတို (မေ ၂၀၊ ၂၀၁၅)

    မေ ၂၀၊ ၂၀၁၅
    M-Media

    ဆီးရီးယားသမိုင်းဝင်မြို့မှ ရှေးဟောင်းရုပ်ထုများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီး
    ………………………………………..
    IS တပ်ဖွဲ့ဝင်များ တစ်စတစ်စ ၀င်ရောက်ရန် ကြိုးစားနေသည့် ဆီးရီးယားရှိ သမိုင်းဝင် ပါလ်မိုင်ရာမြို့မှ ရုပ်ထုရာပေါင်းများစွာကို ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းခဲ့ပြီဟု ဆီးရီးယား ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအကြီးအကဲ မာမွမ် အဘ်ဒူလ်ကရင်မ်က ယနေ့တွင် ပြောကြားလိုက်သည်။ IS အဖွဲ့များမှာ ယနေ့တွင် မြို့အတွင်းသို့ ၀င်ရောက်ခဲ့ကြပြီး အဘ်ဒူလ်ကရင်မ်ကမူ ရုပ်တုများ ရွှေ့ထားပြီးသော်လည်း ပြတိုက်နှင့် သမိုင်းဝင်အဆောက်အဦးများ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ကာ ဆီးရီးယားစစ်တပ်၊ အတိုက်အခံများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းများအနေဖြင့် အဆိုပါ သမိုင်းဝင်အမွေအနှစ်များကို ကာကွယ်ပေးရန် တိုက်တွန်းခဲ့သည်။

    တရုတ်၏ စိုးမိုးရေးလုပ်ငန်း ပဋိပက္ခဖြစ်နိုင်သည်ဟု အမေရိကန်ပြော
    …………………………………
    တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသော ကျွန်းတွင် တရုတ်နိုင်ငံက စိုးမိုးရေးလုပ်ဆောင်နေခြင်းမှာ ဒေသတွင်း လွတ်လပ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ဆီးစေပြီး ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်သည်ဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ယနေ့တွင် ဂျကာတာ၌ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    နျူအရေး မသင့်လျော်သည့် တောင်းဆိုချက်များကို အီရန် လက်မခံ
    ………………………………..
    နျူအရေးဆွေးနွေးမှုတွင် အင်အားကြီး ၆ နိုင်ငံ၏ အကြောင်းအကျိုးမသင့်သော တောင်းဆိုချက်များအား အီရန်က လက်ခံမည်မဟုတ်ဟု အဓိပတိ အယာတိုလာ အလီခါမေနီက ရုပ်မြင်သံကြားမှ တိုင်းပြည်သို့ပြောသောမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    နာဇီလက်မှ လွတ်မြောက်ခဲ့သူများအတွက် ဂျာမနီ နစ်နာကြေးပေးမည်
    …………………………………..
    ဒုတိယကမ္ဘာစစ်က နာဇီဂျာမနီများလက်အောက်တွင် အကျဉ်းကျကာ ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည့် ဆိုဗီယက်စစ်သားများမှ ကျန်ရစ်သူ ၄၀၀၀ ခန့်အတွက် နစ်နာကြေး ယူရို ၁၀ သန်း ပေးသွားမည်ဟု ဂျာမနီက ကြေညာခဲ့သည်။

    Ref: News Agencies

  • လှေစီးဒုက္ခသည် ၇၀၀၀ အတွက် မလေးရှားနှင့် အင်ဒိုတို့ ယာယီနေရာထိုင်ခင်း စီစဉ်ပေးမည်

    လှေစီးဒုက္ခသည် ၇၀၀၀ အတွက် မလေးရှားနှင့် အင်ဒိုတို့ ယာယီနေရာထိုင်ခင်း စီစဉ်ပေးမည်

    မေ ၂၀၊ ၂၀၁၅
    M-Media

    aa

    – ပင်လယ်ပြင်၌ မျောပါနေသည့် လှေစီးဒုက္ခသည် ၇၀၀၀ အတွက် ယာယီနေရာထိုင်ခင်းပေးရန် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    မေလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီ အန်နီဖာ အေမန်ကမူ အဆိုပါ အစီအစဉ်ကို တစ်နှစ်အတွင်း အကောင်အထည်ဖော်သွားမည့် ပြန်လည်နေရာချထားရေးနှင့် မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး သဘောတူညီချက်အောက်တွင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ လှေစီးဒုက္ခသည်အရေးအတွက် မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများမှာ ယနေ့တွင် မလေးရှား၌ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။

