News @ M-Media

Author: Ko Lay

  • အီတလီမှ မွတ်စလင်တစ်ဦး မြစ်ထဲကျသွားသည့် ဂျူးအမျိုးသမီးကို ကယ်တင်

    အီတလီမှ မွတ်စလင်တစ်ဦး မြစ်ထဲကျသွားသည့် ဂျူးအမျိုးသမီးကို ကယ်တင်

    မေ ၂၀၊ ၂၀၁၅
    M-Media

    italy 1

    – အီတလီနိုင်ငံရောမမြို့ မြို့လယ်ကောင်ရှိ တံတားမှ ညစ်ညမ်းနေသည့် တိုင်ဘာမြစ်ထဲသို့ ခုန်ချသွားသော အမျိုးသမီးတစ်ဦးအား ကယ်တင်ခဲ့သည့် မွတ်စလင် အိမ်ယာမဲ့တစ်ဦးအား အီတလီပြည်သူများ ချီးကျူးခဲ့ကြသည်။

    “ကျွန်တော် သူရဲကောင်းမဟုတ်ပါဘူး။ ဘုရားသခင်က ကျွန်တော်တို့ကို လူတိုင်းကို ကူညီစေချင်တာပါ” ဟု အသက် ၃၂ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဆိုဘော့ဂ်ျ ခါလီဖာက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်အင်္ဂါနေ့တွင် ခါလီဖာမှာ အမျိုးသမီးတစ်ဦး တိုင်ဘာမြစ်ထဲသို့ တံတားပေါ်မှ မြစ်ထဲသို့ ခုန်ချသွားသည်ကို တွေ့မြင်ခဲ့ရပြီးနောက် ချက်ချင်းဆိုသလိုပင် တံတားပေါ်မှဒိုင်ဗင်ထိုးကာ ကယ်တင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါတိုင်ဘာဖြစ်မှာ သမိုင်းဝင်ရောမမြို့၏ မြို့လယ်ကောင်ကို ဖြတ်သန်းစီးဆင်းနေသာ မြစ်ဖြစ်ပြီး ရေမှာ အလွန်ညစ်ညမ်းနေသည်။

    ခါလီဖာမှာ အဆိုပါအမျိုးသမီးကို လက်တစ်ဖက်ဖြင့်ကိုင်ထား၍ အခြားလက်တစ်ဖက်ဖြင့် ကမ်းခြေသို့ ကူးခတ်လာခဲ့သည်ကို လမ်းသွားလမ်းလာများက မှတ်တမ်းတင်ခဲ့သော ဗီဒီယိုတွင် တွေ့ရှိရသည်။ မြစ်ကမ်းနဖူးသို့ ရောက်သောအခါ ထိုအဖြစ်အပျက်ကို ကြည့်နေသော လူအုပ်စုကြီးက လက်ခုပ်တီးကာ သြဘာပေးခဲ့ကြပြီး bravo ဟုလည်း ဟစ်အော်ခဲ့ကြသည်။

    “ဒီအမျိုးသမီး တံတားပေါ်က ပြုတ်ကျသွားတာကို ကျွန်တော်မြင်လိုက်ပါတယ်။ ကျွန်တော်က သူသေပြီလို့ထင်တာပါ။ ဒါပေမယ့် သူ့နားရောက်သွားတော့ မျက်လုံးက လှုပ်ရှားနေတာ ကျွန်တော်မြင်ရပါတယ်။ ကျွန်တော်လည်း သူ အသက်ရှင်နိုင်တယ်လို့ တွေးခဲ့ပါတယ်” ဟု ခါလီဖာက ထည့်သွင်းပြောကြားခဲ့သည်။

    အီတလီအာဏာပိုင်များက အဆိုပါအမျိုးသမီးမှာ အသက် ၅၅ နှစ်အရွယ်ရှိ အစ္စရေးအမျိုးသမီးတစ်ဦဖြစ်ပြီး အချစ်နာကျ၍ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြစ်ထဲမှ ခါလီဖာ ဆယ်တင်ပြီးနောက်ပိုင်း ထိုအမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ပြီး ကောင်းမွန်သောအခြေအနေတွင် ရှိနေပြီဟု ရောမရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

    ခါလီဖာ၏ ထိုသို့ ကယ်တင်မှုအတွက် ဂုဏ်ပြုသည့်အနေဖြင့် အာဏာပိုင်များက ၎င်းအား အီတလီတွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို ပေးအပ်ခဲ့သည်။ ရောမအုပ်ချုပ်ရေးမှူး အစ်ဂနာဇီယို မာရီနိုက မိမိအနေဖြင့် ရဲရင့်ပြီး လူသားဆန်သည့် လုပ်ရပ်အတွက် ခါလီဖာအား တွေ့ဆုံကာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    ရောမရှိ ဂျူးအသိုင်းအ၀ိုင်းအကြီးအကဲ ရီကာဒို ပါစီဖီဆီကလည်း မိမိတို့မြို့မှ ဂျူးအသိုင်းအ၀ိုင်းအနေဖြင့် ခါလီဖာ၏ ရဲရင့်မှုအတွက် ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Onislam

