News @ M-Media

Author: Ko Lay

  • အီဗရာဟီမိုဗစ် မပါသော်လည်း ပီအက်စ်ဂျီက အနိုင်ယူသွားနိုင်သည်ဟု အန်းရစ်ပြော

    အီဗရာဟီမိုဗစ် မပါသော်လည်း ပီအက်စ်ဂျီက အနိုင်ယူသွားနိုင်သည်ဟု အန်းရစ်ပြော

    ဧပြီ ၁၅၊ ၂၀၁၅
    M-Media

    enrique

    – အားထားရသည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ် မပါဝင်သော်လည်း ပီအက်စ်ဂျီအသင်း၏ ချန်ပီယံလိဂ်ခြေစွမ်းကို အဟန့်အတား ဖြစ်စေမည်မဟုတ်ဘဲ ပီအက်စ်ဂျီမှာ မိမိတို့အသင်းအား အနိုင်ကစားနိုင်ကြောင်း သက်သေပြပြီးဖြစ်သည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ဘာစီလိုနာနှင့် ပီအက်စ်ဂျီတို့မှာ ယနေ့ညတွင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ကစားရမည်ဖြစ်သည်။ အုပ်စုအဆင့်တွင် ၎င်းတို့ ၂ သင်းမှာ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ပဲရစ်တွင်ကစားခဲ့သည့်ပွဲ၌ ဘာစီလိုနာက ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ နျူးကမ့်တွင် ကစားရာ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    ထို့ကြောင့် အန်းရစ်က ယခုပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကြောင့် အီဗရာဟီမိုဗစ် မပါဝင်ခြင်းနှင့် ပီအက်စ်ဂျီအသင်း၌ ဒဏ်ရာရကစားသမား များပြားနေခြင်းဟူသော အချက်အား အလွန်အားထားမှုက ရူးနှမ်းခြင်းပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပီအက်စ်ဂျီမှာ အဓိကစားသမား အများအပြား ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဇလာတန် (အီဗရာဟီမိုဗစ်) မပါတဲ့အချိန်မှာ သူတို့ ကျွန်တော်တို့ကို နိုင်ခဲ့ပြီး ဇလာတန်ပါတဲ့အချိန်က ကျွန်တော်တို့ နိုင်ခဲ့တယ်ဆိုတာကို မမေ့ပါနဲ့။ ဒါ့ကြောင့် ဒီလို ကစားသမားတွေ မပါဝင်မှုရဲ့ အရေးပါပုံကို ဘယ်သူမှ မသိပါဘူး။ စက်တင်ဘာမှာ ကစားခဲ့တဲ့ပွဲက ပွဲကောင်းတစ်ပွဲပါ။ ကျွန်တော်တို့ရှုံးပေမယ့် အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်” ဟု အန်းရစ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ယနေ့ညပွဲနှင့်ပတ်သက်၍ အန်းရစ်က မိမိတို့အသင်းမှာ နောက်တန်းတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်ကျော့စလုံးတွင် ဂိုးများရရှိရန် မျှော်လင့်ထားပြီး မိမိတို့နှစ်သင်းစလုံးမှာ တိုက်စစ်ကောင်းကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ၂ သင်းစလုံးဟာ တော်တော်လေးတူညီတာကြောင့် ဒီပွဲမှာ ဖွင့်ကစားကြလိမ့်မယ်လို့ ထင်ပါတယ်။ ပီအက်စ်ဂျီက နောက်တန်းကို လုံအောင်လုပ်ပြီး တန်ပြန်တိုက်စစ်နဲ့ ကစားသွားနိုင်ပါတယ်။ ဒီအသင်းမှာ ကြောက်စရာတွေအများကြီး ရှိပါတယ်”

    Ref: Goal.com

  • ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အတွက် အသက်ရှိသေးကြောင်း အက်သလက်တီကို ဂိုးသမားပြော

    ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အတွက် အသက်ရှိသေးကြောင်း အက်သလက်တီကို ဂိုးသမားပြော

    ဧပြီ ၁၅၊ ၂၀၁၅
    M-Media

    oblak

    – ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပထအကျော့တွင် ဂိုးမရှိသရေဖြစ်ခဲ့ခြင်းက မိမိတို့အသင်း နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ကို ဖြစ်စေသည်ဟု အက်သလက်တီကိုမက်ဒရစ်အသင်း၏ ဂိုးသမား ဂျန် အိုဘလက်က ပြောကြားခဲ့သည်။

    အက်သလက်တီကို၏ အိမ်ကွင်း၌ ကစားခဲ့သည့် အဆိုပါပွဲတွင် အိုဘလက်မှာ ဂါရက်ဘေးလ်အပါအ၀င် ရီးယဲလ်တိုက်စစ်မှူးများ၏ အပိုင်ကန်သွင်းခွင့်များကို မယုံနိုင်လောက်ဖွယ် ကာကွယ်သွားနိုင်ခဲ့သည်။ လာမည့်သီတင်းပတ်တွင် ဒုတိယအကျော့အဖြစ် ဆန်တီယာဂိုဘာနေဗျူး၌ ကစားရမည်ဖြစ်ပြီး အိုဘလက်က ရီးယဲလ်နှင့် တွေ့ဆုံထားသည့် ၇ ပွဲတွင် မိမိတို့အသင်း ရှုံးပွဲမရှိခဲ့သည့် မှတ်တမ်းကို ပိုမိုချဲ့ထွင်သွားချင်သည်ဟု ပြောကြားခဲ့သည်။

    “တစ်သင်းလုံးလိုပဲ ကျွန်တော်လည်း ကျေနပ်ပါတယ်။ ကျွန်တော်တို့ အသည်းအသန် ကြိုးစားခဲ့ရပြီး တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် နောက်ပွဲအတွက် ပြင်ဆင်ချိန် တစ်ပတ် ရပါတယ်။ အမြဲတမ်း ဂိုးတွေသွင်းပြီး နိုင်ချင်တာပါပဲ။ ဒါပေမယ့် ဂိုးမရှိသရေရလဒ်နဲ့ ဒုတိယအကျော့မှာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဂိုးမပေးရတာက နောက်ပွဲအတွက် တကယ့်ကို အရေးပါပါတယ်။ ဘယ်သူက ရေပန်းစားလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့က ကစားသမားကောင်းတွေရှိတဲ့ အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း အသက်ရှိပါသေးတယ်” ဟု အိုဘလက်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကလည်း အိုဘလက်၏ လက်စွမ်းနှင့် ဂါရက်ဘေးလ်၏ အားထုတ်မှုတို့အား ချီးကျူးခဲ့သည်။

    “ပထမပိုင်းမှာ အက်သလက်တီကိုအတွက် ဂိုးသမားဟာ တော်တော်လေး အရေးပါပါတယ်။ ဂါရက်ကလည်း ကောင်းကောင်း ကစားခဲ့ပါတယ်။ ကျွန်တော် တကယ့်ကို ကျေနပ်မိပါတယ်။ တစ်ပွဲလုံးကို ကျွန်တော်တို့ ကြိုးစားကစားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ အရည်အသွေး တော်တော်လေး ကောင်းခဲ့ပြီး ဒုတိယပိုင်းမှာ ပိုခက်သွားပါတယ်” ဟု အန်ဆယ်လော့တီက ဆိုသည်။

    ဂိုးမရှိသရေရလဒ်က ရလဒ်ကောင်းလားဟု မေးမြန်းရာတွင် အန်ဆယ်လော့တီက ရလဒ်ကောင်းမဟုတ်ကြောင်း မိမိတို့အသင်းမှာ ပထမပိုင်းတွင် အလွန်ကောင်းစွာ ကစားနိုင်ခဲ့ကြောင်း အသင်း၏ စွမ်းဆောင်မှုအတွက် ကျေနပ်မိပြီး ဒုတိယအကျော့အိမ်ကွင်းတွင် ထိုခြေစွမ်းမျိုးရအောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ယခုနှစ် ပထမ ၃ လအတွင်း ဒူဘိုင်း၌ အစ္စလာမ်သို့သက်ဝင်သူ ၅၀၀ ကျော်ရှိခဲ့

    ယခုနှစ် ပထမ ၃ လအတွင်း ဒူဘိုင်း၌ အစ္စလာမ်သို့သက်ဝင်သူ ၅၀၀ ကျော်ရှိခဲ့

    ဧပြီ ၁၅၊ ၂၀၁၅
    M-Media

    dubai

    – သနားညှာတာမှုကို အခြေခံသော အစ္စလာမ်၏သင်ကြားမှုများနှင့် အခြားသောယဉ်ကျေးမှု၊ ဘာသာတရားများကို လေးစားရန်ဟူသော အစ္စလာမ်၏ သဘောသဘာဝတို့ကို ထိတွေခံစားခဲ့ရပြီးနောက် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ယခုနှစ် ပထမ ၃ လအတွင်း အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာကြသူများမှာ ၅၀၀ ကျော်ရှိနေပြီး ထိုအထဲတွင် နိုင်ငံခြားသား ၂၀၀ ကျော် ပါဝင်သည်ဟု သိရသည်။

    “သိပ်အံ့သြစရာပါပဲ။ တစ်ချို့တွေက အာဇန်သံ(၀တ်ပြုရန်နှိုးဆော်သံ)ကို ကြားပြီး ဒီကိုရောက်လာကြသလို၊ တစ်ချို့တွေကလည်း ယူအေအီးက မွတ်စလင်တွေရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကိုကြည့်ပြီး ဒီကို ရောက်လာကြတာပါ။ မွတ်စလင်မဟုတ်တဲ့ လူတွေအများကြီး အပါအ၀င် လူပေါင်း ၆၀၀၀ ကျော်လောက်ဟာ အလ်ဘာရှာမှာရှိတဲ့ အစ္စလာမ့်ယဉ်ကျေးမှုစင်တာနဲ့ အလ် ခါဝါနစ်ဂ်ျက ဖေယဒ် ဘင် မိုဟာမက် မိသားစုဇရပ်တို့မှာ လာရောက်စုရုံးခဲ့ကြပြီး အစ္စလာမ့်ရေးရာ သင်ကြားပို့ချမှုတွေကို နားထောင်သင်ယူခဲ့ကြပါတယ်။ ” ဟု တည့်မတ်ပေးရေးနှင့် အစ္စလာမ့်ရေးရာ လမ်းညွှန်မှုဌာနမှ အကြီးအကဲ ယူဆရာ အလ် ဂါအွတ်က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ အစ္စလာမ်သာသနာကို အစုလိုက်အပြုံလိုက် သက်ဝင်လာမှုမှာ ဒူဘိုင်း၏ အစ္စလာမ့်ရေးရာနှင့် အလှူဒါနရေးရာ လှုပ်ရှားမှု ဌာန IACAD မှ ဆောင်ရွက်သော ကမ်ပိန်းအသစ်မှ အားထုတ်ကြိုးပမ်းမှု၏ ရလဒ်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

    အဆိုပါဌာနမှ သစ်လွင်မွတ်စလင်ဌာနခွဲ၏ အကြီးအကဲဖြစ်သူ အမျိုးသမီး ဟူဒါ အလ် ကာဘီက ‘သင်သူ့ကိုသိလျှင်၊ သင် သူ့ကိုချစ်မည်’ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် တစ်နှစ်တာလှုပ်ရှားမှုက တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ)နှင့် ပတ်သက်၍ လူအများစုအား မျက်စိဖွင့်ပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ်အတွင်း ယူအေအီးနိုင်ငံ၌ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာကြသူများမှာ ၂၁၁၅ ဦးရှိခဲ့ပြီး ထိုပမာဏက ကမ္ဘာတစ်ဝှမ်း အစ္စလာမ်သာသနာ တိုးတက်ပြန့်ပွားမှုကို ရောင်ပြန်ဟပ်နေသည်။ ၂၀၁၂ ခုနှစ်တွင်မူ ၁၉၀၇ ဦးရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁၃၈၀ ဦး ရှိခဲ့သည်။ ၂၀၁၀ ခုနှစ်က ယူအေအီးတွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာကြသူ အရေအတွက်မှာ ၁၅၀၀ ခန့်ရှိပြီး ၂၀၀၉ ခုနှစ်က ၁၀၅၉ ဦးရှိခဲ့သည်။ ထိုကဲ့သို့ ပြောင်းလဲသက်ဝင်လာကြသူများတွင် နိုင်ငံခြားသား အများအပြားလည်း ပါဝင်ခဲ့သည်။

    ထိုကဲ့သို့ သက်ဝင်ယုံကြည်လာကြသူများမှာ များသောအားဖြင့် လူသားထုအားလုံးအကြား တူညီမှုကို မြှင့်တင်ပေးသည့် ကျိုးကြောင်းလျော်ညီသော အစ္စလာမ်၏ သင်ကြားမှုများကြောင့် ဖြစ်သည်။

    ကမ္ဘာလုံးဆိုင်ရာ သတင်းစကား

    အလ် ကာဘီကမူ ပြည်သူများနှင့် ဧည့်သည်များအား စစ်မှန်သော အစ္စလာမ်အား ထိတွေမှုရရှိစေရန် ဆောင်ရွက်ခဲ့သော သစ်လွင်မွတ်စလင်ဌာနခွဲမှ တရားဟောဆရာများ၏ အားထုတ်ကြိုးပမ်းမှုကိုလည်း ချီးကျူးခဲ့သည်။

    “သစ်လွင်မွတ်စလင်တွေက အစ္စလာမ်ဟာ ဘယ်လောက် ခန္တီတရားရှိပြီး ငြိမ်းချမ်းလည်းဆိုတာကို သိခဲ့ကြပါတယ်။ ပြီးတော့ အစ္စလာမ်ဟာ အခုဘ၀နဲ့ နောင်တမလွန်ဘ၀အတွက် စိတ်ချမ်းသာမှုတွေကို အာမခံပေးတယ်လေ” ဟု ကာဘီက ထပ်လောင်း ပြောကြားခဲ့သည်။

    ထို့ပြင် သစ်လွင်မွတ်စလင်အများစု၏ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်မှုတွင် အစ္စလာမ်၏ ခန္တီတရား၊ လူ့တန်ဖိုးနှင့် စည်းမျဉ်းစည်းကမ်းများ၊ မွတ်စလင်များထံမှ ထိတွေ့ရရှိခဲ့သည့် သနားကြင်နာမှုများက အထောက်အကူဖြစ်စေခဲ့သည်ဟု သူမက ဆိုသည်။

    အစ္စလာမ်၏ ကမ္ဘာလုံးဆိုင်ရာ သတင်းစကားဖြစ်သော ငြိမ်းချမ်းမှု၊ လူသားများအား အသားအရောင်၊ ဘာသာစကား၊ လူမျိုး၊ ဘာသာတရား စသည်တို့ကို အခြေခံကာ ခွဲခြားခြင်းမရှိမှုတို့ကလည်း သစ်လွင်မွတ်စလင်များအား ဆွဲဆောင်စေခဲ့သည်။

    “ဒီသစ်လွင်မွတ်စလင်တွေ အစ္စလာမ်သာသနာကို မှန်မှန်ကန်ကန်နဲ့ နားလည်လက်ခံနိုင်ဖို့၊ သူတို့ရဲ့ ပြောင်းလဲသက်ဝင်မှု တရားဝင်ဖြစ်စေဖို့နဲ့ သူတို့လက်ခံမယ့် ဘာသာတရားအသစ်နဲ့ပတ်သက်ပြီး သူတို့ရဲ့စုံစမ်းမေးမြန်းမှုတွေကို ပြန်လည်ဖြေကြားပေးဖို့ လိုအပ်တဲ့အရာတွေအားလုံးကို ကျွန်မတို့ဌာနက ဖြည့်ဆည်းပေးခဲ့ပါတယ်” ဟု ကာဘီက ထည့်သွင်းပြောကြားခဲ့သည်။

    နိဂုံးချုပ်အနေဖြင့် အလ် ကာဘီက မိမိတို့မှာ သစ်လွင်မွတ်စလင်များအတွက် လိုအပ်သော စာအုပ်စာတမ်းများ၊ စီဒီများနှင့် စာတမ်းငယ်များကို ၎င်းတို့၏ သက်ဆိုင်ရာဘာသာစကားအလိုက် ပေးအပ်သွားမည်ဟု ဆိုသည်။

    Ref: Onislam

  • အမေရိကန်လေဆိပ်မှ စောရများကို လျှို့ဝှက်ကင်မရာဖြင့်ဖော်ထုတ်နိုင်

    အမေရိကန်လေဆိပ်မှ စောရများကို လျှို့ဝှက်ကင်မရာဖြင့်ဖော်ထုတ်နိုင်

    ဧပြီ ၁၄၊ ၂၀၁၅
    M-Media

    150406164624--mg-4018-exlarge-169

    – အမေရိကန်ပြည်ထောင်စု မိုင်ယာမီနိုင်ငံတကာ လေဆိပ်က ခရီးဆောင်အိတ်တွေ သယ်ပိုးပေးတဲ့ ၀န်ထမ်းအချို့ဟာခရီးသည်တွေရဲ့ ပစ္စည်းတွေ ခိုးယူကြတယ်ဆိုတာကို လျှို့ဝှက်ကင်မရာကနေတစ်ဆင့် ရိုက်ကူးဖော်ထုတ်နိုင်ခဲ့ပါတယ်။

    လေယာဉ်စီးသူတွေရဲ့ ပစ္စည်းတွေ ပျောက်လွန်းလှတာကြောင့် မိုင်ယာမီရဲတပ်ဖွဲ့က စုံးစမ်းစစ်ဆေးမှုတွေအတွင်းမှာ လေယာဉ်ဝမ်းဗိုက်နဲ့ ခရီးဆောင်အိတ်တွေထားတဲ့ လေဆိပ်က အလုံခန်းမှာ လျှို့ဝှက်ကင်မရာတွေတပ်ပီး ၀န်ထမ်းတွေကို စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

    “ဒါဟာ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုပါ။ ခရီးဆောင်အိတ်တွေကနေ အနည်းငယ်စီခိုးနေတာတွေ အမှန်တကယ် လျော့ကျသွားတဲ့အထိ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားပါမယ်” လို့ ရဲအရာရှိ ပီတီ အက်စ်တစ်က ဆိုပါတယ်။

    မိုင်ယာမီလေဆိပ်မှာ ယခုနှစ်အတွင်း ဖမ်းဆီးရမိသူက ၆ ယောက်ရှိနေပြီး ၂၀၁၂ ခုနှစ်ကနေတွက်လိုက်ရင် ခရီးသည်တွေအိတ်ထဲက ပစ္စည်းခိုးသူ စုစုပေါင်း ၃၁ ဦးကို ဖမ်းဆီးရမိထားပါတယ်။ အဲဒီသူတွေက ခရီးဆောင်အိတ်တွေ သယ်ပိုးပေးသူနဲ့ လေယာဉ် အတက်အဆင်း လှေကားရှင် တပ်ဆင်ပေးတဲ့ ၀န်းထမ်းတွေပါပဲ။

    ဒီလို ပစ္စည်းခိုးယူမှုတွေဟာ မိုင်ယာမီလေဆိပ်တစ်ခုတည်းမှာ ဖြစ်ပွားခဲ့တာတော့ မဟုတ်ပါဘူး။ ခရီးသည်တွေရဲ့ အဖိုးတန်ပစ္စည်းတွေ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး တိုင်ကြားမှုဟာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ ၃၀၆၂၁ ခုရှိပြီး များသောအားဖြင့် check in ၀င်ပြီးတဲ့ အိတ်တွေက ပျောက်တာဖြစ်ပါတယ်။ ကျန်တာကတော့ စစ်ဆေးရေးဂိတ်တွေမှာ ပျောက်တာဖြစ်ပြီး စုစုပေါင်း တန်ဖိုးက ကန်ဒေါ်လာ ၂.၅ သန်းလောက် ရှိပါတယ်။

    နယူးယောက်မြို့က ဂျွန် အက်ဖ် ကနေဒီ လေဆိပ်ကတော့ ခရီးဆောင်အိတ်အတွင်းက ပစ္စည်းအပျောက်အဆုံးများတဲ့ ထိပ်တန်းလေဆိပ်တစ်ခုဖြစ်နေပြီး သူ့နောက်မှာတော့ လော့စ်အိန်ဂျလိစ် နိုင်ငံတကာလေဆိပ်၊ အော်လန်ဒို နိုင်ငံတကာလေဆိပ်နဲ့ မိုင်ယာမီ နိုင်ငံတကာလေဆိပ်တို့က အစဉ်လိုက်ရှိနေကြပါတယ်။