    မလေးရှားကမူ မိမိတို့နေဖြင့် ထိုပြဿနာကို ရင်ဆိုင်နေရသည့် နိုင်ငံများနှင့် နီးကပ်စွာ အလုပ်လုပ်သွားမည်ဖြစ်ကာ ဒုက္ခသည်များ ထွက်ခွာလာသည့် နိုင်ငံရင်း၊ ခရီးတစ်ထောက် နားနေရာနိုင်ငံ၊ နောက်ဆုံးရောက်ရှိသည့် နိုင်ငံများနှင့် ပူးပေါင်းကာ အဖြေရှာသွားမည်ဟု
    စောစာပိုင်းက ပြောကြားခဲ့သည်။

    Ref: The Star

  • FFP စည်းမျဉ်း လုံးဝ အလုပ်မဖြစ်ခဲ့ဟု ၀င်းဂါးပြော

    FFP စည်းမျဉ်း လုံးဝ အလုပ်မဖြစ်ခဲ့ဟု ၀င်းဂါးပြော

    မေ ၂၀၊ ၂၀၁၅

    M-Media

    winger

    – ဥရောပကလပ်အသင်းများအကြား ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်း FFP ကို လျော့ပေါ့ပေးရန် စီစဉ်နေသည်ကို မိမိအနေဖြင့် မအံ့သြမိဘဲ အဆိုပါ စည်းမျဥ်းမှာ လုံးဝ အလုပ်မဖြစ်ခဲ့ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေမှာ ကလပ်အသင်းများ ၎င်းတို့ပိုင်ဆိုင်သည့် ငွေကြေးပမာဏထက် အလွန်အကျွံ ပိုမိုသုံးစွဲ၍ အသင်းအား ပြင်ဆင်ခြင်းကို တားမြစ်ရန်အတွက် အဆိုပါ FFP စည်းမျဉ်းကို ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၁၂ လတာ ကာလအတွင်း မန်စီးတီး၊ ပီအက်စ်ဂျီနှင့် အင်တာမီလန်တို့အား အဆိုပါစည်းမျဉ်းကို မလိုက်နာမှုအတွက် ဒဏ်ငွေများ အသီးသီးဆောင်ခဲ့ရသည်။

    သို့သော်လည်း ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီကမူ မိမိတို့အနေဖြင့် အနာဂတ်တွင် အဆိုပါစည်းမျဉ်းကို လျော့ပေါ့ရန် အလားအလာရှိနေသည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။ အသင်းများ ငွေကြေးအလွန်အကျွံမသုံးစွဲရေး ဆောင်ရွက်ရန် ယခင်ကတည်းက အဆိုပါပြုခဲ့သည့် အာဆင်ဝင်းဂါးကမူ FFP စည်းမျဉ်းမှာ အလုပ်မဖြစ်ခဲ့ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့မှာရှိတဲ့ငွေကြေးကိုပဲ အမြဲတမ်း ကျွန်တော်တို့ သုံးစွဲတာကြောင့် ဒီစည်းမျဉ်းစည်းကမ်းဟာ ကျွန်တော်တို့ကို ထိခိုက်မှု မရှိပါဘူး။ FFP ကို ဘယ်တုန်းကမှ မလေးစားခဲ့တဲ့ ကလပ်အသင်းအချို့ ရှိပါတယ်။ ပြီးတော့ အခြားတိုင်းပြည်တွေမှာ
    ရင်းနှီးမြှုပ်နှံသူတွေရဲ့ အလားအလာရှိတာကြောင့် ဒီစည်းမျဉ်းကို ပိုပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ နိုင်ငံတကာက ဖိအာပေးနေပုံပါပဲ” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ယူအီးအက်ဖ်အေမှာ လွန်ခဲ့သည့် ၁၀ နှစ် ၁၅ နှစ်က သြဇာမျိုး မရှိတော့ကြောင်း အရာရာတိုင်းမှာ စိန်ခေါ်မှုများရှိနေပြီး ဥရောပဥပဒေအောက်ရှိ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှုနှင့် ဆန့်ကျင်သော တင်းကျပ်သည့် ဥပဒေများမှာ အံမ၀င်တော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal