News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၂၇)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၂၇)

    M-Media

    (ဓာတ်ပုံ – လက်ဘနွန်မှ စစ်ရှောင်များ)

    လက်ဘနွန်တွင် ၂ ရက်အတွင်း ကလေး ၅၀ အသတ်ခံရ
    ————–
    လက်ဘနွန်ကို အခုတစ်ပတ် အစောပိုင်းကစပြီး အစ္စရေးက ကျူးကျော်တိုက်ခိုက်နေရာမှာ ကလေးငယ်တွေ သေဆုံးမှုဟာ ၂ ရက်အတွင်း ၅၀ ထက်မနည်း ရှိခဲ့တယ်လို့ ကုလ ကလေးများအေဂျင်စီက ထုတ်ပြန်ပါတယ်။ ၂၀၀၆ ခုနှစ် အစ္စရေးရဲ့ ၃၃ ရက်တာ တိုက်ခိုက်သတ်ဖြတ်မှုမှာ တစ်ရက်ပျမ်းမျှ ကလေးငယ် ၁၂ ယောက်အသတ်ခံခဲ့ရပြီး အခုတိုက်ခိုက်သတ်ဖြတ်မှုက ပိုမို ဆိုးရွားလာတာ ဖြစ်ပါတယ်။

    ရိက္ခာဂိုဒေါင်ကို ဖျက်ဆီးခဲ့တဲ့ အစ္စရေး
    ——
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ကွာကီလ်ယာမြို့ကို ဒီကနေ့မနက်ပိုင်း အစ္စရေးတပ်ဖွဲ့တွေရဲ့ စီးနင်းမှုအတွင်း ကား၀ပ်ရှော့တစ်ခုနဲ့ ရိက္ခာဂိုထောင်တစ်ခုကို ဖောက်ထွင်းခဲ့ပြီး ရှိသမျှပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးဟာ အနောက်ဖက်ကမ်းမှာလည်း တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့်ပြုလုပ်နေတာဖြစ်ပါတယ်။

    အစ္စရေး၏ ကျူးကျော်မှုသည်သာ အဓိကအကြောင်းအရင်း
    ————
    အရှေ့အလယ်ပိုင်း မတည်မငြိမ်မှုတွေရဲ့ အဓိက အကြောင်းအရင်းဟာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေကြောင့် ဖြစ်တယ်လို့ လက်ဘနွန်နိုင်ငံခြားရေး၀န်ကြီးက ကုလညီလာခံမှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ သတ်ဖြတ်မှုတွေကို ကမ္ဘာကြီးက ထိုင်ကြည့်နေတာကိုလည်း ၀န်ကြီး ဟာဘစ်က ၀ေဖန်ခဲ့ပါတယ်။

    Ref: Aljazeera


  • လက်ဘနွန်ကို အစ္စရေးကဗုံးကြဲမှု လူ ၅၀၀ နီးပါး သေဆုံး

    လက်ဘနွန်ကို အစ္စရေးကဗုံးကြဲမှု လူ ၅၀၀ နီးပါး သေဆုံး

    စက်တင်ဘာ ၂၄၊ ၂၀၂၄
    M-Media

    -အစ္စရေးဟာ တနင်္လာနေ့က လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၅၀ ကျော် ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၉၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

    ဒဏ်ရာရရှိသူ ၁၆၄၅ ဦးရှိပြီး အစ္စရေးရန်ကြောင့် လက်ဘနွန်တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ အသတ်ခံရသူတွေထဲမှာ အနည်းဆုံး ကလေးငယ် ၂၄ ဦး ပါ၀င်ပါတယ်။

    အစ္စရေးက တိုက်ခိုက်မှုတွေဟာ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားတယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ် စစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဟစ်ဇ်ဘိုလာဖက်ကလည်း အစ္စရေးကို ဒုံးကျည်တွေနဲ့ လက်တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အစ္စရေးရဲ့ အဓိကမဟာမိတ် အမေရိကန်က တင်းမာမှုတွေ လျှော့ချဖို့ တိုက်တွန်းခဲ့ပေမယ့် မဟာမိတ်ကို ကာကွယ်ဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

    အီဂျစ်နဲ့ တူရကီတို့က တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး အစ္စရေးဟာ အရှေ့အလယ်ပိုင်းတစ်ခုလုံးကို စစ်ပွဲထဲ ဆွဲခေါ်နေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။