  • တရုတ်နိုင်ငံအတွင်း ကျည်ကျရောက်မှု ကိုးကန့်အဖွဲ့ကို မြန်မာအစိုးရ အပြစ်တင်

    တရုတ်နိုင်ငံအတွင်း ကျည်ကျရောက်မှု ကိုးကန့်အဖွဲ့ကို မြန်မာအစိုးရ အပြစ်တင်

    မေ ၁၉၊ ၂၀၁၅
    M-Media

    11205618_1005715019462986_617700422213868251_n
    ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang တွေ့နေပြည်တော်၌ မေလ ၁၉ ရက်နေ့က တွေ့ဆုံစဉ် (ဓါတ်ပုံ- Senior General Min Aung Hlaing FB)

    – တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ မြို့တစ်မြို့သို့ ပြီးခဲ့သည့် တစ်ပတ်က လက်နက်ကြီးကျည်ဆံ ကျရောက်မှု အတွက် မြန်မာ စစ်တပ် အကြီးအကဲက ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ကို အပြစ်တင်ခဲ့ပြီး တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေး ပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေး၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအနီးရှိ ယူနန်ပြည်နယ်အတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်ကြီး
    ကျည်ဆံများမှာ အစိုးရတပ်များမှ မဟုတ်ဘဲ သူပုန်များဘက်မှ ဖြစ်သည်ဟုဆိုသည်။

    တရုတ်နိုင်ငံမှာ ၎င်းတို့၏ ပိုင်နက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်မှုများ၊ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကျလာသောကျည်များနှင့် ပတ်သက်၍ ပြီးခဲ့သည့်သောကြာနေ့တွင် မြန်မာနိုင်ငံအား မေးခွန်းထုတ်ခဲ့သည်။ တရုတ် င်ငံခြား ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang  ကမူ တိုက်ပွဲဖြစ်ရာဒေသ တည်ငြိမ်အေးချမ်းရေး ပြန်လည်ထိန်းသိမ်းရန် တတ်နိုင်သမျှ မြန်မြန်ဆောင်ရွက်ရန် မြန်မာအစိုးရအား တိုက်တွန်းခဲ့သည်။

    တရုတ်နိုင်ငံအတွင်း ထိုကဲ့သို့ ကျည်ကျရောက်မှုမှာ မတ်အတွင်းကလည်း ဖြစ်ပွားခဲ့ပြီး ထိုအဖြစ်အပျက်အတွက် မြန်မာ အစိုးရက ပြန်လည်တောင်းပန်ခဲ့ကာ တာဝန်ရှိသူများအား အပြစ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Foxnews

  • အီတလီအငယ်တန်းဘောလုံးလိဂ်များ အရှုပ်တော်ပုံအတွက် လူ ၅၀ ကျော်ကို ရဲတပ်ဖွဲ့ဖမ်းဆီး

    အီတလီအငယ်တန်းဘောလုံးလိဂ်များ အရှုပ်တော်ပုံအတွက် လူ ၅၀ ကျော်ကို ရဲတပ်ဖွဲ့ဖမ်းဆီး

    မေ ၂၀၊ ၂၀၁၅
    M-Media

    italy
    – အီတလီအငယ်တန်းလိဂ်ပွဲများတွင် လုပ်ပွဲအရှုပ်တော်ပုံနှင့်ပတ်သက်၍ မာဖီးယား စုံစမ်းစစ်ဆေးရေးအဖွဲ့က လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးလိုက်ပြီး လူအမြောက်အများကိုလည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။

    ယမန်နေ့ နံနက်ပိုင်းက အီတလီတောင်ပိုင်း ကာတန်ဇာရိုမြို့တွင် စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကစာသမား ၁၅ ဦး၊ ကလပ်အသင်းဥက္ကဌ ၆ ဦး၊ အားကစားဆိုင်ရာ စီမံခန့်ခွဲရေးမှူး ၈ ဦး၊ နည်းပြများ၊ အထွေထွေမန်နေဂျာများနှင့် ကမ္ဘာတစ်ဝှမ်း လောင်းကစားအသင်းအဖွဲ့များမှ ခေါင်းဆောင် ၁၀ ဦးတို့ ပါဝင်သည်ဟု La Repubblia သတင်းစာက ဖော်ပြခဲ့သည်။

    ဖမ်ဆီးခံရသူများမျာ လီဂါပရိုနှင့် စီးရီးဒီ အမှတ်ပေးပြိုင်ပွဲများမှ ရလဒ်များနှင့်ပတ်သက်၍ သံသယရှိသောကြောင့် ဖြစ်ပြီး အဆင့် ၃၊ အဆင့် ၄ နှင့်အဆင့် ၅ လိဂ်ပြိုင်ပွဲများရှိ ပွဲအများအပြားကိုလည်း လုပ်ပွဲပြဿနာများကြောင့် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    အဆိုပါ လုပ်ပွဲပြဿနာတွင် နည်းဆုံး ကလပ်အသင်းပေါင်း ၃၀ ခန့် ပါဝင်သည်ဟု ယူဆရပြီး ဖမ်းဆီးထားသူများကို မားဖီးယားအဖွဲ့များနှင့် ပူးပေါင်းကာ လိမ်လည်မှု အပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲဆိုထားသည်။

    ပြီးခဲ့သည့်နှစ်များတွင်း အီတလီဘောလုံးလောကတွင် လုပ်ပွဲပြဿနာအတွက် စုံစမ်းစစ်ဆေးမှုများ အများအပြားရှိခဲ့ပြီး ၂၀၁၁ ခုနှစ် လုပ်ပွဲအရှုပ်တော်ပုံတွင် အီတလီလက်ရွေးစင်ဟောင်များဖြစ်သည့် ဂူဆက်ပီ ဆစ်ဂ်နိုရီနှင့် ခရစ္စတီယာနို ဒိုနီကဲ့သို့ ကစားသမားများပင် ပါဝင်ခဲ့သည်။

    ၂၀၀၆ ခုနှစ်ကလည်း လုပ်ပွဲအရှုပ်တော်ပုံကြောင့် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းမှာ တန်းဆင်းခဲ့ပြီး အေစီမီလန်အပါအ၀င် အခြားနာမည်ကြီးအသင်းများမှာလည်း အမှတ်လျော့ခံခဲ့ရသည်။

    Ref: Goal

  • လှေစီးဒုက္ခသည် ၄၀၀ ခန့်ကို အင်ဒိုနီးရှားငါးဖမ်းသမားများ ထပ်မံကယ်တင်

    လှေစီးဒုက္ခသည် ၄၀၀ ခန့်ကို အင်ဒိုနီးရှားငါးဖမ်းသမားများ ထပ်မံကယ်တင်

    မေ ၂၀၊ ၂၀၁၅
    M-Media

    roh

    – ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ အကြိမ်ကြိမ်အခါခါ ပင်လယ်ထဲပြန်ပို့ခဲ့သောကြောင့် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် မာလကာရေလက်ကြားသို့ ရောက်သွားခဲ့သော စက်လှေမှ ဒုက္ခသည် ၄၀၀ ခန့်ကို အင်ဒိုနီးရှား ငါးဖမ်းသမားက ကယ်တင်လိုက်သည်ဟု သိရသည်။

    ယနေ့နံနက် ဒေသစံတော်ချိန် ၂ နာရီခန့်က ကယ်တင်လိုက်ခြင်းဖြစ်ပြီး အဆိုပါ ဒုက္ခသည်များတွင် အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်ကာ အာချေးအရှေ့ပိုင်းခရိုင်ရှိ ဆင်းပန်း တီဂါ ရွာသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူ ခိုင်ရွလ် နိုဗာက ပြောကြားခဲ့သည်။

    မျက်မြင်သက်သေများက ပြောကြားရာတွင် အဆိုပါ ဒုက္ခသည်များမှာ ကမ်းသို့ ခေါ်ဆောင်လာသည့်အချိန်၌ မျက်ရည်များကျနေကြပြီး၊ အများစုမှာ အားနည်းနေကာ နေမကောင်းဖြစ်နေသည်ဟု ဆိုသည်။

    ဒုက္ခသည်များကမူ ၎င်းတို့၏ စက်လှေကို ထိုင်းရေတပ်က ၃ ကြိမ် ပင်လယ်ထဲသို့ ပြန်ပို့ခဲ့ပြီး မလေးရှားအာဏာပိုင်များက ၂ ကြိမ်ပြန်ပို့ခဲ့သည်ဟု ပြေကြားခဲ့သည်။

    အာချေးပြည်နယ်ရှိ အင်ဒိုနီးရှားငါးဖမ်းသမားများမှာ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဒုက္ခသည်လှေတစ်စင်းကို ကယ်တင်ခဲ့ပြီး အာချေးပြည်နယ်သို့ ရောက်ရှိနေသည့် လှေစီးဒုက္ခသည်အရေအတွက်မှာ ၁၅၀၀ ခန့် ရှိပြီဖြစ်သည်။