    ခိုးယူတဲ့ ပစ္စည်းတွေထဲမှာ အိုင်ဖုန်း၊ အိုင်ပက်၊ နာရီ၊ ကင်မရာ၊ ရွှေလက်စွပ်၊ ငွေသား၊ လက်ကိုင်အိတ် စသဖြင့် ပစ္စည်းအစုံပါပြီး eBay မှာ ရောင်းချတာတွေအထိ ရှိပါတယ်။ ဂျွန်အက်ဖ်ကနေဒီလေဆိပ်က ဖမ်းမိတဲ့သူ ၆ ဦးကတော့ သူတို့ ပစ္စည်းတွေ ခိုးခဲ့တဲ့အကြောင်း ၀န်ခံခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကပဲ ဂျွန်အက်ဖ်ကနေဒီလေဆိပ်မှာ ပစ္စည်းခိုးသူ ၇ ယောက်ကို တရားစွဲဆိုခဲ့ပါတယ်။ သူတို့တွေဟာ ဟာဝိုင်ယီ၊ ဂျပန်၊ ဂျိုဟန်နစ္စဘတ် လန်ဒန်၊ ဘန်ကောက်၊ ဒူဘိုင်း၊ မီလန်နဲ့ အခြားသော အမေရိကန်က မြို့ကြီးတွေကို သွားမယ့် ခရီသည်တွေရဲ့ အိတ်တွေထဲကနေ အဖိုးတန်ပစ္စည်းတွေကို ခိုးယူခဲ့တာဖြစ်ပါတယ်။

    အခုနှစ်အစောပိုင်း CNN က ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မိုင်ယာမီနဲ့ အော်လန်ဒိုလေဆိပ်တွေက ၀န်ထမ်းတွေကို ခြေရာခံကိရိယာနဲ့ စောင့်ကြည့်ဖို့ လိုအပ်တဲ့နေရာအဖြစ် တွေ့မြင်ခဲ့ရပါတယ်။

    Ref: CNN

  • နောက်တစ်နှစ်ထပ်ကစားချင်သေးသည်ဟု ဒရော့ဘာပြော

    နောက်တစ်နှစ်ထပ်ကစားချင်သေးသည်ဟု ဒရော့ဘာပြော

    ဧပြီ ၁၄၊ ၂၀၁၅
    M-Media

    drogba

    – ယခုနှစ်ရာသီကုန်လျှင် ချယ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သော်လည်း အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သည့် တိုက်စစ်မှူး ဒရော့ဘာက ဘောလုံးလောကမှ အနားယူသွားမည်မဟုတ်ဟု ပြောကြားလိုက်သည်။

    ကစားသမားဘ၀ အဆုံးသတ်ပိုင်းသို့ ရောက်ရှိနေသည့် ဒရော့ဘာမှာ အင်္ဂလန်နှင့် တူရကီတို့မှ အမှတ်ပေးဖလားများ၊ ချန်ပီယံလိဂ်တစ်ကြိမ်၊ FA ဖလား လေးကြိမ်နှင့် လိဂ်ဖလား ၃ ကြိမ် ရယူထားနိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လက ချယ်ဆီးသို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းလာခဲ့ပြီး လူစားထိုးကစားသမားအဖြစ်သာ ၀င်ရောက်ကစားခဲ့ရသည့် ဒရော့ဘာမှ ယခုနှစ်တွင်လည်း ပရီးမီးယားလိဂ်ဖလားအား ကိုင်မြှောက်နိုင်ရန် နီးစပ်နေသည်။

    Daily Telegraph သတင်းစာက ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းရာ ဒရော့ဘာက “ကျွန်တော် ဆုံးဖြတ်ချက် ချထားပြီးပြီဆိုတာ ဟုတ်ပါတယ်။ ဒီရာသီက ကျွန်တော့်ရဲ့ နောက်ဆုံးရာသီဖြစ်မယ်ဆိုတာတော့ မဟုတ်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ပြီး ၎င်းအနေဖြင့် နောက်ထပ်တစ်ရာသီ ကစားချင်သေးသည်ဟု ဆိုသည်။

    ဒရော့ဘာမှာ ပွဲထွက်ကစားသမားအဖြစ် ၃ ပွဲအပါအ၀င် ချယ်ဆီးအသင်းအတွက် ယခုနှစ်တွင် ၂၃ ပွဲ ပါဝင်ကစားပေးထားပြီး ၃ ဂိုး သွင်းယူပေးထားသည်။ ပြီးခဲ့သည့် ဇန်န၀ါရီကလည်း ဒရော့ဘာက မိမိအနေဖြင့် ကစားသမားအသစ်များနှင့် အနာဂတ်ချယ်ဆီးအသင်း၏ အစိတ်အပိုင်းဖြစ်ရသည်ကို မြတ်နိုးမိသည်ဟု ဆိုသည်။

    Ref: Goal.com