    Ref: Aljazeera

  • သီရိလင်္ကာတွင် မာ့စ်၀ါဒီခေါင်းဆောင် သမ္မတဖြစ်လာ

    သီရိလင်္ကာတွင် မာ့စ်၀ါဒီခေါင်းဆောင် သမ္မတဖြစ်လာ

    စက်တင်ဘာ ၂၃၊ ၂၀၂၄
    M-Media

    -တနင်္ဂနွေ့နေ့က ပြီးဆုံးခဲ့ပြီဖြစ်တဲ့ သီရိလင်္ကာ သမ္မတရွေးကောက်ပွဲမှာ မာ့စ်၀ါဒယိမ်းတဲ့ နိုင်ငံရေးသမား အနူရာ ကူမာရာ ဒီဆာနာယာကီက အနိုင်ရရှိသွားပါတယ်။

    အနူရာဟာ အသက် ၅၅ နှစ်အရွယ်ရှိပြီး ပြည်သူ့လွတ်မြောက်ရေးပါတီ (JVP) နဲ့ ပြည်သူ့အင်အား မဟာမိတ်တပ်ပေါင်းစု (NPP) ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

    ပထမအကြိမ် ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေ မဲရရှိမှု ၅၀ ရာခိုင်နှုန်း မကျော်တဲ့အတွက် ဒုတိအကြိမ် မဲပြန်ရေခဲ့ရပြီး ဒါဟာ နိုင်ငံ့သမိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ အနူရာက မဲအရေအတွက် ၄၂ ဒဿမ ၃၁ ရာခိုင်နှုန်း ရခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဆာဂျစ် ပရီ မာဒါဆာက ၃၂ ဒဿမ ၇၆ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

    လက်ရှိသမ္မတ ရာနီလ် ၀စ်ကရီမီဆင်ဟီက ၁၇ ဒဿမ ၂၇ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ သီရိလင်္ကာဟာ ၂၀၂၂ ခုနှစ်မှာ စီးပွားရေး ပြိုလဲခဲ့ပြီး ဒီဒဏ်ကို အခုအချိန်အထိ ခံစားနေရဆဲပါ။ သမ္မတသစ် ကူမာရာရဲ့ အဓိက စိန်ခေါ်မှုဟာ စီးပွားရေး ဦးမော့လာအောင် ပြန်လည်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

    Ref: Reuters

  • စက်တင်ဘာ ၂၂ ရက်နေ့ နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၂ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – အင်ဒိုနီးရှားမှ ကမ္ဘာ့အမြင့်ဆုံး ခရစ်တော်ရုပ်ထု)

    အင်ဒိုနီးရှားတွင် ကမ္ဘာ့အမြင့်ဆုံး ခရစ်တော်ရုပ်တု ဖွင့်လှစ်
    ———–
    မြောက်ဆူမားတြားပြည်နယ်က နာမည်ကျော် တိုဘာကန် တောင်စောင်းမှာ ၆၁ မီတာမြင့်တဲ့ ယေရှုခရစ်ရုပ်ထုကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ မြောက်ဆူမားတြားဟာ ခရစ်ယာန်ဘာသာ၀င် အများစုရှိရာ ဒေသဖြစ်ပြီး ဒီရုပ်တုကို နှစ်ချီ ဆောက်လုပ်ခဲ့ရတာပါ။ ကမ္ဘာပေါ်က အမြင့်ဆုံး ခရစ်တော်ရုပ်တုအဖြစ်လည်း မှတ်တမ်း၀င်ပါတယ်။

    ထိုင်းစစ်တပ်ခေါင်းဆောင်များ အပြောင်းအလဲလုပ်မည်
    ———–
    ထိုင်းစစ်တပ်က အရာရှိအရာခံ စုစုပေါင်း ၈၀၈ ဦးကို အပြောင်းအလဲလုပ်မှာ ဖြစ်ပြီး ဒီစာရင်းကို ထိုင်း၀န်ကြီးချုပ်ရုံးက နန်တော်ကို တင်သွင်းထားကာ ဘုရင်အတည်ပြုရင် အောက်တိုဘာ ၁ ရက်နေ့မှာ စတင် အသက်၀င်မှာဖြစ်ပါတယ်။ အခုပြောင်းအလဲမှာ လကုန်ပင်စင်ယူတော့မယ့် ထိုင်းကြည်းတပ်ဗိုလ်ချုပ်နဲ့ ရေတပ်ဗိုလ်ချုပ်နေရာကို အစားထိုးမှုလည်း ပါ၀င်မှာ ဖြစ်ပါတယ်။