    အဆိုပါ လှေစီးဒုက္ခသည်များမှာ မြန်မာနိုင်ငံတွင် ငြှင်းပမ်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများနှင့် ဆင်းရဲမွဲတေမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာကြသူများဖြစ်သည်။

    အဆိုပါ လှေစီးဒုက္ခသည်များအား ကယ်တင်မှုမပြုသည့်အတွက် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ နိုင်ငံတကာ၏ ဖိအားပေးခြင်းကို ခံခဲ့ရပြီး ယနေ့တွင် ထို ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများမှာ မလေးရှားတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

    ရိုဟင်ဂျာလှေစီးဒုက္ခသည်များ မြင့်တက်လာသည့်အတွက် အပြစ်တင်ခံနေရသည့် မြန်မာနိုင်ငံကမူ စောစောပိုင်းက ထိုအရေးမှာ မှောင်ခိုလူကုန်ကူးသူများ၏ ပြဿနာဟု ပြောကြားခဲ့သော်လည်း နောင်ပိုင်းတွင် မိမိတို့နိုင်ငံသားဖြစ်သည်ဟု အထောက်အထားပြနိုင်ပါက
    ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း၊ ပယ်လယ်ထဲ ဒုက္ခရောက်နေသည့် မည်သူ့ကိုမဆို လူသားချင်းစားနာထောက်ထားသည့် အကူအညီများ ပေးသွားမည်ဟု ပြန်လည် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နွေရာသီအပြောင်းအရွှေ့ မန်ယူအတွက် ခက်ခဲမည်ဟု ဗန်ဂါးလ်ပြော

    နွေရာသီအပြောင်းအရွှေ့ မန်ယူအတွက် ခက်ခဲမည်ဟု ဗန်ဂါးလ်ပြော

    မေ ၂၀၊ ၂၀၁၅
    M-Media

    Vangal

    – မိမိအသင်း၏ လူစာရင်းမှာ ညီမျှမှုမရှိသေးဘဲ လာမည့်ရာသီအတွက် ပြင်ဆင်ရာတွင် နွေရာသီအပြောင်းအရွှေ့မှာ ခက်ခဲမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ လောလောဆယ်တွင် နယ်သာလန်တိုက်စစ်မှူးဒီပေးကို ပေါင် ၂၂.၃ သန်းဖြင့် ခေါ်ယူရန် သဘောတူညီချက် ရရှိထားပြီး အားထားရသည့် ဂိုးသမား ဒီဂီယာနှင့်လည်း ယခုသီတင်းပတ်နှောင်းပိုင်းတွင် သက်တမ်းတိုးရေး ဆွေးနွေးရန် ရှိနေသည်။

    သို့သော်လည်း အငှားဖြင့်လာရောက်ကစားနေသည့် တိုက်စစ်မှူးဖယ်လ်ကာအိုမှာ အသင်းတွင် ဆက်ရှိနေရန် အလားအလာမရှိဘဲ ဗန်ဂါးလ်မှာ အသင်းအား ပြန်ပုံဖော်ရန် စီစဉ်နေသောကြောင့် အခြားသော ကစားသမားများမှာလည်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာရန်ရှိနေသည်။

    မန်နေ့က ပြုလုပ်ခဲ့သည့် အသင်း၏ တစ်နှစ်တာဆုပေးပွဲအခမ်းအနားတွင် ဗန်ဂါးလ်က လာမည့်သီတင်းပတ်များ၌ လုပ်စရာအလုပ် အများအပြားရှိသည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အသင်းက ညီမျှမှုမရှိပါဘူး။ ကျွန်တော်တို့ အဆင့်လေးအတွင်းဝင်ခဲ့ပေမယ့် ချန်ပီယံဖြစ်အောင် လုပ်ရပါမယ်။ ကျွန်တော်တို့ရဲ့ လူစာရင်းကိုလည်း တိုးတက်အောင်လုပ်ရမယ်။ ကစားသမားအများစုအတွက် ခက်ခဲတဲ့နွေရာသီ ဖြစ်မှာပါ။ ဒါပေမယ့် မန်ယူလို ထိပ်တန်းအသင်းကတော့ ဒါမျိုးလုပ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ဗန်ဂါးလ်မှာ ယခုရာသီအစပိုင်းတွင် ကစားကွက်စမ်းသပ်မှုများကြောင့် ဝေဖန်ခံခဲ့ရပြီး လာမည့်ရာသီတွင် မိမိအနေဖြင့် အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရာသီအဆုံးအထိ တိုက်ပွဲဝင်သွားပြီး ကaစားသမားများ ၀ယ်ယူရာတွင်လည်း မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “ကစားသမားတွေထွက်သွားတာဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ ပရိတ်သတ်တွေကတော့ သူတို့ကို မေ့မှာမဟုတ်ပါဘူး”

    Ref: Goal