    တရုတ်ဆော့ဖ်၀ဲသုံးကားများကို အမေရိကန်ပိတ်မည်
    ————-
    တရုတ်ထုတ်ဆော့ဖ်၀ဲတွေ ထည့်သွင်းထားတဲ့ ကားတွေအားလုံးကို တင်သွင်းခွင့် ပိတ်ပင်မယ့် အမိန့်တစ်ခုကို အမေရိကန်က နောက်တစ်ပတ်မှာ ထုတ်ပြန်ကြေငြာဖို့ ရှိပါတယ်။ အမေရိကန်ယာဥ်မောင်းတွေရဲ့ အချက်အလက်တွေကို တရုတ်ကုမ္ပဏီတွေက ခိုးယူမှာ စိုးရိမ်တာကြောင့်ဖြစ်ပြီး ဒါဟာ နိုင်ငံတော် လုံခြုံရေးကိုပါ ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ဟာ တရုတ်ထုတ် လျှပ်စစ်ကားတွေကို အခွန်တိုးကောက်ဖို့လည်း အမိန့်ထုတ်ထားပါတယ်။

    Ref: CNA, Jakarta Post


  • စက်တင်ဘာ ၂၁ ရက်နေ့ နိုင်ငံကတာ သတင်းတို

    စက်တင်ဘာ ၂၁ ရက်နေ့ နိုင်ငံကတာ သတင်းတို

    M-Media

    (ဓာတ်ပုံ – ဆော်ဒီမှ အာရဘီစင်တာတစ်ခုကို မြင်ရစဥ်)

    လူ ၇၀ ကျော်ကို အွမ္မရာ ဘုရားဖူးပို့ပေးမယ့် ဒူဘိုင်းရဲဌာန
    ———
    ဒူဘိုင်းရဲတပ်ဖွဲ့ဟာ လက်ရှိ၀န်ထမ်းနဲ့ အငြိမ်းစား၀န်ထမ်း စုစုပေါင်း ၇၆ ဦးကို စားရိတ်ငြိမ်း ဆော်ဒီအာရေဗျကို အွမ္မရာဘုရားဖူး ပို့ပေးဖို့ စီစဥ်နေပါတယ်။ ဒီခရီးစဥ်ဟာ ၆ ရက်တာ ကြာမြင့်မှာဖြစ်ပြီး ဘုရားဖူးကာလမှာ ကျင့်မူဆောက်တည်ရမယ့် ကျင့်စဥ်တွေကို ကာလတို သင်တန်းပေးသွားမယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အာရဘီဘာသာဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခု ဆော်ဒီတွင် ကျင်းပမည်
    ————–
    အောက်တိုဘာ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဆော်ဒီအာရေဗျနိုင်ငံမှာ ၃ ကြိမ်မြောက် အာရဘီဘာသာစကားဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခု ကျင်းပဖို့ ရှိနေပါတယ်။ ကွန်ပျူတာနဲ့ ဉာဉ်ရည်တု နယ်ပယ်မှာ အာရဘီဘာသာစာပေကို အခုထက်ပိုပြီး ပိုမိုအသုံချနိုင်ရေး ညီလာခံမှာ ဆွေးနွေးမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံက ပညာရှင်တွေ အများအပြား တက်ရောက်ဖို့ ရှိနေပါတယ်။

    အီရန်က ဒရုန်းနှင့် ဒုံးကျည်သစ်များ ထုတ်ပြ
    ————-
    အီရန်က တိုက်ချင်းပစ်ဒုံးကျည်သစ် Jihad နဲ့ အဆင့်မြှင့်တင်ထားတဲ့ Shahed-136B အသေခံဒရုန်းတို့ကို စနေနေ့ စစ်ရေးပြပွဲမှာ ထုတ်ပြလာပါတယ်။ ဒုံးကျည်ဟာ မိုင်ပေါင်း ၆၀၀ ကျော် အကွာအ၀ေးအထိ ပစ်ခတ်နိုင်ပြီး၊ ဒရုန်းက မိုင် ၂၅၀၀ လောက် ပျံသန်းနိုင်ပါတယ်။ စစ်ရေးပြပွဲမှာ အခြား စစ်လက်နက်ပစ္စည်းတွေကိုလည်း အီရန်က ထုတ်ပြခဲ့ပါတယ်။

    Ref: Arab News